#သွေးတုံကင်#
Vol. 86 Ch. 1217
နတ်ဖီးနစ်မီးတောက်၏ ပြင်းထန်သောဒေါသအောက်တွင် သစ်တောတစ်ခုလုံးက မီးလောင်နေပြီး ကောင်းကင်ထိတိုင် ရောက်နေသည်။
အာကာသက အဆုံးစွန်အကန့်အသတ်အထိ ကျုံ့သွားသည်။
ခြံ၀င်းလေးထဲတွင် လူတစ်ဒါဇင်ကျော် ပေါ်လာသော်လည်း သူတို့၏အမူအရာများက သဘာ၀မကျစွာပင် တည်ငြိမ်နေသည်။
ဟွမ်ချင်းတို့ကိုကြည့်လိုက်စဉ် သူတို့ရောက်လာသည့်အပေါ် အံ့ဩသင့်ပုံမရကြပေ။
ဟွမ်ချင်းထူးမခြားနားစွာ ငုံ့ကြည့်သည်။
"အဓိပ္ပာယ်ရှိတဲ့ သတင်းအချက်အလက်ကို ထုတ်ပြောပြီး မြန်မြန်ဆန်ဆန်သေချင်လား ဒါမှမဟုတ် ဒီနတ်ဖီးနစ်မီးတောက်တွေရဲ့ နှိပ်စက်မှုအောက်မှာ တဖြည်းဖြည်းသေချင်လား"
နတ်ဖီးနစ်မီးတောက်များ၏ ပြင်းထန်မှုက သူတို့ခံနိုင်ရည်ထက်ပိုသည်။
ရှင်းမိသားစုထဲတွင် ရှန်းဟုန်ယီတစ်ဦးတည်းတွင်သာလျှင် ဒီနတ်ဖီးနစ်မီးတောက်များကို ခံနိုင်ရည်ရှိသည့် စွမ်းအားရှိသော်လည်း ကျန်သောသူများကမူ မီးတောက်ရှေ့တွင် ဘာမှမဟုတ်ပါ။
နတ်ဖီးနစ်မီးတောက်၏ ပြင်းထန်သော အပူချိန်အောက်တွင် နိမ့်ကျသည့်နယ်ပယ်က လူတစ်ချို့ကမူ မြေပေါ်သို့ပင် လဲကျသွားကြလေပြီ။
"မင်းစွမ်းအင်တွေကို ဖြန်းတီးမနေနဲ့" ရှင်းမိသားစုခေါင်းဆောင်၏ မျက်နှာက နီရဲနေပြီး သူ့မျက်သူငယ်အိမ်များက အနည်းငယ် အာရုံမစိုက်နိုင်ဖြစ်နေသည့်တိုင် သူတည်ငြိမ်သည့် အပြုံးတစ်ပွင့်ကို ထိန်းသိမ်းထားနိုင်ဆဲပင်။
"ငါတို့လုပ်ခဲ့တယ်ဆိုမှတော့ တစ်နေ့မင်းတို့ ငါတို့ကို ရှာတွေ့လိမ့်မယ်ဆိုတာ မျှော်လင့်ထားပြီးသားပေါ့"
"ဒါပေမယ့် ဒီလောက်ထိ မြန်လိမ့်မယ်လို့တော့ မထင်ခဲ့ဘူး"
ဟွမ်ချင်း ပြုံးရင်း စကားလုံးများ ဖြုန်းတီးမနေဘဲ လက်ဝှေ့ယမ်းသောအခါ နတ်ဖီးနစ်မီးတောက်များက ခြံ၀င်းလေးတစ်ခုလုံးကို လောင်ကျွမ်းပစ်သည်။
မရေမတွက်နိုင်လောက်သော သူများက နာကျင်မှုကြောင့် ဟစ်ကြွေးသံများအောက်တွင် သေဆုံးခဲ့ရသည်။
