← Chapters

ဖြုန်းတီးခြင်း

Vol. 73 Ch. 1025

ဖြုန်းတီးခြင်း

Vol. 73 Ch. 1025

ပဉ္စမခန်းမှာ ကျောက်စိမ်းတောင်ဝှေး၊ ဆဌမခန်းမှာ ဖရိုဖရဲမိုးကြိုးပုံဆောင်ခဲ၊ သတ္တမခန်းမှာ ဓားအရိုးပုံဆောင်ခဲရှိတယ်။

"အဆင့်နိမ့်စကြာဝဠာရတနာတွေက အဆင့်နိမ့်စကြာဝဠာရတနာတွေဖြစ်ဖို့ တကယ်ကို ထိုက်တန်တယ်၊ သူတို့အားလုံးက သာမန်ထက်ထူးခြားတာပဲ"

အဆင့်နိမ့်စကြာဝဠာရတနာခုနှစ်ခု၊ မြေ‌‌ကျောက်တုံးချိတ်ပိတ်၊ ဖရိုဖရဲအစစ်အမှန်ရေ၊ ကမ္ဘာသစ်သား၊ အမှောင်စိတ်ဝိညာဉ်ပုလဲ၊ ကျောက်စိမ်းတောင်ဝှေး၊ ဖရိုဖရဲမိုးကြိုးပုံဆောင်ခဲ၊ ဓားအရိုးပုံဆောင်ခဲ။

"ဒီဓားအရိုးပုံဆောင်ခဲနဲ့ဆိုရင် ငါ့ရဲ့မူလအဆုံးစွန်းဓားပညာက အချိန်တိုအတွင်းမှာ နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်ကို ချိုးဖြတ်သွားလောက်တယ်"

အန္တိမအဆင့်ဓားအရိုး၊ ဓားအရိုးကျောက်ဖြစ်ရုပ်ကြွင်း၊ ဓားအရိုးပုံဆောင်ခဲတွေက ဆက်စပ်တယ်။

ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ကျင့်ကြံခြင်းနည်းစနစ်က အန္တိမအဆင့်ကို ရောက်ရှိသွားတဲ့အခါ သူ့ခန္ဓာကိုယ်ရှိဓားအရိုးက အန္တိမအဆင့်ဓားအရိုးသို့ပြောင်းသွားပြီး နှစ်ပေါင်းမရေမတွက်များစွာ ကြာပြီးနောက် အန္တိမအဆင့်ဓားအရိုးက ဓားအရိုးကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုအဖြစ် ပြောင်းသွားပါလိမ့်မယ်။ ဒါပေမယ့် အဆင့်၃ဒါမဟုတ်အထက်ရှိအန္တိမအဆင့်ဓားအရိုးတစ်ခုကသာ ဓားအရိုးကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး ထို့နောက် ဓားအရိုးကျောက်ဖြစ်ရုပ်ကြွင်းက ဓားအရိုးပုံဆောင်ခဲသို့ ပြောင်းလဲသွားပါလိမ့်မယ်။ ယေဘုယျအားဖြင့် ပြောရရင် ပြီးပြည့်စုံတဲ့အန္တိမအဆင့်ဓားအရိုးကသာ ပြီးပြည့်စုံတဲ့ဓားအရိုးကျောက်ဖြစ်ရုပ်ကြွင်းသို့ ပြောင်းလဲနိုင်ပြီး ပြီးပြည့်စုံတဲ့ဓားအရိုးကျောက်ဖြစ်ရုပ်ကြွင်းကသာ ဓားအရိုးပုံဆောင်ခဲတစ်ခုသို့ ပြောင်းလဲနိုင်လိမ့်မယ်။

အရိုးရှင်းပုံစံဖြင့်ပြောရရင် ဓားအရိုးပုံဆောင်ခဲရဲ့အရင်ပုံစံက အသန်မာဆုံးဓားတာအိုအရှင်မှအသန်မာဆုံးအန္တိအမအဆင့်ဓားအရိုးရဲ့ပြောင်းလဲခြင်းဖြစ်တယ်။

