← Chapters

ကြီးမားသော မတော်တဆ

Vol. 6 Ch. 79

ကြီးမားသော မတော်တဆ

Vol. 6 Ch. 79

' ငါကပဲ မင်းနဲ့ နှစ်အတူတူ မွေးလာလို့ ဝမ်းနည်းနေရမှာလား... '

ယဲ့ရီ က သူ့အား စောင်းပြောနေသည်ကို လင်းမို့ သိလိုက်၏ ။ သို့သော် သူစိတ်မတို ။ အနည်းငယ်ပင် ကျေနပ်သွားသည် ။

လင်းမို့ ယွမ် သန်း ၂၀ ပုံထားသော ငွေပုံကြီးကိုပင် မြင်လိုက်ရသလို ခံစားမိလိုက်သည် ။ သူ ၇၂ ထပ်တွင် ရပ်တန့်ခဲ့ခြင်းမှာ ယဲ့ရီ သူ့အား ကျော်လွန်သည်ကို စောင့်နေခြင်းပင် ။ ယဲ့ရီက သူ့ကို စိတ်မပျက်စေခဲ့ ။ သူနောက်ထပ် ရှေးဦးစကြာဝဠာ အမှတ် ၂၀ ရတော့မည်ဖြစ်သည် ။

' ငွေအများကြီးရတာကို မကြိုက်တဲ့သူ ဘယ်သူရှိမလဲ...'

ယခု ယဲ့ရီ သည် တာဝန်ကျေပွန်သွားပြီ ဖြစ်၍ သူ့ကလှည့်ပင် ။ သူ ပထမနေရာအား ပြန်ယူရပေမည် ။

သူ ယဲ့ရီအား ၇၂ ထပ်မကျော်နိုင်မည်ကို စိုးရိမ်ခဲ့သော်လည်း ယဲ့ရီက ထူးချွန်လှပေသည် ။ ၇၄ ထပ်ကို အောင်မြင်သွားသည် ။ ထို့ကြောင့် ယဲ့ရီက သမိုင်းပထမအဆင့် ရောက်ရှိသွား၍ မာနကြီးနေသည်ကို သူ စိတ်မဆိုးခြင်းပင် ။ လူငယ်လေးများ မာနကြီးတက်သည်က ပုံမှန်သာဖြစ်သည် ။ ပို၍ အရေးကြီးသည်မှာ ထိုလူငယ်လေးက သူ့အား ယွမ်သန်း ၂၀ ပေးခဲ့ခြင်းပင် ။

" ဟောက်ရန် ငါအိမ်ပြန်လိုက်အုံးမယ်... "

လင်းမို့ ပြောပြီးသည်နှင့် ပြေးတော့သည် ။

ပြေးထွက်သွားသော လင်းမို့ကို ကြည့်၍ ဟောက်ရန်က ရေရွတ်လိုက်မိ၏ ။

" အကိုမို့က အမြဲတည်ငြိမ်နေတာပါ ... ဒီနေ့မှ ဘာလို့ ပြာယာခပ်နေတာလဲ... မသိရင် ထီပေါက်လို့ ဆုသွားထုတ်မယ့်သူကျနေတာပဲ ..."

ဟောက်ရန်သည် လင်းမို့ အမှန်တကယ် ပိုက်ဆံကြောင့် ပြေးမှန်း မသိလိုက် ။

ရှားနိုင်ငံ... ပေ့ကျင်းမြို့...

ယဲ့ရီ သည် မျှော်စင်တွင် သမိုင်းအဆင့် ၁ ရပြီးနောက် ရှေးဦးစကြာဝဠာ အတွင်းမှ ထွက်လာခဲ့လိုက်သည် ။

သတင်းအနံ့ရသွားသော သတင်းထောက်များက သူ့အိမ်သို့ ရောက်နေကြလေပြီ ။

ပုံမှန်ဆိုလျှင် ယဲ့ရီက သတင်းထောက်များအား မကြိုက်သော်လည်း ယခုအချိန်တွင် သူ၏ အောင်မြင်မှုကြီးကို ထုတ်ဖော်ပြရမည်ဖြစ်သဖြင့် အံကိုက်ဖြစ်သွားသည် ။

" မဂ်လာပါ ကျောင်းသား ယဲ့ရီ..."

