← Chapters

သတ်ဖြတ်လိုစိတ်

Vol. 019 Ch. 1842

သတ်ဖြတ်လိုစိတ်

Vol. 019 Ch. 1842

သိပ်မကြာလှသော အချိန်ကာလမှာပင် ကြီးမားသည့် ရန်ဟောင်တပ်ဖွဲ့က အဆက်မပြတ် သုတ်သင်ခံနေရသည်။ ရီဖူရှင်းသည် အင်ပါယာအလင်းတို့နှင့် လွှမ်းခြုံထားပြီး မည်သူကမှ သူ၏ လမ်းကို တားဆီးပိတ်ပင်မထားနိုင်ပေ။ သူတို့၏ လူများ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်မှုတစ်ချက်တည်းနှင့် သတ်ဖြတ်ခံ​နေရသည်ကို မြင်သည့်အခါ အခြားသော ရန်ဟောင်များ၏ စိတ်ထဲတွင် အလွန်အမင်း ကြောက်ရွံ့မှုတို့ ကြီးစိုးလာ၏။ သူတို့ထဲက အချို့သည် ပြန်ဆုတ်ခွာရန်ပင် တွေးနေကြပြီး သူတို့သည် တိုက်ပွဲ​မှ မြန်မြန် ထွက်ခွာလိုနေကြသည်။

ဤတိုက်ပွဲတွင် ပြီးပြည့်စုံခြင်းမရှိသည့် နတ်ဝင်ရိုးပိုင်ရှင်များက ရီဖူရှင်း၏ ရှေ့တွင် အမြှောက်စာလေးများ ဖြစ်ကုန်ကြသည်။ သူတို့က ချက်ချင်း အသတ်ခံခဲ့ဏသည်။ ထိုသို့သော အခြေအနေမျိုးတွင် မည်သူက သွား၍ သေချင်ပါမည်နည်း။

ကောင်းကင်ထက်မှ အခြားသော နတ်အလင်းများ ဖြာကျလာသည်။ ရီဖူရှင်းအနီးသို့ ကပ်လာသော တန်ခိုးရှင်အားလုံးက လရောင်နှင့် ထိတွေ့မိကာ ချက်ချင်း အသတ်ခံလိုက်ရသည်။

ရီဖူရှင်း၏ လွှမ်းမိုးနိုင်စွမ်းကြီးလှသော စွမ်းအားက လူအများကို သူ၏ ဘယ်ညာမှ တိုက်ပွဲများကိုပင် မေ့သွားစေသည်။

ဤတိုက်ပွဲသည် အဆင့်နိမ့်ရန်ဟောင်များကို ပုရွက်ဆိတ်များဟူသော ထင်ယောင်ထင်မှားကို ပေးစွမ်းပေသည်။

သူတို့သည် တူညီသောကျင့်ကြံဆင့်တွင် ရှိသော်လည်း သူတို့ကြားမှ ခွန်အားကွာခြားမှုက အလွန် ကြီးမားလှသည်။

ရန်ဟောင်များက တစ်ယောက်ပြီးတစ်ယောက် စတင် ဆုတ်ခွာသွားကြ၏။ သူတို့သည် ရီဖူရှင်းနှင့် ရင်ဆိုင်ရမည်ကို ​ကြောက်ရွံ့ကာ ရှောင်တိမ်းသွားကြသည်။ ကောင်းကင်အထက်တွင် ပြီးပြည့်စုံသော နတ်ဝင်ရိုးရှိသည့် ပါရမီရှင်များက မျက်မှောင်ကြုတ်သွားသည်။ သူတို့ရှေ့မှ တိုက်ပွဲနှင့် ရင်ဆိုင်ရသည့်အခါ သူတို့သည် အကူအညီမဲ့ကာ အကြံဉာဏ်မထွက်တော့သလို ခံစားရပေသည်။

