← Chapters

ပြိုင်ဘက်ကင်း

Vol. 019 Ch. 1841

ပြိုင်ဘက်ကင်း

Vol. 019 Ch. 1841

တိုက်ပွဲအလယ်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာသည်။ ထိုတောက်ပနေသော နတ်ဓား၏ စွမ်းအားသည် တိုက်ပွဲအတွင်းအပြင်၌ ရှိနေသော လူအားလုံးကို အံ့သြတုန်လှုပ်စေခဲ့သည်။

နတ္ထိအင်ပါယာနန်းတော်အတွင်းရှိ မရေတွက်နိုင်သော အကြည့်များမှာ ကောင်းကင်ထက် မှန်မျက်နှာပြင်အတွင်းမှ တောက်ပသော မြင်ကွင်းထံ မမှိတ်မသုန် ကျရောက်နေကြသည်။

ဓားတစ်လက်နှင့် ရန်သူအများအပြားကို သုတ်သင်ပစ်ခြင်း။

နတ်ဓားသည် ရီဖူရှင်း၏ အရှေ့သို့ ပြန်လည်ရောက်ရှိ နေရာယူလိုက်သည်။ ယင်းက ထိုနေရာတွင် မျောလွင့်နေပြီး ဓားစွမ်းအင်နတ်အလင်းတို့ကို ထုတ်လွှတ်နေသည်။

ထိုနတ်ဓားအပြင် ကောင်းကင်တွင် သာနေသည့် တောက်ပသော လတစ်စင်းလည်း ရှိနေသေးသည်။ လမင်း၏ အလင်းများက လေဟာနယ်ထဲတွင် တောက်ပနေကာ ရီဖူရှင်းအား လွှမ်းခြုံထားသည်။ ဆံပင်များက နှင်းကဲ့သို့ ဖွေးဆွတ်နေကာ ဧကရာဇ်အသိ ရောင်ဝါတို့က လွှမ်းခြုံထားသည့် ထိုအချိန်၌ သူသည် အလွန် ထူးခြားပေါ်လွင်လှပေသည်။

ရီဖူရှင်း၏ ရန်သူများ ဖြစ်ကြသော ရှန်ကလန်မှ ထိပ်သီးတန်ခိုးရှင်များနှင့် အကြီးအကဲများ၊ ရွှေရောင်နတ်ပြည်ထောင်နှင့် အခြားအင်အားစုများသည် ရီဖူရှင်းကို ကြည့်ရင်း တုန်လှုပ်လာကြသည်။ သူတို့၏ အကြည့်များက တဖြေးဖြေး ပြောင်းလဲလာပေသည်။ သူတို့က အေးစက်လာပြီး သတ်ဖြတ်လိုသည့်စိတ်များက ပို၍ပင် များပြားလာသည်။

မကြာသေးခင်က သူတို့သည် ရီဖူရှင်းက ဤတိုက်ပွဲတွင် သူတို့အား ဆွဲချနေသည်ဟု စွပ်စွဲခဲ့ကြသည်။ သူတို့က သူ၏ မိုက်မဲမှုကို ကြေညာကာ အပြစ်ဖို့လိုကြပြီး ဤတိုက်ပွဲ၏ တာဝန်ကို ရီဖူရှင်း ပခုံးပေါ် လွှဲချလိုခဲ့ကြသည်။ သူက တိုက်ပွဲ၌ ရှင်သန်နိုင်ခဲ့လျှင် သူ ပြန်လာသည့်အခါ ရှိသမျှ အပြစ်အားလုံးကို တွန်းပို့၍ အပြစ်ပေးနိုင်ရန် မျှော်လင့်ထားကြသည

သို့သော်လည်း နောက်တခဏတွင် ရီဖူရှင်းက နောက်ထပ် စွမ်းအားများကို ထုတ်လွှတ်ကာ သူ၏ စွမ်းအားများက အရာအားလုံးကို လွှမ်းမိုးထားသည်။ ကောင်းကင်တွင် နတ်ဓားက လှည့်ပတ်နေ၏။

ဤသည်မှာ ယင်စွမ်းအားပင် ဖြစ်သည်။

ထိုနေ့က ရီဖူရှင်းသည် သဏ္ဌာန်မဲ့ဘုံ ပင်မနယ်မြေအတွင်း၌ သေလုဆဲဆဲ အခြေအနေနှင့် ကြုံခဲ့ရသည်။ သို့သော် ကံကောင်းထောက်မစွာနှင့် သူက ရှင်သန်နိုင်ခဲ့၏။ သူက ရှင်သန်နိုင်ရုံမျှမက ထိုကံခေမှုမှ ကောင်းချီးများပင် ရရှိခဲ့ကာ ယင်စွမ်းအားကို တတ်မြောက်ကျွမ်းကျင်ခဲ့သည်။

