← Chapters

#ဆန်းကြယ်သောကံကြမ္မာနဲ့ ကိုယ်ပိုင်လက္ခဏာ#

Vol. 86 Ch. 1215

#ဆန်းကြယ်သောကံကြမ္မာနဲ့ ကိုယ်ပိုင်လက္ခဏာ#

Vol. 86 Ch. 1215

ခေးအောစ့်အနှစ်သာရဓားသခင်ပြောတာကို ကြားသောအခါ ယဲ့ချိုးပိုင်၏ အတွေးများက ချက်ချင်းရှင်းလင်းသွားသည်။ 

ကောင်းကင်ဘုံဓားတောင်ထိပ်၌ ခေးအောစ့်အနှစ်သာရဓားကို ရရှိပြီးနောက် အဆင့်မြင့်ကြယ်နယ်မြေတွင် လာရှာရန်အတွက် ဘာကြောင့် သူ့ကိုပြောခဲ့သနည်း။ 

သို့သော် တိမ်ပြာဓားပိုင်ရှင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးတွင် အဆင့်မြင့်ကြယ်နယ်မြေတွင် ရှိပုံမရပေ။ 

ရှေးခေတ်ကတည်းကပင် သူ့အကြောင်း ရှေးဟောင်းမှတ်တမ်းများမရှိပါ။ 

ယခုတွင်မူ ခေးအောစ့်အနှစ်သာရဓားသခင်က တိမ်ပြာဓားပိုင်ရှင်က အမှန်တကယ်ပဲ သူနောက်တစ်ယောက်ဖြစ်နေတာကို ဖွင့်ဟခဲ့သည်။

တိမ်ပြာဓားပိုင်ရှင်၏ သတင်းစကားက တိမ်ပြာဓားပိုင်ရှင်ကို အမှန်တကယ်ရှာဖွေခြင်းမဟုတ်ဘဲ နှစ်ပိုင်းခွဲပစ်ခဲ့သည့် ခေးအောစ့်အနှစ်သာရဓားသခင်ကို ရှာဖွေခြင်းပေတည်း။ 

"အခုမင်းနားလည်ပြီဆိုတော့ ငါတို့လည်း နောက်ဆုံးမှာ တစ်ယောက်တည်းဖြစ်လာရရမယ်ဆိုတာ မင်းသိသင့်တယ်" ခေးအောစ့်အနှစ်သာရဓားသခင် ယဲ့ချိုးပိုင်ကို တည်ငြိမ်သည့်အသံဖြင့်ပြောသည်။ 

လျှို့ဝှက်ကျင့်စဉ်နှင့် နှစ်ယောက်ခွဲပစ်ခဲ့သဖြင့် အဆုံးတွင် ပြန်လည်ပေါင်းစပ်ရမည်သာ။ 

ဒါကတိမ်ပြာဓားပိုင်ရှင်၏ ရည်ရွယ်ချက်ပေတည်း။ 

"ငါတို့နှစ်ယောက်ရဲ့ ပါရမီနဲ့ကျင့်ကြံခြင်းအပြင် စုစည်းသိမ်းဆည်းထားတဲ့ အရာအားလုံးက နောက်ဆုံးမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလိမ့်မယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဆက်လုပ်လို့မရတော့တဲ့ အရာတစ်ခုရှိတယ်"

ခေးအောစ့်အနှစ်သာရဓားသခင်၏ စကားကိုနားထောင်ရင်း ယဲ့ချိုးပိုင်နားလည်သွား၏။ သူ့အမူအရာက အလွန်အမင်း လေးနက်နေပြီး ခေးအောစ့်အနှစ်သာရဓားသခင်ကို လက်ထဲတွင် တိမ်ပြာဓားကို ကိုင်ရင်းကြည့်နေသည်။ 

"မှတ်ဉာဏ်နဲ့ စိတ်ဝိဉာဉ်ကြီးစိုးမှု"

မှတ်ဉာဏ်နှင့် စိတ်ဝိဉာဉ်ကြီးစိုးမှု!

