← Chapters

#ဧကရာဇ်အသစ် ထီးနန်းတက်ခြင်း၊ ဘက်ပေါင်းစုံမှ ဂုဏ်ယူပေးခြင်း#

Vol. 86 Ch. 1212

#ဧကရာဇ်အသစ် ထီးနန်းတက်ခြင်း၊ ဘက်ပေါင်းစုံမှ ဂုဏ်ယူပေးခြင်း#

Vol. 86 Ch. 1212

ဒီအခိုက်အတန့်၌ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတွင် ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ ပင်မခန်းမတွင် ထိုင်ပြီး တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင်နေကြသည်။ 

"ကြည့်ရတာ ငါတို့ရန်မစသင့်တဲ့သူတစ်ယောက်ကို ရန်စမိသွားပုံပဲ" ယင်ယန်နတ်သခင် တိတ်ဆိတ်မှုကို အရင်ချိုးဖျက်လိုက်၏။

နတ်ဆိုးဘုရင်ပိုင်နက်နှင့် ပတ်သက်သည့် ကိစ္စတစ်ချို့ကို သူတို့သိထားကြလေပြီ။ 

သူတို့ထွက်ခွာသွားပြီးနောက် နတ်ဆိုးဘုရင်ပိုင်နက်က သတင်းအားလုံးက လုံး၀အပိတ်ခံရပြီး မည်သူ့ကိုမှ ၀င်ခွင့်မပေးခဲ့သော်လည်း ကြီးကြပ်ရေးဗိမာန်က မြေအောက်ကမ္ဘာဘုရင်နှင့် ကျန်သောသူများကို ဖမ်းရန်ရည်ရွယ်ပြီး နတ်ဆိုးဘုရင်ပိုင်နက်ကို သွားခဲ့တာကို သူတို့သိပါသည်။ 

ယခု ကြီးကြပ်ရေးဗိအာန်၏ ပြင်ပကမ္ဘာကြီးက ပရမ်းပတာဖြစ်နေခဲ့သည်။ 

တစ်ချိန်တည်းမှာပင် နောက်သုံးရက်အကြာတွင် နတ်ဆိုးဘုရင့်ပင်မမြို့၌ နန်းတက်ပွဲအခမ်းအနားတစ်ခုကျင်းပမည်ဟု ရှောင်ဟိုင်ကြေညာခဲ့သည်။ 

ဒါက ကြီးကြပ်ရေးဗိမာန်၏ လုပ်ဆောင်ချက် ကျရှုံးသွားတာကို သံသယမရှိဆိုလိုနေသည်။ 

ကြီးကြပ်ရေးဗိမာန်၏ တာ၀န်ကို ကျရှုံးစေသည်အထိ ဖြစ်စေပြီး လက်ရှိပရမ်းပတာကို မြင်ရသောအခါ ကြည့်ရသည်မှာ အဓိကပုဂ္ဂိုလ်တစ်ဦး ဆင်းသက်လာပုံရသည်။ 

ဒါကထိုရန်သူများ၏နောက်ကွယ်၌ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရပ်တည်နေမည်ဟု ဆိုလိုနေခြင်းပင်။ 

ထိုသူက နတ်သခင်ဟောင်တျန်းမဖြစ်နိုင်။ 

နတ်သခင်ဟောင်တျန်းတွင် ခွန်အားရှိသော်လည်း ကြီးကြပ်ရေးဗိမာန်ကဲ့သို့ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ဂိုဏ်းတစ်ခုကို ယခုလိုပြင်းထန်သည့် ပျက်စီးမှုမျိုးအား မဖန်တီးနိုင်ပါ။ 

"အခြေအနေက အခုမရှင်းလင်းသေးဘူး" သခင်ဟွမ်လေးနက်စွာပြောရင်း သက်ပြင်းချသည်။ 

"ကြီးကြပ်ရေးဗိမာန်ကသာ ကျရှုံးခဲ့တယ်ဆိုရင် ငါတို့မှာလည်း အခွင့်အလမ်းမရှိတော့ဘူး"

"ဒီလိုဆိုမှတော့ ငါတို့သွားရမယ့်လမ်းက တစ်လမ်းတည်းပဲရှိတော့တယ်"

ဒါကိုကြားသော် ယင်ယန်နတ်သခင်ကလည်း စိတ်ဖီစီးနေသည်။ 

ထိုအမူအရာကိုမြင်သောအခါ သခင်ဟွမ် ခါးသီးစွာပြုံးရင်းပြောသည်။ 

"ကြည့်ရတာ ငါတို့ တူညီတဲ့ကောက်ချက်တစ်ခု ချမိပုံပဲ"

"ငါတို့မှာ သုံးရက်အကြာမှာ နန်းတက်ပွဲကို ကိုယ်တိုင်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး"

ယင်ယန်နတ်သခင် ဒါကိုလက်မခံနိုင်သော်လည်း သဘောတူရန်ကလွဲပြီး တခြားရွေးချယ်စရာမရှိပေ။ 

......

