#နတ်ဘုရားသတ်ဓားအစီအရင် ပြန်ပေါ်လာသည်#
Vol. 86 Ch. 1207
ငှက်မွှေးကဲ့သို့ ပေါ့ပါးလှသည့် လက်ဖဝါးချက်က တကယ်တမ်းတွင် ခန်းမသခင်တျန်းယန်၏ အားအပြည့်တိုက်ခိုက်မှုကို တုံ့ပြန်နိုင်သည်။
တုတ်ထိပ်က ဖျက်လိုအားကောင်းသည့် ပူပြင်းသောနေမင်းက အဝေးတစ်နေရာတွင် ရပ်နေကြသော နယ်ပယ်နိမ့်ကလူများကိုပင် သူတို့၏ ကိုယ်တွင်းအင်္ဂါအားလုံး အရည်ပျော်သွားသည့်အလား ခံစားရစေသည်။
လက်ဖဝါးကအသားနှင့် ဒီလိုအနီးကပ်ထိတွေ့မှုကတောင် ဘာဒဏ်ရာမှမရဘဲ တိုက်ခိုက်မှုကိုတောင် တားနိုင်ခဲ့တာလား!
ဒီလိုလုပ်နိုင်ခြင်းက လုချန်ရှန်း၏ခွန်အားက ခန်းမသခင်တျန်းယန်ထက် အများကြီး သာလွန်နေတာကို ညွှန်ပြနေသည်။
ခန်းမသခင်တျန်းယန် အနည်းငယ်အံ့ဩသင့်စွာပြောလာသည်။
"သေမျိုးနယ်မြေမှာ မင်းလိုလူတစ်ယောက်ရှိဦးမယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး၊ မင်းဘယ်ကလာသလဲဆိုတာ ငါမသိပေမယ့် မင်းလိုအစွမ်းထက်တဲ့လူတစ်ယောက်က ငါ့လိုလူအိုကြီးနဲ့ တိုက်ရိုက်ထိပ်တိုက်မတွေ့ဆုံသင့်ဘူး"
"မင်းအဲဒီနယ်ပယ်ကိုရောက်နေမှတော့ ငါပြောခဲ့တဲ့စကားလုံးတွေရဲ့ အဓိပ္ပ်ကို သေချာပေါက်နားလည်သင့်တယ်"
အမွေအနှစ်ဖြတ်တောက်ခံရပြီးနောက် အစစ်အမှန်နတ်ဘုရားနယ်ပယ်က မည်သူမ ဒီကမ္ဘာထဲတွင် မထွက်ပေါ်လာခဲ့ကြပေ။
တစ်ယောက်ယောက်ရှိပါကလည်း သူတို့၏အသက်ကို အထူးနည်းလမ်းများနှင့် ထိန်းသိမ်းထားပြီး ဆုပ်ကိုင်ထားရုံမျှသာ တတ်နိုင်ကြသော ရှေးခေတ်က လူများသာဖြစ်ရပေမည်။
ဥပမာပြရမည်ဆိုပါက ခန်းမသခင်တျန်းယန်ဖြစ်သည်။
ထို့နောက် သေမျိုးကျေးရွာက မစ္စတာဖြစ်သည်။
လုချန်ရှမ်းခေါင်းငဲ့ကာပြုံးသည်။
"ခင်ဗျားကျုပ်ကို နားချဖို့ကြိုးစားနေတုန်းလား၊ ကျုပ်ဘာလုပ်သင့်တယ်၊ ဘာလုပ်ရမလဲဆိုတာကို ဘယ်သူမှ ညွှန်ကြားလို့မရဘူး"
ခန်းမသခင်တျန်းယန်၏ မျက်နှာက အနည်းငယ်မှောင်မိုက်သွားသည်။
"လူငယ်လေး၊ ဒါကငါ့ရဲ့ကိုယ်ပွားလေးတစ်ခုဆိုတာ မင်းသိသင့်တယ်၊ ငါ့ရဲ့တကယ့်ကိုယ်ခန္ဓာအစစ်သာ ရောက်လာမယ်ဆိုရင် မင်း......"
