← Chapters

စစ်မှန်သော ထိတ်လန့်မှု

Vol. 64 Ch. 1037

စစ်မှန်သော ထိတ်လန့်မှု

Vol. 64 Ch. 1037

ချန်လွေ့က အလျင်စလို မလှုပ်ရှား ခဲ့ပေ။ သူက ကောင်းကင်မှ ‘နေ’ ကိုသာ မော့ကြည့်နေခဲ့သည်။

မော့ကြည့်နေသော်လည်း အပြန် အလှန် ကြည့်နေသကဲ့သို့ ဖြစ်နေ၏။

‘နေ’က လူပုံစံသို့ အလျင်အမြန် ပြောင်းလဲသွားပြီး တောက်ပသော အလင်းတန်းများက တဖြည်းဖြည်း လျော့ပါးသွားသည်။ ထိုသန့်စင်သော မျက်လုံးအဖြူရောင်က ဓားကဲ့သို့ စူးရှပြီး ထက်မြက်သော အကြည့်ဖြင့် ချန်လွေ့ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ရာဖယ်ရယ်၏ စိတ် အခြေအနေကို ‘ထွက်ပေါက်မရှိသော ဒေါသ’ ဟူ၍ ဖော်ပြနိုင်သည်။ အဲဒီ ပုရွက်ဆိတ်လို ‘အာသာ’က ငါ့ကို လှည့်စားခဲ့တယ်။ သူက သိဒ္ဓိ အလင်းတောင် တစ်ခုလုံးကိုရော လူသားလောက တစ်ခုလုံးရဲ့ အန္တိမ အုပ်စိုးသူတွေထဲ တစ်ယောက်ကိုပါ လှည့်စားခဲ့တာ။

ရာဖယ်ရယ်သည် ခုနက အလင်း နတ်ဘုရားကျောင်းတွင် လျှို့ဝှက် ဆန်းကြယ်သော ခရမ်းရောင်ပုံရိပ် ကြောင့် နောက်ကျခဲ့၏။ နောက်ပိုင်း သူက တဖြည်းဖြည်း စုံစမ်းစစ်ဆေး ခဲ့ပြီး နောက်ဆုံးတွင် ထို‘ကြွက်’ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို‘ကြွက်’ကို ဖမ်းဆီးပြီး နှိပ်စက်လိုခဲ့သော်လည်း ထိုသူက အလွန် ပါးနပ်လှသည်။ နောက်ဆုံး သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့ပြီး အစအန မရှိဘဲ သေဆုံးသွားခဲ့သည်။

အလင်းနတ်ဘုရားကျောင်း နယ်မြေရှိ ရှေးမှော်စာ အခင်းအကျင်းများနှင့် အကျွမ်းတဝင်ရှိနေခြင်းကို ကြည့်ခြင်းအားဖြင့် လျှို့ဝှက်ဆန်းကြယ်သော ကျူးကျော်သူက သေချာပေါက် ကောင်းကောင်း စီစဉ်ထားပြီး သစ္စာဖောက် တစ်ဦး ရှိနေရပေမည်။

နောက်ဆုံးတစ်ခေါက် ဖိုက်သွန်က လေတံဆိပ်ကို ခိုးယူရန် လူတစ်ဦးကို ဦးဆောင်ပြီး ကျောင်းတော်ထဲသို့ ဝင်ရောက်ခဲ့ပြီးကတည်းက သိဒ္ဓိ အလင်းတောင် နယ်မြေရှိ ထွင်းစာ အခင်းအကျင်းများ အားလုံးနီးပါးကို မိုက်ကယ်နှင့် ရာဖယ်ရယ်တို့က အစားထိုး ပြန်လည် စီစဉ်ခဲ့ကြသည်။ ဖိုက်သွန်နှင့် စေတန် ကဲ့သို့သော နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်းများပင် အကာအကွယ်ကို လွယ်ကူစွာ ဖောက်ထွင်းပြီး သိဒ္ဓိ အလင်းတောင်ထိပ် ရောက်နိုင်မည် မဟုတ်သော်လည်း ထိုလျှို့ဝှက် ဆန်းကြယ်သောလူက အလင်းနတ်ဘုရားကျောင်းသို့ သတိမထားမိစေဘဲ တိုက်ရိုက် ရောက်လာနိုင်ပြီး ကျောင်းတော်၏ ထွင်းစာ အစီအရင်ကိုပင် သူ့ကို ဆန့်ကျင်ရန် အသုံးပြုနိုင်ခဲ့သည်။ ၎င်းက ဖိုက်သွန် ဖြစ်ရပ်ပြီးနောက် ပေါ်လာခဲ့သော သစ္စာဖောက် တစ်ဦး ဖြစ်ရပေမည်။

