← Chapters

#ဟဲရှန်ကော၏ သေခြင်းတရား#

Vol. 86 Ch. 1208

#ဟဲရှန်ကော၏ သေခြင်းတရား#

Vol. 86 Ch. 1208

နတ်ဘုရားသတ်အစီအရင်လား!

ခန်းမသခင်တျန်းယန် သူနှင့် လုချန်ရှန်းကြားက ကွာဟချက်ကို ရှင်းရှင်းလင်းလင်းခံစားမိသည်။

သူမမှားပေ။ သူ့ခန္ဓာအစစ် ရောက်လာလျှင်ပင် သူသေချာပေါက် လုချန်ရှန်း၏ ပြိုင်ဘက်မဟုတ်။ 

"ဘယ်လိုနာမည်ကောင်းလဲ....၊ နတ်ဘုရားသတ်၊ ကမ္ဘာကြီးထဲက နတ်ဘုရားအားလုံးကို သတ်ဖြတ်တာပေါ့၊ ဒါပေမယ့် မင်းရဲ့ နတ်ဘုရားသတ်ဓားအစီအရင်က အဲဒီနေရာကို ရောက်တဲ့အခါ နတ်ဘုရားတွေကို သတ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်..."

ခန်းမသခင်တျန်းယန် အနည်းငယ်သက်ပြင်းချသည်။ 

သူ့ကိုယ်အနီးတွင် ဝဲလည်နေသည့် ဓားကိုးလက်ကိုကြည့်လိုက်စဉ် ဓား၏ မဟာတာအိုအနှစ်သာရကပင် သူ့ကိုယ်ခန္ဓာကို ဖြည်းဖြည်းချင်း စတင်ဆုတ်ဖြဲပစ်ရန် လုံလောက်သည်။ 

လူတစ်ယောက်က သေတော့မည့်အချိန် စိတ်ပျက်လက်ပျက်ဖြစ်နေသောအခါ သူတို့၏စိတ်က အရှင်းလင်းဆုံးဖြစ်လာတတ်သည်။ 

ခန်းမသခင်တျန်းယန် အရာတိုင်းကို ပြန်သတိရသွားစဉ် မြင်းတစ်ကောင် ပန်းခင်းကြီးကို ဖြတ်သွားစဉ် ကြည့်နေသည့်ပမာ ကြုံတွေ့ခဲ့ရသည့်အရာတိုင်းကို တွေးနေသည်။ 

သူသာ လုချန်ရှန်း၏တည်ရှိမှုကို သိပါက  ဒီလိုအစွန်းရောက်သည့်လမ်းကြောင်းကို ဘယ်လိုလုပ် ရွေးချယ်မည်နည်း။ 

မည်သည့်အတွက်ကြောင့် သူဒီအစွန်းရောက်လမ်းကြောင်းကို ရွေးချယ်ခဲ့ရလေသနည်း။ 

ခန်းမသခင်တျန်းယန်၏ အမူအရာက နားလည်သဘောပေါက်မှုကနေ လေးနက်မှုအဖြစ် ဖြည်းဖြည်းချင်းပြောင်းသွားပြီး သူ့အကြည့်က ဟဲရှန်ကောပေါ်သို့ ခိုင်မာစွာ ကျသွားသည်။ 

မှန်ပေသည်။ သူ့ကို နတ်ဆိုးဘုရင်ပိုင်နက်သို့ ခေါ်ဆောင်လာသူက ဟဲရှန်ကောဖြစ်ပြီး အခက်အခဲများကို ကျော်လွှားရန်အတွက် ဗလာနတ္ထိပုံတူကို အသုံးပြုမည့်နည်းလမ်းကို ဖြည်းဖြည်းချင်းလမ်းညွှန်ပေးခဲ့သည်။ 

"ဟဲရှန်ကော....မင်းဘယ်သူလဲ"

ဒီအခိုက်အတန့်၌ အရာတိုင်းက ရှင်းလင်းသွားပုံရသည်။ 

ခန်းမသခင်တျန်းယန်၏ စကားလုံးများကို ကြားသောအခါ လူတိုင်းကြက်သေသေသွားသည်။ 

လုချန်ရှန်းကလည်း သူ့တိုက်ခိုက်မှုကို ယာယီရပ်ပစ်ခဲ့သော်လည်း နတ်ဘုရားသတ်ဓားအစီအရင်က ခန်းမသခင်တျန်းယန်ကို ဝိုင်းရံထားဆဲပင်။ 