ဓားအရိုးပုံဆောင်ခဲမှာ အဆုံးမဲ့ဓားတာအိုဓားတာအိုနက်နဲသိမ့်မွေ့မှုတွေပါဝင်ရုံသာမက ဓားတာအိုရင်းမြစ်အဆီအနှစ်တွေလည်း ပါဝင်တယ်။

လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုနဲ့အတူ မူလအဆုံးစွန်းဓားနည်းစနစ်ကို ‌နောက်တစ်ဆင့်သို့ ချိူးဖြတ်ဖို့ အကိုအကားတစ်ခုအနေနဲ့ သူက ၎င်းကို အသုံးပြုဖို့လိုအပ်တယ်။ တကယ်တော့ ဓားအရိုးပုံဆောင်ခဲတစ်ခုက အန္တိမအဆင့်ဓားအရိုးအနေနဲ့ နှိုင်းယှဉ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။ အန္တိမအဆင့်ဓားအရိုးတွေဘယ်လောက်ပဲရှိရှိကိစ္စမရှိဘူး၊ သူတို့က အန္တိမအဆင့်ဓားအရိုးပုံဆောင်ခဲတစ်ခုနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး။

”

"အသက်သစ်ပင်က ကမ္ဘာသစ်သားရဲ့အသက်စွမ်းအားကို ဝါးမျိုနိုင်မလားကို ငါ သိချင်တယ်"

လီဖူချန်းက သူ့ရဲ့ဓားစွမ်းအင်ကို ထုတ်လွှတ်ပြီး လက်ဝါးအရွယ်အစားအသက်သစ်ပင်တစ်ခုက ထွက်ပေါ်လာတယ်။

ဒါပေမယ့် အပြင်ပန်းကကြည့်ရင် ၎င်းက လက်ဝါးအရွယ်အစားရှိတယ်လို့ထင်ရပေမယ့် တကယ်တော့ ၎င်းက မိုင်ဆယ်သန်းမြင့်တယ်။

ကမ္ဘာသစ်သားကတော့ အသစ်သစ်ပင်ထက် အရွယ်အစားအားဖြင့် မိုင်သန်းရာအနည်းငယ်ပိုကြီးတယ်။

ကမ္ဘာသစ်သားက အသက်သစ်ပင်ဆီ ချဉ်းကပ်လာတာနဲ့ ကြောက်စရာကောင်းတဲ့အသက်စွမ်းအားတစ်ခုက အသက်သစ်ပင်မှ ကမ္ဘာသစ်သားထဲသို့ တိုးဝင်လာတယ်။

မိုင်၁၅သန်း၊ မိုင်သန်း၂၀၊ မိုင်သန်း၃၀၊ မိုင်သန်း၄၀၊ မိုင်သန်း၅၀......

အသက်သစ်ပင်က အမြင့်မိုင်၁၀၀ကို ရောက်ရှိတဲ့အခါ ကမ္ဘာသစ်သားရဲ့အသက်စွမ်းအားကို အပြည့်အဝဝါးမျိုပြီးပါပြီ။ အခု အသက်သစ်ပင်မှာပါဝင်တဲ့သက်စွမ်းအားက ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့အဆင့်တစ်ခုမှာ ရှိနေတယ်။ သူ့ရဲ့ကိုယ်ပိုင်အသက်စွမ်းအားက အဆတစ်ထောင်တိုးလာရင်တောင် အသက်သစ်ပင်နဲ့မယှဉ်နိုင်ဘူးလို့ လီဖူချန်းက ယုံကြည်တယ်။

၎င်း အထွတ်အထိပ်အထိ ကြီးထွားလာတဲ့အခါ အသက်သစ်ပင်ထဲမှာပါဝင်တဲ့အသက်စွမ်းအားက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲကို စိတ်ကူးယဉ်ကြည့်နိုင်တယ်။

"အမ်"

လီဖူချန်းရဲ့မျက်လုံးတွေက စူးရှတယ်၊ သူက အသက်သစ်ပင်ရဲ့အကိုင်းပေါ်မှာ ထွက်ကာစအသီးတစ်လုံးကို မြင်လိုက်ရတယ်။

"အသက်သစ်ပင်ကရော ကမ္ဘာသစ်ပင်လို အသက်သစ်သီးကို မွေးဖွားနိုင်တာများလား"