ယခင်က အခြားသူများက သံသယဝင်နေခဲ့ပြီး ဖြစ်သော်လည်း ယခု လဝင်ရိုးကို မြင်သည့်အခါ နောက်ထပ် သံသယရှိနေရန် မလိုတော့ပေ။ သူတို့က တိုက်ပွဲအတွင်းရှိ အရှိန်အဝါကို ကိုယ်တိုင် မခံစားမိလျှင်ပင် သဏ္ဌာန်မဲ့ဘုံမှ ယင်စွမ်းအားအကြောင်းကို သိရှိထားသည်။ သူက ဓားနှင့် လမ်းစဥ်စွမ်းအားတို့ကို တိုက်ခိုက်မှု၌ ပေါင်းစပ်ထားသည်။ ထိုသည်က သူ၏ စွမ်းအားနှင့် ခွန်အား တိုးလာရခြင်း အကြောင်းပြချက်ပင် ​ဖြစ်၏။

“ယင်စွမ်းအား” ချောင်ကျွင်းက လေဟာနယ်ထဲမှ မှန်မျက်နှာပြင်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူသည် မူလဘုံ၌ ထိုမျှ ထူးချွန်လှသည့် တန်ခိုးရှင်တစ်ဦး ရှိနေမည်ဟု ထင်မှတ်မထားခဲ့ပေ။ ရီဖူရှင်း၏ ယခင် ပြသခဲ့သော စွမ်းဆောင်ချက်များအရ သူက ထူးချွန်သော အရည်အချင်းနှင့် ပါရမီရှင်ဟု ဆိုလျှင် ချောင်ကျွင်းက မည်သို့သော သူမျိုး ဖြစ်သနည်း။ သူသည် ယခင်က နေရာပေါင်းစုံမှ လာသော ဘက်စုံကျွမ်းကျင်သည့် ပါရမီရှင်များကို တွေ့ဆုံဖူးသည်။ ထို့ပြင် ထိုသူများက သူ့လက်အောက်တွင် ကျင့်ကြံနိုင်ရန် တောင်းပန်ခဲ့ကြရသည်။ သို့သော်လည်း ယခင်က ရီဖူရှင်း၏ လှုပ်ရှားမှုများက ထူးချွန်ပြောင်မြောက်လျှင်ပင် ထိုသည်က သူ၏ အစစ်အမှန် စွမ်းအားများ မဟုတ်သေးဟု ချောင်ကျွင်း ထင်မထားမိခဲ့ပေ။

ယခု အချိန်တွင် ချောင်ကျွင်း အံ့သြနေမိပေသည်။

ဧကရာဇ်အသိနှင့် ယင်စွမ်းအား။ သူ ပြသခဲ့သော စွမ်းအားမှာ ကောင်းကင်ဒေသမှ တန်ခိုးရှင်အားလုံးကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူသည် ဘေးမှ မင်းသမီးဒွန်ဟောင်အား ကြည့်လိုက်လျှင် မင်းသမီးက လေဟာနယ်ထဲသို့ တည်ငြိမ်စွာ ကြည့်နေသည်အား မြင်လိုက်ရသည်။ မင်းသမီးက ထွက်လာမည့် ရလဒ်ကို ကြိုတင်သိရှိပြီး ဖြစ်နေသလားဟု ချောင်ကျွင်း သိချင်သွားမိသည်။

သို့သော်လည်း သူက ခန့်မှန်းရုံသာ ရှိကာ ထုတ်မမေးခဲ့ပေ။ အကြောင်းမှာ သူက အရှင်ဒွန်ဟောင် လက်အောက်၌ မည်သည့်အဆင့်အတန်းပင် ရှိနေပါစေ မင်းသမီးက မဟာအင်ပါယာ၏ တစ်ဦးတည်းသော သမီးတော် မင်းသမီးတစ်ပါး ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ မင်းသမီးက သူ့အား လေးစားမှုပေးထားပြီး သူ့ဘက်ကလည်း အပြန်အလှန်လေးစားမှု ထားရှိပေးသင့်ပေသည်။

