← Chapters

နှိမ့်ချမနေလွန်းဘူးလား

Vol. 6 Ch. 86

နှိမ့်ချမနေလွန်းဘူးလား

Vol. 6 Ch. 86

လင်းမို့မှာထားသော ဘီယာကို လာပို့ကြခြင်းပင် ။ ဘီယာ မပါဘဲ ငါးကင် စားရသည်က အာခြောက်လှသည် ။

ငါးဖမ်းသမားက လင်းမို့ဆီမှ မက်ဆေ့ ရသည်နှင့် ဘီယာအေးအေးလေး နှစ်ဖာ သွားဆွဲလာခဲ့သည် ။ လမ်းတွင် ဟောက်ရန်နှင့်တွေ့၍ အကူခေါ်လာခဲ့ခြင်းဖြစ်သည် ။

" ဟောက်ရန်... အရင်က ခေါင်းဆောင်လုပ်တာကို ငါနားမလည်သေးဘူး..."

ငါးဖမ်းသမားက...

" ကျန်းရွှယ် ပေးတဲ့ ဆေးကို ခေါင်းဆောင်က ဘာလို့ လက်မခံတာလဲ... "

" မင်းတောင် နားမလည်တာ ငါနားလည်မလားဟ..."

ဟောက်ရန်က ဒေါသထွက်စွာဖြင့်...

" ငါသိတာကတော့... အကိုမို့ရဲ့ အဆင့်က ငါတို့ နားလည်နိုင်တာထက် ကျော်သွားပြီ... "

" အဲ့တာတော့ ဟုတ်တယ်... "

ငါးဖမ်းသမားက ခေါင်းညိတ်ထောက်ခံလိုက်သည် ။

" ဒါနဲ့ ဟောက်ရန်... ခေါင်းဆောင်က ပစ်မှတ်အသစ်တွေ့နေပြီလို့ မင်းထင်လား..."

" ပစ်မှတ်အသစ်လား..."

ဟောက်ရန် ရှုပ်ထွေးသွားသည် ။

" ဗီလာမှာ နေတဲ့ ယန်ယီမိုလေကွာ..."

ငါးဖမ်းသမားက...

" မင်းမနေ့က ခေါင်းဆောင်နဲ့ တနေကုန် ငါးမျှားနေတာကို သတိမထားမိဘူးလား..."

" မဖြစ်နိုင်ဘူး..."

ဟောက်ရန်က သေချာစွာဖြင့်...

" ငါ မနေ့က အကိုမို့နဲ့ တနေကုန် ရှိတာပဲ... တနေကုန် ငါးမျှားလိုက် ကင်လိုက်နဲ့ အချိန်ကုန်သွားတာ မသက်ာစရာ ဘာမှ မရှိပါဘူးဟ...

လမ်းလျောက်စကားပြောရင်း အကွယ်ကို ဖြတ်ကျော်လာခဲ့သည် ။

မြင်လိုက်ရသော မြင်ကွင်းကြောင့် နှစ်ယောက်လုံး ကြက်သေသေ သွား၏ ။

လင်းမို့နှင့် ယန်ယီမိုက ငါးကင်စားရင်း ပျော်ရွှင်စွာ စကားပြောနေကြသည် ။ ဟောက်ရန်နှင့် ငါးဖမ်းသမား ထိုမြင်ကွင်းကို နားမလည်နိုင်ကြတော့ ။

" ဟောက်ရန်... မင်းဘာပြောထားလဲ..."

ငါးဖမ်းသမားက ဟောက်ရန်ကို တံတောင်ဖြင့် တွတ်၍ ပြောလိုက်သည် ။

" ငါ...... "

ဟောက်ရန် ထိတ်လန့်နေသဖြင့် ပြန်မဖြေနိုင်တော့ ။ သူ၏ အကိုမို့ မနေ့က ယန်ယီမိုကို ဆွဲဆောင်ရန် ဘာမှ မလုပ်သည်ကို သိသဖြင့် သူသေချာပေါက် ပြောရဲခြင်းဖြစ်သည် ။

သို့သော် ယခုမနက် သူတစ်နာရီခန့် နောက်ကျနေသည့်အချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကို သူနားမလည်နိုင်တော့ ။ သူတို့ တွဲထိုင်နေကြလေပြီ ။

ဒီအမြန်နှုန်း...

