← Chapters

#နတ်ဆိုးဘုရင်ပိုင်နက် လက်ပြောင်းပြီ#

Vol. 86 Ch. 1210

#နတ်ဆိုးဘုရင်ပိုင်နက် လက်ပြောင်းပြီ#

Vol. 86 Ch. 1210

မိုဂျီ၏စကားလုံးများကို ကြားသောအခါ လုချန်ရှန်းလက်ဝှေ့ယမ်းသည်။ 

"ငါသေချာပေါက်လှုပ်ရှားမှာ မဟုတ်ဘူး"

ဒီတုံ့ပြန်မှုအပေါ် မိုဂျီအတော်လေး ၀မ်းသာသွားရသည်။ 

"ဟုတ်တာပေါ့၊ သူတကယ်ပဲ မင်းသတ်တာကို ခံရတော့မယ်ဆိုရင်တော့ သူ့ဆရာအနေနဲ့ ငါဂရုမစိုက်ဘဲကြည့်နေလို့မရဘူးလေ၊ ဒါက လူ့သဘာ၀ပဲ၊ မင်းနားလည်တယ်မလား"

လုချန်ရှန်းမျက်နှာပေါ်က အပြစ်ကင်းစင်သည့် အမူအရာကို ကြည့်ရင်း မိုဂျီ လုံလောက်အောင် အားကောင်းခဲ့ပါက ဖြတ်ရိုက်ပစ်ချင်စိတ်ပင် ပေါ်လာသည်။ 

ဒါကအရမ်းဉာဏ်ရွှင်လွန်းမနေဘူးလား!

ရှောင်ဟိုင် လက်မောင်းကိုယမ်းကာ ပြုံးသည်။ 

"ဆရာ၊ ဆရာလှုပ်ရှားစရာမလိုပါဘူး၊ အပြင်ပဂိုဏ်းတွေကို ဖြေရှင်းပေးပြီး နတ်ဆိုးဘုရင်ပိုင်နက်မှာ ရှိနေသရွေ့ ဒီလူတွေကို ကျွန်တော်ကိုင်တွယ်နိုင်ပါတယ်၊ မဟုတ်ရင် ဆရာ့ရဲ့တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး"

လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။ 

"မင်းကအခုယုံကြည်မှုပြည့်၀‌နေတာပဲ၊ မင်းချက်ပြုတ်တာကို သင်ယူတဲ့အချိန် ဒီလိုယုံကြည်မှုမျိုးရှိရင် အရမ်းကောင်းမှာ"

ဒါကိုကြားသော်လည်း ရှောင်ဟိုင်၏ အမူအရာက ပြောင်းလဲမသွားပေ။ 

ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှီရှန်း၊ မုဖူရှန်းနှင့် မု၀မ်အာတို့ ချက်ချင်းဖြူရော်သွားကြ၏။ 

ဖန်ချန်းတစ်ယောက်တည်းသာလျှင် စိတ်ရှုပ်ထွေးနေသည်။ 

"ဘာမှားလို့လဲ၊ စီနီယာအစ်ကိုရှောင်ဟိုင်ချက်ပြုတ်တာက တကယ်ပဲ ဒီလောက်ထိ ဆိုးလို့လား"

မု၀မ်အာ ဖန်ချန်းပခုံးကိုပုတ်ရင်း သူမအသံက လေးနက်နေသည်။ 

"ဒါကအတော်အသင့်ပါပဲ၊ အချိန်ကျလာတဲ့အခါကျရင် နင်ကြိုးစားကြည့်လို့ရပါတယ် ဂျူနီယာမောင်လေးဖန်"

စမ်းကြည့်လိုက်တာနဲ့ နင်ရှော့သွားလိမ့်မယ်!

ဖန်ချန်းခေါင်းကုတ်ရင်း ရယ်မောသည်။ 

"ဒါက ထမင်းပွဲတစ်ပွဲပဲလေ၊ ဘယ်လောက်ဆိုးနိုင်မှာမို့လို့လဲ၊ အဆိုးဆုံးဖြစ်နေရင်တောင် ကျွန်တော် အစ်ကိုရှောင်ဟိုင်ကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ပေးပါမယ်"

ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့၏ မျက်နှာများက လင်း၀င်းသွားကြပြီး ဖန်ချန်းကို လက်မထောင်ပြကြသည်။ 

"ဘုရားသခင်စေလွှတ်လိုက်တဲ့ သူရဲကောင်းပဲ"

ဖန်ချန်း "......"