နတ်ဆိုးဘုရင်ပိုင်နက်က အပြောင်းအလဲများက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးအတွင်း ပျံ့သွားခဲ့သည်။ 

နောက်ဆုံးတွင် လက်ရှိအထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်လာသည့် ရှောင်ဟိုင်က သူ့၏ နတ်ဆိုးသခင်ရာထူးကို ပြန်လည် ရယူနိုင်ခဲ့သည်။ 

ဒီသတင်းက အဓိကအင်အားစုအားလုံး၏ အာရုံကို သံသယမရှိ ဆွဲဆောင်သွားခဲ့သည်။ 

တစ်ချို့ကအသေးစိတ်ကို သိချင်ကြသော်လည်း ဒီသတင်းကိာ တင်းကျပ်စွာ ပိတ်ဆို့ထားလေရာ သူတို့နတ်ဆိုးဘုရင်ပိုင်နက်တွင် ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲကြီးအကြောင်း မသိခဲ့ကြပေ။ 

ခေးအောစ့်အနှစ်သာရဓားဂိုဏ်း!

အဆင့်မြင့်ကြယ်နယ်မြေ!

တကယ်တမ်းတွင် သေမျိုးနယ်မြေတစ်ခုလုံး၏ ဓားတာအိုသူတော်စင်မြေက ဘယ်အရာနှင့်မှ မနှိုင်းယှဉ်နိုင်ပေ။ 

စီးဆင်းနေသည့်စမ်းချောင်းတစ်ခုအနီးတွင် တုယွန်ချဉ်းကပ်လာပြီး ဦးညွတ်သည်။ 

"ဓားသခင်၊ မြေအောက်လောကဘုရင်က နတ်ဆိုးဘုရင်ပိုင်နက်မှာပါ"

စမ်းချောင်းဘေးတွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဓားတစ်လက်ကို ဒူးအနီးတွင်ချကာ ခြေချင်းခတ်လျက် ထိုင်နေသည်။ 

တုယွန်၏စကားလုံးများကို ကြားသောအခါ သူမျက်လုံးမဖွင့်လိုက်သော်လည်း အနည်းငယ်ခေါင်းညိတ်သည်။ 

"ပြင်ဆင်ထားပါ၊ နောက်သုံးရက်အတွင်း ငါတို့နတ်ဆိုးဘုရင်ပိုင်နက်ကို သွားမယ်"

တုယွန်အနည်းငယ်အံ့ဩသင့်သွားရသည်။ 

"ဓားသခင်ကိုယ်တိုင် တကယ်ပဲ သွားဖို့လိုတာလား၊ ဒါက မလိုအပ်ဘူးထင်တယ်"

ခေးအောစ့်အနှစ်သာရဓားဂိုဏ်း၏ ပုံရိပ်ကို ထည့်တွက်လိုက်ပါက ပထမတန်းစားဂိုဏ်း၏ နတ်ဆိုးသခင်တစ်ယောက်ကို တမင်တကာချီးကျူးနေစရာမလိုပါ။ 

သူ့ပါရမီကမြင့်မားလျှင်ပင် ဒါကမလိုအပ်ပေ။ 

မည်သို့ပင်ဆိုစေကာမူ ဘယ်သူမှလည်း ဆန့်ကျင်ရဲမည်မဟုတ်။ 

သို့သော် ခေးအောစ့်အနှစ်သာရ ဓားသခင် ထူးမခြားနားစွာပင်ပြောသည်။ 

"ငါပြင်ဆင်ဖို့ပြောရင် ပြင်ဆင်လိုက်ပါ"

ဒါကိုကြားသော် တုယွန်ခေါင်းညိတ်သည်။ 

တုယွန်ထွက်သွားသောအခါမှသာ ခေးအောစ့်အနှစ်သာရဓားသခင် မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ပြီး သူ့အကြည့်များက နတ်ဆိုးဘုရင်ပိုင်နက်ရှိရာဘက်သို့ ကျသွားကာ မျက်လုံးများက ထက်ရှသည့်ဓားတစ်စင်းသဖွယ် ဟင်းလင်းပြင်ကို ထိုးဖောက်နေသည့်အလားထင်ရသည်။ 

"ဒါ့အပြင်.... နတ်ဆိုးဘုရင်ပိုင်နက်ကို သွားတာက အဲဒီနတ်ဆိုးသခင်အတွက်မှ မဟုတ်တာ"

......

