#ကြီးကြပ်ရေးဗိမာန်၏ စစ်မှန်သောရည်ရွယ်ချက်#
Vol. 86 Ch. 1205
လူတိုင်း အဖြူ၀တ်လူကို မိန်းမောတွေဝေစွာ ကြည့်နေမိကြသည်။
သာမန်တိုက်ခိုက်မှုတစ်ခုက ကြီးကြပ်ရေးဗိမာန်ခန်းမသခင်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတာလား!
ဒီမြင်ကွင်းကိုမြင်သောအခါ ခန်းမသခင်တျန်းယန်နှင့် နန်ကောင်းယင်၊ ဟဲရှန်ကောတို့၏ အမူအရာများက နက်မှောင်သွားကြ၏။
နတ်သခင်ဟောင်တျန်းကမူ စိတ်သက်သာရာရသွားသည်။
စီနီယာလုဒီမှာရှိနေပါက ဒီကိစ္စတွေအတွက် စိတ်ပူနေစရာမလိုတော့။ ယခု စိုးရိမ်သင့်တာက ကြီးကြပ်ရေးဗိမာန်သာ။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အလျင်အမြန်ဦးညွတ်ကြသည်။
"ဆရာ"
ဆရာလား!
မိုဂျီအပါအ၀င် နတ်ဆိုးဘုရင်ပိုင်နက်က လူတိုင်း ကြက်သေသေသွားကြသည်။
ဒီလူကသူတို့ဆရာလား!
ဒီအခိုက်အတန့်၌ မစ္စတာ လုချန်ရှန်းထံ လျှောက်လာပြီး အပြုံးဖြင့်ပြောသည်။
"တာအိုမိတ်ဆွေလေးလု၊ မင်းရောက်လာပြီလား"
လုချန်ရှန်း မစ္စတာကိုကြည့်ရင်းမေးသည်။
"ခင်ဗျားဘာလို့ ဒီမှာရှိနေရတာလဲ၊ ခင်ဗျားမှာ လုပ်စရာတစ်ခုခုရှိနေတာလား"
ဒီလိုသာဆိုပါက လုချန်ရှန်းအမှန်တကယ် ခေါင်းကိုက်ရပေတော့မည်။
၀တ်စုံဖြူနှင့်လူက မစ္စတာကို ယခုလိုစကားမျိုးပြောရဲသည့်အပေါ် လူတိုင်းထိတ်လန့်သွားကြ၏။
အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် နတ်သသခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းအပြင် ခန်းမသခင်တျန်းယန်တို့သာ သူ့ကို 'မစ္စတာ' ဟူလေးစားစွာ ခေါ်ရသည်။
မစ္စတာအားကိုးရာမဲ့သလိုခံစားရသည်။
"စိတ်မကောင်းစရာပဲ၊ နည်းနည်းတော့ဆက်စပ်နေတယ်ဆိုပေမယ့် မစိုးရိမ်ပါနဲ့၊ ငါသူ့ကိုတားဖို့အတွက် ဒီမှာရှိနေတာပါ"
လုချန်ရှန်း၏ရန်လိုမှုကို ခံစားရသဖြင့် သူဘယ်ဘက်တွင်ရှိသလဲဆိုတာ မစ္စတာတိုက်ရိုက်ပြောလိုက်ရသည်။
"ဒါပေမယ့် တာအိုမိတ်ဆွေလေး၊ အရင်ဆုံးမလှုပ်ရှားပါနဲ့ဦး၊ ငါအရင်သူနဲ့ စကားပြောပါရစေ၊ အဆင်ပြေလား"
လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
"ဒါဆိုမြန်မြန်ပြောတော့၊ ကျုပ်အရင် တပ်ဆင်လိုက်ဦးမယ်"
မစ္စတာကြက်သေသေသွားသည်။
"ဘာတပ်ဆင်မှာလဲ"
"သေချာပေါက်အစီအရင်တစ်ခုပေါ့၊ ဒါကို သဘောမတူဘူးဆိုရင် သေချာပေါက် တိုက်ခိုက်ရမှာပဲလေ၊ တိုက်ခိုက်တဲ့အခါကျရင် တစ်ဘက်လူလွတ်မြောက်နိုင်တာကို သတိထားဖို့လိုတယ်လေ"
မစ္စတာအားကိုးရာမဲ့စွာ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
ကြီးကြပ်ရေးဗိမာန်ကလူများ ဒါကိုကြားသောအခါ သူတို့၏အမူအရာများက အလွန်အမင်း ကြည့်ရဆိုးသွားကြ၏။
ဒီ၀တ်စုံဖြူနှင့်လူက ငါတို့အားလုံးကို ဒီမှာထားနိုင်တယ်ဆိုတာက တကယ်ပဲ ယုံကြည်နေတာလား!
