← Chapters

ထွက်ခွာခြင်း

Vol. 64 Ch. 1038

ထွက်ခွာခြင်း

Vol. 64 Ch. 1038

ပုံရိပ်သုံးခုက တချိန်တည်းတွင် ခရမ်း-အနီအလင်းများ ထုတ်လွှတ်ပြီး အချင်းချင်း ပိုင်းဖြတ်နေကြသည်။ တစ်ခဏအတွင်း ပုံရိပ်အားလုံးက ဝေဝါးသွားကြပြီး တဖြည်းဖြည်းနှင့် အစွမ်းထက်လာသော ခရမ်း-အနီ အလင်းသာ ကျန်ရစ်ခဲ့သည်။

စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်း ချုပ်နှောင်ထားသော နေရာလွတ်က ဖော်ပြ၍မရသော ဥပဒေစွမ်းအားဖြင့် ပိုင်းခြားခြင်း ခံလိုက်ရကြောင်းကို ရာဖယ်ရယ်က ခံစားလိုက်ရသည်။ ထိုမျှမက ပတ်ဝန်းကျင်နေရာလွတ်၏ ပုံစံကလည်း ရုတ်တရက် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။ သူက ယခုတွင် အထူးတြိဂံပုံစံ နေရာလွတ်တစ်ခုတွင် ရှိနေ၏။

နောက်စက္ကန့်တွင် ထပ်နေသော တြိဂံပုံရိပ်များ ပျံ့နှံ့သွားခဲ့ပြီး ‘တြိဂံ’ တစ်ခုလုံးရှိ အရာအားလုံး ပျက်စီး သွားခဲ့သည်။

နေရာလွတ် အပါအဝင် ဖြစ်၏။

ရိုးရှင်းသော ပျက်စီးခြင်းတစ်ခုသာ မဟုတ်ပေ။

ပျက်စီးခြင်းနှင့် လုံးဝ ပြောင်းပြန် ဖြစ်နေသော ဂုဏ်သတ္တိ တစ်ခု ရှိနေပုံ ရသည်။ ဂုဏ်သတ္တိ နှစ်ခုကို ထုတ်လွှတ်လိုက်သော အချိန်တွင် အပေါင်းနှင့်အနှုတ် ဝိရာဓိများကို ပေါင်းစပ်သလို ဖြစ်နေပြီး စွမ်းအားက ‘ပျက်စီးခြင်း’ အဆင့်ထက် ပိုမို၍ အစွမ်းထက်နေခဲ့သည်။

လူတိုင်း အမြင်တွင် ရာဖယ်ရယ်၏ ကိုယ်ခန္ဓာတစ်ခုလုံး တစ်ခဏအတွင်း ကွဲကြေသွားခဲ့သည်။

သိဒ္ဓိအလင်းတောင်မှ အန္တိမ အုပ်ထိန်းသူ ကာမေရယ် အပါအဝင် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။ အလင်းနတ်ဘုရားအောက်က အစွမ်းထက်ဆုံး ကောင်းကင်တမန် သုံးပါးထဲက တစ်ပါး ဖြစ်တဲ့ ရာဖယ်ရယ်က ‘အာသာ’ သတ်တာကို ခံလိုက်ရတယ်လား။

လူတိုင်းက ပို၍ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် အရာအားလုံး ဝေဝါးသွားခဲ့ပြီး အမြင်အာရုံသည်ပင် ကွဲကြေသွားသလို ဖြစ်သွား၏။

ခရမ်းရောင် အလင်းက စက္ကန့် အနည်းငယ်အကြာ ပျောက်ကွယ် သွားခဲ့သော်လည်း ကွဲကြေခြင်းက ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

အချိန် အတော်ကြာပြီးနောက်တွင် လုံးဝလေဟာနယ် ဖြစ်သွားခဲ့သော နေရာလွတ်က တဖြည်းဖြည်းနှင့် ပြန်လည် ကောင်းမွန် လာခဲ့သည်။ ကောင်းကင်တွင် အဖြူရောင် အလင်း တလက်လက် ဖြစ်နေလေသည်။ မရေတွက်နိုင်အောင် ပြန့်ကျဲနေသည့် အလင်းတန်းများ ပေါင်းစပ်သွားပြီး မပျက်စီးဘဲ ရှိနေသော ရာဖယ်ရယ် ပေါ်လာခဲ့လေသည်။ ထိုအရာက သိဒ္ဓိကျောင်းတော်မှ လူတိုင်းကို စိတ်သက်သာရာ ရစေခဲ့သည်။

