← Chapters

အပြောင်းအလဲ

Vol. 64 Ch. 1028

အပြောင်းအလဲ

Vol. 64 Ch. 1028

ဝိညာဉ်အပြည့်အဝပေါင်းစည်းခြင်းခံစားချက်က အလွန်ပင် အံ့ဩစရာ ကောင်းလှသည်။ ထိုသာယာမှုက စာဖြင့် ဖော်ပြ၍မရနိုင်အောင် ဖြစ်ပြီး အချို့ခံစားချက်များက ယောက်ျားနှင့် မိန်းမကြားမှ ဆက်ဆံမှုထက် ပို၏။ အထူးသဖြင့် အကြိမ်ပေါင်းများစွာ ပေါင်းစည်းပြီးနောက် ထိုအရာက လက်လွှတ်၍ မရနိုင်လောက်အောင် စွဲမက်ဖွယ် ကောင်းလာသည်။

ချန်လွေ့က လက်ရှိတွင် ထိုကဲ့သို့ သာယာမှုမျိုးထဲ နစ်မြောနေသည်။ ဘာကြောင့်မှန်းမသိသော်လည်း ယနေ့ခံစားချက်က ယခင်ကထက် ပိုပြင်းထန်နေပုံရသည်။ သူ့ဝိညာဉ်က အတော် စွဲလမ်းနေသလိုပင် ဖြစ်၏။ ဖိုက်သွန်၏ အသံက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။ “စိတ်ကို အာရုံစိုက်ထား။ ဖန်တီးခြင်း ဇာစ်မြစ် စွမ်းအားကို အတူတူ နားလည်အောင် လုပ်ကြမယ်။”

ချန်လွေ့က အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး အာရုံစိုက်ကာ ဝိညာဉ် စွမ်းအား ပေါင်းစည်းခြင်းကို ချဲ့ထွင် လိုက်သည်။ ဖန်တီးခြင်းစာအုပ်က ထုတ်လွှတ်သော အငွေ့အသက်က [အထူးစိစစ်မှု]၏ မှတ်ဉာဏ် အမှတ်အသား မှတစ်ဆင့် သူ့၏ ကိုယ်ပိုင် ဖန်တီးခြင်း စွမ်းအားနှင့် အဆက်မပြတ် ဖလှယ်နေကြောင်းကို သူ ခံစားမိခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲက ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားက အဆက်မပြတ် ပြောင်းလဲနေပြီး ‘အစေ့’ တစ်ခုနှင့် တူနေတယ်။ ၎င်းက ဖြည်းဖြည်းချင်း အညှောင့်ပေါက်လာပြီး ‘အဖူး’မှ ‘သစ်ပင်လေး’ အထိ ကြီးထွား လာခဲ့ပြီးနောက် ဖြည်းဖြည်းချင်း ကြီးလာကာ နောက်ဆုံးမှာတွင် ‘သစ်ပင်ကြီး’ ဖြစ်လာခဲ့သည်။

ယခင်က နောက်ဆုံး ‘သစ်ပင်ကြီး’ ဖန်တီးသောအခါ စုစည်းနေသော ဇစ်မြစ်စွမ်းအားက စတင်၍ ပြိုလဲ လာခဲ့သည်။ ကြိုးစားအားထုတ်မှုများ နောက်ဆုံးတွင် အချည်းနှီး ဖြစ်ခဲ့၏။

ဒီနေ့တွင်တော့ အ‌တော်လေးကို အဆင်ပြေနေပုံရသည်။ သစ်ပင်ကြီး ပင်စည်က ကြီးထွားလာပြီး ပြိုလဲရန် အရိပ်အယောင် လုံးဝ မရှိဘဲ အကိုင်းအခက်များနှင့် အရွက်များက အလျင်အမြန် ကြီးထွားလာသည်။ လုံးဝ ဖွဲ့စည်းနိုင်ခဲ့မည် ဆိုလျှင် ပြီးပြည့်စုံသော ဖန်တီးခြင်းဇစ်မြစ်ကို နားလည်နိုင်ပေလိမ့်မည်။ ထိုအရာက အရည်အသွေးပိုင်း ပြောင်းလဲမှု တစ်ခု ဆီသို့ ဦးတည် သွားစေလိမ့်မည်။