"တျန်းယန်၊ မင်းလည်းကြားတယ်မလား" မစ္စတာ ခန်းမသခင်တျန်းယန်ကို ကြည့်ကာ ဖျောင်းဖျသည်။
"မင်းဆိုလိုတာကိုငါသိပါတယ်၊ ဒါပေမယ့် မင်းစိတ်ကူးက ဘယ်တော့မှ အမှန်ဖြစ်လာမှာမဟုတ်ဘူး"
ခန်းမသခင်တျန်းယန် သူ့အကြည့်ကို မစ္စတာထံ ပို့လွှတ်လိုက်၏။
"မကြိုးစားကြည့်ရင် ဘယ်လိုသိနိုင်မှာလဲ၊ လက်ရှိသေမျိုးနယ်မြေက အခြေအနေနဲ့ဆိုရင် ကျုပ်တို့အားလုံးထွက်လာရုံပဲလေ"
လုချန်ရှန်းသိချင်စိတ်ဖြင့် လှမ်းကြည့်သည်။ သူတို့ရည်ရွယ်ချက်ကဘာလဲ!
မစ္စတာအားကိုးရာမဲ့သလို ဒေါသလည်းထွက်နေသည်။
"ဗလာနတ္ထိပုံတူရဲ့ ပမာဏက အကန့်အသတ်ရှိတယ်၊ မင်းရဲ့စွမ်းရည်နဲ့ဆိုရင်တောင် သေမျိုးနယ်မြေက လူတိုင်းကို နေရာချပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဒါ့အပြင် ဘာလို့လူသားဘိုးဘေးတွေနဲ့ အစစ်အမှန်နတ်ဘုရားတွေ ငရဲနတ်ဆိုးဒေသကို ခုခံဖို့အတွက် သူတို့အသက်ကို စွန့်စားခဲ့တာလဲ၊ သူတို့သေရမယ်ဆိုတာကို သိတာတောင် ဘာလို့ မကြောက်မရွှံ့ ရှေ့တိုးသွားကြသေးတာလဲ" မည်သူကမှ မစ္စတာဒေါသထွက်တာကို မမြင်ဖူးပေ။ ဒါက သူတို့ယခုလိုဒေါသဖြစ်နေသည့် အခြေအနေကို ပထမဆုံးမြင်ဖူးခြင်းပေတည်း။
"သူတို့ဒီမြေကို ကာကွယ်ချင်ကြတယ်၊ တကယ်လို့ သေမျိုးနယ်မြေပိုင်နက်က ဖျက်ဆီးခံရပြီး တစ်ဘက်လူရဲ့သိမ်းပိုက်ခြင်းကို ခံရမယ်ဆိုရင် ဗလာနတ္ထိပုံတူထဲမှာ ပုန်းနေတာက ဘာအဓိပ္ပာယ်ရှိလို့လဲ"
"အဲဒီအချိန်ကျရင် သေမျိုးနယ်မြေက နာမည်ပဲ ကျန်ရှိနေလိမ့်မယ်"
ဒါကို ကြားသောအခါ အတွင်းသတင်းကိုသိသူများက မည်သည့်အတွက်ကြောင့် ကြီးကြပ်ရေးဗိမာန်က သူတို့ခွန်အားကို ထုတ်ဖော်ရန်တုံ့ဆိုင်းမနေဘဲ ဗလာနတ္ထိပုံတူကို လုယူရန်အတွက် ကြားနေသဘောထားကို ပြောင်းခဲ့ရသလဲဆိုတာကို နားလည်လာကြသည်။
ဒီတော့ သူက သေမျိုးနယ်မြေက လူတိုင်းကို ဗလာနတ္ထိပုံတူထဲ ထည့်ချင်တာပေါ့!
