← Chapters

ကြယ်ခရမ်း

Vol. 64 Ch. 1030

ကြယ်ခရမ်း

Vol. 64 Ch. 1030

ဖိုက်သွန်၏ ဝိညာဉ် အမြုတေ စွမ်းအား ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး သူ့စိတ်ဆန္ဒက အရှိန်အဝါ လေးခုကို ချန်လွေ့ အသက်သွင်း ပြီးနောက် ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။ ယခု သူ့တွင် နောက်ဆုံး တစ်ကွက်သာ ကျန်တော့သည်။ ၎င်းက အမြုတေကို ဖောက်ခွဲလိုက်ခြင်းပင်။

ထိုဝိညာဉ်အမြုတေက အမှန်တွင် နတ်ဘုရား-ယောင် ဘဝ ဖြစ်သည်။

နတ်ဘုရား-ယောင်ဘဝက တိုင်းပြည် ယုံကြည်မှုနှင့် အသက် အနှစ်သာရအားလုံး စုစည်းထား၏။ ဖောက်ခွဲလိုက်သည်နှင့် ဖြစ်လာသော ဖျက်ဆီးခြင်း စွမ်းအားက အလွန် အံ့ဩစရာ ကောင်းပေလိမ့်မည်။

သို့သော် ဖိုက်သွန်၏ ခုနက သူ၏ ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဖောက်ခွဲ လိုက်ခြင်းနှင့် ချန်လွေ့ ခုနက ပြသခဲ့သော မှော်ဆန်သည့် အရှိန်အဝါတို့ကို ကြည့်ခြင်းအားဖြင့် သူက နတ်ဘုရား-ယောင်ဘဝကို ဖောက်ခွဲသည့်တိုင် ထိုထူးဆန်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော ရန်သူကို ဖယ်ရှားရန် ခက်ခဲပေမည်။ ဖိုက်သွန်ကမူ ၁၀၀% ပျောက်ကွယ် သွားပေလိမ့်မည်။

သို့သော်လည်း ဖိုက်သွန်က ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲလျှင် အသက်ရှင်နိုင်ရန် နည်းလမ်းလည်း မရှိတော့ပေ။ ချန်လွေ့က သူ့ကို ရှင်းပစ်ပြီးလျှင် နတ်ဘုရား-ယောင် ဘဝ အရှိန်အဝါက ကျန်နေဦးမည် ဖြစ်ပြီး တစ်ဖက်လူ၏ ပိုင်ဆိုင်မှု ဖြစ်သွားပေလိမ့်မည်။

ထိုအရာက သူ့အတွက် ကျန်သည့် တစ်ခုတည်းသော ရွေးချယ်စရာပင်။

ဖိုက်သွန်က ကြက်သေသေနေပြီး နတ်ဘုရား-ယောင်ဘဝကို ဖောက်ခွဲ တော့မည့်အချိန် သူ့ရှေ့ဘက်တွင် သန့်စင်ပြီး အလွန်ကြီးမားလှသော ရောင်လျှံတစ်ခု ပေါ်လာခဲ့သည်။

ထိုရောင်လျှံထဲရှိ စွမ်းအင်ကြောင့် ဖိုက်သွန်ပင် သိမ့်သိမ့်တုန် သွားခဲ့၏။ ရောင်လျှံ အပေါ်ယံတွင် ကြည်လင် လှသော ကြယ်အမှတ် အစင်းများ ရှိနေပြီး အထူး သင်္ကေတများအဖြစ် ဖွဲ့စည်း ထားကြသည်။ ထိုကဲ့သို့ ဘာမှန်းမသိသော သင်္ကေတများက အတွင်းမှ အံ့သြဖွယ်ရာ စွမ်းအင်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားပြီး အထူးချုပ်နှောင်စွမ်း တစ်မျိုးမျိုး ရှိနေပုံရသည်။

ချုပ်နှောင်ခံထားရတဲ့ အငွေ့အသက်က ဝိညာဉ်အပါအဝင် အရာအားလုံးကို ပိတ်ဆို့ထားသလို ဖြစ်နေပြီး ထိုအရာက ဖိုက်သွန်ကို ကမ္ဘာမကြေရန်သူအား မြင်တွေ့နေ ရသလိုမျိုး တုန်လှုပ်သွားစေသည်။

ချန်လွေ့၏အသံ ထွက်ပေါ်လာ၏။ “ဒီစွမ်းအားရဲ့ ပိုင်ရှင်က ဘယ်သူလဲ… သိလား။ အရင်ပိုင်ရှင်ကိုပေါ့။”

ဖိုက်သွန်က ခေါင်းခါလိုက်သည်။ ထိုအရာက သူ လှုပ်ရှား နိုင်သည့် တစ်ခုတည်းသော အရာပင်။

“ခီလီယာနာပဲ...”