သူတို့၏ လမ်းစဥ်စွမ်းအား တိုက်ခိုက်မှုက ရီဖူရှင်း အနီးကိုပင် မရောက်ရှိနိုင်ပေ။

“ကျုပ် သူ့ကို တားထားလိမ့်မယ်။ ခင်ဗျားတို့ တိုက်ကြ။” အသံတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာသည်။ လေထုထဲတွင် အနက်ရောင်အရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်က အလွန် ခမ်းနားထည်ဝါပေသည်။ သူ၏ ခန္ဓာကိုယ်မှ ရုန့်ရင်းကြမ်းကြုတ်သော အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။ သူ့ခန္ဓာကိုယ်ရှိ အနက်ရောင်အရှိန်အဝါတို့က ကောင်းကင်နှင့် မြေကြီးကြားတွင် ပြင်းထန်စွာ စီးဆင်းနေသည်။ သူ့လက်ထဲတွင် စူးရှသော အသံများကို ထုတ်လွှတ်နေသည့် အနက်ရောင်ပစ္စည်းတစ်ခု ရှိနေသည်။ ယင်းက အနက်ရောင်ချိန်းကြိုးများပင် ဖြစ်၏။

“သွား”

သူ၏ လက်က လှုပ်သွားပြီးနောက် ရုတ်တရက် ထိုချိန်းကြိုးကို မြေပြင်သို့ ပစ်ချလိုက်သည်။ ချက်ချင်းပင် ကျယ်လောင်သော ဆူညံသံများက လေထဲတွင် ပြည့်နှက်​နေပြီး ကောင်းကင်မှ အရေအတွက်များပြားလှသော အနက်ရောင်ချိန်းကြိုးများ ကျဆင်းလာပြီး နေကို ဖုံးကွယ်သွားသည်။ ချိန်းကြိုးတစ်ခုချင်းစီတိုင်းသည် နားကွဲလုမတတ် ဆူညံပေါက်ကွဲသံများ ထုတ်လွှတ်နေသည်။

သိန်းသန်းချီသော ချိန်းကြိုးများသည် အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံထားပြီး ရီဖူရှင်း၏ ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားလိုက်သည်။ အနက်ရောင်အလင်းများက ပေါက်ကွဲထွက်လာပြီး ထိုနေရာတစ်ခုလုံးကို အနက်ရောင်အကျဥ်းထောင်တစ်ခု အသွင် ပြောင်းလဲသွားစေ၏။ အချို့သော ချိန်းကြိုးများက ရီဖူရှင်းဆီသို့ ပျံသန်းလာသည်။

ယင်းက ဖျက်ဆီး၍မရနိုင်သော ဝိညာဥ်လက်နက် ​ဖြစ်သည်။ ၎င်း၏ တိုက်ခိုက်မှုက အားနည်းသော်လည်း တစ်ဖက်လူကို တားဆီးချုပ်နှောင်နိုင်စွမ်းရှိ၏။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းက အလွန် အန္တရာယ်ရှိနေ၏။ ၎င်းတို့က သူ့အား တားဆီးထားသည့်အတွက် သူ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသည်။

ရီဖူရှင်းက သူ့ခေါင်းကို မော့ကာ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ ယင်နတ်မိုးကြိုးများက ပေါက်ကွဲထွက်လာပြီး သူ့အနီးသို့ တိုးကပ်လာသည့် ချိန်းကြိုးများကို ရေခဲတို့ လွှမ်း၍ အေးခဲသွားစေသည်။ သူ၏ ကြောက်မက်ဖွယ် အကြည့်များက အနက်ရောင်အကျဥ်းထောင်ဖြစ်တည်နေသော ချိန်းကြိုးများ ကြားမှ ဖြတ်သန်းသွားပြီး လေထုအလယ်မှ ပုံရိပ်များဆီ ရောက်ရှိသွားသည်။

နတ်လက်နက်များ ထွက်ပေါ်လာပြီးနောက် ၎င်းသည် ကြီးမားသော အကျဥ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့အား ချုပ်နှောင်ထားလိုက်သည်။

လမင်းသည် ပို၍ အားကောင်းသန်မာသော နတ်အလင်းများကို ထုတ်လွှတ်လာပြီး အနက်ရောင်အကျဥ်းထောင်ကို လွှမ်းခြုံသွား၏။ အားလုံးသော ချိန်းကြိုးများက အေးစိမ့်လှသည့် ယင်စွမ်းအားများ စိမ့်ဝင်လာပြီး အနက်ရောင်အကျဥ်းထောင်၏ စွမ်းဆောင်မှုများက နှေးကွေးလာကာ ရပ်တန့်သွားတော့သည်။ ထို့နောက် အကျဥ်းထောင်က အေးခဲသွားပြီး နောက်ဆုံးတွင် လှုပ်ရှားမှုမရှိတော့ပေ။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် နေရာတစ်ခုဆီ တိုးဝင်သွားသည်။ နတ်ဓားက လင်းလက်သွားပြီး သူနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ သူသည် ချိန်းကြိုးများကို ဖြတ်သန်းကာ တဟုန်ထိုး ပြေးထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်ထက်ရှိ ပုဂ္ဂိုလ်ထံ လျင်မြန်စွာ တိုးဝင်သွားလေ၏။