သူသည် မမေးသင့်သည့် ကိစ္စမျိုးကို ထုတ်မေးလိမ့်မည် မဟုတ်ပေ။ မင်းသမီးက ထုတ်ပြောချင်လျှင် သူမကိုယ်တိုင် ပြောပြလာပေလိမ့်မည်။

နတ်ဆိုးအင်ပါယာဘုံနှင့် မှော်နက်စစ်တပ်မှ စုစည်းထားသော တန်ခိုးရှင်များသည်လည်း သူတို့ရှေ့မှ မြင်ကွင်းကြောင့် ကြက်သေသေကုန်ကြသည်။

ရှီရှဲ့သည် ထိုအချင်းအရာကို အစောကတည်းက ခန့်မှန်းထားခဲ့ပြီး ဖြစ်ကာ ယခု သက်သေပြသွားခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းက ယင်စွမ်းအားကို ကျွမ်းကျင်နေပြီ ဖြစ်ကာ သူ၏ စွမ်းရည်များတွင် ပေါင်းစပ်အသုံးပြုနိုင်နေပြီ ဖြစ်၏။ သူက ယခင် သဏ္ဌာန်မဲ့ဘုံတွင် ရှိစဥ်တွင် ရီဖူရှင်း၏ တည်ရှိမှုကို အာရုံမစိုက်ခဲ့မိပေ။ ထို့အစား သူက ကောင်းကင်ဘုံ၏ ဆက်ခံသူအပေါ် ပို၍ အာရုံစိုက်ထားမိခဲ့၏။

သို့သော် မထင်မှတ်ထားစွာနှင့် သဏ္ဌာန်မဲ့ဘုံတွင် သေခြင်းတရားကို ရင်ဆိုင်ခဲ့ရသူသည် အသက်ရှင်လွတ်မြောက်ခဲ့ရုံမျှမက ယင်စွမ်းအားကိုပင် တတ်မြောက်ကျွမ်းကျင်ခဲ့သေးသည်။

ဤတိုးတက်ဖွံ့ဖြိုးမှုအတွက် အကြောင်းပြချက်က မည်သည်နည်း။

မူလဘုံ၏ နံပါတ်တစ် ပါရမီရှင်မှာ ​ကောင်းကင်အာဏာစက်ကျောင်းတော်မှ ရီဖူရှင်း ဖြစ်သည်။

ဤသည်မှာ ရှီရှဲ့အနေနှင့် ရီဖူရှင်းအား ပထမဆုံးအကြိမ် သတိပြုမိခြင်း ဖြစ်ပေသည်။ ရီဖူရှင်း ယခင်က ပြသခဲ့သော စွမ်းဆောင်ချက်များက သာမန်သာဖြစ်ရာ ရှီရှဲ့သည် ရီဖူရှင်းအား မည်သည့်အခါမှ မှတ်မှတ်ထင်ထင် မရှိခဲ့ပေ။ သူ အမှတ်ရရန် ထိုက်တန်သည့် လူများမှာ အနည်းငယ်သာ ရှိပေသည်။

သို့သော် ယခုတွင် ရီဖူရှင်း၏ အမည်က သူ့စိတ်ထဲ၌ စွဲထင်သွားလေသည်။

ကြည့်ရသည်မှာ မူလဘုံမှ လူများကို သူ လျှော့တွက်ထားမိပုံရသည်။ မူလဘုံ၌ ဤမျှ ထူးချွန်သော တစ်စုံတစ်ယောက် ရှိနေသည်မှာ သူ့ကို အံ့အားသင့်စေပေသည်။

သူက တိုက်ပွဲမြေပြင်ကို ဆက်လက်စူးစမ်းနေသည်။ ရီဖူရှင်းက မယုံနိုင်လောက်အောင် အစွမ်းထက်သော်လည်း တိုက်ပွဲ၏ ရလဒ်က သတ်မှတ်ပြီးသား ဖြစ်လေသည်။ ရီဖူရှင်းက တိုက်ပွဲ၏ ရလဒ်ကို ပြောင်းလဲနိုင်ပါမည်လား။

တိုက်ပွဲမြေပြင်အလယ်တွင် တောင်တန်းဘုံမှ ဆရာတော်များက ရီဖူရှင်းကို ကြည့်နေကြ၏။ ထို့နောက် အဖြူရောင်ဝတ်ရုံနှင့် ခေါင်းဆောင်က ပြန်လှည့်ကာ ရီဖူရှင်းထံ လျှောက်သွားလေသည်။ သူ့နောက်မှ လိုက်ကာ အခြား ဆရာတော်များကလည်း တိုက်ပွဲသို့ ပြန်လျှောက်သွားကြသည်။

