← Chapters

အခန်း (၃၅၀)

Vol. 13 Ch. 350

အခန်း (၃၅၀)

Vol. 13 Ch. 350

လော်ဇဲ့ နှင့် လီနျန်အန်း တို့၏ တမူထူးစွာ မျက်မှောင်ကြုတ်နေသောအမူအရာများက ယဲ့ယွီ ကို အံ့အားသင့်စေသည်။

သူသည် တစ်ဖန် ချိုသာသောအသံလေးဖြင့် ထပ်ခေါ်လိုက်သည်၊ “ဂိုဏ်းချုပ်? အကြီးကဲ?”

ခေါ်သံကို ကြားသောအခါ။

လော်ဇဲ့ နှင့် လီနျန်အန်း တို့သည် နောက်ဆုံးတွင် မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်ကာ သတိ ပြန်ရလာကြသည်။

သူတို့၏မျက်နှာများတွင် အတော်ပင် လေးနက်သောအမူအရာဖြင့် သူတို့ တခွန်းချင်းပြောသည်၊ “မင်း ကောင်းကင်မှာ ထူးခြားနေတာတွေ မမြင်ဘူးလား?”

ဒါကို ကြားသောအခါ။

ယဲ့ယွီ နှင့် ဇနီးသည်များစွာတို့သည် အလိုအလျောက် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။

သူတို့သည် အံ့အားသင့်စွာ တွေ့ရှိခဲ့ကြသည်မှာ။

ဝူကျီတောင်ထိပ် အထက်တွင်၊ ကောင်းကင်သည် အနက်ရောင်တိမ်တိုက်များဖြင့် နေရောင်ပျောက်လောက်အောင်ပင် လုံးဝ ဖုံးလွှမ်းနေသည်။

မဟုတ်ဘူး၊ ပိုတိတိကျကျပြောရရင်၊ ကောင်းကင်ဘုံအရှိန်ဝါများစွာပါသော အနက်ရောင်တိမ်မည်းတွေ ဖြစ်သည်။

မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းတဲ့ မုန်တိုင်းတစ်ခု ချဉ်းကပ်လာသလို ဖြစ်နေသည်။

အရင်က၊ ယဲ့ယွီ နှင့် ကန်းကျီးကျွေး တို့သည် အခန်းထဲမှာ တစ်စုံတစ်ယောက် ရှိမရှိ ဆွေးနွေးနေခဲ့ကြပြီး၊အချစ်ရူးထနေသောကြောင့် သူတို့ ကောင်းကင်ကို လုံးဝ သတိမထားမိခဲ့ပေ။

ကောင်းကင်က ဒီလိုပြောင်းလဲသွားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ခဲ့ကြဘူး။

လော်ဇဲ့ နှင့် လီနျန်အန်း တို့ကတော့ ဝူကျီတောင်ထိပ် အထက်ရှိ အနက်ရောင်တိမ်တိုက်များနှင့်ပတ်သက်ပြီး ထူးခြားချက်တစ်ခုကို သတိထားမိခဲ့သည်။

ဒါကြောင့် သူတို့က အခြေအနေကို စစ်ဆေးဖို့ လာခဲ့ခြင်းဖြစ်သည်။

ဒါက ဝူကျီတောင်ထိပ် တစ်ဝိုက်မှာပဲ အနက်ရောင်တိမ်တိုက်တွေ ရှိနေပြီး ကျန်တဲ့နေရာတွေက ကြည်လင်နေတယ်ဆိုရင် အဓိပ္ပာယ်မရှိဘူး။

လင်းမြောက်ရွှယ် က ရှေ့သို့ တစ်လှမ်းတိုးလာပြီး။

အသံနက်ဖြင့် ပြောသည်၊ “ဒါက ကောင်းကင်ဘေးဒဏ်တိမ်တိုက်(ကောင်းကင်ကပ်ဘေးကို ခံယူမည့်သူရှိ၍ပေါ်လာသောတိမ်တိုက်များ) ပဲ!”

ရိုးရှင်းသော စကားလုံး သုံး လုံးကအဲ့ဒီနေရာမှာရှိ လူတိုင်းကို ခဏရပ်တန့်စေသည်။

ကောင်းကင်ဘေးဒဏ်တိမ်တိုက် ?

တစ်စုံတစ်ယောက်က ကောင်းကင်ဘေးဒဏ် ကို ခံယူတော့မယ်?

