အခန်း (၃၅၃)
Vol. 13 Ch. 353
" ယဲ့ယွီရေး.......... ၊ ယွင်.... ယွင်ရိုမူ တစ်ခုခု ဖြစ်သွားပုံရတယ်!"
လော်ဇဲ့ ၏ မျက်လုံးများ အနည်းငယ် နီရဲသွားပြီး၊ သူ၏အသံသည် စိတ်လှုပ်ရှားမှုကြောင့် အက်ကွဲနေသည်။
ယဲ့ယွီ ရုတ်တရက် လှည့်လိုက်ပြီး၊ သူ၏အမူအရာသည် အလွန်လေးနက်သွားသည်။
"ဂိုဏ်းချုပ်၊ ဘာဖြစ်နေတာလဲ?
ယွင်ရိုမူက ဘာဖြစ်ရမှာလဲဗျ
လော်ဇဲ့ သည် သူ၏လက်ထဲတွင် ကျိုးနေသော ကျောက်စိမ်းဆွဲသီးကို မြှောက်ပြသည်။
ဒါက သူ ယွင်ရိုမူ အတွက် လုပ်ပေးခဲ့သော ထာဝရအသက်ကျောက်စိမ်း ဖြစ်သည်။
လူက အသက်ရှင်နေရင်၊ ကျောက်စိမ်းက မကျိုးဘူး။
လူက သေသွားရင်၊ ကျောက်စိမ်းက အက်ကွဲသွားလိမ့်မယ်!
အခုတော့၊ ထာဝရအသက်ကျောက်စိမ်း ရုတ်တရက် ကျိုးသွားတာက ယွင်ရိုမူ ဟာ အကြီးအကျယ် အန္တရာယ်ရှိနေတယ်ဆိုတာကို ဖော်ပြနေသည်။
လော်ဇဲ့ ၏ ရှင်းပြချက်ကို ကြားသောအခါ။
ယဲ့ယွီ သည် သူ၏မျက်ခုံးများကို တင်းကျပ်စွာ တွန့်လိုက်သည်။
သူ၏စိတ်ထဲတွင် ခန့်မှန်းစပြုလာသည်။
ဒါက သွေးနတ်ဆိုးဂိုဏ်း က ဟိုကောင် ခွေယွင် လိုမျိုး မကောင်းဆိုးဝါး ကောင်နဲ့ ရင်ဆိုင်တွေ့နေခဲ့တာများလား?
ရှင်းအောင်ပြောရရင်။
အစ်မယွင်ရိုမူ ၏ တကယ့်ပုံစံက ခေးအို့စ်အာရုံမှားလိပ်ပြာ ဖြစ်သည်။
သူမ၏ သွေးဗီဇက အလွန်ရှားပါးသည်။
အကယ်၍ စတေးလိုက်ပါက၊ ဝိညာဉ်လက်နက်တစ်ခု၏ အဆင့်ကို နတ်လက်နက်သဖွယ် အများကြီး မြှင့်တင်ပေးနိုင်သည်။
ကျင့်ကြံသူအချို့အတွက်၊ ဒါက အလွန်ဆွဲဆောင်မှုရှိသည်။
အကယ်၍ ဒါဆိုရင်။
အစ်မယွင်ရိုမူ တကယ်ပဲ မရှိတော့တာလား?
မဟုတ်ဘူး!
အရင်က၊ ယဲ့ယွီ ပထမဆုံး အိပ်မက်လောကကို တကယ် ပုံဖော်ခဲ့တုန်းက။
သူက နတ်ဆိုးဂိုဏ်း ကို ကျူးဒီကျဲ နှင့်အတူ ပူးတွဲ တည်ထောင်ခဲ့သည်။
ပြီးတော့ သူတို့နှစ်ဦးလုံး ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း အဆင့်ကို ရောက်ခဲ့ကြတယ်။
အဲ့ဒီအချိန်တုန်းက အိပ်မက်လောကမှာ။
ယဲ့ယွီ ဟာ ယွင်ရိုမူ ရဲ့လက်ထဲမှာ သေခဲ့ရတယ်။
ဒီအကြောင်းပြချက်အရ။
အနာဂတ်မှာ၊ ယွင်ရိုမူ ဟာ တကယ်ကို ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်းအဆင့် ကြီးမားတဲ့ ကျင့်ကြံသူအဖြစ်ရောက်ရှိလာမယ့်ပုံပဲ။
ပြီးတော့ သူမရဲ့ သက်တမ်းက ရှည်လိမ့်မယ်။
သူမ ဘယ်လိုလုပ် အစောပိုင်းမှာ ကျဆုံးနိုင်မှာလဲ?
