← Chapters

မူလဘူတရွှေသော့

Vol. 73 Ch. 1027

မူလဘူတရွှေသော့

Vol. 73 Ch. 1027

ငွေရတနာခန်းမကို ချန်ထားပြီးနောက် မူလဘူတမဟာခန်းမမှ ထွက်လာကာ အပြင်ဘက်မှာ ကံစမ်းဖို့ လီဖူချန်းက စီစဉ်လိုက်တယ်။

လီဖူချန်းက အလွန်ကံကောင်းတယ်။ နှစ်အနည်းငယ်အတွင်း သူက ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းဒါဇင်‌ကျော်ကို တွေ့ရုံသာမက မူလဘူတကြေးဝါသော့နှစ်ဆချာင်းကိုလည်း ရှာတွေ့ခဲ့တယ်။

ထိုအချိန်မှာ တစ်ယောက်ယောက်ကို စကြာဝဠာက မျက်နှာသာပေးတာက အရေးပါတယ်။ မူလဘူတမြေပြင်ဒါမှမဟုတ်အပျက်အဆီးနယ်မြေတွေမှာပဲဖြစ်ဖြစ် စကြာဝ‌ဠာရဲ့မျက်နှာသာပေးခံရသူတွေက အကောင်းဆုံးကံတရားတွေ ပိုင်ဆိုင်ထားတယ်။ သူတို့က အခြေခံအသုံးအဆောင်ပစ္စည်းအစုလိုက်အပုံလိုက်ကို အလွယ်တကူရှာတွေ့နိုင်တယ်။ စကြာဝ‌ဠာရဲ့မျက်နှာသာပေးမခံရသူတွေက အသည်းအသန်ရှာဖွေတာတောင်မှ ကြီးမားတဲ့ရိတ်သိမ်းမှုတစ်ခုကို မရှိနိုင်ဘူး။

လီဖူချန်းက စကြာဝဠာကလေးတစ်ယောက်ဆိုတာ အရေးမကြီးပါဘူး။ သူ့ကံက အမြဲတမ်းအ‌ရမ်းကောင်းနေတယ်ဆိုတာပဲ။

ဝုန်း......

ကျောက်တိုင်တစ်ခုကို ဖျက်ဆီးပြီးနောက် ငွေရောင်အလင်းတစ်ခုကို လီဖူချန်းက စုပ်ယူလိုက်တယ်။

"ကျောက်တိုင်ထဲမှာ မူလဘူတသော့ဝှက်ထားမယ်လို့ မမျှော်လင့်ထားဘူး၊ ဒါက မူလဘူတငွေသော့ပဲ"

သာမန်လူတွေက ကျောက်တိုင်ထဲမှာ မူလဘူတသော့ရှိနေမယ်လို့ ဘယ်လိုလုပ်တွေးမိမှာလဲ။ ကျောက်တိုင်ထဲမှာ မူလဘူတသော့တစ်ခုရှိတာကိ သိရင်တောင် ဘယ်ဒါမှန်း သူတို့က သိလိမ့်မှာမဟုတ်ဘူး။ အဓိကအားဖြင့် မူလဘူတမြေပြင်ရှိပစ္စည်းတွေကို လိပ်ပြာအသိစိတ်အာရုံနဲ့ မရှာဖွေနိုင်လို့ပဲ။ ဝိညာဉ်တာအိုကျင့်ကြံသူတွေက သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး ရှာဖွေနိုင်မလားကိုတော့ လီဖူချန်းက မသိဘူး။ ရှာဖွေဖို့ သူက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်မှန်း သူသာသိတယ်။

"ကြည့်ရတာ မူလဘူတမြေပြင်ထဲရှိဘယ်လိုအရာထဲမှာမဆို အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုရှိဖို့ ဖြစ်နိုင်ချေတစ်ခုရှိပုံပဲ"

လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်တယ်။

မူလဘူတမြေပြင်က ကြီးမားလွန်းတယ်။ မူလဘူတမဟာခန်းမပတ်လည်ရှိဗဟိုနေရာမှာသာ လီဖူချန်းက ရှာဖွေခဲ့တယ်။

ဆယ်နှစ်အောက်မှာ လီဖူချန်းက မူလဘူတကြေးညိုသော့ဆယ်ချောင်းနဲ့မူလ‌ဘူတငွေသော့တစ်ချောင်းကို ရှာတွေ့ခဲ့တယ်။

