#နန်ကောင်းယင်၏ သေခြင်းတရား#
Vol. 86 Ch. 1206
လုချန်ရှန်း၏ စကားလုံးများကို နားထောင်ရင်း ခန်းမသခင်တျန်းယန် လုချန်ရှန်းအား စိုက်ကြည့်ကာ အနီးကပ်သေချာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်၏။
"လူငယ်လေး၊ မင်းတပည့်တွေကြောင့် မင်းဒေါသထွက်ရတာဆိုရင်တော့ ဒီလူအိုကြီး မင်းကို တောင်းပန်နိုင်ပါတယ်၊ ဒါပေမယ့် ငါဗလာနတ္ထိပုံတူကို ရကိုရရမယ်"
လုချန်ရှန်းခေါင်းညိတ်ပြီး သူ့အကြည့်ကို သူ့တပည့်များထံ ပို့လွှတ်လိုက်သည်။
"ဗလာနတ္ထိပုံတူဘယ်မှာလဲ"
ဖန်ချန်း ဟုန်ရင်ကို လက်ညိုးထိုးပြရန် ပြင်လိုက်စဉ် သူ့ဘေးကမုဖူရှန်း အလျင်အမြန် ဆွဲလိုက်၏။
ထို့နောက် စိတ်ရှုပ်ထွေးနေသည့် ဖန်ချန်းကလွဲ၍ လူတိုင်း ခေါင်းခါယမ်းလိုက်ကြ၏။
"ဗလာနတ္ထိပုံတူ၊ အဲဒါကဘာလဲ"
လုချန်ရှန်းကျေနပ်စွာခေါင်းညိတ်ပြီးနောက် ခန်းမသခင်တျန်းယန်ကို လှည့်ကြည့်သည်။
"ကျုပ်တပည့်တွေက ဗလာနတ္ထိပုံတူဆိုတာ ဘာလဲတောင်မသိကြဘူး၊ ပြီးတော့ ခင်ဗျားက အမှားအမှန်ကိုတောင် မခွဲခြားဘဲ တိုက်ခိုက်တာလား"
ခန်းမသခင်တျန်းယန်ဘေးတွင် ရပ်နေသည့် နန်ကောင်းယင် ဒေါသတကြီးအော်ဟစ်သည်။
"ငတုံးငအလိုလုပ်နေတာရပ်လိုက်စမ်း၊ မြန်မြန်ပေးလိုက်"
လုချန်ရှန်း နန်ကောင်းကင်ကို ခပ်ပေါ့ပေါ့ အကြည့်တစ်ချက်သာ ပို့လွှတ်လိုက်၏။
နန်ကောင်းယင် ရုတ်တရက် ရေခဲစိုင်တစ်ခုထဲ ကျသွားသည့်ပမာ ခံစားလိုက်ရသည်။
ဒီထဲတွင် သိသာသည့်ဖိအားအော်ရာဟူ၍ မရှိဘဲ အကြည့်တစ်ချက်သာဖြစ်သည့်တိုင် နန်ကောင်းယင်၏ နှလုံးခုန်နေတာကိုပင် ရပ်သွားစေသည်။ သူနောက်ထပ်မလှုပ်ရှားရဲသလို အသက်ပင်မရှူရဲတော့။
ဒီအချိန်တွင် ခန်းမသခင်တျန်းယန်ကလည်း သက်ပြင်းချသည်။
"ဘာပဲဆိုဆို ငါတို့အရေးယူဖို့လိုအပ်ပုံပဲ၊ ဒီလိုဆိုမှတော့ မြန်မြန်တိုက်ခိုက်ကြတာပေါ့"
"သေချာတာပေါ့၊ လူငယ်လေး၊ ဒီလူအိုကြီး၏ ရိုက်ချက်ကို ခံနိုင်ရည်ရှိတယ်ဆိုကနည်းက မင်းပါရမီနဲ့ ခွန်အားက တကယ်ကို ကြောက်စရာကောင်းတယ်ဆိုတာ ပြသနေတာပဲ၊ မင်းဗလာနတ္ထိပုံတူကို ရထားရင်တောင် ကြီးကြပ်ရေးဗိမာန်ကို သစ္စာရှိကြောင်း ဖော်ပြနေသရွေ့ ငါတို့မင်းကို အမြစ်မဖြတ်ပစ်ဘူး၊ မင်း ဗလာနတ္ထိပုံတူထဲ ၀င်လို့ရပါသေးတယ်"
လုချန်ရှန်းပြုံးသည်။