လက်ရှိအချိန်၌ ထိုအခြေအနေနှင့် အကိုက်ညီဆုံးသောသူ တစ်ဦးသာ ရှိနေသည်။ ရာဖယ်ရယ် ကိုယ်တိုင် ရွေးချယ်ထားသော ‘သိဒ္ဓိသားတော်’ အာသာပင်။

ထို့ကြောင့် ရာဖယ်ရယ်သည် ခရမ်းရောင် ကျူးကျော်သူကို ဖယ်ရှားပြီးနောက် ချက်ချင်းပင် တိမ်တိုက်စင်မြင့်သို့ အလျင်အမြန် ပြေးလာခဲ့ပြီးနောက် ‘အာသာ’က ကာမေရယ်ကို နှိမ်နင်းနေသည့် မြင်ကွင်းကို အချိန်မီ မြင်တွေ့ခဲ့ရ၏။ သူ၏စိတ်ထဲရှိ သံသယများ အားလုံး နောက်ဆုံး ပြေလည်သွားခဲ့သည်။

‘အာသာ’!

ရွှေရောင် နယ်မြေ၊ အဓိက ယဇ်ပလ္လင်၊ သိဒ္ဓိအလင်းတောင်... အတိတ်မှ အဖြစ်အပျက်များက ရာဖယ်ရယ်၏ စိတ်ထဲ လျင်မြန်စွာ ပေါ်လာခဲ့သည်။ သူ အလွန်ပင် ဒေါသထွက်သွား၏။ ဒီပုရွက်ဆိတ် ကောင်စုတ် လှည့်စားတာကို ငါ အချိန် အကြာကြီး ခံခဲ့ရတာပဲ။

ဒေါသတကြီးမျက်လုံးများမှ အစွမ်းထက်သော ဝိညာဉ် အရှိန်အဝါတစ်ခု တိုက်ရိုက် ထွက်ပေါ်ခဲ့လာသည်။

‘အာသာ’က နတ်ဘုရားတစ်ပိုင်း အဆင့် ထိပ်သီးပိုင်း ကာမေရယ် ကို အနိုင်ယူနိုင်ခဲ့လျှင်ပင် ထိုတိုက်ခိုက်မှု အောက်တွင် ပျက်စီးသွားလိမ့်မည်။

သို့သော် ရာဖယ်ရယ်၏ အမြင်၌ ‘အာသာ’သည် သူ၏ စွမ်းအားကို တည့်တည့်ကြည့်နေဆဲ ဖြစ်ပြီး ထိုအကြည့်က လှောင်ပြောင် နေသည်မှာ အသေအချာပင်။

ရုတ်တရက် ‘အာသာ’၏ ရွှေရောင် မျက်လုံးများအတွင်းမှ ပြိုင်စံရှား တောက်ပမှုတစ်ခု ထွက်ပေါ်လာ၏။ ခရမ်းရောင် တောက်ပမှုပင်။

ရာဖယ်ရယ်သည် ကြီးမားသော ခရမ်းရောင် ကြယ်တစ်လုံးကို မြင်ရ သကဲ့သို့ ဖြစ်သွားပြီး ထိုကြယ်က ကျယ်ပြောပြီး နက်နဲသော အဓိပ္ပာယ် ရှိနေသည့် မျက်လုံးပုံစံသို့ တဖန် ပြောင်းလဲသွားပုံရ၏။ သူ၏ ဝိညာဉ် အဆုံးမဲ့ ဟင်းလင်းပြင် အတွင်းသို့ ပျောက်ကွယ်သွားခဲ့ပုံရသည်။

“မိစ္ဆာမျက်ဆံ!” ထိုရင်းနှီးသော ခံစားမှုကြောင့် ရာဖယ်ရယ်က ရုတ်တရက် အော်ပြောလိုက်သည်။ သူက စိတ်ကို စေစားလိုက်ရာ ‘နက်ရှိုင်းခြင်း’မှ အလွယ်တကူ လွတ်မြောက်ခဲ့ပြီးနောက် သူ၏ရှေ့မှ ‘အာသာ’က မြေကြီးတုန်လှုပ်ဖွယ်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

