← Chapters

အနားယူရမယ့် အချိန်လား

Vol. 6 Ch. 89

အနားယူရမယ့် အချိန်လား

Vol. 6 Ch. 89

အိမ်မက်မှ နိုးထလာပြီးနောက်...

လင်းမို့ သည် ကောင်းကင်အဆင့်သိုင်းပညာရှင် ၊ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၄ အထွတ်အထိပ် ၊ စိတ်ထိန်းချုပ်သူ အဆင့် ၄ သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ ပုံမှန်ဘဝမှာ ပြောင်းလဲမသွားပေ ။

လင်းမို့ အိမ်နီးချင်းများက သူတို့၏ အနားတွင် နဂါးတစ်ကောင်ပုန်းနေသည်ကို သထိမထားမိကြ ။

လင်မို့ အိပ်ရာမှ ထကာ ရေမိုးချိုးပြီး ကျောင်းရှိ ရေကန်တုသို့ ထွက်လာခဲ့သည် ။ သူ့ကြောင့် မနေ့ညက ဂြိုလ်ပြာ တစ်ခုလုံး တုန်လှုပ်သွားသည်ကို သူမသိ ။

မဟာသခင်ခန်းမ၏ အကြီးအကဲ ဇီကျင်းက တစ်ယောက်ထဲ ချယ်ရီပန်းနိုင်ငံသို့သွား၍ သောင်းကြမ်းခဲ့သည် ။ ချယ်ရီပန်း နိုင်ငံရှိ ကျွမ်းကျင်သူများကို သူမ တစ်ယောက်ထဲဖြင့် ရင်ဆိုင်ခဲ့ပြီး မစ္စတန့်ယွမ်ကို သေလုမျောပါး ရိုက်နှက်ခဲ့၏ ။

အကြီးအကဲ ဇီကျင်း၏ တိုက်ခိုက်မှုကြောင့် နိုင်ငံငယ်လေးများ တုန်လှုပ်သွားကြသည် ။ အထူးသဖြင့် ချယ်ရီပန်းနိုင်ငံ၏ အနားရှိသော နိုင်ငံငယ်လေးပင် ။ သူတို့က Black Earth အား လုပ်ကြံရန် ကြံစီနေသည့်အချိန်တွင် ဤအဖြစ်အပျက်များကို ကြားလိုက်ရသဖြင့် ဆက်မလုပ်ရဲကြတော့ပေ ။

ထွက်ပေါ်လာသော သတင်းများအရ တိုက်ပွဲကြောင့် ချယ်ရီပန်းနိုင်ငံရှိ တောင်ဆယ်လုံးလောက်ပင် ပြားသွားသည်ဟုပြောနေကြ၏ ။ အလွန်ကြောက်စရာကောင်းလှပေသည် ။

လင်းမို့သည် ရေကန်တုသို့ ရောက်လျှင် သူငါးမျှားနေကျ နေရာတွင် ယန်ယီမိုက လေညှင်းခံရင်း ရပ်နေသည်ကို မြင်လိုက်ရ၏ ။

" နင်လာပြီလား..."

ယန်ယီမိုက လင်းမို့အား စောင့်နေသည်မှာ သိသာလှသည် ။ သူမ လှည့်မကြည့်ဘဲ မြင်နိုင်ပေသည် ။

လင်းမို့က အမြန်လျောက်လာပြီး...

" မလေ့ကျင့်ဘူးလား... နင်ဒီမှာ ရပ်ပြီးဘာလုပ်နေတာလဲ..."

" ဘာ..."

ယန်ယီမို လင်းမို့အား ကြည့်လိုက်မိသည် ။ သူမက လင်းမို့၏ မျက်နှာအား စက္ကန့်အနည်းငယ် ကြာအောင်ပင် စိုက်ကြည့်နေလိုက်သည် ။ သူမည်မျှ အရေထူမှန်း သူမ သိချင်ပုံရ၏ ။ သူမ ဆွံ့အသွားသောကြောင့်ပင် ။

' မလေ့ကျင့်ဘူးလား...'

' နင်မေးရမယ့် စကားလား...'

' နင်လို တနေကုန် အားအားယားယား ငါးလာမျှားနေတဲ့ကျောင်းသားက မေးသင့်တဲ့စကားလား...'

