← Chapters

ဘွဲ့ခံယူအခမ်းအနား စတင်ခြင်း

Vol. 64 Ch. 1032

ဘွဲ့ခံယူအခမ်းအနား စတင်ခြင်း

Vol. 64 Ch. 1032

၅ရက် ကုန်ဆုံးသွားခဲ့သည်။

မနက်ဖြန်ဆိုလျှင် ‘သိဒ္ဓိသားတော် ဘွဲ့ခံယူ အခမ်းအနား’ ကျင်းပမည့်နေ့ ဖြစ်သည်။ ဖိတ်ကြားထားခဲ့သော ဧည့်သည်များအားလုံး ကမ်းပါးဖြူသို့ ရောက်ရှိလာကြလေပြီ။ နဂါးလင်းလက်အင်ပါယာမှ မဟာလက်ဇ်သည်လည်းကောင်း၊ ‘စွန့်ပစ်ခံရသော’ ‘စေ့စပ်ထားသူ’ ကျက်သရေပြာအင်ပါယာမှ မင်းသမီး ပုလဲလန်ဘိစ်သည်လည်းကောင်း ရောက်ရှိလာကြပြီ ဖြစ်သည်။

မင်းသမီး လန်ဘိစ်က မဟာ ခလွန်တာနှင့်အတူ ရောက်လာသည်။ ယေဘုယျအားဖြင့် ဘုရင်တစ်ပါးက သူ အရိုက်အရာ ဆက်ခံရန် အဖြစ်နိုင်ဆုံး သားတော် သို့မဟုတ် သမီးတော်ကို ခေါ်လာလေ့ရှိသည်။ ပထမဦးဆုံးအနေဖြင့် သူတို့သည် ဒီအခမ်းအနားကို အခွင့်ကောင်းယူပြီး ဆက်ဆံရေး တည်ဆောက်ကြသည်။ ဒုတိယအနေဖြင့် ဘုရားကျောင်း အပေါ် လေးစားမှု ပြသသည့် ယဉ်ကျေးမှုတစ်မျိုးလည်း ဖြစ်သည်။

ဗစ်တာနှင့် အခြားမင်းသားများက သူတို့နှင့်အတူ မလိုက်ပါလာကြပေ။ တစ်နည်းအားဖြင့် ထိုအရာသည် မဟာခလွန်တာ၏ ထီးနန်းဆက်ခံသူ ရွေးချယ်မှုအပေါ် သဘောထားကို ဖော်ပြနေပြီ ဖြစ်သည်။ နစ်နာသူ ဖြစ်သည့် မင်းသမီး လန်ဘိစ်က အာသာ သူ့ကို လက်ထပ်ရန် ငြင်းဆိုပြီး တစ်ကိုယ်တည်း နေရန် ကျိန်ဆိုလိုက်ပြီးနောက်ပိုင်းတွင် သိဒ္ဓိသားတော်အဖြစ် ဘွဲ့ချီးမြှင့် ခံရတော့မည့်ကိစ္စအပေါ် မည်သည့် သဘောထားမှ မပြခဲ့ပေ။ သူက တိတ်ဆိတ် ငြိမ်သက်နေပုံရသည်။

လူသားလောကသည် နတ်ဆိုးဘုံ နှင့်မတူပေ။ မှော်သတင်းစာများနှင့် မှော်ရုပ်သံများ ပေါ်လာသည်နှင့်အမျှ သတင်းထောက် အလုပ်အကိုင်လည်း ပေါ်ပေါက်လာခဲ့သည်။ လက်ရှိတွင် နတ်ဆိုးဘုံမှ သတင်းထောက်များက အလေးအနက်ထားသည့် ဂျာနယ်လစ်များသာ ဖြစ်သည်။ သတင်းစာများနှင့် ရုပ်သံများ၏ ဖျော်ဖြေရေးကဏ္ဍ အဆင့်ဆင့် တိုးတက်လာသည်နှင့်အမျှ နတ်ဆိုးဘုံ၏ ထူးခြားသော လက္ခဏာများပါသည့် အတင်းအဖျင်း ဖျော်ဖြေရေး သတင်းထောက်များလည်း ပေါ်ပေါက်လာမည် ဖြစ်သည်။