ဒါက သူ့ရဲ့ကောင်းကင်ဘုံတက်လှမ်းခြင်းကနေ လိပ်ပြာအကျိုးသက်ရောက်မှု ကြောင့်များလား?
အဖြစ်မှန်မှာ တစ်ခုခု ပြောင်းလဲသွားတာလား?
ခဏတာ တွေးပြီးနောက်။
ယဲ့ယွီ က အသံနက်ဖြင့် ပြောသည်၊ “ဂိုဏ်းချုပ်၊ မထိတ်လန့်ပါနဲ့ဦး။ ကျွန်တော် အခုပဲ ထွက်ပြီး အစ်မကို ရှာဖွေပါ့မယ်။
အစ်မက တကယ် မသေသေးပါဘူး၊ကျနော်သိတယ်!
ဘာပဲဖြစ်ဖြစ်…”
လူက အသက်ရှင်နေရင် မြင်ရမယ်၊ သေနေရင်တော့ အလောင်းကို မြင်ရမယ်။
ယဲ့ယွီ သည် ဤဝမ်းနည်းဖွယ်စကားကို အသံထွက်မပြောသော်လည်း၊ သူ တွေးမိတာကို မထိန်းချုပ်နိုင်ခဲ့ဘူး။
ဘာလို့လဲဆိုတော့ သူ လော်ဇဲ့ ရဲ့လက်တွေ နည်းနည်း တုန်နေတာကို သတိထားမိလို့ပဲ။
တကယ်တော့။
လော်ဇဲ့ သည် ယွင်ရိုမူ ကို သူ့ကိုယ်ပိုင်သမီးအဖြစ် အမြဲ ဆက်ဆံခဲ့သည်။
အခု ထာဝရအသက်ကျောက်စိမ်း ကျိုးနေတာကို မြင်တော့။
သူသည် အတွင်းထဲတွင် ထိတ်လန့်နေနှင့်ပြီးဖြစ်သည်။
ဒါက အရမ်းအမင်း စိုးရိမ်နေတာပဲ!
သူတို့ဘေးတွင်၊ လီရူအိုဝမ် ၊ ကျိုယင်ချွန် နှင့် အခြားသူများသည်လည်း ညင်သာစွာ ပြောကြသည်၊ “ကျွန်မတို့လည်း ရှာဖွေတာကို ကူညီပါ့မယ်။”
အခြားဇနီးများသည်လည်း ယွင်ရိုမူ နှင့် မရင်းနှီးတာ မဟုတ်ပေ။ သိပ်မကြာခင်ကပဲ သူတို့ ဝိုင်းပြီးနောက်ပြောင်ထားတာလေ။
သူတို့အားလုံး သိကြသည်၊
ယွင်ရိုမူ သည် ယဲ့ယွီ အပေါ် တော်တော်လေး စိတ်ဓာတ်ပြင်းထန်စွာ လိုချင်ခဲ့သည်။
ချင်းယွင် ဂိုဏ်း၏ ဤ သူတော်စင်နတ်သမီး သည်လည်း ယဲ့ယွီ ၏ တာအို အဖော် ဖြစ်ချင်ခဲ့သည်။
သို့သော်လည်း၊ သူမ အခုထိ မအောင်မြင်သေးဘူး။
ဒါပေမဲ့ ဇနီးတွေက ယွင်ရိုမူ ကို အမြဲတမ်း ကောင်းတဲ့ အထင်ရှိကြသည်။
ဒါကြောင့် အခု၊ သူမ အန္တရာယ်ရှိနေတယ်လို့ ကြားရတော့။
ဇနီးများသည် လက်ပိုက်ကြည့်နေကြမှာ မဟုတ်တာ သေချာသည်။
လော်ဇဲ့ က လေးနက်စွာ ခေါင်းညိတ်သည်။
သူ၏အသံ တုန်ယင်နေရင်း ပြောသည်၊ “ဒါဆို၊ ဒါက မင်းတို့အားလုံးအပေါ်ပဲ အားကိုးလိုက်ပြီနော်။
ငါလည်း ချင်းယွင် ဂိုဏ်းက တခြားတပည့်တွေကို မတူညီတဲ့နေရာ ဦးတည်ရာတွေမှာ ရှာဖွေဖို့ စီစဉ်ပါ့မယ်။
ကျေးဇူးတင်ပါတယ်။”
ဒီလိုပြောပြီးနောက်။
လော်ဇဲ့ သည် သူ၏လက်များကို ရိုသေစွာ ယှက်ပြီး ယဲ့ယွီ နှင့် လီရူအိုဝမ် ကို ဦးညွှတ်သည်။
ဘာပဲဖြစ်ဖြစ်။
ယခုလက်ရှိတွင်၊ ဝူကျီတောင်ထိပ် တွင် အားလုံးရဲ့ ထိပ်တန်းအဖွဲဝင်တွေ ရှိနေသည်။
သူတို့အများစုက ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း ကျင့်ကြံသူများအဖြစ် စတင်ခဲ့ကြသည်။