သုံးရက်အကြာတွင် မုန်တိုင်းဗဟိုဖြစ်သည့် နတ်ဆိုးဘုရင်ပိုင်နက်၌ ပြင်ပအင်အားစုများမှ မရေမတွက်နိုင်လောက်သောလူများ စုစည်းနေကြ၏။ 

ဒီလူများက နတ်ဆိုးဘုရင့်ပင်မမြို့ကို ရှန်းယင်နှင့် မီကဲအာခေါင်းဆောင်တို့၏ ဖိတ်ကြားချက်ရှိပြီး ရှောင်ဟိုင်ခေါင်းညိတ်ထောက်ခံမှုရပြီးနောက်မှသာ ၀င်နိုင်သည်။ 

ဒါက အင်အားစုများစွာအကြား မကျေနပ်မှုကို ဖြစ်စေသည်။ 

ဒီနတ်ဆိုးသခင်က မောက်မာလွန်းသည်ဟု သူတို့တွေးနေကြသည်။ 

သို့သော် မကျေမနပ်မှုများရှိသည့်တိုင် ပြိုင်ဘက်၏ အသေးစိတ်အခြေအနေများကို မသိဘဲ သူတို့မဆင်မခြင်လုပ်ကြမည်မဟုတ်။ 

တကယ်တမ်းတွင် လာကြသူများက အခြေခံအားဖြင့် ဩဇာကြီးသည့် အင်အားစုများပင်မဟုတ်ပေလော။ 

သူတို့က မဆင်မခြင်နှင့် အလျင်စလို လုပ်တတ်သူများမဟုတ်ကြပါ။ 

ရုတ်တရက် နတ်ဆိုးဘုရင်မြို့အလယ်၌ မြို့ထိပ်တွင် နတ်ဆိုးနက်စွမ်းအင်တစ်ခုက ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ 

တဖြည်းဖြည်း ၎င်းက အမြင့်ဆုံး၌ ဧရာမနတ်ဆိုးဘုရင်ပုံရိပ်ယောင်တစ်ခုအဖြစ် သိပ်သည်းသွားသည်။ 

ပုံရိပ်ယောင်က နတ်ဆိုးဘုရင်ဆင်းသက်လာသည့်အလား အောက်သို့ငုံ့ကြည့်ရင်း သက်ရှိတိုင်းကို ဂရုမစိုက်သည့်အသွင် ရှိနေသည်။ 

တစ်ချိန်တည်းမှာပင် နတ်ဆိုးဘုရင့်ပင်မမြို့၌ အမြီးကြီးတစ်ခုပါရှိသည့် ဧရာမသင်္ဘောတစ်စင်းနှင့်အတူ ရေနက်နဂါးနှစ်ကောင်ထွက်လာသည်။ 

သင်္ဘောပေါ်၌ ရှောင်ဟိုင်ရှေ့တွင် ရပ်နေပြီး မိုချင်းချင်း၊ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက သူ့နောက်တွင်ရပ်နေသည်။ 

လုချန်ရှန်းကရော!

လုချန်ရှန်းဒီလိုကြွေးကြော်သံမျိုးကို မကြိုက်ပေ။ 

လုချန်ရှန်း၏သဘောထားအရဆိုပါက သူဒီနန်းတက်ပွဲအခမ်းအနားကိုလည်း ဖျက်သိမ်းခဲ့လောက်သည်။ 

အာရုံစိုက်မှုများလွန်း‌တယ်လေ!

ဒုက္ခပိုရှာနေသလိုဖြစ်နေတယ်လား!