သတင်းထောက်သည် လစ်ဘရယ်အနုပညာတက္ကသိုလ်မှာ ဘွဲ့ရဖြစ်ပြီး သိုင်းပညာရှင် မဟုတ်ပေ ။ သူမက ဆံပင်ကို မြင်းမြီးပုံစံ နှစ်ဖက်ခွဲ၍ ကျစ်စာမီးကျစ်ထားပြီး အလွန်အပြစ်ကင်းပုံပေါက်သည် ။ သူမက လှည့်ပတ်ပြောမနေဘဲ တိုက်ရိုက်မေးလိုက်၏ ။

" ပါရမီရှင်လူသစ်မျှော်စင်မှာ သမိုင်းအဆင့် ၁ ရခဲ့လို့ ဂုဏ်ပြုပါတယ်ရှင့်... အခုထုတ်လွှင့်မှုကို နိုင်ငံတစ်ဝှမ်းလုံး ထုတ်လွှင့်မှာ ဖြစ်လို့ အဆင်ပြေရဲ့လားရှင့်... "

" တစ်နိုင်ငံလုံးလွှင့်မှာလား..."

ယဲ့ရီ အံ့သြသွား၏ ။ သူက ပြည်နယ်တွင်သာ တိုက်ရိုက်ထုတ်လွှင့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည် ။

တရားဝင်သတင်းဌာန တစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သဖြင့် လူစိတ်ဝင်စားမှု များပြားပေလိမ့်မည် ။

ယဲ့ရီ သည် သူ၏ အရည်အချင်းများကိုထုတ်ပြတော့မည်ဖြစ်သဖြင့် ပို၍ပင် အဆင်ပြေသွား၏ ။

ယဲ့ရီက မတ်မတ်ထိုင်လိုက်ပြီး...

" ကျွန်တော် အဆင်သင့်ဖြစ်ပြီ..."

ရိုက်ကူးရေး အဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုကိုစတင်လိုက်ပြီး အမျိုးသမီးတင်ဆက်သူက အဖွင့် စကားပြောလိုက်သည် ။ ပြီးမှ ကင်မရာကို ယဲ့ရီဆီသို့ လှည့်လိုက်ပြီး...

" ကျောင်းသား ယဲ့ရီ အနေနဲ့ လိုက်(live) ကြည့်နေတဲ့ ပရိတ်သတ်တွေကို နှုတ်ဆက်လိုက်ပါအုံးရှင့်... "

" အားလုံးပဲ မဂ်လာပါ... ကျွန်တော့်နာမည် ယဲ့ရီပါ..."

ယဲ့ရီက ဂုဏ်ယူစွာ ပြုံး၍ ပြောလိုက်၏ ။ သူ၏ မာနကို ဖန်သားပြင်ပေါ်မှပင် ခံစားလို့ ရနိုင်ပေသည် ။

" ပါရမီရှင်လူသစ်မျှော်စင်ရဲ့ သမိုင်းအဆင့်၁ ကို ကျွန်တော် စံချိန်အသစ်တင်လိုက်ပါပြီ ... ကျွန်တော့်ကို ကျော်ဖြတ်နိုင်မယ့် ပါရမီရှင်တွေ ရှိမယ်လို့လည်း ကျွန်တော်မျှော်လင့်မိပါတယ်... "

" နောက်ထပ် နှစ်တော်တော်ကြာတယ့်အထိ မတွေ့မှာ ဆိုးနေတာမှတ်လား... "

တင်ဆက်သူက ယဲ့ရီ၏ အတွေးကို သိနေသည့်အလား ဝင်ထောက်လိုက်၏ ။

" အဲ့လိုလည်း မဟုတ်ပါဘူးဗျာ... ကျွန်တော်တို့နိုင်ငံမှာ ပါရမီရှင်တွေ အများကြီးရှိတာပဲ... နောက်နှစ်အနည်းငယ်အတွင်းတော့ ကျွန်တော့်ကို ကျော်နိုင်တဲ့သူ ပေါ်ရင်ပေါ်လာနိုင်ပါတယ်... "

ယဲ့ရီက နိမ့်ချသလို ပြောနေသော်လည်း သူ၏ ယုံကြည်မှုကို လူတိုင်းမြင်နိုင်ပေသည် ။ ပါရီရှင်လူသစ်မျှော်စင် ၏ သမိုင်းအဆင့်၁ ဖြစ်သည့်အပြင် ရှားနိုင်ငံ ပါရမီရှင်စာရင်းတွင် အဆင့် ၁ ဖြစ်သဖြင့် သူဂုဏ်ယူနိုင်သည် ။

ထို့အပြင် သူသည် ရှားနိုင်ငံ၏ နှစ်များစွာအတွင်း ပါရမီအကောင်းဆုံး ပါရမီရှင်လည်း ဖြစ်သည် ။

မြင်းမြီးနှင့် ချစ်စရာကောင်းသော အမျိုးသမီးသတင်းထောက်က အကြောင်းအရာအချို့ကို ပြောပြီးနောက်...

