← Chapters

စိတ်ထိန်းချုပ်သူ အဆင့် ၄

Vol. 6 Ch. 85

စိတ်ထိန်းချုပ်သူ အဆင့် ၄

Vol. 6 Ch. 85

ဟိုင်းချန် အထက်တန်းကျောင်း၏ ရေကန်တု...

ယောကျ်ားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အကင်ဖို၏ ဘေးတွင် တစ်ဖက်တစ်ချက်စီ ထိုင်ကာ ငါးကင်စားနေကြသည် ။

ယန်ယီမို၏ ပါးပြင်များက အနည်းငယ်နီရဲနေပြီး အေးစက်စက်အမူအရာ မရှိတော့ ။

' ငါ ဘာလုပ်နေတာလဲ...'

' ငါသူ့ကို နှင်ထုတ်ဖို့ လာတာ မဟုတ်ဘူးလား...'

' ငါ ဘာလို့ ထိုင်စားနေရတာလဲ...'

ယန်ယီမို ရှုပ်ထွေးသွားသည် ။ အလွန်မွှေးသော ငါးကင်က သူမကို အနိုင်ယူသွားလေသည် ။

လင်းမို့ လည်း ရှုပ်ထွေးသွားသည် ။ သူ က ဆွပေးချင်လို့သာ သူမကို ငါးကင် ထိုးပေးလိုက်ခြင်းဖြစ်သည် ။ ယီမို ထိုင်စားနေမည်ဟု သူမမျှော်လင့်မိခဲ့ ။ ယခုတော့ သူမဗိုက်မပြည့်မချင်း ရပ်မည့်ပုံ မပေါ်တော့ ။

လင်းမို့ မကျေမနပ် ထိုင်ကြည့်နေရုံသာ တက်နိုင်တော့သည် ။

' နင်ဘာလုပ်နေတာလဲ... '

' နင် ကြိုးစားအောင် ငါငါးကင်နေတာလေ... '

' နင် ပုံမှန်အတိုင်းပဲ ကစားလို့မရဘူးလား... ဘာလို့ ငါ့ငါးကင်ကို လာစားနေတာလည်း... '

ဤအခြေအနေကို လင်းမို့ ထင်မထားပေ ။ သူ ဂျင်ရုံအပြင်တွင် နေ့တိုင်းထိုင်စားနေသော်လည်း ကုန်းလာဆင်းမည့်သူ မရှိ ။ သူ၏ တိုက်ကွက်မှာ ယီမိုတွင် ကျရှုံးသွားလေပြီ ။

' ငါ စိတ်ထိန်းချုပ်သူ အညွှန်းကိန်းလေး...'

လင်းမို့ ရင်ဘက်အောင့်သွား၏ ။ ယီမိုပါ လာထိုင်စားနေသဖြင့် သူ၏ တက်ကြွအညွှန်းကိန်းလေး လေပေါ်ပျံ သွားချေပြီ ။

လင်းမို့ သည် ကျေးဇူးသိတက်သူ ဖြစ်သဖြင့် သူမအား နှင်မထုတ်ရက် ။ သူမကြောင့်သာ စိတ်ထိန်းချုပ်သူ အဆင့်၃ သို့ ရောက်ခဲ့ရခြင်းဖြစ်သည် ။ သူ သူမ အပေါ်တွင် အကြွေးတင်နေပေသည် ။

' သူ စားပြီးရင်တော့ ပြန်ပြီး လေ့ကျင့်လောက်ပါတယ်... '

ယခု အချိန်တွင် လင်းမို့ သည် ယီမို့အား တစ်ခုသာ ပြောလိုက်ချင်၏ ။

' နင် ရဲ့ ရည်ရွယ်ချက်ကို မမေ့နဲ့နော်... နင်ငါးကင်စားပြီးရင် စိတ်ထိန်းချုပ် စွမ်းအားကို ပြန်ပြီးလေ့ကျင့်တော့... '

သို့သော်လည်း လင်းမို့သည် သူမ၏ ပုံစံကို ဂရုမစိုက်ဘဲ ခွေးပေါက်လေး တစ်ကောင်လို ငုံ့၍ ငါးကင် အားရပါးရ စားနေသော ယီမို ကို ကြည့်ကာ သနားသွား၏ ။

" နင် ငါးကင် မစားဖူးဘူးလား... "

ယန်ယီမိုက မျက်လုံးလှန် ကြည့်လိုက်သည် ။ သူမ ငါးကင်မစားဘူးပေ ။ မဟုတ်လျှင် ဤမျှ သွေးဆောင် ခံလိုက်ရမည်မဟုတ် ။ သူမ နှင်ထုတ်ရန် လာခြင်းဖြစ်သည် ။

" နင် တကယ် မစားဖူးဘူးပဲ... "