အသွင်အပြင်က မပျက်မစီးဘဲ ရှိနေသော်လည်း ရာဖယ်ရယ်၏ တည်ကြည်သောမျက်နှာကို ကြည့်ခြင်းအားဖြင့် သူရရှိခဲ့သော ခုနက ထိခိုက်မှုနှင့် တုန်လှုပ်မှုက အမှန်တကယ်ပင် ပေါ့သေးသေး ကိစ္စ မဟုတ်ပေ။

“[အလင်းကုသခန္ဓာ]ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်။ ကျုပ် တွေ့ခဲ့ရတဲ့ ပြိုင်ဘက်တွေထဲ ဆာရီရယ်ရဲ့ [လဝိညာဉ်ခန္ဓာ] ကပဲ ဒါနဲ့ ယှဉ်နိုင်တယ်။” ချန်လွေ့၏ ပုံရိပ်က တစ်ဖက်တွင် ပေါ်လာပြီး သူက ခံစားချက်များဖြင့် သက်ပြင်း ချလိုက်သည်။

“ဆာရီရယ်က မင်းရဲ့ ပြိုင်ဘက်လား။ မင်းက ဘယ်သူလဲ။ သိဒ္ဓိအလင်းတောင်ကို မင်းလာရတဲ့ ရည်ရွယ်ချက်ကဘာလဲ။” ရာဖယ်ရယ်၏ မျက်လုံးများက ချန်လွေ့အပေါ် စိုက်ကြည့်နေသည်။ မူလက အထင်အမြင်သေးမှု လုံးဝ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ [အလင်းကုသခန္ဓာ] သာ မရှိခဲ့လျှင် သူ့လို နတ်ဘုရား-ယောင် ထိပ်သီးပိုင်းပင် ကြီးကြီးမားမား ထိခိုက်သွားပေမည်။

ဒီရန်သူဆီမှာ ထူးထူးဆန်းဆန်း နည်းလမ်းတွေ ရှိတယ်။ သူက နတ်ဆိုးဘုံက ဖြစ်နိုင်ပေမဲ့ လူသား လောကတွင် အရှားပါးဆုံး ဖြစ်တဲ့ [ကျက်သရေအလင်းခန္ဓာ] ကိုလည်း ပိုင်ဆိုင်ထားတယ်။ အတိုပြောရရင် သူက အထင်သေးလို့ မရနိုင်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။

“ကျုပ်က အပြင်လူ တစ်ယောက် ပါပဲ။” ချန်လွေ့က ခေါင်းခါလိုက်၏။ “ကျုပ် ဒီကို မတော်တဆ ရောက်လာ တာလို့ ပြောလို့ရတယ်။ ဖန်တီးခြင်း စာအုပ်၊ ယုံကြည်မှု..... အမ်း.... ဒါတွေက ကျုပ် လိုချင်တာတွေ မဟုတ်ဘူး။”

“မင်း အမှန်အတိုင်း မပြောဘူး ဆိုရင်လည်း ကိစ္စမရှိဘူး။ မကြာခင် မင်း အရာအားလုံးကို တစ်ခုချင်းစီ ထုတ်ဖော်ရလိမ့်မယ် ဆိုတာကို ငါ ယုံကြည်တယ်။” ရာဖယ်ရယ်၏ အဖြူရောင် မျက်လုံးက ကျယ်ပြောသော အရှိန်အဝါဖြင့် လောင်ကျွမ်းသွားသည်။ “ခုနက တိုက်ခိုက်မှုက သိဒ္ဓိအလင်းဝတ်ရုံရဲ့ စွမ်းအားကို အသုံးပြုခဲ့တာပဲ။ ဒါက မဆိုးပေမယ့် မင်းရဲ့ စွမ်းအားကို အများကြီး ကုန်ခမ်းသွားစေတယ်။ အနည်းဆုံးတော့ အချိန်တိုအတွင်း မင်း ဒါကို ပြန်ပြီး အသက်သွင်းနိုင်မှာ မဟုတ်ဘူး။ အခုတော့ မင်းကို ဖမ်းဆီးနိုင်ဖို့ ငါ့မှာ ယုံကြည်ချက် အပြည့်အဝ ရှိတယ်။”