‘သစ်ပင်ကြီး’ အကိုင်းအခက်များ၊ အရွက်များက စိမ်းလန်းစိုပြေလာပြီး ဝိုးတိုးဝါးတား ‘ဇစ်မြစ်’ ခံစားချက်က တဖြည်းဖြည်း ပိုထင်ရှားလာခဲ့သည်။

သို့သော် ‘မိုးမျှော်သစ်ပင်’ ပုံပေါ် လာတော့မည့်အချိန်တွင် ချန်လွေ့၏ ဝိညာဉ်စွမ်းအားက ထိုသိမ်မွေ့သော ခံစားချက်ကို မထိန်းထားနိုင်တော့ဘဲ ပြိုလဲတော့မည့် အရိပ်အယောင်များ ထပ်မံထွက်ပေါ်လာခဲ့သည်။

အလျင်အမြန်ပင် ဝိညာဉ်မှ သန့်စင်သော အငွေ့အသက်များကို ပို့လွှတ်လိုက်သည်။ ဝိညာဉ်နှင့်ခန္ဓာ ပေါင်းစည်းခြင်းကဲ့သို့ ပြင်းထန်သော ခံစားချက်က ပြန်ပေါ်လာခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအားက ချက်ချင်း ပြည့်လာခဲ့သည်။ ပြိုလဲတော့မည့် အရိပ်အယောင်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သစ်ပင်ကြီးက ဆက်စုစည်းကာ ပုံပေါ်လာခဲ့၏။

၎င်းက ဖိုက်သွန် ပေးပို့လိုက်သော ဝိညာဉ်စွမ်းအားပင်။ ချန်လွေ့၏ ဝိညာဉ်က ထိုစွမ်းအားကို သတိထား ခုခံသင့်တယ်။ သို့သော် ပြီးပြည့်စုံသော ဖန်တီးခြင်းဇစ်မြစ်ကို စုစည်းနိုင်ရန်က အလွန်ပင် ဆွဲဆောင်မှု ရှိနေသည်။ ထို့ပြင် အစီအစဉ်အရ သိဒ္ဓိအလင်းတောင်၌ နေထိုင်ရမယ့် နောက်ဆုံးနေ့လည်း ဖြစ်သည်။ အံ့ဩစရာကောင်းသော ခံစားချက်နှင့် ဆွဲဆောင်ခံရသော စိတ်တို့ ပေါင်းစပ်လိုက်သောအခါတွင် ချန်လွေ့က နောက်ဆုံး ၎င်းကို မတွန်းလှန်နိုင်တော့။ ဖြည်းဖြည်းချင်း ခုခံမှု လက်လျှော့ပြီး ထိုစွမ်းအားထဲ ရောနှောသွားခဲ့သည်။

သူ လိုအပ်နေသည်မှာ နောက်ဆုံး ‘တံခါးဝဆီခြေလှမ်း’ပင်။ သို့သော် အခုတော့ သူက နတ်ဘုရား-ယောင် ဝိညာဉ်စွမ်းအား၏ ထောက်ခံမှုကို ရရှိခဲ့လေသည်။ သူက အသက်ဓာတ် ထိုးသွင်းခံလိုက်ရသလို ဖြစ်သွားပြီး နှိုင်းယှဉ်မရအောင် ကြီးမားလှသော စွမ်းအားက သူ့ဝိညာဉ်ထဲသို့ ပြည့်နှက် သွားခဲ့လေသည်။

ထိုစွမ်းအား၏ အကူအညီဖြင့် ဝိညာဉ်ထဲမှ ‘သစ်ပင်ကြီး’က ပို၍ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ တလက်လက်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး နောက်ဆုံး သူက ပုံဖော်ခြင်း လုပ်ငန်းစဉ်ကို ပြီးမြောက် သွားခဲ့လေသည်။

