← Chapters

ရှေးဦးစကြာဝဠာ အား ထိန်းချုပ်ထားသူ

Vol. 6 Ch. 83

ရှေးဦးစကြာဝဠာ အား ထိန်းချုပ်ထားသူ

Vol. 6 Ch. 83

ပါရမီအဆင့်များ မလုံလောက်တော့ ။

Black Earth ကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ပါရမီရှင်မျိုး ပေါ်ထွက်မလာဘူးရာ သူတို့၏ အပြစ်မဟုတ် ။

ဌာနချုပ် ခေါင်းဆောင် ဝူမြန်က လက်ယမ်းလိုက်ပြီး ဆုံးဖြတ်ချက်ကို ပြောလိုက်သည် ။

" ပါရမီရှင် အဆင့်မလုံလောက်ရင် အသစ်လုပ်လိုက်... "

ပါရမီရှင် ရှာဖွေရေး ဌာန၏ ဒါရိုက်တာ မာက...

" အဲ့တာဆို ပြိုင်ဘက်ကင်း အဆင့်အထက်ကို ဘယ်လိုခေါ်မှာလဲ ...ဘီလူးအဆင့်လို့ ခေါ်မလား... သဘာဝလွန်အဆင့်လို့ ခေါ်မလား... ကောင်းကင်ဘုံဆန့်ကျင်အဆင့်လို့ ခေါ်မလား..."

" မကောင်းဘူး..."

ဝူမြန်က လက်ယမ်းလိုက်ပြီး...

" ဒီအဆင့်ကို ရောက်နိုင်တဲ့ ပါရမီရှင်က အထူးခြားဆုံးလူ ဖြစ်ရမယ် ... ငါတော့ Black Earth အဆင့် လို့ပဲ ခေါ်တာကောင်းမယ် ထင်တယ်... "

" Black Earth အဆင့်လား..."

ဒါရိုက်တာမာ အနည်းငယ် လန့်သွား၏ ။

' Black Earth အဆင့်က Black Earth က နဲနဲတော့ မလွန်ဘူးလား... "

" ဟုတ်တယ်..."

ဝူမြန် သူ့အတွေးသူ သဘောကျသွားသည် ။

" နာမည်နဲ့ တိုက်ရိုက်အဆင့် သတ်မှတ်ပေးတာကလည်း ဂုဏ်ပြုတာပဲလေ ... အနာဂတ်ကျရင် Black Earth လိုပါရမီရှင်မျိုး ထက်ပေါ်လာရင် ဒီလိုမျိုး ဂုဏ်ပြုလို့ရတယ်... ဒါရိုက်တာမာရော ဘယ်လိုသဘောရလဲ... "

" ခေါင်းဆောင်ဝူ မှန်ပါတယ် ... ခေါင်းဆောင်ဝူရဲ့ အသိညဏ်က တိုင်တောင် ကြီးလိုပါပဲ... ကျွန်တော်တို့ မစဥ်းစားနိုင်တဲ့အချိန်မျိုးဆို ခေါင်းဆောင်ဝူက အမြဲအဖြေရှာပေးနိုင်တယ်... "

ဒါရိုက်တာမာ က ချက်ချင်း ချီးကျူးလိုက်၏ ။ ဤသို့ အခြေအနေမျိုးတွင် သူဘာပြောရမှန်း မသိခဲ့လျှင် ဒါရိုက်တာရာထူးကို ရထားမည်မဟုတ် ။

" ဒါ အသေးအမွှားလေးပါ... အဓိက က... "

ခေါင်းဆောင်ဝူက...

" အရေးအကြီးဆုံးက Black Earth လုံခြုံနေဖို့ပဲ... ငါတို့နိုင်ငံကနေ ဒီလောက်ထူးခြားတဲ့ ပါရမီရှင်ထွက်လာတာကို နိုင်ငံငယ်လေးတွေ... အထူးသဖြင့် ဟိုမျက်လုံးစိမ်းနဲ့ ကောင်တွေက ထိုင်ကြည့်နေမှာ မဟုတ်ဘူး... "

" အဲ့တာဟုတ်တယ်... "

ဘေးမှ လူကြီးတစ်ယောက်က ခေါင်းညိတ်ထောက်ခံလိုက်ပြီး...

" ပြသနာက Black Earth ဘယ်သူမှန်းမသိဘဲ ကျွန်တော်တို့က ဘယ်လိုကာကွယ်မှာလဲ..."