“ခုနက ‘[ရှုထောင့်ဖျက်ဆီးခြင်း]’ အတွက် စွမ်းအား အသုံးပြုရတာက မျှော်လင့်ထားတာထက် အများကြီး ပိုများတယ်ာ ကျုပ် ဝန်ခံပါတယ်။ တကယ်တော့ အဲဒီအစွမ်းကို ကျုပ် အခုမှပဲ ပထမဆုံးအကြိမ် အနေနဲ့ အောင်အောင်မြင်မြင် အသက်သွင်း နိုင်ခဲ့တာ။ ခင်ဗျား ယူဆောင်လာတဲ့ ဖိအား အာရုံခံ ကျေးဇူးကြောင်ပေါ့။” ချန်လွေ့က လက်ကိုဖြန့်လိုက်ပြီး ရုပ်တည်တည်နှင့် ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး ဆိုတာကိုလည်း ဝန်ခံပါတယ်။ အဲဒါကြောင့်... နောက်တစ်ခါကျရင် ပိုပြင်းထန်တဲ့ တိုက်ပွဲအတွက် ချန်ထားတာပေါ့။”

“ဒါက မင်း လာချင်ရင်လာ၊ သွားချင်ရင် သွားလို့ရတဲ့ နေရာ မဟုတ်ဘူး။ နေစမ်း!” ရာဖယ်ရယ်က နှာခေါင်းရှုံ့ လိုက်သည်။ သူက တစ်ဖက်လူအား စကားပြောခွင့် လုံးဝ မပေးခဲ့ပေ။ လက်ထဲရှိ တုတ်ရှည်က မျက်စိတစ်မှိတ်တွင် ဟင်းလင်းပြင် အတွင်းသို့ ပေါင်းစည်းသွားခဲ့သည်။ တစ်ချိန်တည်းပင် ကြည့်ရှုသူများက ကျောရိုးများထဲတွင် အေးစက်မှုကို ခံစားလိုက်ရလေသည်။ နေရာလွတ် တစ်ခုလုံးသည် အားပြင်းသော အရှိန်အဝါများ ပါဝင်သည့် ရေတွက်၍ မရနိုင်သော ဖရိုဖရဲ အစိမ်းရောင် မိုးကြိုးများဖြင့် ပြည့်နှက်သွားပြီး ချန်လွေ့ကို ဝိုင်းရံထားလိုက်၏။

‘အာသာ’က သိဒ္ဓိ အမွေအနှစ် သုံးခု၏ အသိအမှတ်ပြုခြင်းကို ရခဲ့ပြီး [ကျက်သရေအလင်းခန္ဓာ]က အတုအယောင် လုံးဝ မဟုတ်ပေ။ အလင်းဒြပ်စင် တိုက်ခိုက်မှုများက တဝက်သာ ထိရောက်မည် ဖြစ်ရာ ရာဖယ်ရယ် အသက်သွင်းခဲ့သည်မှာ လေဒြပ်စင်စွမ်းအားပင်။ အစိမ်းရောင် မိုးကြိုးများက ‘အာသာ’ အနားသို့ ချဉ်းကပ်မည့်အချိန်တွင် ‘အာသာ’က ရုတ်တရက် ဖောက်ထွင်းမြင်ရသွား လေသည်။ ထိုအစိမ်းရောင် မိုးကြိုးများ သူ့ကို ဖြတ်သွားပြီး ချက်ချင်းပင် တန်ပြန်လာခဲ့သည်။

[ကြေးမုံခန္ဓာ]!

ရာဖယ်ရယ်က အလင်း နတ်ဘုရားကျောင်း အရှေ့တွင် ထိုလှည့်ကွက်ကို ခံခဲ့ရသည်။ သူက အလျင်အမြန် လက်ကို လှုပ်ခါပြီး တုတ်ရှည်က သူ၏ ကိုယ်ခန္ဓာအရှေ့ ပြန်ပေါ်လာကာ နောက်ပြန်လှည့် လာသော အစိမ်းရောင် မိုးကြိုးများ အားလုံးကို စုပ်ယူလိုက်လေသည်။

ထိုအချိန်တွင် ရာဖယ်ရယ်သည် အနီးနားရှိ မတည်ငြိမ်မှုများတွင် အပြောင်းအလဲ တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ အချင်းချင်း ရစ်ပတ် နေသော အပြာရောင်အလင်းတန်းနှင့် အနီရောင်အလင်းတန်း နှစ်ခုက သူ၏ ဘေးနားတွင် ပေါ်ထွက်လာခဲ့သည်။ နေရာလွတ် ရုတ်တရက် အေးခဲသွား လေသည်။ နေရာလွတ် သာမက သူ၏ ဝိညာဉ်ပင် ထိုထူးဆန်းသော စွမ်းအားဖြင့် အေးခဲသွားခဲ့သည်။ မိုးကြိုး၏ အရှိန်အဝါက ရုတ်တရက် တန့်သွားခဲ့သည်။

