#မျက်နှာဖုံးကို ခွာချခြင်း#
Vol. 86 Ch. 1213
ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့၏ရောက်လာမှုက လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။
ထောက်လှမ်းရေးသတင်းများအရ ရှောင်ဟိုင်က ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သေဆုံးခဲ့ရခြင်းပင် မဟုတ်ပေလော။
ဒီလိုသေစေလောက်သည့်၀ိရောဓိနှင့် ယခုသူတို့ ချီးကျူးရန်အတွက် လာကြသည်လား။
ဒါ့အပြင် နတ်သခခင်အဆင့်ကျင့်ကြံခြင်းကျင့်စဉ်နှစ်ခု၊ နတ်သခင်အဆင့်လက်နက်နှစ်ခုနှင့် နတ်သခင်အဆင့်အစီအရင်စာလိပ်နှစ်ခု!
ဒါကအတော်လေးရက်မောလွန်းသည်။
နတ်သခင်အဆင့်ဂိုဏ်းများတွင်ပင် ဒီအရာများကို အလွန်အမင်းအရေးပါသည့် အရင်းအမြစ်များအဖြစ် ယူဆ၍ရသည်။
ဒါ့အပြင် နတ်သခင်အဆင့်ကျင့်ကြံခြင်းကျင့်စဉ်တစ်ခုသာ ပြင်ပကမ္ဘာတွင် ပျောက်ဆုံးသွားပါက ထိုနတ်သခင်အဆင့်ဂိုဏ်းများ ကိုယ်ရောဝိဉာဉ်ပါ ပါ၀င်တိုက်ခိုက်ကြပေလိမ့်မည်။
ယခုတွင်မူ သူတို့က အများကြီးကို တစ်ကြိမ်တည်းတွင် ထုတ်လာနေသည်။
ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့ကပါ ကြီးမားသည့်စွန့်လွှတ်မှုတစ်ခု လုပ်နေသည်ဟု ဆို၍ရသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ နတ်သခင်ဟောင်တျန်းတွင်လည်း ထူးဆန်းသည့်အမူအရာတစ်ခုရှိနေသည်။
"ဘာဖြစ်နေတာလဲ၊ သူတို့ဒီကို ငြိမ်းချမ်းရေးရှာဖွေချင်လို့ လာကြတာများလား"
သို့သော် ပြန်တွေးမိသောအခါ ဒါက အတော်လေးပုံမှန်သာဖြစ်သည်။
ကြီးကြပ်ရေးဗိမာန်၏ ၀င်စွက်ဖက်မှုအောက်တွင်ပင် နန်းတက်ပြီး နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းက အများကြီးကို ပြသနေသည်။
သူတို့သာပုံမဖော်နိုင်ပါက နတ်သခင်အဆင့်ဂိုဏ်း၏ အုပ်ချုပ်သူများ ဖြစ်ထိုက်မည်မဟုတ်။
ရှောင်ဟိုင်မျက်မှောင်ကြုတ်ရင်း ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ရောက်လာသည့် မြို့ရိုးရှိရာသို့ လှမ်းကြည့်လိုက်၏။
သူတို့နှစ်ယောက် မြို့ရိုးကို ဖြတ်ပြီးသောအခါ ရှောင်ဟိုင်ရှိရာဘက်သို့လှည့်ပြီး ဦးညွတ်ကြသည်။
"ဧကရာဇ်အသစ်နန်းတက်တာကို ဂုဏ်ပြုပါတယ်"
ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်း သူတို့၏ဦးနှောက်များက တစ်ခဏမျှ အလုပ်မလုပ်တော့ဟုပင် ခံစားလိုက်ရသည်။
ယင်ယန်ဂိုဏ်းနှင့် အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့က ယခုလိုတန်ဖိုးရှိသည့် လက်ဆောင်များပို့ပေးရုံနှင့် လုံလောက်ပါသည်။
သို့သော် မည်သည့်အတွက်ကြောင့် နတ်သခင်နှစ်ဦးကိုယ်တိုင် ရောက်လာကြလေသနည်း။
ဒါက တကယ်ပဲ ရန်လိုမှုကနေ မွေးဖွားလာတာလား ဒါမှမဟုတ် နောက်ထပ်လျှို့ဝှက်ချက်တစ်ခုခုများရှိလား!
