#တျန်းယန်ကိုသတ်ခြင်း#
Vol. 86 Ch. 1209
ရှေးဦးမူလ၊ ပြောင်းပြန်ဓား!
အရင်က လုချန်ရှန်း နတ်ဆိုးနက်နဂါးကို သတ်ရန်အတွက် အင်မော်တယ်၀င်ပေါက်တွင် ဒီဓားကို အသုံးပြုဖူးသည်။
နတ်ဆိုးနက်နဂါးက ဝိဉာဉ်ခန္ဓာအမျှင်စလေးတစ်ခုနှင့် ပေါ်လာသော်လည်း လုချန်ရှန်း၏ ပြောင်းပြန်ဓားနှင့်အတူ ပင်မခန္ဓာကပါ အသတ်ခံရသည်။
ကိုယ်ပွားတစ်ခုက တည်ရှိနေရန်အတွက် မူလခန္ဓာ၏ ဝိဉာဉ်အမျှင်စလေးတစ်ခုကို လိုအပ်သဖြင့် ပြောင်းပြန်ဓားက ကိုယ်ပွားများကိုလည်း ထိရောက်သည်။
ဒီထိတွေ့နိုင်သည့်ဓား လုချန်ရှန်းလက်ဖဝါးပေါ်၌ ပေါ်လာသောအခါ ခန်းမသခင်တျန်းယန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
ဒီဓားကဘာအတွက်လဲဆိုတာ သူအာရုံမခံနိုင်သော်လည်း ပေါ်လာသည့်အခိုက်အတန့်၌ သေခြင်းတရားဆန္ဒတစ်ခု၏ ခုန်ပေါက်မှုကို ချက်ချင်းခံစားရသည်။
ကိုယ်ပွားတစ်ခုက ယခုလို သေလုမြောပါးခံစားချက်တစ်ခုကို မခံစားရသင့်ပေ။
မစ္စတာကလည်း ထိတ်လန့်နေပုံရပြီး လုချန်ရှန်းလက်ထဲက ဓားကို အလွန်အမင်း လေးနက်သည့် အမူအရာဖြင့် ကြည့်နေသည်။
ခန်းမသခင်တျန်းယန် ပူပန်စွာ အော်ဟစ်လိုက်သည်။
"ဒီဓားကဘာလဲ"
လုချန်ရှန်း မျက်ခုံးပင့်ကာ ခန်းမသခင်တျန်းယန်ကို ကြည့်ရင်း သူ့မျက်လုံးများက တည်ငြိမ်နေပြီး အသံကမူ အလွန်အမင်း အေးစက်နေသည်။
"ဒီဓားလား၊ ဒီဓားက စိတ်ဝိဉာဉ်တွေကို ခြေရာခံနိုင်တယ်"
စိတ်ဝိဉာဉ်တွေကို ခြေရာခံနိုင်တာလား!
ခန်းမသခင်တျန်းယန် နှလုံးသားထဲက မသက်မသာခံစားချက်ကို အတည်ပြုနိုင်ခဲ့သည်။
ဒါပေမယ့်ဒါက နည်းနည်းမယုံနိုင်စရာကောင်းလွန်းတယ်မလား!
အားလုံးထိတ်လန့်သွားကြ၏။
ဒါက စိတ်၀ိဉာဉ်အမျှင်စတစ်ခု ရှိနေသရွေ့ ဒီဓားချက်တစ်ချက်က ကိုယ်ပွားနှင့် ပင်မခန္ဒာနှစ်ခုစလုံးကို အမြစ်ဖြတ်ပစ်နိုင်တယ်လို့ ဆိုလိုနေတာမလား!