ဒီတဒင်္ဂ၌ ရှောင်ဟိုင် ရွှေရောင်အဆင်းများနှင့် အလှဆင်ထားသည့် အနက်ရောင်အင်ပါယာ၀တ်ရုံကို ၀တ်ဆင်ထားပြီး ၀တ်ရုံထဲတွင် လှည့်ပတ်နေသည့်နဂါးများရှိပုံသည်။ 

သူ့ခေါင်းပေါ်က ငှက်မွှေးသရဖူနှင့်အတူ ချပ်၀တ်အပိုင်းအစများက ရွှေနက်ရောင်အင်ပါယာ၀တ်ရုံကို လွှမ်းခြုံထားသည်။ 

ဟုန်ရင်ဒီမြင်ကွင်းကိုကြည့်ရင်းပြုံးသည်။ 

"ဒါကတကယ်ပဲ ငါတစ်ခါကသိခဲ့တဲ့ ငတုံးငအလေးရှောင်ဟိုင်နဲ့ မအပ်စပ်ဘူး"

အရင်ရှောင်ဟိုင်က အမြဲလိုလိုတုံးအသည်။ 

ယခုတွင်မူ သူကကြီးမြတ်ပုံပေါ်ပြီး အရှင်သခင်တစ်ဦး၏ ကြီးစိုးနိုင်သည့် တည်ရှိမှုကို ပိုင်ဆိုင်ထားသည်။ 

ရှောင်ဟိုင်ပေါ်လာပြီးနောက် နတ်ဆိုးဘုရင်ပိုင်နက်၏ နတ်ဆိုးဘုရင့်ပင်မမြို့က လူတိုင်း မြေပေါ်ဒူးထောက်ကာ ရှောင်ဟိုင်အား ကျယ်လောင်စွာ အော်ဟစ်ကြသည်။ 

"နတ်ဆိုးအရှင်ကို နှုတ်ဆက်ပါတယ်"

တခြားဂိုဏ်းများမှ လူများကလည်း ရှောင်ဟိုင်ကို သိချင်စိတ်ဖြင့် ကြည့်ကြသည်။ 

သူ့စွမ်းအားကို ဖုံးကွယ်မထားပေ။ 

နတ်သခင်နယ်ပယ်တစ်၀က်အဆင့်!

သူက အမှန်တကယ်ပင် ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ ထီးနန်းတွင် ထိုင်ရန်အတွက် အရည်အချင်းပြည့်မီသည်။

ရှောင်ဟိုက်လက်ကို အနည်းငယ်ဖိလိုက်၏။ 

ပင်မမြို့ရှေ့တွင် မြို့တံခါး၀၌ ပလ္လင်ဆီသို့ တိုက်ရိုက်ဦးတည်ထားသည့် အနက်ရောင်နှင့် ရွှေရောင်ကော်ဇောရှည်ကြီးတစ်ခုရှိသည်။ 

ရေနဂါးနှစ်ကောင်က ရှောင်ဟိုင်ကို ခေါ်လာပြီးနောက် ပလ္လင်၏နှစ်ဘက်စလုံးတွင် ရစ်ခွေသွားကြ၏။ 

ရှောင်ဟိုင် လူတိုင်း၏အကြည့်အောက်၌ ကော်ဇောပေါ်ကနေ လျှောက်လာပြီး နောက်ဆုံးလှေကားထစ်အထိ တက်ကာ ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။ 

ဘေးက မိုချင်းချင်းကျယ်လောင်စွာ အော်ဟစ်သည်။ 

"ဘုရင်အသစ်ရဲ့နန်းတက်မှုအတွက် ဂုဏ်ပြုပါတယ်"

"ဘုရင်အသစ်ရဲ့နန်းတက်မှုအတွက် ဂုဏ်ပြုပါတယ်"

ကျန်သောသူများကလည်း သံပြိုင်ဟစ်ကြသည်။ 

ထို့နောက် ရှောင်ဟိုင် မိုဂျီအရင်က တည်‌ထောင်ခဲ့သည့် စည်းမျဉ်းအားလုံးကို ဖျက်သိမ်းပြီး နှစ်သောင်းချီအကြာက သူ့အုပ်ချုပ်မှုအတွင်းက စည်းမျဉ်းများကို ပြန်လည်ထူထောင်မည်ဖြစ်ကြောင်း ကြေညာသည်။ 

တစ်ချိန်တည်းမှာပင် နတ်ဆိုးဘုရင်အင်ပါယာအစောင့်တပ်ကိုလည်း ဖျက်သိမ်းကာ ပြန်လည်ပြုပြင်မည်ဖြစ်သည်။ 

မည်သို့ပင်ဆိုစေကာမူ အင်ပါယာအစောင့်များက နတ်ဆိုးသခင်ကို တိုက်ရိုက်သစ္စာခံကြသဖြင့် အဓိကပြောင်းလဲမှုတစ်ခု လုပ်ဆောင်ရန် လိုအပ်သည်။ 