နောက်ဆုံးအကြိမ် ကျင့်ကြံခြင်းလောကက ကောင်းကင်ဘေးဒဏ် ကို ခံယူနေတဲ့သူတစ်ဦးအကြောင်း ကြားခဲ့ရတာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ။

အခုတော့၊ ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း(ကပ်ဘေးကျော်လွန်ခြင်း) အဆင့်ကို ရောက်ရှိတာက ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ် ဖြစ်နေပြီ။

ဒါပေမဲ့ အခုတော့၊ ဝူကျီတောင်ထိပ် ပေါ်က တစ်စုံတစ်ယောက်က ကောင်းကင်ဘေးဒဏ် ကို ခံယူတော့မယ်?

ဘယ်သူလဲ?

ခဏတာအတွင်းမှာ၊ ထော်ပါချီယွဲ့ ၊ ရှဲ့မူလင် ၊ ကျိုယင်ချွန် နှင့် အခြားသူများသည် စူးစမ်းချင်စိတ်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဒါ့အပြင်။

ကောင်းကင်ဘေးဒဏ်တိမ်တိုက် ၏ အရွယ်အစားက သေးငယ်လွန်းပြီး၊ ဝူကျီတောင်ထိပ် ကိုသာ ဖုံးအုပ်ထားသည်။

ဒါက ဒဏ္ဍာရီလာ ကောင်းကင်ဘေးဒဏ်တိမ်တိုက် တွေနဲ့ တော်တော်လေး ကွာခြားတယ် မဟုတ်လား?

ဒါကို ဇနီးသည်တွေပဲ တွေးတာ မဟုတ်ဘူး။

လော်ဇဲ့ နှင့် လီနျန်အန်း တို့ကတောင် ထူးဆန်းတယ်လို့ ထင်ခဲ့ကြတယ်။

သူတို့နှစ်ဦးလုံးက ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း အဆင့် ကိုရောက်နေတဲ့ ကျင့်ကြံသူတွေ ဖြစ်ကြတယ်။ အစောပိုင်းအဆင့်မှာပဲ ရှိနေပေမဲ့ပေါ့။

သူတို့ ထိပ်ဆုံးအဆင့်ကို ရောက်ဖို့ဆိုရင် အချိန်အများကြီး လိုသေးတယ်။

ဒါပေမဲ့ ဒီ ကောင်းကင်ဘေးဒဏ် က သူတို့ ဂိုဏ်းထဲက အကြီးကဲတွေ အရင်က ကောင်းကင်ဘေးဒဏ် ခံယူတာနဲ့ မတူဘူးလို့ ထင်ရသည်။

တကယ်ကို သေးငယ်တယ်။

လူတိုင်းက ကောင်းကင်ဘေးဒဏ်တိမ်တိုက် ၏ သေးငယ်တဲ့ အရွယ်အစားကို သတိထားမိလိုက်ချိန်မှာပဲ။

တိမ်တိုက်က ရုတ်တရက် ကျုံ့လာတယ်။

ပြီးတော့၊ အလွန်မြန်တဲ့ အရှိန်နဲ့ အပြင်ဘက်ကို ပြန့်ကားသွားတယ်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပဲ၊ ဒါက ချင်းယွင် ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

ပြီးတော့ ဒါက ဆက်ပြီး အလင်းအလျင်နဲ့ အလျင်အမြန် ပြန့်ကားသွားတယ်။

ဒါက မိုင် တစ်ထောင် လောက်အထိ ဆန့်ထွက်သွားတော့မလိုပဲ။

တစ်ချိန်တည်းမှာပဲ။

ကြောက်မက်ဖွယ်ကောင်းတဲ့ ပြင်းထန်လွန်းတဲ့ ဖိအားတစ်ခု ရုတ်တရက် ပေါ်လာတယ်။

ဒါကအဲ့ဒီနေရာမှာရှိတဲ့ လူတိုင်းရဲ့ မျက်နှာတွေကို သိသိသာသာ ပြောင်းလဲသွားစေတယ်။

ဒါက ကောင်းကင်ကောင်းကင်ဘေးဒဏ် ရဲ့ ဖိအားလား?

ဒါက နည်းနည်း အားမကောင်းလွန်းမနေဘူးလား?

