စိတ်ထိန်းချုပ်ခြင်း၏ အစွမ်း
Vol. 6 Ch. 81
ပါရမီရှင်လူသစ်မျှော်စင်သည် ရှားနိုင်ငံ သီးသန့် ဖြစ်သဖြင့် အခြားနိုင်ငံမှ ပါရမီရှင်များ မပါဝင်ပေ ။ ( နိုင်ငံတိုင်းအတွက် သီးသန့် မျှော်စင်တွေ)
သို့သော်လည်း ဂြိုလ်ပြာတစ်ခုလုံး Black Earth ဟူသောနာမည်အား သတိထားမိသွားကြသည် ။
" Black Earth က ၈၉ ထပ်ကို ရှင်းပြီးတော့ အထပ်၉၀ ကို စိန်ခေါ်နေပြီ..."
" တစ်မိနှစ်ကျော်နေပြီကို ခုထိမနိုင်သေးဘူး..."
" ဆယ်ထပ်တိုင်း အခက်အခဲတိုးလာတာဆိုတော့ ပုံမှန်ပါပဲဟ... ၈၉ထပ်ထက် ၉၀ က အများကြီးပိုခက်တယ်လေ... "
" အထပ် ၈၉ ပြိုင်ဘက်က တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ နောက်ပိုင်းအဆင့်ပဲရှိတာ... အထပ် ၉၀ ရောက်ရင် ပြိုင်ဘက်က အဆင့် ၄ အထွတ်အထိပ်ရောက်သွားပြီဟ... "
" Black Earth က အထပ် ၉၀ ကျော်နိုင်ပါ့မလား..."
" ဒီနှစ် သူမကျော်နိုင်ရင် ဘယ်သူမှ ကျော်နိုင်မှာ မဟုတ်ဘူး... "
" အဆင့်၄ အထွတ်အထိပ်ရောက်ရင် အတွင်းအဂ်ါစွမ်းအား...သွေးစွမ်းအား နဲ့ ရိုးတွင်းခြင်ဆီ စွမ်းအားကို တစ်စုတစ်စည်းတည်း အသုံးပြုနိုင်ပြီ... Black Earth က အထပ်၉၀ ကို နိုင်ရင်တောင် နောက်ထပ် ထက်တက်နိုင်မှာမဟုတ်တော့ဘူး..."
Black Earth တိုက်ခိုက်နေသည်ကို မမြင်ရ၍ လူတိုင်း ခန့်မှန်းနေရုံသာ တက်နိုင်တော့သည် ။
လူတဝက်လောက်က Black Earth အထပ် ၉၀ ကို နိုင်မည်မထင်တော့ ။
Black Earth အား အထင်ကြီးနေကြသူများပင် အလွန်ဆုံး နောက်ထက် တစ်ထပ်နှစ်ထပ် လောက်သာ တက်နိုင်မည်ဟု ထင်မှတ်ထားကြသည် ။
အားလုံးက Black Earth ကို အကန့်အသတ်သို့ ရောက်သွားပြီဟု မှတ်ထင်ထား၏ ။
" Black Earth က ဘယ်လောက်တော်တော် သူ့အကန့်အသတ်က အထပ် ၉၀ ပဲ..."
" အရင်ပွဲတွေအရဆို Black Earth က အလွန်ဆုံး အဆင့်၄ နောက်ဆုံးအဆင့်ပဲ... သူ့ခန္ဓာကိုယ်တစ်ခုလုံးက စွမ်းအားကို မစုစည်းနိုင်သေးဘူး..."
နီတီဇင် Little Yu ပေါ်လာပြန်သည် ။
" Black Earth အထပ် ၉၀ ကျော်နိုင်ရင် ငါ လိုက်(live) လွင့်ပြီး ချီး ၅၀၀ ဂရမ်စားပြမယ်..."
" ဟမ်...ဒီကောင်လာပြန်ပြီ..."
" တစ်ပေါင်ဆို လောက်မလားဟေ့..."
" Black Earth က ၉၁ ထပ်ကို ရှင်းနိုင်ရင်ရော..."
