← Chapters

ပြင်းထန်စွာ ခြုံခိုက်တိုက်ခိုက်ခြင်း

Vol. 29 Ch. 289

ပြင်းထန်စွာ ခြုံခိုက်တိုက်ခိုက်ခြင်း

Vol. 29 Ch. 289

သူသည် နှာခေါင်းရှုံ့ရင်း ခေါင်းမော့ကာ လေကို အားရပါးရ ရှုသွင်းလိုက်၏။

"အင်း ဒါ လူသားတွေရဲ့ အနံ့ပဲ"

လေထဲတွင် ပါလာသည့် ထူးခြားသော အနံ့တမျိုးကို ခွဲခြမ်းစိတ်ဖြာရင်း သူက အသံတိုးတိုးနှင့် မှတ်ချက်ချလိုက်သည်။

ထို့နောက် သူသည် တောင်ဆီသို့ ဦးတည်နေသော ခြေလှမ်း၏ အမြန်နှုန်းကို မြှင့်တင်လိုက်၏။

တကယ်တော့ သူသည် သတ်ဖြတ်ရခြင်းကို အလွန်နှစ်သက်သူ ဖြစ်သည်။

လျှောက်နေရင်းနှင့်ပင် နှာခေါင်းထဲတွင် သွေးညှီနံ့များရလာသလို သူ ခံစားလိုက်ရ၏။

သူ့နာမည်ကား ဘာကီပင် ဖြစ်သည်။ သူသည် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှသော လူသားများကို လက်စတုန်းပစ်ချင်သူ ဖြစ်သည်။ ထက်သန်သော စိတ်ဆန္ဒကြောင့် ဘာကီ၏ ခြေလှမ်းများသည် ပို၍ မြန်ဆန်လာ၏။

သိပ်မကြာမီ ဘာကီတယောက် တောင်ခြေသို့ ရောက်ရှိလာလေသည်။ တောင်ခြေသို့ ရောက်သည်နှင့် လူသားတယောက်ကို ဘာကီ တွေ့လိုက်ရသည်။ လူသားကား ပဲ့စေ့ပမာ အလွန် သေးငယ်လှ၏။ သို့သော် အရွယ်နှင့်မလိုက်အောင် ထောင်လွှားနေပုံလည်းရသည်။ သူက ဘာကီကိုပင် ရန်စနေသေး၏။

___________×××_____________×××_____________

"သတ္တိရှိရင် ငါ့ဆီလာခဲ့လေကွာ အလကားကောင်ကြီး မင်းကိုငါ အမှုန့်ကြိတ်ပစ်မယ်ကွ"

ကျောက်စင်းသည် မျက်နှာကို မဲ့ကာရွဲ့ကာနှင့် ဘာကီအား အခြောက်တိုက် ရန်စလိုက်၏။

ကျောက်စင်းကိုကြည့်ရင်း ဘာကီက နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်၏။ သူ စိတ်မဆိုးချေ။ သေနေပြီးသော လူများကြောင့်တော့ ဘာကီ စိတ်အနှောင့်အယှက် အဖြစ်မခံ။

သူက ပါးစပ်ကိုဟရင်း အားရပါးရ ရယ်မောလိုက်၏။ ထို့နောက် ကျောပေါ်မှ ပုဆိန်ကို ဆွဲဖြုတ်ကာ ကျောက်စင်းဆီသို့ တဟုန်ထိုး ပြေးဝင်လိုက်လေသည်။

တကယ်တော့ ကျောက်စင်းသည် သတ်ဖြတ်သူတယောက်နှင့်သာ ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သို့သော် သူ့စိတ်ထဲတွင်တော့ စစ်တပ်ကြီးတတပ်လုံးနှင့် ရင်ဆိုင်တိုးသကဲ့သို့ ခံစားလိုက်ရ၏။