ထိုနာမည်က ဖိုက်သွန်ကို ထိတ်လန့်စေခဲ့သည်။ နတ်ဘုရား-ယောင် ထိပ်သီးပိုင်း တစ်ယောက် အနေဖြင့် ထိုနာမည် အဓိပ္ပာယ်ကို သူသိသည်။ ဒီရောင်လျှံက အသူရာ ချောက်နက် အမြင့်ဆုံး အုပ်စိုးသူ ခီလီယာနာ ကိုယ်ပွားရဲ့ စွမ်းအားပဲ။ ဒါကြောင့် ဒီလိုမျိုး သန့်စင်တဲ့ အငွေ့အသက် ရှိနေတာကိုး။

“ဒါက သူ့ကိုယ်ပွားရဲ့ စွမ်းအားပဲ… ခင်ဗျား မြင်တဲ့အတိုင်း ကျုပ် ဒါကို ချိပ်ပိတ်ထားခဲ့တယ်။ ဒါမှမဟုတ် တိတိကျကျ ပြောရရင်တော့ ကျုပ်က တစ်စိတ်တစ်ပိုင်း ဝါးမျိုခဲ့တယ်‌ပေါ့။ ဒါက မဝါးမျိုရသေးတဲ့အပိုင်းပဲ။”

ဖိုက်သွန်က ချက်ချင်းပင် တုံ့ပြန် ခဲ့သည်။ ချန်လွေ့က အခုမှ အဆင့်တက်ခဲ့တာဆိုတော့ ချိပ်ပိတ် စွမ်းအားက သုံးခဲ့တာ “နတ်ဘုရား-တစ်ပိုင်း” အဆင့်တုန်းက ဖြစ်မယ်။ ဒီစွမ်းအင်ရဲ့ပြင်းထန်မှုနဲ့ သန့်စင်မှုကို ကြည့်ရတာတော့ ဒါက အမြင့်ဆုံး အခြေအနေမှာရှိတဲ့ ပြီးပြည့်စုံတဲ့ ကိုယ်ပွားတစ်ခုပဲ။

ခီလီယာနာက အုပ်စိုးသူ ၃ဦးထဲက ခေါင်းဆောင်ပဲ။ ဒါက ကိုယ်ပွား တစ်ခုပဲ ဆိုရင်တောင် နတ်ဘုရား တစ်ပိုင်းအဆင့် မပြောနဲ့၊ နတ်ဘုရား-ယောင်ကတောင် သူ့ကို ယှဉ်ဖို့က ခက်ခဲတယ်။

ခီလီယာနာရဲ့ ကိုယ်ပွားကတောင် ချုပ်နှောင်ခံရပြီး ဝါးမျိုခံခဲ့ရတယ်။ ဖိုက်သွန်က အကြောင်းမဲ့ သက်သက် မရှုံးနိမ့်ခဲ့ကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။

“ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်တာ သိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာက ကျုပ်အတွက် ဘာမှ မထူးဘူးဆိုတာ ပြောနိုင်တယ်။ ဒီချိပ်ပိတ်ရဲ့စွမ်းအား အပြင်ကို သဘာဝသစ်ပင်နဲ့ မီးနဲ့လေ ချိပ်ပိတ်နဲ့ ချုပ်နှောင် ခံထားရတဲ့ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်တောင် မဖောက်ခွဲနိုင်ဘူး။” ချန်လွေ့က ဓားတစ်ချောင်းကို လက်ထဲတွင် ကိုင်ထားလိုက်သည်။ “ခင်ဗျားရဲ့ ဝိပါက်က တစ်ခုတည်း မဟုတ်ဘူး။ ဝိညာဉ်တွေကို ပျက်သုဉ်းစေနိုင်တဲ့ ကြယ်ကြွေတမန်ဓားလည်း ပါတယ်။ ဒါကို ခင်ဗျားတို့ ခေါ်တာက…”

“အလင်းတံဆိပ်!” ဖိုက်သွန်က အော်ဟစ်လိုက်၏။ “မင်းမှာ အလင်း တံဆိပ်နဲ့ မြေတံဆိပ် နှစ်ခုလုံး ရှိနေတယ်...”