အခု လီဖူချန်းမှာ မူလဘူတကြေးညိုသော့ဆယ်ချောင်းနဲ့မူလဘူတငွေသော့နှစ်ချောင်းရှိလာပြီ။

"မူလဘူတမြေပြင်က ငါ့အတွက် ဖန်တီးထားပေးတဲ့ရတနာနယ်မြေတစ်ခုပဲ"

လီဖူချန်းက သက်ပြင်းချလိုက်တယ်။ ရွှေရောင်အဆောင်က သူ့ရဲ့စိတ်ဝိညာဉ်ကို မမြှင့်တင်ပေးခဲ့ရင် သူက စကြာဝဠာက‌လေးဆိုရင်တောင် ဒီလောက်များတဲ့မူလဘူတသော့တွေကို ရှာတွေ့ဖို့က မဖြစ်နိုင်ဘူး၊ တစ်ဆယ်ရာခိုင်နှုန်းတွေ့တာကတင် အကောင်းဆုံးရလဒ်ဖြစ်ပေလိမ့်မယ်။

"မူလဘူတမြေပြင်မပိတ်ခင် အချိန်အချို့ရှိသေးတယ်၊ ရတနာခန်းမတွေကို အရင်သွားကြတာပေါ့"

……

အဆင့်နိမ့်စကြာဝဠာရတနာဆယ်ခုကို ဘေးဖယ်ထားလိုက်ပါအုံးမယ်။ အလယ်ဆင့်စကြာဝဠာရတနာနှစ်ခုရှိတယ်၊ သူတို့က အစိမ်းရောင်ဘူးသီးတစ်လုံးနဲ့ ကမ္ဘာနှလုံးသားတစ်ခုတို့ပါပဲ။

ဘူးပင်မှခူးဆွတ်ထားတဲ့သာမန်ဘူးသီးတစ်လုံးပမာ ဒီအစိမ်းရောင်ဘူးသီးကို ကြည့်ရတာ သာမန်ဆန်တယ်။ ဒါပေမယ့် လီဖူချန်းရဲ့စိတ်ဝိညာဉ်အားက အစိမ်းရောင်ဘူးသီးထဲကို ဝင်ရောက်သွားတဲ့အခါ သူက အဆုံးမဲ့‌ရှေးဦးမူလဖရိုဖရဲအသက်ရင်းမြစ်အဆီအနှစ်ကို ခံစားနိုင်တယ်။

"အသက်သစ်ပင်လိုပဲ၊ ဘူးသီးစိမ်းက သန့်စင်တဲ့အသက်စကြာဝဠာရတနာတစ်ခုပဲ"

အသက်အားရှိတဲ့ရတနာတစ်ခုမှာ ရှေးဦးမူလဖရိုဖရဲအသက်ရင်းမြစ်အဆီအနှစ်တွေ အမြဲတမ်းတော့ မပါပါဘူး။ အရာအားလုံးက ချိတ်ဆက်နေတာပဲ။ ဥပမာအားဖြင့် ကမ္ဘာသစ်ပင်မှာ ရှေးဦးမူလဖရိုဖရဲကမ္ဘာအဆီအနှစ်ပါဝင်ပြီး ရှေးဦးမူလဖရိုဖရဲကမ္ဘာအဆီအနှစ်မှာ အသက်အဆီအနှစ်အစိတ်အပိုင်းတစ်ခုပါဝင်တယ်။

အသက်သစ်ပင်က ဘူးသီးစိမ်းမှ ရှေးဦးမူလဖရိုဖရဲအသက်ရင်းမြစ်အဆီအနှစ်ကို ဝါးမျိုလိုက်ရင် ၎င်းက လျင်မြန်စွာ ကြီးထွားလာမယ်ဆိုတာ သေချာတယ်။ ၎င်းက ကမ္ဘာသစ်သားအပိုင်းအစတစ်ရာကို ဝါးမျိုခြင်းထက် ပိုထိရောက်တယ်။ ဒါပေမယ့် ဒါက ရေငတ်ပြေစေဖို့ အဆိပ်သောက်တာနဲ့ တူတယ်။ ဘူးသီးစိမ်းက အလယ်ဆင့်စကြာဝဠာရတနာတစ်ခုဖြစ်ပြီး ၎င်းမှာ အထူးလုပ်ဆောင်မှုတစ်ခုသေချာပေါက်ရှိတယ်။ ၎င်းရဲ့အထူးလုပ်ဆောင်ရမယ့်တာဝန်ကို တိုးတက်စေခြင်းက အရေကြီးဆုံးအရာဖြစ်တယ်။