လီဖူချန်းက ပြုံးလိုက်တယ်။

ဒါက သံသယရှိစရာမလို၊ ကောင်းမွန်တဲ့အဖြစ်အပျက်တစ်ခုပဲ။ အသက်သစ်သီးမှာပါဝင်တဲ့အသက်စွမ်းအားက အသက်သစ်ပင်ထက် နိမ့်ကျရင်တောင် ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့အသက်စွမ်းအားထက် အဆများစွာပိုကောင်းပါတယ်။

ဒါပေမယ့် အခုအချိန်မှာ ဒါနဲ့ပတ်သက်ပြီး ပြောဖို့ စောလွန်းပါတယ်။ အသစ်သစ်သီးက အခုမှ ထွက်ကာစအသီးလောင်းအခြေအနေမှာပဲရှိသေးတာလေ။ လီဖူချန်းက အသက်စွမ်းအားပါဝင်တဲ့နောက်ထပ်စကြာဝဠာရတနာတွေကို မရခဲ့ရင် ၎င်း ရင့်မှည့်ဖို့ ဘယ်လောက်တောင် အချိန်ယူရမလဲကို မသိပါဘူး။

"ကမ္ဘာသစ်သားရဲ့အသက်စွမ်းအားက မရှိတော့ပေမယ့် ၎င်းအပေါ်မှာ ကမ္ဘာဥပဒေသတွေ ရှိနေတုန်းပဲ။ ငါ အဲဒါကို လေ့လာနိုင်လောက်မှာပါ"

လီဖူချန်းက ကမ္ဘာသစ်သားကို သိမ်းပြီးနောက် ကြေးညိုရတနာခန်းမမှ ထွက်သွားတယ်။

"ဒါ မူလအဆုံးစွန်းအရှင်ပဲ။ သူ့မှာ စကြာဝဠာရတနာတွေ အနည်းဆုံးခုနှစ်ခုလောက်ရှိတယ်၊ သူ့ကို သတ်ကြ"

ကြီးမားတဲ့လူအုပ်စုတစ်စုက ကြေးညိုရတနာခန်းမရဲ့အပြင်ဘက်မှာ ရပ်နေတယ်။ သူတို့က လီဖူချန်းကို မြင်တဲ့အခါ ချက်ချင်း ပြေးဝင်တိုက်ခိုက်လာကြတယ်။

ဝုန်း ဝုန်း ဝုန်း.......

ဒီလောက်များတဲ့တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းပြုလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ခုခံတာပဲ၊ ဒါပေမယ့် ခုခံဖို့အတွက် သူ့ခန္ဓာကိုယ်ကိုပဲ အသုံးပြုတဲ့အထိ သူမရူးပါဘူး။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ အဆင့်နိမ့်စကြာဝဠာရတနာငါးခုက လွင့်မျောနေတယ်။ သူတို့က ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံး၊ မြေကျောက်တုံးချိတ်ပိတ်၊ ဖရိုဖရဲအစစ်အမှန်ရေ၊ အမှောင်စိတ်ဝိညာဉ်ပုလဲနဲ့ကျောက်စိမ်းတောင်ဝှေးတို့ပါပဲ။

ချက်ချင်းပဲ အကာအကွယ်အလွှာငါးခုက လီဖူချန်းကို ကာကွယ်လာတယ်၊ ဒြပ်စင်ငါးခု‌ကောင်းကင်ဘုံပျက်သုန်းခြင်းကျောက်တုံးရဲ့ငါးရောင်စုံဥခွံ၊ မြေကျောက်တုံးချိတ်ပိတ်ရဲ့အလင်းဖောက်ကျောက်တုံးချိတ်ပိတ်၊ ဖရိုဖရဲအစစ်အမှန်ရေရဲ့ရေအတားအဆီး၊ အမှောင်စိတ်ဝိညာဉ်ပုလဲရဲ့အနက်ရောင်အလင်းအတားအဆီး၊ ကျောက်စိမ်းတောင်ဝှေးရဲ့ကျောက်စိမ်းအလင်းတို့ပါပဲ။