စကားမဆုံးခင်မှာပင် ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်တွင် ချပ်ကာ တစ်ခု ပေါ်လာခဲ့သည်။ “ပြီးတော့… ဒါက မီးတံဆိပ်ဖြစ်မှာ‌ပေါ့..”

ဖိုက်သွန်က ထိတ်လန့်သွား၏။ “မင်း… မင်းက ဘယ်သူလဲ…”

“ကျုပ် ဘယ်သူလဲ ဆိုတာက အရေးမကြီးဘူး။ အရေးကြီးတာက အခု ခင်ဗျားရဲ့ ရွေးချယ်မှုပဲ။ ကျုပ်က ဒါကို တတိယအကြိမ် ထပ်ပြောမှာ မဟုတ်ဘူး။ အရှေ့က စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်း မဖြစ်ချင်ရင်တော့ ဒီစွမ်းအားကို စုပ်ယူပြီး ကျုပ်ဆီမှာ အညံ့ခံလိုက်။” ခရမ်းရောင်ပုံရိပ်၏ မျက်လုံးက ဖိုက်သွန်၏ မျက်လုံးထဲ ကြယ်အလင်းများ တောက်ပနေ၏။ “ခင်ဗျား ရွေးချယ်ဖို့ အတွက် အချိန် ၁မိနစ်ပဲ ကျန်တော့တယ်။”

မျှော်လင့်ချက် မရှိတော့သည့်အခါ ကြံရာမရတော့ သူများက သေရန် အမြဲ ဆုံးဖြတ်ပြီး အကြီးမားဆုံးသော ရဲစွမ်းသတ္တိများ ထွက်လာတတ်၏။ သို့သော်လည်း မျှော်လင့်ချက်ကို မြင်သောအခါ ထိုအသည်းအသန် စိတ်အခြေအနေက အသက်ပြန်ဝင် လာခဲ့သည်။

မည်သူမှ အမှန်တကယ် မသေဆုံး ချင်ကြပေ။ အထူးသဖြင့် ထိုကဲ့သို့ စွမ်းအားများ ရှိသော အစွမ်းထက် ပုဂ္ဂိုလ်များပင်။

ဖိုက်သွန်က ခဏ ငြိမ်သက နေပြီး ချိပ်ပိတ်ထားသော ကြီးမားသည့် စွမ်းအားကို ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် သူက သက်ပြင်း ချလိုက်တော့သည်။ “မင်း နိုင်တယ်။”

ခဏကြာပြီးနောက် ‘အာသာ’က ပုံမှန်အတိုင်း နားလည်မှု အပြီး ပြန်လာခဲ့သလို သိဒ္ဓိအလင်းခန်းထဲ ပြန်ပေါ်လာခဲ့သည်။ ယခုတစ်ခေါက် အလင်းနတ်ဘုရားကျောင်းထဲတွင် ‘နားလည်သ‌ဘောပေါက်’နေရင်း မည်သည့်အရာ ဖြစ်ခဲ့ကြောင်းကို မည်သူမှ မသိကြပေ။