မဟာလက်ဇ်က မဟာခလွန်တာ ထက် ၂ရက်စော၍ ကမ်းပါးဖြူသို့ ရောက်ရှိလာခဲ့ပြီး သူကလည်း မင်းသမီးတစ်ပါးကို ခေါ်လာခဲ့သည်။ ထိုမင်းသမီးက လန်ဘိစ်နှင့် မတူဘဲ အရိုက်အရာ ဆက်ခံသူ ဆိုသည့် စကားလုံး နှင့်လည်း မကိုက်ညီပေ။ သို့သော် အာသာနှင့် သူ၏ ဆက်ဆံရေးက လန်ဘိစ်ထက် ပိုမို ရင်းနှီးသည်။

သူက ဖရီယာရိုလန်ပင်။

အာသာ၏ တစ်ဦးတည်းသော ညီမတော် ဖြစ်သည်။

သို့သော် မဟာလက်ဇ် ဖရီယာကို ခေါ်လာခြင်းမှာ ယဉ်ကျေးမှုဆိုသည့် အချက်အပေါ် ဟန်ပြသက်သက်သာ ဖြစ်သည်။ လူတိုင်း သိကြသည့် အတိုင်း အာသာကို နဂါးလင်းလက် အင်ပါယာမှ မဟာလက်ဇ်က နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။ အာသာက အလွန်ပင် ထက်မြက်လွန်းနေသည် ဖြစ်ရာ အုပ်ချုပ်သူတစ်ဦး အဖို့ သတိထားစရာ ဖြစ်စေခဲ့သည်မှာ အသေအချာပင်။ သို့သော် ထိုအရာက မဟာလက်ဇ်က တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းရှိသော်လည်း လိုက်လျောညီထွေ မနေနိုင်ကြောင်း တခြားရှုထောင့်တစ်ခုမှ ဖော်ပြနေ၏။

နဂါးလင်းလက်အင်ပါယာမှ အာသာ ထွက်သွားပြီးနောက်တွင် ကျောင်းတော်က သူ့ကို သိဒ္ဓိသားတော်အဖြစ် ချက်ချင်း ခေါ်ယူခဲ့သည်။ ကျောင်းတော်က တမင်တကာ ထုတ်ဖော်ခဲ့သည့် ယုံကြည်စိတ်ချရသည့် သတင်းအရ ထိုသိဒ္ဓိသားတော်က နောင်တစ်ချိန် ပုပ်ရဟန်းမင်းအသစ် ဖြစ်လာမည်မှာ သေချာသည်။

တစ်ဖက်တွင် အင်ပါယာ၏ အုပ်ချုပ်သူ အလောင်းအလျာ ဖြစ်ပြီး နောက်တစ်ဖက်တွင် သိဒ္ဓိကျောင်းတော်၏ ပုပ်ရဟန်းမင်း အလောင်းအလျာ ဖြစ်သည်။ မျက်စိ မှိတ်ထားလျှင်ပင် မည်သည့်ဘက်က ပိုကောင်းပြီး မည်သူက ပိုဆိုးကြောင်း လူတိုင်း အလွယ်တကူ သိနိုင်သည်။ အာဏာအတွက် သားကို စွန့်ပစ်ခဲ့ပြီး သားအဖေ ဆက်ဆံရေးကိုပင် ဖြတ်တောက်ခဲ့သည့် မဟာလက်ဇ် အတွက် ထိုသတင်းက အရှက်ရစရာ ပါးရိုက်ခံလိုက်ရခြင်းပင်။

မည်သို့ပင်ဖြစ်စေကာမူ ကျောင်းတော်၏ တောင်းဆိုမှုအရ မဟာလက်ဇ်က ထိုအခမ်းအနားကို အထူး ဧည့်သည်တော် အဖြစ် ပါဝင်ခဲ့သည်။ အကြောင်းမှာ ၎င်းက ပုပ်ရဟန်းမင်းကြီးလောင်း အတွက် ဘွဲ့ခံယူအခမ်းအနား ဖြစ်နေ၍ပင်။ သိဒ္ဓိအင်ပါယာ၏ အုပ်ချုပ်သူ တစ်ဦး အနေဖြင့် သူက ယဉ်ကျေးမှုအရ ဆိုလျှင်ပင် တက်ရောက်သင့်သည်။