တန်ခိုးရှင်များ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် လက်ကို ပြင်းထန်စွာ လှုပ်ရှားလိုက်ပြီး ရီဖူရှင်းကို ရစ်ပတ်ချည်နှောင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူသည် သူ၏ နတ်လက်နက်က ယင်စွမ်းအားများကြောင့် ထိန်းချုပ်မှုပျောက်ဆုံးသွားသည်ကို သိလိုက်ရသည်။ တစ်ချိန်တည်းမှာပင် လုံးဝန်းဝိုင်းစက်သော လတစ်စင်းက သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။ ထို့နောက် တခဏအတွင်း ကြီးမားသော ယင်စွမ်းအားလှိုင်းများက သူ့ခန္ဓာကိုယ်ပေါ် ဆင်းသက်လာလေသည်။

ဘုန်း! ပြင်းထန်သည့် အနက်ရောင်အရှိန်အဝါတို့က သူ့ခန္ဓာကိုယ်အနီးတွင် ပေါက်ကွဲထွက်လာပြီး ယင်စွမ်းအားများကို တန်ပြန်တိုက်ခိုက် ဖျက်ဆီးရန် ကြိုးစားလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် အနက်ရောင်ချပ်ဝတ်အလွှာတစ်ခု ဖုံးလွှမ်းလာခဲ့၏။ ယင်နတ်မိုးကြိုးစွမ်းအားများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော်လည်း ချက်ချင်းသတ်ဖြတ်ရန် ကျရှုံးခဲ့သည်။

ထိုအနက်ရောင်ချပ်ဝတ်က အစွမ်းထက် ဝိညာဥ်ရတနာတစ်ခု ဖြစ်လေသည်။

ဘုန်း!... နတ်အလင်းတန်းတစ်ခုက သူ့အနီးရှိ တန်ခိုးရှင်များဆီ တိုးဝင်သွား၏။ ရီဖူရှင်း၏ စိတ်က တစ်ချက်တွေးလိုက်သည်နှင့် နတ်ဓားက ကောင်းကင်ကို ဖြတ်သန်း၍ ထိုတန်ခိုးရှင်များထံ ပျံသန်းထွက်သွားကာ တန်ခိုးရှင်များအား တကွဲတပြား ဆုတ်ခွာသွားရစေရန် ဖိအားပေးလိုက်သည်။ အလွန် အားနည်းသော တန်ခိုးရှင်နှစ်ယောက်က ယင်နတ်မိုးကြိုးစွမ်းအားကြောင့် နေရာ၌ အသတ်ခံလိုက်ရပေသည်။

ရီဖူရှင်းသည် ရန်ဟောင်တစ်ပါး၏ ရှေ့သို့ ခုန်ဝင်လိုက်ပြီး နှင်တံအား လွှဲရိုက်လိုက်သည်။ ထိုသည်က လေသာနယ်ကို စုတ်ဖြဲသွားပုံရကာ ကျယ်လောင်သည့် တုန်ခါသံကြီး ထွက်ပေါ်လာသည်။ ယင်းအသံက လေထဲတွင် ပဲ့တင်ထပ်နေပြီး ထိုအနီးအနားရှိ တန်ခိုးရှင်များကို တုန်ယင်သွားစေသည်။ ထို့နောက် နှင်တံက အောက်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။

“အဟွတ်!” သူက ချောင်းဆိုးလိုက်ပြီး လတ်ဆတ်သော သွေးများ အန်ထုတ်လိုက်ရသည်။ ထိုတန်ခိုးရှင်သည် ဝိညာဥ်ရတနာနှင့် ကာကွယ်ပေးခြင်းကို ခံထားရသော်လည်း သူ၏ မျက်လုံးများက ပြူးကျယ်လာကာ လတ်ဆတ်သော သွေးများကို အန်ထုတ်လာသည်။ သူ၏ စိတ်ဝိညာဥ်က အက်ကွဲလာကာ အစွမ်းထက်သော ဝိညာဥ်ရတနာ၏ ကာကွယ်မှုနှင့်ပင် မခုခံနိုင်ဘဲ အသတ်ခံလိုက်ရပေသည်။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်ထက်မှ ပြုတ်ကျလာတော့သည်။