ဘယ်လိုပဲပြောပြော၊ ဒီလူတွေက သူ့ဆီမှာ စကြာဝဠာရတနာတွေ အများကြီးရှိမှန်းသိနေမှတော့ သူက ထုတ်ဖော်ပြဖို့ ဝန်မလေးနေ‌တော့ပါဘူး။

ထပ်ပြောရရင် သူ့ရဲ့ကပ်‌ဘေးမသေမျိုးခန္ဓာကိုယ်က တစ်ခဏတာ ခုခံနိုင်တယ်၊ ပြီးတော့ အသက်သစ်ပင်နဲ့ဆိုရင် သူ့ရဲ့အသက်အားက ကုန်ခန်းလိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် သူ့ရန်သူတွေရဲ့အဆက်မပြတ်တိုက်ခိုက်မှုတွေအောက်မှာ သူ့ခန္ဓာကိုယ်ရဲ့ခွန်အားက ဖျက်ဆီးခံရအုံးမှာပဲ။ သူ့ခွန်အားပျက်ဆီးသွားတာနဲ့ အဲဒါကို ပြန်ဖြည့်ဖို့ ခက်တယ်။ အသက်သစ်ပင်က သူ့ရဲ့အသက်အားကို ပြန်ဖြည့်နိုင်ပြီး သူ့ရဲ့ဒဏ်ရာတွေကို ကုသန်ိုင်တယ်ဆိုပေမယ့် သူ့ခွန်အားကိုတော့ နဂိုအတိုင်းပြန်မဖြစ်စေနိုင်ပါဘူး။

(ဘာသာပြန်သူရဲ့မှတ်စု: အသက်စွမ်းအားအစား အသက်အားလို့ ပြောင်းသုံးပါ့မယ်)

အဆင့်နိမ့်စကြာဝဠာရတနာငါးခုရဲ့ကာကွယ်မှုအောက်မှာ လီဖူချန်းက အနာတရမရှိပါဘူး။

"အနန္တဓားခန္ဓာကိုယ်၊ အသက်ဝင်စမ်း"

အနန္တဓားခန္ဓာကိုယ်ကို အသက်သွင်းပြီးနောက် လီဖူချန်းရဲ့ခွန်အားက အဆနှစ်ဆယ်ပေါက်ကွဲထွက်လာတယ်။

ပြီးနောက် လီဖူချန်းက ဓားအရိုးပုံဆောင်ခဲကို ချက်ချင်းထုတ်ပြီး ဓားတာအိုရင်းမြစ်အဆီအနှစ်ကို အသက်သွင်းကာ သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်စေလိုက်တယ်။

ချက်ချင်းပဲ လီဖူချန်းရဲ့ခွန်အားက အလင်းနတ်ဘုရားအရှင်ထက်တောင် ပိုသန်မာလာပြီး သူက ဓားကို ဝှေ့ယမ်းလိုက်တယ်။

ဝုန်း ဝုန်း ဝုန်း......

လူတစ်အုပ်လုံးကို ဓားချီက လွင့်ထွက်သွားစေတယ်။

"ဘာလဲဟ၊ တစ်ချက်တည်းနဲ့ ငါ့စွမ်းအင်တွေအများကြီး လျော့ကျသွားတာပဲ"

ဓားချီထိမှန်သွားသူတွေက တုန်လှုပ်ချောက်ခြားသွားတယ်။

လီဖူချန်းက ဂရုမစိုက်ပါဘူး၊ သူက မူလအဆုံးစွန်းဓားကို ဝှေ့ယမ်းကာ ဦးတည်ဘက်တိုင်းမှာ သတ်ဖြတ်လိုက်တယ်။

"မင်းတို့က ငါ့ရဲ့စကြာဝဠာရတနာတွေကို လိုချင်ရင် မင်းတို့မှာ အဲလိုလုပ်နိုင်တဲ့ခွန်အားရှိရမယ်။ ခွန်အားမရှိရင် သေဖို့သာ ပြင်ထား"

ဓားကွက်ဒါဇင်ကျော်အနည်းငယ်ပြီးနောက် ပြိုင်ဘက်ကင်းအရှင်များစွာကို လီဖူချန်းရဲ့ဓားချီက ‌အမြစ်ဖြတ်သုတ်သင်ခဲ့တယ်။