ခန်းမသခင်တျန်းယန် ကံတရားအပေါ် ယုံကြည်ခြင်းမရှိတော့။
သူ့ပုံရိပ်က လင်း၀င်းသွားပြီး ထိုနေရာကနေ ပျောက်ကွယ်သွားကာ နတ်ဆိုးဘုရင်ပိုင်နက်အပြင်ဘက်သို့ ထွက်ပြေးလေတော့သည်။
သူ့ဝိဉာဉ်ကိုပင် လောင်ကျွမ်းစေပြီး အစွမ်းကုန်ထွက်ပြေးနေလေရာ သူ့အမြန်နှုန်းက ပေါက်ကွဲတိုးလာခဲ့သည်။
သို့သော် လုချန်ရှန်းအလျင်လိုခြင်းမရှိဘဲ ခန်းမသခင်တျန်းယန် စိတ်ပျက်အားငယ်စွာ ထွက်ပြေးနေတာကို လှောင်ပြောင်နေသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။
သူနတ်ဆိုးဘုရင်ပိုင်နက် ထွက်ပေါက်ကို ရောက်လာသောအခါ မမြင်ရသည့်အတားအဆီးတစ်ခုနှင့် ထိပ်တိုက်တိုက်မိသဖြင့် မိုးကြိုးသံကဲ့သို့ အသံတစ်သံထွက်လာသည်။
အရင်က လုချန်ရှန်း နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံစေသည့် အစီအရင်တစ်ခုကို တိတ်တိတ်လေးဖန်တီးခဲ့သည်။
ရုပ်ခန္ဓာက လွတ်မြောက်နိုင်မည်မဟုတ်သလို ရုပ်ခန္ဓာကိုစွန့်လွှတ်ပြီး စိတ်ဝိဉာဉ်အဖြစ် ထွက်ပြေးရန်ဆိုတာကလည်း လုံးဝမဖြစ်နိုင်ပါ။
လုချန်ရှန်း၏ခွန်အားထက် မကျော်လွန်သရွေ့ ဒါကဖြစ်လာမည်မဟုတ်။
သို့သော် ခန်းမသခင်တျန်းယန် ဘာမှလုပ်နိုင်စွမ်းမရှိတာ ရှင်းနေသည်။
ခန်းမသခင်တျန်းယန် ရှေ့က အတားအဆီးကို တိုက်ခိုက်မှုမျိုးစုံနှင့် အရူးအမူးဗုံးကြဲတိုက်ခိုက်နေသော်လည်း လှိုင်းသေးသေးလေးတစ်ခုပင် မထွက်ပေါ်လာပေ။
မျှော်လင့်ချက်မရှိတော့တာကို မြင်ရသောအခါ ခန်းမသခင်တျန်းယန်လှည့်လာပြီး လုချန်ရှန်းကို တောင်းပန်သည်။
"တာအိုမိတ်ဆွေလေး....မဟုတ်ဘူး၊ စီနီယာ၊ ငါအမှားတွေကိုသိပါပြီ၊ ကျေးဇူးပြုပြီး ငါ့အသက်ကို ချန်ထားပေးပါ"
"ဒါ့အပြင် ငရဲနတ်ဆိုးဒေသကလည်း ချဉ်းကပ်လာနေပြီမို့ ငါ့ရဲ့ဟောင်နွမ်းစုတ်ပြတ်သတ်နေတဲ့ခန္ဓာက နောက်ဆုံးမှာ နည်းနည်းတော့အသုံး၀င်လာမှာပါ"
လုချန်ရှန်း မလှုပ်မယှက်ရှိနေတာကို မြင်ရသောအခါ ခန်းမသခင်တျန်းယန် မစ္စတာကို လှမ်းကြည့်ပြီး သူ့အသံက အလောတကြီး ဖြစ်နေသည်။
"စီနီယာ၊ ကျုပ်အမှားတွေကို ၀န်ခံပါတယ်၊ ကျုပ်ကိုယ်စားတောင်းပန်ပေးဖို့ တောင်းဆိုပါတယ်"
မစ္စတာ အားကိုးရာမဲ့စွာ သက်ပြင်းချရင်း ခေါင်းခါယမ်းသည်။
"မင်းအမှားလုပ်မိရင် အကျိုးဆက်ကို ရင်ဆိုင်ရမယ်၊ ဒါ့အပြင် တာအိုမိတ်ဆွေလေးခု အခုပြောတာတွေကလည်း အဓိပ္ပာယ်ရှိပါတယ်၊ ဒီတော့....."