သို့စေကာမူ ခန်းမသခင်တျန်းယန် စကားလုံးများကို ပြီးဆုံးအောင် မပြောနိုင်သေးခင်မှာပင် လုချန်ရှန်းစိတ်မရှည်စွာ ကြားဖြတ်ပြောလာသည်။
"ဒါဆိုဒီကို တကယ့်ခန္ဓာအစစ်နဲ့ မြန်မြန်လာတော့၊ ဒီလိုဆိုမှ နောက်ပိုင်းခင်ဗျားကို ရှာဖို့ အားထုတ်မှုကို သက်သာစေမှာပေါ့"
"ငါ့ကိုရှာမယ်" ခန်းမသခင်တျန်းယန် အံ့ဩသင့်သွားရသည်။
လုချန်ရှန်းခေါင်းညိတ်ရင်း စိတ်ပါလက်ပါပြောသည်။
"ဒါပေါ့၊ ပေါင်းပင်ရိတ်တဲ့အခါ အမြစ်ကနေ လုံး၀ဖြတ်ပစ်ဖို့လိုတယ်လေ"
လုချန်ရှန်း၏စကားလုံးများကြောင့် ခန်းမသခင်တျန်းယန်မှာ ဒေါသထွက်လွန်းသဖြင့် ဒေါသတကြီးရယ်မောသည်။
"ဒါဆို မင်းမှာဒီလိုခွန်အားမျိုး တကယ်ရှိလားဆိုတာ ဒီလူအိုကြီးကြည့်ပါရစေ"
ထိုသို့ဆိုပြီးနောက် ခန်းမသခင်တျန်းယန် ချက်ချင်းနောက်ဆုတ်သွားစဉ် တုတ်ထိပ်က တောက်ပသည့်နေမင်းက သူ့ကိုယ်ထဲတွင် စတင်စုစည်းလာသည်။
မူလကိုင်းနေပြီး ပူပြင်းသည့်နေမင်းအောက်တွင် အားနည်းအိုမင်းသည့် လက္ခဏာကို ပြသနေသောခန္ဓာက အံ့သြစရာကောင်းစွာပင် ဖြည်းဖြည်းချင်း နုပျိုလာပြီး သူ့ကျောရိုးကလည်း ဖြောင့်တန်းလာကာ မျက်နှာပေါ်က အရေးအကြောင်းများပင် တဖြည်းဖြည်းမှေးမှိန်သွားသည်။
ဆံပင်ဖြူအပြည့်ရှိနေသည့် ခေါင်းတစ်ခုလုံးက မီးတောက်နီရောင်ပြောင်းသွားပြီး ရေတံခွန်ငယ်တစ်ခုပမာ ကျောပေါ်ကနေ ကျလာသည်။
ခန်းမသခင်တျန်းယန် လုချန်ရှန်းကို အေးစက်စွာကြည့်ရင်း လက်ဖဝါးကိုဖွင့်လိုက်စဉ် တောင်ငယ်လေးကဲ့သို့ မီးလုံးများ အလျင်အမြန် စတင်ပုံပေါ်လာသည်။
၎င်းနောက် ကောင်းကင်အထက် ရှိနေစဉ် လူတိုင်းကြည့်ရန် မော့လိုက်ကြသောအခါ ကွဲအက်နေသည့်ကောင်းကင်၌ နေမင်းရာချီ ပေါ်လာသည့်အလားပင် ခံစားလိုက်ရသည်။
ခန်းမသခင်တျန်းယန်ထူးမခြားနားစွာ ပြောသည်။
"ဒါကကိုယ်ပွားတစ်ခုပဲဆိုပေမယ့် အစစ်အမှတ်နတ်ဘုရားနယ်ပယ်ကို ပိုင်ဆိုင်ထားတုန်းပဲ"
"လူငယ်လေး၊ မင်းမှာမဟာပါရမီရှိပေမယ့် မင်းကစိတ်ကြီး၀င်လွန်းတယ်"
ထိုသို့ပြောရင်း ခန်းမသခင်တျန်းယန် လုချန်ရှိရာသို့ ညင်သာစွာညွှန်လိုက်၏။
ချက်ချင်းဆိုသလို ကောင်းကင်ထက်တွင် ရှိနေသည့်ရာချီသောနေမင်းများက လုချန်ရှန်းထံ ကျဆင်းလာကြသည်။