ဒါပေမယ့် ‌ထိုသေသွားတဲ့ပြိုင်ဘက်ကင်းအရှင်တွေအားလုံးက သာမန်ပြိုင်ဘက်ကင်းအရှင်တွေဖြစ်ပြီး အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တွေက အလွယ်တကူမသေနိုင်ပါဘူး။

နာရီဝက်ခန့်ကြာပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိအကာအကွယ်ငါးလွှာလုံးက တစ်စစီဖြစ်သွားတယ်၊ ဒါပေမယ့် သူ့မှာ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ရှိပါသေးတယ်။ သူ့ကို ဝန်းရံထားတဲ့လူတွေအတွက်ကတော့ သာမန်ပြိုင်ဘက်ကင်းအရှင်တွေက သေကြေပျက်ဆီးမှုကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်အနည်းငယ်ကလည်း ပျောက်ကွယ်သွားခဲ့ကြတယ်။

"သူက အားကောင်းလွန်းပြီး စကြာဝဠာရတနာတွေ အများကြီးရှိတယ်။ ငါတို့ သူ့ကို ဘယ်လိုတိုက်ခိုက်ရမှာလဲ"

သူတို့က ပိုပြီးတိုက်ခိုက်လေလေ၊ သူတို့က ပိုစိတ်ပျက်လာလေလေပဲ။ လီဖူချန်းက လိပ်ခွံတစ်ခုနဲ့ တူတယ်၊ သူတို့ ဘယ်လိုပဲ တိုက်ခိုက်နေပါစေ၊ သူတို့က မချိုးဖြတ်နိုင်ပါဘူး။ ဒါပေမယ့် လီဖူချန်းရဲ့တိုက်ခိုက်မှုက သာမန်မဟုတ်ကြမ်းတမ်းလှတယ်။ တစ်ကွက်နှစ်ကွက်ခုခံနိုင်တဲ့လူအနည်းငယ်ကလွဲပြီး ကျန်သူတွေက တစ်ကွက်တောင် မရင်ဆိုင်နိုင်ပါဘူး။ သူတို့က လွင့်ထွက်သွားကြပြီး ဆက်ပြီးတိုက်ခိုက်နေရင်း သူတို့က မလွဲမသွေသေဆုံးရလိမ့်မယ်။

"ထိုက်ချိဓားဘိုးဘေး၊ ကြည့်ရတာ သူက ငါတို့ရဲ့အကူအညီကို မလိုအပ်ဘူးနဲ့တူတယ်"

အဝေးမှ ဓားမော့မဟာမိတ်နဲ့ဓားသမားအစည်းအရုံးတို့ရဲ့အဖွဲ့ဝင်တွေက လာနေတယ်။ ထိုမြင်ကွင်းကိုမြင်ပြီး သူတို့က တုန်လှုပ်ချောက်ခြားစွာနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့အကြားမှာ သုတ်သင်ခြင်းခုနှစ်ခုဓားမော့အရှင်က ခါးသီးစွာ ပြုံးလိုက်တယ်။

"ငါတို့အားလုံး သူ့ကို လျှော့တွက်ထားခဲ့တာပဲ"

သူ့ရဲ့သက်တမ်းက အဆုံးမဲ့ဖြစ်ပြီး သူက ဘယ်‌တော့မှ မအိုတော့ပေမယ့် သူက အသက်ကြီးလာသလို ထိုက်ချိဓားဘိုးဘေးက ခံစားရတယ်။

နောက်ထပ်ဆယ့်ငါးမိနှစ်ကြာပြီးနောက် လီဖူချန်းပတ်ပတ်လည်ရှိလူတွေက ထပ်ပြီး မခုခံနိုင်တော့ဘဲ ဦးတည်ဘက်တိုင်းကို ထွက်ပြေးသွားကြတယ်။

"အမှိုက်တစ်အုပ်၊ အခု ငါတို့အလှည့်ပဲ"

