← Chapters

အခန်း (၂၁၀)

Vol. 14 Ch. 210

အခန်း (၂၁၀)

Vol. 14 Ch. 210

ကျစ်ကွေး၏ မျက်လုံးထဲတွင်တော့ သူမ၏အိမ်နီးချင်း ချန်းပင်အန်းက ထိုင်ခုံငယ်လေး တစ်ခုပေါ်တွင် ထိုင်ပြီး အိပ်ငိုက်နေခြင်း ဖြစ်သည်။ သူက ရှေ့နောက် အနည်းငယ် ယိမ်းထိုးလှုပ်ရှားနေခဲ့၏။

ဓားသမား ချောင်ကျွင်း၏ မျက်လုံးထဲတွင်တော့ ချန်းပင်အန်း၏ စိတ်ဝိညာဉ်က ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့သည်။ သူက အလွန်လှိုင်းကြီးသော မြစ်တစ်ခုထဲတွင် ရောက်နေသည့် လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေပြီး အချိန်မရွေး လှေမှောက်သွားနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။

ထိုအချိန်တွင် အနီရောင် မြေခွေးလေးက ချောင်ကျွင်း၏ ပုခုံးပေါ်တွင် ရပ်နေရင်း စာနာစွာ ပြောလိုက်၏။

“ငါက အဲဒီဓားလေးရဲ့ အဆင့်ကို မဆုံးဖြတ်နိုင်ပေမယ့် သူ့ရဲ့အရည်အသွေးက သေချာပေါက် အရမ်းမြင့်တယ်ဆိုတာ အတည်ပြုပေးနိုင်တယ်။ အမှန်အတိုင်းပြောရရင် ငါ ကိုယ်တိုင်တောင် နည်းနည်းလေး အားကျမိတယ်။ နင်ကတော့ ဒီလို အနှောင့်အယှက်လေးတစ်ခု ရင်ဆိုင်လိုက်ရတာနဲ့ တကယ်ပဲ လက်လျှော့လိုက်တာလား…။ ဒါက ချောင်ကျွင်းနဲ့ လုံးဝမတူဘူး…”

ချောင်ကျွင်းက နေကြာစေ့ခွံများကို တစ်ဖက်ခြံဝန်းထဲသို့ ပစ်ထည့်လိုက်ပြီး ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။

“ငါက အဲဒီအရာအတွက် ထပ်ပြီးတော့ မတိုက်ခိုက်တော့ဘူး။ အဘိုးကြီးချောင်ပြောတာ မှန်တယ်။ အခုအချိန်မှာ တိုးတိုးတိတ်တိတ်နေပြီး ဘာမှကြီးကြီးမားမား မလှုပ်ရှားတာက အကောင်းဆုံးပဲ။ တကယ်လို့ ငါ သေသွားမယ်ဆိုရင် အရာအားလုံး ပြီးသွားလိမ့်မယ်…”

သို့သော် အနီရောင် မြေခွေးလေးကတော့ သူ့ကို ဆက်၍ ဖြောင်းဖျနေခဲ့သည်။

“အမှားတစ်ခုတည်းကို (၃)ကြိမ် မလုပ်သင့်ဘူးတဲ့။ ဒါကြောင့် နင့်မှာ နောက်ထပ် အခွင့်အရေးတစ်ခု ရှိနေသေးတယ်။ မြင်းတွေက မြက်ရိုင်းတွေကို မစားဘဲ ကြီးထွားလာမှာ မဟုတ်ဘူး။ လူတွေကလည်း မကောင်းတဲ့ အလုပ်မျိုးမလုပ်ဘဲ ချမ်းသာလာမှာ မဟုတ်ဘူး။ ချောင်ကျွင်း … နင် ငယ်ငယ်တုန်းက အနှောင့်အယှက်တစ်ခုကို ခံစားခဲ့ရပြီးပြီ။ နင့်ရဲ့စိတ်ဝိညာဉ်ရေကန်ကလည်း တော်တော်လေးကို အရည်ပျော်သွားခဲ့ရတယ်။ ဒါကြောင့် နင့်ရဲ့ကျင့်ကြံမှုက အဆုံးသတ်ကို ရောက်သွားခဲ့တာ။ တကယ်လို့ နင်က ဒီလိုလမ်းကြောင်းတစ်ခုကို မယူဘူးဆိုရင် ဘယ်လိုလုပ်ပြီး အောင်မြင်မှု ရနိုင်မှာလဲ…”