၎င်းက မိုးမျှော်သစ်ပင် တစ်ပင် ဖြစ်သည်။ အရွက်တိုင်းနှင့် အကိုင်းအခက်တိုင်း ကျယ်ပြောသော အသက်စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ် စကြဝဠာအပြည့် ရှိနေသည်။ တချိန်တည်းမှာပင် ချန်လွေ့က သူ၏ ဝိညာဉ်ထဲတွင် အထူး ဥပဒေသ အငွေ့အသက် တစ်ခုခု ရှိနေကြောင်း ခံစားမိခဲ့၏။ ထိုဥပဒေသက ပျက်စီးခြင်းနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ တူညီသောအရာ တစ်ခုက ပြိုင်စံရှားအောင် အစွမ်းထက်ခြင်းပင်။

ဖန်တီးခြင်း ဥပဒေသ!

ပြီးတော့ ဒါက ပြီးပြည့်စုံတဲ့ ဖန်တီးခြင်း ဥပဒေသပဲ။

ချန်လွေ့ အလွန် ပျော်ရွှင်ခဲ့သည်။ ထိုအချိန် သူ၏ ဝိညာဉ်ထဲတွင် မိုးမျှော် သစ်ပင်ပေါ်မှ မျက်နှာ တစ်ခုကို တွေ့ခဲ့ရသည်။

ထိုမျက်နှာက အကိုင်းအခက်များ၊ အရွက်များအားလုံးနှင့် ဖန်တီးထားပြီး အမျိုးသမီးမျက်နှာ ဖြစ်သည်။

ဖန်တီးခြင်းဇစ်မြစ်ရဲ့ သစ်ပင်ကြီးက တကယ်တော့…

ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ မျက်နှာပေါ်မှ ထူးဆန်းသောအပြုံးကို မြင်လိုက် ရသောအခါ ရင်းနှီး‌သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အံ့ဩသွားလား။”

“ဖိုက်သွန်...” ချန်လွေ့က တစ်ခုခု မှားနေကြောင်း နောက်ဆုံးတွင် သတိထားမိလိုက်သည်။ “ခင်ဗျား ဘာလုပ်ခဲ့တာလဲ။ ကျုပ် ဖန်တီးခြင်း ဇစ်မြစ်ဥပဒေသကို နားလည်ခဲ့တာ မဟုတ်ဘူးလား။”

“ဟုတ်တယ်။ မင်းက ပြီးပြည့်စုံတဲ့ ဖန်တီးခြင်း ဇစ်မြစ်ကို နားလည် ခဲ့တယ်။ အဲဒါက ငါ့ရဲ့ အကူအညီနဲ့ လုပ်ခဲ့တာ။” ဖိုက်သွန်က ဘဝင်ခိုက်လျက် ပြုံးလိုက်သည်။ “အပြန်အလှန်အနေနဲ့ မင်းရဲ့ ခန္ဓာနဲ့ ဝိညာဉ်ကို လက်ခံဖို့ကို ငါ ဆုံးဖြတ် လိုက်တယ်။”

ချန်လွေ့၏ အသိစိတ်က ဝိညာဉ်မှ ဖယ်ခွာသွားခဲ့သည်။ ထိုအချိန်မှသာ နေရာလွတ်တစ်ခုလုံး မည်းနက် နေကြောင်းကို တွေ့သွားခဲ့သည်။ သူ၏ ခန္ဓာနှင့် အသက်စွမ်းအားကို ရေတွက် မရနိုင်သော ပါးစပ်များက ကိုက်ဝါးစားပြီး အစာခြေနေသလိုမျိုး ဖြစ်သည်။ ထိုခံစားချက်က မချိမဆံ့ ဖြစ်ရပေသည်။

“အကူအညီတောင်းဖို့တွေ၊ ထွက်ပြေးဖို့အတွက် နေရာလွတ် အစွမ်း သုံးဖို့တွေလိုမျိုး အသုံးမဝင်တဲ့ အရာတွေ မစမ်းကြည့်နဲ့။ ဘာလို့လဲ ဆိုတော့ ဒီနေရာလွတ်က သီးသန့် တည်ရှိမှုတစ်ခု ဖြစ်လို့ပဲ။ အပြင်နဲ့ လုံးဝ ခြားထားတယ်... ဒီခံစားချက်ကို ရင်းနှီးတယ် မဟုတ်လား။ အမှန်ပဲ။ ဒါက ကျက်သရေမျှော်စင်။”