လက်ဖြင့် ထိကိုင်လို့ရလောက်အောင် သိသာလွန်းနေတဲ့ ဖျက်ဆီးခြင်း အရှိန်ဝါ က လူတိုင်းကို တိုက်ခိုက်လိုစိတ်အားလုံးကို ဆုံးရှုံးစေခဲ့တယ်။

တကယ်တော့။

ထော်ပါချီယွဲ့ နဲ့ စူးယောင် တို့ပဲ စိတ်မသက်မသာ ဖြစ်တာ မဟုတ်ဘူး။

နတ်ဆိုးသခင် လင်းမြောက်ရွှယ် တောင် နေလို့ထိုင်လို့မရလောက်အာင် စိတ်မအေးခဲ့ဘူး။

သူမရဲ့မျက်လုံးတွေမှာ ရှုပ်ထွေးသောအမူအရာတစ်ခု ပေါ်လာတယ်။

အဲ့တုန်းက၊ သူမကို သူမရဲ့မျိုးဆက်ရဲ့ ထိပ်တန်းပါရမီရှင်အဖြစ် သတ်မှတ်ခဲ့တယ်။

ကောင်းကင်ဘေးဒဏ်တိမ်တိုက် ရဲ့ ခွန်အားက နှစ်ပေါင်း နှစ်ထောင် အတွင်း အပြင်းထန်ဆုံး ကောင်းကင်ဘေးဒဏ် လို့ ပြောခဲ့တယ်။

ဒါပေမဲ့ အခုတော့၊ ဒီ ကောင်းကင်ဘေးဒဏ် ကို ကြည့်လိုက်ရင်၊ အဲ့တုန်းက သူမ ရင်ဆိုင်ခဲ့ရတဲ့ ကောင်းကင်ဘေးဒဏ် နဲ့ နှိုင်းယှဉ်ရင် အရေးမပါတဲ့ပုံပဲ!

လူတိုင်း သိထားကြတဲ့အတိုင်းပဲ။

ကျင့်ကြံသူက ပိုအားကောင်းလေလေ၊ ကောင်းကင်ဘေးဒဏ် ပိုအားကောင်းလေလေပဲ။

ဒါဆို၊ ဒီ ကောင်းကင်ဘေးဒဏ် ကို ခံယူမယ့် ကျင့်ကြံသူက ဘယ်လောက်တောင် အားကောင်းတဲ့ပါရမီရှင်လဲ?

မဟုတ်ဘူး၊ ပိုတိတိကျကျပြောရရင်။

ဘယ်သူက ကောင်းကင်ဘေးဒဏ် ကို ခံယူတော့မှာလဲ?

လော်ဇဲ့ က သူ့ပတ်ဝန်းကျင်ရှိ လွှမ်းမိုးနေတဲ့ ဖိအားကို ခံနိုင်ရည်ရှိအောင် စိတ်ဝိညာဉ်ချီကို လှည့်ပတ်ရင်း ကြိုးစားနေတယ်။

သူက လီနျန်အန်း ကို လေးနက်စွာ ပြောတယ်၊ “ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ကောင်းကင်ဘေးဒဏ် က ကျလာပြီဆိုရင်၊ သူ့ရဲ့ ကောင်းကင်ဘုံကကျလာတဲ့ ဖျက်ဆီးနိုင်စွမ်းက သာမန်ထက်ကျော်လွန်သွားလိမ့်မယ်။

မင်း တပည့်တွေကို လုံခြုံတဲ့နေရာကို ချက်ချင်း ဆုတ်ခွာဖို့ အမြန်ုဆုံးစီစဉ်ရမယ်။”

လီနျန်အန်း ခေါင်းညိတ်ပြီးနောက်။

သူက ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ထွက်ခွာသွားတယ်။

လော်ဇဲ့ က ကျိုယင်ချွန် ၊ ယွင်ချီဝူ နှင့် အခြားသူများဆီသို့ သူ၏လက်များကို ယှက်ပြီးလေးစားသည့်အသံဖြင့် ပြောသည်၊ “ဘယ်တာအိုကျင့်ကြံဖော်က ကောင်းကင်ဘေးဒဏ် ကို ခံယူတော့မှာလဲလို့ မေးလို့ရမလား?

အဆင်ပြေမယ်ဆိုရင်၊ ကျေးဇူးပြု၍ အနောက်ဘက်တောင်မှာရှိတဲ့ ကျယ်ပြောပြီး လူသူနဲပါးတဲ့ မြက်ခင်းကုန်းမြင့်နေရာကို သွားပေးပါ။

အပြစ်မဲ့သူတွေကို ထိခိုက်မှု မရှိအောင်ပေါ့။

အကူအညီပေးဖို့အတွက် အစီရင်ပုံစံများ သို့မဟုတ်ရတနာများ လိုအပ်ရင်၊ မေးမြန်းဖို့ ဝန်မလေးပါနဲ့။ ကျွန်တော့် ချင်းယွင် ဂိုဏ်းက သေချာပေါက် မဆိုင်းမတွ ပေးပါလိမ့်မယ်!”