အီဇဘယ်လာနှင့် ဇိုလာတို့က သိဒ္ဓိအလင်းခန်းမရှိ ဘေးခန်းမတွင် တံခါးပိတ် လေ့ကျင့်နေဆဲ ဖြစ်၏။ အီဇဘယ်လာက နဂါးဧကရာဇ် ပါဂရစ်ဇ်၏ သိဒ္ဓိအကြေးခွံကို လုံးဝ ချေဖျက်ပြီး သွားခဲ့ပြီး ဖိုက်သွန်၏ လမ်းညွှန်မှုဖြင့် တိုင်းပြည်အဆင့်ကို ရောက်နိုင်ရန် ကြိုးစားနေခဲ့သည်။ တစ်ဖက်တွင်တော့ ဇိုလာက ချန်လွေ့ပေးခဲ့သော ‘စကြာဝဠာပျက်သုဉ်း’၏ စွမ်းအား ဖွဲ့စည်းပုံကို သုတေသန လုပ်နေ၏။ သူက ၎င်းကို အဆုံးသတ်တိုက်ကွက် [ဒြပ်စင်အမျက်]ထဲ ပေါင်းထည့်ပြီး ပိုမိုကြီးမားသော စွမ်းအားမျိုးကို ဖြစ်စေချင်နေသည်။

အမှန်တကယ်၌ ဖိုက်သွန်၏ လမ်းညွှန်မှု အပြင် ထိုကာလ အတွင်း အီဇဘယ်လာနှင့်ဇိုလာတို့ ချန်လွေ့နှင့်တွေ့သည်မှာ ရှားခဲ့ပြီး ချစ်တင်းနှောရန်မှာ ဝေလာဝေးပင်။ အကြောင်းအရင်းကတော့ အလွန်ပင် ရိုးရှင်းပေသည်။ ဖိုက်သွန်ကြောင့်ပင်။

ဖိုက်သွန်က စည်းမရှိသည် ဖြစ်ရာ ချန်လွေ့က အမျိုးသမီး ၂ယောက်နှင့် ဆမ်မြူရယ်အပြင် တခြားသူများကိုလည်း ဝေးဝေးနေရန် အထူးညွှန်ကြားခဲ့သည်။ သူက သူတို့ အတွက် အထူး သတိပေးပစ္စည်းများ ကိုလည်း ထုတ်ခဲ့သည်။ အခြေအနေ တစ်ခုခုရှိလာလျှင် ထိုအရာက သူ့ကို ချက်ချင်း သတိပေးလိမ့်မည် ဖြစ်ကာ သူက သူတို့ကို ကြယ်အပ်နှင်းစင်မြင့် ထဲသို့ ထည့်ပြီး မတော်တဆများကို ရှောင်ရှားနိုင်ပေလိမ့်မည်။

ထိုသို့စိုးရိမ်ပူပန်မှုက အလကား မဟုတ်ပေ။ ဖိုက်သွန်တွင် နက်နဲသော ပရိယာယ်များ ရှိလေသည်။ သူက ရွှေနေရာနယ်မြေတွင် ချန်လွေ့၏ ‘နေရာလွတ်’စွမ်းရည်က ‘လူများကို သိမ်းဆည်းနိုင်’ကြောင်း မြင်ခဲ့၏။ သိဒ္ဓိ အလင်းတောင်ကို ရောက်ပြီး နောက်တွင် သူက ဖန်တီးခြင်း ဇစ်မြစ်ကို ပို၍ နားလည်ခဲ့ရာ သူက ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားခဲ့သည်။ ဇိုလာနှင့် အီဇဘယ်လာက ထိန်းချုပ် မခံထားရပေ။ ထိုအရာကလည်း ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်ရန် ဖိုက်သွန်၏ ရည်ရွယ်ချက် ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ အဆုံးသတ် သွားမည်ဟု လုံးဝ ထင်ထားခဲ့မည် မဟုတ်ပေ။

ချန်လွေ့က အီဇဘယ်လာနှင့် ဇိုလာကို သတိပေးခြင်း မရှိခဲ့ပေ။ သူက စိတ်ကိုတည်ငြိမ်အောင်ထားပြီး စွမ်းအား အသစ်ကို ဂရုတစိုက် နားလည်ရန်သာ လိုအပ်သည်။

ခုနက အလင်းခန်းမ အရှေ့တွင် သူက ကြိုတင် အကာအကွယ်များ အားလုံးကို လုပ်ဆောင်ခဲ့ပြီး ပြီးပြည့်စုံသော ဖန်တီးခြင်းဇစ်မြစ်ကို နားလည်ရန် ဖိုက်သွန် အကူအညီကို အသုံးပြုချခဲ့သည်။ စုစည်းထားသော စွမ်းအားက နောက်ဆုံး တစ်ဆို့မှုကို ဖောက်ထွင်းခဲ့ပြီး သူက ဖိုက်သွန်ကို တစ်ချက်တည်းဖြင့် အောင်မြင်စွာ အညံ့ခံခိုင်းနိုင်ခဲ့သည်။