ပြင်းထန်သောမီးတောက်များ လောင်ကျွမ်းနေသဖြင့် နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးက ဆူပွက်နေသည့်ရေနှင့် ယှဉ်နိုင်သည့်အလား ဗလောင်ဆူပွက်နေသည်။
မီးခိုးဖြူများမြင့်တက်လာပြီး ရှေးဟောင်းသစ်ပင်များလောင်ကျွမ်းကာ မြို့များက အရည်ပျော်ကျလာကြ၏။
နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးက ငရဲခန်းအလားပြောင်းသွားပုံရသည်။
လုချန်ရှန်းမော့ကြည့်လိုက်စဉ် အနီရောင်မီးအလင်းက သူ့မျက်နှာကိုနီရဲစေသော်လည်း လုချန်ရှန်းမျက်နှာ၌ ချွေးတစ်စက်မျှပင် ထွက်မလာပေ။
သူ့၀တ်စုံဖြူကို မြင့်တက်လာသည့် အပူချိန်ကြောင့် ထိခိုက်ခံရခြင်းမရှိဘဲ တလူလူလွင့်မြောနေကြ၏။
"စိတ်ကြီး၀င်တာလား" လုချန်ရှန်းပြုံးရင်း ခေါင်းခါယမ်းကာ လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။ သူ့မျက်လုံးများက ထိတ်လန့်ဖွယ်အရာ အမူအရာတစ်ခုနှင့်အတူ ကွေးညွတ်နေသည်။
လုချန်ရှန်း၏လက်ဖဝါးပေါ်၌ နိယာမစွမ်းအားက စတင်စုစည်းလာသည်။
ထို့နောက်သူပြောသည်။
"ကျုပ်ပြောခဲ့သလိုပဲ ကိုယ်ပွားဖြစ်စေ အစစ်အမှန်ခန္ဓာဖြစ်စေ ခင်ဗျားရဲ့ခွန်အားက ကျုပ်လောက်မကြီးမားသေးပါဘူး"
အစစ်အမှန်နတ်ဘုရားနယ်ပယ်က ဟွမ်ချင်းထက် အနည်းငယ်မျှသာ ပိုအားကောင်းခြင်းပင်။
လုချန်ရှန်းအတွက် သူအားအပြည့်ပင်မသုံးဘဲ ဟွမ်ချင်းကို အဆင့်ဆင့် ဖိနှိပ်ထားနိုင်သလို လိုအပ်ပါက သေခြင်းရှင်ခြင်းကိုပင် ပြုလုပ်နိုင်သည်။
သူမကို သူအလွယ်တကူ ဖိနှိပ်နိုင်သည်။
ထို့ကြောင့် သူ့မျက်လုံးထဲက အစစ်အမှန်နတ်ဘုရားနယ်ပယ်က ဘာများဆိုလိုနိုင်မည်နည်း။
ဒီစကားလုံးများကို ကြားပြီး လုချန်ရှန်း၏ လုပ်ရပ်များကို မြင်သောအခါ ခန်းမသခင်တျန်းယန်၏ မျက်နှာက အလိုမတူဘဲ မှောင်မိုက်သွားပြီး မျက်ခုံးများက လေးနက်စွာ ကွေးညွတ်သွားကြ၏။
လုချန်ရှန်း လက်ချောင်းများကို ခပ်ပေါ့ပေါ့လှုပ်ရှားလိုက်စဉ် သူ့ခေါင်းအထက်တွင် ဓားကိုးလက် ရုတ်တရက်ပျံဝဲလာသည်။
နိယာမစွမ်းအားအမျှင်စများက ဆက်လက်စုဆုံနေသည်။
ယင်တာအို!
ယန်လမ်းစဉ်!
ရှင်ခြင်းတာအိုနဲ့ ဖျက်ဆီးခြင်းတာအို!