လော်ဇဲ့ က ဘယ်သူ့ကိုမှ မောင်းထုတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။

ဒီ ကောင်းကင်ဘေးဒဏ် က သာမန်ကိစ္စ မဟုတ်ဘူးလို့ ထင်ရလို့ပဲ။

ဒါ ကျလာပြီဆိုတာနဲ့။

ဒါက ဝူကျီတောင်ထိပ် နဲ့ ချင်းယွင် ဂိုဏ်းကိုတောင် ဘီလူးတပ်ကြီးချီလာသလို အစနမကျန်အောင် ဖျက်ဆီးနိုင်တယ်။

တပည့်တစ်ယောက်ယောက် အချိန်မီ မဆုတ်ခွာနိုင်ရင်။

ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်နိုင်တယ်။

ဒါက ဆုံးရှုံးမှု အရမ်းကြီးလိမ့်မယ်။

ဂိုဏ်းရဲ့ ဘေးကင်းရေးအတွက် လော်ဇဲ့ က ဒီလိုလုပ်ဖို့ အပြင်တခြား ရွေးချယ်မှု မရှိခဲ့ဘူး။

ဒါပေမဲ့ ထူးဆန်းစွာပဲ၊ ယွင်ချီဝူ ၊ ကျိုယင်ချွန် နှင့် အခြားသူများအားလုံး ရှုပ်ထွေးနေပုံရသည်။

ဘယ်သူက ကောင်းကင်ကောင်းကင်ဘေးဒဏ် ကို ခံယူနေတာလဲ?

မင်းလား? ဒါမှမဟုတ် သူမလား? ဒါမှမဟုတ် သူမလား?

ခဏတာအတွင်းမှာ၊ ဇနီးသည်တွေအားလုံး ရှုပ်ထွေးနေကြတယ်။

ဘယ်သူဖြစ်နိုင်မလဲ?

လော်ဇဲ့ စိုးရိမ်လာတယ်။

ကောင်းကင်ဘေးဒဏ် က အခုပဲ ကျလာတော့မလားလို့ စိုးရိမ်နေတာ။ လေတွေကတဝူးဝူးတိုက်ပြီး တိမ်မဲတွေထဲမှာ လျှပ်စီးတွေက ပြေးနေပြီ။ မိုးကြိုးတွေ အချိန်မရွေး ပစ်ချတော့မယ်ထင်ရတယ်။

ဒါပေမဲ့ ဒီအကြောင်း စဉ်းစားကြည့်တော့၊ ဒါက ရယ်စရာကောင်းတယ်။

ဘယ်သူ့ရဲ့ ကောင်းကင်ဘေးဒဏ် ပဲ ဖြစ်နေပါစေ၊ အမြန်ထွက်လာလိုက်ပါ။

ဘာလို့ ဒီလို ဟိုဟိုဒီဒီ ကြည့်နေရတာလဲ?

သူတို့ တကယ်ပဲ ဝူကျီတောင်ထိပ် ကို ဖျက်ဆီးချင်တာလား?

လော်ဇဲ့ က တစ်ဖန် ထပ်မံ တိုက်တွန်းတော့မည့်အချိန်တွင်။

ယဲ့ယွီ က သူ့ရှေ့မှာ ရပ်လိုက်တယ်။

“ကောင်းပြီ၊ ကောင်းကင်ဘေးဒဏ်တိမ်တိုက် က တကယ်တော့ ကျနော့်အတွက်ဖြစ်ပုံရတယ်။”

ဟုတ်တယ် တကယ်တော့၊ ဒါက သူ့အတွက်ဖြစ်ပုံရတယ်။

အိပ်မက်ဆုလာဘ်တွေကြောင့်၊ ယဲ့ယွီ က ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ရဲ့ အစောပိုင်းအဆင့်ကို အောင်မြင်စွာ ဝင်ရောက်ခဲ့ပြီးပြီ။

