← Chapters

#ခေးအောစ့်အနှစ်သာရဓားသခင်၊ ယဲ့ချိုးပိုင်ထိတ်လန့်သွားသည်#

Vol. 86 Ch. 1214

#ခေးအောစ့်အနှစ်သာရဓားသခင်၊ ယဲ့ချိုးပိုင်ထိတ်လန့်သွားသည်#

Vol. 86 Ch. 1214

ခေးအောစ်အနှစ်သာရဓားသခင်!

သူကလက်ရှိ နတ်သခင်နယ်ပယ်စွမ်းအားရှင်များကြားမှ တစ်ဦးတည်းသော ဓားသမားဖြစ်သည်။

တခြားနတ်သခင်အဆင့်အင်အားစုများနှင့် ယှဥ်ပါက  ခေးအောစ့်အနှစ်သာရဓားသခင်အပါအ၀င် ခေးအောစ့်အနှစ်သာရဓားဘိုးဘေးတစ်ဂိုဏ်းလုံးက အမြဲလိုလိုနိမ့်ချနေသည်။ မည်သူကမှ ခေးအောစ့်အနှစ်သာရဓားသခင်၏ လှုပ်ရှားမှုကို တစ်ခါမှ မမြင်ခဲ့ဖူးကြပါ။ 

ဒီလိုနှင့် ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်း၊ ခေးအောစ့်အနှစ်သာရဓားသခင်တို့နှင့် ပတ်သက်၍ လူအများစုက သူတို့၏ အစစ်အမှန်ခွန်အားကို မသိကြပေ။

တခြားသူများကို ပိုထိတ်လန့်စေတာက ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းက ဧကရာဇ်ထီးနန်းအတွက် ဂိုဏ်းများခိုက်ရန်ဖြစ်ပွားမှု၊ တိုက်ပွဲများတွင် ဘယ်တော့မှ မပါ၀င်တတ်ခြင်းပင်။ ဧကရာဇ်အသစ် နန်းတက်တာကို ပြောနေစရာပင်မလို။ 

ဒီတစ်ကြိမ်တွင် ခေးအောစ့်အနှစ်သာရဓားသခင်ကိုယ်တိုင် ရောက်လာသည်။ 

ခေးအောစ့်အနှစ်သာရဓားသခင်ဘေးတွင် ရပ်နေသူက တုယွန်ဖြစ်ပြီး မည်သည့်စကားမှမဆိုဘဲ တုယွန်ရှောင်ဟိုင်ကို ဦးညွတ်သည်။ 

"ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းက ဘုရင်အသစ်နန်းတက်ခြင်းအတွက် ချီးကျူးစကားဆိုအပ်ပါတယ်"

ဒားသခင်စကားမပြောသော်လည်း ဓားသခင်ဘေးတွင် ရပ်နေသည့် တုယွန်၏ စကားလုံးများက ဓားသခင်၏ အဆိုကို ကိုယ်စားပြုသည်။ 

ကျန်သောဂိုဏ်းများ တစ်ဦးကိုတစ်ဦး မယုံနိုင်စွာ ကြည့်လိုက်မိကြသည်။ 

နတ်ဆိုးဘုရင်ပိုင်နက်က ရှောင်ဟိုင်မှာ ဒီလောက်ကျယ်ပြန့်တဲ့ ကွန်ရက်ရှိတာလား!

ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းလို လျှို့ဝှက်အဖွဲ့အစည်းကတောင် ကိုယ်တိုင်ကိုယ်ကျလာပြီး ချီးကျူးစကားဆိုလာတာလား!

ယဲ့ချိုးပိုင် အံ့ဩစွာမေးသည်။ 

"ဂျူနီယာညီလေး၊ မင်းအရင်က ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းကို တွေ့ဖူးလို့လား"

ရှောင်ဟိုင်ကလည်း အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရပြီး ခေးအောစ့်အနှစ်သာရဓားသခင်ရှိရာဘက်သို့ ကြည့်ရင်း ခေါင်းခါယမ်းသည်။ 

ကျွန်တော်မှတ်မိသလောက်တော့ မရှိဘူး၊ အတိတ်ဘ၀ကများလား"