ဒီအခိုက်အတန့်၌ ဟုန်ရင်ကြားဖြတ်ပြောသည်။
"ရှင့်စွမ်းအားနဲ့ ဗလာနတ္ထိပုံတူကို ထိန်းချုပ်ထားရင်တောင် လူအများကြီးကို ထည့်သွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ခန်းမသခင်တျန်းယန် ဟုန်ရင်ကို စိုက်ကြည့်ကာ ခပ်ပေါ့ပေါ့ပင်ပြောသညါ။
"ငါလူတိုင်းကို ဗလာနတ္ထိပုံတူထဲ ထည့်မယ်လို့ ဘယ်သူပြောလဲ"
ဒါကိုကြားသောအခါ လူတိုင်းမျက်မှောင်ကြုတ်သွားကြသလို နင်းချန်ရှင်း၏ အမူအရာကလည်း နက်မှောင်သွားခဲ့သည်။
ခန်းမသခင်တျန်းယန် ဂရုမစိုက်သည့်အသွင်ပြောသည်။
"ဗလာနတ္ထိပုံတူကို ၀င်ရတဲ့ရည်ရွယ်ချက်က သေမျိုးနယ်မြေရဲ့ အရေးပါတဲ့စွမ်းအားကို ထိန်းသိမ်းဖို့ပဲ၊ ဒီလိုဆိုရင် လာမယ့်နှစ်တွေမှာ သေမျိုးနယ်မြေကို ပြန်လည်ရယူဖို့အတွက် လူတွေကိုဦးဆောင်နိုင်မှာလေ"
"ဒီတော့ ပါရမီမရှိတဲ့သာမန်လူတွေက သေမျိုးနယ်မြေထဲကို ၀င်ဖို့ အရည်အချင်းမပြည့်မီဘူး"
မစ္စတာ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။
"ဒီတော့မင်းဆိုလိုတာက သေမျိုးနယ်မြေက သေမျိုးတွေကို နောက်ထပ်ဂရုစိုက်နေစရာမလိုတော့ဘူးပေါ့၊ ပါရမီမရှိပေမယ့် တပ်လှမ်းဖို့ကြိုးစားနေကြတဲ့ ကျင့်ကြံသူတွေကို ဂရုမစိုက်တော့ဘူးပေါ့၊ မင်းက သူတို့ကို ငရဲနတ်ဆိုးဒေသသတ်ဖြတ်တာကို ခွင့်ပြုပေးနေတာပဲ"
ခန်းမသခင်တျန်းယန်ခေါင်းညိတ်ရင်း အချက်အလက်ကျကျပြောသည်။
"ဒါပေါ့၊ ရှေးခေတ်ကတည်းက အားနည်းသူတွေက အမြဲအညံ့ခံရတာပဲလေ၊ ရွေးချယ်ခံရဖို့အခွင့်အရေးမရှိဘူးဆိုရင်၊ ပါရမီမရှိဘူးဆိုရင် သူတို့ဗလာနတ္ထိပုံတူထဲကို ၀င်လို့မရဘူး"
"မင်းကသေမျိုးနယ်မြေရဲ့ အခြေခံကို ထိခိုက်အောင် လုပ်နေတာပဲ" မစ္စတာ ဒေါသတကြီးပြောသည်။
ခန်းမသခင်တျန်းယန်ချက်ချင်းဆိုသလို ပြန်ချေပသည်။
"ဒီနည်းလမ်းက သေမျိုးနယ်မြေရဲ့အခြေခံအုတ်မြစ်ကို ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းလို့ ကျုပ်ထင်တယ်"