ကမ္ဘာနှလုံးသားကတော့ ၎င်းက အလွန်ဆန်းကြယ်တယ်၊ အသက်သစ်သီးထက် အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ပိုဆန်းကြယ်တယ်။ တကယ်တော့ ၎င်းက ကမ္ဘာအငယ်စားတစ်ခုဖြစ်ပြီး အထဲရှိကမ္ဘာဥပဒေသက အလွန်ပြီးပြည့်စုံကာ ရှင်းလင်းတယ်။ သူက ကမ္ဘာနှလုံးသားထဲကို ဝင်ရောက်ပြီး အချိန်ကို အဆတစ်ရာအရှိန်တင်နိုင်တယ်ဆိုတာ သဘောပေါက်ခဲ့တယ်။

"ဒါက ကမ္ဘာနှလုံးသားဆိုတာ အံဩစရာမရှိဘူးပဲ"

ကမ္ဘာနှလုံးသားကို သိမ်းပြီးနောက် လီဖူချန်းက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်တယ်။

"ငါ အခုထိ ကောင်းကင်မှာ မရှာ‌ရသေးဘူးပဲ"

လီဖူချန်းက ကောင်းကင်သို့ ပျံဝဲတက်ကာ ခပ်မြင့်မြင့်ပျံသန်းလိုက်တယ်။

မူလဘူတမြေပြင်ရဲ့ကောင်းကင်က ရှေးဦးဖရိုဖရဲဖြစ်ပြီး မှောင်မိုက်တယ်။ ခပ်မြင့်မြင့်ပျံသန်းလေလေ၊ ဖိအားက ပိုကြီးမားလာလေပဲ။ ပုံမှန်အားဖြင့် သာမန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က မီတာတစ်ထောင်ထိသာ ပျံသန်းနိုင်တယ်။ အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တွေက မီတာနှစ်ထောင်အထိ ပျံသန်းနိုင်ပြီး အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေက မီတာငါးထောင်အထိ ပျံသန်းနိုင်တယ်။

မီတာ၄၅၀၀၊ မီတာ၅၀၀၀၊ မီတာ၅၅၀၀၊ မီတာ၆၀၀၀။

မီတာ၆၀၀၀မှာ လီဖူချန်းက ယိမ်းယိုင်ကျဆင်းမှုတစ်ခုကို ခံစားမိတယ်။ သူက အနန္တဓားခန္ဓာကိုယ်တစ်ခုကို ပေါက်ကွဲထွက်စေပြီး ယိမ်းယိုင်ကျဆင်းမှုကို ပျောက်ကွယ်သွားစေတယ်။

မီတာ၆၅၀၀၊ မီတာ၇၀၀၀၊ မီတာ၇၅၀၀။

ဒီအမြင့်က အလွန်ကြောက်စရာကောင်းတယ်။ ဖိအားက သာမန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ လုံလောက်တယ်။

မီတာ၈၀၀၀၊ မီတာ၈၅၀၀။

လီဖူချန်းက ကျဆင်းမယ့်အာရုံတစ်ခုကို ထပ်မံခံစားမိတယ်။

ဒါပေမယ့် အခု သူ့မှာ အပိုစွမ်းအင်တစ်ခုတောင် မရှိတော့ဘူး။ သူက ရေစီးကြောင်းကို ဆန့်ကျင်ျနတဲ့ငါးတစ်ကောင်ပမာ စွမ်းအားမဲ့နေတယ်။

"ဒါ မလုံလောက်သေးဘူးပဲ"

လီဖူချန်းက ဓားအရိုးပုံ‌‌ဆောင်ခဲမှဓားတာအိုရင်းမြစ်အဆီအနှစ်ကို ညွှန်ကြားပြီး သူ့ကိုယ်သူတိုးမြင့်စေလိုက်တယ်။

၈၈၀၀မီတာ၊ မီတာ၉၀၀၀။

မီတာ၉၁၀၀။

မီတာ၉၁၅၀။

သူက မီတာ၁၀၀၀နဲ့ပိုနီးကပ်လေ၊ ဖိအားက ပိုကြီးမားလေဖြစ်တယ်။ လီဖူချန်းမှာ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်မရှိရင် သူ့ရဲ့ခန္ဓာကိုယ်က ပျက်ဆီး‌သွားလောက်ပြီ။

