#မစ္စတာ၏ကိုယ်ပိုင်လက္ခဏာ#
Vol. 86 Ch. 1211
နတ်ဆိုးအကျဉ်းထောင်၊ ၁၈ထပ်!
လုချန်ရှန်းနှင့် ရှောင်ဟိုင်တို့ ဒီနေရာကို ရောက်လာကြသည်။
လက်ချောင်းတစ်ချောင်းတည်းနှင့် လှောင်အိမ်ကပြိုကွဲသွားပြီး သံကြိုးများပွင့်သွားသည်။
အမျိုးသမီး၏မျက်လုံးများက နီရဲသွားပြီး သူမရှောင်ဟိုင်ဘေးသို့ အမြန်ပြေးရန် ကြိုးစားသော်လည်း ယိုင်ကာလဲကျသွား၏။
ဒါကိုမြင်သော် ရှောင်ဟိုင်ချက်ချင်းပြေးသွားပြီး သူမမလဲကျသွားသေးခင် လက်မောင်းထဲတွင် ဖမ်းထားလိုက်သည်။
"ဘယ်လိုနေလဲ"
ရှောင်ဟိုင်၏ ပူပန်နေသည့်မျက်နှာကို ကြည့်ရင်း အမျိုးသမီးအားတင်းပြုံးကာ သူမလက်ကလေးနှင့် ရှောင်ဟိုင်မျက်နှာပေါ်က သွေးအနည်းငယ်ကို သုတ်ပေးသည်။
"ညီမလေးအဆင်ပြေပါတယ်၊ အချိန်အကြာကြီးပိတ်ခံထားရတော့ အားနည်းနေရုံပါပဲ"
ရှောင်ဟိုင်အပြစ်ရှိသလိုခံစားရသည်။
"နောက်ကျသွားတာ ငါ့အမှားပါ"
မိုချင်းချင်းခေါင်းခါယမ်းပြီးနောက် သတိလစ်သွားသည်။
ရှောင်ဟိုင် လုချန်ရှန်းကို အလျင်အမြန် ကြည့်လိုက်သည်။
လုချန်ရှန်းမျက်လုံးလိမ့်လိုက်ပြီးနောက် ဆေးလုံးတစ်လုံးထုတ်ကာ မိုချင်းချင်းကို တိုက်ကျွေးရင်း သူမကိုယ်ထဲသို့ အဆုံးမဲ့အသက်ဓာတ်စီးကြောင်းတစ်ခု ပို့လွှတ်လိုက်၏။
သူမတဖြည်းဖြည်းသတိဝင်လာသည်။
"ဒါဘယ်သူလဲ" မိုချင်းချင်း သူမ၏အရေးပါသောအင်္ဂါများနှင့် စွမ်းအင်လမ်းကြောင်းများကို ပြုပြင်ပေးနေသည့် အဆုံးမဲ့အသက်ဓာတ်ကို ခံစားမိသောအခါ အံ့ဩသင့်သွားရသည်။
ရှောင်ဟိုင်မိတ်ဆက်ပေးသည်။
"ဒါကငါ့ဆရာပါ"
ဆရာ!