ခန်းမသခင်တျန်းယန်၏မျက်နှာက စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေပြီး ရုတ်တရက် သူလက်မောင်းကို ဆတ်ခနဲ့လွှဲယမ်းကာ ဒေါသတကြီးအော်ဟစ်သည်။
"ငါမှားခဲ့ရင်တောင် အားလုံးက သေမျိုးနယ်မြေအတွက်ပဲ"
"ဒါ့အပြင် ငါ့ကိုလမ်းလွှဲစေတာက အဲဒီကလိမ်ကကျစ်ရဲ့ လှည့်စားမှုသက်သက်ကြောင့်ပဲ၊ ဒီအတွက် ငါတကယ်ပဲ သေဖို့ ထိုက်တန်လား"
ခန်းမသခင်တျန်းယန်မှာ ရှေးခေတ်ကတည်းက အထူးနည်းလမ်းများနှင့် ရှင်ကျန်ခဲ့လေရာ သေခြင်းတရားကို ကြောက်ပေသည်။
ခန်းမသခင်တျန်းယန်၏ အော်ဟစ်သံကို ကြားသောအခါ မစ္စတာထပ်မံခေါင်းခါယမ်းရင်း ဘာတစ်ခုမှမပြောတော့။
လုချန်ရှန်း၏မျက်ခုံးများ အနည်းငယ်ကျုံ့သွားသည်။
"ကြည့်ရတာ ခင်ဗျားရဲ့အမှားကို အခုထိ သဘောမပေါက်သေးဘူးနဲ့တူတယ်"
ထိုသို့ဆိုပြီးနောက် လုချန်ရှန်း ပြောင်းပြန်ဓားကိုကိုင်ရင်း ခန်းမသခင်တျန်းယန်ထံ လွှဲယမ်းလိုက်လေသည်။
ချက်ချင်းဆိုသလို နိယာမစွမ်းအားနှင့် ပြည့်နှက်နေသည့် ပြောင်းပြန်ဓားမှာ ခန်းမသခင်တျန်းယန်အား ပိုင်းဖြတ်ပစ်သည်။
၎င်းဖြတ်သွားသည့်နေရာတိုင်းတွင် အားကာသကို ထိုးဖောက်ခြင်းမရှိဘဲ အံ့ဩဖွယ်ရာတိတ်ဆိတ်နေသော်လည်း ဒီတည်ငြိမ်မှုက ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းသည့် တည်ငြိမ်မှုတစ်ခုပင်။
တည်ငြိမ်မှုအထဲတွင် နိဗ္ဗာန်ဖျက်ဆီးခြင်း အသိအာရုံတစ်ခုပါ၀င်သည်။
သူ့ထံဖြည်းဖြည်းချင်း ပိုင်းဖြတ်လာနေသည့် ပြောင်းပြန်ဓားကို ကြည့်ရင်း ခန်းမသခင်တျန်းယန်၏ အမူအရာများက ထိတ်လန့်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။
"ရွေ့.....မြန်မြန်ရွေ့"
သူ့ကိုယ်ခန္ဓာကို ရွေ့ရန် သူအသည်းအသန် ကြိုးစားသော်လည်း သူ့ခန္ဓာက သူ့ကို နာမခံသည့်အလား လက်ချောင်းထိပ်လေးကိုပင် မလှုပ်ရှားနိုင်ပေ။
ပြောင်းပြန်ဓားက သူ့ကိုပိတ်ဆို့ထားသည့်အသွင်။
ခန်းမသခင်တျန်းယန်၏ ကျဉ်းမြောင်းနေသည့် မျက်သူငယ်များကြားမှ မျက်လုံးများက ပြူးကျယ်နေပြီး ပြောင်းပြန်ဓား သူ့အမြင်ထဲတွင် တဖြည်းဖြည်းကြီးထွားလာတာကို ကြည့်နေသည်။
ရွီး.......!