နတ်သခင်ဟောင်တျန်း လျှို့ဝှက်ချက်များကို သိနေခြင်းက တခြားဂိုဏ်းများကလည်း ဒါကိုနားလည်သည်ဟု ဆိုလိုနေခြင်းမဟုတ်။
ဒါက လူတိုင်းကို စိတ်ရှုပ်ထွေးစေသည်။
ရှောင်ဟိုင် ဒီစိတ်ကူးကိုလက်ခံပြီး နွေးထွေးစွာကြိုဆိုလိမ့်မည်ဟု ထင်နေခိုက် ယင်းအစား ရှောင်ဟိုင် လှုပ်ရှားမှုမရှိဘဲ ပလ္လင်ပေါ်တွင် ထိုင်နေသေးပြီး သူ့အမူအရာက အေးစက်နေတာကို တွေ့လိုက်ရသည်။
သူအဆင့်မြင့်ကြယ်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ကို မည်သည့်စကားတစ်ခွန်းမှမဆိုဘဲ တိတ်ဆိတ်စွာသာ စိုက်ကြည့်နေသည်။
သူ့အကြည့်က ရေခဲဓားသွားအလား အေးစက်ကာ ချွန်ထက်ပြီး သူတို့နှစ်ယောက်၏ မျက်လုံးများအား ထိုးဖောက်သွားသည့်အသွင်။
ဒါကတခြားသူများကို တစ်ခုခုမှားနေသည်ဟု ခံစားရစေသည်။
ရှောင်ဟိုင် နတ်သခင်နှစ်ယောက်ကို ယခုလိုပုံစံဖြင့် ဆက်ဆံရဲသည့်အပေါ် သူတို့ အံ့ဩသင့်နေကြသည်။
မင်းမတ်တပ်ရပ်ပြီး သူတို့ကို အရင်ထိုင်ခိုင်းသင့်တာမလား!
ဒါကနည်းနည်းလေး မောက်မာလွန်းမနေဘူးလား!
ဒီလိုလုပ်ခြင်းအားဖြင့် ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့လို ဩဇာအာဏာကြီးတဲ့ လူနှစ်ယောက် ဒေါသထွက်မှာကို မကြောက်ဘူးလား!
သို့သော် မျှော်လင့်မထားစွာပင် ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ ဒေါသမထွက်ရဲကြဘဲ သူတို့၏အမူအရာများက အလွန်အမင်း ကြည့်ရဆိုးနေကာ ရှောင်ဟိုင်၏ အကြည့်အောက်တွင် တစ်လက်မမျှ မလှုပ်ရှားဘဲ ရှောင်ဟိုင်အား ရာဇ၀တ်သားများကို စစ်ဆေးသည့်ပမာ စစ်ဆေးခွင့်ပေးထားကြသည်။
ထို့ကြောင့် စကားမပြောဘဲ ယင်ယန်နတ်သခင်ရော သခင်ဟွမ်ပါ တိတ်ဆိတ်စွာ နေခဲ့ကြသည်။
အချင်းချင်း အမွေးတိုင်တစ်တိုင်စာခန့်အထိ မျက်နှာချင်းဆိုင်နေစဉ် ဒီကာလအတွင်း တခြားသူတိုင်းက အသက်ပြင်းပြင်းပင် မရှုရဲပေ။
နောက်ဆုံးတွင် သူ့မျက်နှာလောင်ကျွမ်းနေသလို ခံစားလိုက်ရသည့်အပေါ် ယင်ယန်နတ်သခင် ဂုဏ်သိက္ခာကို မထိန်းသိမ်းနိုင်တော့ဘဲ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ရသည်။