မည်သို့ပင်ဆိုစေကာမူ ရှောင်ဟိုင်၏ မှတ်ဉာဏ်များက အပြည့်အ၀ မကောင်းလာသေးပေ။ 

သို့သော် မိုချင်းချင်း ချက်ချင်းခေါင်းခါယမ်းသည်။ 

"အတိတ်ဘ၀ကလည်းမဟုတ်ဘူး၊ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းထဲမှာ ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းက စွမ်းအားကို အချည်းနှီးမပြသတဲ့ တည်ရှိမှုတစ်ခုပဲ၊ ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းရဲ့ ပိုင်နက်အများစုကို ကောင်းကင်ပိတ်ဖုံးဂိုဏ်းလို့ သိထားကြပေမယ့် တကယ့်စစ်မှန်တဲ့ အဓိပ္ပာယ်ကတော့ လျှို့ဝှက်ချက်တစ်ခုအဖြစ် ကျန်ရှိနေတုန်းပဲ"

ကောင်းကင်ပိတ်ဖုံးဂိုဏ်းက အလျှို့ဝှက်အဆန်းကြယ်ဆုံးဖြစ်ပြီး ဂိုဏ်းတည်နေရာကို သိသူနည်းပါးသည်။ 

ခေးအောစ့်အနှစ်သာရဓားဘိုးဘေးပိုင်နက်ကို သိထားသော်လည်း ၎င်း၏စွမ်းအအစစ်အမှန်ကို သိသူမရှိသလောက်ပင်။ 

"ဘာလို့ ခေးအောစ့်အနှစ်သာရဓားသခင်ကိုယ်တိုင် ဒီကိုလာရတာလဲ" ယဲ့ချိုးပိုင် အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။

သူ့အကြည့်က ခေးအောစ့်အနှစ်သာရဓားသခင်ထံ ကျရောက်သွားစဉ် ဓားသခင်ကလည်း သူ့ကိုကြည့်နေတာကို တွေ့လိုက်ရသည်။ 

ယဲ့ချိုးပိုင်အနည်းငယ်လန့်သွားသည်။ 

သူတို့အကြည့်များဆုံမိသည့်အခိုက်အတန့်၌ ခေးအောစ့်အနှစ်သာရဓားသခင်ဆီကနေ ထုတ်လွှတ်သည့် ရင်းနှီးနေသောအော်ရာတစ်ခုကို သူထူးဆန်းစွာပင်ခံစားနေရသည်။ 

ဒါက သွေးကြောချင်းတူသောသူများ သို့မဟုတ် ဓားသမားများအကြားက ရင်းနှီးမှုမျိုးမဟုတ်ဘဲ ပိုနက်ရှိုင်းသည့် အရာတစ်ခုနှင့်တူသည်။ 

သူတို့အရင်ကတွေ့ဖူးသကဲ့သို့ပင်။ 

နောက်တော့ သူတို့ဧကရာဇ်အသစ်နန်းတက်ပွဲအတွက် ပုံမှန်အခမ်းအနားများကို ကျင်းကြပြီး တစ်ချို့ကို အဆင့်မြှင့်ပေးကာ တစ်ချို့ကို ကွပ်မျက်ပစ်သည်။ 

အဆုံးသတ်ပြီးနောက် ဂိုဏ်းအသီးသီးက တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ထွက်သွားကြသည်။ 

သို့သော် နတ်သခင်ဟောင်တျန်းနှင့် ခေးအောစ့်အနှစ်သာရဓားသခင်တို့က ကျန်ရစ်နေခဲ့သည်။ 

နတ်သခင်ဟောင်တျန်းရှေ့တိုးပြီး အူလှိုက်သည်းလှိုက်ရယ်မောကာ ရှောင်ဟိုင်ပခုံးကို ပုတ်သည်။ 

"အရမ်းကောင်းတယ်ကောင်လေး၊ ယင်ယန်နတ်သခင်နဲ့ သခင်ဟွမ်တို့ကို မင်းရင်ဆိုင်တဲ့နည်းလမ်းက လုံး၀ကိုလန်းတယ်၊ ဒါက ငါတို့ကျင့်‌ကြံသူတွေ ဖြစ်သင့်တဲ့ပုံစံပဲမလား"

သူထိုသို့ပြောလိုက်စဉ် ခန်းမတစ်ခုထဲက အကြည့်တစ်ခု သူ့ကိုစိုက်ကြည့်နေတာကို ခံစားလိုက်ရပြီး သတင်းစကားတစ်ခုပါ ရောက်လာသည်။ 

"ခင်ဗျား ကျုပ်တပည့်ကို မှားယွင်းတဲ့ အလေ့အထတွေ သင်ပေးမယ်ဆိုရင် နောက်တစ်ခါ ပြောင်းပြန်ဓားက ခင်ဗျားခေါင်းပေါ် ကျလာလိမ့်မယ်"

ဘာ!

