← Chapters

အခန်း (၃၄၄)

Vol. 13 Ch. 344

အခန်း (၃၄၄)

Vol. 13 Ch. 344

[ထိုနေ့တွင်၊ ယဲ့ယွီ နှင့် ပူဟောက်ယန် တို့သည် သူတို့၏တပ်ဖွဲ့များကို ကွမ်ရှန်းတဲ ဂိုဏ်းကို ပြင်းထန်စွာတိုက်ခိုက်စေခဲ့သည်။]

[တိုက်ပွဲအတွင်း။]

[ ယဲ့ယွီ သည် သူ၏မဟာမိတ်များ ပိုများများ “စွန့်လွှတ်”(များများရှော) နိုင်စေရန် ရည်ရွယ်ချက်ဖြင့် လှုပ်ရှားခြင်းမပြုဘဲ ဟိုလိုလိုဒီလိုလိုလုပ်နေခဲ့သည်။]

[သို့သော် သူ မသိခဲ့သည်မှာ သူသည် ထိုနေရာတွင် ရပ်နေရုံနှင့်ပင်။]

[သူသည် ကွမ်ရှန်းတဲ မှ လူများအပေါ် ကြီးမားသော ဖိအားကို ဖြစ်စေခဲ့သည်။]

[ ပိုင်ယုံကျီ သည် ယဲ့ယွီ ၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း သတင်းသည် အလွန် ဝေးလံသော အရပ်များသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။]

နတ်ဆိုးသခင် ပင်လျှင် သူ့အတွက် ဖက်ပြိုင်တိုက်ခိုက်နိုင်သော ရန်သူမဖြစ်နိုင်ခဲ့ဆိုသောသတင်းစကားသည် နတ်စစ်သည်တသိန်းနှင့်ပင် ညီမျှနေသည်။]

[ ကွမ်ရှန်းတဲ ၏ ဂိုဏ်းချုပ် သည် သူ၏စိတ်ထဲတွင် မေးခွန်းထုတ်ခဲ့သည်- " ငါ့မှာ သူ့ကို အနိုင်ယူဖို့ ဘယ်လို သောက် အရည်အချင်းမျိုး ရှိလို့လဲကွာ? "]

[ထို့ကြောင့် သူသည် ကြက်ဖကြံးကိုတွေ့သော ကြက်မဒန်းလေးသဖွယ် လှည့်ပြီး ထွက်ပြေးခဲ့သည်။]

[သူ၏ ထွက်ပြေးမှုသည် သူ၏လက်အောက်ခံများ၏ စိတ်ဓာတ်ကို ချက်ချင်း ပြိုကျစေခဲ့ပြီး၊ သူတို့သည် အရပ်ရပ်သို့ လေတိုက်ခံရသော ရွက်ခြောက်များသဖွယ် ကစဉ့်ကလျား ပြန့်ကျဲသွားခဲ့သည်။]

[ဤသို့သော အခြေအနေတွင်၊ ကောင်းကင်နဂါးချောက် သည် သိသာထင်ရှားသော တန်ပြန်တိုက်ခိုက်ခုခံမှုကို မရင်ဆိုင်ခဲ့ရပေ။]

[သေဆုံးမှုများသည် မပြောပလောက်အောင် နည်းပါးသည်။]

[ဤအရာသည် ယဲ့ယွီ ကို အလွန်အမင်း မကျေမနပ်ဖြစ်စေသည်။]

[စစ်မြေပြင်ကို အမြန် ရှင်းလင်းပြီးနောက်။]

[ ယဲ့ယွီ သည် တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ရန်နှင့် အခြားဂိုဏ်းများသို့ ဆက်လက်တိုက်ခိုက်သွားရန် အကြံပြုခဲ့သည်။]

[သို့သော် နောက်ပိုင်းတွင် သူ သိလိုက်ရသည်မှာ။]

[ ကောင်းကင်နဂါးချောက် က ကွမ်ရှန်းတဲ ကို တိုက်ခိုက်ခဲ့ကြောင်း သတင်းသည် ဒွမ်ကျီ ဂိုဏ်းနှင့် တန်းရွက်နန်းတော် တို့ အပါအဝင် ဂိုဏ်း ငါးခု သို့ ရောက်ရှိသောအခါ။]

