#လုချန်ရှန်း၏ သံသယများ#
Vol. 86 Ch. 1218
လုချန်ရှန်းနှင့် ကျန်သောသူများ သေမျိုးကျေးရွာကို ရောက်လာသောအခါ ဟွမ်ချင်းဆီက သတင်းစကားပို့နှင့်လေပြီ။
ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များနှင့်အတူ သွေးရောင်တုံကင်ကိစ္စပါ ပါ၀င်သည်။
"ရှန်းလျိုကို သွားစစ်ဆေးကြည့်ခိုင်းလိုက်၊ ဒီတုံကင်က အရေးကြီးကိစ္စတစ်ချို့ကို ထုတ်ဖော်နိုင်တယ်" အသံလွှင်ကျောက်စိမ်းဆွဲသီးထဲက အသံကိုကြားသောအခါ ဟွမ်ချင်းပြောသည်။
"ကျွန်မနားလည်ပါပြီ၊ သူသွားနေပြီ၊ ဒါပေမယ့် ကျွန်မ အရမ်းတောင်းပန်ပါတယ်၊ ကျွန်မပေါ့ဆမိလွန်းလို့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှ မရှိခဲ့ပါဘူး"
လုချန်ရှန်း သူမကိုအပြစ်မတင်ဘဲ နှစ်သိမ့်ပေးသည်။
"အဆင်ပြေပါတယ်၊ သူတို့သေသွားပြီဆိုရင်လည်း ထားလိုက်ပါတော့၊ လျိုကျိယု အဆိုအရ သူတို့က စွန့်ပစ်ခံထားရတဲ့ လက်ကိုင်တုတ်တွေမို့ သူတို့သိနိုင်တာတွေက အတော်လေးအကန့်အသတ် ရှိလောက်တယ်"
ဒါကိုကြားသောအခါ ဟွမ်ချင်း နှလုံးသားထဲကနေ နွေးထွေးသွားရပြီး 'အွန်း' ဟူသာ နူးညံ့စွာ ပြန်တုံ့ပြန်သည်။
ထို့နောက် လုချန်ရှန်း ကျောက်စိမ်းဆွဲသီးကို သိမ်းဆည်းလိုက်၏။
ဒီအချိန်တွင် သေမျိုးကျေးရွာက ရွှံ့ထူထူလမ်းမ၌ ကျေးရွာခေါင်းဆောင် သူတို့ကို အပြုံးဖြင့် လာနှုတ်ဆက်သည်။
"အိုစ၊ တာအိုမိတ်ဆွေလေးလု ထပ်လာပြန်ပြီနော်၊ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်"
ကျေးရွာခေါင်းဆောင် လုချန်ရှန်းကို အရင်ကမြင်ဖူးသည်။
ဘေးက မစ္စတာတဖြစ်လဲ ဆရာပြောသည်။
"ဒီကာလအတွင်းမှာ သေမျိုးကျေးရွာက စပြီးပြင်ဆင်ဖို့လိုတယ်"
"ပြင်ဆင်မယ်"
"အင်း၊ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ရမယ်" မစ္စတာခေါင်းညိတ်သည်။
အရေးပေါ်အခြေအနေ!