လူများစွာက စိတ်ဝင်စားခြင်းခံလိုက်ရသဖြင့် Little Yu ပျော်သွား၏ ။ သူ လူစိတ်ဝင်စားခံချင်၍ ဝင်ပြောလိုက်ခြင်းပင် ။
Little Yu သည် သူ့အား လူများစိတ်ဝင်စားနေကြသည်ကို မြင်လျှင် အဓိပ္ပါယ်မရှိသည်များကို လျောက်ပြောတော့သည် ။
" Black Earth သာ အထပ် ၉၀ ကိုကျော်နိုင်ရင်... တစ်ထပ်ကျော်တိုင်း ငါ ျီး တစ်ကီလို စားပြမယ်... "
" ယိးးး ရက်စက်လိုက်တဲ့ကောင်..."
" ဒီကောင် မိုက်မိုက်ကန်းကန်းပဲ ငါကြိုက်တယ်... ငါ ဖော်လိုး ထားလိုက်ပြီ..."
" မင်းမစားရဲဘဲနဲ့ မပြောနဲ့နော်... "
" အားလုံး... ဒီကောင့်ကို မယုံနဲ့ အရင် Black Earth လူသစ်ကွင်းမှာ ပွဲဆက်အနိုင်ရရင် စားပြမယ်ဆိုပြီး ဒီကောင်လိမ်သွားတာ... "
ထိုအချိန်တွင် ပါရမီရှင် လူသစ်မျှော်စင် သမိုင်းအဆင့် ၁ ရှိ Black Earth နာမည်နောက်တွင် ၈၉ ထပ်မှ ၉၀ သို့ပြောင်းသွားသည်ကို အားလုံးမြင်လိုက်ရ၏ ။ Black Earth အထပ် ၉၀ ကို အောင်မြင်သွားလေပြီ ။
" Little Yu ရေ ဘယ်ရောက်သွားလဲ... စကားလာပြောပါအုံးဟ... "
" လိုက်(live) လွှင့်ပြီး ျီး စားပြမယ်ဆို လိမ်ပြေးပြန်ပြီလား..."
" ညိုကီတို့... Little Yu ရဲ့ လိပ်စာကို သိတယ့်သူရှိလား... ငါတို့ သွားကျွေးရအောင်..."
" ငါလည်း လိုက်မယ်..."
" ငါဒီကောင့်ကို သိသလိုပဲ... ငါလိပ်စာရအောင်ရှာလိုက်မယ်... "
မျှော်စင်အတွင်း...
လင်းမို့သည် အထပ် ၉၀ တွင် တစ်ယောက်ထဲ ရပ်နေပေသည် ။ သူ၏ ပြိုင်ဘက်က ရှုံးနိမ့်၍ ပြောက်ကွယ်သွားလေပြီ ။
အထပ် ၉၀ ၏ ပြိုက်ဘက်က အဆင့်၄ အထွတ်အထိပ်တွင်ဖြစ်သည် ။
လင်းမို့၏ တိုက်ခိုက်ရေးအသိညဏ်အရ လွယ်ကူသင့်သော်လည်း ပြသနာမှာ သူ့တွင် လက်နက် မပါခြင်းကြောင့်ပင် ။ သူမနေ့က လွယ်ကူခဲ့သည်မှာလည်း သူ့ပြိုင်ဘက်များက အားအလွန်းနည်းသောကြေင့်သာဖြစ်သည် ။ ယခုသူ ဒုက္ခနှင့် လှလှ တွေ့လေပြီ ။
အထပ် ၈၀ အထက် ပြိုင်ဘက်များမှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ နောက်ပိုင်းအဆင့်သာ ဖြစ်သဖြင့် လက်သီးအနည်းငယ်ထိုး၍ အနိုင်ရနိုင်ပေသည် ။
သို့သော် အထပ် ၉၀ ရှိပြိုင်ဘက်များမှာ သူနှင့် အဆင့်သိပ်မကွာသည့်အပြင် လက်နက်များလည်းကိုင်ဆောင်ထားကြသည် ။
အထပ် ၉၀ ရှိ လင်းမို့၏ ပြိုင်ဘက်မှာ ဆေဘာ နှစ်လက်ကိုင်ထားသော ဓားသမားတစ်ယောက်ပင် ။ သူအနားကပ်လာလျှင် ဓားနှစ်လက်ဖြင့် စက်ဝိုင်းပုံံဝှေ့ယမ်း၍ ကာကွယ်ထားသဖြင့် ဟာကွက်တွေ့ရန် သုံးမိနှစ်လောက် တိုက်ခိုက်ခဲ့ရသည် ။ သူ့လက်ဗလာနှင့် ဓားများကို သွားမထိရဲပေ ။
' ခက်လိုက်တာ... '
' ငါ စိတ်ထိန်းချုပ်စွမ်းရည် မသုံးဘဲ တိုက်ခိုက်ရေးစွမ်းရည် နဲ့ပဲ အနိုင်ယူမလားလို့ကို... လက်နက်မပါရင်အဆင်မပြေဘူး... ထားလိုက်ပါ... ပိုလွယ်အောင် စိတ်ထိန်းချုပ်စွမ်းရည်သုံးလိုက်တော့မယ်... '
' ပြီးတော့ အထပ် ၉၀ ကနေစပြီး နိုင်တိုင်း ရှေးဦးစကြာဝဠာ အမှတ် ၅ မှတ် တောင်ရမှာပဲ...'