ဒီအခိုက်အတန့်၌ ၎င်းတို့က ဓားကိုးလက်ထဲတွင် ဖြည်းဖြည်းချင်းပေါင်းစည်းသွားသည်။
ဒီတဒင်္ဂ၌ ခန်းမသခင်တျန်းယန်၏ အမူအရာက သိသိသာသာပြောင်းလဲသွားလေတော့သည်။
ဒီတာအိုနိယာမလေးမျိုးက ဒီကမ္ဘာကြီးထဲတွင် အကြီးမြတ်ဆုံးနိယာမစွမ်းအားများ ဖြစ်ကြသည်။
လူသားဘိုးဘေးများပင်လျှင် ဒီအရာတွေကို မကျွမ်းကျင်ကြပါ။
သို့သော် ၀တ်စုံဖြူနှင့်လူကရော၊ သူက လေးခုစလုံးကို တစ်ပြိုင်နက်တည်း ကျွမ်းကျင်ခဲ့သည်။
ပုံမှန်အားဖြင့် ဒီအားအကောင်းဆုံးလမ်းစဉ်များထဲက တစ်ခုကိုကျွမ်းကျင်ခြင်းကပင် အကန့်အသတ်ဖြစ်နေလေပြီ။ အကြောင်းရင်းက ၎င်းတို့က အားအကောင်းဆုံးလမ်းစဉ်များဖြစ်သည့်အပေါ် အချင်းချင်းတွန်းကန်ကြသောကြောင့်ပင်။
ဥပမာအားဖြင့် ယင်နှင့်ယန်တာအို သို့မဟုတ် ရှင်ခြင်းနှင့်ဖျက်ဆီးခြင်းတာအို!
သံလိုက်၏ အပြုသဘောနှင့် အပျက်သဘောတို့ရှိသည့်ပမာ ၎င်းတို့ကလည်း အချင်းချင်းတွန်းကန်ကြသည်။
၎င်းတို့ကိုအတင်းအကျပ် ပေါင်းစပ်ခြင်းက သေခြင်းတရားကိုသာ ရင်ဆိုင်ရပေလိမ့်မည်။
သို့စေကာမူ ခန်းမသခင်တျန်းယန်၏ မျက်လုံးထဲတွင် ဒီအကြီးမြတ်ဆုံးတာအိုနိယာမလေးခုက သိမ်မွေ့သည့် စီးကြောင်းများကဲ့သို့ ပေါင်းစပ်သွားပြီး ဧရာမမြစ်များအဖြစ် ပေါင်းစည်းသွားကြ၏။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
သူတို့၀န်းကျင်က စွမ်းအားရှင်များ ဒီမြင်ကွင်းကိုမြင်သောအခါ လုံး၀အံ့ဩကာ ထိတ်လန့်သွားကြ၏။
ဓားကိုးလက်ကထုတ်လွှတ်သည့်ဖိအားက နတ်ဘုရားများကို သုတ်သင်ပစ်သည့်အလား သူတို့ကို အသက်ရှူကျပ်စေသည်။
နတ်သခင်ဟောင်တျန်းကဲ့သို့ အစွမ်းထက်လူတစ်ယောက်ပင်လျှင် အလားတူဖြစ်သည်။
နတ်သခင်ဟောင်တျန်း ထိတ်လန့်စွာ ရေရွတ်သည်။
"စီနီယာလုရဲ့ခွန်အားက ငါမြင်ရတာထက် အများကြီးကျော်လွန်သွားလောက်ပြီ...."
သူစီနီယာ၏ တကယ့်ခွန်အားကို မှန်းဆနိုင်ခဲ့သည်ဟု ထင်ခဲ့မိသော်လည်း ယခုကြည့်ရသည်မှာ ကျယ်ပြောသည့်ကြယ်ပင်လယ်ထဲက အပိုင်းသေးလေးတစ်ခုသာ ဖြစ်ပုံရသည်။
စုန့်ရှောင်ကလည်း အသက်ပြင်းပြင်းရှုသည်။
ကြောက်စရာကောင်းသည့် တပည့်များစွာကို လေ့ကျင့်ပေးနိုင်သည့် နတ်သခင်ဟောင်တျန်းကို နတ်သခင်အဆင့်ဂိုဏ်းများအကြား စစ်ပွဲဆင်နွှဲရန်လိုအပ်လျှင်ပင် သူတို့အတွက် အများကြီးလုပ်ပေးရန် ဆန္ဒရှိသည့် လူတစ်ယောက်ကို သူတွေးနေခဲ့သည်။
ကြီးကြပ်ရေးဗိမာန်ကို ဆန့်ကျင်စော်ကားရမည်ဆိုလျှင်ပင် နတ်သခင်ဟောင်တျန်း တုံ့ဆိုင်းမနေခဲ့။
ယခုကြည့်ရသည်မှာ နတ်သခင်ဟောင်တျန်းပြောတာမှန်သည်။
ဒီလိုလူမျိုးက အသက်စွန့်စားရမည်ဆိုလျှင်ပင် ရင်းနှီးထိုက်သူပင်။ ဒီလိုလူမျိုးကသာ ကြောက်စရာကောင်းသည့် တပည့်များစွာကို လေ့ကျင့်ပေးနိုင်သည်။
မစ္စတာ၏မျက်နှာက တည်ငြိမ်နေသော်လည်း ဓားကိုးလက်ကို ကြည့်နေသည့် သူ့မျက်လုံးများက မုန်တိုင်းထန်သည့် လှိုင်းများပမာ လှုပ်ခတ်နေသည်။
ဒီခွန်အားအဆင့်.....က လူသားဘိုးဘေးတွေထက်တောင် သာလွန်နေပြီမလား!