လှပ ကြော့ရှင်းသော ခရမ်းရောင် ချပ်ကာက နောက်ကျော၌ တောင်ပံ ၆ခု ရှိနေပြီး ကြယ်ကဲ့သို့ တောက်ပမှု ထွက်ပေါ်လာ၏။ ထိုတောက်ပမှုက တိမ်တိုက်စင်မြင့် တစ်ခုလုံးသို့ ပျံ့နှံ့ သွားခဲ့ပြီး ခရမ်းရောင် ကြယ်အလင်း ပြည့်နှက်သွားခဲ့သည်။ စိတ်ဝိညာဉ် စုစည်း မှော်စက်ဝိုင်း ‘အကျဉ်းထောင်’ ပင်လျှင် ၎င်းကို ပိတ်ဆို့နိုင်ခြင်း မရှိခဲ့ချေ။

အဝေးမှ စွမ်းအား နည်းပါးသော ပရိသတ်များပင် ထွက်ပေါ်လာသော အငွေ့အသက်မှ အကန့်အသတ်မဲ့ ကျယ်ပြောမှုနှင့် စွမ်းအားကို ခံစားနိုင်ခဲ့ကြသည်။ ထိုကဲ့သို့ အသွင် ပြောင်းလဲခြင်းက လန်ဘိစ်ကို အနည်းငယ် ရင်းနှီးနေသလို ခံစားရ စေသော်လည်း မည်သူဖြစ်ကြောင်း ချက်ချင်း မသိနိုင်ခဲ့ပေ။

အနီးဆုံးဖြစ်သော ကာမေရယ်က ဝိညာဉ် တစ်ခုလုံးက ကိုယ်ခန္ဓာမှ ထွက်သွားတော့မည့်အလား ခံစားနေ ရပြီး ထိုစွမ်းအားအောက် တုန်လှုပ် နေခဲ့သည်။ သူက အလွန်အမင်း ထိတ်လန့်သွား၏။ ဒီစွမ်းအား...က သေချာပေါက် နတ်ဘုရားတစ်ပိုင်း အဆင့် မဟုတ်ဘူး။

စတန်ဝဲလ်နှင့် ခီလန်ယာတို့လည်း အံ့အားသင့်ခဲ့ကြသည်။ နတ်ဘုရား-ယောင် အဆင့်ပဲ!

သူက တကယ် နတ်ဘုရား-ယောင် အဆင့် ရောက်နေပြီ။

“မင်း ဖြစ်နေတာကိုး!” အလင်း နတ်ဘုရားကျောင်းထဲသို့ ရောနှော ဝင်ရောက်ခဲ့သော ‘ကြွက်’က ‘အာသာ’ ဖြစ်ကြောင်း ရာဖယ်ရယ် နောက်ဆုံး အပြည့်အဝ နားလည် သွားခဲ့သည်။ အရာအားလုံးကို သူ စီစဉ်ထားခဲ့ခြင်း ဖြစ်၏။ အလင်းနတ်ဘုရားကျောင်း၌ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သူက ကိုယ်ပွား တစ်ခုသာ ဖြစ်သည်။

“သေစမ်း!” ထိုရန်သူက အလွန် ပါးနပ်ကြောင်း ရာဖယ်ရယ်က သိသွားခဲ့သည်။ သူ၏ လက်ထဲတွင် ငွေရောင် တုတ်ရှည် တစ်ချောင်း ပေါ်လာပြီး ချန်လွေ့ကို ချိန်လိုက်၏။ တစ်ချက်တည်းသာ ဖြစ်သော်လည်း စွမ်းအားက ပြင်းထန်သော မုန်တိုင်း ကဲ့သို့ပင်။ မရေတွက်နိုင်သော အလင်းတန်းများက ချန်လွေ့ဆီ လွင့်စင်ထွက်လာခဲ့သည်။

တခဏအတွင်းတွင် နေရာလွတ် တစ်ခုလုံးက ရေတွက်၍ မရနိုင်သော အပိုင်းအစများအဖြစ် ပိုင်းခြားသွားပြီး စွမ်းအားမှာ အလွန်အမင်း အံ့ဩစရာ ကောင်းလှသည်။

ထိုနေရာက ဖန်တီးခြင်းစာအုပ် ရှိရာ အကာအကွယ် ကြီးကြီးမားမား ရှိသည့် အလင်းနတ်ဘုရားကျောင်း မဟုတ်သော်လည်း ရာဖယ်ရယ်က သူ၏ အစွမ်းအထက်ဆုံး စွမ်းအားကို မတွန့်ဆုတ်ဘဲ အသက်သွင်းနိုင်သော စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်း၏ ‘အိမ်ရှင်’ နေရာ ဖြစ်သည်။