မှော်နက်စစ်တပ်မှ လူအများက ထိုသူကို သိရှိကြပေသည်။ သူတို့သည် နှလုံးသားထဲမှပင် အေးစိမ့်မှုကို ခံစားလိုက်ရသည်အား မရပ်တန့်နိုင်တော့ပေ။

ရီဖူရှင်းအား သတ်ဖြတ်ရန် ကြိုးစားသူတိုင်း သေရပေလိမ့်မည်။

ရီဖူရှင်း၏ အကြည့်က အရှေ့သို့ ရွေ့သွား​ပြီး သူက ရှေ့ကို ဆက်လျှောက်သွားသည်။ လဝင်ရိုးက ကောင်းကင်တွင် တည်ရှိနေဆဲ ဖြစ်ကာ ၎င်းမှ နတ်အလင်းရောင်များ ဆက်လက်ဖြာကျနေသည်။ မိုးကြိုးကဲ့သို့ လေစီးကြောင်းက အထက်မှ ဖြာကျလာနေသော်လည်း အမှန်တွင် ယင်နတ်မိုးကြိုးစွမ်းအားပင် ဖြစ်သည်။

ရီဖူရှင်း၏ ဘယ်ဘက်တွင် ဗုဒ္ဓဂိုဏ်းမှ တန်ခိုးရှင်များ ရှိနေပြီး ညာဘက်တွင် ယူချင်းနှင့် အခြားသူများ ရှိနေသည်။ သူတို့အားလုံးက ရှေ့သို့ အတူဆက်လက် ချီတက်လာကြသည်။

ထိုအချိန်တွင် ရီဖူရှင်း ရှေ့မှ တန်ခိုရှင်များက သတိထားကာ ရည်ရွယ်ချက်ရှိရှိ ​နောက်သို့ ဆုတ်ခွာကြသည်။ သူတို့ထဲမှ မည်သူမှ ရီဖူရှင်းအား မဟန့်တားနိုင်ပေ။

သူတို့က သူ၏ လမ်းကြောင်းကို မတားဆီးရဲကြပေ။

တန်ခိုးရှင်အများအပြားက သူတို့၏ အသက်များကို စတေးခဲ့ကြရသည်။ မှော်နက်စစ်တပ်၏ ကိုယ်ပိုင်တပ်ဖွဲ့များမှ လွဲ၍ အခြားတန်ခိုးရှင်များက မှော်နက်လောကမှ အခြားသော အင်အားစုများနှင့် ပူးပေါင်းထားခြင်း ဖြစ်သည်။ သူတို့ မူလဘုံသို့ ရောက်လာရသည့် အကြောင်းရင်းမှာ ဤဖြစ်ရပ်မှ အကျိုးအမြတ်ရနိုင်သောကြောင့် ဖြစ်သည်။ သူတို့က အနာဂတ်တွင် မူလဘုံ၌ ခြေကုပ်ယူလိုကြပေသည်။ သူတို့သည် မူလဘုံကို တိုက်ခိုက်ရာမှ မှော်နက်စစ်တပ်အတွက် အောင်မြင်မှုကို ယူဆောင်ပေးရန် သူတို့အသက်များကို စတေးလိုကြပါမည်လား။ သူတို့ ထိုသို့ မလုပ်လိုသည်မှာ သဘာဝပင် ဖြစ်သည်။

သူတို့က မှော်နက်စစ်တပ်မှ တန်ခိုးရှင်များ ဖြစ်လျှင်ပင် သူတို့ အသတ်ခံရမည့်အရေးကို တွန့်ဆုတ်နေဦးမည် ဖြစ်၏။ ဤသည်မှာ အစောပိုင်းက ကောင်းကင်ဒေသမှ တန်ခိုးရှင်များ ပြန်ဆုတ်ခွာခြင်းနှင့် ဆင်တူပေသည်။

ရီဖူရှင်း၏ နောက်တွင် နတ်အလင်းတို့က မျောလွင့်နေပြီး သူ၏ လက်ထဲတွင် နှင်တံကို ကိုင်ထားကာ လရောင်က သူ့အား လွှမ်းခြုံထားသည်။ မည်သူမှ ရီဖူရှင်းနှင့် နီးကပ်သောနေရာတွင် မနေရဲကြတော့ပေ။