သေသွား‌တဲ့ပြိုင်ဘက်ကင်းအရှင်တွေအားလုံးက အခြားဂိုဏ်းမှပြိုင်ဘက်ကင်းအရှင်တွေပါပဲ။ ဂိုဏ်းကြီးကိုးဂိုဏ်းက သေကျေပျက်ဆီးမှုတွေ မရှိသေးပါဘူး။ ဒါ့အပြင် ဂိုဏ်းကြီးကိုးဂိုဏ်းမှာ မလှုပ်ရှား‌ရသေးတဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေ ရှိပါသေးတယ်။

ဦးစွာလှုပ်ရှားသူက အမှောင်ကောင်စီရဲ့ဖျက်ဆီးခြင်းအရှင်ပါပဲ။ အရင်တုန်းက လီဖူချန်းက ဓားမော့မဟာမိတ်ကို ကူညီခဲ့ပြီး သူတို့ကို အကြီးအကျယ်ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။  သူတို့နှစ်ယောက်မှာ ရန်ငြိုးတစ်ခုဖြစ်တည်ထားပြီး သူက အရင်ဆုံးလှုပ်ရှားလာတာ သဘာဝပါပဲ။

စီရင်ချက်မျက်လုံးရဲ့စီရင်ချက်ဆရာသခင်က ဒုတိယမြောက်ဖြစ်ပြီး သူ့နောက်မှာတော့ တိုက်ပွဲနတ်ဘုရားမျှော်စင်ရဲ့ကောင်းကင်ဘုံပြောင်းပြန်တိုက်ပွဲဘိုးဘေး၊ အသင်္ချေနတ်ဆိုးကလန်ရဲ့ရွှေနဂါးနတ်ဆိုးဘိုးဘေး၊ ကြယ်မဟာမိတ်ရဲ့ဖရိုဖရဲဘိုးဘေးတို့က အသီးသီးတိုက်ခိုက်လာကြတယ်။

ဖျက်ဆီးခြင်းအရှင်နဲ့စီရင်ချက်ဆရာသခင်ကို တစ်ချက်ထားပါအုံး၊ တိုက်ပွဲနတ်ဘုရားမျှော်စင်ရဲ့ကောင်းကင်ဘုံပြောင်းပြန်တိုက်ပွဲဘိုးဘေးက တိုင်တန်မျိုးနွယ်ရဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်တယ်။ တိုက်ခိုက်ရေးခွန်အားအရ တိုင်တန်မျိုးနွယ်က နတ်ဘုရားမျိုးနွယ်ထက်သာ နိမ့်ကျတယ်။ အသင်္ချေနတ်ဆိုးကလန်ရဲ့ရွှေနဂါးနတ်ဆိုးဘိုးဘေးက နဂါးမျိုးနွယ်ရဲ့‌ရွှေနဂါးတွေအကြားမှာ အသန်မာဆုံးဖြစ်တယ်။ ခုခံမှုဒါမှမဟုတ်အသက်အားအရဖြစ်စေ၊ သူက အလွန်အမင်းကြောက်စရာကောင်းပြီး ကောင်းကင်ဘုံပြောင်းပြန်တိုက်ပွဲဘိုးဘေးထက် မနိမ့်ကျပါဘူး။ နောက်ဆုံးဖရိုဖရဲဘိုးဘေးက နက္ခတ်တာရာဧရာမသားရဲဖြစ်တယ်။ အချက်အလက်အရ နက္ခတ်တာရာဧရာမသားရဲတွေက တိကျတဲ့အဆင့်တစ်ခုကို ရောက်ရှိလာတာနဲ့ မြင့်မားတဲ့ဉာဏ်ရည်ကို ပိုင်ဆိုင်လာကြတယ်။ ထိုဉာဏ်ရည်မြင့်မားတဲ့နက္ခတ်တာရာဧရာမသားရဲတွေက အခြားဂိုဏ်းကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့ ကြယ်မဟာမိတ်တစ်ခုကို ဖွဲ့စည်းထားခဲ့တယ်။

အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ငါးယောက်ပူပေါင်းတိုက်ခိုက်ရင် ဘယ်လိုအထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကိုမဆို ထိခိုက်စေဖို့ လုံလောက်တယ်။ သူတို့ရဲ့မျက်လုံးထဲမှာ လီဖူချန်းက သေလူတစ်ယောက်ဖြစ်နေပါပြီ။

All Chapters