သို့သော် နောက်ဆုံး ရှင်းမိသားစုခေါင်းဆောင်အနားသို့ နီးကပါလာသောအခါ နတ်ဖီးနစ်မီးတောက်က ရပ်သွားပြီး မီးတောက်နီရောင်သံကြိုးများစွာအဖြစ် ပြောင်းကာ သူ့ကိုချည်ပစ်သည်။
နတ်ဖီးနစ်မီးတောက်သံကြိုးများက ရှင်းမိသားစု၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းကို လောင်ကျွမ်းနေသည်။
ဟွမ်ချင်းသနားညှာတာမှုမပြသဘဲ လက်ကိုအနည်းငယ် ဖျစ်ညှစ်လိုက်စဉ် သံကြိုးများကလည်း ချက်ချင်းတင်းကျပ်သွားသည်။
ရှင်းမိသားစုခေါင်းဆောင် မျက်ခုံးကြုံ့လိုက်မိသည်။
သူ့အင်္ဂါငါးခုနှင့် ဒွာရခြောက်ခုက လောင်ကျွမ်းနေပြီး သူ့ဒန်တျန်ပင်လျှင်ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်ခြင်းကနေ တားဆီးရန်အတွက် ဟွမ်ချင်း၏ တိုက်ရိုက်ဖျက်ဆီးခြင်းကို ခံရသည်။
ရှင်းမိသားစုခေါင်းဆောင်၏ အမူအရာက နာကျင်နေသော်လည်း ခက်ထန်သည့် အပြုံးတစ်ပွင့်ကို အတင်းထုတ်ကာ ခြောက်ကပ်စွာရယ်မောသည်။
"အဆုံးမှာ ငရဲနတ်ဆိုးဒေသက ဆင်းသက်လာမှာပဲ၊ မင်းတို့ဒါကိုတားလို့မရဘူး"
"မင်းတို့ငါ့ကိုသတ်မယ်ဆိုရင်တောင် အသုံးမ၀င်ပါဘူး"
ဟွမ်ချင်း ရှင်းမိသားစုခေါင်းဆောင်ကို ထူးမခြားနားစွာ ကြည့်ရင်းပြောသည်။
"သေခြင်းတရားက ဒီလောက်လွယ်တယ်လို့ ထင်လား"
ဒါကိုကြားသောအခါ ရှင်းမိသားစု ခေါင်းဆောင် ကျယ်လောင်စွာရယ်မောသည်။
"တခြားသူတွေအတွက် မလွယ်နိုင်လောက်ပေမယ့် ငရဲနတ်ဆိုးဒေသက ငါတို့အတွက်တော့ ဘာအခက်အခဲရှိမှာမို့လဲ"
သူစကားပြောပြီးချင်းမှာပင် ကြီးမားသည့် သွေးကြောစွမ်းအင်ပမာဏက စတင်ထိုးတက်ကာ သူ့ကိုယ်ထဲဖိသိပ်လာသည်။
လျိုကျိယု၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။
"သူသွေးကြောကို မီးရှို့တော့မယ်"
သွေးကြောမီးရှို့ခြင်းသည် ရုတ်တရက် ခွန်အားကောင်းလာစေရန်အတွက် အသုံးပြုသည့် လျှို့ဝှက်နည်းတစ်ခုပင်။
သို့သော် မီးရှို့ခြင်းအရှိန်ကိုသာ မြှင့်တင်ပြီး လုံး၀လောင်ကျွမ်းပစ်ပါက ထိုလူ၏ ဝိဉာဉ်၊ အင်္ဂါငါးခုနှင့် ဒွာရခြောက်ခုက လုံး၀ကို မီးရှို့ခံရပေလိမ့်မည်။