သူ၏ အကြည့်က အဝေးတစ်​နေရာကို ပြောင်းလဲလိုက်သည်။ မှော်နက်စစ်တပ်မှ ခေါင်းဆောင်များက ထိုနေရာ၌ ရှိနေသည်။ သူတို့ကြားတွင် မြေအောက်ကမ္ဘာ၏ သားတော် ချီရီ ရှိနေသည်။

ချီရီ၏ အကြည့်များက ရီဖူရှင်းထံ၌ တည်မြဲနေသည်။ ရီဖူရှင်းက သူ့ထံ ပြေးဝင်လာရန် ကြံစည်နေသည်လား။

ရီဖူရှင်းက အားလုံးသော ရန်သူ့ခေါင်းဆောင်များကို သတ်ချင်သည်ဟု ပြောခဲ့သည်။ သို့ပေမယ့် နောက်လိုက်များအားလုံးကို ဖမ်းဆီးနိုင်ရန် အဓိကခေါင်းဆောင်ကို အရင်ဆုံး ဖမ်းဆီးရမည် မဟုတ်ပါလား။

သူ့ထံသို့ တိုက်ရိုက်တိုးဝင်လာသည်လား။ မည်မျှ စိတ်ကြီးဝင်နေလိုက်သနည်း။

ရီဖူရှင်းက ထိုစကားများကို ပြောခြင်းက ရူးမိုက်ခြင်းဟု သတ်မှတ်နိုင်လျှင်ပင် ယခု အဖြစ်အပျက်များကြောင့် သူ့အား မည်သူမှ သံသယဝင်ကြမည် မဟုတ်ပေ။ လက်ရှိတွင် ရီဖူရှင်းက အစောပိုင်းက သူ၏ စကားကို အကောင်အထည်ဖော်နေသည်။ သူက ရှေ့သို့ တိုးလာသည့်အခါ မည်သူကမှ သူ့လမ်းအား ပိတ်မထားရဲကြပေ။ ထိုအချိန်တွင် သူသည် မြေအောက်အရှင်၏ သားတော်ဆီသို့ တဟုန်ထိုး ဝင်သွားပေသည်။

ချီရီက ပြန်မဆုတ်ခွာသွားပေ။ သူက မည်သူနည်း။ သူသည် မြေအောက်အရှင်၏ သားတော် မြေအောက်ကမ္ဘာမှ ဆက်ခံသူ ဖြစ်သလို တိုက်ပွဲအတွင်း စစ်တပ်၏ အုပ်ချုပ်သူလည်း ဖြစ်သည်။ အကယ်၍ သူ ဦးဆောင်သော စစ်တပ်ဘက်မှ အရေးမသာဘဲ ရှုံးနိမ့်ခြင်းကို ရင်ဆိုင်နေရလျှင် ဆုတ်ခွာထွက်ပြေးခြင်းက ဗျူဟာကျသော လှုပ်ရှားမှု ဖြစ်သည်။ သို့သော်လည်း ယခုတွင် သူတို့၏ စစ်တပ်က မရှုံးနိမ့်သေးချေ။ ထို့အစား သူ့စစ်တပ်အား ဆုတ်ခွာပြေးစေသူ ပြိုင်ဘက်က တစ်ယောက်တည်း ဖြစ်ကာ ယခု သူ့ထံ တိုက်ရိုက် ဝင်လာနေသည်။

သူက မည်သို့ ဆုတ်ခွာနိုင်ပါမည်နည်း။

ဆုတ်ခွာခြင်းဟူသည့် အဓိပ္ပါယ်မှာ မှော်နက်စစ်တပ်က ရီဖူရှင်းတစ်ယောက်တည်းကိုပင် ရင်မဆိုင်နိုင်ဟု အဓိပ္ပါယ်သက်ရောက်သွားစေပေလိမ့်မည်။ သို့ဆိုလျှင် အနာဂတ်၌ သူတို့အတွက် မည်သည့် အခွင့်အရေး ရှိနိုင်ပါတော့မည်နည်း။ သူ၏ စစ်တပ်က ရီဖူရှင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရင်း အသတ်ခံခဲ့ရသည်။ အကယ်၍ သူက ပြန်ဆုတ်ခွာခဲ့လျှင် သူတို့က မည်သို့သော အလှည့်အပြောင်းမျိုးနှင့် ရင်ဆိုင်ရမည်နည်း။