' ငါ က ပါရမီစာရင်း အဆင့်၈ က စူပါ ပါရမီရှင်လေးပါနော်.... '

သူမ လင်းမို့၏ အရေထူမှုကို မနေ့က လျော့တွက်မိလိုက်သည် ။ သို့သော်လည်း ယန်ယီမိုက ရှင်းပြလိုက်လိုက်၏ ။

" ငါ့ တစ်သက်လုံး ပင်ပင်ပန်းပန်း လေ့ကျင့်နေရတာ အနားရတဲ့ အချိန်က သိပ်မရှိဘူး... ခု အဆင့်တက်ထားလို့ နဲနဲ နားနေတာ... "

ယန်ယီမိုက ဝင့်ကြွားဟန်ဖြင့် ပြောလိုက်ခြင်းဖြစ်သည် ။ စိတ်ထိန်းချုပ်သူ ဆိုသည်က ပန်ဒါ များထက်ပင် ရှားပါးသေးသည် ။ အထက်တန်း တတိယနှစ်တွင် အဆင့် ၄ သို့ရောက်ဖူးသည့် စိတ်ထိန်းချုပ်သူ ဂြိုလ်ပြာတွင် မရှိပေ ။ သူမ မကြွားဘဲ မည်သို့ နေနိုင်ပါမည်နည်း ။

သို့သော်လည်း ဂြိုလ်ပြာတွင် မရှိဘူးသည့် စိတ်ထိန်းချုပ်သူ အဆင့် ၄ သို့ရောက်နေသည့် လင်းမို့က သူမ၏ ရှေ့တွင် ရပ်နေသည်ကိုတော့ သူမ မသိလိုက် ။

"အနားယူတာလား..."

လင်းမို့ သည် ယန်ယီမို၏ ရှင်းပြချက်ကို ကြားလိုက်ရလျှင် စိတ်ဓာတ်ကျနေသော အသံကြီးဖြင့် အော်လိုက်ပြီး...

" ခုက နားရမယ့်အချိန်လား... စာမေးပွဲက ဒီလောက်နီးနေပြီ အနားယူချင်သေးတာလား... "

' အဆင့် ၄ ရောက်သွားတာကို ဂုဏ်ယူနေတာလား...'

' မာနကြီးနေပြီလား... '

' အနားယူချင်တာလား...'

' နင်အနားယူရင် ငါ့တက်ကြွအညွှန်းကိန်းကို ဘယ်သူလာပေးမှာလဲ...'

' စိတ်ထိန်းချုပ်သူ တစ်ယောက်နဲ့တွေ့ရတာ လွယ်မယ်လို့ထင်နေလို့လား... '

' နင်က စာမေးပွဲဖြေပြီးရင် ပြန်တော့မှာလေ အချိန်တွေက ဒီလောက် အဖိုးတန်နေတာကို နားချင်သေးတာလား...'

' နင်တကယ် အနားယူမှာလား... နင်ငါ့လာလိမ်နေတာလား... ငါ့ကို စိတ်တိုပြီးသေအောင်သတ်ချင်လို့လား...'

လင်းမို့ ဒေါသထွက်စွာ တွေးလိုက်မိ၏ ။

' ဘာပဲဖြစ်ဖြစ် ငါသူ့ကို ပြန်လေ့ကျင့်ဖို့ ပြောရမယ် သူအနားယူလို့ မဖြစ်ဘူး...'

အကိုမို့ အနားယူနိုင်သော်လည်း တခြားသူများ အနားယူလို့ မရပေ ။

" ငါ...."

ယန်ယီမိုသည် လင်းမို့က အမှန်တရားပြောလိုက်သည်ဖြစ်၍ အနည်းငယ် ရှက်သွားသည် ။ သို့သော် သူမ လက်မခံနိုင်သေး ။

" ခု အဆင့် ၄ မပြောနဲ့... ငါအဆင့် ၃ တုန်းကတောင် ထိပ်တန်းတက္ကသိုလ်တွေက လုခေါ်နေတာ... "

သူမ ပြောချင်သည်က... ဟမ့် ငါမှာ အနားယူပိုင်ခွင့်ရှိတယ် နင်သဘောပေါက်...

လင်းမို့ နောက်ထပ်ပြောလိုက်သော စကားများက သူမ၏ ခံစစ်ကို ရိုက်ချိုးသွားသည် ။

" အဲ့တာဆို နင်က စာမေးပွဲမှာ အဆင့် ၁ ရနိုင်ပြီလား..."

" ဒါ...."

သူမ ဘာပြောရမှန်း မသိဖြစ်သွားပြီး ခဏကြာမှ...

" မရနိုင်ဘူး..."