ဝိညာဉ် ပေါင်းစည်းခြင်း ခံစားချက်က စွဲမက်ဖွယ် ကောင်းခဲ့သော်လည်း ဖိုက်သွန်အပေါ် ချန်လွေ့၏ သတ်ချင်စိတ်က လုံးဝ မကွယ်ပျောက်ခဲ့ပေ။ ဖိုက်သွန်ကို အညံ့ခံခိုင်းခဲ့သည့် အကြောင်းရင်းမှာ သူ့အသက်တန်ဖိုးက သေသည်ထက် ပိုကြီး၍ပင်။ ဖိုက်သွန်တွင် ရှေးခေတ် ကာလမှ မရေမတွက် နိုင်သော လျှို့ဝှက်ချက်များ ရှိပြီး ကြီးမားသော စွမ်းအားလည်း ရှိသည်။ ချန်လွေ့က အနာဂတ်မှာ စေတန်၊ ဆာရီရယ်နှင့် ကောင်းကင်တမန် သုံးပါး ကဲ့သို့သော အစွမ်းအထက်ဆုံး ပြိုင်ဘက်များကို သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။ ဖိုက်သွန်က အထူးသဖြင့် သူ့အနားမှ ဆွေမျိုးများနှင့် မိတ်ဆွေများအတွက် အကူအညီတစ်ခု ဖြစ်ပေလိမ့်မည်။ ဖိုက်သွန်က အညံ့မခံခဲ့လျှင် သူက သူ့ကို သတ်ပစ်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ဖိုက်သွန်က နောက်ဆုံးတွင် အညံ့ခံရန် ရွေးချယ်ခဲ့သည်။ သခင်-လက်အောက်ခံ ဆက်ဆံရေးကို ဖြစ်စေရန် စာချုပ်ချုပ်ပြီးနောက်တွင် ချန်လွေ့က စိတ်သက်သာရာ ရခဲ့ပြီး ချိပ်ပိတ်ထားသော ခီလီယာနာ ကိုယ်ပွား၏ စွမ်းအားကို ဖိုက်သွန်ထံ ပေးလိုက်လေသည်။

ယခုတစ်ခေါက်တွင် ဖိုက်သွန်၏ ဝိညာဉ်စွမ်းအားက အပြင်းအထန် ပျက်စီးပြီး ပြိုလဲလုနီးပါး ဖြစ်ခဲ့၏။ ခီလီယာနာ၏ စွမ်းအားကို ဝါးမျို ပြီးနောက် သူက အိပ်မောကျသွား တော့သည်။

ချန်လွေ့၏ အသိစိတ် စူပါစနစ်ထဲ ဝင်ရောက်သွားသောအခါ ကြယ်စင်စု နတ်ဘုရားကျောင်း၏ ပုံသဏ္ဌာန်က အများကြီး ပြောင်းလဲသွားကြောင်းကို တွေ့လိုက်ရသည်။ ကြယ်စင်စု နတ်ဘုရားကျောင်း တစ်ခုလုံးက လက်များစွာ ဆန့်တန်းထားသော ကိုယ်ခန္ဓာအပေါ်ပိုင်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

အလယ်တွင်ရှိသော ‘ခန္ဓာကိုယ် အပေါ်ပိုင်း’က ကြယ်စင်စု နတ်ဘုရားကျောင်း၏ အဓိကခန်းမ ဖြစ်ပြီး ခမ်းနားထည်ဝါလှသော နန်းတော် တစ်ခု ဖြစ်လာခဲ့သည်။ မူလက ဗလာဖြစ်နေသော ခန်းမနှင့် မတူတော့ဘဲ ဘေးဘက် ခန်းမများ၊ ရေကန်များ၊ ပန်းဥယျာဉ်များနှင့် အခြားသော တခြားအဆောက်အအုံ များလည်း ရှိလာခဲ့သည်။