ချောင်ကျွင်းက တိတ်ဆိတ်နေပြီး ခေါင်းငုံ့၍သာ နေကြာစေ့ စားနေခဲ့သည်။ သူ့မျက်လုံးများကတော့ မည်းမှောင်နေခဲ့၏။ သူ ငယ်ငယ်လေးကတည်းက နာမည်ကျော်ကြားမှု ရခဲ့ပြီး တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးထဲ၌ နှစ်(၁၀၀)လျှင် တစ်ယောက်သာ ပေါ်လာနိုင်သည့် ဓားပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ခံခဲ့ရသည်။

သူ၏စိတ်ရေကန်ထဲတွင် သန့်စင်သော ဓားချီစွမ်းအင် အမျှင်လေးများဖြင့် မွေးဖွားလာခြင်းဖြစ်ပြီး ထိုဓားချီစွမ်းအင် အမျှင်လေးများက ကြာပန်းများ ပြည့်နေသော ရေကန်တစ်ခုကဲ့သို့ သေးငယ်၍ လှပသည်။ သူတို့က အချိန်မရွေး ပွင့်လန်းလာမည့် အခိုက်အတန့်ကို စောင့်နေသလို ထင်ရ၏။

သို့သော် ချောင်ကျွင်းက စောစောစီးစီး ထိခိုက်မှုတစ်ခု ခံစားခဲ့ရ၏။ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်က သူ၏စိတ်ရေကန်ကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏ ဓားချီစွမ်းအင်အမျှင်များ အားလုံးနီးပါးကို ဖျက်ဆီးပစ်ခဲ့သည်။ ထို ဓားချီစွမ်းအင်အမျှင်လေးများက ညှိုးခြောက်သွားသော ကြာပန်းလေးများကဲ့သို့ ဖြစ်လာခဲ့၏။ ထို့နောက် ချောင်ကျွင်းက တောင်ပိုင်း ဝဲကတော့ကုန်းမြေကြီး တစ်ခုလုံးတွင် ရယ်စရာ ဖြစ်လာခဲ့သည်။

သူ ငယ်ရွယ်စဉ် သူနှင့် မျိုးဆက်တစ်ခုတည်းဖြစ်သော ဓားပါရမီရှင်များစွာကို နောက်ကောက် ချန်ထားနိုင်၏။ ယခုတော့ သူတို့က တစ်ယောက်ပြီးတစ်ယောက် သူ့ထက် ကျော်လွန်သွားကြသည်။

အနီရောင် မြေခွေးလေးက ဝမ်းနည်းသည့် အမူအရာနှင့် သက်ပြင်းချလိုက်ပြီး လက်သည်းနှင့် ချောင်ကျွင်း၏ခေါင်းကို ပုတ်လိုက်သည်။

“သနားစရာကောင်းတဲ့ ကလေးလေး။ ဓားအုတ်မြစ်က ပျက်စီးသွားပြီ။ နင့်ရဲ့ အနာဂတ်ကလည်း ဖျက်ဆီးခံလိုက်ရပြီ။ နှစ်ပေါင်းများစွာ ကြာသွားပြီဆိုတော့ အခု နင်က ကောင်းကင်ကြီးကို စိန်ခေါ်ဖို့ သတ္တိတောင် ဆုံးရှုံးသွားရပြီ…”

ချောင်ကျွင်းက အနည်းငယ် အံ့ဩသွားခဲ့ပြီး ချန်းပင်အန်း၏ အိမ်ရှိရာကို လှည့်ကြည့်၍ မှတ်ချက်ပေးလိုက်သည်။

“ဒီကောင်လေးက တော်တော်လေးကောင်းတဲ့ စိတ်နေစိတ်ထားမျိုး ရှိတယ်။ ဒီကောင်လေးဆီမှာ တော်တော်လေး ကောင်းတဲ့ ခန္ဓာကိုယ် ရှိတယ်။ နဂိုတုန်းကတော့ ငါက အဲဒါကို သတိမထားမိခဲ့ဘူး။ သူက သူ့ရဲ့ကိုယ်ပိုင် ကျင့်ကြံမှုနည်းလမ်းတစ်ခုကို ရှာတွေ့သွားတာပဲ…”

တောင်ကုန်းပေါ်မှ ကျင့်ကြံသူများ၏ အတွေ့အကြုံနှင့် ဗဟုသုတများကို ရရှိသွားလျှင် ဤကမ္ဘာကြီးထဲတွင် ရှိနေသော အကြောင်းအရာ အများစုက ကြောက်စရာ မကောင်းသလို အံ့ဩစရာလည်း မကောင်းချေ။ သို့သော် ထိုအရာများက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသေးသည်။