ထိုဆရာတော်က ရီဖူရှင်း​ နောက် မနီးမဝေးသို့ လျှောက်လာပြီး မေးလိုက်သည်။ “တန်ခိုးရှင်လေး၊ ဒီဆရာတော်ရဲ့ အကူအညီကို လိုအပ်သေးလား။”

ရီဖူရှင်းက ပြန်လှည့်မကြည့်ပေ။ သူက နတ်အာရုံကို အသုံးပြုထားပြီး အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရ၏။ ထို့ကြောင့် သူသည် ပတ်ဝန်းကျင်၌ ဖြစ်ပျက်သမျှကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိပေသည်။

သူက အဝေးတစ်နေရာကို ဆက်ကာ စိုက်ကြည့်နေ၏။ မြေအောက်ကမ္ဘာမှ ဂုဏ်ယူဖွယ်ရာ သားတော်သည် သေလောက်အောင် အေးစက်နေသော အကြည့်တို့နှင့် ရီဖူရှင်းအား ပြန်စိုက်ကြည့်နေသည်။

“ဆရာတော်၊ ကျွန်တော့် ဘယ်ဘက်ခြမ်းကနေ ကာကွယ်ပေးပြီး ရန်သူ့ခေါင်းဆောင်ကို သတ်ဖို့ ကူညီပေးနိုင်မလား။” ရီဖူရှင်းက မေးလိုက်သည်။ အစောပိုင်း တိုက်ပွဲမြေပြင်တွင် ဤဆရာတော်အဖွဲ့သည် မြေအောက်ကမ္ဘာ၏ ဂုဏ်ယူဖွယ်ရာ သားတော်ကို ဆန့်ကျင်ရင်ဆိုင်နိုင်စွမ်းရှိခဲ့သည်။ ဤချောမောသော ရဟန်းသည်လည်း ချီရီကိုပင် ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။

“ကောင်းပြီ။ ဒီဆရာတော့် တာဝန်ထားလိုက်ပါ။” ထိုဆရာတော်က လက်အုပ်ချီရင်း နူးညံ့စွာ ပြုံးလိုက်သည်။ သူက ပြုံးလိုက်သည့်အခါ၌ အလွန် ​ကြည့်ကောင်းလှသည်။ ကွဲပြားခြားနားသော ချောမောမှုမျိုး ဖြစ်၏။

“အစ်ကိုသုံးနဲ့ ယူချင်းတို့က ညာဘက်မှာ နေရာယူပေးပါ။” ရီဖူရှင်းက ယူချင်းကို ကြည့်ကာ ​ပြောလိုက်၏။

“ကောင်းပြီ။” ယူချင်း၊ ဂူတုံးလျှိုနှင့် အခြားသူများက ခေါင်းညိတ်လိုက်သည်။ သူတို့သည် ရီဖူရှင်း၏ ညာဘက်တွင် နေရာယူလိုက်ကြပြီး စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ယူချင်းနှင့် ဂူတုံးလျှို အပါအဝင် အခြားသူများ၏ စွမ်းအားများကလည်း ကြောက်မက်ဖွယ် အားကောင်းလှ၏။ အခြားသူများက ကျွယ်ရှန်းဝင်္ကပါကို စတင်ဆင့်ခေါ်နေစဥ် ဂူတုံးလျှိုအနီးတွင် နတ်ဆိုးအရိပ်များ စတင်ဖြစ်ပေါ်လာပြီး နတ်ဘုရားနှင့် နတ်ဆိုးများက သူ့ကို စတင်လှည့်ပတ်လာသည်။ ထိုသည်က ကြောက်မက်ဖွယ် မြင်ကွင်းပင် ​ဖြစ်သည်။

သူတို့အဖွဲ့အပြင် ဖီးနစ်နက်တပ်အပါအဝင် အင်အားစု သုံးခုက နတ်ဆိုးအင်ပါယာဘုံမှ တန်ခိုးရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။ ကျန်သော တန်ခိုးရှင်များသည် ပြန်ဆုတ်ခွာရန် ပြင်ဆင်နေခဲ့ကြသော်လည်း ယခုတွင် သူတို့က တိုက်ပွဲသို့ ပြန်လှည့်လာကြသည်။

ရီဖူရှင်းတို့ တိုက်ပွဲသည် လူတိုင်း၏ အကြည့်များကို ဆွဲဆောင်ထားခဲ့သည်။ သူသည် တိုက်ပွဲ၏ အဓိကကျောရိုး ဖြစ်လာခဲ့ပေသည်။