သူက ဒါက ကောင်းကင်ဘေးဒဏ် ကို ရှောင်လွှဲနိုင်မယ်လို့ မူလက ထင်ခဲ့တာ။

ဒါပေမဲ့ အခုတော့ ဒါကို ရှောင်လွှဲလို့ မရနိုင်တော့ဘူးလို့ ထင်ရသည်။

ချက်ချင်းပင်။

ဒီနေရာတစ်ခုလုံး တိတ်ဆိတ်သွားတယ်။

လော်ဇဲ့ က ခါးသီးစွာ မရယ်မိဘဲ မနေနိုင်ခဲ့ဘူး။

ဘာလို့လဲဆိုတော့ သူ့အတွက်၊ ဒါက ပြက်လုံးတစ်ခုလိုပဲ ဖြစ်နေလို့ပဲ။

သူက တစ်ချိန်က ယဲ့ယွီ ရဲ့ ကိုယ်ရေးရာဇဝင် စီဗွီဖောင်ကို မြင်ဖူးတယ်။

ခြောက်လ အကြာက၊ ယဲ့ယွီ က ချင်းယွင် ဂိုဏ်းရဲ့ ပြင်ပတပည့်တစ်ယောက်သာ ဖြစ်ပြီး ချီ ကို သန့်စင်နေတဲ့အဆင့်မှာပဲ ရှိသေးတယ်။

နောက်ပိုင်းမှာ၊ ကံကောင်းထောက်မစွာနဲ့၊ သူက အကြီးတန်းအစ်မ ဟုန်လျန် ရဲ့ တပည့် ဖြစ်လာခဲ့တယ်။

ဒီလူငယ်လေးရဲ့ အရည်အချင်းက တကယ်ပဲ မြင့်မားတယ်ဆိုတာ ငြင်းလို့မရဘူး။

မဟုတ်ရင်၊ သူက စစ်မှန်တဲ့ ချင်းလျန် မိုးကြိုးဓားပညာ ကို ကျွမ်းကျင်နိုင်မှာ မဟုတ်ဘူး!

ဒါပေမဲ့ အရည်အချင်း ဘယ်လောက်မြင့်မြင့်၊ ကန့်သတ်ချက်တွေ ရှိသင့်တယ် မဟုတ်လား?

ခြောက်လ အတွင်းမှာ ချီ ကို သန့်စင်တဲ့အဆင့်ကနေ ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်တာလား?

ကျင့်ကြံခြင်းလောကရဲ့ သမိုင်းကို ကြည့်လိုက်ရင်၊ ဘယ်သူမှ ဒီလောက်အမြန်နှုန်းနဲ့ တိုးတက်ခဲ့တာ မရှိသေးဘူး။

ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်းအဆင့်နော် ၊ တကယ်ဆို ပါရမီရှင်တွေတောင် အခြေတည်အဆင့်လောက်ပဲရှိသင့်သေးတာကို ?

သူက “တက်” လို့ ပြောလိုက်တာနဲ့ ဒါ ဖြစ်သွားသလို လွယ်တယ်လို့ တကယ်ပဲ ထင်နေတာလား?

လော်ဇဲ့ က သူ့ခေါင်းကို အနည်းငယ် ခါလိုက်တယ်။

ဒါပေမဲ့ အဲ့ဒီနောက် သူက အမျိုးသမီးများစွာဟာ ယဲ့ယွီ ပတ်ပတ်လည်မှာ စုဝေးနေတာကို ရုတ်တရက် မြင်လိုက်ရတယ်။

ကျိုယင်ချွန် : “အရှင် နောက်ဆုံးတော့ ကောင်းကင်ဘေးဒဏ် ကို ခံယူတော့မယ်? ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်။”

ပူလင်ဖေး : “ ကောင်းကင်ဘေးဒဏ် အတွင်းမှာ အရမ်းသတိထားပါ။”

ရွှမ်လျန်ယွဲ့ : “အရှင်၊ အရှင် အောင်မြင်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။”

...

အမျိုးသမီးတွေရဲ့ အမူအရာတွေမှာ အံ့သြစရာ ဘာမှ မရှိတာကို ကြည့်လိုက်တော့။

လော်ဇဲ့ က လုံးဝ ကြောင်အသွားတယ်။

ဘာလို့ ဘယ်သူမှ အံ့သြစရာလို့ မထင်ကြတာလဲ၊ဟုတ်မှဟုတ်ရဲ့လားလို့ သံသယမဝင်တာလဲ?