ယဲ့ချိုးပိုင်တို့ကမူ နတ်ဆိုးဘုရင်ပိုင်နက်၏ ဧည့်သည့်အကြီးအကဲများ ဖြစ်လာကြသည်။ 

ရှန်းယင်က အစီအရင်အကြီးအကဲရာထူးကို ဆက်လက်ထိန်းသိမ်းထားသည်။ 

မီကဲအာမိသားစုက အတိတ်က ဂုဏ်ကျက်သရေနှင့်ယှဉ်ပါက ပို၍ထင်ရှားလာပြီး နတ်ဆိုးဘုရင်ပိုင်နက်၏ ထိပ်တန်းမိစားစုတစ်ခုဖြစ်လာသည်။ 

အရာအားလုံးကို ကြေညာပြီးနောက် ရှောင်ဟိုင်လက်ဝှေ့ယမ်းသည်။ 

"အကျဉ်းသားတွေကို ခေါ်လာခဲ့"

ရုတ်တရင် မိုကော၊ မဟာတပ်မှူးဟီနှင့် မိုဂျီ၏ မဟာမိတ်တစ်ချို့က တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး ရှေ့သို့ ခေါ်လာခဲ့ရသည်။ 

အောက်တွင် လဲ့ရွှမ်း ဒီမြင်ကွင်းကို မြင်သောအခါ ရှုပ်ထွေးနေသည့် အမူအရာတစ်ခုကို ပြသသည်။ 

ရှောင်ဟိုင် သူ့ရှေ့ကအကျဉ်းသားများကို ကြည့်ပြီးနောက် တခြားမည်သည့်စကားမှ မဆိုဘဲ တိုက်ရိုက်အမိန့်ပေးလိုက်လေသည်။ 

"သူတို့ကိုခေါင်းဖြတ်လိုက်"

မီကဲအာခေါင်းဆောင်ကိုယ်တိုင် အရေးယူကာ ထိုလူများစွာကို ကွပ်မျက်ပစ်ခဲ့သည်။ 

ဒီလုပ်ဆောင်မှုက ပြင်ပအင်အားစုများထံ ရှောင်ဟိုင်၏ မဆုတ်မနစ်သောစိတ်ဓာတ်ကို ပြသသည်။ 

"သူကတကယ်ရက်စက်ပြတ်သားတဲ့ သူတစ်ယောက်ပဲ"

"ဒါပေမယ့် ဒီလိုနည်းလမ်းတွေက လေးစားမှုကို မြန်မြန်ဆန်ဆန် တည်ဆောက်ပေးတယ်၊ သူ့ချဉ်းကပ်မှုမှာ လှည့်စားမှုလေးတော့ ရှိတယ်" သူတို့မှတ်ချက်ပေးသည်။ 

ထို့နောက် ရှောင်ဟိုင်၏ အကြည့်နှင့်အတူ မိုချင်းချင်းရှေ့တိုးကာပြောသည်။ 

"အခုကျေးဇူးပြုပြီး ဂိုဏ်းအသီးသီးက ကိုယ်စားလှယ်တွေ နတ်ဆိုးဘုရင့်ပင်မမြိုကို ၀င်လာကြပါ"

ဒီ‌အဆင့်တွင် အပြင်ပကအစောင့်များက စတင်အော်ဟစ်ကြသည်။ 

"နှင်းခဲဂိုဏ်းက ဘုရင်အသစ်နန်းတက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ နှင်းပွင့်ဆေးလုံးသုံးလုံးကို ပေးအပ်ပါတယ်"

လာမည့်ဂိုဏ်းတိုင်းက လက်ဆောင်တစ်ခုစီ ယူလာကြသည်။ 

ထိုစဉ် အစောင့်၏ကြေညာချက်က လူတိုင်းကို အံ့ဩသင့်သွားစေသည်။ 

"ယင်ယန်ဂိုဏ်း၊ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့က ဘုရင်အသစ်နန်းတက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ နတ်သခင်အဆင့်ကျင့်ကြံခြင်းကျင့်စဉ်နှစ်တွဲ၊ နတ်သခင်အဆင့်လက်နက်နှစ်ခုနဲ့ နတ်သခင်အဆင့် အစီအရင်နှစ်တွဲကို ပေးအပ်လာပါတယ်"

အပိုင်း(1213) coming။ 

All Chapters