ဒီအချိန်တွင် ရှောင်ဟိုင် မိုဂျီထံ တိုက်ရိုက် ပြေး၀င်သွား၏။ 

နတ်ဆိုးဘုရင်ချပ်၀တ်ကို ၀တ်ဆင်ရင်း ထာ၀ရနတ်ဆိုးခန္ဓာကို အပြည့်အ၀ထုတ်လွှတ်လိုက်စဉ် သွေးကြောစွမ်းအားက ရှောင်ဟိုင်ကိုယ်တစ်ဝိုက်တွင် လည်ပတ်ရင်း သူမိုဂျီမျက်နှာအား ထိုးနှက်လိုက်သည်။ 

သွေးကြောစွမ်းအား၏ ဖိအားက မိုဂျီကို လုံး၀ချုပ်တည်းခံထားရသည့်ပမာ ခံစားရစေသည်။ ရှောင်ဟိုင်ပြေး၀င်လာတာကို မြင်ရသောအခါ သူတခြားဘာကိုမှ မစဉ်းစားတော့ဘဲ ကျယ်လောင်စွာအော်ဟစ်ရင်း ပြေး၀င်သွား၏။ 

"အရင်က ကိုယ်ပွားလေးသာသာပါပဲ၊ အခုငါ့ရဲ့ခန္ဓာအစစ်နဲ့ တိုက်ခိုက်နေပြီဆိုတော့ မင်းတကယ်ပဲ ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ကြည့်ကြတာပေါ့"

ခန္ဓာကျင့်ကြံသူများအကြားက တိုက်ပွဲများက မကြာခဏဆိုသလို ရက်စက်ကြမ်းတမ်းသည်။ 

မိုဂျီနှင့် ရှောင်ဟိုင်တို့၏ လက်သီးချက်များက အလျင်အမြန်ပင် စုဆုံသွားကြ၏။ 

လက်သီးချက်များ ထိတွေ့မှုကြားကနေ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံ ထွက်လာသည်။ 

သို့စေကာမူ မိုဂျီ၏ အမူအရာက ရုတ်တရက်ပြောင်းသွားသည်။ ရှောင်ဟိုင်၏စွမ်းအားက သူ့ကိုယ်ထဲသို့ ရက်စက်သည့်ကျားတစ်ကောင်ပမာ တိုး၀င်လာတာကို သူခံစားရသည်။ 

ဒီစွမ်းအားက အတော်လေးလွှမ်းမိုးထားပြီး သူ့တွင် ရင်ဆိုင်ရန် အခွင့်အလမ်းမရှိပါ။ 

သူတို့ထိပ်တိုက်တွေ့ဆုံသည့်ကာလလေးမှာပင် မိုဂျီ၏ကိုယ်က အမြောက်ဆံတစ်ခုပမာ နောက်သို့ လွင့်စင်သွားလေတော့သည်။ 

ရှောင်ဟိုင်ပြုံးရင်း သူ့ကိုယ်ခန္ဓာကရပ်မသွားဘဲ မိုဂျီလွင့်စင်သွားရာနေရာသို့  ဆက်လက်လိုက်ဖမ်းသည်။ 

"ဒါပဲလား၊ ဒီလောက်အကြာကြီးကျင့်ကြံထားတာတောင် မင်းကဘာတိုးတက်မှုမှ မရှိသေးပုံပဲ၊ မင်းနည်းနည်းစိတ်လှုပ်ရှားစရာကောင်းအောင် လုပ်ပေးလို့မရဘူးလား"

ဒီစကားပြောလာစဉ် မိုဂျီ လေထဲတွင် သူ့ကိုယ်သူအတင်းရပ်လိုက်သော်လည်း ချက်ချင်းဆိုသလို ရှောင်ဟိုင် သူ့ရှေ့တွင် ပေါ်လာသဖြင့် နောက်ထပ်တစ်ချက် လျင်မြန်စွာပင် ပစ်ကျွေးလိုက်၏။ 

သူထိုးလိုက်စဉ် ရှောင်ဟိုင်၏ လက်တစ်ဖက်က လက်သီးကိုဖမ်းပြီး နောက်လက်တစ်ဖက်ကမူ မုန်တိုင်းတစ်စင်းကဲ့သို့ လက်သီးမိုးရွာချနေသည့်အလား မိုဂျီရင်ဘတ်ကို ထိမှန်သည်။ 