ထိုပန်းဥယျာဉ်များကက သာမန် ပန်းများနှင့် သစ်ပင်များ မဟုတ်ဘဲ အမျိုးမျိုးသော အရှိန်အဝါများ ရှိနေသည့် အထူးအပင်များ ဖြစ်၏။ မူလ ကြယ်စင်စုဥယျာဉ်ကို ဧရာမ အဓိကပန်းဥယျာဉ်တစ်ခု အဖြစ်သို့ ကြယ်စင်စု နတ်ဘုရားကျောင်းထဲ တည်ဆောက်လိုက်ခြင်းပင်။ ထိုစဉ် ကြယ်အပ်နှင်းစင်မြင့်၊ ယုံကြည်မှု မျှော်စင်နှင့် လေ့ကျင့်ရေးကွင်းပြင် ကဲ့သို့သော အဆောက်အအုံများက ချဲ့ထွင်ထားသော ‘လက်မောင်း’များ အပေါ် ဖြန့်ဝေထားပြီး ပုံစံကလည်း အလျောက်သင့် ပြောင်းလဲသွား၏။

ဂုဏ်ပုဒ် - ဓူဝံကြယ်ဧကရာဇ်

ဆင့်ကဲပြောင်းလဲခြင်းအဆင့် - ကြယ် ၆ ပွင့်

စွမ်းအားအကဲဖြတ်မှု: SSS+

ခန္ဓာအမျိုးအား - SSS+

ခွန်အား - SSS+

စိတ်ဝိညာဉ် - SSS+

အမြန်နှုန်း - SSS+

အရှိန်အဝါတန်ဖိုး - ၄.၅၁ သန်း စတုရန်း

ယုံကြည်မှုသလင်းကျောက် - ၃၇၀၀၀၀ စတုရန်း

ဓူဝံကြယ်အဆင့် - ကြယ်ခရမ်း

ကြယ်၆ပွင့် ဆင့်ကဲပြောင်းလဲခြင်း အဆင့်သာ ရှိနေဆဲပင်။ ဓူဝံကြယ် အဆင့်ကသာ ‘ဓူဝံကြယ်နီဧကရာဇ်’ မှ ‘ဓူဝံကြယ်ခရမ်းဧကရာဇ်’ အထိ တိုးတက်လာခဲ့သည်။ အရှိန်အဝါ တန်ဖိုးနှင့် ယုံကြည်မှုသလင်းကျောက် ယူနစ်များက ‘စတုရန်း’အဖြစ် ပြောင်းသွားခဲ့သည်။ ထိုအရာက အလွန်ကြီးမားသော ကိန်းဂဏန်း တစ်ခုခုနှင့် ညီမျှရပေမည်။

ချန်လွေ့ ဂရုအစိုက်ဆုံးက အသစ် ရရှိထားသော စွမ်းရည်များကိုပင် ဖြစ်သည်။ ပလ္လင်ပေါ်ရှိ အစွမ်း အလင်းမျက်နှာပြင်တွင် အစွမ်းသစ်ပင် “အကိုင်းများ” ထဲမှ မူလအစွမ်းများ ‘ပျောက်ကွယ်’ သွားခဲ့သည်။ ‘ပေါင်းမိုး’ပေါ် အစွမ်း ‘သစ်သီး’အချို့သာ ပေါ်လာခဲ့သည်။

ထိုဖြစ်ရပ်က ‘ဓူဝံကြယ်နီဧကရာဇ်’ အဆင့်သို့ ရောက်သွားခဲ့စဉ်ကလည်း ဖြစ်ခဲ့၏။ ဆိုလိုသည်မှာ ထိုအစွမ်းများ သူ၏ ခန္ဓာကိုယ်ထဲ လုံးဝ ပေါင်းစည်း သွားပြီဟူ၍ပင်။ အရေအတွက်နှင့် အချိန်ကဲ့သို့ ကန့်သတ်ချက်များ မရှိတော့ပေ။ သူ၏ စွမ်းအားများ လုံလောက်နေသရွေ့ စိတ်ရှိသလို အသုံးပြုနိုင်လေသည်။