ဒီလုချန်ရှန်းက ဘယ်ကမ္ဘာကလာတာလဲ၊ ငါဘာလို့အရင်က သူ့အကြောင်းတစ်ခါမှ မကြားဖူးရတာလဲ!
အထက်ကတစ်ယောက်ယောက်များ ဖြစ်နိုင်လား!
သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ ခန်းမသခင်တျန်းယန် ကျယ်လောက်စွာအော်ဟစ်ကာ မေးသည်။
"မင်းတကယ်ပဲဘယ်သူလဲ၊ ဒါကိုဘယ်လိုလုပ်ခဲ့တာလဲ"
လုချန်ရှန်း ခန်းမသခင်တျန်းယန်ကို ထူးမခြားနားစွာကြည့်သည်။
"ကျုပ်ဘယ်သူလဲဆိုတ။ ခင်ဗျားသိဖို့မလိုသလို ကျုပ်လည်းမပြောပြနိုင်ဘူး"
"ကျုပ်ခင်ဗျားကိုပြောချင်တာက ကျုပ်တပည့်တွေရဲ့ ကိစ္စတွေမှာ ၀င်စွက်ဖက်နေတာကနေ ရပ်ဖို့နဲ့ ကျုပ်အကြောင်းကို စုံစမ်းစစ်ဆေးဖို့ ကြိုးစားတာကိုရှောင်ဖို့ပဲ"
ဒီအချက်က တခြားသူများအတွက်လည်း ရည်ရွယ်ထားတယ်ဆိုတာ ရှင်းနေသည်။
ခန်းမသခင်တျန်းယန်ကရော၊ လုချန်ရှန်း၏ မျက်လုံးများထဲတွင် သူက သေခါနီးလူတစ်ယောက်ထက်မပိုပါ။
ဒါကိုပြောပြီးနောက် လုချန်ရှန်း၏ လက်ချောင်းများက အနည်းကယ် တုန်ယင်သွားကြ၏။
ဓားကိုးလက်က အသံဗလံများကိုထုတ်လွှတ်ရင်း အထက်ကနေကျလာသည့် နေမင်းရာချီကို ပိုင်းဖြတ်ပစ်သည်။
အေးစက်သည့်အလင်းတန်းကိုးခုက မိုးနှင့်မြေကို ခွဲပစ်သည့်အလား နေမင်းရာချီထဲတွင် ပေါက်ကွဲသွား၏။
ချက်ချင်းဆိုသလို နေမင်းတို့ကပြိုကွဲနေပြီး လေထဲတွင် တိတ်ဆိတ်စွာ ပေါက်ကွဲနေသည်။
ဒီမြင်ကွင်းကိုကြည့်ရင်း ခန်းမသခင်တျန်းယန် မသိစိတ်ကမေးလိုက်မိသည်။
"ဒီဓားချက်ကို ဘာလို့ခေါ်လဲ"
လုချန်ရှန်းခပ်ပေါ့ပေါ့ရယ်မောရင်း ပြန်ဖြေသည်။
"ခင်ဗျားသေရတော့မှာဆိုတော့ ကျုပ်ပြောပြပါမယ်"
"ဒီဓားအစီအရင်ကို 'နတ်ဘုရားသတ်' လို့ခေါ်တယ်"
အပိုင်း(1208) coming။