မစ္စတာကလည်း အနည်းငယ်မျက်မှောင်ကြုတ်ကာ ဟဲရှန်ကောကို ကြည့်လိုက်၏။ 

ဟဲရှန်ကောခွတီးခွကျရယ်မောလိုက်သည်။ 

"ခန်းမသခင်၊ ဘာပြောချင်တာလဲ၊ ကျွန်တော်ဘယ်သူလဲဆိုတာ မသိလို့လား"

ခန်းမသခင်တျန်းယန်၏ အမူအရာက တဖြည်းဖြည်းတင်းမာလာသည်။ 

"အရင်က ငါတွန့်ဆုတ်နေတုန်းပဲ၊ ငါ့ကို ဗလာနတ္ထိပုံတူကို သုံးဖို့အတွက် ဘေးကနေ ဆက်တိုက်အကြံပေးခဲ့တာ မင်းပဲလေ"

ဒါကိုကြားသောအခါ မစ္စတာကလည်း ဟဲရှန်ကောကို စိုက်ကြည့်ကာ သူ့မျက်လုံးများက အတွေးနက်နေပုံရသည်။ 

"ခန်းမသခင်၊ ကျွန်တော်နည်းလမ်းတစ်ခုပဲ အကြံပြုခဲ့တာလေ" ဟဲရှန်ကော ရိုင်းစိုင်းစွာ ရယ်မောသည်။ 

"ခန်းမသခင်မှာသာ အဲလိုစိတ်ကူးမျိုးမရှိဘူးဆိုရင် ဘာလို့ကျွန်တော့်ရဲ့ ပြုစားခြင်းကို ခံရနိုင်မှာလဲ"

ဒါကိုကြားသော် မစ္စတာနှင့် ကျန်သောသူများ တစ်ခုခုကို တွေးမိသွားကြပုံရသည်။ 

သေမျိုးနယ်မြေက အစွမ်းထက်လူအားလုံး ဗလာနတ္ထိပုံတူထဲ တွန်းပို့ခံရပါက မည်သူ အကျိုးအမြတ်ရမည်နည်း။ 

အကျိုးခံစားရသူများက ဗလာနတ္ထိပုံတူထဲသို့ ၀င်မည့်အားကောင်းသောသူများ မဟုတ်တာသေချာသည်။ 

အဖြေကပေါ်ထွက်လာလေပြီ။ 

မည်သူအကျိုးခံစားရမည်နည်း။ 

ဒါက ပြန်လာတော့မည့် ငရဲနတ်ဆိုးဒေသပေတည်း။ 

သေမျိုးနယ်မြေကို ကာကွယ်ရန်အတွက် အားကောင်းသောသူများသာ မရှိပါက ငရဲနတ်ဆိုးဒေသက သေမျိုးနယ်မြေကို အပြည့်အ၀သိမ်းပိုက်ရန်အတွက် အတားအဆီးမရှိ ၀င်လာပေလိမ့်မည်။ 

ဒါက ငရဲနတ်ဆိုးဒေသကို အရင်းအမြစ်များနှင့် အချိန်အများကြီး သက်သာစေလိမ့်မည်။ 

မစ္စတာ ဟဲရှန်ကောကို ခက်ထန်စွာ လက်ညိုးထိုးသည်။ 

"မင်းက ငရဲနတ်ဆိုးဒေသရဲ့ အကြွင်းအကျန်လား"

ဒီနေရာတွင် ဟဲရှန်ကော နောက်ထပ်ဟန်ဆောင်နေစရာမလိုတော့ဘဲ နတ်ဆိုးစွမ်းအင်နှင့်အတူ ပေါက်ကွဲသွားပြီး နှာမှုတ်သည်။ 

"ဒီလိုအားကောင်းတဲ့ အသိနဲ့ မစ္စတာက တကယ်ကို ဉာဏ်ကောင်းနေတုန်းပဲ"

ခန်းမသခင်တျန်းယန်၏ မျက်နှာကလည်း မယုံနိုင်အောင်ပင် ပျက်ယွင်းသွားခဲ့သည်။ 

လုချန်ရှန်းကရော!