သူ လာလျှင် ပါးရိုက်ခံရသလို ဖြစ်မည်ဖြစ်ပြီး မလာခဲ့လျှင် ပို၍ပင် ရှက်စရာ ကောင်းပေလိမ့်မည်။

သို့သော်... ယခုတစ်ခါတွင်တော့ မဟာလက်ဇ်က ရှက်စရာ ကိစ္စကို အဆုံးအထိ ဆက်လက်လုပ်သွားရန် စီစဉ်နေပုံရ၏။ ရောက်လာသည်နှင့် တပြိုင်နက် သူသည် ရှက်စရာ ကောင်းသော အခြားအရာတစ်ခုကို ထပ်လုပ်ခဲ့ပြန်သည်။ မဟာလက်ဇ်က သိဒ္ဓိအလင်းတောင်မှ ခေါင်းဆောင်ကြီး၃ဦးနှင့် သီးသန့် တွေ့ဆုံခဲ့ပြီး လက်ရှိ အာသာက သူ့သား မဟုတ်တော့ကြောင်းနှင့် အာသာ၏ ခန္ဓာကိုယ်ထဲတွင် သံသယ ဖြစ်စရာ ဝိညာဉ်တစ်ခု သိမ်းပိုက် ထားခြင်း ပြောခဲ့သည်ဟု ဆိုကြ၏။

ကံမကောင်းစွာပင် ဗန်တိစ်နှင့် အခြား ဂုဏ်းချုပ် နှစ်ဦးကပါ သူ၏ စကားများကို ဂရုမစိုက် ခဲ့ကြပေ။ ထိုနေ့က မဟာလက်ဇ် ခန်းမထဲမှ ထွက်သွားချိန် မျက်နှာ ပျက်နေကြောင်း လူအများအပြား မြင်တွေ့ခဲ့ကြသည်။ ထိုမအောင်မြင် ခဲ့သော သီးသန့်တွေ့ဆုံပွဲ သတင်းက နောက်တစ်နေ့တွင် ပျံ့နှံ့သွားခဲ့သည်။ မဟာလက်ဇ်က သိက္ခာကျခဲ့ရ၏။

တခြားတိုင်းပြည်မှ ဘုရင်များပင် သူ့ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်ခဲ့ကြသည်။ မင်းက အာသာနဲ့ သားအဖဆက်ဆံရေးကို ဖြတ်ခဲ့ပြီးပြီ။ ဘာကြောင့် ဒီလောက် အဆုံးအထိ လုပ်နေတာလဲ။ ဒီအခြေအနေမှာ မင်း မှန်တာကို သက်သေပြဖို့ သူ့ကို ဆက်ပြီး စွပ်စွဲနေသေးတာလား။ ဒါက သဘောထားတာ မဟုတ်တော့ဘူး။

ကောင်းကောင်း ပြောရရင်တော့ ခေါင်းမာတာပေါ့။ မဟုတ်ရင်တော့ အဲဒါကို မိုက်မဲ့သူလို့ ခေါ်တာ။

အမှန်တကယ်၌ ချန်လွေ့က ရာဖယ်ရယ်ကို ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ နှစ်ခြင်း ခံရပြီးနောက် ဝိညာဉ်အသစ် ရှိနေခဲ့ကြောင်း လွန်ခဲ့သော အချိန် အတော်ကြာ ကတည်းက ဝန်ခံခဲ့ပြီး ဖြစ်သည်။ ရာဖယ်ရယ်၏ အဓိပ္ပာယ်ကလည်း အလွန် ရှင်းလင်းသည်။ သူလိုသည်က စွမ်းရည်သာ ဖြစ်သည်။ [ကောင်းကင် ကောင်းချီး] ကို အသက်သွင်းနိုင်သည့် သိဒ္ဓိသားတော်ပင်။ သူက ‘အာသာ’ ဖြစ်ဖြစ်၊ ‘မင်းသား’ ဖြစ်ဖြစ် အရေးမကြီးပေ။