ရုတ်တရက် နင်းချန်ရှင်းရှေ့တစ်လှမ်းတိုးပြီး မစ္စတာရှေ့တွင် ကြီးမားသည့်ဖိအားနှင့်အတူ ရပ်လိုက်သည်။
မစ္စတာ နင်းချန်ရှင်းကို အံ့ဩစွာကြည့်နေသည်။
တခြားတစ်ဘက်တွင် လုချန်ရှန်းသက်ပြင်းချသည်။ ဒီနည်းလမ်းက နင်းချန်ရှင်း၏ အထိခိုက်အလွယ်ဆုံးအရာတစ်ခုဖြစ်တာကို သူကောင်းကောင်းသိသည်။
မေ့လိုက်တော့၊ ငါဒီနေရာမှာ ရှင်းလင်းပေးဖို့အတွက် ရောက်လာတာပဲလေ!
ဒီငအလေးကို လွှတ်ပေးထားတာပေါ့!
မည်သို့ပင်ဆိုစေကာမူ ခန်းမသခင်တျန်းယန်၏ စကားလုံးများက နားကြားမကောင်းလှပေ။
ဒါကိုတွေးမိသောအခါ သူလက်ဝှေ့ယမ်းရင်း နင်းချန်ရှင်းကိုယ်ထဲသို့ အော်ရာတစ်ခုကို ပို့လိုက်၏။ ၀န်းရံနေသည့်ဖိအားက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
နင်းချန်ရှင်း ခန်းမသခင်တျန်းယန်ကို စိုက်ကြည့်ရင်း တစ်လုံးချင်းပြောသည်။
"သေမျိုးတစ်ယောက်ရဲ့ဘ၀က ခင်ဗျားဘ၀မဟုတ်ခဲ့လို့လား"
"ဒီလိုလုပ်တာက သန်းထောင်ချီတဲ့လက်ရှိတွေကို စိတ်ပျက်မှုထဲ တွန်းချလိုက်တာပဲမလား"
ခန်းမသခင်တျန်းယန် နင်းချန်ရှင်းကို ထူးမခြားနားစွာကြည့်ရင်း ပြောသည်။
"ဒီလိုရိုးစင်းတဲ့အတွေးတွေကို စွန့်လွှတ်ပစ်ဖို့ မင်းကိုငါအကြံပြုချင်တယ်၊ ဒီမြေမှာ ဘာလို့သေမျိုးတွေ နေနိုင်တာလဲ၊ ငါတို့သေရင် သူတို့လည်း ကျွန်ပြုခံရမယ်၊ မဟုတ်ရင် အသတ်ခံရမှာပဲလေ"
"သူတို့ငါတို့အကာအကွယ်အောက်မှာ မွေးဖွားလာကြတာမို့လို့ ဒီလိုအရေးကြီးအချိန်မှာ သူတို့ရဲ့အခန်းကဏ္ဍကို ထမ်းဆောင်ရမယ်"
နင်းချန်ရှင်းနည်းနည်း၀မ်းနည်းနေပုံရသည်။
အဘယ်ကြောင့်ဆိုသော် ခန်းမသခင်တျန်းယန်ပြောသောအခါ ကျွမ်းကျင်သူအများစု ခေါင်းညိတ်တာကို သူမြင်သောကြောင့်ပင်။
ဒါက ယခုလိုမြင့်မားကာအစွမ်းထက်သည့် ကျင့်ကြံသူအုပ်စု၏ နိမ့်ကျသည့်စိတ်ထားပေတည်း။
မစ္စတာ နင်းချန်ရှင်းပခုံးကို လေးစားသည့်အမူအရာဖြင့် ပွတ်သပ်သည်။