မှားယွင်းတဲ့အလေ့အထတွေလား!

သို့သော် ဒီသတ်ဖြတ်ခြင်းဆန္ဒကို ခံစားမိသောအခါ နတ်သခင်ဟောင်တျန်း တုန်ယင်သွားရပြီး ကလေးကောင်းတစ်ယောင်ပမာ နာခံသည့်အသွင်ပြုမူရင်း ရှောင်ဟိုင်နှင့် အလျင်အမြန် ဝေးဝေးသွားလိုက်သည်။ 

ဒီအချိန်မှာပင် ခေးအောစ့်အနှစ်သာရဓားသခင်ရှေ့းတိုးပြီး ထူးမခြားနားသည့်အသွင် ခေါင်းညိတ်ရင်း ရှောင်ဟိုင်ကိုပြောသည်။ 

"ဂုဏ်ယူပါတယ်"

ရှောင်ဟိုင်ပြန်လည်ဦးညွတ်သည်။ 

"ကျေးဇူးပါစီနီယာ"

ဒါကိုမြင်သော် ခေးအောစ့်အနှစ်သာရဓားသခင် ရှောင်ဟိုင်နှင့်စကားဆက်မပြောတော့ဘဲ ယဲ့ချိုးပိုင်ဘက်သို့ လှည့်လိုက်၏။ 

"ငါမင်းအတွက် လာခဲ့တာ"

ကျွန်တော်လား!

လူတိုင်းကြက်သေသေသွားကြပြီး သူတို့၏အကြည့်အားလုံးက ယဲ့ချိုးပိုင်ပေါ် ကျရောက်သွားကြ၏။ 

ယဲ့ချိုးပိုင်တွင် အတိတ်ဘ၀မရှိပါ။ သူအဆင့်နိမ့်ကြယ်နယ်မြေကနေ လက်ရှိအခြေအနေအထိ တက်လာခဲ့ခြင်းဖြစ်ပြီး သူတို့ကောင်းကောင်းသိသည့် ခရီးစဉ်တစ်ခု ဖြစ်လေရာ ခေးအောစ့်အနှစ်သာရဓားသခင်ကို အရင်က မတွေ့ဖူးတာသေချာသည်။ 

ခေးအောစ့်အနှစ်သာရဓားသခင်၏ စကားလုံးများက ယဲ့ချိုးပိုင်ကို ပဟေဠိဖြစ်စေသည်။ 

"စီနီယာ၊ ကျွန်တော်တို့တွေ့ဖူးတာလား"

ခေးအောစ့်အနှစ်သာရဓားသခင် ခေါင်းခါယမ်းသည်။ 

"မတွေ့ဖူးသေးဘူး"

"ဒါဆိုစီနီယာ ကျွန်တော့်ကို ဘာအတွက် လိုအပ်နေတာလဲ"

ခေးအောစ့်အနှစ်သာရဓားသခင် လှည့်ပြီးထွက်သွားသည်။ 

ဒီအပေါ်ယဲ့ချိုးပိုင်အံ့ဩသွားရသည်။ 

"ငါတစ်ချက်သွားကြည့်လိုက်မယ်"

မုဇီရှင်းကမူ  ပူပန်သည့်အမူအရာဖြင့် ယဲ့ချိုးပိုင်ကို ကိုင်လိုက်သည်။ 

"ကျွန်မ ရှင်နဲ့အတူလိုက်ခဲ့မယ်"

ယဲ့ချိုးပိုင်လှည့်လာပြီး မုဇီရှင်းလက်ကလေးကို ပုတ်ကာပြုံးသည်။ 

"ဘာမှမဖြစ်ပါဘူး၊ ဒီလိုလးတစ်ယောက်မှာသာ ငါ့အပေါ်သတ်ဖြတ်ခြင်းဆန္ဒတစ်ခုခု ရှိမယ်ဆိုရင် ဒီလောက်ထိလှည့်ပတ်ပြီး သတ်ဖို့ နေရာပြောင်းရတဲ့အထိ ဒုက္ခခံနေမှာမဟုတ်ဘူး"