“မီးနဲ့လေချိပ်ပိတ်!” ရာဖယ်ရယ်က ရင်းနှီးနေသော စွမ်းအားကြောင့် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

မီးနဲ့လေ ချိပ်ပိတ်သည် ရန်သူ၏ ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို ချုပ်နှောင်ပြီး တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးစေသော အကျဉ်းချ အဆောင်ပစ္စည်း တစ်ခု ဖြစ်သည်။ ထိုအချိန်က ပိုင်ရှင်မှာ ရာဖယ်ရယ် ကိုယ်တိုင် ဖြစ်သည်။ တိုက်ပွဲတစ်ခုကြောင့် ထိုပစ္စည်းက အစွမ်းထက် ရန်သူ တစ်ဦးကြောင့် ပျက်စီးသွားပြီး အပိုင်း နှစ်ပိုင်း ကွဲသွားခဲ့သည်။ တစ်ခုမှာ ဝိညာဉ်ကို ချုပ်နှောင်သော ‘စိတ်ချိန်းကြိုး’ ဖြစ်ပြီး နောက်တစ်ခုမှာ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသော ‘အစစ်အမှန် မီးတောက် အချုပ်အနှောင်’ ဖြစ်၏။ စွမ်းအားကလည်း အကြီးအကျယ် လျော့ကျသွားခဲ့သည်။ ၎င်းတို့က အဆင့်မြင့် အဆောင်ပစ္စည်းယောင် အဆင့်နှင့်သာ ညီမျှသည်။

ရာဖယ်ရယ်က နည်းလမ်းများစွာ ကြိုးစားခဲ့သော်လည်း ၎င်းကို မပြင် နိုင်ခဲ့ချေ။ ထို့ကြောင့် ‘အစစ်အမှန် မီးတောက် အချုပ်အနှောင်’ ကိ အောင်မြင်မှုကြီးများ ပြုလုပ်ခဲ့သော အစ်ဇ်ယိုရူးလ်အား ပေးခဲ့ပြီး အခြား တစ်ခုကိုမူ ရွှေရောင်နယ်မြေတွင် ထိုအချိန်က သစ္စာခံခဲ့သော ‘အာသာ’ အား ပေးခဲ့သည်။

လက်ရှိ ‘အာသာ’ အသက်သွင်း ခဲ့သည်မှာ သီးခြား ‘စိတ်ချိန်းကြိုး’ မဟုတ်ဘဲ ပြီးပြည့်စုံသော ‘မီးနဲ့လေ ချိပ်ပိတ်’ ဖြစ်သည်။ စွမ်းအားက မူရင်းနှင့်ယှဉ် လျှင် လျော့ကျသွားခဲ့ သော်လည်း ထူးခြားနေဆဲ ဖြစ်သည်။ ရာဖယ်ရယ်သည်ပင် သတိမထားမိဘဲ အဖမ်းခံလိုက်ရရာ အချိန်တိုအတွင်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

‘အစစ်အမှန် မီးတောက် အချုပ်အနှောင်’ကို ရရှိမှသာ ပြီးပြည့်စုံသော အဆောင်ပစ္စည်းကို ပေါင်းစပ်နိုင်မည် ဖြစ်လေသည်။ ရာဖယ်ရယ် ချက်ချင်းပင် တုံ့ပြန် ခဲ့သည်။ “ဒါဆိုရင် အစ်ဇ်ယိုရူးလ်ကို မင်း သတ်ခဲ့တာပေါ့!”

ထိုစကားကို ကြားလိုက်ရသော် အဝေးမှ လန်ဘိစ်က တုန်လှုပ်သွား ခဲ့လေသည်။

အစ်ဇ်ယိုရူးလ်!

သူက ထိုတိုက်ပွဲကို မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

ထိုမျှမက သူက ကြယ်အလင်း ကောလိပ်မှ ဆရာများနှင့် ကျောင်းသားများကို ရိုက်နှက်ခဲ့သော ‘ရစ်ချက်’ ကိုလည်း ကိုယ်တိုင် ခေါ်ယူခဲ့သည်။

‘ရစ်ချက်’က “တစ်နေ့ကျရင်း မင်းရဲ့ စေ့စပ်ထားသူ ရုတ်တရက် ပေါ်လာပြီး စေ့စပ်မှုကို ဖျက်သိမ်းရင် ဖျက်သိမ်းပေးလိမ့်မယ်” ဟူ၍ ပြောခဲ့သည်ကို လန်ဘိစ်က ဝိုးတိုး ဝါးတား မှတ်မိလိုက်သည်။

ထိုစကားက ယခု အမှန်တကယ် ဖြစ်လာခဲ့သည်။

လက်စသတ်တော့ သူက...