မည်သို့ပင် ဆိုစေကာမူ ချန်လွေ့က သိဒ္ဓိသားတော် ဖြစ်သွားခဲ့သည်မှာ သေချာသည်။ မဟာလက်ဇ်ကမူ အလကား သက်သက် လူဆိုး တစ်ယောက် ဖြစ်ခဲ့ရသည်။

ထိုကဲ့သို့ ဟာသရသမြောက်သည့် ‘ဇာတ်လမ်းနောက်ခံ’ဖြင့် သိဒ္ဓိကျောင်းတော်၏ သိဒ္ဓိသားတော် ဘွဲ့ခံယူအခမ်းအနား စတင်ခဲ့သည်။

ယနေ့သည် သိဒ္ဓိကျောင်းတော် အတွက်သာမက လူသားလောက တစ်ခုလုံး အတွက်ပါ အရေးကြီးသည့် နေ့တစ်နေ့ပင် ဖြစ်သည်။ လူသား လောကတွင် ရှိသည့် အမျိုးမျိုးသော အင်ပါယာများနှင့် တိုင်းပြည်များမှ အုပ်ချုပ်သူများက ထိုသိဒ္ဓိသားတော် ဘွဲ့ခံယူအခမ်းအနားကို တက်ရောက် ခဲ့ကြပြီး သာမန်အတိုင်းအတာထက် အများကြီး ပိုမို ကြီးကျယ်ခမ်းနား သည်ဟု ဆိုနိုင်၏။ နတ်သူငယ်များ၊ လူပုများနှင့် နဂါးများပင် ကိုယ်စားလှယ်များ စေလွှတ်ကာ ပါဝင်ခဲ့ကြသည်။

တောင်နေ လူပုများနှင့် လိုဏ်ဂူနေ လူပုများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီး အကြီးအကဲ အက်စကာရီကို စေလွှတ်ခဲ့သည်။ သစ်တောနေ လူပုက ယန္တရား မဟာဆရာသခင် ဘန်းဒ်ကို စေလွှတ်ခဲ့သည်။

ယန္တရားမဟာဆရာသခင် ဖီနိုအီယာအပြင် နတ်သူငယ်မျိုးနွယ်စုကလည်း အမျိုးသမီးနတ်သူငယ် အကြီးအကဲ တစ်ဦးကို စေလွှတ်ခဲ့သည်။ ခီလန်ယာ အမည်ရသည့် နတ်သူငယ် အကြီးအကဲ ပေါ်လာသည်နှင့် တပြိုင်နက် တောင်ပံ၈ခုပါသည့် ကောင်းကင်တမန် ကာမေရယ်က ချက်ချင်း လာနှုတ်ဆက်ခဲ့သည်ဟု ဆိုသည်။ သူက ထူးခြားသော ဂုဏ်ပုဒ်နှင့် စွမ်းအားများရှိ သည့် အကြီးအကဲ တစ်ဦး ဖြစ်လေသည်။ သူတို့က မှော်သေနတ်နှင့် မှော်ဂိမ်း ကဲ့သို့ ကိစ္စများတွင် ကျောင်းတော်နှင့် ပူးပေါင်း ခဲ့ပြီးနောက် အမြဲတမ်း တင်းမာသည့် ဆက်ဆံရေး ရှိခဲ့သော အခြေအနေများ စတင်၍ ပြေလည် လာခဲ့သည်။ ခီလန်ယာနှင့် ဖီနိုအီယာ တို့ကို အခမ်းအနားတွင် ပါဝင်ရန် စေလွှတ်ခဲ့ခြင်းက ကြီးကြီးမားမား လေးစားမှုပြသနေခြင်းပင်။