အနီရောင်မြေခွေးလေးက အနည်းငယ် အံ့ဩသွားခဲ့၏။ သူက ချောင်ကျွင်း၏ ခေါင်းပေါ်သို့ တက်ပြီး အဝေးကို လှမ်းမျှော်ကြည့်လိုက်သည်။ ချန်းပင်အန်းနှင့် ဓားငယ်လေး၏ ခန္ဓာကိုယ်တွင်း ပြဿနာကို ခဏကြာ ကြည့်နေပြီးနောက် သူက အသံတိုးတိုးနှင့် မှတ်ချက်ပေးလိုက်၏။

“ဒါက ဗုဒ္ဓ လေ့ကျင့်နေတာနဲ့ အတူတူပဲ။ အဲဒီအရာက ဒီကောင်လေးရဲ့ ဝိညာဉ်လှေကို တည်ငြိမ်အောင် ကူညီပေးနေတာ။ အဲဒါက လှေငယ်လေးကို နေရာမှာ ကျောက်ချထားသလိုမျိုးပဲ။ သူ့ရဲ့ခန္ဓာကိုယ်က ပျက်စီးပြီး ဖာရာတွေ ပြည့်နေတယ်။ သူက ဒီအခြေအနေအထိ ရောက်လာတာတောင် တော်တော်လေး အံ့ဩဖို့ ကောင်းနေပြီ…”

“ဒါပေမဲ့ ဒါက အဲဒီဓားငယ်လေးကို သိမ်းသွင်းဖို့တော့ မလုံလောက်သေးဘူး။ ချောင်ကျွင်း… နင်သာ ပစ်မှတ်ထားခံရပြီး အနှောင့်အယှက်မရှိခင် အချိန်ကဆိုရင် ကိစ္စတွေက အဆပေါင်းများစွာ ချောမွေ့နေတယ်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက် ပြီးသွားတဲ့အချိန်မှာ နင့်အတွက် အရာအားလုံးက အဆပေါင်းများစွာ ခက်ခဲလာတယ်။ ဒီနေ့ ဒီကောင်လေးရဲ့ အတွေ့အကြုံတွေက နောက်ပိုင်းကျင့်ကြံရေးခရီးလမ်းမှာ နင့်ကို မျှော်လင့်ချက်တချို့ကို ပေးနိုင်လိမ့်မယ်…”

ချောင်ကျွင်း၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးက လုံးဝကို ပျောက်ကွယ်သွားပြီး သူ၏အမူအရာက တည်ငြိမ်လာခဲ့သည်။ ကျင့်ကြံမှုနှင့် ပတ်သက်လာသည့်အချိန်တွင် လူတစ်ယောက်၏ ပါရမီက စားစရာအတွက် အသုံးပြုသော ပန်းကန်လုံးတစ်လုံးကဲ့သို့ ဖြစ်သည်။ တချို့လူများဆီတွင် ပန်းကန်လုံးကြီးများ ရှိသော်လည်း အတွင်းထဲတွင် ထည့်ရန် လုံလောက်သော ထမင်းမရှိလျှင် ဘာများထူးခြားမည်နည်း။

သူတို့က ဆာလောင်နေမည်သာဖြစ်ပြီး သူတို့၏အောင်မြင်မှုကလည်း ကန့်သတ်ချက် ရှိသည်။ ခရီးရှည်ကြီး အတောအတွင်း ချောင်ကျွင်းက ကြီးကျယ်ခမ်းနားသော တောင်ပိုင်းဝဲကတော့ကုန်းမြေကြီးမှနေ၍ အရိုင်းဆန်သော အရှေ့ပိုင်းကုန်းမြေကြီးကို လာခဲ့ရသည်။ သူက ထိုခရီးစဉ်မှ အကျိုးအမြတ်အများအပြား ရှိခဲ့၏။ ကိစ္စငယ်လေးများစွာက သူ့ကို အကူအညီ ပေးနိုင်ခဲ့သည်။

ချန်းပင်အန်းက အလွန်အမင်းကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ဓားငယ်လေးနှင့် နောက်တစ်ကြိမ် တိုက်ခိုက်နေခဲ့သည်။ သူ့ဆီတွင် သူ၏စိတ်ဝိညာဉ်ကို တည်ငြိမ်ရန် တည်ငြိမ်စေရန် ကူညီပေးနိုင်သော ကျောက်ဆူးတစ်ခုလည်း ရှိနေ၏။ ထိုအရာက အဝေးကို လွတ်ထွက်မသွားစေရန် တားဆီးထားခြင်းလည်း ဖြစ်သည်။

