ဖိနှိပ်ခံရသော နှစ်
Vol. 6 Ch. 80
မြင်းမြီးနှင့် တင်ဆက်သူသည် ရှားနိုင်ငံ၏ သိုင်းရုပ်သံဌာနမှ ဖြစ်သည် ။
တရားဝင်သတင်းဌာနတစ်ခုဖြစ်သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု စလိုက်သည်နှင့် ကြည့်ရှုသူ သန်းဆယ်ချီသွားသည် ။
ကြည့်ရှုနေသူ သန်းဆယ်ဂဏန်းမှာ ယဲ့ရီအား အားပေးနေကြသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု တဝက်တွင် အခြေအနေပြောင်းသွားသည် ။
" ကြည့်နေတဲ့လူ သန်းဆယ်ချီရှေ့မှာ Black Earth ရိုက်ချခံလိုက်ရတာ ယဲ့ရီလေး သနားပါတယ်... "
" ကြည့်ကြည့် ယဲ့ရီ မျက်နှာကြီးမဲနေပြီ ..."
" ယဲ့ရီ ထမပြေးဘဲ လိုက်(live) ဆက်လွှင့်နေသေးတာပဲ စိတ်ထိန်းနိုင်တယ်ပြောရမယ်... ငါသာဆို ပုန်းစရာ အပေါက်ရှာနေပြီ... "
" Black Earth ဒီတစ်ခါ လွန်သွားပြီ... ယဲ့ရီ လိုက်(live) လွှင့်နေတဲ့အချိန်မှ သက်သက်ချိုးတာ... "
" ဟေ့ရောင်တွေ... Black Earth မျှော်စင်တက်တာ သွားကြည့်အုံးဟ ... ကြောက်စရာကြီး... "
ယဲ့ရီအကြောင်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆွေးနွေးနေကြသူများသည် Black Earth ဘက်သို့ လှည့်သွားကြ၏ ။
Black Earth က ကြောက်စရာကောင်းလှပေသည် ။
Black Earth က တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်သဖြင့် တိုက်ပွဲကို မမြင်ရသော်လည်း မြင့်တက်နေသော အထပ်များကို မြင်နေရသည် ။
" ၇၆ ထပ်..."
" ၇၇ ထပ်..."
" ၇၈ ထပ်... "
ပြောင်းလဲသွားသော အထပ်များက မြန်လှပေသည် ။ မည်သည့်အထပ်တွင်မှ နှေးမသွားသဖြင့် ကြည့်ရှုနေသူများ ထိတ်လန့်သွားကြ၏ ။
" Black Earth ကဘယ်လောက်တောင် သန်မာလဲ..."
" သူ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ နောက်ဆုံးအဆင့် ရောက်သွားပြီထင်တယ်... အဲ့တာကြောင့် အဲ့လောက်မြန်နေတာနေမှာ... "
" စာမေးပွဲမဖြေရသေးတဲ့ အသက် ၁၈ နှစ်က အဆင့် ၄ နောက်ဆုံးအဆင့်လား..."
" မနေ့တုန်းက Black Earth ဘာလို့ ရပ်လိုက်လဲ ငါနားလည်သွားပြီ ... သူက ယဲ့ရီ ကျော်တာကို စောင့်ပြီး ပြန်ကျော်ချင်တာပဲ... အဲ့တာမှ ရှေးဦးစကြာဝဠာ အမှတ် ၂၀ ထပ်ရမှာလေ ... "
" အဲ့ကောင် ငါးမျှားနေတယ်လို့များ ထင်နေတာလား... ယဲ့ရီရဲ့ ဂုဏ်သိက္ခာကို မစဥ်းစားတော့ဘူးလား..."
" ယဲ့ရီ စိတ်ဒဏ်ရာ ရမရ လောင်းကြအုံးမလား..."