အလားတူပဲ ကျောင်းတော်နှင့် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးရှိသော နဂါးများလည်း သူတို့၏ အရေးပါမှုကို ဖော်ပြခဲ့ပြီး နဂါးဧကရာဇ်က အထူး သတ်မှတ် ပေးထားသည့် အထူး အကြီးအကဲ တစ်ဦးဖြစ်သော စတန်ဝဲလ်ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့သည်။ စတန်ဝဲလ်သည် အကြီးအကဲကြီး နေရာအတွက် မာရီယာနှင့် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး မဟာအကြီးအကဲ နတ်မိမယ်နဂါး၏ သားမက်တစ်ဦး ရိုက်နှက်သည်ကို ခံခဲ့ရသည့်အပြင် မင်္ဂလာပွဲလောင်းကြေး၌ စည်းစိမ်ဥစ္စာအားလုံး ဆုံးရှုံးခဲ့သော်လည်း စတန်ဝဲလ်က သိဒ္ဓိနဂါးတစ်ကောင် ဖြစ်သည်။ သူ့ကို နဂါးဧကရာဇ် ပါဂရစ်ဇ်က မြင့်မားစွာ အသိအမှတ် ပြုထားဆဲ ဖြစ်သည်။ ထိုကာလ အတွင်းတွင် သူက နဂါးများ၏ နိုင်ငံခြားရေးရာနှင့် အခြား မျိုးနွယ်စုများနှင့် ပူးပေါင်း ဆောင်ရွက်ရေးများ တာဝန်ယူခဲ့၏။ ကျောင်းတော်နှင့် အဆက်အသွယ် ပြုလုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း အတွက် အဓိက တာဝန်ခံ ပုဂ္ဂိုလ် ဖြစ်သည့်အတွက် စတန်ဝဲလ်လည်း ထိုအခမ်းအနားတွင် ရှိနေသည်ကို သဘာဝပင်။

စတန်ဝဲလ်သည် ယခုတစ်ကြိမ် အတင်းအကျပ် လာခဲ့ရခြင်း ဖြစ်၏။ သိဒ္ဓိနဂါး အကြီးအကဲက ကောင်းစွာ သိ၏။ ထိုအာသာက မာရီယာ၏ ရူးနေသော သားမက် ရစ်ချက်ပင်။ ယောက်ဖ ဆိုသည့် စကားလုံးက သူ ဖယ်ရှားမရသည့် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။

ထိုဗိုလ်ကျလွန်းသည့် လူသားများ အားလုံးကို ထိုသူက လှည့်ဖြားခဲ့ခြင်း ဖြစ်သည်။ သို့သော် နဂါးဧကရာဇ်က မျိုးနွယ်စု တစ်ခုလုံးကို အသံတိတ် နေရန် အမိန့်ထုတ် ထားခဲ့ပြီး စတန်ဝဲလ်ကို လျှို့ဝှက်ထားရန် အပြင်းထန်ဆုံး ကျိန်ဆိုမှုကိုပင် လုပ်ခိုင်းခဲ့သည်။ ထို့ကြောင့် စတန်ဝဲလ်က သက်ဆိုင်ရာ အချက်အလက်များကို လုံးဝ ထုတ်ဖော် ပြောဆိုမည် မဟုတ်ပေ။ အဲဒီ တုံးအတဲ့ ကျောင်းတော် ကိုးကွယ်သူတွေနဲ့ ကောင်းကင်တမန် သုံးပါးဆိုတဲ့ကောင်တွေ အလှည့်စား ခံရပါစေတော့။ ဒီရစ်ချက် ဆိုတဲ့ ကောင်က မသေချာဘဲ ဘယ်တော့မှ မလုပ်ဘူး။ ပွဲကြီးပွဲကောင်းကိုပဲ ငါ စောင့်နေတော့မယ်။