[ကောင်းကင်နဂါးချောက်၏ နောက်ထပ် ဖျက်ဆီးခံရမည့်ပစ်မှတ် ဖြစ်လာမည်ကို ကြောက်ရွံ့ကြသဖြင့်၊ သူတို့သည် သူတို့၏ဂိုဏ်းများတစ်ခုလုံးကို ဒုံယောင်း ပြည်နယ်ရှိ နတ်ဆိုးမြို့တော် သို့ အလျင်အမြန် ပြောင်းရွှေ့ခဲ့ကြသည်။]

[ နတ်ဆိုးမြို့တော် ၊ ဒုံယောင်း ပြည်နယ်ရှိ နတ်ဆိုးသခင် ပိုင်ကျိန်းမြောင် ၏ နောက်ဆုံးနယ်မြေဖြစ်သည်။]

[ နတ်ဆိုးမြို့တော် ၏ ခန်းမကြီးအတွင်း။]

[ ဒွမ်ကျီ ဂိုဏ်းနှင့် တန်းရွက်နန်းတော် တို့၏ ဂိုဏ်းခေါင်းဆောင် ငါးဦး သည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။]

[သူတို့၏မျက်နှာများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး ယဲ့ယွီ နှင့် ကောင်းကင်နဂါးချောက် ၏ အလွန်အကျွံ အနိုင်ကျင့်မှုကို ကလေးများစာအံသလို တတွတ်တွတ်ပြောဆိုလျောက်တင်ကာ ညည်းတွားနေကြသည်။]

[သူတို့သည် လက်နက်ချစာများ ရေးသားခဲ့ပြီးဖြစ်သော်လည်း၊ကောင်းကင်နဂါးချောက်ဂိုဏ်းက မည်သို့မျှ သနားညှာတာခြင်း မရှိခဲ့ချေ?]

[ဒါက လွန်လွန်းနေပြီ!သွေးဆာနေတဲ့ ဂိုဏ်းဖြစ်နေပြီမဟုတ်ဘူးလား။]

[အရိပ်ထဲရှိမြင့်မားသော ပလ္လင်ပေါ်တွင် ဖုံးကွယ်နေသာ သူတစ်ဦးသည် အလွန်ပြင်းထန်သောအရှိန်ဝါကို ထုတ်ဖော်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။]

[ဤသူသည် နတ်ဆိုးမြို့တော် ၏ နတ်ဆိုးသခင် ပိုင်ကျိန်းမြောင် ဖြစ်သည်။]

[ကြမ်းတမ်းသောအသံဖြင့် သူက “ အဲ့ဒီကောင်က နတ်ဆိုးဘုရင် အဆင့်၏ နှောင်းပိုင်းအဆင့်မှာ ရှိတဲ့ နတ်ဆိုးတစ်ဦးလား?”]

[ တန်းရွက်နန်းတော် ၏ နန်းတော်သခင် ချန်ပင် က ခေါင်းညိတ်ပြီး သဘောတူသည်။]

[“မှန်ပါတယ်၊ ရှီနွေး က ဒီဖြစ်ရပ်ကို ကိုယ်တိုင် မျက်မြင်သက်သေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။”]

[“ဒါမှမဟုတ်ရင် ရမက်နတ်ဆိုး ပိုင်ရှီချူ က ဘယ်လိုလုပ် သွေးနတ်ဆိုးသခင် ပိုင်ယုံကျီ ကိုရင်ဆိုင်ရဲမှာလဲ?”]