သို့သော် ဓားငယ်လေး၏ ဝိညာဉ်နှင့် စွမ်းအားများက အလွန်ပြင်းထန်လာ၏။ သူ၏ အဖျက်စွမ်းအားကပင် အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။

အနီရောင် မြေခွေးလေးက လက်သည်းများကို ပုတ်ပြီး ကြောက်စရာကောင်းစွာ ရေရွတ်လိုက်သည်။

“သူ ရှုံးတော့မယ်။ တော်တော်သနားဖို့ကောင်းတာပဲ။ အနည်းဆုံးတော့ သူက (၁၀)ရက် ဒါမှမဟုတ် လဝက်လောက် အိပ်ရာထဲမှာ လဲှနေရတော့မယ်။ ဒီဓားလေးက အခုမှ ဝိညာဉ်စွမ်းအား ပေါ်လာတာ သိသာတယ်။ ဒါကြောင့် သူက သူ့ရဲ့စွမ်းအားတွေကို မထိန်းချုပ်နိုင်သလို ပြည့်ပြည့်ဝဝ မသုံးနိုင်သေးဘူး။ မဟုတ်ရင် ဒီကောင်လေးက အခုအချိန်ထိ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး…”

ချောင်ကျွင်း၏ ကျင့်စဉ်အဆင့်က ခေါင်းပေါ်တွင် ရှိနေသော မြေခွေးထက် ပို၍ နိမ့်ကျသော်လည်း မြေခွေးကတော့ မတူညီသော ကျင့်ကြံရေးလမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် အခြေအနေအပေါ် သူ၏အမြင်အာရုံက တားဆီးထားသော တောင်တန်းကြီးတစ်ခုကို ကျော်ကြည့်ရန် ကြိုးစားနေသလို ဖြစ်သည်။

သို့သော် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သော ချောင်ကျွင်းဆီတွင်တော့ ထူးခြားသော ကိုယ်ပိုင်အမြင်များ ရှိသည်။

“အဲဒီလိုလည်း မဟုတ်သေးဘူး …”

သူက ပြောလိုက်၏။

“ဟင်… ကြည့်ရတာ ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အရမ်းကို လေးနက်တဲ့ သွေးကြောမှတ်(၃)ခု ရှိတယ်ထင်တယ်…”

အနီရောင် မြေခွေးလေးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“သူက တော်တော်လေး အရည်အသွေးရှိတဲ့ ဓားပါရမီရှင်တစ်ယောက် ဖြစ်နေတာလား။ မဟုတ်သေးဘူး။ အဲဒီလိုလည်း မဖြစ်နိုင်ဘူး။ ဒါက နောက်ပိုင်းမှ ဖန်တီးထားတာ ဖြစ်နိုင်တယ်။ ဒါက သဘာဝအတိုင်း လုံးဝအားနည်းချက်မရှိသလို ထင်ရတယ်။ တော်တော်လေး အံ့ဩဖို့ကောင်းတယ်။ ဒါကြောင့်လည်း ငါက အဲဒီအရာကို ချက်ချင်း မမြင်ခဲ့တာပဲ….”

လူတစ်ယောက်တွင် အလွန်နက်ရှိုင်းသော သွေးကြောမှတ်တစ်ခုဆီ ရှိသည်ဟု သာမန်လူ အများစုက ပြောတတ်ကြသည်။ ထိုအရာကတော့ လူတစ်ယောက်က ဉာဏ်နီဉာဏ်နက်များပြီး တွက်ချက်တတ်သည်ဟု ဖော်ပြလိုခြင်း ဖြစ်၏။ ထို့ပြင် ထိုစကားလုံးက အနည်းငယ် မကောင်းသော ထင်မြင်ချက်မျိုးလည်း ဖြစ်သည်။

သို့သော် ကျင့်ကြံသူများအတွက်တော့ ထိုစကားလုံးက အလွန်အမင်းကို ကောင်းမွန်သော မှတ်ချက်တစ်ခု ဖြစ်သည်။ စံအိမ်များနှင့် မြို့ကြီးများကဲ့သို့ နက်ရှိုင်းပြီး လေးနက်သည့် သွေးကြောမှတ်များ ရှိနေခြင်း၊ ထိုအရာက ပို၍မြင့်မားပြီး ကြီးမားလေလေ ပိုကောင်းလေလေ ဖြစ်သည်။