“ကျက်သရေမျှော်စင်..” ချန်လွေ့ အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျား ဘယ်လိုလုပ် ဒါကို အသက်သွင်းနိုင်တာလဲ။”

“ငါ့ရဲ့ ဝိညာဉ် အမှတ်အသားက ဒီလိုမျိုး သုံးရတာမျိုး မဟုတ်ဘူး။ မင်းရဲ့ နောက်ဆုံး စမ်းသပ်မှုကနေ လောင်ကျွမ်းသွားတဲ့ ဝိညာဉ် အမှတ်အသား အများစုက ဒီအဆောင်ပစ္စည်းထဲကို စိမ့်ဝင်နေခဲ့ပြီ။ အခုအချိန် ငါ ဒီအဆောင်ပစ္စည်းကို မထိန်းချုပ် နိုင်သေးပေမဲ့ ဒါကို ဆင့်ခေါ်ပြီး ရိုးရှင်းတဲ့ လုပ်ဆောင်ချက်အချို့ သုံးဖို့ လုံလောက်နေပြီ။ ဒီနေရာလွတ် အဆောင်ပစ္စည်းရဲ့ အကြီးမြတ်ဆုံး စွမ်းရည် သုံးခုကို မသုံးနိုင်ရင်တောင် မှော်ဆန်တဲ့ အကျိုးသက်ရောက်မှု အများကြီး ရှိနေတုန်းပဲ။ ဥပမာ အခုလက်ရှိ နေရာလွတ်ခြားတာ လိုမျိုးပေါ့။ ဒါက နတ်ဘုရား-ယောင် စွမ်းအား လိုအပ်တယ်… ဒါက မင်း ဘဝမှာ ရောက်နိုင်မှာ မဟုတ်တဲ့ အဆင့်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ မင်းက သေတော့မှာ မို့လို့ပဲ။”

“ခင်ဗျား ကျုပ်ကို သတ်ရင်တောင် ဖန်တီးခြင်း ဇစ်မြ စ်ဥပဒေသကို ရမှာမဟုတ်ဘူး။ ကျုပ်ကို ဖိအား မပေးနဲ့...”

“မင်း ဖြီးဖြန်းချင်သေးတာလား။” ဖိုက်သွန်က နူးညံ့စွာ ပြုံးလိုက်၏။ “မင်းရဲ့ နတ်ဘုရားတိုင်းပြည်လိုမျိုး စွမ်းအားက ကျူးကျော် ဝင်ရောက် လာတဲ့ ဝိညာဉ်တွေကိုပဲ ပစ်မှတ်ထား နိုင်တယ်ဆိုတာ ငါ ကောက်ချက်ချ ခဲ့ပြီးသား။ အခု ငါ မင်းရဲ့ဝိညာဉ်ကို ဝါးမျိုနေပြီးတော့ မင်းရဲ့ ခန္ဓာကိုပါ ဝါးမျိုနေတာ။ ငါက မင်းရဲ့ ခန္ဓာနဲ့ ဝိညာဉ်ကို အလွှာလိုက် ခွာပြီးတော့ ဝါးမျိုလိုက်ရင် ကျန်တာ ပြီးပြည့်စုံတဲ့ ဖန်တီးခြင်းဇစ်မြစ်ပဲ ဖြစ်လိမ့်မယ်။ ငါ ဒီနေ့အတွက် အချိန် အကြာကြီး ပြင်ဆင်ထားခဲ့တာ။”

“ကျုပ်ကို ဝါးမျိုမယ် ဟုတ်လား?” ချန်လွေ့ သိမ့်သိမ့် တုန်သွားခဲ့သည်။ ဖိုက်သွန်မှာ အမှန်တကယ် ဒီလိုမျိုး ကြောက်လန့်စရာ အစီအစဉ်မျိုး ရှိနေ ခဲ့တာပဲ!

