← Chapters

အခန်း (၃၅၁)

Vol. 13 Ch. 351

အခန်း (၃၅၁)

Vol. 13 Ch. 351

ယခုအချိန်တွင်။

ချင်းယွင် ဂိုဏ်း၏ မိုင် တစ်ထောင် အတွင်းရှိ ဧရိယာသည် ကောင်းကင်ဘေးဒဏ်တိမ်တိုက် များဖြင့် တလောကလုံးတုန်ခါသံပေးကာ လုံးဝ ဖုံးလွှမ်းနေသည်။

လီနျန်အန်း သည် ဥပဒေစိုးမိုးရေးခန်းမ မှ တပည့်အားလုံးကို ချက်ချင်း ခေါ်ယူပြီး၊ ချင်းယွင် ဂိုဏ်းမှခေတ္တခဏ ထွက်ခွာရန် တောင်ထိပ် တစ်ခုစီမှ တပည့်များကို အသိပေးရန် ညွှန်ကြားသည်။

အကြောင်းရင်းမှာ တစ်စုံတစ်ယောက်သည် ကောင်းကင်ဘေးဒဏ် ကို ခံယူတော့မည်ဖြစ်သောကြောင့် ဖြစ်သည်။

ကောင်းကင်ဘေးဒဏ် !

ဤစကားလုံး သုံး လုံးသည် သာမန်တပည့်များအတွက် အလွန် ရင်းနှီးမှုမရှိပြီး ဝေးကွာနေသည်။

ကျင့်ကြံခြင်းလောကတွင်၊ တစ်စုံတစ်ယောက် ကောင်းကင်ဘေးဒဏ် ကို ခံယူခဲ့သည်မှာ ရာစုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။

ဘာကြောင့် ဒီနေ့မှာ၊ ချင်းယွင် ဂိုဏ်းမှာ တစ်စုံတစ်ယောက် ကောင်းကင်ဘေးဒဏ် ကို ခံယူနေရတာလဲ?

ဘယ်သူဖြစ်နိုင်မလဲ?

ဥပဒေစိုးမိုးရေးခန်းမ မှ တပည့်တစ်ဦးက လူတိုင်း စိတ်ထဲရှိသော မေးခွန်းကို မေးသည်။

“ ခန်းမသခင်လီ ၊ ဂိုဏ်းချုပ် လော် က ကောင်းကင်ဘေးဒဏ် ကို ခံယူနေတာ ဖြစ်နိုင်လား?”

ဒီတပည့်တွေရဲ့ စိတ်ထဲမှာ၊ ဂိုဏ်းချုပ် လော်ဇဲ့ သည် သူတို့ရဲ့ မျိုးဆက်ရဲ့ အင်အားအကြီးဆုံး ကျင့်ကြံသူ ဖြစ်သည်။

တစ်စုံတစ်ယောက်သာ ကောင်းကင်ဘေးဒဏ် ကို ခံယူရမယ်ဆိုရင်၊

သဘာဝအတိုင်း၊ ဖြစ်နိုင်ခြေအရှိဆုံးလူက လော်ဇဲ့ ဖြစ်လိမ့်မယ်။

လီနျန်အန်း က သူ့ခေါင်းကို အနည်းငယ် ခါယမ်းသည်။ သူက ဒါက ယဲ့ယွီ ရဲ့ တာအို အဖော်တွေထဲက တစ်ဦးဖြစ်နိုင်တယ်လို့ ထင်ခဲ့သည်။

ဒါပေမဲ့ သူ့ရဲ့ တပည့်မလေး ဝေအာအိုရှောင် ကို မြင်သောအခါ။

သူက အသံကျယ်ကျယ်နဲ့ ပြောဖို့ မတတ်နိုင်ခဲ့ဘူး။

ဒါက သူမရဲ့ ခံစားချက်ကို ထိခိုက်စေမှာကို ကြောက်သောကြောင့်ဖြစ်သည်။

ဒါကြောင့် သူက လေးနက်စွာ ပြောသည်၊ “ဒီအချိန်မှာတော့၊ ကောင်းကင်ဘေးဒဏ် ကို ခံယူနေတဲ့သူရဲ့ ကိုယ်ရေးအချက်အလက်ကို မသိရသေးဘူး။ ဒါပေမဲ့ ဘယ်သူပဲဖြစ်နေပါစေ၊ မင်းတို့အားလုံး ကောင်းကင်ဘေးဒဏ်မိုးကြိုး က အပြစ်မဲ့သူတွေကို ထိခိုက်မှု မဖြစ်စေအောင် အမြန်လုပ်ကြပါ။”