ထို့နောက် သူခန်းမသခင်တျန်းယန်ကို ကြည့်ကာမေးသည်။
"မင်းတကယ်ပဲ ဗလာနတ္ထိပုံတူကို လုယူတော့မှာလား"
ဒါက မစ္စတာ ခန်းမသခင်တျန်းယန်ကို ပေးသည့်နောက်ဆုံးအခွင့်အရေးပေတည်း။
ခန်းမသခင်တျန်းယန်တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။
"သေမျိုးနယ်မြေအတွက် ဒါကိုကျုပ်လုပ်ရမယ်"
မစ္စတာခေါင်းခါယမ်းသည်။
"သူကတကယ်ကိုစွဲလမ်းနေပြီပဲ"
ထို့နောက်သူလုချန်ရှန်းဘေးသို့ ဆုတ်သွားသည်။
လုချန်ရှန်းမေးသည်။
"ခင်ဗျားပြီးပြီလား"
မစ္စတာခေါင်းညိတ်သည်။
"အင်း"
ဒါကိုမြင်သော် လုချန်ရှန်း ခန်းမသခင်တျန်းယန်ထံ လျှောက်သွားပြီး အပြုံးဖြင့်ပြောသည်။
"ခင်ဗျားရဲ့ရည်ရွယ်ချက်က သေမျိုးနယ်မြေကောင်းကျိုးအတွက် ဆိုပေမယ့် တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တွေအများကြီးပဲ"
ခန်းမသခင်တျန်းယန်ဖြောင့်မတ်စွာပြောသည်။
"ဒီလိုဆိုရင်တောင် ဒါကသေမျိုးနယ်မြေကို ကယ်တင်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ"
"အနာဂတ်မှာ သေမျိုးနယ်မြေက ငါ့ရဲ့ထောက်ပံ့ကူညီမှုတွေကို နားလည်လာမှာပါ"
လုချန်ရှန်းပြုံးရင်းခေါင်းခါယမ်းကာ ယဲ့ချိုးပိုင်နှင့် သူ့၏ကျန်သောတပည့်များအား ကြည့်လိုက်၏။
"အမှန်ပြောရရင် သေမျိုးနယ်မြေဘာဖြစ်မှာတွေ၊ ဘာတွေကျုပ်စိတ်မပူဘူး၊ ကျုပ်အရာနှစ်ခုကိုပဲ ဂရုစိုက်တယ်"
"ပထမတစ်ခုက တည်ငြိမ်တဲ့ဘ၀ကို ဖြတ်သန်းနိုင်မလားဆိုတဲ့အရာပဲ"
"သေမျိုးနယ်မြေသာ ဖျက်ဆီးခံရမယ်ဆိုရင် ကျုပ်ရဲ့ငြိမ်းချမ်းတဲ့နေ့ရက်တွေကလည်း အဆုံးသတ်သွားမယ်ဆိုတာ ရှင်းနေတာပဲလေ၊ ဘာပဲဆိုဆို ကျုပ်က ဒီနေရာမှာ နေတာကျင့်သားရနေပြီလေ၊ ကျုပ်တခြားနေရာကို မပြောင်းချင်တော့ဘူး"
"နောက်တစ်ခုရှိသေးတယ်၊ ကျုပ်ကလေးတွေကို ကျုပ်အမြဲကာကွယ်ပေးခဲ့ပါတယ်...၊ ဒါ့အပြင် ခင်ဗျားက ကျုပ်ပြိုင်ဘက်ဖြစ်ပုံလည်းမရပါဘူး"
အပိုင်း(1206) coming။