" အဲ့ကိစ္စပြောရင် ကျွန်တော် ဒေါသထွက်တယ်..."

လူသစ်ကျေးရွာ စီမံခန့်ခွဲမှုဌာန ၏ ခေါင်းဆောင် နျဲ့ချင်က မျက်နှာမည်းမှောင်စွာဖြင့်...

" Black Earth ပွဲ ၃၀ ဆက်နိုင်တုန်းက ဆုကြေးထုတ်ပေးရတာ ကျွန်တော်တို့ ဌာနကပဲ... အဲ့တာတောင် ဘယ်သူလဲ မသိရဘူး... "

လူသစ်ကျေးရွာ စီမံခန့်ခွဲမှာဌာန၏ နေ့တိုင်းလုပ်ရသော အရေးကြီးတာဝန်တစ်ခုမှာ လူသစ်ကျေးရွာမှ ဆုလဒ်များကို ထုတ်ပိုး၍ ရှေးဦးစကြာဝဠာ ၏ ရုံးချုပ်သို့ ပေးပို့ရခြင်းပင် ။

ထိုဌာနချုပ်မှာ ရှားနိုင်ငံအတွင်း တည်ရှိသော်လည်း ရှားနိုင်ငံ လက်အောက်ခံမဟုတ်ပေ ။ ရှေးဦးစကြာဝဠာ ၏ သခင်က ထိန်းချုပ်ထားခြင်းဖြစ်သည် ။

ရှေးဦးစကြာဝဠာ ၏ အုပ်ထိန်းသူ ...

ဤသည်က အလွန်ထူးကဲသော ဖြစ်တည်မှု တစ်ခုဖြစ်သည် ။ သူက ရှားနိုင်ငံမှ မဟုတ်သလို ဂြိုလ်ပြာမှပင် မဟုတ်ချေ ။

ဂြိုလ်ပြာတွင် အုပ်ထိန်းသူအား ယှဥ်နိုင်သူမရှိ ။ သိုင်းမဟာသခင်များပင် အိမ်ထိန်းသူရှေ့တွင် ပုရွတ်ဆိတ် များသာဖြစ်သည် ။ အလွန်ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုပင် ။

ရှားနိုင်ငံရှိ ရှေးဦးစကြာဝဠာ ဌာနချုပ်ကို မည်သူမှ သွားစမ်းရဲမည်မဟုတ် ။

" ရှေးဦးစကြာဝဠာ ရှားနိုင်ငံဌာနချုပ်က ကောင်တွေက သူတို့သခင်စကားပဲ နားထောင်တာ... ငါတို့ကို ရှိတယ်လို့တောင် ထင်တာမဟုတ်ဘူး. ..."

ခေါင်းဆောင်ဝူက အကူအညီမဲ့ဟန်ဖြင့် ...

" မဟာသခင် ခန်းမကို အကူအညီတောင်းရင်တောင် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး... "

" Black Earth ကို ဆုကြေးပို့ရတဲ့ကောင်တွေတော့ Black Earth ကိုသိမယ်... ဒါပင်မဲ့ သူတို့ ပြောမှာ မဟုတ်ဘူး... "

ဒါရိုက်တာ မာက...

" ပြီးတော့ တာဝန်လက်ခံတဲ့သူတွေက စာချုပ်လက်မှတ်ထိုးထားရတာပဲ... Black Earth လို ပါရမီရှင်မျိုးကို ပို့ပေးရတဲ့သူတွေဆို ပိုတောင်ဆိုးအုံးမှာ သူတို့ထုတ်ပြောချင်ရင်တောင် ပြောလို့ရမှာမဟူတ်ဘူး... သူတို့ထုတ်ပြောမိရင် ချက်ချင်းသေ သွားမှာ ...."

" အင်း..."

ခေါင်းဆောင်ဝူက ထောက်ခံလိုက်သည် ။

ထို့အပြင် သူတို့ ရှေးဦးစကြာဝဠာ ၏ အုပ်ထိန်းသူအား သွားမရှုပ်ရဲ ။

" ကံကောင်းတာက ငါတို့မသိသလို ဘယ်သူမှလဲ သိမှာမဟုတ်ဘူး ..."

ခေါင်းဆောင်ဝူက...