“မင်း လွတ်မြောက်နိုင်ဖို့ အချိန်ဆွဲ နိုင်တယ်… ဥပမာ မေးခွန်းအချို့ မေးလို့ရတယ်။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ အသိစိတ် လုံးဝ ပျောက်ကွယ် မသွားခင် အထိ ငါ အဲဒါတွေ တစ်ခုပြီး တစ်ခု စိတ်ရှည်ရှည်နဲ့ ဖြေပေးမယ်။ ဒါက မင်းအပေါ် ငါ ပေးနိုင်တဲ့ နောက်ဆုံး ဂုဏ်ပြုမှုပဲ။”

“နောက်ဆုံးမေးခွန်းဆိုတော့ ကျုပ်ကို အေးအေးဆေးဆေး သေခွင့် ပြုပါ။ အဲဒီ စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းကို ဘယ်လိုမျိူး ဖယ်ရှား ရမလဲ။”

ဖိုက်သွန်က အံ့ဩသော အမူအရာ ပြသလိုက်သည်။ “ဒီအချိန်မှာတောင် မင်းက အဲဒီအမျိုးသမီးအကြောင်းကို စဉ်းစားနေတာ အံ့ဩစရာပဲ။ အမှန်အတိုင်း ပြောရရင် အဲဒီ အမျိုးသမီးကို ကယ်တင်ဖို့ မဖြစ်နိုင် သလောက်ပဲ။ စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းမှာ ရာဖယ်ရယ်ရဲ့ ကိုယ်ပိုင်စွမ်းအားကော သိဒ္ဓိ အလင်းတောင်ရဲ့ ကျယ်ပြောတဲ့ စိတ်စွမ်းအားလည်း ရှိနေတယ်။ ချွတ်ယွင်းချက် မရှိသလောက်ပဲ။ စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်းကို အသက်သွင်းတဲ့ အချိန်မှပဲ အားအနည်းဆုံး ဖြစ်မှာ။ အဲဒီအချိန် မင်း ပြောင်းပြန်မှော်စာ နည်းလမ်းကို သုံးပြီးနောက် ချုပ်နှောင်ထားတာကို ဖောက်နိုင်မယ်။ ဒါပေမဲ့ အဲဒီအချိန် ရာဖယ်ရယ်ရှေ့မှာ မင်းက ဘယ်လို လူကယ်နိုင်မှာလဲ။”

“စိတ်ဝိညာဉ်စုစည်း မှော်စက်ဝိုင်း အသက်သွင်းချိန် ပြောင်းပြန်မှော်စာ နည်းလမ်းကို အသက်သွင်းတာလား။ ဒါက ဘွဲ့ခံယူခြင်း အခမ်းအနား လုပ်နေတုန်း မဟုတ်လား။” ချန်လွေ့ သက်ပြင်းချလိုက်လေသည်။ “ဒါက တကယ်ကို ခက်ခဲတာပဲ။”

“ခက်ခဲရုံတင် မဟုတ်ဘူး… ဒါပေမဲ့ မင်းရဲ့ လက်ရှိအခြေအနေကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ ထင်တယ်။” ဖိုက်သွန် ပြုံးလိုက်၏။ “ဒါဆိုရင် နောက်ဆုံးပြောစရာစကားတွေ ရှိသေးလား။”

“နတ်ဆိုးဘုံနဲ့ လူသားလောကတို့ နှစ်၅၀၀ကြာတိုင်း တိုက်ပွဲ ဖြစ်တယ်။ အဲဒီမှာ ဘာလျှို့ဝှက်ချက်တွေ ရှိလဲ။ နတ်ဆိုးဘုံက ဘာလို့ တစ်ခါမှ မနိုင်တာလဲ။ နိုင်ဖို့နီးကပ်ရင်တောင် ဘာလို့ ရှင်းပြလို့မရနိုင်တဲ့ နည်းတွေနဲ့ ကျရှုံးသွားရတာလဲ။”

“တကယ်တော့ ဒါကို ကျရှုံးတာလို့ မခေါ်ဘူး။ လူသားတွေ နတ်ဆိုးဘုံကို မကျူးကျော်နိုင်တဲ့အတွက် ဘာမှ ရလာဒ် မရှိဘူး။ ‘ရလဒ်မရှိ’တာက စစ်ပွဲရဲ့ စည်းမျဉ်းပဲ။ တစ်ယောက်က စည်းမျဉ်းကို ချိုးဖောက်လိုက်တာနဲ့ ‘ဆုံးမ’ခံရလိမ့်မယ်။”

