ဖရိုဖရဲကျောက်တုံးအဆီအနှစ်
Vol. 73 Ch. 1026
အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ငါးယောက်နဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက ချက်ချင်းအောက်စည်းရောက်လာတယ်။
ဒိအထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေအားလုံးမှာ အခြေခံအားဖြင့် အဆင့်နိမ့်စကြာဝဠာရတနာတွေရှိတယ်။ ငါးယောက်မဆိုထားနဲ့၊ တစ်ယောက်ချင်းစီတိုက်ခိုက်ရာမှာတောင် သူတို့က လီဖူချန်းထက် မနိမ့်ကျပါဘူး။
"ကြည့်ရတာ ဖရိုဖရဲမီးကြာပန်းကို ထပ်ထုတ်ပြရမယ့်ပုံပဲ"
လီဖူချန်းက ဘာကိုမှ မကြောက်ပါဘူး။ အလယ်ဆင့်စကြာဝဠာရတနာတစ်ခုက သူ့အတွက် ဒုက္ခတွေ ဖြစ်လာစေနိုင်ပေမယ့် သူက သူ့အရှေ့ကဒုက္ခတွေကို အရင်ဆုံးဖြေရှင်းရမှာပါ။
ဖရိုဖဖရဲမီးကြာပန်းကို ထုတ်ပြီး မီးကြာပန်းက လီဖူချန်းကို ကာကွယ်လာတယ်။
ဝုန်း အုန်း အုန်း......
ထိုငါးယောက်ရဲ့တိုက်ခိုက်မှုက မီးကြာပန်းအပေါ်ကျရောက်လာပြီး ၎င်းကို အနည်းငယ်သာ တုန်ခါသွားစေတယ်။
"အလယ်အဆင့်စကြာဝဠာရတနာလား"
သူတို့ငါးယောက်က ထိတ်လန့်တုန်လှုပ်သွားတယ်၊ ကြည့်ရှုနေသူတွေက ထိတ်လန့်တုန်လှုပ်သွားကြတယ်။ ဓားသမားအစည်းအရုံးနဲ့ဓားမော့မဟာမိတ်ကလူတွေလည်း တုန်လှုပ်သွားကြတယ်။
လီဖူချန်းက ငွေရတနာခန်းမကို မသွားရသေးမှန်း သူတို့က သေချာတယ်။ ဒီလိုဆို လီဖူချန်းက အလယ်ဆင့်စကြာဝဠာရတနာတစ်ခုကို အရင်ကတည်းက ရထားတာပေါ့။
"ဒါကို ဖရိုဖရဲအပျက်အစီးနယ်မြေတစ်ခုက ရရှိလာတာပဲဖြစ်ရမယ်"
ဖရိုဖရဲအပျက်အစီးနယ်မြေလိုနေရာအနည်းငယ်မှာသာ ဖရိုဖရဲမီးကြာပန်းရှိတယ်။
"မီးကြာပန်းနဂါးအက"
မီးနဂါးတစ်ကောင်က မီးကြာပန်းအလွှာတွေကို သက်ဆောင်လျက် ထိုငါးယောက်ဆီ ပြေးဝင်လာတယ်။
ဝုန်း ဝုန်း ဝုန်း......
ငါယောက်သား လွင့်ထွက်သွားတယ်။
"မီးကြာပန်းကောင်းကင်အဖွင့်"
တစ်ယောက်မှ သွေးမအန်သလို ပြန်တိုက်ခိုက်ဖို့ခွန်အားတောင် မရှိပါဘူး။
"မီးကြာပန်းကမ္ဘာဖန်တီးခြင်း"
ကြီးမားတဲ့မီးကြာပန်းတစ်ခုက ထွက်ပေါ်လာပြီး ငါးယောက်လုံးကို ဖိနှိပ်လိုက်တယ်။
ဝှစ် ဝှစ် ဝှစ်......