" Black Earth သာ ဒီလိုလုပ်မယ်မှန်းသိရင် ယဲ့ရီ မျှော်စင်ပေါ် တက်ရဲမယ်မထင်ဘူး..."
" တကယ်ဆို ယဲ့ရီက အားနည်းတာမဟုတ်ဘူးကွ... Black Earth ကသာ လူမဆန်တာ... "
" Black Earth နဲ့ အတူတူ မွေးလာရတဲ့ ပါရမီရှင်တွေအတွက် သနားစရာပဲ..."
ရှားနိုင်ငံ ပါရမီရှင်စာရင်းဝင် ပါရမီရှင်များ ဝမ်းနည်းသွားကြသည် ။
" အထပ် ၈၀... "
ကျင့်ဒူမြို့ ( ကျင့်ဒူ ရေးလိုက် ပေ့ကျင်းရေးလိုက်နဲ့ အတူတူပဲလား မသိဘူး 😂 ) ...
ယဲ့ရီက တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တန့်လိုက်၏ ။
ယဲ့ရီသည် Black Earth အထပ် ၈၀ ကို အောင်မြင်သွားသည်ကိုမြင်လျှင် စိတ်ဓာတ်ကျသွား၏ ။
' မျှော်စင်ရဲ့ စည်းမျဥ်းနဲ့ဆို အထပ် ၈၀ ထိရောက်နိုင်ရင် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ နောက်ပိုင်းအဆင့်ပဲ... "
ယဲ့ရီသည် သူနှင့် Black Earth ကြား မည်မျှကွာခြားမှန်း နားလည်သွားသည် ။
' သူ ညဏ်ရည်ပါရမီ က ကြောက်စရာ ကောင်းလိုက်တာ... ဒါတောင် သူတက္ကသိုလ်မတက်ရသေးဘူး... သူသာ တက္ကသိုလ်ရောက်သွားရင်ဘယ်လိုနေမလဲမသိဘူး...."
သူနှင့် Black Earth ကြားသိပ်မကွာလျှင် ယှဥ်ပြိုင်ရဲသည် ။ ယခု သူ့ထက် အများကြီးသာနေသဖြင့် သူမယှဥ်ရဲတော့ ။
' အဆင့်၄ နောက်ပိုင်း ကို ငါဘယ်လို လိုက်ပြိုင်ရမှာလဲ...'
ယဲ့ရီ သည် အထပ် ၈၀ က Black Earth ၏ အကန့်အသက်ဟု မထင်တော့ပေ ။ မျောက်တစ်ကောင်လို တွယ်တက်နေသော Black Earth ကိုကြည့်ကာ သူလက်မြှောက်အရှုံးပေးလိုက်လေပြီ ။
သို့သော်လည်း ရှားနိုင်ငံရှိ ပါရမီရှင်များတွင် ယဲ့ရီ တစ်ယောက်သာ အဖိနှိပ်ခံရသည်ဟု ခံစားနေရခြင်းမဟုတ်ချေ ။
ရုတ်တရပ် တောက်ပလာသော Black Earth ကြောင့် ရှားနိုင်ငံရှိ ပါရမီရှင်အားလုံး ယှဥ်ပြိုင်ရန် စိတ်ကူးမရှိတော့သည်အထိ ဖိနှိပ်ခံလိုက်ရပေသည် ။
ရှားနိုင်ငံ... ကျန်းပေ့မြို့...