သတ်ဖြတ်သူမျိုးဆက်သစ်သည် မုန်ယိုနေသော ကျွဲသိုးကြီးတကောင်ကဲ့သို့ သူ့ထံသို့ ဝါးလုံးထိုးပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်နှင့် ကျောက်စင်းသည် နောက်ကို လျင်မြန်စွာ ခုန်ဆုတ်လိုက်၏။ တချိန်တည်းမှာပင် လျပ်တပြက်မိုးဖွဲအပ်ချောင်းများနှင့် ပြန်လည်တိုက်ခိုက်လိုက်လေသည်။

ကျောက်စင်း၏ တုံ့ပြန်မှုကို မြင်သည်နှင့် သတ်ဖြတ်သူ မျိုးဆက်သစ်လူငယ်က အားရပါးရ ရယ်မောလိုက်၏ ထိုအချိန်တွင် သူ့ရင်ဘတ်ပေါ်ရှိ ဆေးမင်စာလုံးများသည် ကြက်သွေးရောင်ပမာ တောက်ပလာပြီး ပြင်းထန်သောဟအားလှိုင်းတခုက သူ့ကို လွှမ်းခြုံထားလိုက်၏။ ကျောက်စင်း၏ မိုးဖွဲအပ်ချောင်းများသည် ကျောက်တုံးကြီးကို ထိမှန်သွားသည့်ပမာ တဖွဲဖွဲနှင့် ပြုတ်ကျကုန်၏။ တချိန်တည်းမှာပင် ကျောက်ပုဆိန်ကြီးက ကျောက်စင်းဆီသို့ တိုးဝင်လာ၏။

ပေပေါင်း၁၀၀။

သတ်ဖြတ်သူလူငယ် စတင်တိုက်ခိုက်လိုက်ချိန်ဝယ် သူနှင့် ကျောက်စင်းအကြား အကွာအဝေးမှာ ပေ၁၀၀တိတိ ရှိနေ၏။ ပုဆိန်သည် မြေကြီးကို ပြင်းထန်စွာ ထိမှန်သွားလေသည်။

ပုဆိန်ချက်ကြောင့် မြေကြီးတခုလုံးသည် အက်ကွဲသွားပြီး ထိုအက်ကွဲရာသည် ကျောက်စင်း၏ ခြေဖဝါးရှေ့သို့တိုင်အောင် ရောက်ရှိလာ၏။

ထိုတိုက်ခိုက်မှုကို တုံ့ပြန်ရန် ကျောက်စင်းသည် လေထဲသို့ တအားကုန် ခုန်တက်လိုက်၏။ သူ့နောက်ကျောတွင် ရွှေရောင်သိမ်းငှက်မျက်လုံး ပေါ်ပေါက်လာပြီး သိမ်းငှက်သည် တောင်ပံတဖြတ်ဖြတ်ခတ်ကာ ကျောက်စင်းအား ကောင်းကင်ပေါ်သို့ ခေါ်ဆောင်သွားလေသည်။

ဘာကီ ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်၏။ သူ့ကိုယ်ပေါ်ရှိ ဆေးမင်စာများသည် နောက်တကြိမ် ပြန်လည်တောက်ပလာသည်နှင့် သူက မြေကြီးကို ဆောင့်နင်းလိုက်၏။ ဘုန်းခနဲ မြည်သံနှင့်အတူ သူ့ခြေထောက်အောက်တွင် ပင့်ကူမျှင်ကဲ့သို့ အမြှေးပါးများ ပေါ်ပေါက်လာပြီး ဘာကီ၏ တကိုယ်လုံး လေပေါ်သို့ မြောက်တက်သွားလေသည်။

ပြင်းထန်သော တွန်းကန်အားကြောင့် ဘာကီသည် ကျောက်စင်း၏ အနီးသို့ လျင်မြန်စွာ ရောက်ရှိသွား၏။ ထိုအခါ သူက ကျောက်ပုဆိန်ကြီးနှင့် ကျောက်စင်းကို နောက်တကြိမ် ပြန်လည်ခုတ်ပိုင်းလိုက်ပြန်သည်။ ပုဆိန်သည် သူ့လမ်းကြောင်းပေါ်ရှိ ရှိသမျှအရာအားလုံးကို ခုတ်ဖြတ်သွားမည့်ပမာ ထိတ်လန့်စရာ အရှိန်အဟုန်ကို သယ်ဆောင်လာ၏။