ဒီနယ်ပယ်ကိုရောက်နိုင်သည့် ဓားသမားတစ်ယောက်က ဒီလိုလုပ်ရပ်များကို လက်ခံမည်မဟုတ်။ 

သတ်ဖြတ်ခြင်းက သတ်ဖြတ်ခြင်းသာ။

တိုက်ခိုက်တာက အတိအကျတိုက်ရိုက်လုပ်ရပေမည်။ 

ဒါက ဓားသမားတစ်ယောက်၏ ဂုဏ်ယူမှုပေတည်း။ 

ထိုသို့ပြောပြီးနောက် သူမုဇီရှင်းလက်ကို လွတ်ပေးပြီး ခေးအောစ့်အနှစ်သာရဓားသခင်နောက်မှ လိုက်သွားသည်။ 

တုယွန်နောက်တွင်ကျန်နေပြီး လူတိုင်း၏ ပူပန်နေသည့်အမူအရာကို မြင်သောအခါ ပြောသည်။ 

"ဓားပိုင်ရှင်တစ်ယောက်က ဒီလိုမလုပ်ဘူး၊ ဒါ့အပြင် ငါတို့မှာ ရန်ငြိုးမရှိပါဘူး"

ဒါကိုကြားသောအခါမှသာ လူတိုင်း သူ့စကားလုံးများတွင် အဓိပ္ပာယ်ရှိသလို ခံစားလိုက်ရသဖြင့် လုပ်လက်စများကို ဆက်လုပ်ကြလေတော့သည်။

အရာများကအဆင်မပြေဘူးဆိုလျှင်ပင် သူတို့ဆရာကရှိနေသေးပြီး ခန်းမကြီး၌ မစ္စတာနှင့်အတူ ကိစ္စရပ်များအား ဆွေးနွေးနေကြသည်။ အကယ်၍ ခေးအောစ့်အနှစ်သာရဓားသခင်တွင်သာ ယဲ့ချိုးပိုင်အပေါ် မကောင်းသည့်ရည်ရွယ်ချက်များ တကယ်ရှိနေပါက သူတို့ဆရာ၏ခွန်အားအရ အချိန်မရွေးကူညီနိုင်သည်။ 

......

နတ်ဆိုးဘုရင့်ပင်မမြို့အပြင်ဘက်တွင် အပျက်အစီးများရှိနေဆဲ။ ခေးအောစ့်အနှစ်သာရဓားသခင် လူသူကင်းမဲ့သည့် နေရာတစ်ခုကို ရှာတွေ့သောအခါ ရပ်လိုက်ပြီးနောက် ယဲ့ချိုးပိုင်ဘက်သို့ လှည့်လာသည်။ 

ခေးအောစ့်အနှစ်သာရဓားသခင် သူ့ကို အကဲခတ်ကြည့်နေသဖြင့် ယဲ့ချိုးပိုင် စိတ်ရှုပ်ထွေးစွာမေးသည်။ 

"စီနီယာ၊ ဘာလို့ဒီကိုလာဖို့ ကျွန်တော့်ကို ပြောရတာလဲ"

သို့စေကာမူ ခေးအောစ့်အနှစ်သာရဓားသခင်၏ နောက်စကားလုံးများက သူ့ကို ကြက်သေသေသွားသည်။ 

"ခေးအောစ့်အနှစ်သာရဓားခန္ဓာလား"

ယဲ့ချိုးပိုင်အံ့သြသင့်သွားရသည်။ 

"စီနီယာ၊ ဒါကိုဘယ်လိုသိတာလဲ...."

ထို့နောက် ခေးအောစ့်အနှစ်သာရဓားသခင်ကို ပထမဆုံးစတွေ့ကတည်းက ရင်းနှီးသည့်ခံစားချက်ကို ပြန်သတိရသွားသောအခါ ယဲ့ချိုးပိုင် တစ်စုံတစ်ရာကို သတိရသွားသည့်အလား သူ့မျက်သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားသည်။ 

"ဖြစ်နိုင်တာက....."