တစ်နည်းပြောရပါက နောက်ဆုံးသူတို့ပေါင်းစပ်ရန် ခြေလှမ်းလှမ်းသောအခါ သူတို့ထဲက တစ်ယောက်၏ မှတ်ဉာဏ်များနှင့် စိတ်ဝိဉာဉ်အမှတ်အသားက လုံး၀ ပျောက်ကွယ်သွားပေလိမ့်မည်။ 

ဆိုလိုတာက သူတို့နှစ်ယောက်အကြားက တစ်ယောက်က ဒီကမ္ဘာထဲတွင် တည်ရှိနေခြင်းကနေ မလွှဲမသွေရပ်တန့်သွားမည်သာ။ 

ဒါကသူတို့နှစ်ယောက်အကြား အဆုံးတွင် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုဖြစ်ပျက်လာလိမ့်မည်ဟု ပြသနေသည်။ 

ခေးအောစ့်အနှစ်သာရဓားသခင် ယဲ့ချိုးပိုင်လက်ထဲက ဓားကိုကြည့်ရင်း အံ့ဩတကြီး မျက်ခုံးပင့်လိုက်မိသည်။ 

"ဒီဓားကတကယ်ကို အစွမ်းထက်လွန်းတယ်၊ ဒီသေမျိုးနယ်မြေက မဟုတ်လောက်ဘူး"

ယဲ့ချိုးပိုင် မျက်မှောင်ကြုတ်ကာပြောသည်။ 

"နတ်သခင်နယ်ပယ်စွမ်းအားရှင်တစ်ယောက်ကို ရင်ဆိုင်ရတယ်ဆိုမှတော့ ရှင်ကျန်နိုင်မယ့် အခွင့်အလမ်း အပိုင်းစလေးကို ကိုင်ဆိုင်နိုင်ဖို့ ယဲ့ချိုးပိုင် အစွမ်းကုန် ကြိုးစားသွားမှာပါ"

ဒါကိုကြားသောအခါ ခေးအောစ့်အနှစ်သာရဓားသခင် လက်ဝှေ့ယမ်းရင်း ခပ်ယဲ့ယဲ့ပြုံးသည်။ 

"စိတ်မပူပါနဲ့၊ မင်းကငါ့အားထုတ်မှုနဲ့ မထိုက်တန်သေးဘူး"

"မင်းကျင့်ကြံခြင်း ငါ့ကိုလိုက်မီလာတဲ့အခါကျရင် ငါတို့တိုက်ပွဲ၀င်ကြမယ်"

ယဲ့ချိုးပိုင်၏မျက်ခုံးများက အနည်းငယ်ကျုံ့သွားပြန်သည်။ 

"ငါတို့က နောက်ဆုံးမှာ တစ်ယောက်တည်းအဖြစ်ပေါင်းစည်းပြီး ပါရမီနဲ့ကျင့်ကြံခြင်းကလည်း ပေါင်းသွားမှာဆိုတော့ မင်းနယ်ပယ်က ပိုမြင့်မားသင့်တယ်ဆိုတာကို ပြောနေစရာတောင်မလိုဘူး"

"ဒါ့အပြင်....." ခေးအောစ့်အနှစ်သာရဓားသခင် လှည့်ကာ ဒီနေရာကနေ ချက်ချင်းထွက်သွားပြီး တည်ငြိမ်သည့် စကားလုံးတစ်ချို့ကိုသာ ချန်ထားခဲ့သည်။ 

"ငါအားနည်းတဲ့သူတွေကို အနိုင်မကျင့်တတ်ဘူး"

ဓားသမားများတွင် ဂုဏ်ကျက်သရေရှိသည်။ 

သူတို့အကြားက သေခြင်းရှင်ခြင်းတိုက်ပွဲက ရှောင်လွှဲ၍ မရလျှင်ပင် မည်သည့်ရန်ငြိုးမှမထားဘဲ သူတို့ မြင့်မားသည့်နယ်ပယ်ကို အဆင့်နိမ့်လူများအား အနိုင်ကျင့်ရန်အတွက် သုံးမည်မဟုတ်။ 

ရှုထောင်အမြင်များပြောင်းလဲခြင်း၊ ယဲ့ချိုးပိုင်သာ ခေးအောစ့်အနှစ်သာရဓားသခင်နေရာတွင်ဆိုပါက အလားတူလုပ်မည်သာ။ 

ပါရမီအတွက်ကရော၊ ယဲ့ချိုးပိုင်၏ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်စွမ်းကရော!

နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်း၏ ခေါင်းဆောင်တဖြစ်လဲ ခေးအောစ့်အနှစ်သာရဓားသခင်က အဆင့်မြင့်ကြယ်နယ်မြေ၌ ယဲ့ချိုးပိုင်၏ လုပ်ရပ်အများစုကို ဘယ်လိုလုပ် မသိဘဲနေမည်နည်း။

ခေးအောစ့်အနှစ်သာရဓားခန္ဓာကလည်း တူညီပြီး တိမ်ပြာဓားသခင်၏ အပိုင်းတစ်ပိုင်းအဖြစ်လည်း မွေးဖွားလာခဲ့သည့်အပေါ် ခေးအောစ့်အနှစ်သာရဓားသခင်က နတ်သခင်အဆင့်ဂိုဏ်းများမှ တခြားနတ်သခင်စွမ်းအားရှင်များနှင့် ယှဉ်၍မရနိုင်သော ကြောက်စရာကောင်းသည့် ပါရမီကို ပိုင်ဆိုင်ထားမည်သာ။

ယဲ့ချိုးပိုင် တိမ်ပြာဓားကို သိမ်းဆည်းရင်း သူ့ကိုယ်သူလှောင်နေသည့်အပြုံးဖြင့် ခေါင်းခါယမ်းသည်။ 

"ကြည့်ရတာ ငါ့စိတ်သဘောထားက ကျဉ်းမြောင်းနေတုန်းပဲ"

ထို့နောက်သူလှည့်ထွက်သွားသည်။ 

သူနတ်ဆိုးဘုရင့်ပင်မမြို့ကို ရောက်လာသောအခါ တုယွန် ယဲ့ချိုးပိုင်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးနေသည့်အသံဖြင့်မေးသည်။ 

"ဓားသခင်ဘယ်မှာလဲ"

ယဲ့ချိုးပိုင် သူ့နောက်သို့ လက်ညိုးထိုးပြပြီး အပြုံးဖြင့်ပြောသည်။ 

"သူထွက်သွားပြီလေ"

တုယွန် "......"

စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတာလား၊ တုယွန်တွင်သာ ခွန်အားရှိပါက ဓားသခင်ကို အမှန်တကယ် အကြိမ်ရေအနည်းငယ်လောက် ဖြတ်ရိုက်ပစ်ချင်သည်။ 

ထို့နောက် သူနှုတ်ဆက်ပြီး ထွက်သွားသည်။ 

ဒီအချိန်တွင် ဟုန်ရင်နှင့်ကျန်သောသူများ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို မေးမြန်းကြသည်။ 

ယဲ့ချိုးပိုင်ကလည်း ဘာတစ်ခုကိုမှ ဖုံးကွယ်မထားဘဲ ဖြစ်ပျက်ခဲ့သမျှတိုင်းကို ပြောပြသည်။ 

ဒါကိုကြားသော် လူတိုင်း အနည်းငယ် မျက်ခုံးကြုတ်လိုက်မိကြ၏။ 

မုဇီရှင်း ရှေ့တိုးလာပြီး ယဲ့ချိုးပိုင်၏ လက်ကို စိုးရိမ်ပူပန်စွာ ကိုင်ထားသည်။ 

နတ်သခင်ဟောင်တျန်းနှင့် ကျန်သောသူများ၏ မျက်နှာတွင်လည်း ထိတ်လန့်နေသည့် အမူအရာကိုယ်စီရှိနေကြသည်။ 

‌သူတို့စွမ်းအားအပြည့် ထုတ်ဖော်ပြသတာကို တစ်ခါမှမမြင်တွေ့ခဲ့ဖူးသည့် ဆန်းကြယ်ကာ အတော်လေးလျို့ဝှက်သည့် ခေးအောစ့်အနှစ်သာရဓားသခင်က တကယ်တမ်းတွင် ယဲ့ချိုးပိုင်နှင့် တစ်ဦးတည်းဖြစ်နေလိမ့်မည်ဟြ သူတို့မည်သောအခါမှ မျှော်လင့်မထားခဲ့ကြပေ။ 