မိုချင်းချင်းခေါင်းငဲ့ကာ လုချန်ရှန်းကို စိတ်၀င်တစားလှမ်းကြည့်လိုက်၏။
သူ့အကျိုးအတွက်ဂုဏ်ယူလွန်းတတ်သည့် သူမ၏အစ်ကိုက အမှန်တကယ်ပင် တခြားတစ်ယောက်ကို ဆရာအဖြစ် လက်ခံခဲ့သည်လား။
ထို့နောက် ရှောင်ဟိုင် မိုချင်းချင်းကို မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့်အရာများကို ပြောပြပြီး သူတို့အတူတူထွက်သွားကြ၏။
ဒီအချိန်တွင် နတ်ဆိုးဘုရင်ပိုင်နက်တွင် နေထိုင်သူအားလုံး နတ်ဆိုးဘုရင့်ပင်မမြို့၌ စုစည်းနေကြပြီး ဒူးထောက်ကာ မလှုပ်ရှားရဲဘဲ ရှိနေကြသည်။
ရှောင်ဟိုင်ပေါ်လာတာကို မြင်သောအခါ သူတို့အော်ဟစ်လိုက်ကြပြန်သည်။
"လက်အောက်ငယ်သားတွေက နတ်ဆိုးအရှင်ကို ဂုဏ်ပြုပါတယ်"
မည်သို့ပင်ဆိုစေကာမူ သူတို့က မိုဂျီ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
ယခုမိုဂျီသေသွားပြီဖြစ်ကာ ရှောင်ဟိုင် နတ်ဆိုးသခင်အဖြစ် နေရာယူလိုက်သဖြင့် သူတို့မသက်မသာဖြစ်နေပြီး ရှောင်ဟိုင် သူတို့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မသေချာဖြစ်နေသည်။
မိုချင်းချင်းအပြုံးဖြင့်မေးသည်။
"အစ်ကို၊ ဒါကိုဘယ်လိုကိုင်တွယ်မလဲ"
အောက်၌ ကြောက်ရွှံ့နေသည့် လူအုပ်စုကြီးကို ကြည့်ရင်း ရှောင်ဟိုင်တုံ့ပြန်သည်။
"မင်းဘယ်လိုထင်လဲ"
မိုချင်းချင်းပြောသည်။
"ထီးနန်းလုယူပြီးနောက်မှာ မိုဂျီက အစ်ကိုသတ်မှတ်ထားတဲ့ စည်းမျဉ်းအားလုံးကို ပြောင်းပစ်ခဲ့တယ်၊ အစ်ကိုကြီးရဲ့ နေရာကို တည်ငြိမ်စေဖို့နဲ့ လူတစ်စုကို ရာထူးတိုးပြီး အပြစ်ပေးရင်း စည်းမျဉ်းတွေပြန်ပြင်ဖို့အတွက် ထီးနန်တက်ပွဲတစ်ခုကျင်းပဖို့ ညီမအကြံပေးချင်ပါတယ်"
ရှောင်ဟိုင်ခေါင်းညိတ်ရင်းပြုံးသည်။
"ဒါဆိုမင်းအကြံပေးချက်ကို လိုက်နာမယ်"
ထို့နောက် အောက်က ကြောက်ရွှံ့နေကြသည့် လူအုပ်ကို ကြည့်ရင်းသူပြောသည်။
"သုံးရက်အတွင်း နတ်ဆိုးဘုရင့်ပင်မမြို့မှာ နန်းတက်ပွဲတစ်ခုကျင်းပမယ်၊ ဒီကာလအတောအတွင်း ဘယ်သူမှ မြို့ထဲကမထွက်ရဘူး"
ရှောင်ဟိုင်ဒီစကားလုံးများကို ပြောပြီးနောက် လူများကို နတ်ဆိုးဘုရင့်နန်းတော်ဆီသို့ ဦးဆောင်သွားသည်။
ဒီကြေညာချက်ကို ကြားပြီးနောက် လူတစ်ချို့၏ အမူအရာများက သိသိသာသာပင် ပြောင်းလဲသွားလေတော့သည်။
အထူးသဖြင့် ဒုသံတမန်မိုကောနှင့် အသစ်ခန့်အပ်ခံရသည့် မဟာတပ်မှူးဟီတို့၏ မျက်နှာများကမူ ပြာနှမ်းသွားကြသည်။
သူတို့ကံကြမ္မာကနေ မလွတ်မြောက်နိုင်တာကို သူတို့သိပါသည်။
သို့သော် မဟာတပ်မှူးဟီကအဆိုးဆုံးပင်။
သူဒုသံတမန်အဖြစ် ရာထူးတိုးခြင်းခံရပြီးနောက် ယခုတွင်မူ အပြစ်ဒဏ်ကို ရင်ဆိုင်ရပေတော့မည်။
သူထွက်ပြေးရန်စဉ်းစားသော်လည်း တစ်ဖက်ကအင်အားကို ထည့်စဉ်းစားမိသောအခါ စိတ်ပျက်အားငယ်သလို ခံစားရသည်။
......