လင်းမို့ သူမ၏ အမူအရာကို ကြည့်၍ နားလည်သွားသည် ။

" နင် စိတ်စွမ်းအားတိုးတက်နိုင်ဖို့ နေ့တိုင်းနေ့တိုင်း စိတ်ထိန်းပြီး လေ့ကျင့်နေရတာ ပျင်းစရာမကောင်ဘူးလား... "

ယန်ယီမိုသည် အမှန်ပင် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သည် ။ ဤသည်က စိတ်စွမ်းအား တိုးတက်နိုင်ရန် ပေးဆောင်ရမည့် စျေးနှုန်းတစ်ခုပင် ။ သို့သော် သူမ မည်သည့်အတွက်ကြောင့် ထုတ်ပြောရမည်နည်း ။ သူမ၏ အနာကို လာဆွသည်ကို သူမ ဒီတိုင်း ငြိမ်မခံနိုင် ။

" အဲ့တာက နင့်လို လျောက်သွားနေတဲ့ကောင် ထက်တော့ သာသေးတယ်... "

ယီမိုက လင်းမို့အား စတင် တိုက်ခိုက်သည် ။ ငါးကင် စားနေရင်း လင်းမို့ သည် သူ့အကြောင်းပြောထားသဖြင့် စာမေးပွဲကို လက်လျော့ ထားသူမှန်း သိထားသည် ။ လင်းမို့သည် ဘာမှ မလုပ်ဘဲ ပျင်းရိနေသော ကောင်ဖြစ်၏ ။ သို့သော်လည်း သူမ လင်းမို့၏ အနာကို ဆွလိုက်သည်က မအောင်မြင် ။

" နင်နားမလည်ပါဘူး... "

လင်းမို့က ဘာမှ မခံစားရဟန်ဖြင့်...

" သိုင်းပညာလမ်းစဥ်ဆိုတာ အချုပ်အနှောင်တွေ မရှိဘဲ လွတ်လပ်နေမယ်... နင်က ငါပျင်းနေတယ်လို့ မြင်ရင်... အဲ့တာ နင့်အမြင်ပဲလေ... "

သူ ပျင်းရိနေမှ အဆင့်တက်နိုင်မည် ။ သူ အလုပ်ကြိုးစားလိုက်ပါက အဆင့်တက်နိုင်တော့မည် မဟုတ် ။

ယန်ယီမို သည် အမှန်ပင် နားမလည် ။

" အမြင်လား... ငါကတော့ အမှန်ကို မြင်တယ်ထင်တယ်... "

ယီမိုက မျက်လုံးလှန် လိုက်ပြီး...

" စာမေးပွဲ ဒီလောက်နီးနေတာတောင် နေ့တိုင်းနင်က ငါးလာမျှားနေတာ ... အလုပ်နဲ့အနား ညီမျှနေရမယ်လို့ နင်ကပြောသေးတာလား... ငါကတော့ အစွမ်းကုန် ကြိုးစားမှ အောင်မြင်နိုင်မယ်လို့ ယုံတယ်... အလုပ်နဲ့အနား ညီမျှနေရမယ် ဆိုတာ အရှုံးသမားတွေ သုံးတဲ့ လက်သုံးစကားပဲ..."

ယီမိုက ပြောပြီးသည်နှင့် ငါးကင်ကို အကြီးကြီး ကိုက်လိုက်၏ ။ တချိန်တည်းမှာပင် သူမ၏ မျက်ခုံးကို မာနကြီးဟန်ဖြင့် ပင့်လိုက်ပြီး...

" ဒီ တစ်ကောင်စားပြီးရင် ငါပြန်ပြီး ပိုလေ့ကျင့်တော့မယ်... "

ယခုအခါ ယီမို၏ အမူအရာမှာ အစာစားပြီးသည်နှင့် ပြန်မန်ဖီနေသော ကြောင်ပေါက်လေးနှင့် တူနေပေသည် ။

လင်းမို့ မျက်ခုံးပင့်လိုက်၏ ။

' ပိုကြိုးစားမှာလား... ငါလည်း အဲ့တာကို မျှော်လင့်နေတာ... '

' မြန်မြန် စားလေ... မြန်မြန်စားပြီး မြန်မြန်ပြန်လေ့ကျင့်... ငါ စောင့်နေတယ်... '

သို့သော်လည်း ရုတ်တရပ် သူမ ငါးကင်ကိုင်ထားသောလက်က တန့်သွားသည် ။ သူမ မိန်းမော နေသည့် အခြေအနေသို့ ရောက်သွား၏ ။

" ဒါ... "

လင်းမို့ အံ့အားသင့်သွား၏ ။ သူသာ သာမန် သိုင်းပညာရှင်ဆိုလျှင် သတိထားမိမည်မဟုတ်သော်လည်း အဆင့် ၃ စိတ်ထိန်းချုပ်သူ ဖြစ်သည့်အပြင် စိတ်စွမ်းအား အလွန်ကောင်းသဖြင့် ယန်ယီမို၏ တဟုန်ထိုး မြင့်တက်လာသည့် စိတ်စွမ်းအားကို ခံစားလိုက်ရသည် ။