တိုက်ခိုက်မှုတိုင်းတိုင် မိုဂျီ သွေးတစ်ခွက်စီအန်ကာ နောက်သို့ ပျံသန်းရန် ကြိုးစားသော်လည်း သူတခြားလက်တစ်ဖက်က ရှောင်ဟိုင်၏ တင်းတင်းဖမ်းထားခြင်းကို ခံရပြီး ဘောလုံးတစ်လုံးကဲ့သို့ ရှေ့ရောနောက်ပါ အထိုးခံနေရသည်။ ‌

ရှောင်ဟိုင်လက်က ဖမ်းမိထားသည့် လက်မောင်းပင်လျှင် ဖိအားအောက်တွင် အရိုးကြေမွသံများကို စတင်ထုတ်လွှတ်သည်။ 

ဒီမြင်ကွင်းကိုကြည့်နေသည့် နတ်ဆိုးဘုရင်ပိုင်နက်က လူများတွင် ရှုပ်ထွေးနေသည့် အမူအရာများရှိနေကြ၏။ တစ်ချို့က မသက်မသာဖြစ်နေပုံရပြီး တစ်ချို့က နက်နက်နဲနဲတွေးတောနေကြသလို တစ်ချို့ကမူ စိတ်လှုပ်ရှားနေကြသည်။ 

ရှောင်ဟိုင်ရှေ့တွင် မိုဂျီက ကစားစရာအရုပ်လေးတစ်ခုပမာ။ 

သူတို့က နယ်ပယ်တူဖြစ်သည့်တိုင် ခွန်အားအရာ၌ ကွာဟချက်က လုံး၀မတူညီသည့် အဆင့်တစ်ခုတွင်ရှိသည်။ 

အကြွင်းမဲ့လွှမ်းမိုးခြင်း!

ဒီမြင်ကွင်းကိုကြည့်ရင်း လုချန်ရှန်း မှတ်ချက်မပေးဘဲ မနေနိုင်ပေ။ 

မင်းအခုလေးတင် အဲဒီမေးခွန်းကို မေးလိုက်တာလေ!

ငါတောင်လှုပ်ရှားရမလားတွေးနေတာ!

မင်းကတကယ်အရှက်မရှိတဲ့ကောင်ပဲ!

ရုတ်တရင် မိုဂျီ၏နတ်ဆိုးချီက ကိုယ်တွင်းကနေ ပွင့်ထွက်လာသည်။ 

ထို့နောက်ကျယ်လောင်သည့်အော်သံနှင့်အတူ သူရှောင်ဟိုင်ကို တွန်းရင်း ပြင်းထန်သည့်စွမ်းအင်နှင့် ပေါက်ကွဲပစ်သည်။ သူ့ရင်ဘတ်က ချိုင့်၀င်သွားပြီး ဘယ်လက်မောင်းက ကျိုးသွားကာ ပါးစပ်အပြည့်သွေးတစ်လုပ်အန်ရင်း အသက်ပြင်းပြင်းရှူကာ ရှောင်ဟိုင်ကို စိုက်ကြည့်နေသည်။ 

"ဘာလဲ၊ မင်းဒီနေရာမှာ နှစ်များစွာ ထိုင်နေခဲ့တာတောင် မင်းအကောင်းဆုံးလုပ်နိုင်တာက ဒါပဲလား" ရှောင်ဟိုင် မိုဂျီကို အေးစက်စွာကြည့်သည်။ 

"ဒီလိုဆိုမှတော့ မင်းနတ်ဆိုးဘုရင်ပိုင်နက်ကို အုပ်ချုပ်ဖို့ တကယ်မထိုက်တန်ဘူး"

‌မိုဂျီ ရှောင်ဟိုင်အား အော်ဟစ်သည်။ 

"ဒါတွေအားလုံးက မင်းအာဏာရှိတုန်းက ငါ့ကိုထင်ရှားစွာ ရပ်တည်ဖို့ အခွင့်အလမ်းမပေးခဲ့လို့ ဖြစ်သွားရတာမလား"

"အဲဒီတုန်းက မင်းငါ့ကိုလုပ်ပိုင်ခွင့် နည်းနည်းပိုပေးခဲ့မယ်ဆိုရင် ငါမင်းကို သစ္စာဖောက်ဖို့ ပြင်ပအင်အားစုတွေနဲ့ ပူးပေါင်းစရာလိုနေဦးမှာလား"