ကျေးရွာခေါင်းဆောင် လန့်သွားပြီးနောက် သူ့အမူအရာက လေးနက်သွားပြီး မေးလာသည်။
"မစ္စတာ၊ ကြီးမားတဲ့အရာတစ်ခုခု ဖြစ်ပျက်ခဲ့လို့လား"
"ငရဲနတ်ဆိုးဒေသက စည်းတံဆိပ်ကို ချိုးဖျက်တော့မယ်၊ သေမျိုးကျေးရွာက ခိုင်မာစွာ ရပ်တည်ရမယ်"
ထိုသို့ဆိုပြီးနောက် မစ္စတာ လုချန်ရှန်းနှင့် ကျန်သောသူများကို သူနေထိုင်သည့် ခြံ၀င်းသို့ ဦးတည်ခေါ်ဆောင်သွားသည်။
တစ်ချိန်တည်းမှာပင် ကျေးရွာခေါင်းဆောင် လေးနက်သည့်အမူအရာဖြင့် အစည်းအဝေးတစ်ခု စတင်ခေါ်ဆိုသည်။
ခြံ၀င်းကိုဖြတ်လျှောက်ရင်း မစ္စတာမေးသည်။
"ငရဲနတ်ဆိုးဒေသ ချိပ်စည်းကို ချိုးဖျက်ဖို့ အချိန်က နီးစပ်နေပြီမလား"
လုချန်ရှန်းခေါင်းညိတ်သည်။
"ဆယ်ရက်လောက်ပေါ့"
ဆယ်ရက်....ဒီလိုအချိန်တိုလေးက တံခါးပိတ်ပြီး ကမ္မဌာန်းထိုင်ရန်ပင် မလုံလောက်ပါ။
"ဗလာနတ္ထိပုံတူရှိရင်တောင် ဆယ်နှစ်လောက်ရှိသေးတယ်ဆိုပေမယ့် အချိန်က မလုံလောက်သေးဘူး" မစ္စတာပြောရင်း ခေါင်းခါယမ်းသည်။
ကျင့်ကြံခြင်းကမ္ဘာ၌ ဆယ်နှစ်ဟူသည် မျက်စိတစ်မှိတ်သာကာလသာဖြစ်သည်။
"ငါတို့မြန်မြန်လုပ်ရမယ်"
သူတို့စကားပြောနေစဉ်မှာပင် မစ္စတာ လုချန်ရှန်းနှင့်ကျန်အုပ်စုကို မရေမတွက်နိုင်လောက်သည့် ရှေးဟောင်းကောင်းကင်သစ်ပင်များနှင့် ၀န်းရံနေသည့် အင်မတန်ကျယ်ပြန့်သော နေရာတစ်နေရာကို ခေါ်ဆောင်လာသည်။ အလယ်ဗဟိုတွင် ကျောက်ခုံများစွာရှိသည်။
တစ်ချက်ကြည့်လိုက်ပါက ဒီနေရာက ဘာမှထူးခြားမနေဟုထင်ရသည်။
သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ အာရုံခံကြည့်သောအခါ တာအိုနိယာမစွမ်းအားစီးကြောင်းများက သူတို့ကိုယ်ထဲက စွမ်းအားများနှင့် ပဲ့တင်ထပ်နေတာကို ခံစားလိုက်ရသည်။
ဥပမာအားဖြင့် ဓားကိုလေ့ကျင့်သည့် ယဲ့ချိုးပိုင်က ဒီနေရာ၌ ဓားတာအိုနိယာမ အရိပ်အယောင်ကို ခံစားနိုင်သည်။
ဟုန်ရင်ကလည်း အင်ပါယာအော်ရာနှင့်အတူ ပြန်လည်မွေးဖွားခြင်းတာအိုနိယာမကို အာရုံခံနိုင်သည်။
ဒီအချိန်မှာပင် မစ္စတာပြောလာသည်။
"ဒီနေရာက ငါ့ကျောင်းသားတွေကို တာအိုအကြောင်း ဟောပြောဖို့အတွက် ငါသုံးခဲ့တဲ့နေရာပေါ့၊ ဒီမှာသင်ယူလေ့လာခဲ့ကြတဲ့ လူသားဘိုးဘေးလေးယောက်လည်းပါတယ်၊ ဒါကြောင့် သူတို့ကျင့်ကြံခဲ့တဲ့ တာအိုနိယာမစွမ်းအားတွေက ဒီနေရာမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတယ်"
မစ္စတာ၏ သင်ကြားမှုများက ဒီလူသားဘိုးဘေးလေးဦးတင်မဟုတ်ဘဲ နတ်သခင်နှင့် အစစ်အမှန်နတ်ဘုရားနယ်ပယ်များစွာဆီကိုပါ ရောက်ရှိခဲ့သည်။