အစွမ်းသစ်ပင် သာမက တခြား အချက်အလက် အချို့သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့ ခံစားနေရ သလိုမျိုးပင် စူပါစနစ်က ဒစ်ဂျစ်တယ် စနစ်နှင့် တဖြည်းဖြည်း ကွဲပြားလာခဲ့ပြီး အခြေခံမှ စတင်ပြီး ထိန်းချုပ်သူကို ကန့်သတ်ချက်မှ လွတ်မြောက်ရန် တစ်ဆင့်ချင်း လမ်းညွှန်ပေးနေသော အရာနှင့် ပိုတူလာခဲ့သည်။

စွမ်းအားအဆင့် မြင့်လာသည်နှင့် ထိုခံစားချက်က ပိုမို၍ ထင်ရှား လာခဲ့သည်။

သက်ရှိ ဆင့်ကဲပြောင်းလဲမှုလိုပင်။

[ဓူဝံကြယ်ခရမ်းအသွင်ပြောင်း] က ဓူဝံကြယ်ခရမ်းဧကရာဇ်၏ အင်အား အကြီးဆုံးအစွမ်း ဆိုသည်မှာ အသေအချာပင်။

ဓူဝံကြယ်ခရမ်းဧကရာဇ်က ‘အရှိန်အဝါ’နှင့် ဆင်တူသော စွမ်းအားတစ်ခုကို အသက်သွင်း နိုင်ပြီ ဖြစ်သည်။ မူရင်း [ဓူဝံကြယ်မုန်တိုင်း] ၊ [ကြယ်အစောင့်အရှောက်တောင်ပံ] နှင့် [အစစ်အမှန်အနီရောင်ကွယ်ပျောက်] တို့အပြင် ခုနက သူသည် အရှိန်အဝါ ၄ခုကိုလည်း သင်ယူနိုင်ခဲ့သည်။

ထိုအရှိန်အဝါ ၄ခုကို စူပါစနစ်မှ ‘ပေးအပ်’ထားခြင်းမျိုး မဟုတ်ဘဲ ချန်လွေ့၏ ကိုယ်ပိုင် ‘နားလည်မှု’ပင်။ စူပါစနစ်က စင်မြင့်တစ်ခု ကိုလည်း ထောက်ပံ့ပေးခဲ့သည်။

ထိုအရာက ယခင် ဆင့်ကဲ ပြောင်းလဲခြင်းနှင့် အကြီးမားဆုံး ခြားနားချက် ဖြစ်သည်။

[လေလိုလျင်မြန်]၊ [တောလိုနှေးကွေး]၊ [မီးလိုကျူးကျော်]၊ [တောင်လိုမတုန်မလှုပ်]။

အမြန်နှုန်း၊ အချိန်၊ တိုက်ခိုက်မှု၊ ခုခံမှုတို့ပင်။

ထိုအရှိန်အဝါ(၄)ခုက ‘စွန်းဇူ၏စစ်ပညာ’မှ လာခြင်းဖြစ်ပြီး မူရင်းစာသားမှာ “လျင်မြန်မှုကို လေလို၊ ကြံ့ခိုင်မှုကို သစ်တောလို၊ ဖျက်ဆီးတဲ့အခါ မီးလို၊ ငြိမ်သက်တဲ့ အခါ တောင်လို ဖြစ်နေပါစေ။ အစီအစဉ်တွေကို ညလို မှောင်မိုက်ပြီး မဖောက်ထွင်းနိုင်အောင် လုပ်ထား။ လှုပ်ရှားတဲ့အခါ မိုးကြိုးလို ဖြစ်ပါစေ။” ဟူ၍ပင်။

ချန်လွေ့က စေတန်၊ ဆာရီရယ်၊ မိုက်ကယ်၊ ရာဖယ်ရယ်၊ ခီလီယာနာ နှင့် ဆိုစဘတ်တို့၏ အရှိန်အဝါကို မြင်ခဲ့ပြီးပြီ ဖြစ်သည်။ ထို့ပြင် သူက ဖိုက်သွန် သုံးခဲ့သော အရှိန်အဝါကို ကိုယ်တိုင် ခံစားခဲ့ရသည်။ ထို့ကြောင့် သူ၏ ကိုယ်ပိုင် စွမ်းအားနှင့် ယခင် ဘဝမှ ခံစားခဲ့ရသော ယဉ်ကျေးမှုတို့ ပေါင်းစပ်လိုက်ကာ ဉာဏ်အလင်း ရုတ်တရက် ပွင့်လာပြီး ထိုအရှိန်အဝါ လေးခုကို နောက်ဆုံး၌ ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။

[ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း]အပြင် အသုံးချ အစွမ်းတစ်ခု ထပ်တိုးလာခဲ့သည်။

[ကြေးမုံခန္ဓာ]

[မှန်ကိုယ်ခန္ဓာ] အခြေအနေတွင် ခန္ဓာကိုယ် တစ်ခုလုံးက ရန်သူ၏ တိုက်ခိုက်မှုအားလုံးကို တန်ပြန်နိုင် ယိုင်သွားစေနိုင်မည်။ ၁၀စက္ကန့် ကြာမြင့်မည်ဖြစ်ပြီး တစ်နာရီတစ်ခါ အသုံးပြုနိုင်သည်။

ထိုအစွမ်းက [ကြယ်လမ်းလွှဲ] နှင့် ဆင်တူသော ခုခံမှု စွမ်းအားတစ်ခု ဆိုသည်မှာ ထင်ရှားနေ၏။ သို့သော် အကျိုး သက်ရောက်မှုက ပိုမို၍ပင် အစွမ်းထက်သည်။ [ကြေးမုံခန္ဓာ] အခြေအနေတွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ရန်သူ၏ တိုက်ခိုက်မှု အားလုံးကို တန်ပြန်စေလိမ့်မည်။

သာမန်အခြေအနေမှာ အခြား တိုက်ခိုက်ရေး အစွမ်း အသစ်များ မရှိသော်လည်း ချန်လွေ့၏ လက်ရှိ စွမ်းအားအရ သူသည် ဥပဒေသ စွမ်းအားကို လုံးဝ ကျွမ်းကျင်ခဲ့ပြီ ဖြစ်သည်။ သူက စူပါစနစ်မပါဘဲ အကွက် အမျိုးမျိုးကို ကြိုက်သလို အသုံးပြုနိုင်၏။ [အရုဏ်ဦးပစ်ချက်] မှ တိုးတက်လာခဲ့သော [ကြယ်၇ပွင့် ပေါက်ကွဲခြင်း] ကဲ့သို့ စူပါစနစ်၏ အစွမ်းများကိုပင် တိုးတက်အောင် ပြုလုပ်နိုင်ပေသည်။

ချန်လွေ့က စူပါစနစ် အဆင့်တက် ပြီးနောက်တွင် လုပ်ဆောင်ချက် အသစ်များ ဆက်လက် သုတေသန လုပ်ရန် စီစဉ်နေရင်း အာရုံတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ အတွေး တစ်ချက်ပြောင်းလိုက်ရာ ရင်းနှီးသော

ပုံရိပ်တစ်ခုက သူ့အရှေ့တွင် ပေါ်လာ ခဲ့လေသည်။

ပြီးပြည့်စုံသော မျက်နှာသွင်ပြင်နှင့် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ပုံရိပ် တစ်ခုပင်။ အပြာရောင် မျက်လုံးက ပင်လယ်ရေကဲ့သို့ နက်ရှိုင်းနေ၏။

မျက်လုံးများက တစ်နေရာကို ကြည့်နေပြီး ၎င်းတို့မှ နက်ရှိုင်းသော ဝမ်းနည်းမှု ပျောက်ကွယ်သွားကာ တည်ငြိမ် ငြိမ်းချမ်းနေခဲ့သည်။

သူ့ကို မြင်သောအခါ ချန်လွေ့၏ နှလုံးသားထဲ ယခင်လို ပြင်းထန်သော တဒုတ်ဒုတ် ရင်ခုန်သံ မရှိတော့ပေ။ တစ်ခုခု ရှိမည် ဆိုလျှင် ထိုအရာက နွေးထွေးမှု အနည်းငယ်သာ ဖြစ်၏။

“အာသာလေးလား...” နူးညံ့သော အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။ “မဟုတ်ဘူး။ ငါ နင့်ကို ‘အာသာ’လို့ ခေါ်ရမှာထင်တယ်။”

All Chapters