ချန်လွေ့က ၎င်းကို ကိုင်တွယ်ရန် ကြိုးစားတော့မည့်အချိန် သူ့ဝိညာဉ် ရုတ်တရက် တုန်လှုပ်သွားကြောင်းကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းပင် စူပါစနစ်မှ သတိပေးသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ ရာဖယ်ရယ်၏ ဝိညာဉ် တိုက်ခိုက်မှုပင်။

မိစ္ဆာမျက်ဆံသည် ခုနက ရာဖယ်ရယ်၏ တိုက်ခိုက်မှုကို ချေဖျက်နိုင်ခဲ့သော်လည်း ယခုတွင် ယခင်ကထက် ပို၍ အစွမ်း အများကြီး သာလွန်သော လှိုင်းဒဏ်အမျိုးအစား တိုက်ခိုက်မှု ဖြစ်သည်။ စူပါစနစ် ပင် ၎င်းကို ပျက်ပြယ်အောင် မလုပ်နိုင်ခဲ့။ သူက မူးဝေလာပြီး သတိမေ့လု မတတ် ဖြစ်သွားခဲ့သည်။

ထိုသို့ တွန့်ဆုတ်နေသည့် အချိန် ချန်လွေ့က ရေတွက်၍ မရနိုင်သော အလင်းတန်းများဖြင့် လုံးဝ ဝါးမြိုခြင်း ခံလိုက်ရသည်။

သူက စကားလုံး နှစ်လုံးကိုသာ ယဲ့ယဲ့လေး ကြားလိုက်ရ၏။

[တောလိုနှေးကွေး]။

တစ်ချက်တည်း အောင်မြင်ခဲ့သော ရာဖယ်ရယ်က မျက်မှောင်ကြုတ်ကာ အခြားတစ်နေရာကို ကြည့်လိုက်၏။ ထိုနေရာတွင် ပျက်စီးသွားသင့်သော ချန်လွေ့က ထိခိုက်မှု မရှိနေဘဲ ပေါ်လာခဲ့သည်။

ရာဖယ်ရယ်က ဥပဒေသအရှိန်အဝါ တစ်မျိုးမျိုးကို ခံစားလိုက်ရသည်။ သူက ရုတ်တရက် မျက်မှောင်ကြုတ် သွားခဲ့သည်။ “အချိန်!”

ထိုအရာက သာမန် ဥပဒေသတစ်ခု မဟုတ်ဘဲ စစ်မှန်သော အရှိန်အဝါ တစ်ခု ဖြစ်သည်။

ခုနက ‘အာသာ’သည် အရေးကြီး အချိန်တွင် လွတ်မြာက်ရန်အတွက် အချိန် အရှိန်အဝါကို အသက်သွင်းပြီး အချိန်စီးဆင်းမှု အပြောင်းအလဲကို အသုံးပြုခဲ့သည်။

ယခင်က သံသယ ရှိခဲ့သော ‘မိစ္ဆာမျက်ဆံ’၏ စွမ်းရည်မှသည် ယခု ‘အချိန်’စွမ်းရည်အထိ ရာဖယ်ရယ်က နတ်ဆိုးဘုံမှ ပြိုင်ဘက်ဟောင်း တစ်ယောက်ကို တွေးလိုက်မိသည်။ စေတန်လား။

ထိုရန်သူက သေချာပေါက် စေတန် မဟုတ်ပေ။ သို့မဟုတ်ပါက သူသည် ထိုသို့ တိုက်ခိုက်မှုများကို လွတ်လွတ် လပ်လပ် လုပ်နိုင်မည် မဟုတ်ပေ။ သို့သော် ပြိုင်ဘက်တွင် စေတန်နှင့် ဆင်တူသော အချိန်အရှိန်အဝါ တစ်ခု ရှိနေသည်မှာ သေချာပေါက် ဖြစ်ပြီး ၎င်းက အတော်လေး ရှားပါး၏။

ရာဖယ်ရယ် အံ့အားသင့်သွားခဲ့ သော်လည်း သူ၏ လှုပ်ရှားမှုက မနှေးကွေးခဲ့ပေ။ သူ တုတ်ရှည်ကို ပုတ်လိုက်ပြီး ပုံရိပ်က ရေတွက်၍ မရနိုင်သော ထပ်နေသော ပုံရိပ်များ အဖြစ် ပြောင်းလဲကာ ပတ်ပတ်လည် ပျံ့နှံ့သွားခဲ့သည်။ သူက ချက်ချင်းပင် ရာနှင့်ချီ ပြောင်းလဲသွားခဲ့သည်။