ရီဖူရှင်း၏ ရှေ့တွင် ကြီးမားသော တပ်မတစ်ခု ရှိနေသည်။ မရေတွက်နိုင်သော တန်ခိုးရှင်များ၊ ရန်ဟောင်များက သူ့ရှေ့တွင် ရပ်နေခဲ့၏။ သူတို့၏ စွမ်းအားများ ကျဆင်းလာသည့်အခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ပင် ဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင် ကြီးမားသော ထိုစစ်တပ်ကြီးက အလျင်စလို မလှုပ်ရှားကြပေ။ အစောပိုင်းတိုက်ပွဲတွင် ရီဖူရှင်းက အလွန် အားကောင်းသန်မာလှသည်။ သူနှင့် ရင်ဆိုင်တိုက်ခိုက်သည့် ထိပ်သီးတန်ခိုးရှင်များ အားလုံး အသတ်ခံခဲ့ရပေသည်။

ထို့နောက် ရီဖူရှင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်လျှင် ရီဖူရှင်း၏ ခန္ဓာကိုယ် အနောက်ဘက်တွင် နတ်စွမ်းအင်လှိုင်းများ လှုပ်ရှားလာသည်။ ထိုလှုပ်ရှားမှုသည် လူအများအား အံ့သြ ထိတ်လန့်စေခဲ့ပြီး သူတို့၏ မျက်နှာထက်တွင် တုန်လှုပ်မှုတို့ ပေါ်ပေါက်လာသည်။ ထိုသည်က မည်သည့်အဓိပ္ပါယ်နည်း။

နောက်တခဏတွင် သူတို့သည် ရီဖူရှင်းက ဝိညာဥ်လက်နက်တစ်ခုကို ထုတ်ယူလိုက်သည်အား မြင်လိုက်ရသည်။ ၎င်းမှာ သန်မာအားကောင်းသော ခြောက်ခြားဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည့် နှင်တံတစ်ခု ဖြစ်သည်။ နတ်ဓားက ထက်ရှသော ခံစားချက်ကို ပေးစွမ်းသော်လည်း ထိုနှင်တံက လေးလံသည့် စွမ်းအားခံစားမှုကို ထုတ်လွှတ်​နေသည်။ ထိုဝိညာဥ်လက်နက်နှစ်ခုလုံးက ကြောက်မက်ဖွယ် အရှိန်အဝါတို့အား ပိုင်ဆိုင်ထားသည်။

နတ်ဆင်စွမ်းအားအပေါ် နားလည်သဘောပေါက်မှုနှင့် ရီဖူရှင်းသည် ဧကရာဇ်အလင်းတို့ဖြင့် လွှမ်းခြုံထား၏။ သူ့အနီးတွင် နတ်ဆင်များ၏ အရိပ်နှင့် သဏ္ဌာန်တို့ ပေါ်ပေါက်လာပြီး ကြယ်စင်တို့၏ ရောင်ဝါများက သူ့ခန္ဓာကို လှည့်ပတ်နေသည်။ ထိုအချိန်တွင် သူသည် ခေတ်တစ်ခေတ်၏ သူရဲကောင်းတစ်ဦးနှင့် အလားသဏ္ဌာန်တူပေသည်။ သူ ခြေလှမ်းလိုက်သည့် အခိုက်တွင် သူ့ရှေ့ရှိ ရန်ဟောင်များ၏ နှလုံးသားများက တုန်လှုပ်လာသည်။ သူတို့သည် အလွန် အစွမ်းထက်သော အင်အားနှင့် သူတို့ကို ဖိနှိပ်ထားသလို ခံစားကြရပေသည်။

ရီဖူရှင်းက ရှေ့သို့ လှမ်းလိုက်သည့် အခိုက်တွင် သူ၏ ဘယ်ဘက်နှင့် ညာဘက်တွင် တောင်တန်းဘုံမှ ဗုဒ္ဓရဟန်းများနှင့် ယူချင်းတို့အဖွဲ့လည်း အတူ လိုက်လာကြပေသည်။ ဤနည်းလမ်းဖြင့် သူတို့သည် ဘယ်နှင့်ညာမှ ရီဖူရှင်းထံ လာသော ဖိအားများကို မျှဝေကာ လျော့ပါးစေသည်။