ကျင့်ကြံခြင်းအတောအတွင်း သူတို့ထုတ်လွှတ်ခဲ့သည့် တာအိုနိယာမအော်ရာက အချိန်ကာလစီးကြောင်းအောက်တွင် ဒီကျယ်ပြန့်သည့်မြေ၌ စွဲထင်ကျန်ရစ်နေခဲ့သည်။
သို့စေကာမူ ဒါကိုကြားသောအခါ ဟုန်ရင် အနည်းငယ်လန့်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ မေးသည်။
"မစ္စတာ၊ အရင်က တစ်ယောက်ယောက်များ ပြန်လည်မွေးဖွားခြင်းတာအိုနိယာမကို လေ့ကျင့်ခဲ့ဖူးလား"
တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် မစ္စတာခေါင်းခါယမ်းသည်။
"ဘယ်သူမှ ပြန်လည်မွေးဖွားခြင်းတာအိုနိယာမကို မလေ့ကျင့်ဖူးဘူး"
ပြန်လည်မွေးဖွားခြင်းတာအိုနိယာမကလည်း အမြင့်ဆုံးတာအိုနိယာမများထဲက တစ်ခုဖြစ်ပြီး ခက်ခဲမှုက သိသာထင်ရှားသည်။
မစ္စတာပြောစကားအရဆိုပါက မည်သူမှ ပြန်လည်မွေးဖွားခြင်းတာအိုနိယာမကို မလေ့ကျင့်ဖူးပါ။ ဒီနေရာတွင် တာအိုနိယာမစွမ်းအား သိပ်သည်းနေရသည့် အကြောင်းရင်းက လူသားဘိုးဘေးလေးဦးနှင့် ကျောင်းသားများ ကျင့်ကြံခဲ့သောကြောင့်ပင်။
ဒီလိုဆိုပါက ဟုန်ရင်ကိုယ်ထဲက ပြန်လည်မွေးဖွားခြင်းတာအိုနိယာမက မည်သည့်အတွက်ကြောင့် အပြင်က နိယာမစွမ်းအားနှင့် အံ၀င်ခွင်ကျဖြစ်နေရလေသနည်း။
ဟုန်ရင်ဆိုလိုတာကို လုချန်ရှန်းလည်း နားလည်သည်။
သူ့နှလုံးသားထဲတွင်လည်း ပဟေဠိဖြစ်နေသည်။
ဟုန်ရင်ခံစားရသည့် ပြန်လည်မွေးဖွားခြင်းတာအိုနိယာမတင်မဟုတ်ဘဲ သူ့ကိုယ်တွင်းက တာအိုနိယာမမျိုးစုံကလည်း အလားတူပင် တုံ့ပြန်နေသည်။
သို့စေကာမူ လုချန်ရှန်း ဆက်မမေးပေ။ ဒီကိစ္စရပ်များက သူကိုယ်တိုင် စမ်းသပ်တွေ့ကြုံခံစားကြည့်ရန် လိုအပ်သည်။
အကယ်၍ တကယ်တမ်း ဒီလိုသာဖြစ်ခဲ့ပါက လုချန်ရှန်းထင်မြက်ချက်များနှင့် ကိုက်ညီသွားမည်ဖြစ်ကာ အခြေအနေက အတော်လေးကြောက်စရာ ကောင်းသွားပေလိမ့်မည်။
ဒီအချိန်တွင် မစ္စတာပြောသည်။
"ဒီရက်တွေအတွင်းမှာ မင်းတို့ဒီနေရာမှာ ကျင့်ကြံဖို့ရွေးချယ်နိုင်တယ်၊ ဒါက မင်းတို့ကိုယ်ထဲက တာအိုနိယာမကို တိုးမြှင့်လာစေနိုင်တယ်"
ဖန်ချန်းမေးသည်။
"ဒါဆိုဗလာနတ္ထိပုံတူထဲ ဘာလို့မကျင့်ကြံရမှာလဲ၊ အချိန်ကပိုရှည်လျားပြီး နိယာမစွမ်းအားလည်း ရှိတယ်မလား"
မစ္စတာ ဖန်ချန်းကိုကြည့်သည်။
"ဗလာနတ္ထိပုံတူထဲက နိယာမစွမ်းအားက မိုးနဲ့မြေကြားက သဘာ၀နိယာမတွေကတဆင့်ဆင့်ကဲပြောင်းလဲလာတာဆိုပေမယ့် ဒီက စွမ်းအားတွေကတော့ ဘိုးဘေးတွေရဲ့ ကျင့်ကြံခြင်းကနေ စုစည်း၊ သန့်စင်ထားတာတွေပဲ"