ရာနှင့်ချီနေသော ရာဖယ်ရယ်က တောက်ပသော အလင်းရောင်များ ထုတ်လွှတ်ပြီး အလင်းစီးကြောင်းများ အဖြစ် လှိမ်ယှက် ပြောင်းလဲသွား၏။ အနီးနားရှိ နေရာလွတ်က လုံးဝ အေးခဲသွားသောကြောင့် ချန်လွေ့က ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစားလိုက်ရသည်။ သူ၏ ကိုယ်ခန္ဓာက ရွှေ့ပြောင်းနိုင်စွမ်း၊ လက်ခနဲ ပျောက်နိုင်စွမ်း မရှိတော့။

အချိန်ဥပဒေသပင်လျှင် ၎င်းကို မရှောင်ရှားနိုင်ခဲ့ပေ။

အရှိန်မြင့် အလင်းစီးကြောင်းများ စုပုံကာ ခမ်းနားထည်ဝါ ကြီးမားသော ပလ္လင်တစ်ခုကို ဖြစ်လာခဲ့လေသည်။ ၎င်း၏ နောက်တွင် အလင်းရောင် ထောင်ပေါင်းများစွာ ရှိနေလေသည်။ ရာဖယ်ရယ်၏ ကိုယ်ပိုင် ပုံရိပ်က ပလ္လင်ပေါ်တွင် ပေါ်လာ၏။ သူ၏ လက်ထဲရှိ ငွေရောင် တုတ်ရှည်က အုပ်စိုးသူ တစ်ယောက်၏ ကျိုင်းကဲ့သို့ ဖြစ်နေပြီး နတ်ဘုရားတစ်ပါးလိုပင်။

ထိုပုံရိပ် ပေါ်လာသည်နှင့် တပြိုင်နက် တိုက်ပွဲကို ကြည့်နေသော ခီလန်ယာနှင့် စတန်ဝဲလ်တို့ပင် ကိုးကွယ်လိုသော စိတ်ဆန္ဒများ ရှိလာခဲ့ကြသည်။ ဧည့်သည်များစွာက မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့သည်။

ရာဖယ်ရယ်၏ မျက်လုံးများက အောက်ဘက်ရှိ ချန်လွေ့အပေါ် စိုက်ကြည့်နေပြီး ရွတ်ဆိုလိုက်၏။

“မိုက်မဲမှုကို ပျော်နေပြီး နိုးထခြင်း မရှိသေးတဲ့ အသိမဲ့တဲ့ သူတွေက သေနေတဲ့ တိရစ္ဆာန်နဲ့ အတူတူပဲ။”

“ဘုရားသခင်က လူတွေကို သနား ညှာတာပေမယ့် ဆိုးသွမ်းပြီးတော့ လှည့်ဖြားတတ်တဲ့ လူဆိုးတွေကို မသနားဘူး...”

“...”

ချန်လွေ့၏ [သရုပ်ခွဲမျက်လုံး] အတွင်းပိုင်းတွင် ထိုလှပသော ပုံရိပ်များက အမှန်တကယ်တွင် ပြန့်ကားနေသော ရှေးမှော်စာများ ရေတွက်၍ မရနိုင်အောင် ဖြစ်နေပြီး ၎င်းက ရာဖယ်ရယ်၏ အဆုံးသတ် တိုက်ကွက်များထဲမှ တစ်ခုဖြစ်သော [ကောင်းကင်စတေးပလ္လင်] ပင်။

ယခင်က ရာဖယ်ရယ်သည် ၎င်းကို အကြောက်တရား အရှင်သခင် ဆိုစဘတ်၏ ပုံရိပ်ယောင်အား လုံးဝ ဖျက်ဆီးရန် အသုံးပြုခဲ့သည်ကို မြင်ခဲ့ဖူးသည်။ ယခုမူ မြင်ကွင်းထဲ ရှိနေသောကြောင့် ထိုအရှိန်အဝါ၏ အစွမ်းကို သိနေခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ရာဖယ်ရယ်၏ ဝိညာဉ်အရှိန်အဝါနှင့် ပေါင်းစည်း ထားခြင်း ဖြစ်သည်။ သူ၏ ဝိညာဉ်က ပလ္လင်၏ ဖိနှိပ်မှုနှင့် ချုပ်နှောင်မှု အောက်တွင် အဆက်မပြတ် ပြိုကွဲ နေပြီး လုံးဝပျက်စီးလုနီးပါး ဖြစ်နေ ခဲ့လေသည်။