အဲဒီအချိန်မှာ။

ယင်ဖေးကျင်း က ရှေ့ကို တည်ငြိမ်စွာ တိုးလာပြီး ပြောသည်၊ “အစ်မတို့၊ အရမ်း စိတ်မပူပါနဲ့။

ဒါက အရှင်အတွက် နောက်တခါ ထပ်မံပီးကြုံရတဲ့ ကောင်းကင်ဘေးဒဏ် တစ်ခုသာ ဖြစ်ပါတယ်။

အရှင်က အတွေ့အကြုံ အများကြီး ရှိပါတယ်၊ ပြီးတော့ သူ ဘာအန္တရာယ်မှ ကြုံမှာ မဟုတ်ပါဘူး။”

ရိုးရှင်းသော “ ထပ်မံ ” ဟူသော စကားလုံးက။

လော်ဇဲ့ ကို သူ အိပ်မက်မက်နေတာလားလို့ သံသယဝင်စေတယ်။

ကောင်းကင်ဘေးဒဏ် က ထပ်မံ ဖြစ်နိုင်သလား?

ဒါက အသက်ပေးပြီးရင်ဆိုင်ရတဲ့ ကျင့်ကြံသူတိုင်းအတွက် ခက်ခဲလွန်းတဲ့အရာ မဟုတ်ဘူးလား?

“ ထပ်မံ ”ဆိုတာ က ဘာအဓိပ္ပာယ်လဲ?ငါ့ကိုလာစားနေတာလားဟ၊

လော်ဇဲ့ ရဲ့ မယုံကြည်နိုင်ခြင်းနဲ့ နှိုင်းယှဉ်ရင်

အခြားဇနီးတွေရဲ့ တုံ့ပြန်မှုတွေကအေးဆေးလွန်းနေကြတယ်။

သူတို့အများစုက အိပ်မက်နယ်ပယ်မှာ နှစ်ထောင်ပေါင်းများစွာ ပေါင်းသင်းလာကြတဲ့ ဇနီးတွေ ဖြစ်ကြတယ်။

သူတို့အားလုံးက ယဲ့ယွီ ရဲ့ ပြိုင်တူလောက သီအိုရီအကြောင်း သိကြတယ်။(လုပ်ကြံပြောထားတာလေး)

ယင်ဖေးကျင်း က အဲလိုပြောခဲ့တာဆိုတော့။

ဒါက ယဲ့ယွီ ဟာ တခြား ပြိုင်တူလောက တွေမှာ ကောင်းကင်ဘေးဒဏ် တွေကို ခံယူခဲ့ဖူးတယ်လို့ ဆိုလိုတာပဲ။

ဟမ်၊ ဒါက တကယ်ကို ကောင်းမွန်တဲ့ အတွေ့အကြုံပဲ။

ဟုတ်ပါတယ်၊ ထော်ပါချီယွဲ့ နဲ့ ရှဲ့မူလင် တို့အပြင်၊ တကယ့်လောကက တခြားဇနီးတွေကလည်း ယင်ဖေးကျင်း က “ ထပ်မံ ” ဆိုတဲ့ စကားလုံးကို ဘာလို့ အသုံးပြုခဲ့တာလဲဆိုတာ နားမလည်ခဲ့ပေမဲ့။

သူတို့ ဆက်မမေးခဲ့ကြဘူး။

ယဲ့ယွီ က မျက်လုံးလှန်ကြည့်ပြီး အမြန်တုံ့ပြန်ခဲ့တယ်။

သူက ချက်ချင်း ပြောတယ်၊ “လျှောက်ပြောမနေနဲ့တော့ ”

ဒီလိုပြောပြီးနောက်။

သူက ယင်ဖေးကျင်း ကို ခပ်တင်းတင်း ကြည့်လိုက်တယ်။

သူမ ချက်ချင်း နားလည်သွားပြီး ပြုံးလိုက်တယ်၊ “စိတ်မကောင်းပါဘူး၊ စိတ်မကောင်းပါဘူး၊ ကျွန်မ အမှားပါ။”

“ ဘုန်း !”

ရွှေရောင်မိုးကြိုးတွေ ကောင်းကင်မှာ မြည်ဟည်းလာတယ်။

အချိန်မရှိတော့ဘူး။

ယဲ့ယွီ က မဆိုင်းမတွဘဲ ချက်ချင်း အဝေးကို ဦးတည်သွားတယ်။

သူ့ရဲ့ ကောင်းကင်ဘေးဒဏ် ကို ခံယူဖို့ လုံခြုံတဲ့နေရာတစ်ခုကို ရှာဖို့ ပြင်ဆင်နေတယ်။

၃၅၁ ဆက်ရန်

All Chapters