ထို့အပြင် လူသား ယန္တရား မဟာဆရာသခင် ချီချူနှင့် ဖာလာချီနီ တို့လည်း ရှိနေကြသည်။ ပထမတစ်ယောက်က မဟာဆရာသခင် ‘အာသာ’ ၏ ‘ဖန်တီးမှု’ကို ကိုယ်တိုင် မြင်ခဲ့ရပြီး သူက ထိုအရာကို တန်ဖိုးထား ခဲ့တယ်။ ဒုတိယတစ်ယောက်က ချန်လွေ့နှင့် လုံးဝ တွေ့ဆုံဖူးခြင်း မရှိခဲ့ပေ။ ‘လူသား ထိပ်တန်း ယန္တရား မဟာဆရာသခင်’ ဟူသော ဘွဲ့နှင့် ပတ်သက်ပြီး တစ်ချို့ အခြေအနေ၌ သူက သံသယများ ဖော်ပြခဲ့ကြောင်း ကောလဟာလများ ထွက်ခဲ့သည်။ သို့သော်လည်း နတ်သူငယ် မဟာ ဆရာသခင် ဖီနိုအီယာက ‘အာသာ’၏ ယန္တရားစွမ်းရည်ကို လူသိရှင်ကြား ချီးကျူးခဲ့ပြီးနောက် ဖာလချီနီ၏ ‘သံသယ’လည်း ပျောက်ကွယ်သွား ခဲ့လေ၏။ အကြောင်းမှာ ဖီနိုအီယာကို စွမ်းရည်၊ အသက်အရွယ်၊ ရာထူး မခွဲခြားဘဲ အစွမ်းထက်ဆုံး ယန္တရား မဟာဆရာသခင် အဖြစ် အသိအမှတ် ပြုထား၍ပင်။ ဖီနိုအီရာက ‘အာသာ’ ကို အတော်လေး ချီးကျူးသည့် အတွက် ‘အာသာ’ က အရည်အချင်း သေချာပေါက် ရှိရပေမည်။ ဖာလာချီနီက သူ့စိတ်ထဲ ‘ထိပ်တန်း မဟာဆရာသခင်’ လက်ခံမခံကိုမူ မသိနိုင်သေးပေ။

သိဒ္ဓိအလင်းတောင်-

သိဒ္ဓိကောင်းချီးတောင်ထွတ်၊ တိမ်တိုက်စင်မြင့်၌ -

နေရောင်က ထိန်ထိန်သာနေပြီး တိမ်များလည်း မရှိပေ။

ပွဲအလယ်တွင် မင်းသား အာသာ ပေါ်လာခဲ့သည်။

ယနေ့တွင် အာသာက အသေးစိတ် ပြုလုပ်ထားသည့် ငွေရောင် အနားကွတ်များပါသည့် အဖြူရောင်ဝတ်ရုံကို ဝတ်ထားပြီး ရှေးကျကာ ကျက်သရေရှိသော ဆွဲဆောင်မှုကို ပြသနေသည်။ အာသာက ဆံပင် ရွှေရောင်နှင့် အဖြူရောင်ဝတ်ရုံဖြင့် အလွန်ခန့်ညားနေ၏။ အထွတ်အမြတ် အငွေ့အသက်များက သူ့ကို ဝန်းရံထားသည်။ အသွင်အပြင် အရ ကြည့်လျှင် သူ့တွင် အမှန်ပင် အကောင်းဆုံးများထဲမှ အကောင်းဆုံးဖြစ်မည့်သူ၏ အမူအရာရှိနေသည်။

လန်ဘိစ်သည် သိဒ္ဓိကျက်သရေ စင်မြင့်ကို ဦးတည် သွားနေသည့် အာသာကို စောင့်ကြည့်နေရင်း စိတ်ထဲ တွေးနေသည်။ အာသာက ဒါကြောင့် သိဒ္ဓိခွက် ရဖို့အတွက် လက်ထပ်တာကို လူသိရှင်ကြား ငြင်းပယ်ဖို့ ငါ့ရဲ့ ကမ်းလှမ်းချက်ကို သဘောတူခဲ့တာကိုး။ ပြီးတော့ သူက နဂါးလင်းလက်အင်ပါယာ နိုင်ငံရေး နယ်ပယ်က အလွယ်လေး ထွက်သွား ခဲ့တယ်။ (အာသာက အလွယ်တကူ ရှုံးနိမ့်မည်ဟု လန်ဘိစ်က မထင်ပေ) သူက ပိုကြီးတဲ့ စင်မြင့် တစ်ခုကို ရထားတာပဲ။ သာမန်ထီးနန်းကို သူ လုံး ဝဂရုမစိုက်ဘူး။