အဖြူရောင်ဝတ်ထားသည့် ရဟန်းက သူ့လက်ထဲတွင် ပုတီးကို ကိုင်ထားသည်။ ထို့နောက် ၎င်းတို့က အံ့သြလောက်စရာ အရှိန်နှင့် လှည့်ပတ်ပျံသန်းနေကာ ဆရာတော်၏ အထက်တွင် ရှေးဟောင်းစာလုံးများ ထွက်ပေါ်လာပြီး ကျမ်းစာများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ပေါ်ပေါက်လာသည်။ ကြီးမားထည်ဝါလှသည့် ဗုဒ္ဓရုပ်ပွားတော်က ဆက်လက်ကြီးမားလာနေပြီး ကျမ်းစာရွတ်ဆိုသံများက ဝန်းကျင်တွင် ပဲ့တင်ထပ်လာသည်။ ၎င်းသည် မီတာထောင်ချီသည့်တိုင် ဆက်လက် ရှည်လျားကြီးမားလာကာ ကောင်းကင်သို့တိုင် ရောက်ရှိလာ၏။ ရုပ်ပွားတော်က အထက်မှနေ၍ လူတိုင်းကို ပုရွက်ဆိတ်များသဖွယ် ငုံ့ကြည့်နေသည်။

လူအများက ဗုဒ္ဓရုပ်ပွားတော်က သူတို့အား ကြည့်နေသကဲ့သို့ ခံစားမိသဖြင့် သူတို့၏ ခေါင်းများကို မော့ကြည့်လိုက်မိကြသည်။

“တိုက်တော့။”

ရန်ဟောင်များက သူတို့၏ စွမ်းအားကို စတင်ထုတ်လွှတ်လာသည်။ ဝိညာဥ်လက်နက်များက ကောင်းကင်တွင် ကခုန်နေ၏။ အစွမ်းထက်လမ်းစဥ်စွမ်းအားများ ဖြစ်တည်လာပြီး ကြီးမားလှသည့် ဗုဒ္ဓထံ ပြေးဝင်သွားသည်။

ထိုကြီးမားသည့် ရုပ်ပွားတော်၏ လက်ဝါးက ကောင်းကင်မှ ရိုက်ချလာကာ ကြောက်မက်ဖွယ် တုန်ခါသံကြီးကို ကြားလိုက်ရသည်။ ယင်းလက်ဝါးသည် ကျယ်ပြောသည့် နေရာတခွင်ကို ဖုံးလွှမ်းသွားပြီး အဆောင်မန္တာန်များနှင့် လက်နက်များကို ရိုက်ခတ်မိသွားကာ ၎င်းတို့အား အဝေးသို့ လွင့်စင်သွားစေသည်။ လက်ဝါးက ရှေ့သို့ ဆက်လက်ကျဆင်းလာနေပြီး မြေပြင်တစ်ခုလုံးကို တစစီဖျက်ဆီးပစ်ရန် ရည်ရွယ်နေသည်။

အခြားတစ်ဖက်တွင် ဂူတုံးလျှိုနောက်မှ ကျွယ်ရှန်းဝင်္ကပါအတွင်း နတ်ဘုရားနှင့် နတ်ဆိုးများရှိနေ၏။ နတ်ဘုရားသဏ္ဌာန်များက ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားစဥ် မြင့်မြတ်သားရဲများကလည်း တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာသည်။ အခြားတစ်ဖက်တွင် ယူချင်းသည် တစ်ကိုယ်တည်း ရှေ့သို့ တက်လာခဲ့သည်။ ဂူတုံးလျှို၏ တိုက်ခိုက်မှုကို အကာအကွယ် ယူကာ ရန်သူများထံ တည့်မတ်စွာ ပြေးဝင်သွားလေသည်။ သူ၏ နတ်လက်နက်က အလင်းများ တောက်ပနေပြီး ရန်သူများကို ဖုံးလွှမ်းသွားကာ လှုပ်ရှား၍ မရနိုင်အောင် ဖြစ်သွားစေသည်။ သူ၏ လက်သီးက ရှေ့သို့ ပြေးထွက်သွားသည်။ ရက်စက်ကာ ပြင်းထန်လှသော ထိခတ်မိသံကို ကြားလိုက်ရပြီး ရန်ဟောင်အများအပြားက သူ၏ လက်သီးရောင်ဝါတို့ ထိမှန်ခံလိုက်ရသည်။