ဥပဒေစိုးမိုးရေးခန်းမ မှ တပည့်များအားလုံး သူတို့ရဲ့လက်များကို ယှက်ပြီး အရိုသေပြုကာ သဘောတူကြသည်။

သူတို့ ထွက်ခွာတော့မည့်အချိန်တွင်။

မျက်စိလျင်သော တပည့်တစ်ဦးက ထူးခြားချက်တစ်ခုကို သတိထားမိသည်။

သူက မြောက်ဘက်သို့ အမြန်လက်ညှိုးထိုးပြီး အော်လိုက်သည်၊ “ဟိုကိုကြည့်စမ်း!”

လူတိုင်း လှည့်ကြည့်လိုက်တော့ ကောင်းကင်ဘေးဒဏ်တိမ်တိုက် ရဲ့ အလယ်ဗဟိုမှာ လေပွေတစ်ခု ပေါ်လာတာကို တွေ့လိုက်ရသည်။

ပြီးတော့ ဒါက နောက်ဘက်တောင်ရှိ မြက်ခင်းကုန်းမြင့် ပွင့်လင်းတဲ့နေရာသို့ ရွေ့လျားသွားသည်။

ဒါက ကောင်းကင်ဘေးဒဏ် ကို ခံယူနေတဲ့သူ ရွေ့လျားနေတာလား?

ဘုန်း !

ဧရာမနဂါးတစ်ကောင်လောက် ထူထဲသော ရွှေရောင် ကောင်းကင်မိုးကြိုး သည် ရုတ်တရက် အနောက်ဘက်တောင်ပေါ်ရှိ မြေပြင်ပေါ်သို့ ကျလာသည်။

ဒါက လူတစ်ယောက်ကို တည့်တည့် ထိမှန်သွားသည်။

ကြီးမားသော မိုးကြိုး၏အရှိန်ဝါသည် သူတို့ကို ချက်ချင်း လွှမ်းမိုးသွားသည်။ အားလုံးကျောက်ရုပ်သဖွယ်စိုးထိတ်ကာ မလှုပ်ရှားနိုင်ပဲ မျက်စိများပြူးကာ အနောက်ဘက်တောင်ဘက်သို့ လှမ်းမျှော်ကြည့်နေကြသည်။

အသက်ရှူချိန် အများအပြားကြာပြီးနောက်၊ မိုးကြိုးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ထိုလူ၏ ပုံရိပ်သည် တစ်ဖန် ပြန်ပြီး ပေါ်လာသည်။

အဝေးကြီးကနေတောင်မှ

လူတိုင်းက ကြောက်မက်ဖွယ်ကောင်းပြီး နှလုံးသားကို ရပ်တန့်သွားစေသော ဖျက်ဆီးခြင်း အရှိန်ဝါ်ကို ကို ခံစားနိုင်သည်။

ချင်းယွင် ဂိုဏ်း၏ တပည့်များသည်လည်း ဒီထူးခြားသောမြင်ကွင်းကို သတိထားမိကြသည်။

ဥပဒေစိုးမိုးရေးခန်းမ မှ တပည့် ဝူရှန်ရှိန်း က တုန်ခါနေသောအသံကိုထိန်းကာ မေးသည်၊ “ခန်းမသခင်၊ ဘယ်သူ ကောင်းကင်ဘေးဒဏ် ကို ခံယူနေလဲဆိုတာ မြင်ရလား?”

အခြားတပည့်များကလည်း ထပ်မံ ပြောသည်၊ “ဟုတ်ကဲ့၊ ခန်းမသခင်၊ ကျေးဇူးပြု၍ ဘယ်အကြီးတန်းစီနီယာလဲဆိုတာ အမြန်ကြည့်ပေးပါ။”

“ဂိုဏ်းချုပ် လော် လား?”

“ ဝိုး ၊ ကောင်းကင်ဘေးဒဏ် ၊ နှစ်ထောင်ပေါင်းများစွာ မဖြစ်ခဲ့တာ! ကျွန်တော်တို့ တကယ်ပဲ ဒါက သမိုင်းဝင်ဖြစ်ရပ်တခုကို မျက်ဝါးထင်ထင်ကြုံခဲ့ကြရတာပဲနော်။”

...