"ဒါကနည်းနည်းတော့ သူတော်ကောင်းဆန်လွန်းတယ်ဆိုတော့ ဒီလိုသက်ကျားအိုတစ်ယောက်ပုံစံနဲ့ တကယ်ကိုလိုက်ဖက်ပါတယ်"
'သက်ကျားအို' ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာ သူတို့နားမလည်ကြသော်လည်း ဒါက စော်ကားသည့် စကားစုတစ်ခုဆိုတာ ရှင်းနေသည်။
ခန်းမသခင်တျန်းယန်၏ အကူအညီနှင့်အတူ နန်ကောင်းယင် တည်ငြိမ်မှုကို ပြန်ရလာပြီး ဒေါသတကြီးအော်ဟစ်သည်။
"ခန်းမသခင်က မင်းစော်ကားလို့ရတဲ့ လူတစ်ယောက်လား"
လုချန်ရှန်းအနည်းငယ် မျက်မှောင်ကြုတ်သည်။
"သနားစရာကောင်းတဲ့ကောင်....."
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်း နန်ကောင်းယင်ထံ လက်ကို တည့်တည့်ဆန့်ထုတ်လိုက်၏။
ချက်ချင်းဆိုသလို သူ့လည်ပင်းကို တစ်ခုခုကညှစ်ထားသည့်အလား ဖိအားတစ်ခုကို နန်ကောင်းယင်ခံစားလိုက်ရသည်။
လုချန်ရှန်းလက်ကို ဖြည်းဖြည်းချင်း မြှောက်သောအခါ နန်ကောင်းယင်၏ ကိုယ်ကလည်း လေပေါ်မြောက်တက်သွားသည်။
နန်ကောင်းယင် လက်အစုံနှင့် လည်ပင်းကို ကိုင်းရင်း ကန်ကျောက်ရုန်းကန်နေကာ သူ့ကိုယ်က ကျုံ့နေပြီး သူ့မျက်နှာက ပန်းသီးတစ်လုံးပမာ နီရဲနေသည်။
သူ့မျက်လုံးများက ကြောက်လန့်တကြား ပြူးကျယ်နေပြီး လုချန်ရှန်းကို ကြည့်နေကာ ခွန်အားဘယ်လောက်ပင် ထုတ်သုံးနေပါစေ လုချန်ရှန်း၏ မမြင်ရသော လက်ထဲကနေ မလွတ်မြောက်နိုင်ပေ။
သူစကားပင် ပြောနိုင်စွမ်းမရှိဘဲ သူ့အသံကြိုးက အမှန်တကယ်ဖမ်းဆုပ်ခံထားရသည်။
လုချန်ရှန်းထူးမခြားနားစွာပြောသည်။
"မင်းအရမ်းရိုးရှင်းတဲ့ အခြေခံမူကို နားမလည်ဘူးလား၊ မင်းလုံလောက်အောင် မသန်မာတဲ့ တခြားတစ်ယောက်ရဲ့ ခွန်အားကို မသိတဲ့အခါ ဘယ်တော့မှ မလှောင်ပြောင်သင့်သလို မင်းဘောစ့်ကိုလည်း ခွေးတစ်ကောင်လို ပြေးပြီးမကာကွယ်သင့်ဘူး၊ ဒါက မင်းအသက်ကို ပေးဆပ်ရနိုင်တယ်"
သူတို့ 'ဘောစ့်' ဟုသောစကားလုံးကို နားမလည်သော်လည်း လုချန်ရှန်း၏ စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်ကြပါသည်။
ခန်းမသခင်တျန်းယန်၏ အမူအရာကလည်း မည်းမှောင်သွားရသည်။
"လူငယ်လေး၊ မင်းအရမ်းကို ရဲတင်းလွန်းနေပါလား"
ချက်ချင်းဆိုသလို သူရှေ့သို့ခုန်သွားပြီး နန်ကောင်းယင်ရှေ့ကို ရောက်လာကာ နန်ကောင်းယင်၏ လည်ပင်းသို့ လက်ဖဝါးချက်တစ်ချက် ပစ်လွှတ်လိုက်၏။