ကျန်းပေ့မြို့၏ နံပါတ်တစ် ပါရမီရှင် ၊ ရှားနိုင်ငံ ပါရမီရှင်စာရင်း၏ အဆင့် ၃ ဖြစ်သူ ဆုမိုတစ်ယောက် ကောင်းကင်ကြီးအား ငေးကြည့်ရင်း သက်ပြင်းချလိုက်မိ၏ ။
' Black Earth လိုကောင်တွေနဲ့ တစ်ခေတ်တည်း မွေးလာရတာ ကောင်းတာလား ဆိုးတာလား... '
ကံကောင်းသည်မှာ ဆုမိုက သူနှင့် ထိပ်တန်းပါရမီရှင်များကြားတွင် ကွာဟချက်ကြီးမားကြောင်း သိသဖြင့် အရင်ကတည်းက မာနမကြီးသလို နှိမ့်ချသော နှလုံးသားကို အမြဲထိန်းသိမ်းထားခဲ့သည် ။
ဝမ်းနည်းစရာကောင်းသည်က သူမည်မျှပင် ကြိုးစားစေကာမူ Black Earth နောက်တွင်သာ နေနိုင်တော့မည်ဖြစ်သည် ။ ယခုထဲက ခံနိုင်ရည်ရှိအောင် သူ ကြိုးစားရပေမည် ။
' ငါ အရွယ်မရောက်သေးတာတောင် ဖိအားတွေခံစားနေရပြီ... '
Black Earth ၏ ဖိအားကြောင့် သူ အသက်ရှုပင် သိပ်မဝချင်တော့ ။
ကျန်းနန်စီရင်စု... ဟိုင်းချန်မြို့...
ဟိုင်းချန်အထက်တန်းကျောင်းသို့ ရောက်နေသော ယန်ယီမိုလည်း သိပ်မထူးပေ ။
' ၈၂ ထပ်... သူဘယ်လိုလုပ်နိုင်တာလဲ...'
ယီမိုလေး စိတ်ဓာတ်ကျနေလေပြီ ။
' ငါက စိတ်ထိန်းချုပ်သူမို့ စိတ်စွမ်းအား ကောင်းလို့ တိုက်ခိုက်ရေးစွမ်းရည် မြန်မြန်တိုးတက်တာ... ဒါပင်မဲ့ ငါတောင် အဆင့် ၄ အစောပိုင်းပဲ ရှိသေးတယ်.... နောက်ပိုင်း မပြောနဲ့ အဆင့်၄ အလယ်ပိုင်းတောင် အဝေးကြီး... '
ကြီးမားသော ကွာဟချက်ကြောင့် ရှားပါးသော စိတ်ထိန်းချုပ်သူဖြစ်သည့် သူမပင် ယုံကြည်မှုမရှိတော့ ။
' ငါ့ ခွန်အားကို ထုတ်ပြလိုက်ရင် ယဲ့ရီ တစ်ယောက်ပဲ ငါ့အပေါ်မှာ ရှိမယ်ထင်ထားတာ... ခုတော့ စာမေးပွဲမတိုင်ခင် စိတ်ထိန်းချုပ်သူ အဆင့် ၄ ရောက်ခဲ့ရင်တောင် Black Earth နဲ့ အဝေးကြီး...'
သို့သော်လည်း Black Earth ဖိအားကြောင့် သူမအရှုံးမပေး ။ သူမ ပို၍ပင် တိုက်ခိုက်ချင်စိတ်ပြင်းပြလာ၏ ။
' ငါ ပိုကြိုးစားရမယ်... '
ကျင့်ဒူမြို့...
ကျိုးချင်ဖုန်းတစ်ယောက် Black Earth ရောက်နေသည့်အထပ်ကို ကြည့်ကာ ကြက်သေသေနေ၏ ။
' ၈၆ ထပ်...'
' ဒီလို ပါရမီရှင်တွေနဲ့ ယှဥ်ပြိုင်ဖို့ ငါ့သတ္တိတွေ ဘယ်ကရမလဲ...'
' ဒီခေတ်တော့ Black Earth ရဲ့ ပါရမီက ဂြိုလ်ပြာတစ်ခုလုံးတောင် ပြိုင်ဘက်ရှိမယ်မထင်ဘူး...'