" ဒါပင်မဲ့ ငါတို့ Black Earth ကို မြန်နိုင်သမျှ မြန်အောင် ရှာရမယ်... ဟိုမျက်လုံးစိမ်းနဲ့ကောင်တွေ တစ်ခုခုကြိုသိသွားရင် ငါတို့ပြသနာတက်မှာ... "

" မှန်တယ်... "

" ဟုတ်တယ်... "

သိုင်းဌာန၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ထိုမနာလိုတက်သော နိုင်ငံငယ်လေးများ မည်မျှ ယုတ်မာတက်သည်ကို သိထားကြ၏ ။ ဂြိုလ်ပြာကြီးအား ထိန်းချုပ်နိုင်ရန်အတွက် ဘာမဆို လုပ်ကြမည့် သူများပင် ။

ထိုမနာလိုသော နိုင်ငံငယ်လေးများအတွက် Black Earth ကဲ့သို့သော ထူးကဲသည့်ပါရမီရှင်မျိုးက သူတို့၏ လမ်းကြောင်းပေါ်ရှိ ကြီးမားသော အနှောက်အယှက်ဖြစ်ပေသည် ။ သူတို့ တက်နိုင်သမျှ Black Earth ကို ရှင်းနိုင်ရန် ကြိုးစားကြပေမည် ။

" အခုငါတို့ သိထားတဲ့ တစ်ခုထဲသော သဲလွန်စက Black Earth က ကျန်းနန်စီရင်စုက ဆိုတာပဲ... "

ခေါင်းဆောင်ဝူက ခဏကြာ စဥ်းစားပြီး...

" Black Earth လို ပါရမီရှင်မျိုးက အရမ်းကို ကြိုးစားလိမ့်မယ် ... ကျန်းနန်စီရင်စု က ပါရမီရှင်တွေထဲက အရမ်းကြိုးစားတဲ့ သူတွေကို သေချာစစ်ထုတ်ရင် Black Earth ကို ရှာမတွေ့ဘဲ မနေဘူး... "

" ခေါင်းဆောင်ဝူက ညဏ်ကောင်းလိုက်တာ... "

" ကျွန်တော်တို့ ဘာလို့ အဲ့လိုမစဥ်းစားမိပါလိမ့်... "

" ကျုပ်တို့ ခုစလုပ်မှ ဖြစ်မယ်... ဒီနည်းလမ်းအတိုင်း လုပ်ရင် လူများများနဲ့ အရင်းအနှီးများများသာသုံး Black Earth ကို တစ်ရက်နှစ်ရက်အတွင်း သေချာပေါက် ရှာတွေ့လိမ့်မယ်... "

မာရှင်းဝူနှင့် အပေါင်းအပါများက ဝိုင်းဖားလိုက်ကြသည် ။

" ဒီကိစ္စကို မြန်မြန်အကောင်အထည်ဖော်ကြ ..."

ခေါင်းဆောင်ဝူက သူညဏ်ပညာကြီးမားသော်လည်း နိမ့်ချနေတက်သည်ဟု ခံစားမိလိုက်ပြီ...

" Black Earth ကို ဆက်သွယ်လို့မရလို့သာ ...မဟုတ်ရင် ငါဒီလို အစီအစဥ်တွေကို သိပ်ထုတ်မပြချင်ဘူး... "

ရှားနိုင်ငံ၏ အရှေ့ဘက်ရှိ အလယ်အလတ်နိုင်ငံတစ်ခုဖြစ်သော ချယ်ရီပန်း နိုင်ငံ ။ ( မပါမဖြစ်လေး ပါလာပြီ😅... )

ဤ နိုင်ငံက ခေါင်းဆောင်ဝူပြောသော မျက်လုံးစိမ်းများ၏ နိုင်ငံဖြစ်သည် ။

ချယ်ရီပန်းနိုင်ငံ၏ ထိပ်တန်းကျွမ်းကျင််သူများက Black Earth အကြောင်းလေ့လာနေကြသည် ။

" မျှော်စင်ကို ရှင်းလိုက်တာလား..."

" ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးက ရှားနိုင်ငံမှာ ပေါ်လာတာလား..."

" Black Earth က သေကို သေရမယ်... မဟုတ်ရင် သူ အုပ်ထိန်းသူရဲ့ အမွေကို ရသွားနိုင်တယ်... "

" အုပ်ထိန်းသူရဲ့ အမွေကို ငါတို့နိုင်ငံကပဲ ရ ရမယ် ..."

" ငါတို့ အိပ်ထိန်းသူရဲ့ အမွေကို ရရင် ဂြိုလ်ပြာကြီးကို အုပ်စိုးလို့ရပြီ..."