ရီဖူရှင်းက တိုက်ပွဲတွင် ကျန်ရစ်နေသရွေ့ သူတို့ဘက်က အညံ့မခံခြင်းက ပိုကောင်းလိမ့်မည်။

ချီရီ၏ ဆုတ်ခွာခြင်းက ရှုံးနိမ့်ခြင်း၏ လက္ခဏာဖြစ်လာလိမ့်မည်။

ထို့ပြင် သူ၏ အဆင့်အတန်းက သူ့အား အရှုံးပေးခွင့် ပြုမနေပေ။

ပြင်ပဘုံမှ တန်ခိုးရှင်များ၊ မှော်နက်စစ်တပ်၊ နတ္ထိဘုံနှင့် ကောင်းကင်ဒေသမှ တန်ခိုးရှင်များသည် ဤတိုက်ပွဲကို စောင့်ကြည့်နေကြသည်။ တိုက်ပွဲတွင် ဖြစ်ပျက်သွားသမျှ အရာအားလုံးကို ပြင်ပဘုံမှ တန်ခိုးရှင်များက မြင်တွေ့ပြီး အမှတ်ရနေလိမ့်မည်။ မတိုက်ခိုက်ဘဲ ထွက်ပြေးခြင်းလား။ မြေအောက်အရှင်၏ သားတော်က တစ်ယောက်တည်းရှိသည့် ရီဖူရှင်းကို ကြောက်ရွံ့ကာ တုန်လှုပ်သွားသည်လား။

သူက ထိုသို့ ပြုလုပ်ခဲ့လျှင် မှော်နက်စစ်တပ်သို့ ပြန်ရောက်သည့်အခါ သူ့အတွက် အရာအားလုံးက ကောင်းမွန်စွာ အဆုံးသတ်လိမ့်မည် မဟုတ်​ပေ။

မြေအောက်ကမ္ဘာ၏ သားတော်ကို ရက်စက်လှသော ပြိုင်ပွဲများအလယ်၌ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ မှော်နက်စစ်တပ်သည် အားနည်းပြီး သာမန်သာရှိသော လူများကို မလိုအပ်ပေ။

ရီဖူရှင်းသည် မြေအောက်ကမ္ဘာ၏ သားတော်နှင့် မနီးမဝေးနေရာတွင် ရပ်တန့်လိုက်သည်။ သူက မှော်နက်စစ်တပ်မှ တန်ခိုးရှင်များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ ထို့ပြင် တခြားတစ်ဖက်မှ နတ်ဆိုးအင်ပါယာဘုံ၏ တန်ခိုးရှင်များကလည်း ဤနေရာသို့ ပြေးဝင်လာနေသည်။ လေဟာနယ်နတ်အလင်းတို့က ထွန်းလင်းနေပြီး ကြောက်မက်ဖွယ် မြင်ကွင်းကို ဖြစ်ပေါ်စေ၏။

သို့ပေမယ့် ဖီးနစ်နက်တပ်သည်လည်း ရှေ့သို့ ချီတက်လာနေသည်။ ရီဖူရှင်းက သူ၏ စစ်မှန်သော စွမ်းအားကို ထုတ်လွှတ်ပြီးနောက် ကောင်းကင်ဒေသမှ တန်ခိုးရှင်များက စတင်၍ တန်ပြန်တိုက်ခိုက်လာကြသည်။

ရီဖူရှင်း၏ ဘက်တွင် သုံးပွင့်ဆိုင်တိုက်ခိုက်မှု ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရသော်လည်း နှစ်ဖက်လုံးက ရီဖူရှင်းကို ပစ်မှတ်ထားနေခြင်း ဖြစ်၏။

လရောင်က ဖြာကျလာလျှင် မှော်နက်စစ်တပ်မှ တန်ခိုးရှင်များ၏ ရှေ့တွင် အနက်ရောင်ဝတ်ရုံများ မျောလွင့်လာသည်။ ယင်းတို့က ပေါင်းစည်းသွားပြီး ကြောက်မက်ဖွယ် အနက်ရောင်မုန်တိုင်းတစ်ခု ဖြစ်တည်လာကာ ကြောက်မက်ဖွယ် လေပွေများလှည့်ပတ်နေသည့် အနက်ရောင်တွင်းပေါက်ကြီးက လရောင်များကို ဝါးမျိုပစ်နေသည်။