ကျောက်ပုဆိန်ကြီး လမ်းတဝက်ရောက်သည်နှင့် ကျောက်စင်းက သူ့အမြန်နှုန်းကို ရုတ်တရက် တိုးမြှင့််လိုက်၏။ သူ့ကိုယ်ခန္ဓာသည် အလင်းတန်းတခုကဲ့သို့ လှစ်ခနဲ လှုပ်ရှားသွားပြီး ဘာကီ၏ ပုဆိန်ချက်မှာလည်း လေကိုသာ ခုတ်မိသွားလေသည်။

ဘာကီသည် မြေကြီးပေါ်သို့ အရှိန်ပြင်းစွာနှင့် ပြုတ်ကျလာ၏။ သူ့ပုဆိန်သည်လည်း မြေကြီးကို ထပ်မံခုတ်မိသွားလေရာ ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး ကျောက်စိုင်ကျောက်ခဲများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားလေသည်။

ကျောက်စင်း၏ မျက်နှာတခုလုံး ပြာနှမ်းသွား၏။ သူသည် လေထဲမှာပင် ကျွမ်းပစ်ရင်း ကျောက်တုံးစက်ကွင်းနှင့် လွတ်ရာဆီသို့ ခုန်ဆင်းလိုက်ရ၏။ သို့တိုင်အောင် ကျောက်စင်းကား သူ့တာဝန်ကို သူ့မမေ့ချေ။ မရှုမလှ ထွက်ပြေးနေရသည့်တိုင် ဘာကီကို ရန်စနေသေး၏။

"ဟေ့ကောင် ဝိတ်ပေါကြီး လာလေကွာ ငါဒီမှာ"

သို့သော် ဘာကီက ကျောက်စင်းနောက်သို့ အလျင်စလို လိုက်လာခြင်းမရှိပေ။

သူက လေထဲသို့ အနံ့ခံရင်း မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။

"အနံ့အသက်က တမျိုးပဲ ဒီနေရာမှာ လူတယောက်မကဘူး ထင်တယ်"

သူသည် ပြောပြောဆိုဆို ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် ကြည့်နေ၏။ တချိန်တည်းမှာပင် နှာခေါင်းကို ရှုံ့ချီပွချီလုပ်ရင်း လူနံ့ ခံနေလေသည်။

ကျောက်စင်းသည် ထိတ်လန့်တုန်လှုပ်စ ပြုလာ၏။ သူသည် သတ်ဖြတ်သူလူငယ်၏ ပြိုင်ဘက်မဟုတ်မှန်း သဘောပေါက်ထားပြီးသားပင်။ သို့သော် သူသည် အံကိုတင်းတင်းကြိတ်ရင်း မိုးဖွဲအပ်တဆုပ်ကို ဘာကီထံသ်ု့ိ ပစ်လွှတိလိုက်၏။

ဤတကြိမ်တွင်တော့ ဘာကီသည် ကျောက်စင်း၏ တိုက်ခိုက်မှုကို ပုဆိန်နှင့်် ခံပေးလိုက်၏။ မိုးဖွဲအပ်များသည် ပုဆိန်သွားကို ထိမှန်ကာ မြေကြီးပေါ်သို့ ပြုတ်ကျကုန်ကြပြန်၏။

ကျောက်စင်း၏ အမူအရာကို ကြည့်ရင်း ဘာကီက ဟားတိုက်ရယ်မောလိုက်သည်။

"ဟား ဟား ဟား ဘာလဲ မင်းက မင်းသူငယ်ချင်းကို စိတ်ပူနေတာလား"