လျှို့ဝှက် အပေးအယူ ပြီးဆုံးခဲ့ပြီး သူတို့က တစ်ဦးနှင့် တစ်ဦး အကြွေး မတင်တော့ပေ။ လန်ဘိစ်က အကျိုးအမြတ်ကို အခွင့်ကောင်း ယူခဲ့သည်ဟု ထင်ရသော်လည်း သူတို့ နှစ်ဦးကို အသိအကျွမ်းများ ဟူ၍သာ သတ်မှတ်နိုင်သည်။ အနာဂတ်တွင် သူက ကျက်သရေပြာအင်ပါယာကို အပြည့်အဝ ထိန်းချုပ်ရန် အတွက် အနည်းဆုံး ဖော်ရွေသည့်ဆက်ဆံရေး ထိန်းသိမ်း ထားနိုင်မည် ဆိုလျှင် အတော်လေး အဆင်ပြေလိမ့်မည်။

မဟာလက်ဇ်က သူ့ဘက်သို့ပင် မကြည့်နေသော ပုံရိပ်ကို စိုက်ကြည့် နေခဲ့သည်။ သူ့၏ လျစ်လျူရှုပြီး ရန်လိုပုံရသည့် မျက်လုံးများက ရှင်းပြလို့မရသည့် ခံစားချက်များနှင့် တဖျတ်ဖျတ် လက်နေ၏။ ဖရီယာ၏ အကြည့်ကမူ ဖုံးကွယ်၍ မရသည့် မြတ်နိုးမှု အမူအရာ ဖြစ်နေသည်။ သိဒ္ဓိသားတော်က သူ၏ အစ်ကို မဟုတ်ဟု ပြောထားခဲ့သော်လည်း ကောင်မလေး၏ စိတ်ထဲတွင်တော့ သူတွင် ထိုသို့ အစ်ကို တစ်ယောက် ရှိသည်ဟု ခံစားရသည်။ အထူးသဖြင့် ပြန်လာပြီးနောက် သူ၏ ဂရုစိုက်မှုက တော်ဝင်အစ်ကိုတော်ထက် အစ်ကိုအရင်း တစ်ယောက်နှင့် ပိုတူနေ၍ပင်။

နတ်သူငယ်များနှင့် လူပုများ၏ မျက်လုံးများက အတော်လေး တည်ငြိမ်နေသည်။ တောင်နေ လူပု အကြီးအကဲများက ဘာမှ မဖြစ်ပေ။ လူပု မဟာဆရာသခင် ဘန်းဒ်ကမူ ခီလန်ယာနှင့် ဖီနိုအီယာတို့ကဲ့သို့ပင် အတွင်းလူ ဖြစ်သည်။ ယနေ့တွင် သိဒ္ဓိအလင်းတောင် တစ်ခုလုံးကို ထိတ်လန့်သွားစေနိုင်သည့် တစ်ခုခု ဖြစ်လာမည်ကို သိနေသောကြောင့် ပျော်နေသူ တစ်ယောက်နှင့် ပိုတူနေသည်။ အပျော်ဆုံးလူကတော့ နဂါးများ ကိုယ်စားလှယ်ပင်။

ဟန်ဆောင်နေ။ဆက်ဟန်ဆောင်နေ။

အမျိုးမျိုးသော အကြည့်များ အောက်တွင် ချန်လွေ့က သိဒ္ဓိကျက်သရေစင်မြင့်သို့ တစ်ဆင့်ချင်းစီ တက်သွားခဲ့သည်။

သိဒ္ဓိကျက်သရေစင်မြင့်တွင် သိဒ္ဓိအလင်းတောင်၏ ခေါင်းဆောင်ကြီး သုံးဦးဖြစ်သည့် ပုပ်ရဟန်းမင်း ဗန်တိစ်၊ ဂိုဏ်းချုပ် ပါစမီယာနှင့် ဂိုဏ်းချုပ် သိဒ္ဓိမိန်းမပျို ယူဒိုရာတို့ ရှိနေကြသည်။