သို့စေကာမူ ဒီလက်ဖဝါးချက်က ချိုးဖျက်၍မရနိုင်သည့်ဒိုင်းတစ်ခုကို ထိမိသည့်အလား လှုပ်ရှားခြင်းမရှိသလို အနည်းငယ်မျှ ကွဲအက်အောင်ပင် မလုပ်နိုင်ပါ။
ဒီအချိန်မှာပင် ခန်းမသခင်တျန်းယန်၏ မျက်နှာက ပြောင်းလဲသွားသည်။
ပြိုင်ဘက်၏ခွန်အားက သူမျှော်လင့်ထားတာထက် ပိုနေလောက်သည်။
တစ်ချိန်တည်းမှာပင် ခန်းမသခင်တျန်းယန် ပြောတာကိုပင် စောင့်မနေတော့ဘဲ လုချန်ရှန်း လက်ဖဝါးကို ရုတ်တရက်ဖျစ်ညှစ်ပစ်သည်။
ဖောင်း.......!
ကျယ်လောင်သည့်အသံနှင့်အတူ ရုတ်တရက် ခန်းမသခင်တျန်းယန်ရှေ့တွင် နန်ကောင်းယင်၏လည်ပင်းက ပေါက်ကွဲသွားပြီး သွေးတိုင်ထဲကနေ သွေးများက ရေတွင်းတစ်ခုကျိုးပေါက်သွားသည့်အလား စီးထွက်လာကြ၏။
သို့သော်လုချန်ရှန်း၏ လုပ်ရပ်ကမပြီးသေး။ သူလက်ဖဝါးကို လက်သီးအဖြစ်ပြောင်းပြီးနောက် ကိုယ်နှင့်ကင်းကွာသွားသည့် နန်ကောင်းယင်၏ ခေါင်းရှိရာသို့ လက်ညိုးတစ်ချောင်း ဆန့်ထုတ်လိုက်သည်။
ဓားအစွန်းကဲ့သို့ ထက်မြက်သည့်အရာတစ်ခုက နန်ကောင်းယင်၏ နဖူးအလယ်သို့ တိုက်ရိုက်ထိုးဖောက်သွား၏။
ထို့နောက် ခန္ဓာရောဝိဉာဉ်ပါ ဖျက်ဆီးခံလိုက်ရသည်။
နတ်သခင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ကျဆုံးသွားလေပြီ။
ကြီးကြပ်ရေးဗိမာန်၏ အထင်ကရဒုခန်းမသခင်တစ်ဦးဖြစ်သည့် နန်ကောင်းယင်က လူတိုင်းမျက်လုံးရှေ့တွင် ၀တ်စုံဖြူလူ၏ လက်ချက်နှစ်ချက်တည်းနှင့် အသတ်ခံရသည်။
ဒါက ကြက်တစ်ကောင်ကို သတ်ပစ်သည့်အလားပင် အားထုတ်စရာမလိုဘဲ လွယ်လွန်းသည်။
နတ်ဆိုးဘုရင်ပိုင်နက်ကလူများ၏ မျက်နှာများက ထုံထိုင်းနေကြပြီး စကားတစ်ခွန်းလေးပင်မပြောနိုင်ကြ။
လဲ့ရွှမ်းနှင့် မိုထင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြစဉ် အချင်းချင်းမျက်လုံးများမှ ထိတ်လန့်မှုကို သတိထားမိသည်။
ရှန်းယင်နှင့် မီကဲအာခေါင်းဆောင်တို့လည်း ရုတ်တရက် သဘောပေါက်သွားကြပြီး နတ်ဆိုးသခင် တခြားတစ်ယောက်ထံ၌ တပည့်အဖြစ် သစ္စာပြုထားရသလဲဆိုတာကို နားလည်သွားကြသည်။
ဒီကမ္ဘာထဲက အမြင့်ဆုံးအဆင့်များထဲက တစ်ခုဖြစ်သည့် နတ်သခင်နယ်ပယ်နောက်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ၀တ်စုံဖြူလူ၏ တိုက်ရိုက်ညှစ်သတ်ခြင်းကို ခံခဲ့ရသည်။
ဒီလိုခွန်အားမျိုးနှင့်ဆိုပါက နတ်ဆိုးသခင်အဖို့ သူ့ကို ဆရာအဖြစ် ယူဆခဲ့တာက တကယ်တမ်းတွင် ပုံမှန်သာ။
မိုဂျီကရော!