ဒဏ္ဍာရီလာ ကောင်းကင်တမန် သုံးပါးကို ယှဉ်ပြိုင်နေတဲ့ ဒီ အန္တိမ အစွမ်းထက် ပုဂ္ဂိုလ်က ငါသိခဲ့တဲ့ “အာသာ” ဖြစ်နေခဲ့တာကိုး...

သူက မှော်ပညာရှင်မြို့ ဂျာဒါတွင် ရှိစဉ်က ‘အာသာ’ ကို အထူးရှာဖွေရန် သွားရောက်ခဲ့စဉ် အခွင့်အရေး ရှိခဲ့၏။

“မင်း တကယ်ပဲ ဒီစေ့စပ်မှုကို လက်မခံချင်ဘူးလား ဆိုတာကို တရားဝင် မေးချင်တယ်။”

“လက်မခံဘူး!”

ထိုအချိန်မှစ၍ လူနှစ်ဦး အကြားရှိ နောက်ဆုံးဆက်ဆံရေးက အကျိုးစီးပွားများဖြင့် ပြည့်နေသော အပေးအယူတစ်ခုတွင် ပျောက်ကွယ် သွားခဲ့ပြီး အရာများစွာ နောက်ပြန် လှည့်၍ မရနိုင်တော့ပေ။ သူက နောက်ပြန်ကြည့်ရန် အစီအစဉ် မရှိခဲ့သော်လည်း စိတ်ထဲတွင် ခံစားချက်များ ရောနှောနေသကဲ့သို့ ဖြစ်နေခဲ့သည်။ ခံစားချက် အမျိုးမျိုး ချက်ချင်းပင် ပြင်းထန်စွာ ပေါ်ပေါက် လာခဲ့လေသည်။

“မျက်လုံးသုံးလုံးနဲ့ ကောင်လား။” ချန်လွေ့က ၎င်းကို ငြင်းဆိုခြင်း မရှိဘဲ ပို၍ ‘ကျိုးကြောင်းဆီလျော်သော’ အလိမ်အညာတစ်ခု ပြောလိုက်သည်။ “အဲဒီတုန်းက ကျုပ်ရဲ့ စွမ်းအား ပြန်မရသေးဘူး။ အတော်လေးကို ပင်ပန်းခဲ့တာ။”

ချက်ချင်းဆိုသလို ရာဖယ်ရယ်က တစ်စုံတစ်ခုကို ပို၍ တွေးလိုက်မိပြီး သူ၏မျက်လုံးများ ပြူးကျယ်သွား၏။ “နှင်းဒဲလက်ပန်း!”

ထိုစကားလုံး နှစ်လုံးက အဝေးမှ ယူဒိုရာ၏ စိတ်ထဲတွင် မုန်တိုင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး သူက နောက်ဆုံးတွင် နားလည်သွားသည်။ ဒီ‘အာသာ’က ပေါလ်ရဲ့ လက်အောက်ခံ အနေနဲ့ ဟန်ဆောင်၊ သိဒ္ဓိကောင်းချီးတောင်ထွတ်ကို ခိုးဝင် ပြီးတော့ နှင်းဒဲလက်ပန်းနဲ့ ဇာမဏီ ငှက်ဥကို ခိုးယူသွားတဲ့ ‘ဆိုင်မွန်’ ဖြစ်နေတာကိုး။ သူက ငါကိုယ်တိုင် ကောင်းချီးပေးခဲ့တဲ့ သိဒ္ဓိ အလင်း အစောင့်အရှောက် စစ်သည်တော် တစ်ယောက်လည်း ဖြစ်ခဲ့တာပဲ။

ယူဒိုရာက သူ့ကို လှည့်စားပြီး ဇာမဏီငှက်ဥကို ခိုးယူသွားခဲ့သော ‘ဆိုင်မွန်’ကို အရင်ကတည်းက မုန်းတီးခဲ့သည်။ လက်စားချေရန် ကျိန်ဆိုခဲ့သော်လည်း ယခုတွင်မူ အနည်းငယ်ပင်လျှင် တွေးဝံ့ခြင်း မရှိတော့ပေ။ ဒီလူက ဆာ-ရာဖယ်ရယ်ကိုတောင် ယှဉ်နိုင်တဲ့ နတ်ဘုရား-ယောင် တစ်ယောက်ပဲ။

