← Chapters

အဆင့်မြင့် ကပ်ဖား

Vol. 6 Ch. 90

အဆင့်မြင့် ကပ်ဖား

Vol. 6 Ch. 90

ယန်ယီမိုသည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိလိုက်၏ ။

သူမက မည်သူနည်း ။

သူမက ဂုဏ်ယူဖွယ်ရာ ကောင်းကင်ဘုံ၏ သမီးပျိုလေးဖြစ်သည် ။

သူမက ရှားနိုင်ငံတစ်ခုလုံး၏ ထိပ်တန်း ပါရမီရှင် တစ်ယောက်ဖြစ်သည် ။

သူမအား သက်တူရွယ်တူများက စေ့စေ့ပင် မကြည့်ရဲလောက်အောင် ထူးချွန်သူလေး ဖြစ်သည် ။

အခုတော့...

ငါးဆားနယ် တစ်ကောင်က သူမအား မည်သို့လေ့ကျင့်ရမည်ဟု စီမံခန့်ခွဲပေးနေ၏ ။

ပို၍ မုန်းစရာကောင်းသည်က ထိုငါးဆားနယ်က သူမကို ငါးကင်ဖြင့် အနိုင်ယူသွားခြင်းပင် ။

' နင်က ငါ့ကို ဒီလိုဖြစ်အောင် လုပ်တဲ့သူ မဟုတ်ဘူးလား...'

" လင်းမို့... ငါနင့်ကို ပြောစရာရှိတယ်... "

ရုတ်တရပ် ယန်ယီမိုက...

" မနေ့က နင်နဲ့အတူတူ ငါးကင်စားတာ... သိပ်မကောင်းဘူးထင်တယ်... "

" ဘာလို့လဲ..."

လင်းမို့ အံ့သြသွားသည် ။

' ငါးကင်စားတာ ဘာမကောင်းစရာ ရှိလို့လဲ... '

" ကျောင်းထဲမှာ ကောလဟာလတွေ ပြန့်နေပြီထင်တယ်... "

ယန်ယီမိုက ပြောလိုက်၏ ။ သူမ၏ ရှေ့တွင် ပြောနေကြသည် မဟုတ်သော်လည်း စိတ်ထိန်းချုပ်သူတစ်ယောက်ဖြစ်သဖြင့် အဝေးမှ အတင်းတုပ်နေသည်ကို သူမကြားနေရသည် ။

" ကောလဟာလ လား..."

လင်းမို့ နားလည်သွားသည် ။ ကောလဟာလ ဖြန့်သူများမှာ ဖွန်ကြောင်သူမဟာမိတ် များပင် ဖြစ်ရမည် ။

ဟောက်ရန်နှင့် ငါးဖမ်းသမားက သူတို့ ငါးကင်စားနေသည်ကို မြင်ခဲ့သည် ။ သူတို့၏ လော်စပီကာပါးစပ်ဖြင့် နေ့ချင်း ကောလဟာပြန့်သွားပုံရပေသည် ။

" အဲ့တာဆို ဘယ်လိုလုပ်မလဲ... "

လင်းမို့ က မျက်မှောင်ကြုပ်လိုက်ပြီး...

" သူတို့က ဒီနေ့လည်း လာချောင်းမှာပဲ... လူတောင် ပိုများလာလောက်တယ်... အဲ့တာဆို မစားရင် မစားနဲ့လေ..."

" မစားလို့ ရမလား..."

ယန်ယီမို တုံ့ဆိုင်းမနေ ။ သူမ ငါးကင်မစားဘဲ မည်သို့ ရှင်သန်ရပါမည်နည်း ။

" ဒီလိုလုပ်ရင်ရော..."

သူမ အကြံပေးလိုက်၏ ။

" ငါ အကင်ဖိုတွေကို ဗီလာထဲ သယ်သွားလိုက်မယ်လေ... နင် ငါးဖမ်းမိမှ လိုက်လာခဲ့ပေါ့... အဲယာကွန်းဖွင့်ပြီး ငါးကင်စားမယ်လေ... မကောင်းဘူးလား..."

" အင်း... "

လင်းမို့ မျက်ခုံးပင့်လိုက်ပြီး...

" ကောင်းတာပေါ့... "

သူ ဤနေရာသို့ တက်ကြွအညွှန်းကိန်းများ ကုန်းဆင်းရန်လာခြင်းဖြစ်သည် ။ နီးကပ်လေ ပိုရလေပင် ။ သူ အရင်ကတွေးခဲ့ဖူးသော်လည်း သူမ လက်မခံမည်စိုး သဖြင့် မပြောရဲပေ ။ ယခု ရေကန်အသင့် ကြာအသင့် ဖြစ်သွားလေသည် ။

" ငါ ငါးနဲနဲ ဖမ်းပြီးမှပဲ လာခဲ့မယ်လေ... "

သူတို့နှစ်ယောက်လုံး သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် အစားကြီးကြသည် ။ တစ်ကောင်နှစ်ကောင်ဖြင့် ဝမည်မဟုတ် ။ အနည်းဆုံး ဆယ်ကောင်လောက်မှ ရပေမည် ။

" ပြီးတော့..."