အနီရောင်မြေခွေးလေးက တိုးတိုးလေး သက်ပြင်းချပြီး ပြောလိုက်၏။

“သူက သာမန်ပုံစံကောင်လေးတစ်ယောက်ပါပဲ။ ဒါပေမဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ အရည်အသွေးတွေ ရှိနေတယ်။ ချောင်ကျွင်း… နင်က အဲဒီအဘိုးကြီးပြောတဲ့ စကားကို လေးလေးစားစား နားထောင်ပြီး နောက်ပိုင်းမှာ ပြဿနာမရှာနဲ့ဦး။ လီကျူးသုခဘုံက ပျက်စီးနေပေမယ့် အရမ်းကို ရှုပ်ထွေးနေတဲ့ နေရာတစ်ခု ဖြစ်တယ်။ ဒီနေရာမှာ ခြေရာပျောက်နေတဲ့ အစွမ်းထက်ပညာရှင်တွေ ပြည့်နေတယ်။ ဒါကြောင့် တိတ်တိတ်နေတာ အကောင်းဆုံးအကြံတစ်ခုပဲ…”

ချောင်ကျွင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဟုတ်တယ် ။ ငါတို့က သေချာလက်သည်းဖွက်ပြီး နေသင့်တယ်…”

အနီရောင်မြေခွေးလေးက ချောင်ကျွင်း၏ ခေါင်းကို ဒေါသတကြီးနင်းပြီး အော်ဟစ်လိုက်သည်။

“ပြောလို့ဆိုလို့မကောင်းတဲ့ ကောင်စုတ်လေး။ ငါက နင့်ကို သတိပေးနေတာ။ နင်ကတော့ ငါ့ကို ကျိန်ဆဲနေတာလား…”

ချန်းပင်အန်း၏ အငွေ့အသက်များက တဖြည်းဖြည်း တည်ငြိမ်သွားပြီး တစ်ချိန်လုံး အသာစီးရနေခဲ့သော ဓားငယ်လေးကလည်း အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။ သူက အလွန်ကြီးကျယ်ခမ်းနားသော သွေးကြောမှတ်တစ်ခုထဲတွင် တရွေ့ရွေ့ ပြန့်နှံ့နေခဲ့၏။

ချောင်ကျွင်းက အခြေအနေကို စောင့်ကြည့်နေခြင်းမရှိတော့ဘဲ အပြုံးနှင့် ပြောလိုက်သည်။

“မင်းမှာ ချင်းယင်လို့ခေါ်တဲ့ ညီမတစ်ယောက်ရှိတယ်ဆိုတာ ငါကြားတယ်။ သူကလည်း ခင်ဗျားတို့ မြေခွေးကလန်ရဲ့ ဘိုးဘေးအိုကြီးတွေထဲက တစ်ယောက်ပဲ။ သူက အမြီး(၉)ချောင်း ကြီးထွားနိုင်တဲ့ အရည်အချင်းမျိုးတောင် ရှိတယ်။ အဘိုးကြီးချောင်က သူ့ရဲ့အလှတရားတွေကို တပ်မက်နေတာ နှစ်ပေါင်းများစွာကြာပြီ။ သူက တော်တော်လှတာလား…”

အနီရောင် မြေခွေးလေးက သူ့အမြီးကို ယပ်တောင်သဖွယ်ခတ်၍ လေလှိုင်းများ ဖန်တီးလိုက်သည်။ သူက သွားများကို ပြပြီး ပြောလိုက်၏။

“ဘာကို လှတာလဲ။ သူက အမြဲတမ်း ခံစားချက်ကင်းမဲ့နေတာ။ ငယ်ငယ်ကတည်းက ပြုံးပြရတာကိုတောင် လုံးဝမကြိုက်ဘူး။ သူက အရမ်းလည်း မာနကြီးတယ်။ သူက ကံကောင်းမှုတွေနဲ့ မထိုက်တန်တဲ့ လူတစ်ယောက်ဆိုတာ အသေအချာပဲ။ ဝက်မတစ်ကောင်က ဖင်ကြီးရင်တောင် အဲဒီအဘိုးကြီးက လှတယ်လို့ ပြောဦးမှာပဲ..”