ပြီးတော့ ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ကို အခုမှ ရောက်ရှိလာတဲ့ ယဲ့ယွီ နှင့်အတူ လိုက်ရှာကြမယ်ဆိုရင်
ကိစ္စက ပိုမိုလွယ်ကူလာလိမ့်မည်။
ဟုတ်ပါတယ်၊ ယွင်ရိုမူ မသေသေးဘူးဆိုတာကို ယူဆရင်ပေါ့။
ချစ်ရတဲ့သမီးလေး၊ ချစ်ရတဲ့သမီးလေး၊
မင်း ဘေးကင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
---
တစ်ချိန်တည်းမှာပဲ။
အလယ်ဗဟိုတိုက်ကြီး ရဲ့ မြောက်ဘက်ခြမ်းမှာ။
ကောင်းကင် ရုတ်တရက် လေဟာနယ်တခုလုံးတွန့်လိမ်သွားသည်။
ပြီးတော့၊ ရုတ်တရက် အက်ကြောင်းကြီးပေါ်ကာ ပွင့်ထွက်သွားသည်။
ကြီးမားသော၊ အရောင်အသွေးစုံသော အတောင်ပံ တစ်စုံ ပေါ်လာပြီး၊ အတောင်ပံများ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသည်။
ခဏအကြာတွင်။
အတောင်ပံများ ဖြည်းဖြည်းချင်း ပွင့်လာသည်နှင့်။
မရေမတွက်နိုင်သော ကြယ်များ ကျလာသည်။
ပုံရိပ်တစ်ခု ပေါ်လာသည်။
ဒါက ချင်းယွင် ဂိုဏ်း၏ သူတော်စင်နတ်သမီး ယွင်ရိုမူ မှလွဲ၍ အခြားသူ မဟုတ်ပေ။
နေ့ရောညပါ ကျားကုတ်ကျားခဲ အရိုးကျေကျေအရေခမ်းခမ်း ကြိုးစားအားထုတ်မှုများစွာဖြင့်။
သူမသည် နတ်ဆိုးမကြီး ကျီးမန် က ပေးခဲ့သော သွေးတစ်စက်ကို နောက်ဆုံးတွင် ပြီးပြည့်စုံစွာ သန့်စင်နိုင်ခဲ့သည်။
သူမသည် တစ်ဝက်နတ်ဆိုး မှ အပြည့်အဝနတ်ဆိုး အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။
သွေးလိုင်းများ ပေါင်းစပ်မှုကြောင့်၊ ယွင်ရိုမူ ၏ ခွန်အားသည် ဒုံးပျံစီးသလိုအရှိန်မျိုးဖြင့် မြင့်တက်လာခဲ့သည်။
သူမသည် ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း အဆင့်၏ အလယ်အဆင့်ကို ရောက်ရှိခဲ့သည်။
ဒါ့အပြင်၊ ကျီးမန် က လုံးဝပျောက်ကွယ်သွားခြင်းမပြုခင် သူမကို ပြောခဲ့သည်၊
အချိန်ကြာလာသည်နှင့်အမျှ၊ သွေးလိုင်း၏ စွမ်းအားက ဆက်လက်နိုးထလာလိမ့်မည်။
အနာဂတ်မှာ ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ကို တက်လှမ်းမယ့် သူမရဲ့အမြန်နှုန်းက အလွန်မြန်လိမ့်မည်။
ဒါက တကယ်ကို သတင်းကောင်းတစ်ခုပဲ။
ကောင်းကင်ဘေးဒဏ်ကို ကျော်လွန်ခြင်း ?
အရင်ကဆိုရင်၊ သူမ ဒါကိုတောင် အိပ်မက်မက်ဖို့ မဝံ့ရဲဘူး။
ယွင်ရိုမူ အလွန်ပျော်ရွှင်နေသည်။
အခုတော့၊ သူမ နောက်ဆုံးမှာ ယဲ့ယွီ ဘေးမှာ ရပ်တည်နိုင်တဲ့ ခွန်အားကို ရခဲ့ပြီ။
ဂျူနီယာလေး၊ အခုဆိုရင် မင်း ငါ့ကို ငြင်းပယ်တော့မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား?