ငါးယောက်လုံးရဲ့စွမ်းအားကို ဖျက်ဆီးလိုက်တယ်။
"ဒါ အလယ်ဆင့်စကြာဝဠာရတနာတစ်ခုရဲ့စွမ်းအားလား"
လူတိုင်းက မှင်တက်သွားကြတယ်။
အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်ငါးယောက်၊ သူတို့အားလုံးမှာ အဆင့်နိမ့်စကြာဝဠာရတနာတွေ ရှိတယ်၊ ဒါပေမယ့် အလယ်ဆင့်စကြာဝဠာရတနာရဲ့အရှေ့မှာ သူတို့မှာ ခုခံနိုင်ခြင်းအလျဉ်းကင်းမဲ့ကာ လုံးဝရိုက်နှက်ခံနေရတယ်။
"ဖရိုဖရဲမီးကြာပန်းထဲရှိကပ်ဘေးစွမ်းအားကို မစုပ်ယူခဲ့ရင် ဖရိုဖရဲမီးကြာပန်းက ဘယ်လောက်တောင် အားကောင်းမလဲကို ငါ သိချင်တယ်"
လီဖူချန်းက ရေးတေးတေးခံစားမိတယ်၊ ဖရိုဖရဲမီးကြာပန်းရဲ့ကပ်ဘေးစွမ်းအားကို စုပ်ယူပြီးနောက် အဲဒါက ဖရိုဖရဲမီးကြာပန်းအပေါ် သက်ရောက်မှုရှိတယ်ဆိုပေမယ့် ဘယ်လောက်ထိ သက်ရောက်သလဲကိုတော့ သူ မသိဘူး။
"မီးကြာပန်းကမ္ဘာဖန်တီးခြင်း၊ မီးကြာပန်းကမ္ဘာဖန်တီးခြင်း၊ မီးကြာပန်းကမ္ဘာဖန်တီးခြင်း........"
လီဖူချန်းက ဖရိုဖရဲမီးကြာပန်းထဲရှိဖရိုဖရဲမီးရင်မြစ်အဆီအနှစ်အပေါ် ထိန်းချူပ်ထားမနေတော့ဘူး။ အလယ်ဆင့်ရတနာတစ်ခုရဲ့ရင်းမြစ်အဆီအနှစ်က လုံလုံလောက်လောက်ကြွယ်ဝတယ်၊ ပုံမှန်အနေအထားအောက်မှာ ရင်းမြစ်အဆီအနှစ်ကုန်ခန်းမှာနဲ့ပတ်သက်ပြီး စဉ်းစားစရာမလိုပါဘူး။
"တောက်"
သူတို့ငါးယောက်ကို လုံးဝဖိနှိပ်ထားတာကြောင့် သူတို့က ဒေါသအထွက်ဘဲ မနေနိုင်ပါဘူး။
ဖရိုဖရဲမီးကြာပန်းကို ပိုင်ဆိုင်တဲ့လီဖူချန်းက သူတိူ့အတွက် အကြိုနတ်ဘုရားတစ်ယောက်နီးပါးပဲ။ ကံကောင်းစွာနဲ့ လီဖူချန်းက မီးတာအိုအထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်မနေတာပဲ၊ သို့မဟုတ်ရင် ဖရိုဖရဲမီးကြာပန်းနဲ့ဆိုရင် သူက သာမန်အကြိုနတ်ဘုရားတွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ်။
"ငါတို့ဘာလုပ်ကြမလဲ" ကောင်းကင်ဘုံပြောင်းပြန်တိုက်ပွဲဘိုးဘေးနဲ့ရွှေနဂါးဘိုးဘေးတို့က အမြဲတမ်းဂုဏ်ယူဝင့်ကြွားခဲ့ရတယ်၊ ဒါပေမယ့် အခု သူတို့က ဒေါသသာ ထွက်နေတော့တယ်။
"အလယ်ဆင့်စကြာဝဠာရတနာတစ်ခုကပဲ အလယ်ဆင့်စကြာဝဠာရတနာတစ်ခုကို ဆန့်ကျင်နိုင်မှာ"
ငါးယောက်ထဲမှာ ဖရိုဖရဲနက္ခတ်တာရာဧရာမသားရဲဘိုးဘေးက အသန်မာဆုံးမဟုတ်ပေမယ့် သူ့ရဲ့အသက်အားနဲ့စွမ်းအားက အားအကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် ဖရိုဖရဲမီးကြာပန်းရဲ့ဖိနှိပ်မှုအောက်မှာ သူက အကြာကြီးမတောင့်ခံနိုင်တော့ပါဘူး။
မူလအဆုံးစွန်းအရှင်ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး" ဖျက်ဆီးခြင်းအရှင်ရဲ့မျက်နှာက တင်းမာသွားတယ်။
"ဘာကိုဆိုလိုတာလဲ"
ကျန်လေးယောက်က ဖျက်ဆီးခြင်းအရှင်ကို ကြည့်လိုက်တယ်။
"အကြိုနတ်ဘုရားနယ်မြေကလူတွေ ပြန်လာ ဒါမှမဟုတ် အကြိုနတ်ဘုရားတွေ ပြန်လာမှပဲ ရမယ်"