ကျောက်စင်း ကြက်သေသေသွား၏။

ဘာကီက ထပ်မံရယ်မောလိုက်ပြန်သည်။

သတ်ဖြတ်သူများသည် အရိုင်းဆန်၏။ ရက်စက်ကြမ်းကြုတ်၏။ သို့သော် လူအများတော့ မဟုတ်ပေ။

ဘာကီက အော်ဟစ်ကြုံးဝါးလိုက်၏။

"ဘယ်လောက်တောင် အသုံးမကျလိုက်တဲ့ ချစ်ခင်ရင်းနှီးမှုတွေလဲကွာ"

ဘာကီ၏ ကိုယ်ပေါ်ရှိ စာလုံးများသည် နောက်တကြိမ် အနီရောင်သန်းလာပြန်၏။ ထိုအချိန်မှာပင် ဘာကီသည် ကျောက်စင်းဆီသို့ တဟုန်ထိုး ခုန်ဝင်လိုက်တော့သည်။ သူ၏ ဆောင့်နင်းမှုကြောင့် မြေပြင်မှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါနေ၏။

"သေပေတော့"

ဘာကီသည် ကျောက်ပုဆိန်ကြီးကို ဝေ့ယမ်းကာ ကျေညက်စင်းအား ခုတ်ချလိုက်၏။

ကျောက်စင်းကလည်း လေကဲ့သို့သော လျင်မြန်မှုမျိုးနှင့် ရှောင်တိမ်းပေးလိုက်သည်။ ပုဆိန်သည် လေထုကိုသာ ခုတ်ဖြတ်မိသွား၏။ သို့သော် ပုဆိန်နှင့်အတူ ပါလာသော ကြောက်စရာအားလှိုင်းများကြောင့် ကျောက်စင်းခမျာ နောက်ဘက်သို့ လွင့်စင်သွားလေသည်။

တကယ့်ကို လေတိုက်ခတ်ခံလိုက်ရသည့် သစ်ရွက်ကြွေပမာ ကျောက်စင်း လွင့်စင်သွားခြင်း ဖြစ်သည်။ ထိုအခါ ဘာကီသည် ကျောက်စင်း မြေပေါ်သို့ ပြန်ကျမည့်အချိန်ကို စောင့်မနေတော့ပဲ လေထဲသို့ ခုန်ထွက်ကာ ကမ္ဘာမြေအက်ကွဲလောက်မည့် အရှိန်အဟုန်မျိုးနှင့် ကျောက်စင်းအား ထပ်မံခုတ်ချလိုက်ပြန်သည်။

တချက်ဆိုမှ တကယ့်ကို တချက်တည်း။

သို့သော် တချက်ဆို ဆိုသလောက် ထိရောက်၏။ ပုဆိန်မှ ထွက်ပေါ်လာသော အားလှိုင်းများသည် မိုးကြိုးပစ်ခတ်လိုက်သည့်ပမာ ကျောက်စင်းကို တည့်မတ်စွာ ထိမှန်သွား၏။ ပုဆိန်ချက်ကြောင့် ကျောက်စင်း၏ ဒွာရပေါက်များမှ သွေးများ တလဟော စီးကျလာလေသည်။ အကယ်၍ ကျောက်စင်းသာ ကာကွယ်ရေးမူလကိရိယာကို နှိုးဆွမထားခဲ့လျင် ပုဆိန်ချက်ကြောင့် ထိုနေရာမှာပင် အသက်ပျောက်သွားဖွယ်ရာ ရှိနေ၏။

ကျောက်စင်းသည် မြေကြီးပေါ်သို့ ဝုန်းခနဲ ပြန်ပြုတ်ကျလာ၏။ သူ့ပါးစပ်မှလည်း သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်လေသည်။