ဒီစွမ်းရည် ...

သူ ကိုးကွယ်ရပေမည် ။ လင်းမို့သည် ဖွန်ကြောင်သူမဟာမိတ် ခေါင်းဆောင် ဆိုသည့်အတိုင်း စွမ်းဆောင်နိုင်စွမ်းက ကြောက်စရာကောင်းလှသည် ။

သို့သော်လည်း ပို၍ပင် ထိတ်လန့်စရာကောင်းသည်က ဖြစ်ပျက်သွား၏ ။

ယီမိုက သူမ၏ အကြံပြုချက်ကို ဆွဲဆောင်သည့် လေသံဖြင့်...

" လင်းမို့ ငါနင့်ကို ထိပ်တန်းတက္ကသိုလ် ဝင်ခွင့် အာမခံပေးမယ်... ပါရမီရှင်စာရင်းက ငါ့အဆင့်နဲ့ဆို နင့်ကို ငါနဲ့အတူတူ ခေါ်ဖို့ ပြသနာ မရှိလောက်ဘူး..."

သူမ အဆင့် ၄ သို့ ချိုးဖျက်နိုင်ခဲ့သည့်အတွက် လင်းမို့အား ကျေးဇူးပြန်ဆပ်လို၍ ပြောလိုက်ခြင်းဖြစ်သည် ။

သို့သော် ယခုမှ ရောက်လာသည့် ဟောက်ရန်နှင့် ငါးဖမ်းသမားက ဤသို့မမြင် ။ သူတို့မြင်လိုက်သည်က သားလေး မို့မို့ ကို သကြားလုံးချော့ကျွေးနေသည့် မေမေလေးယီမို ကိုသာ မြင်လိုက်ကြရသည် ။ ထို့အပြင် သကြားလုံးက ထိပ်တန်း စျေးအကြီးဆုံး သကြားလုံးပင် ။ သူမ က လင်းမို့အား ထိပ်တန်း တက္ကသိုလ် ဝင်ခွင့်ပင် အာမခံပေးနေသည် ။

'' မနာလိုလိုက်တာ...''

ဟောက်ရန်သည် ပါးစပ်ထဲတွင် ခပ်ချဥ်ချဥ်အရသာကိုပင် ခံစားမိလိုက်သည် ။

'' ဦးလေးလင်း က ထိပ်တန်းတက္ကသိုလ် ဝင်ခွင့် ထောက်ခံပေးအောင် ငါ့အဖေက အစွမ်းကုန်လုပ်ခဲ့ရတာ ... အကိုမို့က ငါးမျှားပြီး ကင်ရုံနဲ့ ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် ရသွားပြီလား...''

ဟောက်ရန်သည် ဤမျှ ချမ်းသာပြီး လှပသော ယန်ယီမို ကျစေရန် လင်းမို့ သုံးသည့်နည်းလမ်းကို ပို၍ပင် သိချင်သွားသည် ။ လင်းမို့အား ကုန်းဆင်းဘုရင် ဘွဲ့ပင် ပေးအပ်ရပေမည် ။ သူ အကိုမို့ထံမှ တစ်ကွက် နှစ်ကွက် သင်ယူနိုင်ခဲ့ပါက မိန်းမများ ဝိုင်းဝိုင်းလည်နေပေတော့မည် ။

" တော်တော့ ငါပိုပြီး မနာလို ဖြစ်လာပြီ..."

