ဖြောင့်မတ်သော လမ်းစဥ်၏ အလင်း
Vol. 6 Ch. 87
လင်းမို့ ရှေးဦးစကြာဝဠာ ထဲသို့ ဝင်လိုက်သည် ။
သူထင်ထားသလိုပင် တက္ကသိုလ်များမှ ပို့ထားသော အီးမေးလ်များ အပုံလိုက် ရောက်နေ၏ ။
သူ ကျင့်ဒူတက္ကသိုလ်၏ စာကို ဖွင့်ကြည့်လိုက်သည် ။
စာထဲတွင် ဝင်ခွင့်ထောက်ခံစာအပြင် အမျိုးမျိုးသော ကတိပေးချက်များလည်း ပါဝင်သည် ။
သင်ကြားခအခမဲ့နှင့် အထွေထွေအသုံးပြုခြင်းများ အခမဲ့ ...နှစ်စဥ် အမြင့်ဆုံး ပညာသင်ဆု... နာမည်ကြီးဆရာ၏ တပည့်ဖြစ်ခွင့်.. ဘွဲ့ရလျှင် ကျောင်းတွင် ဆရာပြန်လုပ်ခွင့်...စသည်တို့သာဖြစ်သည် ။
ထိပ်တန်း ပါရမီရှင်ဖြစ်သော ယဲ့ရီ ပင်ဆွဲဆောင်ခံရနိုင်သော်လည်း လင်းမို့ ရင်မခုန်ပေ ။
' သင်ကြားခ အခမဲ့နဲ့ အထွေထွေအသုံးပြုခြင်းများ အခမဲ့လား... မင်းတို့က ငါ့ကို အခကြေးငွေ ကောက်ချင်သေးလို့လား...'
' နှစ်တိုင်း အမြင့်ဆုံး ပညာသင်ဆုလား... ငါက ငါ့မြို့ကနေ လာရမာဆိုတော့ အဲ့ကိစ္စက ပေးကို ပေးရမှာ မဟုတ်ဘူးလား ... မင်းတို့ ထုတ်ပြောနေစရာ လိုသေးလို့လား...'
' နာမည်ကြီးဆရာက တပည့်လက်ခံမှာလား... ငါက ပျင်းနေဖို့ပဲလိုတယ် အဲ့ဆရာကို ငါက ဘာလုပ်ရမှာလဲ... အဲ့ဆရာပါ ကျောင်းသားတွေနဲ့ ရောပြီးလေ့ကျင့်မယ်ဆိုတာမှ ငါ့အတွက် အကူအညီဖြစ်အုံးမယ် ...'
' ငါ့ ကိုဆရာလုပ်စေချင်တာလား... မင်းတို့ ငါ့လုပ်အားကို ခြောက်အောင်ညှစ်ချင်နေတာ သိသာလိုက်တာ... ငါသာ ဆရာဖြစ်ရင် အကောင်းဆုံး လှဲအိပ်နည်းကိုပဲ သင်ပေးရမယ်... '
လင်းမို့ စာအနည်းငယ် ဖွင့်ကြည့်သော်လည်း သိပ်မကွာလှပေ ။ အခွင့်အရေးများက အတူတူပင်ဖြစ်သည် ။
" ဘာမှ မကောင်းဘူး..."
လင်းမို့ ခေါင်းယမ်းလိုက်၏ ။
ထိပ်တန်းကျောင်းများက ယမ်းလှမ်းချက်များက ရက်ရောပါသလား... အလွန်ရက်ရောလှပေသည် ။ သို့သော် လင်းမို့မလိုအပ် ။ ထိုကတိများက သူ၏ ခွန်အားဖြင့် သူ့ဘာသာ ရှာနိုင်သည် ။
' သန်မာလွန်းတော့လည်း ကောင်းတော့မကောင်းဘူး...'
လင်းမို့က ယုံကြည်ချက်အပြည့်ဖြင့်...