" ကျောင်းသား ယဲ့ရီအနေနဲ့ အဆင့် ၂ က Black Earth ကို ဘယ်လိုမြင်ပါသလဲ..."

" Black Earth ရဲ့ ပါရမီက အရမ်းကောင်းပါတယ်... "

ယဲ့ရီက မြှောက်ပြောလိုက်ပြီး. ...

" ကျွန်တော်သာ ပေါ်မလာရင် သူအဆင့် ၁ ဖြစ်နေမှာပါ... သူကံမကောင်းတာက အချိန်မှား မွေးလာတာပဲ... "

ယဲ့ရီက Black Earth ကိုချီးကျူးပြီး သူ့ကိုသူ မြင့်တင်လိုက်သည် ။

ယနေ့က သူ၏ အထူးဂုဏ်ပြုပွဲ မဟုတ်လော ။

သို့သော်လည်း...

မြင်းမြီးနှင့် တင်ဆက်သူက သူမ၏ နားကြပ်အတွင်းမှ သတင်းထူးကို ကြားလိုက်ရပြီး အမူအရာပြောင်းသွား၏ ။

" ကျောင်းသား ယဲ့ရီ... ကျွန်မ အခုသတင်းရလိုက်တာ Black Earth က ၇၃ ထပ်ကို ရှင်းလိုက်ပြီတဲ့..."

" ဘာလဲ..."

ယဲ့ရီ အံ့သြသွား၏ ။

' သူမနေ့က မနိုင်ဘူးလေ... ဘာလို့ ဆက်တက်လို့ရတာလဲ...'

' မျှော်စင်က တစ်ခါပဲ စိန်ခေါ်ခွင့် ရှိတာလေ...'

" ဖြစ်နိုင်တာက Black Earthမနေ့က ၇၃ ထပ်ကို မတက်ဘဲ ပြန်ထွက်လာတာလား..."

တင်ဆက်သူက သူမ၏ အထင်ကို ပြောလိုက်သည် ။

" အဲ့လိုလုပ်လို့ ရတယ်လား... "

ယဲ့ရီ အံ့အားသင့် နေသော်လည်း စိတ်မပူပေ ။

' မင်းက ၇၃ ထပ်ကို ကျော်လည်း ဘာဖြစ်တုန်း... ငါက ၇၄ ကို ရှင်းပြီးပြီ...ငါ အဆင့်၁ ဖြစ်နေတုန်းပဲ...'

" မဟုတ်ဘူး... Black Earth က ၇၄ ထပ်ကို ရှင်းပြီး သွားပြီတဲ့... သူ့ ကြာချိန်က ကျောင်းသားယဲ့ရီထက် မြန်လို့ သမိုင်းအဆင့် ၁ ဖြစ်သွားပြီတဲ့... "

'သောက်ခွေး...'

ယဲ့ရီ ဆွံ့အသွား၏ ။ သူသည် ပါရမီရှင်လူသစ်မျှော်စင် တွင် သမိုင်းအဆင့်၁ ရခဲ့သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြွားနေစဥ် အရိုက်ချခံလိုက်ရသည် ။ သူ အဆင့်၁ တွင်နေလိုက်ရချိန်က တိုလွန်းလှပေသည် ။

ယဲ့ရီ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲလာသည် ။ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကြီးမားသော မတော်တဆမှုပင် ။

" မျှော်စင်ရဲ့ စည်းမျဥ်းတွေက မမျှတဘူး... ကျွန်တော် အရင်ရှင်းပင်မဲ့ နောက်လူကို အဆင့်၁ ပေးနေတယ်... "

ယဲ့ရီက ဆင်ခြေရှာရန် ကြိုးစားသည် ။

" အိုး... ကျောင်းသားယဲ့ရီ အဲ့ကိစ္စကို ပူစရာမလိုတော့ဘူး..."

မြင်းမြီး ကျစ်စာမီးနှင့် တင်ဆက်သူက လူသစ်ဖြစ်သဖြင့် အခြေအနေကို အကဲမခပ်တက် ။ သူမက တည့်တည့်ပြောလိုက်၏ ။

" Black Earth က ၇၅ ထပ်ကို ရှင်းပြီးသွားပြီတဲ့..."

ဤသည်က ယဲ့ရီ၏ အနာပေါ်သို့ ဆားဖြူးလိုက်ခြင်းပင် ။

( လင်းမို့က ၇၂ ထပ်ကို နိုင်ပြီးတော့ အပေါ်ဆက်မတက်ဘဲ ပြန်ထွက်လာလို့ နောက်တစ်ခေါက် ဝင်လို့ရတာဗျ... ရှုံးပြီးသွားရင် နောက်တစ်ခေါက်ဝင်လို့မရတော့ဘူး...)

All Chapters