ဒါကိုကြားသောအခါ ဟွမ်ချင်းမျက်ခုံးကွေးလိုက်ပြီး လက်တံဆိပ်ဖန်တီးကာ ဖိနှိပ်ခြင်းတံဆိပ်တစ်ခုကို ရှင်းမိသားစုခေါင်းဆောင်ထံ ပို့လွှတ်လိုက်၏။
သို့သော် နောက်ကျသွားလေပြီ။
ရှင်းမိသားစုခေါင်းဆောင်၏ ဝိဉာဉ်က လောင်ကျွမ်းသွားပြီး အတွင်းကနေ အပြင်အထိ အလောင်းပင်မကျန်ရှိခဲ့ပါ။
ဒါကိုမြင်ရသောအခါ ဟွမ်ချင်း၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။ ဒီလိုလှုပ်ရှားမှုမျိုးကို သူမမျှော်လင့်မထားခဲ့ပေ။
တစ်ချိန်တည်းမှာပင် လုချန်ရှန်း၏ ယုံကြည်မှုဖြင့်အပ်ထားသည့် တာ၀န်ပို မဖြည့်ဆည်းနိုင်ခဲ့သည့်အပေါ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
လုချန်ရှန်း နောက်ပိုင်းတွင် စစ်ဆေးနိုင်စေရန်အတွက် တစ်ချို့ကို အသက်ရှင်လျက် ထားစေချင်ခဲ့သည်။
ယခုကား အားလုံးသေသွားကြလေပြီ။
သူတို့၏ဝိဉာဉ်များပင် မကျန်ခဲ့။
လျိုကျိယုရှေ့တိုးပြီးပြောသည်။
"ငါတို့ဘာမှမလုပ်နိုင်ဘူး၊ ဒီအတိုင်းအတာရှိတဲ့ သွေးကြောမီးရှို့ဖျက်ဆီးမှုဆိုတာ သေမျိုးနယ်မြေမှာ မကြားဖူးသလောက်ပဲ"
"ဒါ့အပြင်....."လျိုကျိယု မီးတောက်ကြောင့် ပျက်စီးမသွားသည့် ခြံ၀င်းကို ကြည့်လိုက်၏။ နတ်ဖီးနစ်မီးတောက်များကို သုံးစဉ်က ဟွမ်ချင်း ဒီတည်ဆောက်ပုံများကို တမင်တကာချန်ထားခဲ့ခြင်းပင်။
"အဲဒီမြေခွေးအိုကြီးက ငါတို့လာမယ်ဆိုတာကို သူမျှော်လင့်ထားပြီးသားလို့ ပြောခဲ့တော့ သူတို့လုံး၀မဖျက်ဆီးသေးတဲ့ သဲလွန်စတစ်ချို့ ကျန်နေလောက်တယ်"
ဟွမ်ချင်းခေါင်းညိတ်ကာ ညင်သာစွာ သက်ပြင်းချသည်။
"ငါတို့လုပ်နိုင်တာဆိုလို့ ဒီအတွက်မျှော်လင့်ရုံပဲရှိတယ်၊ မဟုတ်ဘူးဆိုရင် အဲဒီလူ ပြန်လာတဲ့အခါကျရင် ငါ့ကို အပြစ်တင်လိမ့်မယ်......"
.....
ဟွမ်ချင်း၊ လျိုကျိယုနှင့် ရှန်းလျိုတို့က ကျန်ရှိနေသည့် သဲလွန်စများကို အသေအချာစတင်ရှာဖွေကြသည်။
အရိုးတောင်ပံမြွေကျားနှင့် ဖယောင်းနဂါးတို့ကရော!