ဂြိုလ်ပြာနှင့်ရှားနိုင်ငံ ၏ သမိုင်းတွင် Black Earth ကဲ့သို့ ခေတ်ကို လွှမ်းမိုးနိုင်သည့် ပါရမီရှင်မျိုးရှိခဲ့ဖူးသည် ။
ထိုသို့ပါရီမီရှင်မျိုးက နည်းအမျိုးမျိုးနှင့် တောက်ပခဲ့သည် ။ တချို့က တက္ကသိုလ်ရောက်မှ တောက်ပလာပြီး တချို့က စစ်မြေပြင်ရောက်မှ ထွန်းတောက်လာသည် ။
မည်သို့ပင်ဖြစ်စေကာမူ ထိုသို့ပါရမီရှင်မျိုး ပေါ်ထွန်းလာလျှင် သာမန်ပါရမီရှင်များ တောက်ပရန် နေရာကျန်တော့မည်မဟုတ် ။
' ဒါပင်မဲ့ ဒီလို ယှဥ်ပြိုင်ရတဲ့ခေတ်မှာ ငါမွေးလာတာ ကံကောင်းတာပဲ... ငါ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရင်တောင် နောင်တရစရာ အကြောင်းမရှိဘူး...'
ကျိုးချင်ဖုန်းသည် ဂုဏ်ယူစရာ စိတ်စွမ်းအားရှင် ဖြစ်သော်လည်း Black Earth ရှေ့တွင် ခေါင်းငုံ့ထားဆဲပင် ။
ရှားနိုင်ငံ၏ သိုင်းဌာနချုပ်တွင် ညဆိုင်းဆင်းနေရပြန်သည် ။
" ၈၉ ထပ်... "
" ပြိုင်ဘက်ကင်း ပါရမီရှင်..."
" Black Earth က ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ..."
ပါရမီရှင် ရှာဖွေရေးဌာနတွင် ပါရမီရှင်များအား သာမန် ၊ လက်ရွေးစင်နှင့် နတ်ဆိုး ဟူ၍ ခွဲခြားထားသည် ။
နတ်ဆိုးအဆင့်ကိုပင် ထက်မံခွဲခြားထားသေးသည် ။
ဥပမာ ယဲ့ရီက သာမန်နတ်ဆိုးအဆင့်သာဖြစ်သည် ။ Black Earth ဆိုလျှင် နတ်ဆိုးများအကြားတွင် ပြိုင်ဘက်ကင်း အဆင့်ဖြစ်ပေသည် ။
ပြိုင်ဘက်ကင်း ပါရမီရှင်က ခေတ် တစ်ခေတ်လုံးအား လွှမ်းမိုးထားနိုင်သည် ။ ထို့သို့ ပါရမီရှင်မျိုး ပေါ်ထွန်းလာလျှင် မည်မျှပင် ကုန်ကျစေကာမူ ပျိုးထောင်ပေးကြသည် ။
" Black Earth က ခန္ဓာကိုယ်ပါရမီ ဘယ်လောက်ဆိုးဆိုး ငါတို့ အကုန်အကျခံပြီး ပျိုးထောင်ပေးလို့ရတယ်... သူ ညဏ်ရည်ပါရမီနဲ့ဆို အဲ့လူက သဘောကျလောက်တယ်... "
သိုင်းဌာနချုပ် ခေါင်းဆောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏ ။
ပြိုင်ဘက်ကင်း ပါရမီရှင်များ ပေါ်ထွက်လာရန် ခက်ခဲလှသည် ။ ညဏ်ရည်ပါရမီ မြင့်မားသည် ပြိုင်ဘက်ကင်း ပါရမီရှင် က ပို၍ ပင် ခက်ခဲသည် ။ သူတို့က ပို၍အဖိုးတန်ပြီး အရေးကြီးလေသည် ။ ရှားနိုင်ငံတွင် ဤသို့သော ပါရမီရှင်မျိုး တစ်ခါမှ ပေါ်မလာဘူးချေ ။
" Black Earth ဘယ်အထပ်အထိ တက်နိုင်မလဲ ကြည့်ရအောင်... "