"ဒီနေရာက နိယာမစွမ်းအားက ပိုပြီးခြယ်လှယ်နိုင်စွမ်းရှိတယ်ဆိုတာ မင်းခံစားရမှာပါ"
ဖန်ချန်းခေါင်းညိတ်သည်။ တကယ်တမ်းတွင်လည်း ထိုကဲ့သို့ဖြစ်သည်။
"ကျွန်တော်တို့ ဒီနေရာကို ဗလာနတ္ထိပုံတူထဲ ရွေ့လိုက်ကြမယ်ဆိုရင်ရော"
မစ္စတာခေါင်းခါယမ်းသည်။
"လူသားဘိုးဘေးလေးယောက်ကလည်း အတိတ်တုန်းက အလားတူလုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့် ကံဆိုးချင်တော့ သူတို့ကျရှုံးခဲ့ကြတယ်"
ထို့ကြောင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ လုချန်ရှန်းကို လှည့်ကြည့်လိုက်ကြ၏။
လုချန်ရှန်း စိတ်တိုနေသည့်အသံဖြင့်ပြောသည်။
"ဘာလဲ၊ ငါဘာမဆိုလုပ်နိုင်တယ်လို့ မင်းတို့ထင်ကြတာလား"
အားလုံးခေါင်းညိတ်လိုက်ကြ၏။
"ငါကြိုးစားကြည့်မယ်...."
လုချန်ရှန်းလှည့်ကြည့်လိုက်သည်။ တာအိုနိယာမအားလုံးက ဒီကျယ်ပြောသည့် မြေ၌ တစ်လက်မချင်းစီ အခြေကျနေသည်။
ဒါကို ဗလာနတ္ထိပုံတူထဲ ရွေ့ချင်တာလား... ဆိုလိုတာက ဒီမြေတစ်ခုလုံးကို အပြည့်အ၀ တူးဖော်ထုတ်ပစ်ဖို့လိုတာပေါ့!
ဒါပေမယ့် ဒါကိုရွေ့လိုက်မယ်ဆိုရင် တာအိုနိယာမတွေကို ဆုံးရှုံးသွားမှာလား!
ဒီမေးခွန်းများကို ဆင်ခြင်စဉ်းစားရင်း လုချန်ရှန်း တစ်ခဏမျှတွေးလိုက်ပြီးနောက် စတင်လုပ်ဆောင်သည်။
ထို့နောက် မစ္စတာ၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် လုချန်ရှန်း ဒီမြေကို တိုက်ရိုက်တူးထုတ်ပစ်ပြီး သူ့ကိုယ်သူ ကြားခံအဖြစ် သုံးကာ ရှေးဦးမူလစွမ်းအားကို အသုံးပြုရင်း မြေကြီးထဲက တာအိုနိယာမများကို ချိပ်ပိတ်ပစ်သည်။
ဟုန်ရင် ဗလာနတ္ထိပုံတူကို ယူလာသောအခါ သူဒီတောင်တစ်လုံးအရွယ်ရှိ မြေကွက်ကို တိုက်ရိုက်သယ်ယူပို့ဆောင်လိုက်သည်။
မစ္စတာဒီမြင်ကွင်းကို ကြည့်ရင်း အချိန်အတော်ကြာ ဆွံအနေခဲ့ပြီးနောက် ယဲ့ချိုးပိုင်တို့ဘက်လှည့်ကာ မေးသည်။
"မင်းတို့ဆရာမလုပ်နိုင်တာ တစ်ခုခုရှိသေးလား"
ယဲ့ချိုးပိုင် တစ်ခဏမျှတွေးလိုက်၏။
"တကယ်တော့မရှိပါဘူး၊ သူအမြဲအချောင်ခိုနေချင်တာက လွဲပြီးတော့ပေါ့၊ ကံဆိုးချင်တော့ အဲဒါကို သူမလုပ်နိုင်ဘူးလေ"
သူပြောပြီးသည်နှင့် လုချန်ရှန်း၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။
"ငါမလုပ်နိုင်ဘူးလို့ မင်းဘာကြောင့်ထင်နေရတာလဲ၊ မင်းမှာတခြားအကြံဉာဏ်ရှိလို့လား"
......