' အရူးမှသာ မလိုချင်မှာ...'
ဤငွေတွင်းတွင် သူ၏ စိတ်ထိန်းချုပ်စွမ်းရည်ကို မသုံးဘဲ ရှုံးနိမ့်ခဲ့ပါက သူသွေးတက်၍ သေသွားနိုင်ပေသည် ။
' ပိုက်ဆံအတွက်...'
' ငါနိုင်ရမယ်ကွ... '
လင်းမို့သည် ၉၁ ထပ်သို့ မတက်မီ ၁၀ စက္ကန့်လောက် အနားယူလိုက်၏ ။ သူ ၉၁ ထပ်သို့ရောက်လျှင် ဆံပင်အဖြူရောင်နှင့် ဓားအင်မော်တယ် တစ်ယောက်ကို တွေ့လိုက်ရသည် ။ သေချာပေါက် အလွန်သန်မာမည်ပုံပေါ်သည် ။ သို့သော်လည်း ပြသနာမရှိ ။
လင်းမို့က ပြိုင်ဘက်ကို ချက်ချင်း ပုံရိပ်ယောင် စွမ်းရည် ပစ်လွှတ်လိုက်သည် ။
ဓားအင်မော်တယ်က မလှုပ်ရှားနိုင်တော့ဘဲ အတွေးများ ရှုပ်ထွေးသွား၏ ။ ရှုပ်ထွေးနေသည်မှာ စက္ကန့်ဝက်လောက်သာ ကြာသော်လည်း လင်းမို့အတွက် အချိန်လောက်ပေသည် ။
လင်းမို့သည် ပုံရိပ်ယောင်ကို သုံးပြီးသည်နှင့် ပြေးဝင်၍ လက်သီးဖြင့် ခေါင်းကို ထိုးလိုက်သည် ။ ခေါင်းပေါက်ကွဲသွားသည် ။
' ပုံရိပ်ယောင်က မိုက်လိုက်တာ...'
လင်းမို့ အံ့သြသွား၍ မျက်လုံးများပြူးကျယ် သွားသည် ။ သူ၏ စိတ်ထိန်းချုပ်သူ အဆင့်က အဆင့်၃ သာ ရှိ၍ ပြိုင်ဘက်ကို စက္ကန့်ဝက်သာ ထိန်းချုပ်နိုင်သော်လည်း သူ့တွင် တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၄ ရှိနေသေးသည် ။
' နောက်တစ်ထပ် ဆက်သွားမယ်...'
လင်းမို့ ၉၂ ထပ်သို့ တက်သွားလိုက်သည် ။ ပြီးနောက် ၉၃ ထပ်သို့ရောက်ရှိသွားသည် ။
' ၉၄ ထပ်...'
' ၉၅ ထပ်...'
လင်းမို့သည် တစ်ထပ်တွင် ဆယ်စက္ကန့်လောက်သာ ကြာပြီး နောက်ဆုံး အထပ် ၁၀၀ သို့ရောက်ရှိသွားသည် ။