နောက်ထပ် တစ်နေရာတွင် နတ်ဆိုးအင်ပါယာဘုံမှ တန်ခိုးရှင်များက နတ်ဓားစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ယခင် မဟာအင်ပါယာ အသုံးပြုခဲ့သော နတ်ဓားမှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ပြိုင်ဘက်ကင်း လေဟာနယ်အလင်းများကို ထုတ်လွှတ်နေသည်။ ယင်နတ်မိုးကြိုးစွမ်းအားများပင် ၎င်းတို့ရှေ့၌ ဖျက်ဆီးခံလိုက်ရသည်။ နှစ်ဖက်လုံးမှ စွမ်းအားများက အလွန် အစွမ်းထက်လှပေသည်။

“ဘယ်သူနဲ့ အရင် ရင်ဆိုင်မှာလဲ။” ဘေးဘက်တွင် ရှိနေသည့် ချောမောသော ရဟန်းက ရီဖူရှင်းအား မေးလိုက်သည်။ ရီဖူရှင်းအား သူ့ပြိုင်ဘက်ကို ရွေးချယ်ရန် ခွင့်ပြုလိုက်ပြီး သူက အခြားတစ်ဖက်မှ ရန်သူများကို အာရုံပြောင်းကာ နှောင့်နှေးစေရန် လုပ်ဆောင်ပေးရပေမည်။

ရီဖူရှင်းက အလွန် အစွမ်းထက်သော်လည်း ရန်သူစစ်တပ်နှစ်တပ်မှ ထိပ်သီး ပုဂ္ဂိုလ်များကို ရင်ဆိုင်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။

ဗုဒ္ဓဂိုဏ်းနှင့် ယူချင်း၏ အဖွဲ့သည် အခြားတစ်ဖက်ကို အရင် ရင်ဆိုင်ထားရင်း ရီဖူရှင်း၏ ဝန်ထုပ်ဝန်ပိုးကို ကူညီမျှဝေပေးနိုင်ပေလိမ့်မည်။

“သူတို့” ရီဖူရှင်းက မှော်နက်စစ်တပ်မှ တန်ခိုးရှင်များကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

သူက မှော်နက်စစ်တပ်အား ရွေးချယ်ရသည့် အကြောင်းရင်းက ရိုးရှင်းပေသည်။ သူနှင့် မှော်နက်စစ်တပ်ကြားတွင် မပြီးစီးသေးသော အကြောင်းကိစ္စများ ရှိနေခဲ့ခြင်းကြောင့် ​​ဖြစ်၏။

ထို့နောက် ငရဲတံခါး၏ စွမ်းအားကို အသုံးပြု၍ မှော်နက်စစ်တပ်က ကျူးကျော်ဝင်ရောက်လာကာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များအပါအဝင် ဘုံကိုးဘုံမှ တန်ခိုးရှင်အများအပြားအား သတ်ဖြတ်ခဲ့သည်။ ထပ်ပြောရလျှင် သူတို့ လျှို့ဝှက်နယ်မြေဘုံ၌ ရှိနေစဥ်က မှော်နက်စစ်တပ်သည် ငရဲတံခါးကိုဖွင့်ရန် သူတို့အား အသုံးပြုခဲ့သည့် အကြွေးအား ပြန်ပေးရန် ရှိနေသေးပေသည်။

ထို့ပြင် ထိုသနားစရာ မိန်းကလေး ယဲ့ချင်းယောင် ရှိသေးသည်။ မှော်နက်စစ်တပ် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဆင်းသက်လာစဥ် သူတို့သည် ယဲ့ချင်းယောင်အား အတင်းအကျပ် ခိုးယူရန် ကြိုးပမ်းခဲ့သည်။ ယဲ့ချင်းယောင်က သူမ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ထွက်ခွာသွားသော်လည်း ထိုသည်မှာ မှော်နက်စစ်တပ်၏ ဖိအားပေးမှုကြောင့် ချခဲ့သော ဆုံးဖြတ်ချက်ဖြစ်ပြီး သူမအတွက်နှင့် အခြားသူများအား မထိခိုက်စေလို၍ ဖြစ်သည်။

ယခုတွင် သူတို့အား အရာအားလုံး ပြန်လည်ပေးဆပ်စေရမည့် အချိန်ဖြစ်သည်။

“ကောင်းပြီ။” ချောမောသော ရဟန်းက ယူချင်းနှင့် အခြားသူများကို ကြည့်ရင်း ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာဘုံက လူတွေနဲ့ ရင်ဆိုင်ကြစို့။”