' သူ အဆင့်တက်သွားတာလား... '

ဤသည်က အဆင့်တက်သည့် လက္ခဏာပင် ။ ပါရမီရှင်များက ကြောက်စရာကောင်းလှသည် ။ ငါးကင်စားရင်းဖြင့်ပင် အဆင့်တက်နိုင်၏ ။

လင်းမို့သည် သူမနှင့် နီးကပ်နေသဖြင့် အကျိုးရလဒ်က ပိုကောင်းပေမည် ။ သူမ အဆင့်တက်သွားသည့်အခိုက်တွင် လင်းမို့လည်း စနစ်အသိပေးချက်ကို ကြားလိုက်ရ၏ ။

" ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်၏ စိတ်ထိန်းချုပ်သူ အဆင့်... အဆင့် ၄ သို့ ရောက်ရှိသွားပါပြီ..."

' အဆင့် ၄...'

လင်းမို့ ဒီလို ပုံစံနှင့် အဆင့် ၄ ရောက်သွားမည်ဟု မျှော်လင့်မထားမိ ။ စိတ်ထိန်းချုပ်သူ အဆင့် ၃ က သာမန်သိုင်းပညာရှင်နှင့် ညီမျှပြီး အဆင့် ၄ က ကောင်းကင် အဆင့်နှင်ညီမျှသည် ။ သူ လက်သီးပြင်းအားနှင့် စိတ်ထိန်းချုပ်သူ နှစ်ခုလုံး ကောင်းကင်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည် ။

" ငါ... "

ယန်ယီမိုသည် နောက်ဆုံးတွင် သူမ၏ အာရုံများ ပြန်ရောက်ရှိ လာပြီဖြစ်သည် ။ သူမ ငါးကင်ကို ကိုင်ရင်း စားရန် မေ့နေသည် ။ သူမက ပို၍ပင် အံ့သြနေ၏ ။

' ငါ စိတ်ထိန်းချုပ်သူ အဆင့် ၄ ဖြစ်သွားပြီ...'

ငါး ကင်စားရင်း အဆင့် ၄ စိတ်ထိန်းချုပ်သူ နှစ်ယောက် ထွက်ပေါ်လာခဲ့သည် ။ ဤသည်ကို မည်သူမှ ယုံနိုင်မည် မဟုတ် ။

" ဂုဏ်ယူပါတယ်... "

လင်းမို့ စိတ်ရင်းဖြင့် ပြောလိုက်ခြင်းဖြစ်သည် ။ သူမက ငါးကင်အတွက် လက်ဆောင်အကြီးကြီး ပြန်ပေးခဲ့လေသည် ။

" လင်းမို့... နင်မှန်တယ်... သိုင်းလမ်းစဥ်က အလုပ်နဲ့ဘဝ မျှတနေသင့်တယ်... "

ယီမိုက ရိုးရိုးသားသား ဝန်ခံလိုက်ပြီး...

" ငါ့ စိတ်တွေက အရမ်းမွန်းကြပ်နေတော့... အဆင့် ၄ ကို ခံစားမိပင်မယ့် မချိုးဖျက်နိုင်ဘူးဖြစ်နေတာ... ခု ငါ့စိတ်တွေဖိအားလျော့သွားတော့ သူ့ဟာသူ အဆင့်တက်သွားတာ... "

" အိုး... "

လင်းမို့ ဘာပြန်ပြောရမှန်းမသိ ။ သူ့ ပါးစပ်ထဲရှိရာ လျောက်ပြောနေသော်လည်း ယန်ယီမိုက အဆင့်တက်သွားခဲ့သည် ။

" နင်ကြောင့် ငါ အဆင့် ၄ တက်နိုင်ခဲ့တာ... ငါ နင့်ကို ကျေးဇူးတင်ရမယ်... "

လင်းမို့ ပို၍ပင် ပြောရခက်သွားသည် ။ သူသည် ယန်ယီမို ထံမှ မှီခို၍ စိတ်ထိန်းချုပ်သူများ၏ အခြေခံ သိုင်း သုံးခုကို ရခဲ့သည့်အပြင် စိတ်ထိန်းချုပ်သူ အဆင့်၄ သို့လည်း ရောက်ရှိနေလေပြီ ။

ထိုအချိန်...

လင်းမို့တို့နှင့် မနီးမဝေး အကွယ်တစ်ခုတွင် ဟောက်ရန်နှင့် ငါးဖမ်းသမားက ဘီယာဖာ တစ်ခုစီသယ်ရင်း လမ်းလျောက်လာသည် ။

All Chapters