လင်းမို့ အကြံထပ်ပေးလိုက်သည် ။

" ငါ ငါးဖမ်းပြီးရင် ကင်ပေးမယ်နော်... နင် ပျင်းမနေနဲ့ အများကြီး ပိုကြိုးစားရမယ်... စာမေးပွဲကြရင် ပထမ ရအောင်လုပ်... "

' ငါ တက်ကြွအညွှန်းကိန်းလေးရဖို့ ကြိုးစားနေရတာ နင်ကျေးဇူးသိတက်ရမယ်... '

" အေးပါ... ငါပိုကြိုးစားပါ့မယ်... "

ယန်ယီမိုသည် လင်းမို့တွေးနေသည်ကို မသိသဖြင့် လင်းမို့၏စကားကို ကြားလျှင် အနည်းငယ် ထိမိသွားသည် ။

လင်းမို့က သူမကို ငါးကင် ကျွေးရုံသာမက သူမ အတွက်ပါ စိတ်ပူပေးနေခဲ့သည် ။ သူက သူမအတွက် သူငယ်ချင်းတစ်ယောက်လိုသာမက ဆရာတစ်ယောက်လိုပင် ။ သူမ လင်းမို့အား သူငယ်ချင်းကောင်းအဖြစ် မှတ်ယူလိုက်တော့သည် ။

ဤ ရက်များအတွင်း ကျောင်းအုပ်ယန် တစ်ယောက် စိတ်အခြေအနေ မကောင်းပေ ။ သူအရင်ရက်က စိတ်ကျေနပ်နေစဥ် ယင်ကျန့်၏ ဧရိယာတိုက်ကွက်မိ၍ အစားအသောက်ပျက်ခဲ့ရသည် ။ ဆိုးရွားသော အနံ့များက အခုထိ မပျောက်သေး ။ ရေ ဘယ်လောက်ချိုးချိုး ပျောက်မသွားချေ ။

သူသည် ထိုယင်ကျန့်အား ကျောင်းထုတ်ပစ်ခဲ့ပြီး ကျောင်းရိပ်ပင် နင်းခွင့်မပေးတော့ ။ လင်းမို့သည်တော့ ကျောင်းအား လာကစား၍ ရနေသေးသည် ။

" ဟူးးးးး..."

ကျောင်းအုပ်ယန် သက်ပြင်းအရှည်ကြီး ချလိုက်၏ ။ သူ၏ စိတ်ဒဏ်ရာမှာ တစ်သက်လုံး ပျောက်မည့်ပုံ မပေါ်တော့ပေ ။

" ဒီ...ဒီ...ဒီ..."

ကျောင်းအုပ်ယန်၏ ဖုန်းက ရုတ်တရပ် ထမြည်လာသည် ။

ဖုန်းခေါ်ဆိုသူ လီကျားရွမ်၏ အမည်ကို မြင်လိုက်ရလျှင် သူ၏ မပျော်ရွှင်မှုများကို မျိုသိပ်ခါ ဖော်ဖော်ရွေရွေ ဟန်ပြင်လိုက်သည် ။

လီကျားရွမ်က ယန်ယီမို၏ အမေဘက်မှ ဝမ်းကွဲဖြစ်သည် ။

လီကျားရွမ်က ကျင့်ဒူနှင့် ရှား တက္ကသိုလ်ကဲ့သို့ထိပ်တန်း တက္ကသိုလ် တစ်ခုဖြစ်သည့် ကျန်းနန် တက္ကသိုလ်တွင် တက်နေပေသည် ။ ဘွဲ့ရပြီးသည်နှင့် သူ့ထက် နိမ့်မည် မဟုတ်ချေ ။

ထို့အပြင် လီကျားရွှမ်က စိတ်စွမ်းအားရှင်တစ်ယောက်ဖြစ်သည် ။ ယန်ယီမို ကဲ့သို့ စိတ်ထိန်းချုပ်သူ မဟုတ်သော်လည်း ရှားပါး ပါရမီရှင် တစ်ဦးပင် ။ စိတ်စွမ်းအား ပိုင်ဆိုင်ထားလျှင် ဝက်တစ်ကောင်ပင် မိုးပေါ်ပျံနိုင်လိမ့်မည် ။

ကျောင်းအုပ်ယန် မိသားစု တွေ့ဆုံပွဲသို့ သွားစဥ်က ကံကောင်း၍ သိခွင့်ရခဲ့ပြီး ထိုသို့ ပါရမီရှင်မျိုးနှင့် အဆက်အသွယ် ရှိရန်မှာ လွယ်ကူသည်မဟုတ် ။ သူ တုံ့ဆိုင်းမနေဘဲ ဖုန်းကိုင်လိုက်သည် ။ လီကျားရွမ် အဘယ်ကြောင့် ဖုန်းဆက်သည်ကို သူသိပေသည် ။ ယီမိုလေးကို မေးရန်ပင် ။

" ကျားရွမ်... ကျောင်းတက်ရတာ အဆင်ပြေလား..."