ငါးဖမ်းသမား၏ ပြုံးရွှင်နေသော မျက်နှာက မဲ့ရွဲ့နေလေပြီ ။

" မင်းကမှ မင်းဦးလေးလင်း အကူအညီနဲ့ ထိပ်တန်း တက္ကသိုလ် ဝင်ခွင့် ရထားသေးတယ်... ငါ ကတော့ သာမန် တက္ကသိုလ်လောက် မီရင်ကို ကံကောင်းနေပြီ ..."

ကွာခြားလှသော အခြေအနေများကို တွေးရင် ငါးဖမ်းသမားသည် ဤနေရာသို့ လာမိသည်ကိုပင် နောင်တရသွား၏ ။ သူဒီနေရာကို ဘီယာ လာပို့ခြင်းဖြစ်သည် ။ အရှိုက်အထိုးခံ ရရန်မဟုတ် ။

ပြီးနောက်...

ဟောက်ရန်နှင့် ငါးဖမ်းသမားက လင်းမို့အား လျော့တွက်ထားခြင်းပင် ။

" ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် အာမခံပေးမှာလား..."

လင်းမို့ ငြင်းရန် တုံ့ဆိုင်းမနေ ။

" မလိုပါဘူး..."

အကိုမို့သည် မိန်းမတစ်ယောက်ကို မှီခိုနေမည်မဟုတ် ။ သူ၏ ရှေးဦးစကြာဝဠာ အီးမေးလ် တွင် ကျောင်းထောက်ခံစာများ အပုံလိုက်ရှိသည် ။ သာမန် ပါရမီရှင်များထက် လိုက်လျောချက်များ ပို၍ပင် ကောင်းသေးသည် ။

လင်းမို့ ရုတ်တရပ် တွေးလိုက်မိ၏ ။

' ငါ မနေ့က မျှော်စင် ရှင်းထားတာဆိုတော့ ထိပ်တန်းတက္ကသိုလ်တွေက ပိုပြီးကောင်းတဲ့ အခွင့်အရေးတွေ ကမ်းလှမ်းထားလောက်တယ်... ဒီည အိမ်ပြန်ရောက်ရင် စစ်ဆေးကြည့်အုံးမှ... '

လင်းမို့သည် အန္တရာယ်များသော ဗီဒီယို ဖိုင်တစ်ခု သူ၏ အီးမေးလ်အတွင်း ရောက်ရှိနေသည်ပြီး အဆင့် ၇ စိတ်ထိန်းချုပ်သူ တစ်ယောက်က လုပ်ကြံရန်ကြံစီနေသည်ကို မသိလိုက် ။

သူ ဖွင့်ကြည့်မိလိုက်သည် နှင့် ဒုက္ခလှလှလေးဖြင့် ကြုံရပေတော့မည် ။ နေအလင်းအဆင့်များပင် အသက်ရှင်ရန် ခက်ခဲသည့် လုပ်ကြံမှုကို ကြယ်တစ်ပွင့် သိုင်းပညာရှင်ဖြစ်သည့် လင်းမို့က မည်သို့ ခုခံနိုင်မည်နည်း ။

" မတက်ချင်ဘူးလား..."

ယန်ယီမို အနည်းငယ် အံ့သြသွားသည် ။ လင်းမို့ကဲ့သို့ ညံ့ဖျင်းသော ကျောင်းသားက မည်သည့်အတွက်ကြောင့် ထိပ်တန်းတက္ကသိုလ်ဝင်ခွင့်ကို လက်မခံမှန်း သူမ နားမလည် ။

" မင်း လက်မခံဘူးလား..."

" မင်း လက်မခံဘူးလား..."

ဟောက်ရန်နှင့် ငါးဖမ်းသမား ဆွံ့အ သွား၏ ။

' မင်း ထိပ်တန်းတက္ကသိုလ် မတက်ချင်ဘူးလား...'

' ပြတ်ပြတ်သားသား ငြင်းလိုက်တာလာ...'