[ ပိုင်ကျိန်းမြောင် သည် ခမ်းမထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သည်။]

[သူ၏မျက်နှာအမူအရာသည် ဝမ်းနည်းခြင်းလည်းမရှိ၊ ပျော်ရွှင်ခြင်းလည်းမရှိပေ။]

[ ပိုင်ရှီချူ နှင့်ပတ်သက်၍၊ ချန်ပင် ၏ စကားမပါဘဲပင် သူသည် အရာရာတိုင်းကို သိနှင့်ပြီးဖြစ်သည်။]

[ ဒုံယောင်း ပြည်နယ်ရှိ အားအနည်းဆုံး နတ်ဆိုးမှ ပိုင်ယုံကျီ ၏ နယ်မြေကို သိမ်းပိုက်သည်အထိ နှစ်လ ပင် မပြည့်သေး။]

[ဤမျှ လျင်မြန်သော ထိုးတက်မှုကို လျစ်လျူရှု၍ မရနိုင်ပေ။]

[ ပိုင်ကျိန်းမြောင် ဘယ်လိုလုပ် စိုးရိမ်ပူပန်မှု မရှိနိုင်မှာလဲ?]

[ ပိုင်ရှီချူ တွင် တကယ်ကို နတ်ဆိုးဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေတာလား?]

[ကောင်းပြီ၊ ဒါက အမှန်တကယ်ဆိုရင်လည်း ဖြစ်ပါစေတော့။ ဘာပြောင်းလဲမှု ရှိသလဲ?]

[ဒါက အရင်ကဆိုရင် ပိုင်ကျိန်းမြောင် သည် ကြောက်ရွံ့ကောင်း ကြောက်ရွံ့လိမ့်မည်။]

[သို့သော် အခုတော့။]

[စိုးရိမ်စရာ ဘာမှ မရှိတော့ပါ။]

[ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က သူ့အတွက် အားလုံးကို ဖြေရှင်းပေးလိမ့်မည်။]

[ သုံးရက် အကြာတွင်။]

[ ယဲ့ယွီ သည် ဧရာမနတ်ဆိုး ရှီနွေး ကို နတ်ဆိုးခန်းမ ၏ အပြင်ဘက်သို့ ဆွဲခေါ်လာပြီး သူသည် သူ့ကို သနားညှာတာမှုမရှိဘဲ ကြာမြင့်စွာ ကြိမ်ဒဏ်ပေးခဲ့သည်။]

[ရက်ပေါင်းများစွာ စစ်မေးပြီးနောက်၊ သူသည် ဤနယ်မြေတွင် ခုခံမှုမရှိရခြင်း၏ စစ်မှန်သော အကြောင်းရင်းကို နောက်ဆုံးတွင် ဖော်ထုတ်ခဲ့သည်။]

[ဒါက ရှီနွေး သတင်းဖြန့်ခဲ့သော ထို ယဲ့ယွီသည် နတ်ဆိုးဘုရင် အဆင့်သို့ရောက်နေပြီဆိုသော ဇာတ်လမ်းကြောင့်ဖြစ်သည်။]

[ဒီလူက လုံးဝ ရွံစရာကောင်းလိုက်တာ!]

[သူ ယဲ့ယွီကို ကြောက်တာက ထားလိုက်ပါတော့ ၊ ဘာလို့ အခြားလူတိုင်းကို သူ့လိုကြောက်နေအောင်လုပ်ရတာလဲ?]

[အခြားသူများ ကြောက်ရွံ့နေကြသဖြင့်၊ သူတို့ ဘယ်လိုငါ့ဂိုဏ်းကို ပြန်ချနိုင်မှာလဲ?]

[ခုခံမှုမရှိဘဲ၊ ဘယ်လိုလုပ် လူတွေ သေဆုံးနိုင်မှာလဲ?]

[သူ၏မဟာမိတ်များ မသေဆုံးဘဲ၊ ယဲ့ယွီ ဘယ်လို ပို၍ အားကောင်းလာနိုင်မှာလဲ?]