ချန်လွေ့ ရယ်မောလိုက်သည်။ “ရာဖယ်ရယ် ဆိုတဲ့အတိုင်းပဲ။ ခင်ဗျားရဲ့ တုံ့ပြန်တဲ့ အမြန်နှုန်းက ကျုပ် ထင်ထားတာထက် စက္ကန့် အနည်းငယ် ပိုမြန်နေတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ဆွေးနွေးဖို့ အခုက အချိန် မဟုတ်သေးဘူး။ ဒီနေ့အတွက် ခင်ဗျားရဲ့ ဧည့်ခံမှုကို ကျေးဇူးတင် ပါတယ်။ ကျုပ် နှုတ်ဆက်ဖို့ အချိန် ရောက်နေပြီ။”

“ ‘မီးနဲ့လေချိပ်ပိတ်’ ဒီအဆင့်က ငါ့ကို ပိတ်လှောင်နိုင်မယ်လို့များ မင်း ထင်နေတာလား။” ရာဖယ်ရယ်က ပြောလိုက်သည်။ “ငါ မလွတ်ခင် ဒီစိတ်ဝိညာဉ်စုစည်း မှော်အစီအရင် ပိတ်ဆို့ထားတဲ့ နေရာလွတ်ကနေ ဘယ်လို လွတ်မြောက်မလဲ ဆိုတာကို မင်းစဉ်းစားတာ ပိုကောင်းလိမ့်မယ်။ ယုံကြည်မှုစွမ်းအားနဲ့ တည်ဆောက် ထားတဲ့ ရှေးမှော်စာကို မင်း ဘယ်လို ချိုးဖျက်မလဲ ငါ မြင်ချင်တယ်။”

“ခင်ဗျားရဲ့ ရှေးမှော်စာတွေက တကယ်ပဲ အထင်ကြီးစရာပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ ခင်ဗျား အတွက် ပေးဖို့ ကျုပ်မှာ အချိန်လည်း မရှိဘူး။ စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ တကယ်တော့ ကျုပ် ထွက်သွားဖို့က ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ဘူးလို့ ထင်တယ်။ ဒါကြောင့် ဒီနေရာမှာ ခင်ဗျားရဲ့ အမှားကို ပြောရမယ်။” ထိုသို့ ပြောပြီး‌နောက် ချန်လွေ့၏ ပတ်ပတ်လည်တွင် ဖောက်ထွင်းမြင် ရသော ‘နံရံများ’က ပေါ်လာခဲ့သည်။ တလက်လက် ဖြစ်နေသော အလင်းရောင် တစ်ခု ရှိနေသည်။ ကျန်ရှိနေသော အစိမ်းရောင် မိုးကြိုး စွမ်းအားသည် ချက်ချင်း နောက်ပြန် လှည့်သွားခဲ့သည်။

ရာဖယ်ရယ်က စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်း အတွင်းရှိ နေရာလွတ် ပြောင်းသွားကြောင်း ခံစားလိုက်ရ၏။ အစီအရင်ကြီးတွင် သူ အသက်သွင်း ခဲ့သော တိုင်ဒါဇင်ပေါင်း များစွာက စစ်တုရင်ပွဲ၏ ‘အပ်ကွက်’ ဖြစ်မည် ဆိုလျှင် ယခု ဖောက်ထွင်းမြင်ရသော ‘နံရံ’ က အခြား ‘အပ်ကွက်’ နှင့် ညီမျှပြီး ‘အပ်ကွက်’ ကို ‘ပြိုင်ပွဲ’ သို့ ပြောင်းလဲပစ်လိုက်ခြင်းပင်။

ယှဉ်ပြိုင်မှု ဖြစ်သွားရာ ၎င်းကို ‘အပ်ကွက်’ဟု ခေါ်ဆိုနိုင်ခြင်း မရှိဘဲ ဖြေရှင်းနိုင်သော ပြိုင်ပွဲတစ်ခု ဖြစ်လာ ခဲ့လေသည်။

ရာဖယ်ရယ်က ပို၍ မြင့်တက် လာပြီး နောက်ဆုံး မျှော်စင်တစ်ခုကို ဖွဲ့စည်းလိုက်သော သလင်းကျောက် အလင်းအစုအဝေးကို ကြည့်လိုက်၏။ သူက ထိတ်လန့်စွာ ပြောလိုက်သည်။ “ကျက်သရေမျှော်စင်!”