[ကောင်းကင်စတေးပလ္လင်] စွမ်းအား အောက်တွင် ပြိုင်ဘက်၏ အရှိန်အဟုန် ပို၍ပို၍ အားနည်း လာသောအခါ ရာဖယ်ရယ်က တိတ်တဆိတ် လှောင်ပြုံးပြုံး လိုက်သည်။ သူက တိုတောင်းသော တိုက်ပွဲကို အဆုံးသတ်ရန် လက်ထဲရှိ ငွေရောင် တုတ်ရှည်ကို ရိုက်ချ တော့မည့်အချိန် စွမ်းအားများက အားနည်းလာကြောင်း ခံစားလိုက်ရ၏။ သူ၏ လက်ထဲရှိ တုတ်ရှည်က ရုတ်တရက် အောက်သို့ မဆင်းတော့ပေ။ တုတ်ရှည်သာမက [ကောင်းကင်စတေးပလ္လင်]၏ အရှိန်အဟုန်တစ်ခုလုံးက အပ်ချွန်ဖြင့် ထိုးဖောက်ခံလိုက်ရသော ဓာတ်ငွေ့ ပြည့်ထားသည့် ဘောလုံးတစ်လုံးလို ဖြစ်နေပြီး ဒီရေတစ်ခုကဲ့သို့ ပြန်ကျ သွားခဲ့လေသည်။

ထိုအချိန် ချန်လွေ့က ထိုဝိညာဉ် ချိပ်ပိတ်မှုမှ လွတ်မြောက်သွားခဲ့ပြီး အဝေးရှိ လေထဲတွင် ပေါ်လာခဲ့သည်။

“ပိတ်ပင်ခြင်းအရှိန်အဝါ!” ရာဖယ်ရယ်က ချက်ချင်းပင် အံ့အားသင့်စွာဖြင့် တုံ့ပြန်ခဲ့သည်။ “မင်းက ဘယ်သူလဲ!”

ဆာရီရယ်ရဲ့ မိစ္ဆာမျက်ဆံ စွမ်းအား၊ စေတန်ရဲ့ အချိန်ဥပဒေ၊ ဖိုက်သွန်ရဲ့ ပိတ်ပင်ခြင်း အရှိန်အဝါ... ဒီလူက နတ်ဆိုးဘုံနဲ့ သက်ဆိုင်နေနိုင်တယ်။ နတ်ဆိုးဘုံမှာ ဘယ်တုန်းက ဒီလိုမျိုး ပုဂ္ဂိုလ်တစ်ယောက် ရှိသွားတာလဲ။

အလင်းနတ်ဘုရားကျောင်းက တစ်ယောက်က အာရုံလွှဲဖို့ပဲဆိုတော့ သိဒ္ဓိအလင်းတောင်ကို လာရတဲ့ သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာများလဲ။

“ကျုပ်က ဘယ်သူလဲ ဟုတ်လား။” ချန်လွေ့က အဝေးမှ မဟာလက်ဇ်ကို လှမ်းကြည့်ပြီး ရယ်မော မေးလိုက်၏။ “ကျုပ်က ‘အာသာ’ မဟုတ်ဘူးလား။”

ထိုရူးသွပ်သော ရယ်သံက လှောင်ပြောင်မှုနှင့် အထင်အမြင် သေးမှုများဖြင့် ပြည့်နှက်နေသည်။ ယခုတွင် ၎င်းသည် နဂါးလင်းလက် အင်ပါယာ မင်းသား ‘အာသာ’ လုံးဝ မဟုတ်ဘဲ အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း လူတိုင်း သိရှိသွားခဲ့ကြသည်။

နတ်ဘုရား အောက်ရှိ အစွမ်း အထက်ဆုံး ကောင်းကင်တမန်သုံးပါး နှင့် ယှဉ်နိုင်သည့် အထူး အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးပင်။

မဟာလက်ဇ် ‘သတိပေး’ ခဲ့တာက တကယ် မှန်နေခဲ့တာပဲ။ ဒါပေမဲ့ အဲဒီတုန်းက လူတိုင်း ဒီ‘အမှန်တရား’ ကို ရယ်စရာလို့ပဲ ထင်ခဲ့ကြတာ။

ရူးသွပ်စွာ ရယ်မောနေလေသော ချန်လွေ့ကို ကြည့်ရင်း လက်ဇ်၏ မျက်လုံးများတွင် မီးတောက်များ တဖျတ်ဖျတ် လက်နေခဲ့သည်။