မိုဂျီ၏ ဒေါသတကြီးအော်သံကို နားထောင်ရင်း ရှောင်ဟိုင်၏ အမူအရာက ထူးမခြားနားစွာ ရှိနေသေးပြီး အေးစက်နေသည်။ 

"ကြည့်ရတာ မင်းပြဿာနာကို မင်းသဘောမပေါက်သေးပုံပဲ"

"ပြဿာနာလား" မိုဂျီကျယ်လောင်စွာ ရယ်မောသည်။ 

"ငါ့မှာဘာပြဿနာရှိလို့လဲ"

"မင်းက အတွင်းပိုင်းက ရက်စက်ပြီးသန်မာပေမယ့် အပြင်ပန်းမှာကျတော့ သူရဲဘောကြောင်ပြီး အားနည်းတယ်၊ ဒါက မင်းရဲ့အကြီးဆုံးပြဿာနာပဲ" ရှောင်ဟိုင် ပြင်းထန်စွာ အပြစ်တင်သည်။ 

မိုဂျီကြက်သေသေသွားသည်။ 

သူတို့၀န်းကျင်က နတ်ဆိုးဘုရင်ပိုင်နက်၏ အထက်ပုဂ္ဂိုလ်များကလည်း သဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။ 

မိုဂျီအာဏာရလာပြီးနောက် ပြင်းထန်သည့် တားမြစ်ချက်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သော်လည်း ပြင်ပရေးရာများကို ကိုင်တွယ်ရာ၌ အင်မတန်အားနည်းခဲ့ပုံပေါ်သည်။ 

ရှောင်ဟိုင်ဆက်ပြောသည်။ 

"ငါမင်းကိုအရင်က အခွင့်အရေးတစ်ခု ပေးခဲ့ချင်ပါတယ်၊ ဒါပေမယ့် မင်းဘယ်တုန်းက ဖမ်းဆုပ်နိုင်ခဲ့လို့လဲ၊ အဲတော့ ငါမင်းကို ဘယ်လိုအာဏာလွှဲပြောင်းပေးရမလဲ"

"နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ သဘာ၀က ခိုင်မာပြီး ကြမ်းတမ်းတယ်၊ အားကောင်းတဲ့ ရန်သူတွေကို ရင်ဆိုင်ရမယ်ဆိုရင်တောင် ငါတို့ဘယ်သူ့ကိုမှ အညံ့မခံသင့်ဘူး၊ ငါတို့ စိန်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်သင့်တာ၊ ဒါပေမယ့် မင်းဘာလုပ်ခဲ့လဲ"

မိုဂျီ၏ အမူအရာက ကြည့်ရဆိုးသွားသည်။ 

"ခွန်အားမရှိတဲ့အခါ အညံ့ခံသင့်တာမလား"

"တစ်ခါတစ်ရံ မင်းတစ်ကြိမ်ခေါင်းငုံ့လိုက်တာနဲ့ နောက်ဘယ်တော့မှ ခေါင်းထောင်နိုင်မှာ မဟုတ်တော့ဘူး"

မိုဂျီထပ်မံကြက်သေသေသွားပြန်သည်။ 

"ဒါပေမယ့်အခုမင်းသိပြီဆိုရင်တောင် မင်းမှာ အခွင့်အရေးမရှိတော့ပါဘူး" ရှောင်ဟိုင်ပြောရင်း ကောင်းကင်ဘုံကိုးသွယ် နတ်ဆိုးတင်းပုတ်ကို လက်ထဲတွင် ကိုင်လိုက်၏။ 

ကောင်းကင်ဘုံကိုးသွယ် နတ်ဆိုးတင်းပုတ်ကို လက်ထဲတွင်ကိုင်ရင်း ရှောင်ဟိုင်၏ အော်ရာက ပို၍ပင် ပြင်းထန်လာသည်။ 

ကြီးမားသည့်နတ်ဆိုးဘုရင်ပုံရိပ်ယောင်က သူ့နောက်တွင်ရပ်ကာ မိုဂျီကို ပုရွက်ဆိတ်တစ်ကောင်အား ကြည့်နေသည့်အလား ထူးမခြားနားသည့် မျက်လုံးများဖြင့် ငုံ့ကြည့်နေသည်။ 

မိုဂျီကို စကားပြောရန်အတွက် အခွင့်အရေးမပေးဘဲ ရှောက်ဟိုင် တိုက်ရိုက်ပင် တိုက်ခိုက်သည်။ 