မီတာ၉၂၀၀၊ မီတာ၉၂၅၀၊ မီတာ၉၃၀၀။

ထိုအချိန်မှာ လီဖူချန်းရဲ့သက်စောင့်စွမ်းအင်ကသာ လျင်မြန်စွာ လျော့ကျလာနေတမဟုတ်ဘူး၊ ဓားအရိုးပုံဆောင်ခဲမှဓားတာအိုရင်းမြစ်အဆီအနှစ်ကတောင် လျင်မြန်စွာလျော့ကျလာနေတယ်။ တိုက်ပွဲနဲ့နှိုင်းယှဉ်ရင် ကုန်ဆုံးခြင်းနှုန်းက အနည်းဆုံးအဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ပိုမြန်တယ်။

မီတာ၉၃၅၀။

မီတာ၉၄၀၀။

ဓားအရိုးပုံ‌ဆောင်ခဲမှာ ဓားတာအိုရင်းမြစ်အဆီအနှစ်တွေ အများကြီးရှိသေးပေမယ့် အားလုံးကို တစ်ကြိမ်တည်းနဲ့ ပေါက်ကွဲထွက်စေဖို့က မဖြစ်နိုင်ဘူး။

"အခု မင်းရဲ့အလှည့်ပဲ"

လီဖူချန်းက နောက်ထပ်ပစ္စည်းတစ်ခုကို ယူထုတ်လုက်တယ်။ ဒါက သံဓားတစ်လက်ဖြစ်တယ်ဒါမှမဟုတ်သံဓားနဲ့တူတဲ့အရာဝတ္ထုတစ်ခုပေါ့။ ဒါပေမယ့် တစ်ယောက်ယောက်က အနီးကပ်ကြည့်ရင် ဒီသံဓားကို သတ္တုနဲ့ထုလုပ်ထားတာမဟုတ်ဘူး၊ အထူးအပင်တစ်ပင်နဲ့ပေါ့။

ကြည်လင်ကောင်းကင်ဓားသစ်သားက အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုဖြစ်တယ်။ ၎င်းရဲ့တန်ဖိုးက ဓားအရိုးပုံဆောင်ခဲထက် ပိုမြင့်တယ်။

ကြည်လင်ကောင်းကင်ဓားသစ်သားမှ ဓားတာအိုရင်းမြစ်အဆီအနှစ်ကို လမ်းညွှန်ပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်က လျင်မြန်စွာ မြင့်တက်လာပြီး နောက်ဆုံးမှာ မီတာ၁၀၀၀၀အမြင့်ကို ချိုးဖြတ်သွားခဲ့တယ်။

မီတာတစ်သောင်းအောက်ရှိမူလဘူတမြေပြင်ရဲ့ကောင်းကင်က မှောင်မိုက်ပြီးဖရိုဖရဲဖြစ်တယ်ဆိုရင် မူလဘူတမြေပြင်ကောင်းကင်ရဲ့မီတာ၁၀၀၀၀အထက်က ကြည်လင်တယ်၊ သန့်ရှင်းတယ်၊ ဗလာဖြစ်တယ်။

"ကောင်းကင်မှာ မီတာတစ်သောင်းအထိ ပျံသန်းရင် လီဖူချန်းက နောက်ဆုံးမှာ ဧရာမကျောက်တုံးတစ်တုံးကို တွေ့လိုက်ရတယ်။"

ဧရာမကျောက်တုံးရဲ့မျက်နှာပြင်မှာ ရှေးကျတဲ့အင်းကွက်တွေရှိပြီး ၎င်းက ကောင်းကင်မှာ လွင့်မျောနေတယ်။ ၎င်းက မကြာခဏပျောက်ကွယ်သွားပြီး ရုတ်တရက် မကြာခဏထွက်ပေါ်လာတယ်။ အထဲမှာ စိတ်ကူးယဉ်ကမ္ဘာတစ်ခုရှိသလို ခံစားရစေတယ်။

လီဖူချန်းမှာ အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားမရှိရင် သူက ဧရာမကျောက်တုံးကို အမှတ်အသားပြုလုပ်နိုင်မှာမဟုတ်ဘူး။

"ပွင့်စမ်း"

ဓားအရိုးပုံ‌ဆောင်ခဲနဲ့ကြည်လင်ကောင်းကင်ဓားသစ်သားမှဓားတာအိုရင်းမြစ်အဆီအနှစ်ကို အသက်သွင်းပြီးနောက် လီဖူချန်းက ဧရာမကျောက်တုံးအပေါ်သို့ ခုတ်ပိုင်းလိုက်တယ်။

ချွမ်း......