သို့သော် ထိုခေါင်းဆောင်ကြီး ၃ဦးက ယနေ့ ဘွဲ့ခံယူအခမ်းအနား၏ အထူးခြားဆုံး အချက် မဟုတ်ပေ။ အာသာသည်ပင် ယနေ့၏ အဓိက ဇာတ်လိုက် မဟုတ်ပေ။

ဇာတ်လိုက်က ဒဏ္ဍာရီလာ အလင်း နတ်ဘုရားအောက်တွင် ရှိနေသော ကောင်းကင်တမန်သုံးပါးထဲမှ တစ်ပါး ဖြစ်သော ရာဖယ်ရယ် ဖြစ်လေသည်။ ထို အစွမ်းထက်ပြီး မြင့်မြတ်သည့် ပုဂ္ဂိုလ်က ထိုအခမ်းအနားသို့ လာရောက်ပြီး အာသာကို ဘွဲ့ခံယူ စေမည်ဖြစ်သည်။

အာသာက သိဒ္ဓိကျက်သရေစင်မြင့် ဆီသို့ ရောက်သွားခဲ့ရာ ဗန်တိစ်က မတ်တပ်ရပ်ပြီး မိန့်ခွန်း စပြောသည်။

မိန့်ခွန်း ပြောပြီးနောက် ဘွဲ့ခံယူ အခမ်းအနားက တရားဝင် စတင်ခဲ့ သော်လည်း ပုပ်ရဟန်းမင်းကြီးက အာသာကို ဘွဲ့ချီးမြှင့်မည့်အကြောင်း ချက်ချင်း မကြေညာပေ။ ထိုအစား သူက အာသာ၏ သိဒ္ဓိအမွေအနှစ် သုံးခု အသိအမှတ် ပြုခံရခြင်း အပါအဝင် လမ်းမှားဂိုဏ်း၏ အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီးခြင်း စသော အောင်မြင်မှုများ မိတ်ဆက်နေသည်။

ဧည့်သည် အများအပြားက အမြဲ တိုတိုတုတ်တုတ် ပြောလေ့ရှိသည့် ပုပ်ရဟန်းမင်းက ယနေ့ မိန့်ခွန်းတွင် အနည်းငယ် စကားများနေသည်ကို ခံစားမိကြသည်။ သူက အကြာကြီး အဓိက အကြောင်းကို မပြောဘဲ... အချိန်ဆွဲနေပုံရသည်။ တဖြည်းဖြည်း ဗန်တိစ် ကိုယ်တိုင်လည်း အချိန်ကို မဆွဲနိုင်တော့ပေ။ သူက အဖွင့် မိန့်ခွန်းကို တတ်နိုင်သမျှ ရှည်အောင် လုပ်ခဲ့ရသည်။

အကြောင်းမှာ နောက်ပိုင်းတွင် ရာဖယ်ရယ်က အာသာကို သိဒ္ဓိသားတော်အဖြစ် ကြေညာရန် ပေါ်လာရမည် ဖြစ်၍ပင်။ ထို့နောက် သိဒ္ဓိသားတော်က ဧည့်သည်များ အားလုံး၏ အရှေ့တွင် အလင်း နတ်ဘုရားကျောင်း စစ်သည်တော် ၁၀၀ကို အလင်းဒြပ်စင်ခန္ဓာ အဖြစ် ပြောင်းလဲပေးကာ ရာဖယ်ရယ်၏ နှစ်ခြင်းကို ခံယူရင်း အသန့်စင်ဆုံး ကိုးကွယ်သူ ဖြစ်လာရမည် ဖြစ်သည်။

ပြဿနာမှာ ယခုအချိန်အထိ ဆာ-ရာဖယ်ရယ် ပေါ်မလာသေးခြင်းပင်။ ဖြစ်သည်။ တတ်နိုင်သမျှ အချိန်ဆွဲ နေသော ပုပ်ရဟန်းမင်းကြီးကလည်း နဖူးမှ ချွေးများ ကျလာတော့သည်။

All Chapters