ချောင်ကျွင်းက ခဏကြာ စဉ်းစားနေပြီးနောက် အသံတိုးတိုးနှင့် မေးလိုက်သည်။

“သူက လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)လုံးလုံး အစွမ်းထက် ဖိနှိပ်ခြင်း ကျောင်းဆောင်ထဲမှာ နေခဲ့ရတယ်လို့ ကြားတယ်။ ဒါကြောင့် သူက အဲဒီလူရဲ့အစေခံ ဒါမှမဟုတ် ကိုယ်လုပ်တော်ဖြစ်လာဖို့ မျှော်လင့်နေတာလား…”

အနီရောင် မြေခွေးလေးက သူ၏အမြီးကို လှုပ်ရှားလိုက်ပြီး ဗိုက်ကို လက်နှင့်ကိုင်၍ အားရပါးရ ရယ်လိုက်သည်။ သူက ဤကမ္ဘာကြီးထဲတွင် ရယ်စရာအကောင်းဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို ဖြစ်နေခဲ့၏။

“ဆရာကြီးပိုင်က သူ့ကို သဘောကျမှာလား။ သူက ကမ္ဘာ(၉)ခုမှာ သက်တမ်းအကြာဆုံး နေခဲ့ဖူးတဲ့ နတ်ဆိုးဘုရင်တွေထဲက တစ်ယောက်ဖြစ်တဲ့အပြင် ကမ္ဘာနှစ်ခုကို သွားလာနေတဲ့ လူတစ်ယောက်ပဲလေ။ သူ့လိုလူက ဘယ်လိုမိန်းမမျိုးကို မမြင်ဖူးဘဲ နေမှာလဲ။ သူက ဒီလို မြေခွေးလေးတစ်ကောင်ကို သဘောကျမှာလား..”

ပင်လယ်ဖိနှိပ်ကျောင်းဆောင်က တောင်ပိုင်းဝဲကတော့ကုန်းမြေ၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိနေသည်။ တိုက်တိုက်ဆိုင်ဆိုင် ချောင်ကလန်ကလည်း ထိုကျောင်းဆောင်၏ အစောင့်အကြပ်များထဲမှာ တစ်ခုဖြစ်၏။ ထို့ကြောင့်လည်း ချောင်ကျွင်းက ထိုအရာ၏ လျှို့ဝှက်ချက်များစွာကို သိနေရခြင်း ဖြစ်သည်။

အနီရောင် မြေခွေးလေးက အသံတိုးတိုးနှင့် ဆက်ပြောလိုက်၏။

“လမ်းစဉ်(၃)သွယ်က သူတော်စင်တွေက ငါတို့ရဲ့ဆရာကြီးပိုင်ကို တစ်ခါမှ မျှမျှတတ မဆက်ဆံခဲ့ဘူး။ ဆရာကြီးပိုင်ကို အကူအညီပေးတဲ့သူတွေက …”

“ကောင်မစုတ်…

နင်က သေချင်နေတာလား။ နင့်ပါးစပ် မပိတ်သေးဘူးလား…”

ချောင်ကျိက အိမ်ထဲမှနေ၍ လှမ်းအော်လိုက်သည်။

အနီရောင် မြေခွေးလေးက ရုတ်တရက် သတိပြန်ဝင်လာခဲ့၏။ သူက စကားပြောမှားသွားကြောင်း နားလည်သွားသည့်အချိန်တွင် ကောင်းကင်ပေါ်သို့ ကြည့်ပြီး လက်အုပ်ချီ၍ ဦးညွှတ်လိုက်သည်။ သူမ၏ အပြစ်ကို ခွင့်လွှတ်ပေးရန် တောင်းပန်လိုက်ခြင်းလည်း ဖြစ်၏။ ထိုအရာတွင်သာမက သူမက ချောင်ကျိ၏ တိုက်ခိုက်မှုကိုလည်း ရှောင်တိမ်းခဲ့ခြင်းမရှိချေ။

အဘိုးအိုက လက်ချောင်းလေးများကို ညှစ်လိုက်ရာ ဓားချီစွမ်းအင်တစ်ခုက အနီရောင် မြေခွေးလေး၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ပေါက်ကွဲသွားစေခဲ့သည်။

“နင်က စကားလုံး (၂၀)ပြောခဲ့တယ်။ ဒီတော့ အပြစ်ပေးမှုကို အေးအေးဆေးဆေး လက်ခံလိုက်…”

တစ်ခုပြီးတစ်ခု ဆိုသလို ချောင်ကျိက ကြောက်စရာကောင်းသော ဓားချီစွမ်းအင်အမျှင်လေး အခု (၂၀) လွှတ်လိုက် လွှတ်လိုက်သည်။ အနီရောင်မြေခွေးလေးကလည်း တစ်ခုမျှ ရှောင်တိမ်းခဲ့ခြင်း မရှိချေ။