သို့သော် သူ့အတွေးကိုပြောမပြီးသေးခင်မှာပင် ခေးအောစ့်အနှစ်သာရဓားသခင် ခေါင်းညိတ်သည်။ 

"ငါလည်းအတူတူပဲ"

ခေးအောစ့်အနှစ်သာရဓားသခင်ဆီက တုံ့ပြန်မှုနှင့်အတူ ယဲ့ချိုးပိုင်အမြင်ပွင့်သွားသည်။ 

မည်သည့်အတွက်ကြောင့် သူစိမ်းတစ်ယောက်ဖြစ်သည့် ခေးအောစ့်အနှစ်သာရဓားသခင်က သူ့ကိုလာဖို့ ပြောရလေသနည်း။ 

သူတို့အကြည့်ချင်းဆုံသည့်အခိုက်တွင် သူတို့အော်ရာများက မည်သည့်အတွက်ကြောင့် ဒီလောက်ရင်းနှီးနေရလေသနည်း။ 

ခေးအောစ့်အနှစ်သာရဓားခန္ဓာကမူ နှစ်သန်းပေါင်းများစွာတွင်သာ တစ်ယောက်ပေါ်လာနိုင်သည်။ 

တူညီသောခေတ်တစ်ခေတ်တွင် ခေးအောစ့်အနှစ်သာရဓားခန္ဓာပေါ်လာဖို့ ဖြစ်နိုင်ချေက သုညနီးပါးပင်။ 

ရုတ်တရက် သူအမွေရခဲ့သည့် အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၌ တိမ်ပြာဓားကို သူသတိရသွားသည်။ ခေးအောစ့်အနှစ်သာရဓားသခင်ကလည်း ခေးအောစ့်အနှစ်သာရဓားခန္ဓာပိုင်ရှင်ဖြစ်ပုံရသည်။ 

‌ခေတ်တစ်ခုတည်းတွင် ခေးအောစ့်အနှစ်သာရဓားခန္ဓာသုံးခုပေါ်လာဖို့ဆိုတာက မဖြစ်နိုင်ပေ။ 

ယဲ့ချိုးပိုင်၏မျက်ခုံးများက ကျုံ့သွားပြီး ခေးအောစ့်အနှစ်သာရဓားသခင်ကို ကြည့်လိုက်သည်။ 

"စီနီယာ၊ ခင်ဗျားက အလယ်အလတ်အဆင့်ကြယ်နယ်မြေများလား၊ ခင်ဗျားက တိမ်ပြာဓားရဲ့ပိုင်ရှင်များလား"

ခေးအောစ့်အနှစ်သာရဓားသခင်ခေါင်းခါယမ်းသည်။ 

"ဟုတ်တယ်၊ မဟုတ်ဘူး"

ဒီအဖြေက ယဲ့ချိုးပိုင်ကို ပဟေဠိဖြစ်စေသည်။ 

ယဲ့ချိုးပိုင်၏မျက်နှာပေါ်က စိတ်ရှုပ်ထွေးမှုကို မြင်ရသောအခါ ခေးအောစ့်အနှစ်သာရဓားသခင်တည်ငြိမ်စွာ ရှင်းပြသည်။ 

"တိမ်ပြာဓားပိုင်ရှင်က မင်းဖြစ်သလို ငါလည်းဖြစ်တယ်"

ဟင်!

ယဲ့ချိုးပိုင်အေးခဲသွား၏။ 

"ခေးအောစ့်အနှစ်သာရဓားခန္ဓာနှစ်ခုက တစ်ခေတ်တည်းမှာ တည်ရှိဖို့ဆိုတာက မဖြစ်နိုင်ဘူး"

"ပြီးတော့ တိမ်ပြာဓားပိုင်ရှင်က အကန့်အသတ်တွေကို ကျော်လွှားဖို့အတွက် ဝိဉာဉ်ကိုခွဲထုတ်ပြီး နှစ်ခုအဖြစ် ကျင့်ကြံဖို့ အထူးလျှို့ဝှက်ကျင့်စဉ်တစ်ခုကို သင်ယူရတယ်၊ အဲဒါကမင်းနဲ့ငါ့ကို ဖြစ်စေခဲ့တာပဲ"

ခေးအောစ့်အနှစ်သာရဓားသခင် ယဲ့ချိုးပိုင်၏မျက်လုံးထဲက ထိတ်လန့်နေသည့် အမူအရာကို ကြည့်ရင်း ခေါင်းညိတ်သည်။ 

"ပြောရမယ်ဆိုရင် ငါတို့မှာ မတူညီတဲ့ အသိစိတ်တွေ၊ မတူညီတဲ့ဘ၀လမ်းကြောင်းတွေရှိရင်တောင် ငါတို့က အဆုံးမှာတော့ လူတစ်ယောက်တည်းပဲ"

အပိုင်း(1215) coming။ 

All Chapters