သူတို့ကအပြင်တွင် ဆော့ကစားနေကြ၏။
သို့စေကာမူ ဒီစုံစမ်းစစ်ဆေးမှုအတွင်း လျှို့ဝှက်အခန်းများကို တွေ့ခဲ့သော်လည်း ဖျက်ဆီးခံထားရသည့် လက္ခဏာများရှိနေသည်။
ဒါကအလောတကြီးဆန်လွန်းသည်။
သူတို့မရောက်ခင်ကတည်းက အကြီးအကျယ် ပျက်စီးနေခဲ့တာ ရှင်းနေသည်။
ဒီအခိုက်အတန့်၌ လျိုကျိယု သတင်းတစ်ခုပို့လာသည်။
"ငါ့ဆီကိုလာခဲ့၊ ငါသဲလွန်စတစ်ခုရှာတွေ့ပြီ"
ဒါကိုကြားသော် လူတိုင်း ချက်ချင်း အသံနောက်သို့ လိုက်သွားကြ၏။
သူတို့ထိုနေရာကို ရောက်လာသောအခါ သွေးအိုင်တစ်ခုကို တွေ့လိုက်ရသည်။
သွေးအိုင်ထဲတွင် သွေးကြောစွမ်းအားနှင့် ကျင့်ကြံခြင်းက အများစုကုန်ခမ်းသွားပြီဖြစ်သော်လည်း အားကောင်းသည့် သွေးကြောစွမ်းအားနှင့် ကျယ်ပြန့်သည့် ကျင့်ကြံခြင်းအရိပ်အယောင်များ ရှိနေသေးတာ ရှင်းနေသည်။
လျိုကျိယု သွေးအိုင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သည်။
"ရှင်းဟုန်ယီ သူ့ခွန်အားကို အလျင်အမြန် တိုးမြှင့်နိုင်ခဲ့တာက ဒီသွေးအိုင်ထဲက သွေးဖလှယ်ခြင်းနဲ့ ပေါင်းစပ်ခြင်းကနေ တဆင့်ဖြစ်ရမယ်"
ရှန်းလျို သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"ဒီလိုကြီးမားတဲ့သွေးဖလှယ်မှုနဲ့ ပေါင်းစပ်မှုနဲ့အတူ ပြိုင်ဘက်ရဲ့ခွန်အားကိုပါ ထည့်တွက်မယ်ဆိုရင် သူတို့ဒါကို မျိုးဆက်များစွာကတည်းက စီစဉ်ထားခဲ့ကြတာပဲ...."
"ဒါပေမယ့် ဒီထဲကနေ ဘာရှာတွေ့နိုင်မှာလဲ" ကျောက်တုံးလေး ဘေးကနေမေးသည်။
လျိုကျိယု ခပ်ပေါ့ပေါ့ရယ်မောသည်။
"ငါဘယ်သူလဲဆိုတာ မေ့သွားပြီလား"
လက်ရှိသေမျိုးနယ်မြေ၏ အားအကောင်းဆုံးထောက်လှမ်းရေး အင်အားစုဟု ဆို၍ရသည့် အမှောင်ပိုင်နက်၏ ကြယ်ငါးပွင့် ကွပ်မျက်သူတဖြစ်လဲ သူ့တွင် သတင်းအချက်အလက်များ စုစည်းရန်အတွက် အထူးနည်းလမ်းများရှိသည်။
"သွေးကြောနဲ့ ကျင့်ကြံခြင်းက ရှင်းဟုန်ယီကိုယ်ထဲ ပေါင်းစည်းသွားပြီဆိုတော့ ဒီအကြွင်းအကျန်သွေးတွေက အတော်လေး အသုံး၀င်နိုင်တယ်" လျိုကျိယု အထူးသန့်စင်သော ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုင်ထားပြီး သွေးအိုင်ဘေးက အော်ရာကို အပြုံးဖြင့်စုပ်ယူသည်။
"ခြေရာခံကြည့်မယ်ဆိုရင်ရော"
သွေးကြောအော်ရာကို ခြေရာခံခြင်းက အဆင့်နိမ့်ကြယ်နယ်မြေကနေ အလယ်အလတ်အဆင့်ကြယ်နယ်မြေအထိ ကျယ်ပြန့်ခြင်းမရှိသော်လည်း အနည်းဆုံးတော့ ကြယ်ဒေသသုံးခုထက် ပို၍မခြားနားသည့် တစ်ဘက်လူ၏ တည်ရှိမှုကို ချက်ချင်းခံစားနိုင်သည်။
"ဒီလိုဆိုရင်တော့ တစ်ဘက်လူကို ရှာဖို့ဆိုတာက ခက်ခဲနိုင်သေးတယ်မလား"
လျိုကျိယုခေါင်းညိတ်သည်။
"ဒီသွေးအော်ရာကို ယူပြီး ကြယ်ဒေသအားလုံးမှာ ရှာဖွေဖို့ အမှောင်ပိုင်နက်က လူတွေကို စေလွှတ်ဖို့ ငါအမှောင်သခင်ကို တောင်းဆိုကြည့်မယ်"
ဒီအခိုက်အတန့်မှာပင် ကျောက်တုံးလေး ရုတ်တရက် သွေးအိုင်အောက်သို့ လက်ညိုးထိုးပြသည်။
"ဒီအောက်မှာ တစ်ခုခုရှိနေပုံပဲ"
တစ်ခုခုလား!