သို့သော်လည်း။
ယဲ့ယွီ ကို ရှာဖွေရန် ပြန်မသွားခင်။
သူမသည် ကျီးမန် ကို ပေးခဲ့သော ကတိကို ဖြည့်ဆည်းရဦးမည်။
ဒါက သူမရဲ့နှလုံးသား တာအို နှင့်အတူ ကျိန်ဆိုခဲ့သော ကတိတစ်ခုဖြစ်ပြီး၊ သူတို့အတွက် လက်စားချေဖို့ဖြစ်သည်။ သူမ ဒါကို အပြီးသတ်ရမည်။
မဟုတ်ရင်၊ ဒါက နှလုံးသားနတ်ဆိုး ကို မွေးဖွားစေပြီး တာအို ကို ပြိုလဲစေနိုင်တယ်။
ကျီးမန် ပြောခဲ့တဲ့အတိုင်း။
သူမရဲ့ရန်သူ နာမည်က ယဲ့ကျိုနျန် !
---
တစ်ဖက်တွင်။
အလယ်ဗဟိုတိုက်ကြီး ၏ အစွန်အဖျားတွင်။
ကြီးမားသော ဝိညာဉ်သင်္ဘောကြီးတစ်စင်းသည် ချင်းယွင် ဂိုဏ်းဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်နေသည်။
သင်္ဘောဦးတွင်။
ပုံရိပ်တစ်ခု ခိုင်မတ်စွာနှင့် ဂုဏ်ယူစွာ ရပ်နေပြီး၊လူအများ မယှဉ်နိုင်သော ဂုဏ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤအမျိုးသမီးက လူ့လောက ကို သိမ်းပိုက်ရန် မစ်ရှင်ရှိသော နတ်ဆိုးနယ်ပယ် ၏ တရားဝင်အမွေခံ ပိုင်မြောက်လန် မှလွဲ၍ အခြားသူ မဟုတ်ပေ!
သူမ၏နောက်ကွယ်တွင် အမျိုးသမီး သုံး ဦး ရပ်နေသည်။
သူတို့က ဖူဝမ်ဒိုင် ၊ ဟွမ်ဖူပိုင်ကျီ နှင့် လျန်ယွီ တို့ ဖြစ်ကြသည်။
အစပိုင်းတွင်၊ အမျိုးသမီး လေး ဦး တာယုံ မင်းဆက်တွင် တွေ့ဆုံသောအခါ။
သူတို့အားလုံး တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေကြတယ်။
ပိုင်မြောက်လန် က ပထမဇနီးဖြစ်လာမယ်လို့တောင် ကြေညာခဲ့သေးတယ်။
သူတို့က သူမကို “အစ်မ” လို့ ခေါ်သရွေ့၊ သူမက သူတို့ရဲ့ အဆင့်အတန်းကို အသိအမှတ်ပြုလိမ့်မယ်။
ပထမတွင်၊ ဖူဝမ်ဒိုင် ၊ ဟွမ်ဖူပိုင်ကျီ နှင့် လျန်ယွီ တို့ ဒါကို ကြားသောအခါ။
သူတို့အားလုံး ထိတ်လန့်သွားကြသည်။
ဒါ ဘာဖြစ်နေတာလဲ?
ငါတို့က ယဲ့ယွီ ရဲ့ တာအို အဖော်တွေ၊ ငါတို့ ဘာလို့ နင့်ရဲ့ ခွင့်ပြုချက် လိုရမှာလဲ?
ဒါက ရယ်စရာကောင်းပါတယ်ဟာ။
ဖူဝမ်ဒိုင် က လှပသောမျက်နှာလေးကိုတင်းမာကာ အေးစက်စွာ နှာမှုတ်သည်။
ပြီးတော့ ချာကနဲလှည့်ပီး ထွက်သွားဖို့ ပြင်သည်။
ဒါပေမဲ့ ပိုင်မြောက်လန် က စကားတစ်ကြောင်းတည်းနဲ့ သူမကို ရပ်တန့်စေခဲ့သည်။
“မင်း တကယ် ထွက်သွားချင်တာ သေချာလား? ဒီက ခပ်ချောချောအစ်မ နှစ်ယောက်က ယဲ့ယွီ ဘယ်မှာလဲဆိုတာသေချာ သိတယ်။
မင်းတယောက်ထဲ
ထွက်သွားရင်တော့၊ မင်း စမ်းတဝါးဝါးနဲ့ မျက်စိစုံမှိတ်ပြီး ရှာနေရလိမ့်မယ်။”
ပိုင်မြောက်လန် က အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။
ဖူဝမ်ဒိုင် သည် အကျိုးအပြစ်များကို ချင့်ချိန်ပြီးနောက် သူတို့နှင့်အတူတူ နေဖို့ ရွေးချယ်ခဲ့သည်။
သူမသည် ယဲ့ယွီက ဘယ်မှာလဲဆိုတာ စတင်မေးမြန်းသည်။
ဟွမ်ဖူပိုင်ကျီ နှင့် လျန်ယွီ တို့က အဖြေကို မပြောပဲ တိတ်ဆိတ်နေခဲ့ကြသည်။
ဒါ ဘယ်လိုပြက်လုံးမျိုးလဲ?