ဖျက်ဆီးခြင်းအရှင်က ပြောလိုက်တယ်။
"ဒါက"
လေးယောက်သား တိတ်ဆိတ်ငြိမ်သက်သွားတယ်။ ဒါနဲ့ပတ်သက်ပြီးစဉ်းစားပြီးနောက် ဒါကပဲ တစ်ခုတည်းသောနည်းလမ်းဖြစ်နေတယ်။ သို့မဟုတ်ရင် သူတို့တွေ လူဘယ်လောက်ပဲ ပူးပေါင်းနေပါစေ၊ လီဖူချန်းအတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။ အလယ်ဆင့်စကြာဝဠာရတနာတစ်ခုက တကယ်ကြောက်စရာကောင်းတာပဲ။
"အကြိုနတ်ဘုရားတစ်ယောက် ပြန်လာဖို့က မဖြစ်နိုင်ပေမယ့် အကြိုနတ်ဘုရားနယ်မြေကလူတွေကို ဖိတ်ခေါ်တာကတော့ မျှော်လင့်ချက်ရှိတယ်"
"မီးကြာပန်းကမ္ဘာဖန်တီးခြင်း"
ဖရိုဖရဲမီးကြာပန်းရဲ့အရှေ့မှာ သူတို့ငါးယောက်ရဲ့စွမ်းအားက ဆင်နဲ့ပုရွက်ဆိတ်ပမာဖြစ်နေတယ်။ ကံကောင်းစွာနဲ့ သူတို့ငါးယောက်မှာ သက်စောင့်စွမ်းအားတွေ ပေါကြွယ်ဝစွာရှိနေတာပဲ။
"ပြန်ဆုတ်ကြတော့"
သူတို့ငါးယောက်က ဦးတည်ဘက်တိုင်းကို ထွက်ပြေးသွားကြတော့တယ်၊ သူတို့ရဲ့မျက်နှာအမူအရာက ရုပ်ဆိုးလျက်နဲ့ပေါ့။
ဒီမတိုင်ခင်တုန်းက သူတို့က အခြားသူတွေကို အမှိုက်လို့ ပြောခဲ့ကြတယ်၊အခု သူတို့လည်း အမှိုက်နဲ့ မခြားပါဘူး။
ဒါပေမယ့် ဒါကို သူတို့အပေါ်မှာပဲ အပြစ်တင်လို့မရဘူး။ လီဖူချန်းမှာ အလယ်ဆင့်စကြာဝဠာရတနာတစ်ခုရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။
"ဟားဟား၊ အားလုံးပဲ၊ ငါ မင်းတို့နဲ့ ထပ်ပြီးမကစားတော့ဘူးနော်"
လီဖူချန်းက အလွန်ပျော်ရွှင်နေတယ်၊ ဖရိုဖရဲမီးကြာပန်းကို ထုတ်ပြလိုက်ရရင်တောင် တစ်ယောက်မှ သူ့ကို ဘာတစ်ခုမှမလုပ်နိုင်ပါဘူး။
ဖရိုဖရဲမီးကြာပန်းနဲ့ဆိုရင် တစ်ဦးချင်းတိုက်ပွဲဖြစ်ဖြစ် အုပ်စုတိုက်ပွဲဖြစ်ဖြစ်၊ သူက ပြိုင်ဘက်ကင်းတယ်။
ငွေရတနာခန်းမက ကြေးညိုရတနာခန်းမမှ သိပ်မဝေးပါဘူး။ တစ်ခဏကြာပြီးနောက် လီဖူချန်းက ငွေရတနာခန်းမကို ရောက်ရှိလာတယ်။
"မူလဘူတငွေသော့တစ်ချောင်းပဲရှိတယ်၊ ငါ ကံကိုပဲ အားကိုးရမှာပဲ"
မူလဘူတငွေသော့က နှစ်သန်းတစ်ရာမှာတောင် ရှားပါးတယ်။ တကယ်တော့ တန်ဖိုးအရ အလယ်ဆင့်စကြာဝဠာရတနာတစ်ခုက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် မနိမ့်ကျပါဘူး။
အရေးကြီးဆုံးကတော့ တစ်ယောက်ယောက်က အကြိုနတ်ဘုရားဖြစ်သွားရင်တောင် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက သူ့အတွက် အလွန်အသုံးဝင်ပါသေးတယ်။
ဥပမာအားဖြင့် အကြိုနတ်ဘုရားတစ်ယောက်မှာ အသက်သစ်ပင်ရှိရင် အခြားအကြိုနတ်ဘုရားတွေနဲ့ တိုက်ခိုက်တဲ့အခါ သူက အချိန်အကြာကြီးတိုက်ခိုက်နိုင်တယ် ဒါမှမဟုတ် အရှုံးမှအနိုင်သို့ ပြောင်းလဲနိုင်တယ်။
"ဒီအခန်းပဲ"
အခန်းအရှေ့မှာ လီဖူချန်းက မူလဘူတငွေသော့ကို ထည့်လိုက်တယ်။
ဖြောက်.......