သူတို့အောက်သို့ကြည့်လိုက်ကြသော်လည်း ဘာမှမမြင်ကြပေ။
"အဲမှာ လေဟာနယ်ပုံပျက်နေတဲ့ လက္ခဏာတွေရှိတယ်" ကျောက်တုံးလေးပြောသည်။
"ကျွန်တော်တစ်ချက်ဆင်းကြည့်လိုက်မယ်"
ထို့နောက် တခြားသူများသူ့ကို တားမှာကိုပင် စောင့်မနေတော့ဘဲ ကျောက်တုံးလေး ချက်ချင်းခုန်ဆင်းသွား၏။
ဟွမ်ချင်းနှင့် ရှန်းလျိုတို့ အသေအချာ စောင့်ကြည့်နေကြပြီး ကျောက်တုံးလေးတစ်ခုခုဖြစ်ပျက်သွားပါက အားအပြည့်နှင့် ကူညီရန် အဆက်သင့်ဖြစ်နေကြသည်။
ကျောက်တုံးလေး ရေကန်အောက်ခြေသို့ ငုပ်လျှိုးသွားသောအခါ အောက်ခြေရှိ လေဟာနယ်က ပြိုကွဲသွားပုံရသည်။
ဒါကိုမြင်သော် ကျောက်တုံးလေး လက်ချောင်းကို ယမ်းလိုက်စဉ် ပြိုကွဲသွားသည့် လေဟာနယ်က ချက်ချင်းပွင့်သွားသည်။
အထဲတွင် သွေးရောင်တုံကင်တစ်ခုရှိသည်။
တုံကင်ပေါ်၌ ထူးဆန်းသည့်စာများကို ရေးထွင်းထားလေရာ ကျောက်တုံးလေး သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်၏။
သို့စေကာမူ သွေးရောင်တုံကင်ကို ဖယ်ရှားလိုက်သောအခါ သွေးအိုင်ထဲက သွေးများက ထိုအခိုက်အတန့်၌ လေဟာနယ်ထဲတွင် စုပ်ယူခံလိုက်ရသည်။
ကျောက်တုံးလေး ရေကန်မျက်နှာပြင်ကနေ အမြန်ထွက်လာသည်။
"နင်ဘာတွေ့ခဲ့လဲ" ဟွမ်ချင်းချဉ်းကပ်လာပြီး မေးသည်။
ကျောက်တုံးလေး သွေးရောင်တုံကင်ကို ထုတ်ပြလိုက်စဉ် ဟွမ်ချင်းရော လျိုကျိယုပါ ခေါင်းခါယမ်းပြကြသည်။
ရှန်းလျိုသာလျှင် မျက်မှောင်ကြုတ်သည်။
"ဒီစာက၊ အရင်က တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"
အပိုင်း(1218) coming။