ယူချင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ စွမ်းအားများက လေဟာနယ်အတွင်း ဖြန့်ကျက်လာစဥ် သူ့ခန္ဓာကိုယ်ရှိ နတ်လက်နက်များ၏ အရှိန်အဝါတို့ ထွက်ပေါ်လာပြီး သူ့အနီးတွင် ကြောက်မက်ဖွယ်အရှိန်အဝါတို့ ဖြစ်တည်လာသည်။

ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူက မှော်နက်စစ်တပ်မှ တန်ခိုးရှင်များထံ တစ်ယောက်တည်း လျှောက်သွားခဲ့သည်။ အခြားသူများက နတ်ဆိုးအင်ပါယာဘုံက တန်ခိုးရှင်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

“ဒီလောက် စိတ်ကြီးဝင်နေတာ!” တိုက်ပွဲအတွင်းအပြင်မှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့စိတ်ထဲတွင် ထိုအတွေးတို့ ဖြတ်ပြေးသွားသည်။ လူတစ်ယောက်တည်းက အင်အားကြီးလှသော မှော်နက်စစ်တပ်နှင့် ရင်ဆိုင်ရန်မှာ.....

သို့သော်လည်း ရီဖူရှင်းက တိုက်ပွဲတွင် လွှမ်းမိုးနိုင်ခဲ့ပြီး ဖြစ်သည်။ မြေအောက်အရှင်၏ သားတော် ချီရီပင်လျှင် သူ့ကို ရင်ဆိုင်နိုင်ရန် မလွယ်လှပေ။

ချီရီက ဒုတိယအဆင့် နတ်ဝင်ရိုးရှိပြီး ရီဖူရှင်းနှင့် အဆင့်တူပင် ဖြစ်သည်။ ရီဖူရှင်းက ဧကရာဇ်အသိကို ထုတ်လွှတ်နိုင်သည့်အတွက် အဆင့်ချင်းယှဥ်လျှင် ရီဖူရှင်းက သူ့ထက် သာလွန်ပေသည်။ ထို့ပြင် ရီဖူရှင်းက ယင်စွမ်းအားကို ကျွမ်းကျင်နေသေး၏။ မြေအောက်ကမ္ဘာ၏ သားတော် ဖြစ်လျှင်ပင် ရီဖူရှင်းကို ဆန့်ကျင်၍ အနိုင်ရနိုင်မည် မဟုတ်ပေ။

ရီဖူရှင်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေပြီး အေးစက်သော အကြည့်တို့နှင့် ချီရီကို ကြည့်လိုက်သည်။ ချီရီ၏ အကြည့်များက ခက်ထန်နေပြီး သူက မြေအောက်ကမ္ဘာမျက်လုံးကို အသက်သွင်းလိုက်သည်။ ၎င်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့အား တိုက်ပွဲတွင် တိုက်ရိုက်သတ်ဖြတ်ရန် အတွေးတို့က ရီဖူရှင်းစိတ်ထဲ၌ ဖြတ်ပြေးသွားသည်။

နောက်ဆုံးအခေါက် နတ္ထိအင်ပါယာနန်းတော်မှ တိုက်ပွဲတွင် ချီရီသည် သူ လူရယ်စရာ ဖြစ်ခဲ့သည်ဟု ခံစားနေရပေသည်။ ထိုစဥ်က သူ့ကြောင့်နှင့် အလွယ်တကူ ရှုံးနိမ့်ခဲ့ဖူးသော ရီဖူရှင်းက သူ့အား ယခု တိုက်ရိုက် သတ်ဖြတ်ရန် ကြိုးစားနေသည်။

မူလဘုံမှ တန်ခိုးရှင်တစ်ယောက်က မြေအောက်ကမ္ဘာ၏ သားတော်ကို သတ်ဖြတ်ရန် အမှန်တကယ် တွေးရဲနေသည်။

သူက လက်ကို ဆန့်ထုတ်လိုက်လျှင်  ကြောက်မက်ဖွယ် အနက်ရောင်မုန်တိုင်းက ဖြစ်တည်လာသည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ငရဲကဲ့သို့ တွင်းနက်ကြီးမှာ ရီဖူရှင်း၏ အထက်ကောင်းကင်၌ ပေါ်ပေါက်လာခြင်းပင် ဖြစ်၏။

***

All Chapters