ထိုအချိန်တွင် ဘာကီကလည်း ကျောက်တုံးကြီးတတုံးပမာ မြေကြီးပေါ်သို့ ပြန်လည်ဆင်းသက်လာ၏။ လေးလံလှသော သူ့ကိုယ်ကာယကြောင့် ဖုန်များတလိန်းလိန်းထလာပြီး ကျောက်စိုင်ကျောက်သားများမှာ အရပ်ရှစ်မျက်နှာသို့ လွင့်စင်သွား၏။

ဘာကီသည် ရှေ့သု့ိတလှမ်းတိုးလိုက်ပြီး ကျောက်စင်းကို ဟိန်းဟောက်လိုက်သည်။

"ခွေးမသား လေလုံးထွားသလောက် အလကားကောင် ပျင်းစရာကောင်းလိုက်တာကွာ"

ပြောပြောဆိုဆို သူက ပုဆိန်ကို ကျောပေါ်တွင် ပြန်ချိတ်လိုက်ပြီး လက်တဖက်ကို ထောင်ပြကာ ပြောလိုက်၏။

"လူသားကောင် မင်းလိုကောင်မျိုးကို လက်တဖက်တည်းနဲ့ သတ်ပြမယ်ကွ"

ကျန်းစင်းကား မြေကြီးပေါ်တွင် ဒယိမ်းဒယိုင်နှင့် မတ်တပ်ရပ်လျက် ရှိလေသည်။ သူ့လက်ထဲတွင်တော့ ဓားတချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

ဘာကီ၏ လက်ပေါ်ရှိ ဆေးမင်စာများကား နောက်တကြိမ် ပြန်လည်တောက်ပလာခဲ့ပြန်ပြီတည်း။

ထိုအခိုက်မှာပင် ကျောက်စင်း၏ ဓားကလည်း လေထဲတွင် ဖြတ်ခနဲ လှုပ်ရှားသွား၏။

သို့သော် ဘာကီးကား ကျောက်စင်း၏ တိုက်ခိုက်မှုကို လားလားမျှ ဂရုစိုက်ဟန်မတူ။ သူက ကျောက်စင်းက်ို လက်သီးနှင့် လှမ်းထိုးရင်း အော်ဟစ်လိုက်၏။

"ဒီလောက်နဲ့တော့ ဘယ်ရမလဲကွ"

ဓားနှင့်လက်သီးသည် လမ်းခုလတ်မှာပင် ဆုံစည်းမိသွား၏။ လက်သီးချက်ကြောင့် ဓားသွားသည် ပြာနှမ်းနှမ်းအရောင်တောက်လာပြီး တစစီ ကွဲကြေသွားလေသည်။ သတ္တုအမှုန်အမွှားများမှာကား လေနှင့်အတူ လွင့်ပျံသွား၏။

ကျောက်စင်း၏ ဓားသည် မူလကိရိယာတော့ မဟုတ်ချေ။ သို့တိုင်အောင် လက်သီးတချက်တည်းကြောင့် သူ့ဓား ပျက်းစီးသွားရသည့်အတွက် ကျောက်စင်း အတော်လေး အံ့သြသွား၏။ ထိုအချိန်တွင် လက်သီးမှ အားလှိုင်းများသည် သူ၏ ရင်ဝသို့ တိုးဝင်လာပြန်လေရာ ကျောက်စင်းတယောက် နောက်ဘက်သို့ ထပ်မံ လွင့်စင်သွားရပြန်၏။

ဤတကြိမ် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့်နောက်တွင်တော့ ကျောက်စင်းတယောက် အချိန်အတော်ကြာသည်အထိ ပြန်မထနိုင်ပဲ ရှိလေသည်။

ကျောက်စင်းကိုကြည့်ရင်း ဘာကီက ရယ်မောလိုက်ပြန်၏။

"တော်တော်အသုံးမကျတဲ့ လူသားပဲကွ လူတိုင်း မင်းလိုချည်းပဲဆိုရင် ဒီခရီးကတော့ အတော်ကို ပျင်းစရာကောင်းနေတော့မှာပဲ"