တကယ်တော့၊ သူတို့ မမေးဘဲနှင့်ပင်

လီနျန်အန်း လည်း ဘယ်သူက ကောင်းကင်ဘေးဒဏ် ကို ခံယူနေလဲဆိုတာ မြင်ချင်နေသည်။

သူက သူ့လက်ကို ချက်ချင်း ဝှေ့ယမ်းပြီး ကြေးမုံရုပ်ပုံ ဆိုတဲ့ နည်းစနစ်ချီမှော်ပညာကို သုံးလိုက်သည်။

မကြာခင်မှာပဲ။

သူ့ရှေ့မှာ မြူခိုးတစ်ခု ပေါ်လာသည်။

ပြီးတော့ အဝေးက မြင်ကွင်းက အထဲမှာ ပေါ်လာတယ်။

လူအုပ်ကြီးက အမြန်ရှေ့တိုးလာပြီး ကြည့်လိုက်သည်။

သူတို့ရဲ့ မျက်နှာတွေ သိသိသာသာ ပြောင်းလဲသွားသည်။

“ဒါ… ယဲ့ယွီ လား?”

ဟုတ်တယ်။

ဒီအချိန်မှာ၊ နောက်ဘက်တောင်မှာ ရှိနေတဲ့သူက ယဲ့ယွီ ဖြစ်သည်။

သူက သူ့ ကောင်းကင်ဘေးဒဏ် ကို ခံယူခြင်းမပြုခင် ချင်းယွင် ဂိုဏ်းကနေ ပိုဝေးတဲ့နေရာကို ရွှေ့ဖို့ မူလက ရည်ရွယ်ခဲ့သည်။

ဒါပေမဲ့ မိုးကြိုးက သူ့ကို အဲဒီအခွင့်အရေး မပေးခဲ့ဘူး။

ဒါက ချက်ချင်း ပြင်းထန်စွာ ကျလာပီးသူ့ကိုထိမှန်ခဲ့တယ်။

ယဲ့ယွီ ရဲ့ ကိုယ့်ကိုယ်ကို ဝေးရာသို့ ရွှေ့ဖို့ ကြိုးစားနေတဲ့ အတွေးတွေကို လုံးဝရပ်လိုက်ရပြီး လမ်းကြိတ်စက်တစ်သိန်းလောက်ဝိုင်းကြိတ်သလိုခံစားလိုက်ရတဲ့အတွက် ချီအကာကွယ်ကိုထုတ်ကာ မိုးကြိုးဒဏ်ကို ကာကွယ်လိုက်ရတယ်။

ချင်းယွင် ဂိုဏ်းအတွင်းမှာ။

တပည့်များက ဒီမြင်ကွင်းကို မြင်တဲ့အခါ။

သူတို့အားလုံး ကြောင်အသွားကြသည်။

ဒါ ဘာတွေ ဖြစ်နေတာလဲ?

ယဲ့ယွီ က ချစ်စရာကောင်းတဲ့ ပလေးဘွိုင်း ဆော်ကြည်ဘဲ အသည်းစားမင်းသားလေး ကြေးစားအသဲခွဲ သခင်လေး မဟုတ်ဘူးလား?

သူက ဘယ်လိုလုပ် မဟာ အဆင့်မြင့်ကျင့်ကြံသူတယောက်လို ကောင်းကင်ဘေးဒဏ် ကို ခံယူနေရတာလဲ?

ဒါက မူလတန်းကျောင်းသားလေးတွေ မဟာဘွဲ့အတွက်စာကျက်နေရသလိုပဲ နားလည်ဖို့ အရမ်းခက်လွန်းနေလို့ သူတို့ဉီးနှောက်တွေက မီးတောက်မတတ် ကြိုးစားလုပ်ဆောင်နေကြတယ်။

ဒါပေမဲ့ ရုတ်တရက်၊ ဂိုဏ်းသားတစ်ဦးက သူ့ရဲ့ ဝတ်ရုံကို ချွတ်ပြီး အော်သည်၊ “ငါ ဉာဏ်အလင်းပွင့်မှုတခု ဖန်တီးနိုင်ခဲ့ပြီ!”