"နတ်ဆိုးအရှင်မင်းကြီး၊ ဒါငါတို့ရဲ့ လက်ဆောင်တွေပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ"
ထို့နောက် သူတို့နှစ်ယောက်စလုံး ထိုလက်ဆောင်များပါ၀င်သည့် သိုလှောင်လက်စွပ်အသီးသီးကို ထုတ်ယူလိုက်ကြ၏။
ဒီမြင်ကွင်းကို ကြည့်ရင်း ရှောင်ဟိုင် မျက်ခုံးအနည်းငယ်ပင့်ကာ ထူးမခြားနားစွာပင်ပြောသည်။
"ကျုပ် ခင်ဗျားတို့ရဲ့လက်ဆောင်တွေကို လက်ခံသင့်တယ်လို့ထင်လား"
ဒီမေးခွန်းက ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့ကို ရှင်းရှင်းလင်းလင်း စိန်ခေါ်လိုက်ခြင်းပေတည်း။
လူတိုင်းချွေးများပင်ပျံနေကြပြီး တစ်ချို့က စတင်နောက်ဆုတ်ကြသည်။
သူတို့နတ်သခင်နှစ်ယောက် ရုတ်တရက် ဒေါသထွက်ပြီး အကျိုးဆက်များကိုပင် သူတို့သည်းမခံနိုင်လောက်မှာကို ကြောက်နေကြခြင်းပင်။
ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့တွင် ပြင်းထန်သည့် သတ်ဖြတ်ခြင်းဆန္ဒများ ရှိနေသော်လည်း ရှောင်ဟိုင်နောက်တွင် ဘယ်သူရှိသလဲဆိုတာကို မသိသေးသည့်အပေါ် ဒေါသများကို မျိုချလိုက်ရုံသာ တတ်နိုင်သည်။
သူ့ကိုထောက်ခံပေးနေသည့်လူက မည်သူပင် ဖြစ်လေသနည်း။
သခင်ဟွမ်အားတင်းပြုံးရင်းပြောသည်။
"နတ်ဆိုးအရှင်မင်းကြီး၊ အတိတ်က မကျေနပ်ချက်တွေက နားလည်မှုလွဲတာသက်သက်ပါပဲ၊ အခုအချိန်များစွာ ကုန်ဆုံးသွားပြီဆိုတော့ အတိတ်ကို အတိတ်မှာပဲ ထားလိုက်ကြရအောင်လေ၊ သေချာတာပေါ့၊ ဒါကငါတို့ဂိုဏ်းတွေရဲ့ ဂုဏ်ပြုလက်ဆောင်သက်သက်ပါ၊ ဆွေးနွေးချင်တဲ့ လျော်ကြေးတစ်ခုခုများရှိတယ်ဆိုရင် နတ်ဆိုးအရှင်မင်းကြီးကို ပြောပေးဖို့အတွက် ကြိုဆိုပါတယ်"
ငြိမ်းချမ်းရေးရှာဖွေတာလား!
ဒီမြင်ကွင်းကို ကြည့်နေသည့် မရေမတွက်နိုင်လောက်သောသူများ သူတို့နားများကိုပင် ပွတ်သပ်ရင်း ထူးဆန်းစွာ အထိတ်တလန့်ကြည့်ပြီး နားကြားမှားသွားသည့်အလားပင် တွေးနေမိကြသည်။
ဒီနတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းက ရှောင်ဟိုင်ရဲ့ခွင့်လွှတ်မှုကို တကယ်ပဲ တောင်းဆိုနေတာလား!
ဘာတွေတကယ်ဖြစ်ပျက်နေတာလဲ!