ထိုအချိန် သူသည် တစ်ဖက်လူ ပြောနေသော ‘အမှား’က မည်သည့် အရာ ဖြစ်သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ကျက်သရေ မျှော်စင်ရဲ့ ပိုင်ရှင်က ဖိုက်သွန် မဟုတ်ဘဲ ‘အာသာ’ ဖြစ်နေတာကိုး။

ရာဖယ်ရယ်က ယနေ့ သူ ခံစား ခဲ့ရသော တုန်လှုပ်မှုများ ခြေဖျက်ရန် ခက်ခဲလွန်းသည်ဟု ခံစားလိုက်ရ၏။ အမှန်တကယ်၌ မကြာသေးမီကပင် အခြား ကောင်းကင်တမန် မိုက်ကယ် သည်လည်း တစ်ရက်တွင် အလားတူ ခံစားခဲ့ရကြောင်း သူ မသိခဲ့ပေ။

ကျက်သရေ မျှော်စင်က အလယ်၌ သီးခြား နေရာလွတ် တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ထိုနေရာလွတ်ထဲ အပြာရောင် အလင်းတံခါး တစ်ခုက ရာဖယ်ရယ်၏ မြင်ကွင်းထဲ ပေါ်လာ ခဲ့လေသည်။

“ချီးပဲ!” ရာဖယ်ရယ်က ၎င်းမှာ တယ်လီပို့ လမ်းကြောင်း ဖြစ်သည်ကို မြင်သောအခါ အော်ဟစ်လိုက်၏။ သူ၏ အဖြူရောင် မျက်လုံးများက တောက်ပသွားပြီး ဆံပင်ရှည် အနက်ရောင်က တခဏအတွင်း၌ အဖြူရောင်သို့ ပြောင်းလဲသွားကာ သူ၏ စွမ်းအားလည်း ရုတ်တရက် တိုးလာခဲ့သည်။ အပြာရောင်နှင့် အနီရောင် ‘မီးနဲ့လေချိပ်ပိတ်’သည် မမြင်နိုင်သော စွမ်းအား တစ်ခုဖြင့် ဆွဲဆန့်ခံလိုက်ရသလို ရုတ်တရက် တုန်ခါသွားခဲ့၏။ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီးနောက် ၎င်းသည် နောက်ဆုံးတွင် မရေတွက်နိုင်သော အလင်းစက်များအဖြစ် ကွဲထွက်ပြီး ပျံ့နှံ့သွားခဲ့သည်။

ရာဖယ်ရယ်က လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်သည်။ သူက မျက်စိ တစ်မှိတ်အတွင်း ကျက်သရေမျှော်စင် အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ စိတ်ဝိညာဉ် စုစည်း မှော်စက်ဝိုင်း၏ တိုင်များက ပျောက်ကွယ်သွားခဲ့ပြီး ကြီးမားသော စွမ်းအားကို သူ၏ လက်ထဲရှိ ငွေရောင် တုတ်ရှည်တွင် စုစည်းပြီးနောက် သလင်းကျောက် မျှော်စင်ကို ဦးတည်ပြီး ပစ်လိုက်၏။

ထိုတိုက်ခိုက်မှုက စိတ်ဝိညာဉ် စုစည်း မှော်စက်ဝိုင်း တစ်ခုလုံး၏ စွမ်းအားများ စုစည်းထားခြင်း ဖြစ်သည်။ ကျက်သရေမျှော်စင် ကဲ့သို့ နေရာလွတ် အဆောင်ပစ္စည်းတစ်ခု ရှိနေသောကြောင့် နေရာလွတ်ကို ချုပ်နှောင်ထားခြင်းက အဓိပ္ပာယ် မရှိတော့ချေ။ တစ်ခုတည်းသော နည်းလမ်းက ကျက်သရေမျှော်စင်ရဲ့ အကာအကွယ်ကို အပြည့်အဝ အနိုင်ယူပြီးတော့ ဒီရွံစရာ ‘ကြွက်’ နေရာလွတ်တံခါးထဲ ထွက်မပြေးခင် သတ်ပစ်ဖို့ပဲ။