တန်ခိုးရှင်အများစုက ရီဖူရှင်းထံ ပြေးလာကြသည်။

ရီဖူရှင်း၏ အလျင်က အလွန် မြန်ဆန်လှပြီး သူသည် သူ့ရှေ့ရှိ စစ်တပ်ကြီးထံသို့ တိုက်ရိုက်တည့်မတ်စွာ တိုးဝင်သွားတော့သည်။ သူ့နောက်မှ လဝင်ရိုးက ပို၍ တောက်ပသော မဟာလမ်းစဥ် အလင်းတို့ကို ထုတ်လွှတ်လာ၏။ ချက်ချင်းပင် သူ့ရှေ့မှ ရန်ဟောင်များ၏ ခန္ဓာများက တစ်ယောက်ချင်း အေးခဲကုန်သည်။ သူတို့သည် သူတို့၏ သွေးများက အေးခဲသွားပြီး စိတ်ဝိညာဥ်များပင် တုန်ယင်လာသည်အား ခံစားမိကြပေသည်။

လရောင်က ဆက်လက်၍ တောက်ပကာ အောက်သို့ ဖြာကျနေသည်။ လရောင်နှင့် ဖုံးလွှမ်းခံထားရသော နေရာအတွင်းတွင် ပုန်းကွယ်နေသည့် လျှပ်စီးမိုးကြိုးများ ရှိနေသည်။ ပို၍ တိကျအောင် ပြောရလျှင် ထိုလရောင်များက ယင်နတ်မိုးကြိုးများအဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။

ဘုန်း... ဘုန်း.. ဘုန်း.....

လေဟာနယ်အတွင်း တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်ကုန်၏။ လရောင်အလင်းတန်းများအောက်တွင် သူတို့၏ ခန္ဓာကိုယ်များက ဖျက်ဆီးခံလိုက်ရပြီး စိတ်ဝိညာဥ်များသည်လည်း ဖြိုခွဲခံလိုက်ရပေသည်။

ခဏလေးအတွင်းမှာပင် ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသည့် ရန်ဟောင်များက သုတ်သင်ခံလိုက်ရပေသည်။ သူတို့၏ စိတ်ဝိညာဥ်များကလည်း ခံနိုင်စွမ်းမရှိသည့်အတွက် ပျောက်ကွယ်သွားရတော့သည်။

ရီဖူရှင်း၏ အဆင့်က နတ်ဝင်ရိုးဒုတိယအဆင့်သာ ဖြစ်သည်။ သူ၏ နတ်ဝင်ရိုးက ပြီးပြည့်စုံပြီး ဧကရာဇ်အသိကို အသက်သွင်းကာ သူ့စွမ်းအားများကို မြှင့်တင်ထားသဖြင့် ယခု သူ၏ အဆင့်မှာ နတ်ဝင်ရိုးတတိယဆင့်နှင့် တူညီနေပေလိမ့်မည်။ ထို့ပြင် ၎င်းက ပြီးပြည့်စုံသော အဆင့် ဖြစ်သည်။ သူ့တွင် ယင်စွမ်းအားလည်း ရှိနေသေးသည်။ ထို့ကြောင့် ပြီးပြည့်စုံခြင်း မရှိသော နတ်ဝင်ရိုးနှင့် အဆင့်နိမ့်ရန်ဟောင်များက သူ့အား မည်သို့ ခုခံနိုင်ပါမည်နည်း။ သူတို့သည် ပြန်၍ပင် မတိုက်ခိုက်နိုင်လောက်အောင် အင်အားမဲ့နေခဲ့ပြီး ချက်ချင်းပင် အသတ်ခံလိုက်ရပေသည်။

လရောင်တွင် တိုက်ခိုက်ခြင်းလမ်းစဥ်စွမ်းအားများ ပါဝင်နေသည်။ ယင်စွမ်းအားများက အန္တရာယ်များလှသော မိုးကြိုးများတွင် ပေါင်းစပ်နေကာ ယင်နတ်မိုးကြိုးများအဖြစ် ပြောင်းလဲသွားသည်။ မိုးကြိုးများထဲတွင် ပုန်းကွယ်နေသော ဖျက်ဆီးခြင်းစွမ်းအားတို့ ရှိနေပြီး လေဟာနယ်ကို ဖျက်ဆီးပစ်နိုင်သော မဟာလမ်းစဥ်စွမ်းအားတို့ ပါဝင်နေသည်။ ထိုသို့သော ယင်နတ်မိုးကြိုး၏ အလင်းတန်းများအောက်တွင်  တန်ခိုးရှင်အများအပြားက ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ သူတို့က တုန့်ပြန်ရန် အင်အားမရှိစွာဖြင့် ချက်ချင်း ကျဆုံးသွားတော့သည်။