တပည့်များသာမကဘဲ၊

ဥပဒေစိုးမိုးရေးခန်းမ ၏ ခန်းမသခင် လီနျန်အန်း တောင်မှ အံ့သြစွာ ဟာခနဲ ဖြစ်သွားခဲ့သည်။

လွန်ခဲ့တဲ့ လအနည်းငယ်က ယဲ့ယွီ ဟာ သာမန်တပည့်တစ်ဦးသာ ဖြစ်ခဲ့သေးတယ်။

သူ ဘယ်လို ရုတ်တရက် ပြောင်းလဲသွားခဲ့တာလဲ?

မိန်းမရှုပ်တဲ့ အပြင်စည်းတပည့်လေးကနေ ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း ထိပ်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်သွားတာလား?

ဒါက တကယ်ကို မျှော်လင့်မထားခဲ့ဘူး!

ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း ၏ ထိပ်ဆုံးအဆင့်။

ဒါက ယဲ့နျန်အန်း ကြာမြင့်စွာ လိုချင်ခဲ့သော အိပ်မက်တစ်ခုပဲ!

အနီးအနားတွင်၊ ဝေအာအိုရှောင် ကလည်း မယုံကြည်နိုင်စွာ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်သည်။

ယဲ့ယွီ က ဒီလောက် အားကောင်းသွားတာလား?

သူမက သူ့ကို ဟုန်လျန် ရဲ့ ဂိုဏ်းထဲကို ကိုယ်တိုင် လမ်းညွှန်ပေးခဲ့တာ မကြာသေးဘူး။

ဒါပေမဲ့ အခုတော့…

ဒါက လောကရဲ့ ခန့်မှန်းရခက်တဲ့ သဘာဝလား?

ဒါမှမဟုတ် ယဲ့ယွီ က သူ့ရဲ့ ကျင့်ကြံမှုကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာလား?

နောက်ဆုံးအချက်က ပိုဖြစ်နိုင်တယ်!

ဘာလို့လဲဆိုတော့ ဘယ်သူမှ လအနည်းငယ်အတွင်း ချီ ကို သန့်စင်တဲ့အဆင့်ကနေ ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း အဆင့်ကို ခုန်တက်နိုင်မှာ မဟုတ်ဘူး။

ဝေအာအိုရှောင် ၏ အမူအရာက နည်းနည်း ရှုပ်ထွေးသွားတယ်။

“ အကြီးတန်းအစ်မ ဝေ ၊ မင်း ကကြီးကြီးမားမားအဆင့်တန်းရှိတဲ့သူ ဖြစ်တော့မှာ! အငယ်တန်းညီလေး ယဲ့ယွီ ကောင်းကင်ဘေးဒဏ် ကို ကျော်လွန်ပြီးတာနဲ့၊ သူက ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်မှာ ကြီးမားတဲ့ ကျင့်ကြံသူ ဖြစ်လာလိမ့်မယ်။

ပြီးတော့ မင်းက သူ့ရဲ့ တာအို အဖော် ဖြစ်နေတော့၊ ကျင့်ကြံခြင်းလောကမှာ မင်း လွယ်လွယ်ကူကူ လျှောက်သွားနိုင်လိမ့်မယ်!”

ဝူရှန်ရှိန်း က စိတ်လှုပ်ရှားစွာ ပြောသည်။

ဥပဒေစိုးမိုးရေးခန်းမ တွင်။

လူတိုင်းနီးပါးက ယဲ့ယွီ နှင့် ဝေအာအိုရှောင် တို့သည် တာအို အဖော်တွေ ဖြစ်ကြတယ်လို့ ထင်ခဲ့ကြတယ်။

ဒါကြောင့်၊ အကယ်၍ ဒါက တကယ်ဆိုရင်၊ တစ်ဦးက ကောင်းကင်ဘုံတက်လှမ်းခြင်း ၊ ကျန်တစ်ဦးကလည်း ကောင်းကင်ဘုံတက်လှမ်းခြင်း ပဲ!