" ငါအရမ်းသန်မာနေတော့ ငါ့ကို ဆွဲဆောင်နိုင်တာမရှိတော့ဘူး... "
' ထားလိုက်ပါတော့... စာမေးပွဲ ပြီးမှပဲ တက္ကသိုလ်တွေကိုလိုက်ကြည့်ပြီး တက်ကြွအညွှန်းကိန်း အမြင့်ဆုံးကို ရွေးတော့မယ်... '
လင်းမို့ ကျန်သည့် အီးမေးလ်များကို လျောက်ဖတ်ကြည့်လိုက်၏ ။
Black Earth နာမည်က ရှေးဦးစကြာဝဠာ တွင် အလွန်နာမည်ကြီးလာသည်ဖြစ်၍ ထိပ်တန်းပုဂ္ဂိုလ်များကသာ သူ့အား အီးမေးလ် ပို့နိုင်ရန် ရှေးဦးစကြာဝဠာ က ကန့်သတ်ပေးထားသည် ။
လူတိုင်း Black Earthအား အီးမေးလ် ပို့၍ ရနေလျှင် အီးမေးလ်များ သန်းချီနေပေတော့မည် ။
' အဲ... ရှားနိုင်ငံ သိုင်းဌာနချုပ် က စာပို့ထားပါလား... '
လင်းမို့ ဖွင့်ကြည့်လိုက်သည် ။
' လုပ်ကြံမယ့်သူတွေကို သတိထားရမှာလား...ငါက မင်းတို့ကို ဆက်သွယ်စေချင်တာလား.'
လင်းမို့သည် စာကို လျစ်လျူရှု့လိုက်၏ ။
' လုပ်ကြံမယ့်သူလား...'
လင်းမို့ မစိုးရိမ် ။ သူ ငါးဆားနယ် တစ်ကောင်လို နေ့တိုင်းပျင်းရိနေသဖြင့် သူ့အား လူတိုင်းက အမှိုက်ဘွဲ့ပေးထားကြ၏ ။ သူ ထိုဘွဲ့ကို ဝမ်းသာအားရ လက်ခံထားသည် ။ ငါးဆားနယ်များက နာမည်ဆိုးသော်လည်း လုံခြုံသည် မဟုတ်လော ။
သင် ပါရမီရှင်များ လုပ်ကြံသတ်ဖြတ်ခံရမည်ကို ကြားဖူးလိမ့်မည် ။ ငါးဆားနယ်တစ်ကောင် လုပ်ကြံသတ်ဖြတ်ခံရသည်ကိုတော့ ကြားဖူးမည်မဟုတ် ။
မည့်သည့် လူသတ်သမားမှ အားအားယားယား သိက္ခာအကျခံ၍ ငါးဆားနယ်တစ်ကောင်ကို သတ်ချင်ကြမည်ဟု မထင်မိချေ ။
ထို့ကြောင့် လင်းမို့ စိတ်မပူခြင်းပင် ။ သူ ပုံရိပ်ယောင် ကမ္ဘာတွင် ထင်ပေါ်နေသော်လည်း အပြင်လောကတွင် အမှိုက်တစ်စသာ ဖြစ်သည် ။ ဤသည်ထက် လုံခြုံသည်မရှိ ။
ထိုသိုင်းဌာနကို ဆက်သွယ်လိုက်မှသာ ထိုလူမိုက်များက သူ့အား လာစောင့်ကြည့်၍ သူအဆင့်တက်သည်ကို အနှောက်အယှက်ပေးကြလိမ့်မည် ။
လင်းမို့ သည် ထောင့်တစ်ထောင့်တွင် ထိုင်၍ ကစားပွဲ အပြင်မှသာ အားပေးရန် ဆုံးဖြတ်ထားသည် ။ သူ ဝင်ကစားမည်မဟုတ် ။
လင်းမို့ နောက်ထပ် အီးမေးလ်များကို စစ်ဆေးစဥ်တွင် မျက်စိဖမ်းစားနိုင်သည့် အီးမေးလ်တစ်ခုကို တွေ့လိုက်ရသည် ။
" အယ့..."
လင်းမို့အနည်းငယ် အံ့သြ သွားပြီး ဖတ်ကြည့်လိုက်သည် ။ အီးမေးလ်တွင် ဆွဲဆောင်မှု ရှိသည့် အနက်ရောင်ပိုးသား အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းမလှလေး တစ်ယောက်ရှိပြီး ပုံ၏ အောက်တွင် ညွှန်းဆိုထားသော စာအနည်းငယ်နှင့် လင့်တစ်ခု ပါရှိသည် ။
" လူကြီးတွေ အိမ်မှာ မရှိဘူးလား... ညဖက် တစ်ယောက်ထဲ အထီးကျန်နေလား... ဒီနေရာမှာ အမိုက်စား ဗီဒီယို များကို လာကြည့်လိုက်ပါ... ဒီကောင်မလေးက မင်းကို စောင့်မျှော်နေတယ်နော်... "
" ဟင်းးး...."