လူတိုင်းကြည့်လိုက်သောအခါ လုချန်ရှန်း သူ့မူလနေရာက ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။ ဟဲရှန်ကော၏ အံ့ဩတကြီးအော်ဟစ်သံကို ကြားရသောအခါ လူတိုင်းအကြည့် အကြည့်ပို့လိုက်ကြ၏။ 

လုချန်ရှန်း ဟဲရှန်ကောရှေ့တွင် ပေါ်လာတာကို သူတို့တွေ့ရသည်။ 

လက်ချောင်းတစ်ချောင်း ညွှန်လိုက်ရုံနှင့် နတ်ဘုရားသတ်ဓားအစီအရင်ထဲက ဓားလေးလက်ထွက်လာပြီး ဓားဟိန်းသံများနှင့်အတူ ဟဲရှန်ကောထံ တိုး၀င်သွား၏။ 

ထို့နောက် လုချန်ရှန်း၏လက်ချောင်းက ဟဲရှန်ကောအနီးက အာကာသကို လုံး၀ပိတ်ဆို့ပစ်သလို နိယာမစွမ်းအားအားလုံးကိုလည်း ပိတ်ဆို့ကာ ထွက်ပြေးခြင်းကနေ တားဆီးလိုက်သည်။ 

ငရဲနတ်ဆိုးဒေသ၏ အကြွင်းအကျန်တစ်ယောက်ကို သူ့လှုပ်ရှားမှုများကို မြင်စေပြီး သူ့တည်ရှိမှုကိုသိစေကာ ဘေးကင်းစွာ ထွက်သွားခွင့် သူဘယ်လိုလုပ် ပေးနိုင်မည်နည်း။ 

နောက်ပိုင်း ငရဲနတ်‌ဆိုးဒေသသာ တိုက်ခိုက်လာပါက ရန်သူ၏သတင်းအချက်အလက်အားလုံးကို သိနေပါက လုံး၀ပြီးသွားပေလိမ့်မည်။ 

ဒီလိုဆိုပါက သူသေရလိမ့်မည်။

လုချန်ရှန်း၏လှုပ်ရှားမှုက အတော်လေးကို ပြတ်သားသည်။ 

မှန်ပေသည်။ ဟဲရှန်ကောတွင်လည်း ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိသည့်အလား လက်အစုံကိုဖြန့်ရင်း ရိုင်းစိုင်းစွာ ရယ်မောကာ နတ်ဘုရားသတ်ဓားလေးလက်ကို သူ့ကိုယ်ခန္ဓာအား ထိုးဖောက်ခွင့်ပေးထားသည်။ 

သူ့ကိုယ်ပိုင်လက္ခဏာကို ‌‌ဖော်ထုတ်ပြီးနောက်တွင် လုချန်ရှန်း၏ခွန်အားကို မြင်ရပြီးနောက် သူသေချာပေါက် မရှင်သန်နိုင်တာကို သိသည်။ 

သူ့ဝိဉာဉ်အဖျက်ဆီးမခံရခင် နောက်ဆုံးစက္ကန့်အနည်းငယ်၌ ဟဲရှန်ကော ရူးသွပ်သည့်အပြုံးတစ်ပွင့်ကို ဆင်မြန်းထားပြီး ကောင်းကင်ကိုကြည့်ကာ ရိုင်းစိုင်းစွာ ရယ်မောသည်။ 

"ငရဲနတ်ဆိုးဒေသပြန်လာဖို့ နီးစပ်နေပြီ၊ ငါ့တာ၀န်ကလည်း ပြီးသွားပြီ၊ သေမျိုးနယ်မြေက သေမျိုးတွေ၊ မင်းတို့ကတော့ စိတ်ပျက်အားငယ်မှုထဲ ခုန်ဆင်း‌ရတော့‌မယ်"

"ဗလာနတ္ထိပုံတူထဲကို မ၀င်ဘူးဆိုရင်တောင် ငရဲနတ်ဆိုးဒေသရဲ့ သံခွာအောက်မှာ အသက်ရှင်ကျန်နိုင်မှာမဟုတ်ဘူး"

ထိုစကားလုံးများ ပြောပြီးနောက်တွင် ဟဲရှန်ကောလုံး၀ဖျက်ဆီးခံလိုက်ရပြီး ဒီနေရာကနေ လုံး၀ပျောက်ကွယ်သွားရသည်။ 

ဘေးကင်းစေရန်အတွက် လုချန်ရှန်း တခြားကိုယ်ပွားများ ရှိသလားဆိုတာကို ရှာဖွေစစ်ဆေးရန်အတွက် ဝိဉာဉ်အမျှင်စတစ်ခုကို သိမ်းဆည်းထားလိုက်သည်။ 