ဓားက မျက်ခုံးကြားသို့တိုက်ရိုက် ထိုးဖောက်သွား၏။
ခန်းမသခင်တျန်းယန်၏မျက်နှာက တင်းမာသွားပြီး အသက်ရှူသံက ရေကဲ့သို့ စီးဆင်းသွားသည်။
အတိမည်းနက်နေသည့် ခန်းမတစ်ခုထဲတွင် အဖိုးအိုတစ်ဦး ခန်းမအလယ်၌ ခြေချင်းခတ်ထိုင်နေသော်လည်း ဒီအခိုက်အတန့်၌ သူရုတ်တရက် မျက်လုံး ပြူးကျယ်စွာဖွင့်လိုက်မိပြီး စကားတစ်ခွန်းပင် မပြောနိုင်တော့။
သူ့မျက်သူငယ်အိမ်များက တဖြည်းဖြည်း အာရုံစိုက်မှုကို ဆုံးရှုံးသွားပြီး ဝိဉာဉ်အော်ရာကလည်း စတင်ပျောက်ကွယ်လာသည်။
အဆုံးတွင် မယုံနိုင်ဖွယ်ရာအမူအရာတစ်ခုနှင့်အတူ သူကြမ်းပြင်ပေါ်လဲကျသွားရသည်။
ကြီးကြပ်ရေးဗိမာန်၏ ခန်းမသခင်တျန်းယန်က ချက်ချင်းသေဆုံးသွားခဲ့ရသည်။
လုချန်ရှန်းကလည်း ဒါကိုအာရုံခံမိပုံရပြီး လက်ဝှေ့ယမ်းလိုက်စဉ် ကောင်းကင်ကနေ လွတ်လွတ်လပ်လပ် ကျဆင်းလာသည့် ခန်းမသခင်တျန်းယန်၏ အလောင်းကို မီးမြိုက်ပစ်လိုက်သည်။
လူအုပ်စုကြီးက ဒီမြင်ကွင်းကိုကြည့်ရင်း သူတို့ပါးစပ်များက ဟောင်းလောင်းပွင့်နေပြီး မျက်နှာများကမူ ထိတ်လန့်မှုနှင့် ပြည့်နှက်နေကြ၏။
အစစ်အမှန်နတ်ဘုရားနယ်ပယ်စွမ်းအားရှင်.....!
ကြီးကြပ်ရေးဗိမာန်ရဲ့ ခန်းမသခင်!
သူ ဒီလိုနဲ့ သေသွားပြီလား!
ဒီလူက အဆင့်မြင့်ကြယ်နယ်မြေတွင် အမြင့်ဆုံးနေရာတွင် ရပ်တည်နေသည့် သူတစ်ယောက်ပေတည်း။
နတ်သခင်ဟောင်တျန်း ခေါင်းခါယမ်းကာ သနားသည့်အသွင် ရယ်မောလိုက်၏။
ကြည့်ရသည်မှာ သူ့အမြင့်က အတော်လေးကျဉ်းမြောင်းနေသေးသည်။
မဟာအကြီးအကဲ တုံ့ချန်၀မ်ကမူ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေသည်။
သူ့ကိုစိတ်လှုပ်ရှားစေတာက သူတို့၏ ဟောင်တျန်းနတ်ဂိုဏ်းက လုချန်ရှန်းဆိုသော သင်္ဘောပေါ် တက်နင်းခဲ့သောကြောင့်ပင်။
ဒီလိုခွန်အားမျိုးနှင့်ဆိုပါက လုချန်ရှန်း အတိတ်ခံစားချက်များကို တစ်ခဏမျှ စဉ်းစားနေသရွေ့ သူတို့ဟောင်တျန်းနတ်ဂိုဏ်းက သေမျိုးနယ်မြေတွင် တန်းတူမရှိဘဲ ပြိုင်ဘက်ကင်းစွာ အမြင့်ဆုံးတွင် ရပ်တည်နိုင်ပေသည်။
ဒါ့အပြင် ပိုမြင့်မားသည့်အမြင့်ကို ရောက်ရန်အတွက်ပင် အခွင့်အရေးရှိပြီး မြင့်မားသည့်တောင်များကို တက်ကာ အထက်က ရှုခင်းကိုပင်မြင်နိုင်သည်။
ယဲ့ချိုးပိုင်ဘေးတွင်ရပ်နေသည့် စုန့်ရှောင် လုချန်ရှန်းကို လက်ညိုးထိုးပြသည်။
"မင်းဆရာက နည်းနည်းစွမ်းအားကြီးလွန်းမနေဘူးလား"
ယဲ့ချိုးပိုင်အပြုံးဖြင့် ပြန်ဖြေသည်။
"ဆရာကအမြဲဒီလိုအားကောင်းတာ၊ ငါတို့တောင် ဆရာ စွမ်းအားအပြည့်သုံးတာကို တစ်ခါမှ မမြင်ဖူးဘူး"