" ကုန်ချင်သလောက် ကုန်ပစေ Black Earth ကို ရအောင်သတ်... "

" ပြသနာက Black Earth ရဲ့အထောက်အထားကို ဘယ်သူမှ မသိတာပဲ... ရှားနိုင်ငံကတောင် Black Earth ဘယ်သူလဲ ရှာမတွေ့သေးဘူး... ငါတို့ဘယ်လိုသတ်မလဲ... "

လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည် ။

' သတ်မှာလား...'

' သတ်ရမယ့်လူကို မသိဘဲ ဘယ်လိုသတ်မှာလဲ...'

ထိုအချိန်တွင် လှပသော မိန်းမငယ်လေးတစ်ဦး လူအုပ်ထဲမှ ထွက်လာပြီး...

" ကျွန်မလုပ်မယ်... "

ထိပ်တန်းကျွမ်းကျင်သူများက အာရုံစိုက်သွားကြပြီး...

" မင်းလုပ်နိုင်လို့လား... "

" Black Earth ဘယ်သူလဲ မသိဘဲနဲ့ ဘယ်လို သတ်မှာလဲ... "

" ကျွန်မ ကိုယ်တိုင်လုပ်မှာ..."

လှပသော မိန်းကလေးက အေးအေးဆေးဆေးပြောလိုက်၏ ။

" ကိုယ်တိုင်လား..."

" အဲ့လိုလုပ်မယ်လို့တော့ မပြောနဲ့နော်..."

ချယ်ရီပန်း နိုင်ငံ၏ ထိပ်တန်းကျွမ်းကျင်သူများက တစ်ခုခုကို တွေးမိသွားပုံရသည် ။ သူတို့၏ အေးစက်၍ ကျဥ်းမြောင်းသော အကြည့်များက တောနက်အတွင်းရှိ ဆာလောင်နေသော ဝံပုလွေများ နှင့်တူနေသည် ။

" ကျွန်မက အဆင့် ၇ စိတ်ထိန်းချုပ်သူဆိုတာ မမေ့ပါနဲ့.... "

လှပသော မိန်းမငယ်လေးက နှာခေါင်းရှုံ့လိုက်၏ ။ ထိုသို့လုပ်လိုက်သည့်ပုံကပင် အလွန်ဆွဲဆောင်မှု ရှိပေသည် ။

" ကျွန်မရဲ့ ပုံရိပ်ယောင်လူသတ်စွမ်းရည်ကို အစွမ်းကုန်အသုံးချပြီး ဗီဒီယိုတစ်ပုဒ်ထဲ ထည့်ပြီး ရှေးဦးစကြာဝဠာ ထဲက Black Earth ရဲ့အကောင့်ကိုပို့ပေးလိုက်ရင်... သူဖွင့်ကြည့်တာနဲ့ သေမှာပဲ... "

စိတ်ထိန်းချုပ်သူ အဆင့်၇ က မဟာသခင်များနှင့် တူညီပေသည် ။ သူတို့ အစွမ်းကုန် အသုံးချထားသည့် ပုံရိပ်ယောင်သတ်ဖြတ်ခြင်းစွမ်းရည်မှ နေအလင်းအဆင့်များပင် ရှင်သန်နိုင်ရန် မလွယ်ပေ ။ အသက် ၁၈ နှစ်အရွယ် ပါရမီရှင်ကို အသုံးပြုခြင်းက ပုရွတ်ဆိတ်ကို ဒုံးကျည်ဖြင့် ထုနေသလိုပင် ။

" Black Earth က ဖွင့်မကြည့်ရင်ရော... အလကားဖြစ်သွားမှာ မဟုတ်ဘူးလား... "

ဘေးမှ တစ်ယောက်က ဝင်မေးလိုက်၏ ။

" စိတ်မပူနဲ့ သူသေချာပေါက် ဖွင့်ကြည့်မှာ ..."

လှပသော မိန်းမငယ်လေးက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည် ။

" Black Earth ကို သတ်လိုက်ရင် ရှားနိုင်ငံမှာရှိတဲ့ မဟာသခင်ခန်းမက ကျွန်မကို အမဲလိုက်လိမ့်မယ်... အဲ့အချိန်ကြရင်သာ ရှင်တို့ ကျွန်မကို ကာကွယ်ဖို့ ကြိုးစားပေးကြပါ... "

All Chapters