[ ယဲ့ယွီ ပို၍ တွေးလေလေ၊ သူ ပို၍ ဒေါသထွက်လေလေဖြစ်သည်။]

[နောက်ဆုံးတွင်၊ သူသည် ရှီနွေး ကို ရိုက်နှက်၍ သတ်ပစ်လိုက်သည်။]

[ဤမြင်ကွင်းကို နတ်ဆိုးခန်းမ အပြင်ဘက်ရှိ နတ်ဆိုးများစွာက မျက်မြင်တွေ့ရှိခဲ့သည်။]

[သူတို့သည် အနည်းဆုံး မီတာ တစ်ရာ ပြန်ဆုတ်သွားပြီး၊ သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ထင်ရှားနေသည်။]

[အိုး ဘုရားရေ၊ အရှင် ရှီနွေး က အရင်က လက်နက်ချခဲ့ပေမဲ့၊ အခုတော့ ယဲ့ယွီ က သူ့ကို ကြိမ်ဒဏ်ပေးပြီး သတ်ပစ်လိုက်ပြီ။]

[ဒီနတ်ဆိုးက ရိုးရိုးရှင်းရှင်း ရိုင်းစိုင်းလွန်းတယ်၊ မဟုတ်ဘူးလား?]

[နတ်ဆိုးများသည် ယဲ့ယွီရှေ့တွင် စုဝေးနေရန်ပင် အလွန်ကြောက်ရွံ့လာကြသည်။]

[သူတို့သည် ယဲ့ယွီ ၏ သတိပြုမိခြင်းကို ခံရမည်ကို ကြောက်ခဲ့ကြသည်။]

[သို့သော် ယဲ့ယွီ သည် သူတို့ကို တစ်ချက်ပင် မကြည့်ခဲ့။]

[သူသည် ရိုးရိုးရှင်းရှင်း လှည့်ပြီး နတ်ဆိုးခန်းမ သို့ ပြန်လာခဲ့သည်။]

[ ပိုင်ရှီချူ သည် ဝိညာဉ်လက်ဖက်ရည်ကို ပေးပြီး၊ ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်နေသည်။]

[“ကျွန်မရဲ့ အချစ်ဆုံးယောကျာ်းက သူ့ကို ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ? သူ ခင်ပွန်းရဲ့ ကျင့်ကြံမှုကို ထုတ်ဖော်လိုက်လို့လား?”]

[ ယဲ့ယွီ ၏ မျက်နှာ မည်းမှောင်သွားသည်။]

[ကောင်းပြီ၊ အခုဆို ပိုင်ရှီချူ ပင်လျှင် သူသည် နတ်ဆိုးဘုရင် အဆင့်တွင် ရှိသည်ဟု ထင်နေသည်။]

[ဒီကောလာဟလက တကယ်ကို ကြောက်စရာကောင်းလိုက်တာ!]

[ ယဲ့ယွီ သည် သက်ပြင်းတစ်ချက်ချမိသည်။]

[“အရမ်းချစ်ရတဲ့မိန်းမရေ၊ ကိုက တကယ်ကို နတ်ဆိုးဘုရင် အဆင့်မှာ မရှိပါဘူး။”]

[“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ကျွန်မရဲ့ ခင်ပွန်းက မရှိဘူးဆိုတော့ မရှိပါဘူး။”]

[ ပိုင်ရှီချူ က သူ့ကိုအလိုက်အထိုက်ပြောခဲ့သော်လည်း၊ လျှို့ဝှက်စွာ တွေးနေသည်၊ " နတ်ဆိုးဘုရင် အဆင့်မှာ မရှိဘူးဆိုရင်၊ နတ်ဆိုးအရှင် ဖြစ်နေတာလား?”]

[ ယဲ့ယွီ က သူမ ထိုအချိန်က ဘာတွေးနေသည်ကို သိခဲ့လျှင်၊ သူသည် ထိုနေရာတွင်ပင် ဒေါသဖြင့် သေဆုံးသွားနိုင်ဖွယ်ရှိသည်။]

[တွေးရဲလိုက်တဲ့ ဇနီးသည်!]