သို့သော် နတ်ဆိုးဘုရင်ပိုင်နက်က လူများကမူ သူတို့နှလုံးသားထဲ ပူပြင်းသည့် သွေးများဆူပွက်နေသည့်ပမာပင် ခံစားလိုက်ရသည်။
သူတို့၏အနည်းငယ်ကိုင်းနေသည့် ကျောရိုးများပင် မသိစိတ်က ဖြောင့်တန်းသွားသည့်အလားပင်။
အရင်မိုဂျီအာဏာရတုန်းက သူတို့ဒီနတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်း၏ ကျွန်ပြုခံနေရသလို ခံစားရသည်။
လှုပ်ရှားမှုတိုင်းတွင် ကန့်သတ်ခံရသည်။
စိတ်ကြိုက်လှုပ်ရှား၍မရ။
သူတို့ခေါင်းများကို မမြှောက်နိုင်တော့သည့် ကျွန်များပမာ။
ယခုတွင်မူ ရှောင်ဟိုင် နတ်ဆိုးသခင်နေရာကို ပြန်ရောက်လာသောအခါ ဒီနတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းမှ နတ်သခင်များပင်လျှင် နတ်ဆိုးသခင်ကို တောင်းပန်ရန်အတွက် လာခဲ့ကြသည်။
သူတို့အရင်က ဒီလိုအရာမျိုးကို အိပ်မက်ပင်မမက်ရဲကြပေ။
ပလ္လင်ဘေးက မိုချင်းချင်းပြုံးရင်း ရှောင်ဟိုင်ကို နှလုံးသားထဲက ကြီးမားသည့် ပျော်ရွှင်မှုနှင့်အတူ ကြည့်နေသည်။
အရာတိုင်းကိုဆုံးရှုံးပြီး ပြန်လည်မွေးဖွားလာခဲ့သည့် ရှောင်ဟိုင်ပြန်လာလေပြီ။
သူစွမ်းအားအာဏာကို ပြန်ရခဲ့သည်သာမက တစ်ခါက သူပိုင်ဆိုင်သည့် အရာများကိုလည်း ရခဲ့သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အပြုံးချင်း ဖလှယ်လိုက်ကြသည်။
တကယ်တမ်းတွင် ရှောင်ဟိုင် စံအိမ်တော်၏ ဂုဏ်သတင်းကို မပျက်စေခဲ့ပါ။
နတ်သခင်နှစ်ယောက်၏ စကားလုံးများကို နားထောင်ရင်း ရှောင်ဟိုင်သက်တောင့်သက်သာပင် နှာခေါင်းရှုံ့ပြီး မေးစေ့ကို လက်ဖဝါးပေါ်တင်ရင်း သူတို့နှစ်ယောက်အား လှောင်ပြောင်သည်။
"အိုး၊ ကျုပ်ရဲ့ခွင့်လွှတ်မှုကို ရယူဖို့ ဘယ်လိုတောင်းပန်မှုမျိုးက လုံလောက်မယ်လို့ထင်လဲ"
ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားကြ၏။
သို့သော် သူတို့ချက်ချင်းပြန်ဖြေသည်။
"စည်းမျဉ်းတွေချဖို့ဆိုတာက နတ်ဆိုးအရှင်မင်းကြီးအပေါ် မူတည်ပါတယ်၊ ငါတို့စွမ်းဆောင်ရည်အတွင်းမှာ ရှိနေသရွေ့ဖြည့်ဆည်းပေးဖို့အတွက် အကောင်းဆုံးကြိုးစားပါမယ်"
"ဒါဆိုကိုယ့်ကိုကိုယ်သတ်သေပါ"
ရှောင်ဟိုင်၏တုံ့ဆိုင်းခြင်းမရှိသည့် တုံ့ပြန်မှုကို ကြားရသောအခါ ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့၏ အမူအရာများက တောင့်တင်းသွားပြီးနောက် တဖြည်းဖြည်း မှောင်မိုက်လာကြသည်။
ကျန်သောသူအားလုံးကလည်း လုံး၀ကို ထိတ်လန့်သွားကြသည်။
ဒီနတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းက သူတို့၏သဘောထားကို အတိုင်းအတာတစ်ခုအထိ လျှော့ချပြီး ယခုလိုသိသာသည့် လျော်ကြေးတစ်ခုကိုပင် ပေးဆောင်ရသည့် အကြောင်းရင်းကို သူတို့မသိသော်လည်း ရှောင်ဟိုင်က သေခြင်းတရားကို လိုချင်နေသေးသည်လား။
ဒါကကိုယ့်ကိုကိုယ် နည်းနည်းယုံကြည်လွန်းရာ ကျမနေဘူးလား!