ထိုအချိန်တွင် ကျောက်စင်းသည် မြေကြီးပေါ်တွင် မတ်တပ်ပြန်ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူက ရင်ဘတ်ကို ဖိရင်း ပြောလိုက်၏။

"မင်းကိုမင်းတော့ အတော်ကြီး သေချာနေတာပဲ ဒါပေမဲ့ ခုချိန်ထိ ငါ့ကို မသတ်နိုင်သေးဘူးဆိုတာတော့ မင်း မမေ့နဲ့အုံး"

စကားဆုံးသည်နှင့် ကျောက်စင်းက လက်ကို ဝေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော အပ်ချောင်းများသည် မိုးသီးမိုးပေါက်များပမာ ဘာကီထံသို့ ပြေးဝင်လာ၏။

ဘာကီသည် အင်အားကြီးသည်တော့ မှန်၏။ သို့သော် ထိုအပ်ချောင်းများသာ သူ့မျက်လုံးကို ထိမှန်သွားပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်၏။ ထို့ကြောင့် ဘာကီသည် ခေါင်းကိုနှိမ့်ကာ မျက်လုံးကို မှိတ်လိုက်၏။ တဖန် လက်ကိုမြောက်ကာ မျက်နှာကို ကာကွယ်ထားလိုက်ပြန်သည်။ ထိုအချိန်တွင် သူ့ကိုယ်ပေါ်ရှီ စာလုံးများသည် ပြန်လည်တောက်ပလာပြီး သူ့အရေပြားများမှာလည်း ကျောက်စိုင်ကျောက်သားများပမာ မာကျောလာပြန်၏။

မိုးဖွဲအပ်ချောင်းများကား နောက်တကြိမ် အဟောသိကံ ဖြစ်သွားရပြန်သည်။ ဤတကြိမ်တွင်တော့ အပ်ချောင်းများကြောင့် ဘာကီ၏ လက်တွင် အနီစက်လေးများ ဖြစ်ပေါ်လာ၏။ သို့သော် အပရိကဒဏ်ရာမျှသာ ဖြစ်သည်။ ဘာကီအတွက် ထိုဒဏ်ရာလောက်က ပုရွက်ဆိတ်ကိုက်သလောက်သာ ရှိလေသည်။

ဘာကီ ရယ်မောလိုက်၏။

"ဘယ်လောက်တောင်အားနည်းလိုက်တဲ့ တိုက်ခိုက်မှုလဲကွာ"

ကျောက်စင်းကလည်း ပြန်ပြောလိုက်သည်။

"ကျုပ်ကလည်း ခင်ဗျား ဒဏ်ရာကြီးကြီးမားမား ရလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး ဒါပေမဲ့......"

ဤနေရာအရောက်တွင် ဘာကီက ရုတ်တရက် အသံက်ို နှိမ့်လိုက်၏။

ကျောက်စင်း၏ နောက်ဆုံးစကားကို ဘာကီ မကြားလိုက်ရပေ။

"မင်း ဘာပြောလိုက်တာလဲ"

"ငါ ပြောလိုက်တာက...."

ကျောက်စင်း ရုတ်တရက် ထရယ်လိုက်၏။

"ဟား ဟား ဟား မင်းဟာ တကယ့်လူမိုက်ပဲကွ"

ဘာကီ၏ စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်များကို ရုတ်တရက် ခံစားလိုက်ရသည်။

သူက နောက်ကို ချာခနဲလှည့်ပြီး လက်သီးနှင့် လှမ်းထိုးလိုက်၏။

ဘာကီ၏ လက်သီးသည် သူ့နောက်ကျောရှိ ခြုံပုတ်ကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားလေသည်။

ထို့နောက်တွင်တော့ သံချောင်းကဲ့သို့ မာကျောသော ဘာကီ၏ လက်သည် ပုတ်သိုးဆွေးမြေ့နေသော သစ်အိုပင်ကြီး၏ အကိုင်းအခက်များကဲ့သို့ ဆတ်ခနဲ ကျိုးကြေသွားရှာသည်။

All Chapters