စုန့်ရှောင်၏မျက်လုံးများက ပြူးကျယ်သွားပြီးနောက် ခါးသက်သောအပြုံးဖြင့် ခေါင်းခါယမ်းသည်။
"မင်းတို့လိုမွန်းစတားတွေကို သူလေ့ကျင့်ပေးနိုင်တာ အံ့ဩသင့်စရာ မရှိတော့ပါဘူး၊ အခုတော့ အဓိပ္ပာယ်ရှိသွားပြီ၊ ဒီလိုဆရာတစ်ယောက်ရှိနေတာက အရာအားလုံးကို ရှင်းပြလိုက်ပြီ"
ဒီအခိုက်အတန့်၌ ယဲ့ချိုးပိုင် ၀တ်စုံဖြူစစ်ဆေးသူများကို မော့ကြည့်ကာ ရိုးစင်းသည့်အမူအရာဖြင့် လက်ချောင်းကို လှုပ်လိုက်စဉ် သူတို့အားလုံးကို ပန်းကန်ခွက်များ ကောက်ကိုက်နေသည့်အလား ကောက်ကိုင်သတ်ပစ်လိုက်သည်။
မစ္စတာအမြန်မေးသည်။
"တျန်းယန်သေသွားပြီလေ၊ ဘာလို့ဒီစစ်ဆေးသူတွေကို သတ်ရတာလဲ"
လုချန်ရှန်း တည်ငြိမ်စွာအဖြေပေးသည်။
"ရိုးရှင်းပါတယ်၊ ငရဲနတ်ဆိုးဒေသရဲ့ အကြွင်းအကျန်က ကြီးကြပ်ရေးဗိမာန်အတွင်းမှာ ပေါ်လာတာမို့ သူတို့ထဲမှု ပူးပေါင်းသူထပ်ရှိမရှိဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူး၊ သူတို့ကိုသတ်ပစ်တာက အရိုးရှင်းဆုံးနည်းလမ်းပဲ"
ဒါကိုကြားသောအခါ မစ္စတာခေါင်းညိတ်သည်။
ဒါကအဓိပ္ပာယ်ရှိပါသည်။
ယခု စိတ်အဖိစီးဆုံးက မည်သူနည်း။
သဘာ၀အတိုင်းပင် ထိုသူက မိုဂျီပေတည်း။
ရှောင်ဟိုင်နောက်ကွယ်က ဆရာက ကြီးကြပ်ရေးဗိမာန်၏ ခန်းမသခင်ကိုပင် ချေမွသတ်ပစ်နိုင်သည်။ သူတို့ကို ကိုင်တွယ်တာက ကိတ်မုန့်စတစ်ခုပမာ အရမ်းလွယ်လွန်းမည်သာ။
ဒီနေရာတွင် ရှောင်ဟိုင်ပျက်စီးနေသည့် မြို့ရိုးပေါ်ထရပ်ရင်း မိုဂျီကို အေးစက်စွာ စိုက်ကြည့်ကာပြောသည်။
"ပြင်ပဂိုဏ်းတွေကို ဖယ်ရှားလိုက်ပြီးပြီ၊ အခုငါတို့ကြားက ကိုယ်ရေးကိုယ်တာ လက်စားချေရမယ့်အချိန်ပဲ"
လုချန်ရှန်းဒီမြင်ကွင်းကို သတိထားမိသော်လည်း မလှုပ်ရှားပေ။
ဒါကရှောင်ဟိုင်၏ကိုယ်တွင်းနတ်ဆိုးဖြစ်လေရာ သူ့ကိုယ်တိုင်ဖြေရှင်းရန်လိုအပ်သည်။
ဒါကိုကြားသောအခါ မိုဂျီ၏မျက်နှာက အသည်းရောင်ပြောင်းသွားသည်။
နိုင်မလား၊ ရှုံးမလားဆိုတာအတွက် မေးခွန်းမရှိ။
သူရှောင်ဟိုင်ကို ကံကောင်းစွာ အနိုင်ယူနိုင်ခဲ့လျှင်ပင် သူ့ဆရာက ဒီနေရာတွင် ရပ်နေသေးသည်။
သူ့ဆရာက ဘာမှမလုပ်ဘဲရပ်ပြီး ရှောင်ဟိုင်အသတ်ခံရတာကို ကြည့်နေမည်လား။
အဆုံးတွင် ဘာပဲဖြစ်လာပါစေ သေရမည့်သူက သူဖြစ်နေဆဲပင်။
သို့သော် မိုဂျီကံစမ်းချင်သေးသဖြင့် လုချန်ရှန်းကို ကြည့်ကာမေးလိုက်သည်။
"စီနီယာ၊ ဒါက ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာအငြိုးပဲ၊ ခင်ဗျား၀င်မစွက်ဖက်လောက်ပါဘူးနော်"
အပိုင်း(1210) coming။