မင်းက ကိုယ့်ကိုယ်ကို ယဲ့ယွီ ရဲ့ တာအို အဖော်အဖြစ်ပဲ ကြေညာတာလား? ဘယ်သူက ယုံမှာလဲ?
အကယ်၍ ပိုင်မြောင်လန်ဆိုတဲ့ မင်းက ရန်သူဆိုရင် ဘယ်လိုလုပ်မလဲ?
သူတို့က ယဲ့ယွီ ကို ထိခိုက်တာကို မျိုးမဖြစ်အောင်တော်တော်လေး သတိထားခဲ့ကြတယ်။
ဟွမ်ဖူပိုင်ကျီ နှင့် လျန်ယွီ တို့၏ သတိထားမှုနှင့်ပတ်သက်ပြီး။
ပိုင်မြောက်လန် က လုံးဝ ဂရုမစိုက်ခဲ့ဘူး။
သတိထားတာက ကောင်းတဲ့အရာပဲ။
သူတို့ ယဲ့ယွီ ရဲ့ တည်နေရာကို မဆင်မခြင် ဖော်ထုတ်ခဲ့ရင်၊ ဒါက တကယ်ကို အန္တရာယ်များလိမ့်မယ်!
ရက်အနည်းငယ်ကြာ အပြန်အလှန်ဆက်ဆံပြီးနောက်။
အမျိုးသမီး လေး ဦးသည် သူတို့ ယဲ့ယွီ နှင့်အတူ ရှိခဲ့တဲ့ အချိန်များအကြောင်းကို ဝေမျှကြသည်။
ဖူဝမ်ဒိုင် နှင့် ပိုင်မြောက်လန် တို့ နှစ်ဦးစလုံးက ကျန်တစ်ဦး ပြောခဲ့တဲ့အရာတွေက သံသယဖြစ်ဖွယ်ရှိတယ်လို့ ခံစားရတယ်။
ဒါပေမဲ့ ဟွမ်ဖူပိုင်ကျီ နှင့် လျန်ယွီ တို့ရဲ့ မျက်လုံးတွေမှာတော့
အရာအားလုံးက လုံးဝ ပုံမှန်အတိုင်းပဲ။
ပြိုင်တူလောက များ၏ သီအိုရီအကြောင်းကို ယဲ့ယွီက သေချာလေးရှင်းပြထားပြီးသားလေ၊
မတူညီတဲ့လောကတွေမှာ ယဲ့ယွီ မတူညီတဲ့ ပုဂ္ဂိုလ်တွေ မိန်းမတွေနဲ့ ရှိနေတာက တော်တော်လေး ပုံမှန်ပဲ။
ပြီးတော့ ဒီအရာက ဟွမ်ဖူပိုင်ကျီ နှင့် လျန်ယွီ တို့ကို ယုံကြည်စေခဲ့တယ်။
ပိုင်မြောက်လန် နှင့် ဖူဝမ်ဒိုင် တို့က တကယ်ပဲ ယဲ့ယွီ ရဲ့ တာအို အဖော်တွေ ဖြစ်ကြတယ်။
ထို့ကြောင့် သူတို့ အတူတူ ယဲ့ယွီကို ထွက်ရှာရန် သဘောတူခဲ့ကြသည်။
ယခုအချိန်တွင်။
ပိုင်မြောက်လန် အလွန်စိတ်လှုပ်ရှားနေသည်။
သူမသည် သူမ၏ အဝတ်အစားများကို ဆယ်ကြိမ် ကျော် လဲလှယ်ကာ အလှဆုံး ပြင်ဆင်ခဲ့သည်။
ပြီးတော့ ဆက်မေးနေခဲ့သည်၊
ချင်းယွင် ဂိုဏ်းကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ?
လျန်ယွီ က မရယ်ဘဲ မနေနိုင်ခဲ့ဘူး၊ “နောက်ထပ် နာရီအနည်းငယ် ကြာလိမ့်မယ်၊ ဒီလောက် အလျင်စလိုလုပ်ဖို့ မလိုပါဘူး!”
၃၅၄ ဆက်ရန်