ဒါကမူလခန္ဓာဖြစ်ကြောင်းကို အတည်ပြုပြီးနောက်မှသာ လုချန်ရှန်း ဓားအစီအရင်ကို ဖယ်ရှားလိုက်၏။ 

သို့စေကာမူ ဟဲရှန်ကော မသေခင် ပြောခဲ့သည့်စကားလုံးများကို ပြန်တွေးမိသောအခါ လုချန်ရှန်း မျက်မှောင်ထပ်ကြုတ်လိုက်မိသည်။ 

ငါ့တာ၀န်ကပြီးသွားပြီတဲ့လား!

သေသွားတယ်ဆိုတာက သတင်းအချက်အလက်ကို ထုတ်မပြောနိုင်တော့ဟု ဆိုလိုခြင်းပင်။ အထူးသဖြင့် ငရဲနတ်ဆိုးဒေသက ဖိနှိပ်ခံနေရဆဲဖြစ်ပြီး အပြင်ပကနေ ငရဲနတ်ဆိုးဒေသသို့ သတင်းအချက်အလက်များကို ပို့ရန်မဖြစ်နိုင်တော့သဖြင့် ဖြစ်နိုင်ချေတစ်ခုတည်းသာရှိသည်။ 

ဒီတာ၀န်က သေမျိုးများကိုပစ်မှတ်ထားရင်း သေမျိုးနယ်မြေတွင် ထောင်ချောက်‌တစ်ခုချထားခြင်းပင်။

သို့မဟုတ် ငရဲနတ်ဆိုးဒေသက တခြားကြံရာပါတစ်ယောက်ကို သူပြောထားပြီးလောက်ပြီ။ 

အချိန်ကျလာသောအခါ သူ့အဖော်က ငရဲနတ်ဆိုးဒေသကို သတင်းအချက်အလက် ပို့နိုင်သည်။ 

တစ်ခဏအကြာတွင် လုချန်ရှန်းနောင်တရသွားသည်။ သူစိတ်ဝိဉာဉ်ရှာဖွေခြင်းနည်းစနစ်ကို အရင်သုံးခဲ့သင့်သည်။ 

ဒီအခိုက်အတန့်မှာပင် မစ္စတာ အနားတိုးလာပြီးပြောသည်။ 

"လု....တာအိုမိတ်ဆွေလေး"

သူ့ကိုစီနီယာဟုခေါ်ရမလား၊ သို့မဟုတ် တာအိုမိတ်ဆွေလေးဟု ခေါ်ရမလားဆိုသည့် အချက်အပေါ် တွန့်ဆုတ်နေပုံရသည့် မစ္စတာပြောလာသည်။ 

"ဒီလိုဆိုမှတော့ ဒီတစ်ကြိမ် တျန်းယန်ကို အလွတ်ပေးလို့ရနိုင်မလား"

"သူလှည့်စားခံခဲ့ရတာပါ၊ ဒါ့အပြင် ငရဲနတ်ဆိုးဒေသကလည်း ချဉ်းကပ်လာနေပြီဆိုတော့ ငါတို့နောက်ထပ်တိုက်ခိုက်ရေးသမားတွေ ဆုံးရှုံးဖို့ မတတ်နိုင်တော့ဘူး"

သို့စေကာမူ လုချန်ရှန်းခေါင်းခါယမ်းသည်။ 

"သူကငရဲနတ်ဆိုးဒေသရဲ့ အကြွင်းအကျန်ဆိုပေမယ့် သူပြောတဲ့တစ်ချက်က မမှားပါဘူး"

"နှလုံးသားထဲမှာ ဒီလိုအတွေးမျိုး ရှိမနေဘူးဆိုရင် ဘယ်လိုလုပ်လွှမ်းမိုးခံရမှာလဲ"

"ဒီဖြစ်ရပ်က သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်ဆိုတာကို ပြသနေတာပဲ"

လူအုပ်စုကစိတ်ရှုပ်ထွေးသွားသည်။ သေမျိုးနယ်မြေ၏ အင်အားစုများကို ထိန်းသိမ်းရန်အတွက် ရည်ရွယ်ထားသည့် ခန်းမသခင်တျန်းယန်တွင် မကောင်းသည့် အတွေးများ ဘယ်လိုလုပ်ရှိနိုင်မည်နည်း။ 