အဆုံးတွင်တော့ ချောင်ကျွင်းက သေလုဆဲဆဲဖြစ်နေသော မြေခွေးလေးကို အိမ်ထဲသို့ ပြန်ခေါ်လာခဲ့၏။ သို့သော် ချောင်ကျိက ဒေါသထွက်နိုင်ခြင်း မရှိချေ။ သူက ချောင်ကျွင်း၏လက်ထဲတွင်ရှိနေသော မြေခွေးကို လက်ညှိုးထိုးပြီး အော်ပြောလိုက်၏။

“တကယ်လို့ နင်က သေချင်နေတယ်ဆိုရင်လည်း ဘာလို့ ရွမ်ချုံရဲ့ ဓားမီးဖိုကြီးထဲကို ခုန်မချရတာလဲ။ ဒါဆိုရင် အနည်းဆုံးတော့ ရွမ်ချုံက နင့်ကို ကျေးဇူးတင်နိုင်သေးတယ်။ နင်က ဒီနေရာမှာ ေလျှောက်ပြောပြီး ငါတို့ချောင်ကလန်ကိုပါ နင်နဲ့အတူ ဆွဲမချနဲ့…”

“ကောင်းကင်ကြီးက အဆုံးမရှိဘူး။ ကမ္ဘာမြေကြီးက ကျယ်ပြန့်တယ်။ လမ်းစဉ်(၃)သွယ် တည်ထောင်သူတွေက နင့်ရဲ့စကားလုံးတွေအတွက် နင့်ကို အပြစ်ပေးချင်မှပဲ ပေးလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ တပည့်တွေကရော။ တခြားသူတွေကို မပြောနဲ့ ။ ကျောက်စက်ပန်းဆွဲတောင်ရဲ့ အရှင်သခင်ဆီမှာတောင် ဘယ်လိုသဘောထားမျိုး ရှိနေတာလဲ။ နင် အဲဒါကို မသိဘူးလား။ နင်က တော်တော်ဆိုးတဲ့ မိန်းမပဲ…”

အနီရောင်မြေခွေးလေးက ခေါင်းကို အမြီးနှင့် ဖုံးထားခဲ့၏။ သူက သတိလစ်နေခဲ့သည်။

“တော်လောက်ပြီ…”

ချောင်ကျွင်းက တိုးတိုးလေး ပြောလိုက်၏။

“သူမရှိရင် ခင်ဗျားလည်း ဒီနေ့လို နေရာမျိုးကို ရောက်လာမှာ မဟုတ်ဘူး။ ခင်ဗျားကမှ တကယ့်မကောင်းဆိုးဝါးတစ်ယောက်ပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့သိစိတ်ကို နည်းနည်းလောက် ထိန်းထားဖို့တော့ လိုသေးတယ်…”

ချောင်ကျိက ရုတ်တရက် ရပ်လိုက်ပြီး ပြုံးနေခြင်း မရှိတော့သော သူ့မျိုးဆက်ကို မျက်နှာပူပူနှင့် စိုက်ကြည့်နေခဲ့၏။ သူ့မျက်နှာပေါ်တွင် အထင်သေးမှုများ ရှိနေပြီး သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

“သွားစမ်း.. ယွမ်ကလန်က အဆင့်တူကောင်လေးကို မတားဖို့ အဲဒီကောင်စုတ် ချောင်မောက်ကို သွားပြောလိုက်။ ဒီလို အမြင်ကျဉ်းတဲ့ကောင်မျိုးက တာ့လီအင်ပါယာထဲမှာ ဒီလိုစိတ်ထားမျိုးနဲ့ အကျိုးမဲ့တဲ့ ဆုံးရှုံးမှုပဲ ရလိမ့်မယ်။ တကယ့်အမှိုက်တွေပဲ။ မင်းတို့ သူတို့က ဘာလို့များ သွားမသေကြသေးတာလဲ…”

“သူတို့က ငါ့ဆီကို လာလည်ရဲတဲ့မျက်နှာ ရှိသေးတာလား။ သူတို့ရဲ့ဘိုးဘေးဖြစ်တဲ့ ငါ့ကို လာတွေ့ရဲတဲ့ မျက်နှာ ရှိသေးတာလား။ သူတို့ကို ထွက်သွားဖို့ ပြောလိုက်စမ်း..”