တခြားတစ်ဘက်တွင် နတ်သခင်ဟောင်တျန်း ကျယ်ပြောစွာပြုံးလိုက်သည်။ သူ့တပည့်က ဘယ်သူလဲဆိုတာကပင် အရေးမကြီးတော့။ သူစိတ်နေစိတ်ထားက သူ့အရဿာနှင့် လုံး၀ကိုကိုက်ညီသည်။
ယခု အရာများကို ပြန်လည်သင့်မြတ်၍ မရတော့တာကို သိသဖြင့်နတ်သခင်နှစ်ဦး ဟန်ဆောင်မနေတော့ဘဲ သူတို့၏ အမူအရာက မည်းမှောင်နေကြသည်။
"မင်းတကယ်ပဲ တံတိုင်းအားလုံးကို မီးရှို့ပစ်ဖို့ ဆုံးဖြတ်ပြီးပြီလား"
"ငါတို့ဂိုဏ်းနှစ်ဂိုဏ်းက မင်းကို တကယ်ကြောက်နေတယ်လို့ မထင်နဲ့"
ရှောင်ဟိုင်အေးစက်စွာရယ်မောသည်။
"တံတိုင်းအားလုံးကို မီးရှို့တာလား၊ ဘယ်အချိန်ကတည်းက ခင်ဗျားတို့ လွန်ကဲသွားကြပြီလို့ မတွေးတောကြတာလဲ"
"အရင်ကသာအဲလိုမလုပ်ခဲ့ဘူးဆိုရင် အရာအားလုံးက ဒီနေရာကို ဘယ်လိုရောက်လာမှာလဲ"
သို့သော်လုပ်ခဲ့တာက လုပ်ခဲ့ခြင်းသာ။
သခင်ဟွမ် ဒေါသတကြီးအော်ဟစ်သည်။
"ငါတို့ရဲ့လျော်ကြေးကို မင်းငြင်းပယ်တယ်ဆိုမှတော့ စစ်ပွဲက ကျန်ရှိနေတဲ့တစ်ခုတည်းသောလမ်းကြောင်းပဲ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ဒါကိုစစ်ဖြစ်ကြတာပေါ့"
"မင်းအလားတူအမှားမျိုးကို ထပ်လုပ်ချင်တာလား"
"ခင်ဗျားတို့ဂိုဏ်းနှစ်ဂိုဏ်းပျက်စီးမှုနဲ့ အဆုံးသတ်သွားနိုင်တာပဲလေ"
ဒီနေရာ၌ ကောက်ချက်က အတော်လေးရှင်းနေလေပြီ။
ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့မှာ အင်္ကျီလက်ကိုခါယမ်းရင်း လှည့်ထွက်သွားကြလေတော့သည်။
သူတို့ဘာလို့ဘေးကင်းစွာ ထွက်သွားနိုင်ရတာလဲ!
ရှောင်ဟိုင်လှုပ်ရှားရန် အဆင်သင့်ဖြစ်နေသည့် လုချန်ရှန်းထံ သတင်းတစ်ခုပို့ပြီး ဒီကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်မည်ဟု ပြောခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဒါက သူ့ရန်ငြိုးဟောင်းသာ။
နတ်သခင်နှစ်ဦးထွက်သွားပြီးနောက်တွင် မြို့ရိုးအပြင်ဘက်က အစောင့်များက ထပ်မံအော်ဟစ်လိုက်ကြပြန်သည်။
"ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်း၊ ခေးအောစ့်အနှစ်သာရဓားသခင် နှုတ်ဆက်မှု ပို့ပါတယ်"
လူတိုင်းကြက်သေသေသွားသည်။ ဘာလို့ နတ်သခင်အဆင့်ဂိုဏ်းတွေ အခုဒီလောက်ထိ စုစည်းလာကြတာလဲ!
အပိုင်း(1214) coming။