ဗလာနတ္ထိပုံတူထဲတွင် ဒီမြေကို အထဲသို့ ပို့ဆောင်လိုက်ပြီးနောက် ကောင်းချီပေးရွာအုပ်ချုပ်ရေးမှူးတဖြစ်လဲ ဗလာနတ္ထိပုံတူ၏ ရှေးဟောင်းဝိဉာဉ်ကလည်း ချဉ်းကပ်လာသည်။
မစ္စတာကိုမြင်သောအခါ ရှေးဟောင်းဝိဉာဉ်က လေးစားစွာဦးညွတ်သည်။
"မစ္စတာ"
ဒါကပင် အရင်တုန်းက မစ္စတာ၏ အဆင့်က ဘယ်လောက်ထိ မြင့်မားသလဲဆိုတာကို ပြသနေသည်။
မစ္စတာပြုံးသည်။
"ငါဒီနေရာကို ကျင့်ကြံဖို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ ငှားဖို့လိုတယ်"
လူတိုင်းကျင့်ကြံရန်အတွက် အချိန်ကို စတင်ဖမ်းဆုပ်နေကြစဉ် လုချန်ရှန်းသူ့ကိုယ်ပိုင်လုပ်ငန်းကို စတင်ပြီး ဘေးဖယ်ကာ သူပိုင်ဆိုင်သော နိယာမစွမ်းအားကို ထုတ်လွှတ်ပေးသည်။
ရှင်ခြင်းတာအို!
ဖျက်ဆီးခြင်းတာအို!
ယင်နှင့်ယန်တာအို!
ဒါ့အပြင် လုချန်ရှန်းတွင်ရှိသည့် တစ်ခြားတာအိုနိယာမများလည်း ပါသည်။
သူ့ဘေးက မစ္စတာနှင့် ရှေးဟောင်းဝိဉာဉ်တို့က ဒီအော်ရာကို ခံစားမိသဖြင့် သူတို့၏ အမူအရာများက လေးနက်သွားကြ၏။
"လူတစ်ယောက်က တစ်ချိန်တည်းမှာ တာအိုနိယာမများစွာကို တကယ်ပဲကျင့်ကြံနိုင်တာလား"
မစ္စတာခေါင်းခါယမ်းသည်။
"ငါမသိဘူး၊ ဒါပေမယ့် သေမျိုးနယ်မြေမှာ ဒီအဆင့်နဲ့ အနီးစပ်ဆုံးက ဘယ်သူလဲဆိုတာကို မေးနေတာဆိုရင်တောင် သူပဲဖြစ်လိမ့်မယ်ထင်တယ်...."
ရှေးဟောင်းဝိဉာဉ် အံ့ဩသင့်တကြီးပြောဆိုသည်။
"သူလား၊ အဲဒီအဆင့်ထိ နီးစပ်နိုင်တာလား"
မစ္စတာပြုံးသည်။
"သူကလွဲရင် တခြားသူတွေမပြောနဲ့၊ လူသားဘိုးဘေးလေးယောက်ဆီမှာတောင် မျှော်လင့်ချက်တွေကို ငါမမြင်ဘူး"
မစ္စတာ၏ စကားလုံးများကို ရှေးဟောင်းဝိဉာဉ်က လုံး၀ကိုယုံကြည်သည်။ မစ္စတာ၏ အသိအမြင်ကို လူသားဘိုးဘေးလေးယောက်ပင်လျှင် မယှဉ်နိုင်ပေ။
အပိုင်း(1219) coming။