သူမ၏ အမြင်အရ သူမ အဆင့် ၄ စိတ်ထိန်းချုပ်သူ ဖြစ်လာသဖြင့် ထိပ်တန်း ပါရမီရှင်ဖြစ်သော ယဲ့ရီကို အနိုင်မယူနိုင်သော်လည်း အမှတ်များ သိပ်ကွာတော့မည် မဟုတ်ချေ ။ သူမ Black Earth ကိုတော့ ကျော်နိုင်ရန် မျှော်မှန်းထားသည် ။ Black Earth က တစ်မျိုးတည်းသာ ထူးချွန်သူဖြစ်သဖြင့် စာမေးပွဲ၏ စုပေါင်းအမှတ်များ မြင့်မားမည်မဟုတ် ။

သို့သော်လည်း သူမဘယ်လောက်တွေးတွေး နာမည်ကြီးနေသော Black Earth က သူမ၏ ရှေ့တွင် ရပ်နေမည်ဟု သူမ မတွေးမိချေ ။

Black Earth အား တိုက်ခိုက်ရေးစွမ်းရည်တစ်ခုသာ ထူးချွန်သူဟု လူတိုင်းက သတ်မှတ်ထားကြသည် ။ သူ၏ လက်သီးပြင်းအားမှာ ၁၂၀၀ ကီလိုအောက်သာ ရှိပေမည် ။ Black Earth က လက်သီးပြင်းအားက ၂၀၀၀ ကီလိုကို ကျော်လွန်၍ ၃၀၀၀ ပြည့်ရန် နီးကပ်နေပြီကို မည်သူမှ မသိ ။ Balck Earth က ကြယ်နှစ်ပွင့် သိုင်းပညာရှင် ဖြစ်ပေတော့မည် ။

" နင် အဆင့် ၁ မရနိုင်သေးရင် ဘာလို့ ဆက်ပြီး မကြိုးစားတာလဲ ..."

လင်းမို့က ဖြောင့်မတ်ဟန်ဖြင့် သင်ပေးလိုက်၏ ။

ငါးဆားနယ် တစ်ကောင်က သူမအား ဆရာလုပ်နေသဖြင့် ယန်ယီမို ဆွံ့အသွားသည် ။

လင်းမို့သည် ယန်ယီမို၏ အမူအရာအား ဂရုမစိုက်ချေ ။ သူ သံပူနေတုန်း ဆက်ထုပေသည် ။

" တခြားသူတွေက အဆင့် ၁ ဖြစ်ဖို့ဆိုတာ အိမ်မက်ထဲတောင် ဖြစ်လာမှာ မဟုတ်ဘူး... နင့်မှာ အခွင့်အရေးရှိနေတာကို နင်က ဆက်မကြိုးစားဘဲ အနားယူချင်နေတာလား.... နင်အရှုံးပေးလိုက်ပြီလား..."

" ငါ ဘယ်တုန်းက အရှုံးပေးလို့လဲ... "

ယန်ယီမိုက ညီးတွားလိုက်သည် ။

" ငါ...ငါ... ငါးကင်စားချင်လို့ နင့်ကို စောင့်နေတာ..."

" အော် နင်က ငါးကင်စားချင်လို့လား..."

လင်းမို့ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချမိလိုက်၏ ။ ယန်ယီမို မပျင်းရိနေသ၍ ငါးကင်က ပြသနာမဟုတ် ။ သို့သော်လည်း လင်းမို့ စိတ်ထဲမှ ရေရွတ်မိသည် ။

' အော် မိန်းမမိန်းမ... စိတ်ထဲရှိတာ ဘယ်တော့မှ အပြင်ထုတ်မပြောဘူး...'

ယန်ယီမို့ သည် မနေ့က ငါးကင်ကို ပထမဆုံး စားဖူးပြီးနောက် ထပ်စားချင်နေခဲ့သည် ။ သူမကဲ့သို့ တနေကုန် လေ့ကျင့်နေရသော ပါရမီရှင်က ငါးကင် မည်သို့ ကင်ရမှန်းမသိချေ ။ ထို့ကြောင့် လင်းမို့ လာသည်ကို စောင့် မျှော်နေခြင်းပင် ။

" ငါးကင်ဖို့ ငါ့တာဝန်ထားလိုက်... နင့်အဖိုးတန် အချိန်တွေကို လေ့ကျင့်တဲ့နေရာမှာပဲ သုံး..."

လင်းမို့က တည်ကြည်စွာဖြင့်...

" နင် ငါးကင် စားပြီးရင်တော့... ငါးကင်စားလို့ ကုန်သွားတယ့် အချိန်အတွက်ပါ ပိုကြိုးစားရမယ်... "

လင်းမို့သည် သူ၏ တက်ကြွအညွှန်းကိန်းများ မထိသရွေ့ အကုန်အဆင်ပြေလေသည် ။ ငါးကင်သာမက ဘီယာများပင် ပြင်ပေးလိုက်ပေမည် ။

All Chapters