ဥပဒေစိုးမိုးရေးခန်းမ မှ တပည့်များက သူတို့ကို ဂုဏ်ပြုကြသည်။

သူတို့ရဲ့ မျက်လုံးတွေက မနာလိုစိတ်များနဲ့ ပြည့်နေသည်။

ဝေအာအိုရှောင် က သူမရဲ့လက်များကို အမြန်ဝှေ့ယမ်းပြီး ပြောသည်၊ “မင်းတို့ ဘာတွေ လျှောက်ပြောနေတာလဲ? ငါက ယဲ့ယွီ ရဲ့ တာအို အဖော် မဟုတ်ဘူး။”

တပည့်များက သူမကို မယုံကြည်ကြ။

သူတို့အားလုံးက ယဲ့ယွီ နှင့် ဝေအာအိုရှောင် တို့ ခဏခဏ တိုးတိုးတိတ်တိတ် စကားပြောနေတာကို မြင်ဖူးကြသည်။

ပြီးတော့ တစ်ခါတစ်ရံမှာ ရက်အများအပြား ပင် အတူတူ လည်ပင်းဖက်မတတ် ပူးကပ်ကာ ထွက်သွားတတ်ကြသည်။

တာအို အဖော်တွေ မဟုတ်ရင် ဒါက ဘာဖြစ်နိုင်မှာလဲ?

“တိတ်တိတ်နေ! ကောင်းကင်ဘေးဒဏ် ရဲ့ မြင်ကွင်းကို သေချာ ကြည့်လိုက်ကြစမ်း။ ဒါက မင်းတို့ရဲ့ အနာဂတ် ကျင့်ကြံမှုအတွက် အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်!”

လီနျန်အန်း ၏ အသံနက်ကြီးက တပည့်များအားလုံးကို တိတ်ဆိတ်သွားစေသည်။

သူတို့က သူတို့ရဲ့လက်များကို အမြန်ယှက်ကာဉီးညွှတ်လိုက်ကြသည်။

ဝေအာအိုရှောင် က သူမရဲ့မျက်မှောင်ကို တွန့်လိုက်မိပြီး၊ သူမရဲ့ ခံစားချက်တွေက ရှုပ်ထွေးနေသည်။

သူမက ဘာတွေ ဖြစ်နေလဲဆိုတာ နားမလည်နိုင်ခဲ့ဘူး။

လူတိုင်းက သူမနှင့် ယဲ့ယွီ တို့ တာအို အဖော်တွေ ဖြစ်ကြတယ်လို့ ဘာလို့ ထင်နေကြတာလဲ?

ဟေး ၊

ဒီအရာက ဂိုဏ်းချုပ် ကျူးဒီကျဲ ဆီကို ရောက်သွားရင်၊ ဒါက မကောင်းဘူး!

လီနျန်အန်း က ဝေအာအိုရှောင် မျက်မှောင်ကြုတ်နေတာကို မြင်တော့။

စိုးရိမ်မှုကိုလည်း ခံစားရသည်။

“တပည့်မလေး၊ ငါ နားလည်တယ်။ တစ်ခါတစ်ရံမှာ၊ အရမ်း ထူးချွန်တဲ့ တာအို အဖော် ရှိတာက ကောင်းတဲ့အရာ မဟုတ်ဘူး။

ပြီးတော့၊ ယဲ့ယွီ ရဲ့ ပတ်ဝန်းကျင်မှာ အရမ်းလှပပြီးနတ်သမီးလို ထိပ်တန်း ကျင့်ကြံသူတွေ အများကြီး ရှိနေတယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ မင်းကို ကူညီဖို့ နည်းလမ်းတစ်ခု ရှာပေးမယ်!”

တစ်ဖက်တွင်၊ ဝူကျီတောင်ထိပ် မှာ။

လော်ဇဲ့ လည်း စိတ်မအေးခဲ့ဘူး။

သူ့ကလေးဘဝကတည်းက၊ သူ့ဘဝက ပန်းခင်းလမ်းပမာ တော်တော်လေး ချောမွေ့စွာ ခရီးနှင်ခဲ့တယ်။

သူ့ကို မြင်တဲ့သူတိုင်းက “ဒီတစ်ယောက်မှာ ကောင်းကင်ဘုံတက်လှမ်းခြင်း ရဲ့ အလားအလာရှိတယ်” လို့ ပြောကြတယ်။

နောက်ပိုင်းမှာ၊ သူက ချင်းယွင် ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာခဲ့တယ်။

အလယ်ဗဟိုတိုက်ကြီး မှာ ထိပ်တန်း ပုဂ္ဂိုလ်များအဖွဲ့ထဲကို ခံ့ညားစွာ ဝင်ရောက်ခဲ့တယ်။

ဒါပေမဲ့ နောက်ဆုံးမှာ။

သူက ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း ရဲ့ အစောပိုင်းအဆင့်ကိုပဲ ရောက်ခဲ့တယ်။