ဧရာမ‌ကျောက်တုံးရဲ့မျက်နှာပြင်မှာ ဓားအမှတ်အသားတစ်ခုဖြစ်သွားတယ်။

"ဒီလိုမာကျောမှု"

သူ့လက်မောင်းက အနည်းငယ်ထုံကျင်သွားသလို လီဖူချန်းက ခံစားရတယ်။

ဓားအရိုးပုံဆောင်ခဲနဲ့ကြည်လင်ကောင်းကင်ဓားသစ်သားကို သိမ်းပြီး လီဖူချန်းက ဖရိုဖရဲမီးကြာပန်းကို ယူထုတ်လိုက်တယ်။

"မီးကြာပန်းနဂါးအက"

လီဖူချန်းက ဧရာမကျောက်တုံးထံ မီးနဂါးတစ်ကောင်ကို ထုတ်လွှတ်လိုက်တယ်။

ဖြောက်......

ဧရာမကျောက်တုံးက အက်ကွဲသွားတယ်။

"မူလဘူတရွှေသော့"

လီဖူချန်းက အသက်ရှုသွင်းလိုက်မိတယ်။

တစ်စစီဖြစ်နေတဲ့ဧရာမကျောက်တုံးအထဲမှာ မူလဘူတရွှေသော့တစ်ချောင်းက လွင့်မျောနေတယ်။ တစ်ချိန်တည်းမှာ ရွှေရောင်အလင်းတွေက ရွှေရောင်နေတစ်စင်းပမာ ထုတ်လွှတ်နေတယ်။ အလင်းက မူလဘူတမြေပြင်ရဲ့ဗဟိုချက်တစ်ခုလုံးကို ထိန်လင်းသွားစေပြီး ဒီရွှေရောင်အလင်းကို မြင်နိုင်တယ်။

"အို ကောင်းကင်ဘုံ‌၊ ဒါက မူလဘူတရွှေသော့ပဲ"

"မူလဘူတရွှေသော့က နှစ်တစ်ဘီလီယံမှာတောင် မြင်တွေ့ဖို့ဆိုတာ ရှားတယ်။ ၎င်း ထွက်ပေါ်လာတိုင်း ကြမ်းကြုတ်မှုသရဖူဆောင်းတဲ့ကာလတစ်ခုကို ဖြစ်စေလိမ့်မယ်။ ဘယ်သူက မူလဘူတရွှေသော့ကို ရရှိသလဲကို ငါ သိချင်တယ်"

"ဒါကို ဘယ်သူပဲရရ ကိစ္စမရှိဘူး၊ ထိုလူက ဒုက္ခရောက်မှာပဲ။ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက အကြိုနတ်ဘုရားတွေကိုပါ ဆွဲဆောင်နိုင်တယ်"

"လူတစ်ယောက်ရဲ့ကြွယ်ဝမှုဆိုတာ သူ့ရဲ့ပျက်ဆီးခြင်းပါပဲ"

လူတိုင်းရဲ့အမြင်ထဲမှာ မူလဘူတရွှေသော့ကို ရရှိခြင်းက ကောင်းခြင်းဆိုးခြင်းနှစ်မျိုးရှိတယ်။ ကောင်းခြင်းက‌တော့ တစ်ယောက်ယောက်က အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို လုံခြုံစွာသိမ်းထားနိုင်ရင် နှစ်ဘီလီ‌ယံကျော်အားထုတ်မှုတွေကို သက်သာစေလိမ့်မယ်။ အားနည်းတဲ့အကြိုနတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်တွေ့တဲ့အခါ သူတို့က ယှဉ်ပြိုင်နိုင်လိမ့်မယ်။ ဒါ့အပြင် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုနဲ့ဆိုရင် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအတွက် ယှဉ်ပြိုင်ရာမှာ ပိုလွယ်ကူလာလိမ့်မယ်။

ဆိုးခြင်းကတော့ အကြိုနတ်ဘုရားအနည်းစုကလွဲပြီး အများစုက အဆင့်မြင့်စကြာဝဠာရတနာတွေကို တပ်မက်တယ်။ တစ်ယောက်ယောက်မှာ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရှိမှန်း သိခဲ့ရင် သူတို့က အဲဒါကို သေချာပေါက် လုယက်ကြလိမ့်မယ်။

"မူလဘူတရွှေသော့...."