နတ်ဆိုးဘုရင်နန်းတော်တွင် ရှောင်ဟိုင် မိုချင်းချင်းကို လူများအား မိတ်ဆက်ပေးပြီးနောက် မေးသည်။
"ဒီသေတ္တာမှာ တကယ်ပဲဘာများရှိနေလို့ နတ်သခင်အဆင့်ဂိုဏ်းတွေကိုတောင် ဒီလောက် အပြင်းအထန် တိုက်ခိုက်စေတာလဲ"
မိုချင်းချင်းခေါင်းခါယမ်းသည်။
"အစ်ကို မှတ်ဉာဏ်တွေကို အပြည့်အ၀မရသေးဘူးဆိုတော့ ရတဲ့အထိစောင့်ကြရအောင်၊ ပြီးရင်သိသွားမှာပါ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ဒီအခိုက်အတန့်မှာပင် လုချန်ရှန်း မစ္စတာကိုကြည့်ရင်းမေးသည်။
"မစ္စတာတကယ်ပဲ ဘယ်သူလဲ၊ ကြည့်ရတာ အဲဒီတျန်းယန်လို့ခေါ်တဲ့တစ်ယောက်က ခင်ဗျားနဲ့ ခေတ်တူနေသလိုမျိုး ခင်ဗျားကို အတော်လေးလေးစားပုံပဲ"
ခန်းမသခင်တျန်းယန်က ရှေးခေတ်က လာခြင်းဖြစ်သည်။
ထို့ကြောင့် မစ္စတာကလည်း ရှေးခေတ်နှင့် သက်ဆိုင်မည်သာ။
ဒါ့အပြင် နှစ်များစွာကြာပြီးနောက် မစ္စတာ လောကီရေရားများကို မမေးတော့ဘဲ သေမျိုးကျေးရွာတွင်သာနေထိုင်ခဲ့ပြီး အလွန်အမင်းနိမ့်ကျသည့်ပုံရိပ်တစ်ခုကို ထိန်းသိမ်းကာ လူသိရှင်ကြားမနေခဲ့ပေ။
မစ္စတာအနည်းငယ်သက်ပြင်းချသည်။
"အခု၊ ငါ့မှာမင်းကိုပြောရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ပါဘူး"
"တာအိုမိတ်ဆွေလေးလု၊ မင်း လူသားဘိုးဘေးတွေအကြောင်း သိတယ်မလား"
လုချန်ရှန်းခေါင်းညိတ်သည်။
"ကျုပ် သူတို့နဲ့တွေ့ဖူးတယ်"
မစ္စတာပြောသည်။
"အဲဒီလူသားဘိုးဘေးတွေက ငါ့ကျောင်းသားတွေပဲ"
ဒါကိုကြားသောအခါ လုချန်ရှန်တင်မဟုတ်ဘဲ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများပါ ထိတ်လန့်သွားကြ၏။
လူသားဘိုးဘေးလေးယောက်စလုံးက မစ္စတာရဲ့ ကျောင်းသားတွေလား!
ဒါဆို မစ္စတာက ဧကရာဇ်ဆရာအဆင့် ပုံရိပ်တစ်ခုကို ပိုင်ဆိုင်ထားတာမလား!
ဒါပေမယ့် ဘာကြောင့် သူသေမျိုးကျေးရွာက ဆရာတစ်ယောက်ဖြစ်လာရတာလဲ!
လူအုပ်စု၏စိတ်ရှုပ်ထွေးမှုကို မြင်သောအခါ မစ္စတာရှင်းပြသည်။
"အဲဒီတုန်းက ငါက ကပ်ဘေးကနေ ကံကောင်းလွတ်မြောက်ခဲ့ပြီး ငါ့သက်တမ်းကို ရှည်စေဖို့အတွက် ကိုယ်ခန္ဓာလုပ်ဆောင်ချက်တွေကို ထိန်းသိမ်းဖို့ အထူးနည်းလမ်းတွေသုံးခဲ့ပေမယ့် ပေးဆပ်ရတာကတော့ ငါ့နယ်ပယ်ကို ချိပ်ပိတ်ခဲ့ရတာပဲ"
လုချန်ရှန်းအနည်းငယ် အာရုံခံမိသည့်အလား ခေါင်းညိတ်သည်။
တကယ်တမ်းတွင် စည်းတံဆိပ်အရိပ်အယောင်များကို သူသတိထားမိပါသည်။
"ချိပ်ပိတ်ပြီးနောက်မှာ နယ်ပယ်က တဖြည်းဖြည်းကျဆင်းလာလိမ့်မယ်၊ အခုငါ့ခွန်အားက နတ်သခင်နယ်ပယ် နောက်ပိုင်းအဆင့်မှာပဲ ရှိတော့တယ်" မစ္စတာ သတိရလွမ်းဆွတ်နေသည့်ပမာ ပြောသည်။
"မင်းဒီလိုတည်ဆောက်ပုံမျိုး ကြားဖူးလားမသိဘူး"
"မွေးရာပါတာအိုခန္ဓာ"
မွေးရာပါတာအိုခန္ဓာ!