ကောင်းပြီ၊ အစောပိုင်းအဆင့်က သိပ်မဆိုးပါဘူး။

ဘာလို့လဲဆိုတော့ မြင့်မြတ်နယ်မြေငါးခုရဲ့ အခြားခေါင်းဆောင်တွေကလည်း ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း ရဲ့ အစောပိုင်းအဆင့်မှာ ရှိနေလို့ပဲ။

သူတို့အားလုံး တန်းတူအခြေအနေမှာ ရှိနေကြပြီး၊ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက အတူတူပဲ။

ဒါက အဆင်ပြေတယ်။

ဒါပေမဲ့ အဲ့ဒီနောက် သူက သူ့လက်အောက်က မသိတဲ့ တပည့်တစ်ဦးမှာ ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း အဆင့်မှာ တာအို အဖော်တွေ အများကြီးရှိနေတာကို တွေ့လိုက်ရတယ်။

ပြီးတော့ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက သူ့ထက် ပိုမြင့်နေတယ်။

ဒါက သူ့ကို တစ်နည်းနည်းနဲ့ ရှုံးနိမ့်သွားသလို ခံစားရစေတယ်။

ဒါလေးပဲဆိုရင် အဆင်ပြေဦးမယ်။

ဒါပေမဲ့ အဲ့ဒီနောက် ရက်အနည်းငယ် အကြာမှာ။

အဲဒီတပည့်က သူ့ရှေ့မှာပဲ ကောင်းကင်ဘေးဒဏ် ကို ခံယူခဲ့တယ်။

အဲဒီအချိန်မှာ၊ လော်ဇဲ့ က သူ့ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေ အားလုံး အချည်းနှီး ဖြစ်သွားတယ်လို့တောင် ခံစားခဲ့ရတယ်။

ကံကြမ္မာရဲ့သား ဖြစ်တယ်၊ ဒါမှမဟုတ် မြင့်မြတ်နယ်မြေ တစ်ခုရဲ့ ဂိုဏ်းချုပ် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မဲ့စကားတွေ။

ဒါတွေအားလုံး အဓိပ္ပာယ်မရှိတော့ဘူး။

ကောင်းကင်ဘေးဒဏ် ကို ခံယူပြီး တကယ့်ရလဒ်တွေကို ရယူတာက ပိုကောင်းတယ်။

ဒါက သူ့ကို မနာလိုမှုတွေ အပြည့် ဖြစ်စေခဲ့တယ်။

ပြီးတော့ လော်ဇဲ့ ရဲ့ မနာလိုမှုနဲ့ နှိုင်းယှဉ်ရင်

ဝူကျီတောင်ထိပ် က အခြားအမျိုးသမီးတွေကတော့ စိုးရိမ်မှုတွေ ပြည့်နေကြတယ်။

ဘာလို့လဲဆိုတော့ ကောင်းကင်ဘေးဒဏ် ကို ခံယူတာက အလွန်အမင်း အန္တရာယ်များလို့ပဲ။

ယင်ဖေးကျင်း က အရင်က ရှင်းပြထားခဲ့ပေမဲ့၊ သူတို့က လုံးဝ စိတ်မအေးနိုင်ခဲ့ကြသေးဘူး။

နောက်တစ်ခဏမှာ။

ကောင်းကင်ဘေးဒဏ်တိမ်တိုက် ရဲ့ အလယ်ဗဟိုမှာ

မရေမတွက်နိုင်တဲ့ ရွှေရောင်မိုးကြိုးတွေ လေဆင်နှာမောင်းကြီးတခုလို စုစည်းပြီး အလွန်ကြောက်စရာကြီးမားတဲ့ ရွှေရောင်နဂါးတစ်ကောင်ရဲ့ မာန်ဟုန်ပြင်းစွာ တုန်ခါနေတဲ့ နဂါးခေါင်းအဖြစ် တစ်ခုနဲ့တစ်ခု ရောယှက်သွားသည်။

ထို့နောက် ယဲ့ယွီဆီသို့ မိုင်တထောင်ဝန်းကျင်ရှိလူအားလုံး ကြားနိုင်သော နဂါးမာန်ဖီသံကြီးဖြင့် အော်ဟစ်ပြီး ကျလာတော့သည်။

"ဝေါင်း..........."

၃၅၂ ဆက်ရန်

All Chapters