ထိုရယ်သံက သူ့ကို တဖန် ပြန်နှုတ်ဆက်ခြင်း ဖြစ်ကြောင်းကို သူ တစ်ဦးတည်းသာ သိရှိခဲ့သည်။

ယနေ့တွင် ထိုကဲ့သို့ ပြိုင်စံရှား အစွမ်းထက်သော ပုဂ္ဂိုလ်သည် လက်ဇ်၏ သားတော် ဖြစ်ကြောင်း မည်သူမှ မထင်နိုင်တော့သော်လည်း လက်ဇ်က စိတ်ထဲတွင် ထိုသူသည် ‘အာသာ’ ဖြစ်ကြောင်း သိနေခဲ့သည်။

သူ၏ မှတ်ဉာဏ် အစိတ်အပိုင်း တစ်ခုက အမွေ ဆက်ခံခြင်းနှင့် ပေါင်းစည်းခဲ့သည်ဟု ဆိုသော်လည်း သူက မိမိ၏သားတော် ‘အာသာ’ပင် ဖြစ်သည်။

သူ ခံစားမိသည်။

အာသာက မည်သည်ကြောင့် နန်းတော်သို့ အစောင့်အရှောက် မပါဘဲ အကြိမ်ပေါင်းများစွာ ‘အရဲစွန့်’ လာရဲခဲ့ကြောင်း လက်ဇ် နောက်ဆုံး နားလည်သွားခဲ့သည်။

အစောင့်အရှောက်များ မလိုခဲ့ပေ။ အကြောင်းမှာ ထိုသားက မည်သည့် အစောင့်အရှောက်မဆိုထက် ပိုမို၍ အစွမ်းထက်သောကြောင့်ပင်။

ယခုတွင် သူ၏ စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့မှု အချို့က ရယ်စရာ ကောင်းနေပုံရ၏။ အစကတည်းက နဂါးဝါဝိုင်၊ မှော်ဂိမ်းနှင့် ရွှေရောင် နယ်မြေတို့က သူ၏ ဖခင်အတွက် လက်ဆောင်များသာ ဖြစ်ပေသည်။

မင်းလိုချင်တာက မင်းရွေးချယ်တဲ့ လမ်းပဲ။

တောင်ပံ ဖြန့်ပြီး လွတ်လွတ် လပ်လပ် ပျံသန်းတော့။

အခုတော့ ငါ နားလည်သွားပြီ။

မင်းက ဘယ်‘အာသာ’ပဲ ဖြစ်ပါစေ။

ငါ့သား...

လက်ဇ်က ပင့်သက်ရှိုက်လိုက်ပြီး နောက်မှ ဖရီယာကို ပွေ့ဖက် လိုက်သည်။ ထိုမိန်းကလေးက သူ၏ ခမည်းတော်နောက်တွင် ပုန်းကာ မျက်လုံးဝိုင်းဝိုင်းဖြင့် တိုက်ပွဲကို စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့သည်။

“မင်းက ဘယ်သူပဲ ဖြစ်ဖြစ် အရေးမကြီးဘူး။” ရာဖယ်ရယ်က ကြောက်စရာ ကောင်းလောက်အောင် ပြောသည်။ “ဒီနေ့ တစ်လမ်းတည်း ရှိတယ်။ အဲဒါက သေခြင်းပဲ။”

ချန်လွေ့က နတ်ဘုရား-ယောင် အဆင့် စွမ်းအား ပြသခဲ့ပြီး သူ၏ နည်းလမ်းများကလည်း အတော်လေး ထူးဆန်းနေခဲ့သော်လည်း သူက နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်းနှင့် အတော် ဝေးကွာ နေသေးသည်။ ယေဘုယျအားဖြင့် အထူးအဆင့်အတွင် ပို ၍မြင့်လေ၊ အဆင့်များအကြားရှိ ကွာဟမှုမှာ ပို၍ ကြီးလေလေ ဖြစ်သည်။ နတ်ဘုရား-ယောင် အဆင့် ထိပ်သီးပိုင်းဖြစ်သော ရာဖယ်ရယ်က ချန်လွေ့ကို အလေးအနက် မထားခဲ့ပေ။

“ကျုပ်ကို လက်နက်ချခွင့်တောင် မပေးတော့ဘူးလား။” ချန်လွေ့၏ အပြုံးသည် လျစ်လျူရှုမှုသို့ ပြောင်းလဲ သွားခဲ့သည်။ “ခင်ဗျားက “အန္တိမ” ကောင်းကင်တမန် သုံးပါးလို့ခေါ်တဲ့ အထဲက ဟုတ်ပေမဲ့ မိုက်ကယ်ထက် ပိုပြီး သလောထား သေးသိမ်တာပဲ။ ခင်ဗျားရဲ့ အဆင့်က သူ့နောက်မှာ ဖြစ်နေတာ အံ့ဩစရာ မရှိတော့ဘူး။”