လုချန်ရှန်းအပါအ၀င် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ပဟေဠိဖြစ်နေကြသည်။
မိုချင်းချင်းနှင့် နတ်သခင်ဟောင်တျန်းတို့၏ အမူအရာများတွင်မူ ပြောင်းလဲမှုတစ်ခုရှိနေသည်။
"မွေးရာပါတာအိုခန္ဓာက ကမ္ဘာကြီးထဲက နိယာမစွမ်းအားနဲ့ သဟဇာတအဖြစ်ဆုံးခန္ဓာတည်ဆောက်ပုံပဲ၊ နိယာမစွမ်းအားစည်းမျဉ်းအမျိုးမျိုးက မတူညီတဲ့ တာအိုခန္ဓာတွေကို ဆင့်ကဲပြောင်းလဲဖို့ ဦးတည်စေတယ်"
မစ္စတာခေါင်းညိတ်သည်။
"အတိအကျပဲ၊ ကျောက်တုံးလေးရဲ့ ဟင်းလင်းပြင်အထွတ်အမြတ်ခန္ဓာက မွေးရာပါတာအိုခန္ဓာအမျိုးအစားတွေထဲက တစ်ခုပဲ"
"မွေးရာပါတာအိုခန္ဓာကို ပျိုးထောင်ဖို့အတွက် နိယာမစွမ်းအားကြွယ်၀တဲ့ နေရာတစ်ခုမှာ ရှိဖို့လိုတယ်၊ ဆိုလိုတာက အလွတ်စာရွက်တစ်ရွက်လိုပဲ တခြားဘယ်ကျင့်ကြံခြင်းလမ်းစဉ်ကိုမှ မလိုက်နာခြင်းပဲ၊ ဒီနည်းနဲ့ပဲ သားစဉ်မြေးဆက်မွေးဖွားလာတဲ့အခါ တာအိုခန္ဓာတစ်ခုကို စတင်ဖို့ အခွင့်အရေးသေးသေးလေးတစ်ခု ရှိလာလိမ့်မယ်"
"ဒါက သေမျိုးကျေးရွာကို ငါတည်ထောင်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုပဲ"
လုချန်ရှန်းနောက်ဆုံးတော့ နားလည်သဘောပေါက်သွားသည့်အသွင် ခေါင်းညိတ်သည်။
ဒီအတွက်ကြောင့်လည်း မစ္စတာ ရွာသားများကို ကျင့်ကြံခြင်းအကြောင်း မသင်ကြားပေးခဲ့ခြင်းပင်။
"ဒါပေမယ့် နှစ်သောင်းချီကြာသွားပြီးနောက်မှာ ကျောက်တုံးလေးတစ်ယောက်ပဲ ပေါ်ထွက်လာခဲ့တယ်" မစ္စတာ စိတ်ပျက်စွာပြုံးရင်း ခေါင်းခါယမ်းသည်။
"အဲဒီတုန်းက ငါ့မျိုးဆက်က မျိုးသုဉ်းသွားပြီလို့ငါတွေးခဲ့ပြီးတော့ ငရဲနတ်ဆိုးဒေသကို ကိုင်တွယ်ဖို့အတွက် ငါအရာအားလုံးကို တာအိုခန္ဓာနဲ့ တစ်စုံတစ်ယောက်ကို ပျိုးထောင်ပေးဖို့အတွက် စွန့်လွှတ်ခဲ့ရတယ်"
"ဒီလောက်ဆိုလုံလောက်ပါပြီ" မစ္စတာ လုချန်ရှန်းကို ကြည့်ရင်းမေးသည်။
"ဒါဆို တာအိုမိတ်ဆွေလေးလုရဲ့ နောက်အစီအစဉ်က ဘာတွေများလဲ"
လုချန်ရှန်း လက်အစုံကိုဖြန့်လိုက်၏။
"အထူးအစီအစဉ်တွေတော့ မရှိပါဘူး၊ အိမ်မှာပြင်ဆင်မှုတစ်ချို့ လုပ်ရုံပဲပေါ့"
ဆရာတစ်ခဏမျှ ထိတ်လန့်သွားပြီးနောက် ပြောသည်။