ကျက်သရေမျှော်စင်ကို ရင်ဆိုင် ရခြင်းမှာ ရာဖယ်ရယ် အတွက် ပထမဆုံးအကြိမ် မဟုတ်။ သိဒ္ဓိနဂါး ရိုဒရီဂူးဇ် သစ္စာဖောက်သွားခဲ့ပြီး အလင်းဇစ်မြစ် အပိုင်းအစနှင့်အတူ ထွက်ပြေးစဉ်က ရာဖယ်ရယ်သည် သူ့ကို ကိုယ်တိုင် လိုက်လံ ရှာဖွေခဲ့၏။ သူက ရိုဒရီဂူးဇ်ကို ဒဏ်ရာ အပြင်းအထန် ရစေခဲ့သော်လည်း နောက်ဆုံးတွင် ရိုဒရီဂူးဇ်သည် ကျက်သရေမျှော်စင်ကို အသက်သွင်းပြီး ထွက်ပြေးခဲ့သည်။ ရာဖယ်ရယ်က ထိုပစ္စည်း၏ စွမ်းအားကို ကောင်းကောင်း သိရှိသောကြောင့် သူက စိတ်ဝိညာဉ် စုစည်း မှော်စက်ဝိုင်း တစ်ခုလုံး၏ စွမ်းအားကို ချက်ချင်း ယူဆောင်ပြီး ‘အာသာ’ကို သတ်ပစ်ရန်အတွက် ‘ကျက်သရေမျှော်စင်’၏ နေရာလွတ် အတားအဆီး အကာအကွယ်ကို ဖောက်ထွင်းရန် အစွမ်းကုန် တိုက်ခိုက်မှု တစ်ခု စတင်ခဲ့ခြင်းပင်။

ငွေအလင်းက သလင်းကျောက် မျှော်စင်ကို ချက်ချင်း ထိမှန်သွား၏။ “ဒုန်း!” မြေပြင်တုန်ခါသွားသည်နှင့် သလင်းကျောက် မျှော်စင်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်လာခဲ့သည်။ သို့သော် အာသာကို မတွေ့ရတော့ချေ။ ရာဖယ်ရယ်၏ နားထဲသို့ အသံ ယဲ့ယဲ့လေး တစ်သံ ရောက်လာခဲ့၏။

“ခင်ဗျားသာ စိတ်ရှည်မယ်ဆိုရင် နှင်းဒဲလက်ပန်းက... နောက်ပိုင်းမှာ အပေးအယူ တစ်ခုခု ဖြစ်နိုင်တယ်။”

ရာဖယ်ရယ်က မပျောက်ကွယ် သွားသေးသော အပြာရောင် အလင်း တံခါးဆီသို့ အလျင်အမြန် ပြေးသွားခဲ့ သော်လည်း သူက ၎င်းကို ဖြတ်သန်း သွားခဲ့လေသည်။ နေရာလွတ်မှ တဆင့် သူ့ကို ဖမ်းဆီးရန် သို့မဟုတ် ဝင်ရောက် စွက်ဖက်ရန် နည်းလမ်း များစွာ အဆက်မပြတ် အသက်သွင်း ခဲ့သော်လည်း မည်သည့် အရာကမှ အလုပ်မဖြစ်ခဲ့ပေ။ အလင်းတံခါး သူ့ရှေ့တွင် ဖြည်းဖြည်းချင်း မှေးမှိန် သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။

ရာဖယ်ရယ် လက်ထဲတွင်ရှိသော တုတ်ရှည်က အလွန်ပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့် အတွက်ကြောင့် အနည်းငယ် တုန်ခါနေ၏။ သူ၏ အဖြူရောင်မျက်လုံးရှိ အုံ့မှိုင်းနေသော အရာက အမှန်တကယ် ပုံဖော် လာတော့မတတ် ဖြစ်နေခဲ့လေသည်။ သူက မိုက်ကယ်၏ ဒေါသနှင့် လက်မခံနိုင်မှုကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ငွေရောင် တုတ်ရှည်ကို မြေပေါ်သို့ ရိုက်ချလိုက်ရာ စိတ်ဝိညာဉ် စုစည်း မှော်စက်ဝိုင်းက ချက်ချင်းပင် ပြိုကျသွားခဲ့သည်။ ကြီးမားသော တုန်ခါမှု အလယ်တွင် အဝေးမှ အစီအရင်ဖြင့် ကာကွယ်ထားသော လူများပင် ကြီးမားသောအားကြောင့် လွင့်စင်သွားခဲ့ကြသည်။

တုန်ခါမှု ရပ်တန့်သွားပြီးနောက် လူတိုင်းက ထိုကဲ့သို့ ဒေါသတကြီး တိုက်ခိုက်မှုအောက် အစီအရင်ဖြင့် ထောက်ပံ့ထားသော တိမ်တိုက် စင်မြင့် တစ်ခုလုံးက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရာ ထိတ်လန့်သွားခဲ့ကြသည်။ ထိုစဉ်တွင် ရာဖယ်ရယ်လည်း မရှိနေတော့ပေ။

All Chapters