လင်းမို့ သက်ပြင်းချလိုက်၏ ။ သိထားရမည်မှာ လင်းမို့၏ အီးမေးလ်လိပ်စာသို့ စာပို့နိုင်သည်မှာ အကောင်ကြီး များသာဖြစ်သည် ။ ဤ အီးမေးလ်သည် အလိမ်အညာ များ မဖြစ်နိုင် ။
' ငါ ဒါမျိုး အီးမေးလ် တစ်ခါမှ မမြင်ဖူးဘူး... လျို့ဝှက် အဆင့်မြင့် ဝန်ဆောင်မှု တွေထင်တယ်... '
လင်းမို့ခန့်မှန်း ကြည့်လိုက်သည် ။
" ငါက နာမည်ကြီးလာလို့ လာဆက်သွယ်တာလား... ငါ့ဆီက ငွေလိုချင်လို့လား..."
ထိုအီးမေးလ်က ငွေရှာရန် မဟုတ်ဘဲ သူ့အသက်ကို လာရှာသည်ကိုတော့ လင်းမို့ သတိမထားမိ ။ အီးမေးလ် အတွင်းပါသော လင့်ကို ဝင်၍ ဗီဒီယိုကို ကြည့်မိလျှင် သူသေပေတော့မည် ။
လင်းမို့၏ အကြည့်က ဆွဲဆောင်မှုရှိသော မိန်းကလေးထံမှ လင့်ဆီသို့ ပြောင်းသွားသည် ။ ပြီးနောက် အီးမေးလ်ကို ပိတ်လိုက်၏ ။
' ငါ က ဒီလိုကောင်လား...'
လင်းမို့ထံမှ ဖြောင့်မတ်သော အော်ရာများ ပေါက်ကွဲထွက်လာသည် ။ ညစ်ညမ်းဆိုက်များက တရားမဝင်ပေ ။
' မင်းတို့က အကိုမို့ကို တရားမဝင်တာ လုပ်မယ်ထင်နေတာလာ...'
' အကိုမို့ကို ဘယ်သူထင်နေလဲ... '
' ငါက အရှက်မရှိတယ်သူနဲ့ တူနေလို့လား...'
' ဂိမ်းပေါင်း ၅၀၀ ပြန်ပို့လိုက်ရမလား...'
လင်းမို့သည် ဖြောင့်မတ်သူ ဖြစ်ပြီး ထိုသို့ ညစ်ပတ်သည့်အရာများနှင့် ဝေးဝေးနေရန် ဆုံးဖြတ်ထားသည် ။ ထိုသူများနှင့် တူညီသော ဘက်တွင် ရှိမနေပေ ။
' ဒီ ဆိုက်တွေက လူငယ် လေးတွေကို ဘယ်လောက်တောင် အဆိပ်ခပ် ပြီးပလဲ မသိဘူး... လူငယ်ဆိုတာ သိုင်းလမ်းစဥ်ကို ပဲ အာရုံစိုက်ပြီး တောက်ပတဲ့ အနာဂတ်ကိုပဲ ရှာသင့်တယ်.... ဒီ ဆိုက်တွေကို ကြည့်ပြီး ခန္ဓာကိုယ်အားကုန်နေရင် အနာဂတ် ဘယ်ရှိတော့မှာလဲ... '
လင်းမို့ တွေးရင်း ပို၍ပင် ဒေါသထွက်လာသည် ။ သူ၏ မျက်လုံးထဲတွင် တရားမျှတခြင်း၏ ဒေါသအလင်းရောင်များ ထွက်ပေါ်လာ၏ ။
' တခြားသူတွေကို ဒုက္ခ ပေးတဲ့ကောင်တွေ... ငါသူတို့ကို ဒုက္ခမပေးနိုင်အောင် လုပ်ရမယ်... '
သိပ်မကြာခင်ပင် လင်းမို့သည် ရှေးဦးစကြာဝဠာ မှ အသိပေးချက်ကို လက်ခံလိုက်ရသည် ။
" ကျေးဇူးတင်ပါတယ် ကစားသမား Black Earth ...သင်ပေးပို့သော တိုင်ကြားစာကို လက်ခံရရှိပါသည် ။ အတည်ပြုပြီးနောက် ပြင်းပြင်းထန်ထန် အပြစ်ပေးပါမည် ..."
ရှေးဦးစကြာဝဠာ ၏ အကြောင်းပြန်ကြားချက်ကို ဖတ်ပြီး လင်းမို့ တွေးလိုက်မိ၏ ။
' ရပါတယ်... ဖြောင့်မတ်တဲ့ လူငယ်တိုင်း လုပ်သင့်တယ့် အလုပ်ပဲ...'
ထိုအချိန်တွင် သူ၏ ပုံရိပ်မှာ ပိုရှည်လာပြီး ဖြောင့်မတ်သော လမ်းစဥ်၏ အလင်းရောင်များက မြေပြင်ပေါ်သို့ ဖြာကျလာသည် ။