မြေခွေးလေးကို သယ်ဆောင်သွားရင်း ချောင်ကျွင်းက ဝမ်းနည်းနေသော အမူအရာနှင့် လှည့်ထွက်သွားခဲ့၏။

ချောင်ကျိက ဘိုးဘေးစံအိမ်တွင် တစ်ယောက်တည်း ရပ်နေခဲ့၏။ သူက ခြံဝန်းထဲတွင် ဖြည်းညင်းစွာ သွားလာနေခဲ့သည်။ တစ်ချိန်တုန်းက ဤနေရာတွင် နာမကျန်းသော အဘိုးအိုတစ်ယောက် ရှိခဲ့ဖူးသည်။ သူက တစ်နှစ်ပြီးတစ်နှစ် အလင်းရောင် အနည်းငယ်သာ ရသော အခန်းလေးထဲရှိ အိပ်ရာပေါ်တွင် နေခဲ့ရ၏။ သူ့ဆီတွင် တာဝန်မသိတတ်သော အရက်သမား သားတစ်ယောက်လည်း ရှိသည်။ ထိုလူကတော့ အချိန်ကျလျှင် ပေးရမည့် အသုဘစားရိတ်အတွက် အမြဲလိုလို စိုးရိမ်နေခဲ့၏။

သူတို့အပြင်ကြောက်လန့်ပြီး မနက်စောစော အမြဲတမ်းနိုးတတ်သည့် အမျိုးသမီး တစ်ယောက်လည်း ရှိသည်။ သူမကတော့ အိမ်အလုပ်များကို လုပ်ဆောင်ရန် လိုအပ်သည့်အပြင် လယ်ကွင်းထဲတွင်လည်း အလုပ်လုပ်ရန် လိုအပ်သည်။ သူမ အသက် (၃၀) ရောက်သည့်အချိန်တွင် ရွှံ့ပုလင်းလမ်းကြားထဲမှ အသက် (၄၀) အရွယ် တခြားအမျိုးသမီးများထက်ပင် ပို၍ အိုစာနေပုံပေါက်သည်။

သို့သော် ထိုအချိန်တွင် မည်သည့်အရာကိုမျှ မကြောက်သော ဆင်းရဲနွမ်းပါးသည့် လူငယ်လေး တစ်ယောက်လည်း ရှိသည်။ သူကတော့ နေ့စဉ်နေ့တိုင်း ပြုံးနေပြီး စာပေလေ့လာခြင်း မရှိသလို အလုပ်လည်း မလုပ်ချေ။ ထိုအစား သူက တစ်နေ့နေ့ ဖုလုလမ်းကြားထဲတွင် အကြီးဆုံးစံအိမ်တစ်ခု ဝယ်မည်ဟု အိပ်မက်မက်နေခဲ့၏။ ထိုနေ့ ရောက်လာလျှင် သူ့အဖိုးနှင့် မိဘများက အသက်ရှင်နေခြင်း ရှိမရှိကိုတော့ ထိုကောင်လေးက စဉ်းစားခဲ့ခြင်းမရှိချေ။ သူကတော့ အမြဲတမ်း ပျင်းရိပြီး အိပ်မက် မက်နေခဲ့၏။

လူငယ်လေး တစ်ယောက် မဟုတ်တော့သော အဘိုးအိုက သံချေးတက်နေသော ကြေးပြားတစ်ခုကို ခေါင်းပေါ်တွင် ကိုင်ထားခဲ့၏။ သူက ကြေးပြား၏ အလယ်တွင် ရှိနေသော လေးထောင့်အပေါက်လေးကို ဖြတ်၍ ကြည့်လိုက်သည်။ သူက ခြံဝန်း၏ အပေါ်ဘက် ကောင်းကင်ကြီးကို ထိုလေးထောင့်အပေါက်လေးမှတဆင့် ဖြတ်၍ ကြည့်လိုက်၏။

အတိတ်ကို ပြန်လည်စဉ်းစားကြည့်နေစဉ် စကားတစ်ခွန်းကို အမှတ်ရသွားခဲ့၏။

“အမေ …

နောက်ပိုင်း ကျွန်တော် အောင်မြင်သွားတဲ့အချိန်ကျရင် အမေ့ကို ရွှေပုံ ငွေပုံကြီးပေါ်မှာ အိပ်ခိုင်းမယ်…”

“ဟုတ်ပါပြီ…”

“အမေ ကျွန်တော် အတည်ပြောတာ။ အဲဒီကြေးပြားကို မြန်မြန်သိမ်းလိုက်တော့။ မင်းအဖေ မြင်သွားရင် ယူသွားလိမ့်ဦးမယ်…”

ချောင်ကျိက ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသော အသံနှင့် ပြောလိုက်၏။

“ငါက အင်မော်တယ်တစ်ယောက် ဖြစ်လာပေမယ့် ဒီနေရာရဲ့ လူသားဆန်တဲ့ ခံစားမှုတွေက လုံးဝ ပျောက်မသွားသေးပါလား.…”

Translated by Hein Htet.

All Chapters