ဂိုဏ်းကြီးကိုးဂိုဏ်းက အလွန်အားကျမနာလိုဖြစ်နေတယ်။

တစ်ယောက်ယောက်က အဆင့်မြင့်စကြာဝ‌ဠာရတနာတစ်ခုကို ရရှိပြီး သူတို့ရဲ့အကြိုနတ်ဘုရားတွေထံ ကမ်းလှမ်းလိုက်ရင် အဲဒါက ကြီးမားတဲ့အကူအညီတစ်ခုဖြစ်လာလိမ့်မယ်။ အနာဂတ်မှာ သူတို့မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအပိုရှိလာရင် သူတို့က ထိုလူကို သေချာပေါက် ဆုချီးမြှင့်ပေလိမ့်မယ်။ ဒါက မလုံလောက်ရင်တောင် သူတို့က အနည်းဆုံးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနအချို့ကို ရရှိပေလိမ့်မယ်။

"လာ၊ ရွှေရတနာခန်းမမှာ သွားစောင့်နေကြစို့"

ဘယ်သူက မူလဘူတရွှေသော့ကို ရရှိသွားသလဲကို လူတိုင်းက သိချင်ကြတယ်။

"မူလဘူတရွှေသော့ကို မြင်တွေ့ဖို့က နှစ်တစ်ဘီလံယံမှာတောင် ရှားတယ်။ ငါ့ရဲ့အသက်သစ်ပင်ကလည်း အဆင့်မြင့်စကြာဝဠာရတနာတစ်ခုဖြစ်ပေမယ့် ၎င်းက အပြည့်အဝမရင့်မှည့်သေးဘူး။ ၎င်းက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုထက် အများကြီးနိမ့်ကျတယ်" လီဖူချန်းရဲ့နှလုံးသားက တည်ငြိမ်ရင်တောင် သူက အတော်လေးစိတ်လှုပ်ရှားနေတယ်။

ဒါက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုလေ၊ ဒါနဲ့ပတ်သက်ပြီးစဉ်းစားကြည့်လိုက်ရင် စကြာဝဠာတစ်ခုလုံးမှာ အဆင့်မြင့်စကြာဝဠာရတနာတွေအနည်းပဲရှိတယ်ဆိုတာ သိထားရပါမယ်။

မှတ်တမ်းတွေအရ ထွက်ပေါ်လာတဲ့ အဆင့်မြင့်စကြာဝဠာအ‌ရေအတွက်က ငါးခုထက် မကျော်သေးပါဘူး။

ဥပမာအားဖြင့် အသက်သစ်ပင်၊ ကမ္ဘာသစ်ပင်၊ ပလိန်းနှလုံးသား၊ စကြာဝဠာစိတ်ဝိညာဉ်စက်လုံး။

အသက်သစ်ပင်ကို ဘေးဖယ်ထားလိုက်ပါ၊ လီဖူချန်းက ၎င်းကို ပိုင်ဆိုင်ထားတယ်။

ကမ္ဘာသစ်ပင်က လွန်ခဲ့တဲ့နှစ်မရေမတွက်များစွာက ပျက်ဆီးသွားပြီး အစိတ်အပိုင်းတွေပဲ ကျန်တော့တယ်။

ပလိန်းနှလုံးသားက ပလိန်းတစ်ခုကို ပြုစုပျိုးထောင်ဖို့သော့ချက်တစ်ခုဖြစ်ပြီး ၎င်းကို စကြာဝဠာက ကာကွယ်ထားတယ်။ စကြာဝဠာမှာ ပြောင်းလဲမှုကြီးတစ်ခုမရှိရင် ဖရိုဖရဲမဖြစ်ရင် အကြိုနတ်ဘုရားတစ်ယောက်ကတောင် ပလိန်းနှလုံးသားတစ်ခုကို ရှာတွေ့ဖို့ခက်ခဲ‌လိမ့်မယ်။

အဆန်းကြယ်ဆုံးက စကြာဝဠာစိတ်ဝိညာဉ်စက်လုံးပါပဲ။ စကြာဝဠာစိတ်ဝိညာဉ်စက်လုံးမှာ စကြာဝဠာရဲ့ရင်းမြစ်အဆီအနှစ်နဲ့မဟာတာအို အသင်္ချေပါဝင်တယ်လို့ ပြောကြတယ်။ စကြာဝဠာစိတ်ဝိညာဉ်စက်လုံးနဲ့ဆိုရင် တစ်ယောက်ယောက်ရဲ့ခွန်အားက နေ့စဉ်နဲ့အမျှ ပြောင်းလဲပေလိမ့်မယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူက မြို့အရှင်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ရက်အနည်းငယ်ကြာပြီးနောက် အရှင်တစ်ယောက်ဖြစ်နေလောက်ပါပြီ။

All Chapters