သူတို့နှစ်ယောက် လင်းမို့ ကျန်းရွှယ်၏ လက်ဆောင်ကို ငြင်းပယ်သည့် မြင်ကွင်းကို ပြန်သတိရသွားကြ၏ ။ ယခု ကျန်းရွှယ်ထက် အဆ ၁၀၀ သာသည့် ယန်ယီမိုကိုပင် မတုံ့ဆိုင်းဘဲ ငြင်းပယ်လိုက်သည် ။

" အကိုမို့က ဒီလောက်ကောင်းတဲ့ သကြားလုံးကို ဘာလို့မစားချင်တာလဲ... "

" ဟုတ်တယ်... ခေါင်းဆောင်က မျက်နှာသာ မပေးဘဲ ချက်ချင်းငြင်းလိုက်တော့ ယန်ယီမို စိတ်ဆိုးသွားလောက်တယ်... "

ထပ်မံဖြစ်ပေါ်လာသော မြင်ကွင်းက သူတို့နှစ်ယောက်ကို ပို၍ပင် ထိတ်လန့်သွားစေသည် ။

ယန်ယီမိုက စိတ်မဆိုးသည့်အပြင် ပြုံးလိုက်ပြီး...

" ပြီးရော နင်မလိုချင်လည်း ငါသိမ်းထားလိုက်မယ်... နင်လိုအပ်ရင် ငါ့ကို လာရှာလှည့်... "

" ဖူးးး...."

" ဖူးးး..."

ဟောက်ရန်နှင့် ငါးဖမ်းသမား သွေးအန်လုမတက် ဖြစ်သွား၏ ။ ယန်ယီမိုက နှိမ့်ချလွန်းလှသည် ။

' နင်က နတ်ဘုရားမလေး မဟုတ်ဘူးလား...'

' နင် နှိမ့်ချတာကို နဲနဲလျော့ပြီး အေးစက်စက်နေပြလို့ မရဘူးလား...'

လင်းမို့သည် သူ ကုန်းဆင်းသမား မဟုတ်ဟုသာ ပြောလိုက်ချင်၏ ။ ယန်ယီမို ပြောသည့်စကားကိုလိုက်၍...

" အဆင်ပြေပါတယ်... ငါ ဒီမှာ နေ့တိုင်း ငါးလာမျှားမှာ နင်စားချင်တဲ့ အချိန် လာစားပေါ့... "

ယခု အချိန် ဟောက်ရန်နှင့် ငါးဖမ်းသမား၏ မျက်လုံးထဲတွင် လင်းမို့က နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားလေပြီ ။ သူတို့၏ အမြင်တွင် လင်းမို့သည် ပြိုင်ဘက်ကင်း၍ တောင်ကြီးတစ်လုံးသဖွယ် မြင့်မားလှပေသည် ။

လင်းမို့က ရုတ်တရပ် သူတို့နှစ်ယောက်ကို အော်လိုက်၏ ။

" မင်းတို့နှစ်ယောက်က အဲ့မှာ ရပ်ပြီး ဘာတွေ ပွစိပွစိ ပြောနေကြတာလဲ... မြန်မြန်လာပါဟ အာခြောက်လှပြီ... '

ကောင်းကင် တစ်ခုလုံး မဲမှောင်သွားလေပြီ ။ မနက်မှ ညအထိ နောက်ထပ် ပျင်းရိရသည့် ရက်တစ်ရက်ပင် ။

လင်းမို့၏ ယနေ့ အဓိက အောင်မြင်မှုမှာ စိတ်ထိန်းချုပ်သူ အဆင့် ၄ သို့ ရောက်သွားခြင်းဖြစ်သည် ။ သူ ဒီနေ့ လက်သီး ပြင်းအား ၂၀၀ ကီလို တိုးလာသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၅ သို့ မချိုးဖျက်နိုင်ခဲ့ချေ ။

" မက်ဆေ့တွေ အရင်စစ်ကြည့်မှ ထိပ်တန်းတက္ကသိုလ်တွေက ငါ့ကို ဘာတွေ ကမ်းလှမ်းထားလဲ မသိဘူး... "

All Chapters