ယခုလိုလျှို့၀ှက်ချက်မျိုးသာ ပျံ့သွားပါက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ပေလိမ့်မည်။ 

အဓိကအကြောင်းရင်းက ဒီကိစ္စက မတွေးတောနိုင်လောက်အောင်ကို ကြီးမားလွန်းသောကြောင့်ပင်။ သေမျိုးနယ်မြေ၏ သမိုင်းတစ်ခုကို လှန်ကြည့်မည်ဆိုလျှင်ပင် ဒီလိုအခြေအနေမျိုး တစ်ခါမှမဖြစ်ပျက်ခဲ့ဖူးပါ။ 

ဒါပေမယ့် ဒီလိုကံကြမ္မာမျိုးကို ရှောင်ရှားလို့မရဘူး" ဘေးက နင်းချန်ရှင်း အားကိုးရာမဲ့စွာပြောသည်။ 

"ဒါက အစ်ကိုကြီး တစ်ယောက်တည်းရင်ဆိုင်ရမယ့် ကံကြမ္မာတိုက်ပွဲဖြစ်ပြီး ဘယ်သူမှ မကူညီနိုင်ဘူး၊ အစ်ကိုကြီး ကိုယ်တိုင်ပဲ ဖြေရှင်းနိုင်တယ်"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"မစိုးရိမ်ပါနဲ့၊ ဒါက ငါ့ဘာသာဖြေရှင်းသင့်တဲ့ အရာတစ်ခုပဲ၊ ဒါ့အပြင် ငါသူ့ထက် ပိုအားနည်းတယ်လို့ မထင်ဘူး"

မွေးရာပါပါရမီအရ ခေးအောစ့်အနှစ်သာရဓားသခင်နှင့် ယဲ့ချိုးပိုင်တို့က တန်းတူညီမျှသည်။ 

သို့သော် ယဲ့ချိုးပိုင်တွင် ခေးအောစ့်အနှစ်သာရဓားသခင် တစ်ခါမှ မကြုံခဲ့ရဖူးသည့် အတွေ့အကြုံတစ်ခုရှိသည်။ 

ဒါက ယနေ့ထိတိုင် မဖော်ထုတ်နိုင်သေးသည်အထိ နက်ရှိုင်းလှသော ဆရာတစ်ဦးရှိနေခြင်းပင်။ 

"ကောင်းပြီ၊ ဒီစကားတွေကို အဆုံးသတ်လိုက်ကြရအောင်"

ထိုအချိန်မှာပင် လုချန်ရှန်း မစ္စတာနှင့်အတူ အတွင်းခန်းမကနေ ထွက်လာသည်။ 

ဒါကိုမြင်သောအခါ တပည့်များ ချက်ချင်းငြိမ်ကျသွားသည်။

လုချန်ရှန်း နတ်သခင်ဟောင်တျန်းကို စိုက်ကြည့်လိုက်၏။ 

မျှော်လင့်ထားတာကို သဘောပေါက်သည့်အလား နတ်သခင်ဟောင်တျန်း ချက်ချင်းဦးညွတ်ကာ အပြုံးဖြင့်တုံ့ပြန်သည်။ 

"ဒီလိုဆိုမှတော့ ကျွန်တော်တို့အခုပဲ ထွက်သွားပါတော့မယ်"

လုချန်ရှန်းအပြုံးဖြင့်ခေါင်းညိတ်သည်။ 

အင်း၊ ဒီလူအိုကြီးက အတော်လေးနားလည်သားပဲ!

လူအုပ်စုကြီး ထွက်သွားပြီးနောက်မှသာ လုချန်ရှန်းစကားပြောသည်။ 

"ငါတို့ရဲ့ ခရီးစဉ်နောက်တစ်ပိုင်းကို တည်ဆောက်ပြီးပြီ၊ ငါတို့သေမျိုးကျေးရွာကို သွားမယ်"

"မစ္စတာရဲ့အဆိုအရ မင်းတို့ကျင့်ကြံခြင်းအတွက် သင့်တော်တဲ့နေရာတစ်ခုရှိတယ်"

သူ့ဘေးက မစ္စတာခေါင်းညိတ်သည်။ 

"မှန်တယ်၊ ဒါက ကျင့်ကြံဖို့အတွက် သင့်တော်တာတင်မဟုတ်ဘဲ ငါတစ်ခါတုန်းက သင်ကြားပေးခဲ့တဲ့နေရာပဲ"

သူသင်ကြားပေးခဲ့တဲ့နေရာလား!