[ ယဲ့ယွီ သည် ဖြည်းဖြည်းချင်း လေကို ရှူထုတ်လိုက်သည်။]

[သူ၏အကြည့်သည် နံရံပေါ်ရှိ ဒုံယောင်း ပြည်နယ်၏ မြေပုံပေါ်သို့ ကျရောက်သွားသည်။]

[“ချစ်ဆုံးမိန်းမရေ၊ နတ်ဆိုးမြို့တော် ကို သိမ်းဖို့ ပြင်ဆင်ကြစို့။ အဲ့ဒီနည်းနဲ့ ငါတို့ ဒုံယောင်း ပြည်နယ်ကို တစုတစည်းတည်းအုပ်ချုပ်နိုင်လိမ့်မယ်။”]

[ ပိုင်ရှီချူ သည်လည်း နံရံပေါ်ရှိ မြေပုံကို ကြည့်နေသည်။]

[ ဒုံယောင်း ပြည်နယ်ကိုတစုတစည်းတည်းအုပ်ချုပ်ခြင်းသည် သူမ၏အိပ်မက်ဖြစ်ခဲ့သည်။]

[ ယဲ့ယွီ နှင့် တွေ့ဆုံပြီးနောက်၊ အရာရာတိုင်းသည် ပျော်စရာကောင်းစွာ တိုးတက်မြန်ဆန်မှုရှိနေသလို ခံစားရသည်။]

[ နတ်ဆိုးမြို့တော် ကို သိမ်းတာက သိပ်မခက်ခဲဘူးလို့ ထင်ရသည်။]

[ ပိုင်ရှီချူ သည် ယဲ့ယွီ ၏ လက်မောင်းကို ညင်သာစွာ ကိုင်ထားပြီး ညင်သာစွာ ပြောသည်။]

[“ကျွန်မတို့ နတ်ဆိုးမြို့တော် ကို တိုက်ခိုက်မယ်ဆိုရင်၊ ကျွန်မရဲ့ ခင်ပွန်းလေးအနေနဲ့ အလွန်အမင်း သတိထားရပါမယ်။”]

[“ နတ်ဆိုးသခင် ပိုင်ကျိန်းမြောင် သည် နှလုံးနတ်ဆိုးလမ်းစဉ် ၏ ကျွမ်းကျင်သူဖြစ်ပါတယ်။”]

[“သူသည် နှလုံးသားကို တိုက်ခိုက်ရာမှာ ကြောက်စရာအကောင်းဆုံးနတ်ဆိုးဖြစ်ပြီး၊ ကျွန်မတို့ သတိမထားမိရင်၊ သူ့ထောင်ချောက်ထဲ ကျသွားနိုင်ပါတယ်။”]

[“ဒါကြောင့်၊ သူ့ကို ရင်ဆိုင်တဲ့အခါ သတိထားရပါမယ်။”]

[ ယဲ့ယွီ သည် မျက်ခုံးပင့်လိုက်သည်။]

[“ နှလုံးနတ်ဆိုး ၊ ဟုတ်လား?”]

[“ဒီ နတ်ဆိုးသခင် က ဘယ်လို ကျင့်ကြံမှုအဆင့်မှာ ရှိသလဲ?”]

[ ပိုင်ရှီချူ ၏ မျက်နှာအမူအရာ လေးနက်လာပြီး၊ သူမသည် အသံနိမ့်ဖြင့် ပြောသည်။]

[“ကောလာဟလအရ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာ က ပိုင်ကျိန်းမြောင် ဟာ နက်နဲသောနတ်ဆိုး အဆင့်၏ ထိပ်ဆုံးမှာ ရှိခဲ့တယ်။ အခုအချိန်အထိ နတ်ဆိုးဘုရင် အဆင့်ကို ရောက်ပြီလားဆိုတာ ကျမမသေချာဘူး။”]

[ ယဲ့ယွီ သည် ခဏတာ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။]

[“ နတ်ဆိုးလမ်းစဉ် မှာ အဆင့် ရှစ်ဆင့်ရှိတယ် — နတ်ဆိုးသခင် တွေအားလုံးက နက်နဲသောနတ်ဆိုး အဆင့်မှာပဲ ရှိနေကြပြီး၊ နတ်ဆိုးဘုရင် အဆင့်ကို ရောက်ရှိသူ အလွန်နည်းပါးတယ်လို့ ထင်ရတယ်။”]

[“ နတ်ဆိုးအရှင် နဲ့ နတ်ဆိုးဧကရာဇ် အဆင့်တွေဆိုတာ၊ ကိုတော့ တစ်ခါမှ မကြားဖူးဘူး။ ဒါက ဒုံယောင်း ပြည်နယ်က အရမ်းသေးလို့လား?”]