ရန်ဆမှုများပါဝင်သော နောက်ဆုံး စကားကြောင့် ရာဖယ်ရယ်က မျက်ခုံး အနည်းငယ် ပင့်သွားသော်လည်း သူ၏ စိတ်ထဲတွင် အကြမ်းဖျင်း ခန့်မှန်းပြီးဖြစ်သည်။ သူ၏ လက်ထဲရှိ ငွေရောင် တုတ်ရှည်ကို ခါလိုက်သော အခါ အစွမ်းထက် စွမ်းအားကြောင့် လှုပ်ခါသွားသော ပတ်ဝန်းကျင် နေရာလွတ်တွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့သည်။ “ဒီတော့... ဟမ့်! ဖိုက်သွန်က ဘယ်မှာလဲ။”

“စိတ်မပူပါနဲ့။” ချန်လွေ့က ပခုံးတွန့် လိုက်သည်။ “သူက... ခဏ နားနေတာပါ။”

“စိတ်ပူနေသင့်တာက မင်းပဲ။” ရာဖယ်ရယ်က နှာခေါင်းရှုံ့လိုက်၏။ စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းတွင် တိုင်ပုံရိပ် ဒါဇင်များစွာ ပေါ်လာပြီး လျှပ်စီးများ ရေး‌ရေးလေး ထုတ်လွှတ် နေသည်။ အနီးနားရှိ နေရာလွတ်တွင် အထူး ပြောင်းလဲမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့သည်။ “မင်းရဲ့ အကြီးဆုံး အမှားက ငါမလာခင် ထွက်မပြေးတာပဲ။ အခုတော့ မင်း သွားချင်ရင်တောင် နောက်ကျ သွားပြီ။ ဖိုက်သွန်ရဲ့ ကျက်သရေ မျှော်စင်အကူအညီနဲ့တောင် ဒီမဟာ အစီအရင်ရဲ့ ချုပ်နှောင်မှု အောက်က ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။”

“ဖိုက်သွန်က တကယ်ပဲ ဒီမှာ မရှိဘူး။ ပြီးတော့ ခင်ဗျားက အရေးကြီးတဲ့ကိစ္စ တစ်ခုကို သိတာ မှားနေတယ်။” ချန်လွေ့က မျက်လုံး ထူးဆန်းစွာ တောက်ပသွားချိန်တွင် ပြုံးလိုက်သည်။ မျက်ဆံနှစ်ခုက လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပုံ ရသည်။ “ဒါပေမဲ့ ခင်ဗျားရဲ့အမှားကို သက်သေ မပြခင် ကျုပ် အခုမှ အကြံရတဲ့ နောက်ဆုံးပေါ် အစွမ်းအသစ်ကို စမ်းကြည့်ချင်တယ်...”

ရယ်သံက ရုတ်တရက် ထပ်နေပြီး ချန်လွေ့၏ ပုံရိပ်က မျက်စိတစ်မှိတ် အတွင်း သုံးခု ခွဲသွားပြီး ရာဖယ်ရယ် ကို ဝိုင်းရံထားလိုက်သည်။

သိဒ္ဓိအလင်းဝတ်ရုံရဲ့ [အလင်းခွဲ] လား။

ရာဖယ်ရယ်က အန္တရာယ်ရှိသော နိမိတ် တစ်ခုကို ရေးရေးလေး ခံစားလိုက်ရသည်။ ၎င်းက သူ၏ရှေ့မှ ‘ကြွက်’ကြောင့် ဖြစ်နေသည်ကို သူ မယုံနိုင်ပေ။ ထိုပုံရိပ် သုံးခု၏ ကိုယ်ခန္ဓာများက အလျင်အမြန်ပင် အနီရောင်အလင်း တောက်ပလာ၏။

“[မီးလိုကျူးကျော်]!”

အော်သံတွင် ပြိုင်စံရှား အနှစ်သာရ ပါရှိနေသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်က ပျံ့နှံ့သွားခဲ့သည်။

“ဖျက်ဆီးခြင်းဇစ်မြစ်! မဟုတ်ဘူး။ နောက်တစ်ခုလည်း..” ရာဖယ်ရယ်က နောက်ဆုံးတွင် ထိတ်လန့်သွားခဲ့၏။

All Chapters