မူလဘူတငွေသောက အထဲသို့ ကျသွားပြီးနောက် ပျောက်သွားတယ်။ အခန်းက အသံတစ်ခုနဲ့အတူ ပွင့်လာတယ်။
"ဒါက"
အခန်းအလယ်ရှိကျောက်တုံးစင်မြင့်တစ်ခုအပေါ်မှာ သုံးပေရှည်တဲ့ကျောက်တုတ်တစ်ချောင်းရှိတယ်။ ကျောက်တုတ်ပေါ်မှာ အင်းကွက်တွေရှိပြီး ရိုးရှင်းပြီးရှေးကျတဲ့ခံစားချက်တစ်ခုကို ပေးတယ်။
လီဖူချန်းက ကျောက်တုတ်ကို ကိုင်လိုက်တယ်.....
"လေးလွန်းတာပဲ"
လီဖူချန်းရဲ့မျက်နှာအမူအရာက ပြောင်းလဲသွားတယ်။ သူက ခွန်အားအများကြီးအသုံးမပြုရင် ဒီကျောက်တုတ်ကို မနိုင်မှာမဟုတ်ဘူး။
သူ့ခွန်အားရဲ့ခုနှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုပြီးမှသာ လီဖူချန်းက ကျောက်တုတ်ကို မနိုင်ခဲ့တယ်။
"လေးလွန်းတယ်"
သူက ကျောက်တုတ်ကို အချိန်အကြာကြီးကိုင်နိုင်မှာမဟုတ်ဘူးလို့ လီဖူချန်းက ယုံကြည်ထားတယ်။
လီဖူချန်းမျှော်မှန်းထားတဲ့အတိုင်းပဲ၊ ဒီကျောက်တုတ်က အလယ်ဆင့်မြေတာအိုစကြာဝဠာရတနာတစ်ခုဖြစ်တယ်။ ၎င်းကို ဖရိုဖရဲကျောက်တုံးအဆီအနှစ်လို့ခေါ်ပြီး ကြီးမားတဲ့ဖရိုဖရဲမြေတာအိုရင်းမြစ်အဆီအနှစ်တစ်ခုပါဝင်တယ်။
"ငါ ဖရိုဖရဲမီးကြာပန်းရဲ့ကပ်ဘေးစွမ်းအားကို စုပ်ယူလိုက်တာကြောင့် ၎င်းက ပြီးပြည့်စုံတဲ့အလယ်ဆင့်စကြာဝဠာရတနာတစ်ခုမဟုတ်တော့ဘူး။ အဆုံးမှာ ၎င်းက အားနည်းချက်တွေရှိသေးတယ်။ ဒီဖရိုဖရဲကျောက်တုံးအဆီအနှစ်ကတော့ မတူပါဘူး။ ဒါနဲ့ဆိုရင် ငါ့ရဲ့တိုက်စစ်စွမ်းအားက နောက်တစ်ဆင့်ကို ရောက်ရှိနိုင်တယ်"
ဒါပေမယ့် သူက အလယ်ဆင့်ဓားတာအိုစကြာဝဠာရတနာတစ်ခုကို မရတဲ့အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိတယ်။ သူ့မှာသာ အလယ်ဆင့်ဓားတာအိုစကြာဝဠာရတနာတစ်ခုရှိရင် သူ့တိုက်ခိုက်ရေးစွမ်းအားက တစ်ဆင့်သာ မြင့်တက်ရုံတင်မကဘူး။ အကြိုနတ်ဘုရားအောက်မှာ သူ့ထံမှ တိုက်ကွက်အနည်းငယ်ထက်ကျော်ပြီးခုခံနိုင်တဲ့သူ တစ်ယောက်မရှိလာမှာမဟုတ်ဘူး။ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေကို သတ်ရတာက ကြက်ကလေးတွေကို သတ်ရတာနဲ့ မခြားတော့ပါဘူး။
ဒါပေမယ့် ဓားတာအိုစကြာဝဠာရတနာက အမြဲတမ်းရှားပါးတာကို သူသိတယ်။ အဆင့်နိမ့်ဓားတာအိုစကြာဝဠာရတနာတစ်ခုဖြစ်တဲ့ဓားအရိုးပုံဆောင်ခဲကို ရရှိတာကတင် အလွန်ကံကောင်းနေပါပြီ။