ကျောင်းအုပ်ယန် က အလွန်ရင်းနှီးဟန်ဖြင့် နွေးနွေးထွေးထွေး ပြောလိုက်၏ ။ စိတ်ထဲမှ တွေးမိလိုက်သည် ။

' ယီမို့ အမေဘက်က မျိုးရိုးက တကယ်ကောင်းတာပဲ... စိတ်စွမ်းအား ကော စိတ်ထိန်းချုပ်သူကော ပါရမီရှင်တွေ ထွက်လာတယ်... '

စိတ်စွမ်းအား နှင့် စိတ်ထိန်းချုပ်သူ နှစ်မျိုးလုံးက စိတ်ပညာရှင် များဖြစ်ကြသည် ။ ကွဲပြားသော်လည်း မျိုးအတူတူပင် ။

ကျောင်းအုပ်ယန်သာ ယန်ယီမို တစ်ယောက် အဆင့် ၄ စိတ်ထိန်းချုပ်သူ ဖြစ်သွားသည်ကို သိလျှင် ပို၍ပင် ထိတ်လန့်သွားပေမည် ။

" ဟယ်လို ...ဦးလေးယန် နေကောင်းလား..."

လီကျားရွှမ်က ပါရမီရှင် တစ်ယောက်ဖြစ်သော်လည်း ယဥ်ယဥ်ကျေးကျေး ပြောလိုက်၏ ။ သူတောင်းဆိုစရာရှိ၍ ခေါ်ဆိုလိုက်ခြင်းဖြစ်သည် ။ သူက လှည့်ပတ်ပြောမနေဘဲ တည့်တည့် ပြောလိုက်၏ ။

" ဝမ်းကွဲ ယီမိုလေး ဟိုင်းချန်မြို့မှာ အဆင်ပြေရဲ့လား..."

" ဒီကိစ္စနဲ့ ပက်သက်ပြီး စိတ်မပူပါနဲ့..."

ကျောင်းအုပ်ယန်က ရင်ဘက်ကို ပုတ်၍...

" ယီမိုလေး ဒီကို ပြောင်းလာပေးတာကိုပဲ အရမ်းကျေးဇူး တင်နေရတာ... သူ့ကို သေချာ ဂရုစိုက်ထားပါတယ်... "

" ဒါပေါ့... ဦးလေးကို ယုံပါတယ်... "

လီကျားရွှမ်က...

" ကျွန်တော် ဦးလေးကို ဒုက္ခနဲနဲလောက် ပေးချင်လို့ပါ... ယီမိုလေး ဘယ်လို နေနေလဲဆိုတာ ဗီဒီယိုကော နဲ့ အဝေးက ပြပေးလို့ရမလား... ကျွန်တော် စိတ်ပူလို့ပါ... "

" သူ့ကို ဗီဒီယိုကော ခေါ်လို့မရဘူးလား..."

ကျောင်းအုပ်ယန်က စပ်စပ်စုစု မေးလိုက်၏ ။

" အဟွတ်... ကျွန်တော်က သူလေ့ကျင့်နေတာကို နှောက်ယှက်မိမှာ စိုးလို့ပါ... စာမေးပွဲနီးနေပြီဆိုတော့ အချိန်ပြည့် လေ့ကျင့်နေမှာလေ... "

လီကျားရွှမ်က မလုံမလဲ ပြောလိုက်သည် ။ သူ သူမကို ဖုန်းခေါ်လျှင် ကိုင်မည် မဟုတ် ။ ဗီဒီယိုကောဆို ပို၍ပင် ဆိုးသေးသည် ။

လီကျားရွှမ်သည် ရှားပါး စိတ်စွမ်းအား ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း အဆင့်မြင့် ကပ်ဖား ဖြစ်ရန် ကြိုးစားနေခြင်းဖြစ်သည် ။

" ငါ သိပြီ...ငါသိပြီ... ကျားရွှမ်... မင်းက တကယ်သိတက်တာပဲ..."

ကျောင်းအုပ်ယန်က ချီးကျူးပြီးနောက် ဖုန်းချလိုက်သည် ။

လီကျားရွှမ်၏ မျက်နှာသည် ဖုန်းချလိုက်သည်နှင့် ရှက်ရွံမှုကြောင့် နီရဲသွား၏ ။

" အိုကေ... ဗီဒီယိုကော ခေါ်လိုက်တော့မယ်... "

ကျောင်းအုပ်ယန်က...

" ငါ့ သန်း ၁၀၀ pixels ရှားပါး ကင်မရာနဲ့ ကျောင်းပတ်ဝန်းကျင်ရယ် ယီမို ဘယ်လိုနေလဲနဲ့ လေ့ကျင့်ကွင်းတွေကိုပါ ပြပေးလိုက်မယ်... "

All Chapters