Plop, plop, plop…

နတ်အလင်းများက ကျန်ရှိနေပြီး တန်ခိုးရှင်များက တိုက်ပွဲတွင် ဆက်လက်ကျဆုံးနေခဲ့သည်။ ထိုအချိန်တွင် လူအများသည် ရန်ဟောင်များက ပုရွက်ဆိတ်သာသာပင် ရှိသည်ဟု ခံစားလာကြရပေသည်။ အကြွင်းမဲ့သန်မာသော အင်အား၏ ရှေ့တွင် သူတို့၏ လူအင်အား အရေအတွက်မှာ အဓိပ္ပါယ်မရှိ ဖြစ်သွားရသည်။

အလွန်များပြားလှသော လမ်းစဥ်စွမ်းအားတို့က ရီဖူရှင်းထံ တိုးဝင်လာသော်လည်း ယင်နတ်မိုးကြိုး၏ နယ်မြေထဲသို့ ထိုစွမ်းအားများ ဝင်ရောက်လာသည့်အခါ ချက်ချင်းပင် အေးခဲသွားရပြီး ယင်နတ်မိုးကြိုးများ၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံလိုက်ရသည်။ အခြားစွမ်းအားများသည်လည်း နတ်ဆင်များကြောင့် အပိုင်းပိုင်းဖြစ်သွားရသလို သူ့အနီးရှိ ကြယ်စင်ရောင်ဝါများကြောင့် ပျက်ပြယ်သွားရပေသည်။ ထိုရန်ဟောင်များက ရီဖူရှင်း၏ အနီးသို့ပင် မကပ်နိုင်ခဲ့ပေ။

ထို့နောက် ရုတ်တရက် ကြီးမားသော နတ်ကျောင်းဆောင်တစ်ခု ပေါ်ပေါက်လာကာ ယင်နတ်မိုးကြိုးစွမ်းအားတို့အား ချိုးဖျက်၍ ရီဖူရှင်းထံ ပျံသန်းလာသည်။ လူအများက ထိုမြင်ကွင်းကို စိုက်ကြည့်နေကြသည်။

ရီဖူရှင်းက သူ့လက်ကို မြှောက်လိုက်လျှင် ရှည်လျားသည့် နှင်တံတစ်လက်က သူ့လက်ထဲတွင် ပေါ်ပေါက်လာ၏။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး နှင်တံအား အပြင်သို့ ရိုက်ချလိုက်သည်။ ထိုအခိုက်အတန့်တွင် နှင်တံ၏ အရိပ်က ကောင်းကင်ကို ဖုံးလွှမ်းထားကာ မဟာလမ်းစဥ်က အော်မြည်နေပြီး ဝိညာဥ်လက်နက်က ပျံသန်းထွက်သွားသည်။ နောက်တခဏတွင် ယင်နတ်မိုးကြိုးအလင်းတန်းက နတ်ကျောင်းဆောင်အား ပစ်လွှတ်လိုက်သော တန်ခိုးရှင်ပေါ်တွင် တောက်ပလာ၏။ ရီဖူရှင်းနောက်မှ နတ်ဓားသည်လည်း ပျံသန်းထွက်လာသည်။ နတ်ကျောင်းဆောင်က ထိုတန်ခိုးရှင်ထံ ပြန်မရောက်ခင် ယင်စွမ်းအားနှင့် နတ်ဓားက သူ့အပေါ်သို့ ကျဆင်းလာ၏။ အလောင်းတစ်ခုက နောက်သို့ လွင့်ထွက်သွားပေသည်။

“ကြောက်စရာကောင်းလိုက်တာ။”

ထိုအချိန်တွင် ရီဖူရှင်းက လူအများကို ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ သူက ရှေ့သို့ ဆက်လက် ပြေးဝင်သွားသည်။ လရောင်က ​မြေပေါ်သို့ ကျဆင်းလာပြီး ယင်နတ်မိုးကြိုး အလင်းတန်းများကလည်း တိုက်ပွဲကွင်းပြင်ကို ဖြတ်သန်းသွားသည်။ ရန်ဟောင်များက တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ကျဆုံးသွားပေသည်။ ထိုသည်က စိတ်ဓာတ်ကျစရာပင် ဖြစ်၏။

သူသည် ရန်ဟောင်စစ်တပ်ကြီးတစ်ခုလုံးကို သူကိုယ်တိုင် သုတ်သင်ပစ်နေပေသည်။

***

All Chapters