သို့စေကာမူ မစ္စတာ အရင်ဆုံးနားလည်းသွားပြီး တုံ့ဆိုင်းနေသော်လည်း နက်ရှိုင်းစွာသက်ပြင်းချရင်း ဘာတစ်ခုမှမဆိုတော့ဘဲ ခေါင်းညိတ်လိုက်လေသည်။ 

စုန့်ရှောင် စိတ်ရှုပ်ထွေးစွာမေးသည်။ 

"သူ့မှာဘယ်လိုလုပ် မကောင်းတဲ့ရည်ရွယ်ချက်တွေရှိရတာလဲ"

နတ်သခင်ဟောင်တျန်းကလည်း သက်ပြင်းချသည်။ 

"တကယ်လို့အားကောင်းပြီး ပါရမီရှိတဲ့လူတိုင်းကို ဗလာနတ္ထိပုံတူထဲ ထည့်လိုက်မယ်ဆိုရင် ဗလာနတ္ထိပုံတူကို အဆုံးမှာ ဘယ်သူထိန်းချုပ်မှာလဲ"

ဒါကိုကြားသောအခါ စုန့်ရှောင် ရုတ်တရက် သဘောပေါက်သွားရသည်။ 

ဗလာနတ္ထိပုံတူကို ခန်းမသခင်တျန်းယန် ထိန်းချုပ်ပေလိမ့်မည်။ 

ဒီလိုဆိုပါက အထဲကလူတိုင်း၏ ကံကြမ္မာက ခန်းမသခင်တျန်းယန်လက်ထဲသို့ ကျသွားမည်ဖြစ်ကာ သူ့အမိန့်များကို မှီခိုရပေလိမ့်မည်။ 

ဆိုရိုးစကားတစ်ခုရှိသည် မဟုတ်ပေလော။

နတ်ဘုရားများက လောဘမကြီးဘူးဆိုပါက မည်သည့်အတွက်ကြောင့် အနည်းငယ် မလေးမစားလုပ်တာလေးကိုပင် သည်းမခံနိုင်ရလေသနည်း။ 

နတ်ဘုရားများသာ မကောက်ကျစ်ပါက မည်သည့်အတွက်ကြောင့် မရေမတွက်နိုင်လောက်သည့် အသက်များ၏ ကံကြမ္မာကို သူတို့လက်ထဲတွင် ဆုပ်ကိုင်ထားရလေသနည်း။ 

ဒါကအကြောင်းပြချက်ပင်။ 

ဒါက ခန်းမသခင်တျန်းယန်၏ မကောင်းသည့်အတွေးပေတည်း။ 

လုချန်ရှန်း မစ္စတာကို ကြည့်လိုက်၏။ 

"ငရဲနတ်ဆိုးဒေသက နှလုံးသားကို ဖမ်းစားရာမှာ ကျွမ်းကျင်တယ်ဆိုတာ ခင်ဗျားသိပါတယ်၊ တျန်းယန်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ဖုံးကွယ်ထားတော့ သူ့ကို မသတ်ဘူးဆိုရင် သူပြန်ပြောင်းသွားနိုင်တဲ့ အခွင့်အရေးဆိုတာ အမြဲရှိတယ်"

ဒါကိုကြားသော် ခန်းမသခင်တျန်းယန်ကလည်း ခါးသီးသည့်အပြုံးနှင့်အတူ ‌ခေါင်းခါယမ်းသည်။ 

"မင်းပြောတာမှန်ပေမယ့် ငါကကိုယ်ပွားတစ်ခုသာသာပါပဲ၊ ငါမင်းကို ငါ့ရဲ့ခန္ဓာအစစ်ကို မတွေ့စေချင်ဘူးဆိုရင် မင်းဘယ်လိုရှာနိုင်မှာလဲ"

သို့စေကာမူ လုချန်ရှန်းပြုံးသည်။ 

"ဒါကိုစိတ်ပူနေစရာမလိုပါဘူး"

ဒီနေရာတွင် ဓားတစ်လက်က လုချန်ရှန်းလက်ထဲတွင် ပေါ်လာသည်။ 

ဒီဓားက စည်းမျဉ်းအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ပုံရသည်။ 

"ရှေးဦးမူလ....ပြောင်းပြန်ဓား"

အပိုင်း(1209) coming။ 

All Chapters