"ဒီလိုဆိုရင် အချိန်ကျလာတဲ့အခါကျရင် ငါနဲ့အတူ သေမျိုးကျေးရွာကို ခရီးတစ်ထောက်လိုက်ခဲ့ပါ"
"သေမျိုးကျေးရွာကိုလား၊ ဘာအတွက်လဲ"
မစ္စတာပြုံးသည်။
"ဒါကမင်းအတွက် အသုံး၀င်မလားဆိုတာ ငါမသိပေမယ့် မင်းတပည့်တွေအတွက်တော့ အတော်လေးအကျိုးရှိမှာပါ"
လုချန်ရှန်းတစ်ခဏမျှ တွေးလိုက်ပြီးနောက် ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ သွားကြည့်ရတာပေါ့"
ဒီအချိန်မှာပင် တစ်ခုခုကိုတွေးမိသွားသည့်အလား ယဲ့ချိုးပိုင်ရောက်လာသည်။
"ဆရာ၊ ဆရာသိချင်နေလောက်တဲ့ နောက်တစ်ခုရှိသေးတယ်"
လုချန်ရှန်းလှမ်းကြည့်သည်။
"ရှန်းဟုန်ယီလည်း ငရဲနတ်ဆိုးဒေသ အကြွင်းအကျန်တစ်ယောက်ပဲ" ယဲ့ချိုးပိုင် အခြေအနေရပ်ကို လေးနက်သည့် အမူအရာဖြင့် ရှင်းပြပြီးနောက်ပြောသည်။
"ရုတ်တရက်စွမ်းအားတိုးလာတာက မတော်တဆတော့ မဟုတ်လောက်ဘူး၊ ဒါက လျှို့ဝှက်တဲ့ရှင်းမိသားစုရဲ့ နောက်ခံနဲ့ ကြီးကြပ်ရေးဗိမာန်ရဲ့ ဒုခန်းမခေါင်းဆောင် ဟဲရှန်ကောတို့နဲ့ ဆက်စပ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်"
ရှေးဟောင်းစစ်မြေပြင်ကို ကြီးကြပ်ရေးဗိမာန်က ရှာတွေ့ခဲ့သည်။
ဟဲရှန်ကောက ငရဲနတ်ဆိုးဒေသ၏ အကြွင်းအကျန်ဖြစ်သဖြင့် ရှင်းဟုန်ယီ အဆင့်နိမ့်ကြယ်နယ်မြေက ဖြစ်သည့်တိုင် ရှေးဟောင်းစစ်မြေပြင်နှင့် ဗလာနတ္ထိပုံတူကို သိနေခဲ့သည်။
ဒီနှစ်ခုကိုဆက်စပ်ကြည့်ပါက အပြန်အလှန်ဆက်နွှယ်မှုက အတော်လေးသိသာနေလေပြီ။
ဒါကိုကြားသောအခါ လုချန်ရှန်းမျက်မှောင်ကြုတ်ရင်း ဆံပင်မွှေးကိုပင် လက်နှင့် ဆွဲနှုတ်လိုက်မိသည်။
"ဘာလို့ဒီလောက်ရှုပ်ထွေးနေရတာလဲ"
သေစမ်း၊ သောက်ကျိုးနည်း!
ဒီပြဿာနာအားလုံးက အတူတူစုပြုံနေတာပဲ!
လုချန်ရှန်း ဆံပင်ကိုလက်ထဲတွင် ကိုင်ထားသည်။
"ကြည့်၊ ငါအလုပ်များလွန်းလို့ ဆံပင်တွေတောင်ကျွတ်နေပြီ"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ဆွံအသွားကြ၏။
ဆရာ့ကျင့်ကြံခြင်းအဆင့်ရှိသည့် လူတစ်ယောက်က ဆံပင်ကျွတ်တာကို စိုးရိမ်နေတာလား၊ ဒါ့အပြင် ဆရာကိုယ်တိုင် ဆွဲနှုတ်လိုက်တာမလား!
အပိုင်း(1212) coming။