မိုဂျီ၏မျက်နှာက ဖြူရော်သွားပြီး သူ့မေးရိုးများပင်လျှင် တုန်ယင်နေသည်။
ယခုလိုခွန်အားမျိုးနှင့်ဆိုပါက ကြည့်ရသည်မှာ ကြီးကြပ်ရေးဗိမာန်တွင်ပင် ကိုင်တွယ်ရန်အတွက် နည်းလမ်းရှိပုံမပေါ်။
ဒီလိုဆိုပါက ဒီကိစ္စကို ဖြေရှင်းပြီးတာနှင့် နောက်ထပ်ဖြေရှင်းခံရမည့်သူက သူသာလျှင်ဖြစ်သည်။
မိုဂျီထွက်ပြေးချင်သော်လည်း မုဖူရှန်း သူ့ဘေးတွင် ကြိုတင်ရပ်လိုက်ပြီးဖြစ်ကာ ပြုံးရင်းပြောသည်။
"ပြေးဖို့စဉ်းစားနေတာလား၊ အနည်းဆုံးတော့ ခင်ဗျားပြဇာတ်ကို အဆုံးထိ ကြည့်သင့်တယ်မလား"
ပြဇာတ်ကို အဆုံးထိကြည့်ရတာက ပြဿာနာမရှိပါ။
သို့သော် ဒီအတွက် လက်မှတ်ဈေးနှုန်းက မြင့်မားလွန်းသဖြင့် မိုဂျီမတတ်နိုင်ပေ။
နန်ကောင်းယင် တိုက်ရိုက်ကျဆုံးသွားတာကို ကြည့်နေရင်း ဟဲရှန်ကောကလည်း တုန်ယင်လာပြီး သူ့မျက်နှာက လေးနက်သွားကာ လုချန်ရှန်းကို ကြည့်လိုက်၏။
ရှေးခေတ်က ကြီးမားသည့် အပြောင်းအလဲအပြီးတွင် သေမျိုးကမ္ဘာ၌ ယခုလိုအစွမ်းထက်သက်ရှိတစ်ယောက် ဘယ်လိုလုပ် တည်ရှိနိုင်ရလေသနည်း။
သူက ဒီကမ္ဘာက မဟုတ်တာများလား!
ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သည့် ခန်းမသခင်တျန်းယန်၏မျက်နှာက ဒီတဒင်္ဂ၌ တင်းတင်းကျုံ့နေသည်။
ထို့နောက် သူ့၏မည်းမှောင်နေသည့် ခေါင်းကို လုချန်ရှန်းဖက်သို့ လှည့်လိုက်၏။
"လူငယ်လေး၊ မင်းအရမ်းများသွားပြီလို့ မထင်ဘူးလား"
"အရမ်းများသွားတာလား" သို့စေကာမူ လုချန်ရှန်း ယဲ့ချိုးပိုင်နှင့်တခြားသူများသုံးသည့် ရုပ်ခန္ဓာလက္ခဏာရပ်များနှင့် လက်နက်များကို အသေးစိတ်ဖော်ပြထားသော စာရွက်အနည်းငယ်ကိုဆွဲထုတ်ကာ ခန်းမသခင်တျန်းယန်အား လှန်ဖျပ်ပြရင်း ထူးမခြားနားစွာပြောသည်။
"ကျုပ်ရဲ့တန်ဖိုးမရှိတဲ့တပည့်တွေအတွက် သတ်မိန့်ကို ထုတ်ထားတာက သူသေဖို့ လုံလောက်တဲ့အကြောင်းပြချက်တစ်ခုပဲမလား"
စုန့်ရှောင်အတိဆွံအနေသည်။
တန်ဖိုးမရှိဘူးလား!