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ခဏမျှ ကြက်သေသေနေကြသည်။ 

မစ္စတာက လူသားဘိုးဘေးများကို သင်ကြားပေးခဲ့သောသူပင်။ ထို့ကြောင့် မစ္စတာ၏ ဒီသင်ကြားနေရာကလည်း ထူးခြားရပေမည်။ 

"အဲဒီမှာ ကျင့်ကြံခဲ့ကြတဲ့ ဒါမှမဟုတ် အဆင့်ချိုးဖျက်ခဲ့ကြတဲ့ ရှေးခေတ်က လူတွေ ချန်ထားခဲ့တဲ့ ခြေရာတွေရှိတော့ မင်းတို့ကျင့်ကြံခြင်းအတွက် အကျိုးရှိမှာပါ" 

"ဒါ့အပြင်....မစိုးရိမ်ပါနဲ့၊ မင်းတို့အဲကို ရောက်တာနဲ့ သိလာရလိမ့်မယ်" သူဆက်ပြောသည်။ 

ဒီလိုရောင်းပစ်လိုက်တာလား!

လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။ 

"ကောင်းပြီ၊ စထွက်ကြရအောင်၊ ငါတို့မှာ အချိန်အများကြီးမရှိဘူး"

ထိုသို့ဆိုပြီးနောက် သူချက်ချင်း ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ဖွင့်ပြီး အရင်ဆုံး၀င်သွားသည်။ 

ရှောင်ဟိုင်ကနောက်ဆုံးလူပင်။ ရှောင်ဟိုင်၏ တွန့်ဆုတ်မှုကို သတိထားမိပုံရသည့် မိုချင်းချင်းပြုံးလိုက်သည်။ 

"မစိုးရိမ်ပါနဲ့ အစ်ကို၊ နတ်ဆိုးဘုရင်ပိုင်နက်ကို ပြန်လည်တည်ဆောက်တာနဲ့ စည်းမျဉ်းတွေ အကောင်အထည်ဖော်တာကို ညီမ အနီးကပ်စောင့်ကြည့်နေပါမယ်၊ ဒါ့အပြင် အစ်ကို့ရဲ့ သွေးကြောအမှန်တကယ် နိုးထလာနိုင်အောင် ကျန်ရှိနေတဲ့စိတ်ဝိဉာဉ်ကို ရှာဖို့လိုသေးတယ်လေ"

ရှောင်ဟိုင်ဘာမှမပြောနိုင်သေးခင်မှာပင် မိုချင်းချင်းဆက်ပြောသည်။ 

"အစ်ကိုဘာမေးချင်နေသလဲဆိုတာ ညီမသိပါတယ်၊ အစ်ကို ကျန်တဲ့ဝိဉာဉ်အပိုင်းအစတွေကို ပေါင်းစပ်လိုက်တာနဲ့ အစ်ကိုရဲ့ မေးခွန်းအားလုံးရဲ့ အဖြေတွေက ရှင်းသွားပါလိမ့်မယ်'

ဒါကိုကြားသော် ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ကြိုးစားအားထုတ်ပေးတဲ့အတွက် ကျေးဇူးပါ"

မိုချင်းချင်းခေါင်းခါယမ်းသည်။ 

ရှောင်ဟိုင်၀င်သွားပြီး ဟင်းလင်းပြင်အက်ကြောင်း ပိတ်သွားသည်အထိ စောင့်ပြီး နောက်ဆုံးမှသာ သူမသက်ပြင်းချသည်။ 

"အစ်ကိုရဲ့စစ်မှန်တဲ့ကိုယ်ပိုင်လက္ခဏာကို အခုပြောပြလိုက်မယ်ဆိုရင် ဒါကို သည်းမခံနိုင်လောက်ဘူး၊ ဒီတော့ အခုအချိန်မှာ သဘာ၀တရားကိုပဲ အားကိုးကြတာပေါ့"

အပိုင်း(1216) coming။ 

All Chapters