[ ပိုင်ရှီချူ က သူ့ကို ချက်ချင်း ပြင်ပေးသည်။]

[“မဟုတ်ဘူး၊ ဒါက ဒုံယောင်း ပြည်နယ်တစ်ခုတည်း မဟုတ်ဘူး။ နတ်ဆိုးလောကတစ်ခုလုံးမှာ နတ်ဆိုးဘုရင် အဆင့်ထက် အထက်က ဘယ်သူမှ မရှိဘူး။”]

[ဒါကို ကြားသောအခါ ယဲ့ယွီ သည် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။]

[ ပိုင်ရှီချူ သည် နတ်ဆိုးလောက၏ အတိတ်ကို ဖြည်းဖြည်းချင်း ရှင်းပြသည်။]

[“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်း ကျော်က၊ နတ်ဆိုးလောကဟာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရတယ်။”]

[“ မြေနတ်ဆိုး အဆင့်အထက်ရှိ နတ်ဆိုးအားလုံးဟာ နက်နဲတဲ့ အိပ်စက်ခြင်းအခြေအနေထဲ ဝင်သွားခဲ့တယ်။”]

[“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်း လောက်က ကျမအပါဝင် နတ်ဆိုးဘုရင် အဆင့်အောက်ရှိ နတ်ဆိုးတွေ နိုးထလာခဲ့ကြတယ်။”]

[“ကျွန်မလို နက်နဲသောနတ်ဆိုး အဆင့်မှာ ရှိတဲ့ နတ်ဆိုးတွေဟာ လက်ရှိ နတ်ဆိုးလောကရဲ့ ထိပ်ဆုံးမှာ ရှိတယ်။”]

[“ နတ်ဆိုးဘုရင် အဆင့်ဆိုတာကော? ကျွန်မ နိုးထလာပြီးကတည်းက တစ်ခါမှ မမြင်ဖူးသေးဘူး။”]

[“ဒါကြောင့် နတ်ဆိုးများစွာက ယောကျာ်းဟာ နတ်ဆိုးဘုရင် အဆင့်မှာ ရှိတယ်လို့ သိသွားကြတဲ့အခါ၊ သူတို့အားလုံး ခုခံမှုမရှိဘဲ လက်နက်ချခဲ့ကြတာ။”]

[“ နတ်ဆိုးဘုရင် အဆင့်ဟာ လက်ရှိ နတ်ဆိုးလောကရဲ့ အငြင်းပွားဖွယ်မရှိ အုပ်စိုးရှင် ဖြစ်တယ်။”]

[“ပိုပြီး အားကောင်းတဲ့ အရှင်တစ်ဦး နိုးထမလာမချင်း၊နတ်ဆိုးဘုရင်ကထိပ်တန်းအဆင့်အုပ်စိုးသူပဲ?”]

[ ပိုင်ရှီချူ ၏ ရှင်းပြချက်ကို ကြားပြီးနောက် ယဲ့ယွီ သည် နက်နဲသောအတွေးထဲသို့ ကျရောက်သွားသည်။]

[“နတ်ဆိုးလောကက အပြောင်းအလဲကို ကြုံတွေ့ခဲ့ရပြီး၊ ကောင်းကင်ဘုံကတော့ ကပ်ဘေးကို ရင်ဆိုင်နေရတယ်။”]

[“အချိန်ကိုက်ညီမှုလည်း ရှိပုံရတယ်။”]

[“ဒီဖြစ်ရပ် နှစ်ခု ဆက်စပ်နေတာ ဖြစ်နိုင်မလား?”]

[ဤမေးခွန်းက ယဲ့ယွီ ကို ရှုပ်ထွေးစေခဲ့သည်။]

[ထိုအချိန်တွင်ပင်။]

[နတ်ဆိုးလောကတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။]

၃၄၅ ဆက်ရန်

All Chapters