နတ်သခင်ဟောင်တျန်းကလည်း အားကိုးရာမဲ့စွာပြုံးသည်။
ယခုလိုကြောက်စရာကောင်းသည့် တပည့်များကို တန်ဖိုးမရှိဟု ယူဆပါက ဘယ်အရာက တန်ဖိုးရှိနိုင်တော့မည်နည်း။
သူတို့ထဲကမည်သူ့ကိုမဆို နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းတွင် ထားလိုက်ပါက ရတနာတစ်ခုအဖြစ် ဆက်ဆံခံရမည်ဖြစ်ကာ ဂိုဏ်းထဲက အရင်းအမြစ်အားလုံးနှင့် ပျိုးထောင်ပေးခြင်းခံရပေလိမ့်မည်။
ခန်းမသခင်တျန်းယန်ခေါင်းညိတ်သည်။
မင်းအမြင်အရ ကောင်းယင်က သေထိုက်သူပါ၊ ဒါပေမယ့် ငါ့ခံယူချက်အရ ငါ့မှာ မင်းကိုသတ်ဖို့ အကြောင်းပြချက် ရှိပါသေးတယ်"
လုချန်ရှန်းတုံ့ပြန်တာကိုပင် စောင့်မနေတော့ဘဲ ခန်းမသခင်တျန်းယန်၏ ခြောက်သွေ့နေသည့်ခန္ဓာက ရုတ်တရက် မြန်ဆန်သည့်နှုန်းတစ်ခုနှင့်အတူ ပေါက်ကွဲသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူလုချန်ရှန်းနှင့် နီးကပ်နေပြီဖြစ်ကာ လမ်းလျှောက်တုတ်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
တုတ်ချောင်းထိပ်တွင် ပူပြင်းသည့် နေမင်းတစ်စင်းပေါ်လာသည်။
သက်ရှိအားလုံးကို လောင်ကျွမ်းပစ်နိုင်သည့် တာအိုနိယာမလှိုင်းတစ်ခု ထိုးတက်လာပြီး လုချန်ရှန်း၏ ခေါင်းအထက်တွင် လွှဲယမ်းလာသည်။
လုချန်ရှန်းမျက်တောင်ပင်မခတ်ဘဲ ဒီမြင်ကွင်းကို စိုက်ကြည့်နေသည်။
သူလက်ကိုဖြည်းဖြည်းလေးဆန့်လိုက်ပြီး ခန်းမသခင်တျန်းယန်၏ အံ့ဩနေသည့်မျက်လုံးများအောက်တွင် အားအပြည့်ရိုက်ချက်ကို လက်ဗလာနှင့် ဖမ်းကိုင်လိုက်၏။
လုချန်ရှန်း ခန်းမသခင်တျန်းယန်ကို အေးစက်စွာကြည့်ရင်း တိုးတိုးလေးပြောသည်။
"ကျုပ်မှာလည်းအကျင့်တစ်ခုရှိတယ်၊ ခင်ဗျားက ကျုပ်ထက်ပိုအားကောင်းတယ်လို့ ကျုပ်တွေးထင်မိတာနဲ့ တတ်နိုင်သမျှ အဝေးဆုံးမှာနေမှာပဲ"
"ကံဆိုးချင်တော့ ခင်ဗျားက အဲလိုလူမျိုး မဟုတ်သေးဘူး"
အပိုင်း(1207) coming။