မိုဂျီ ဒီမြင်ကွင်းကို ကြည့်ရင်း ထိန်လန့်နေပြီး အလျင်အမြန်နောက်ဆုတ်သည်။ 

သူကရှောင်ဟိုင်ပြိုင်ဘက်မဟုတ်ပါ။ ယခုအော်ရာက ပိုကောင်းလာသောအခါ သူဘယ်လိုလုပ် ခုခံနိုင်မည်နည်း။ 

"မင်းသော့မလိုချင်တော့ဘူးလား၊ သော့သာမရှိဘူးဆိုရင် မင်းသူ့ကို ဘယ်လိုကယ်တင်...."

သို့စေကာမူ သူစကားပြော၍ မပြီးသေးခင်မှာပင် ကောင်းကင်ဘုံကိုးသွယ် နတ်ဆိုးတင်းပုတ်က သူ့ရင်ဘတ်ကနေ နောက်ကျောထိ ထိုးဖောက်သွားလေပြီ။ 

မိုဂျီ သူ့ရှေ့က ရှောင်ဟိုင်ကို ကြည့်ရင်း သူ့မျက်သူငယ်အိမ်များက စတင်ပြူးကျယ်လာသည်။ 

ရှောင်ဟိုင်၏နှာခေါင်းရှုံ့သံကိုသာ သူကြားလိုက်ရသည်။ 

"ငါ့ဆရာက သူ့ခွန်အားနဲ့ သော့တစ်ချောင်းလိုနေမယ်ထင်လား"

ထိုစကားကိုကြားပြီးနောက်တွင် မိုဂျီ၏ အသက်ဓာတ်က လုံး၀ပျောက်ကွယ်သွားပြီး သူ့ကိုယ်ခန္ဓာက အားနည်းသွားကာ လေထဲတွင်လွင့်မျောနေသည်။ 

ဒီအခိုက်အတန့်၌ ရှောင်ဟိုင် လက်ထဲက တင်းပုတ်ကိုပစ်လိုက်ပြီး အောက်ရှိ နတ်ဆိုးဘုရင်ပိုင်နက်ကလူများအား အေးစက်သည့် အမူအရာဖြင့်ကြည့်သည်။ 

လူများက တစ်ဦးကိုတစ်ဦးကြည့်ရင်း သူတို့၏အမူအရာများက ကြောက်စိတ်နှင့် မသက်မသာမှုများဖြင့် ပြည့်နှက်နေကြ၏။ 

ထိုစဉ် ရှန်းယင်နှင့် မီကဲအာခေါင်းဆောင်တို့ ပြိုင်တူဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ 

"ကျွန်တော်တို့ နတ်ဆိုးအရှင်ကို ကြိုဆိုပါတယ်"

ဒီအချိန်မှာပင် ကျန်သောသူများကလည်း ဖြည်းဖြည်းချင်း စတင်တုံ့ပြန်လာကြပြီး ဒူးထောက်ကာ တညီတညွတ်တည်း အော်ဟစ်ကြသည်။ 

"နတ်ဆိုးအရှင်ကို ကြိုဆိုပါတယ်"

သူတို့ထဲတွင် လဲ့ရွှမ်း၊ မိုထင်းနှင့် တပ်မှူးများအုပ်စုအပါအ၀င် နတ်ဆိုးဘုရင်ပိုင်နက်၏ အထက်ပုဂ္ဂိုလ်များပါရှိသည်။ 

နှစ်သောင်းချီအကြာတွင် ဒီဘ၀၌ အသစ်စက်စက်ကျင့်ကြံခဲ့သည့် ရှောင်ဟိုင်က နောက်ဆုံးတော့ နတ်ဆိုးသခင်ရာထူးကို ပြန်ရသွားခဲ့သည်။ 

သို့စေကာမူ ယခုအချိန်တွင် ရှောင်ဟိုင်၌ ဒီပြဿာနာများကို ဖြေရှင်းရန် ရည်ရွယ်ချက်မရှိဘဲ သူ့ဆရာထံရောက်လာပြီး နက်ရှိုင်းစွာ ဦးညွတ်သည်။ 

"ကျွန်တော့်ညီမလေးကို ကယ်တင်ပေးဖို့အတွက် ဆရာ့ကိုတောင်းဆိုပါတယ်"

အပိုင်း(1211) coming။

All Chapters