ဖိုက်သွန်၏အဖြေကြောင့် ချန်လွေ့ ထိတ်လန့်သွားခဲ့လေသည်။ သူက လျှို့ဝှက်ချက်ကြီး တစ်ခုကို ထိမိသွား သလိုမျိုးပင်။ လွန်ခဲ့တဲ့ နှစ်၃၀၀ကျော် နတ်ဆိုးဘုံရဲ့ သန်းခေါင်နေအရှင်က သူ့ရဲ့တပ်တွေကို ဦးဆောင်ပြီးတော့ လူသားလောကကို တိုက်ခိုက်တယ်။ အဲဒီအချိန် အကြောင်းရင်း မသိဘဲ သူ သေဆုံး သွားခဲ့ရတယ်။ အဲဒါက ‘ဆုံးမခံရခြင်း’ရဲ့ ရလဒ်ပဲ။

“ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ။ အထူး အစွမ်းထက် ပုဂ္ဂိုလ်တွေက စစ်ပွဲထဲမှာ ဝင်ပါခဲ့တာလား။”

ဖိုက်သွန်မဖြေဘဲ ပြန်မေးလိုက်၏။ “မင်း ယဇ်ပူဇော် အခမ်းအနားကို မြင်ဖူးမှာပါ… အခမ်းအနားကျင်းပတဲ့ သူတွေက ဘာလို့ သူတို့ကိုယ်သူတို့ ယဇ်ပူဇော်ကြတာလဲ။”

“မဒမ် ဆိုလိုတာက…” ချန်လွေ့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒီလိုမျိုး စစ်ပွဲက တကယ်တော့ ယဇ်ပူဇော်ခြင်း တစ်မျိုးမျိုးလား။”

“ငါ ထပ်ပြောရင်တောင် မင်း နားလည်မှာ မဟုတ်ဘူး…” ဖိုက်သွန်၏ အထင်အမြင်သေးသော အသံက ရုတ်တရက် ပြောင်းလဲ သွားခဲ့ပြီး ထိတ်လန့်မှု အနည်းငယ် ဖော်ပြခဲ့သည်။ “ငါ့ရဲ့စွမ်းအား! မင်း… မင်း တကယ် ဘာလုပ်လိုက်တာလဲ။”

“နောက်ဆုံးတော့ သတိထားမိ သွားပြီလား။” ချန်လွေ့ ပြုံးလိုက်၏။ “ဒါက အရင်က ခင်ဗျားကို ကျုပ် မေးခဲ့တဲ့ စကားအတိုင်း ကွက်တိပဲနဲ့ တူတယ်။ ဒီလိုမျိုး ကူးယူတာက တီထွင်နိုင်စွမ်း မရှိတာပဲ။”

“ဒါက ‘ပိတ်ပင်ခြင်း’လား။ မင်း တကယ်ပဲ ငါ့ကို ‘ပိတ်ပင်ခြင်း’ သုံးတယ်ပေါ့။” ဖိုက်သွန်၏ အသံက စူးရှလာ၏။ အနီးအနား နေရာလွတ်ရှိ ဝါးမျိုခြင်း စွမ်းအားက ရုတ်တရက် မြင့်တက်လာခဲ့သည်။ “မသိနားမလည်တဲ့ သတ္တဝါ...”

သို့သော်လည်း ထိုစွမ်းအားက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ပေါင်းမိုးဖြင့် စုစည်းထားသော မျက်နှာ တစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်သွားပြီး အော်ဟစ် လိုက်သည်။ “မဖြစ်နိုင်ဘူး။ ဒီလို ကြီးမားတဲ့ ယုံကြည်မှုနဲ့ ဖန်တီးခြင်း စွမ်းအား! ဒါက မင်းရဲ့ ကိုယ်ပိုင်စွမ်းအား မဟုတ်ဘူး”

“ဖိုက်သွန်..” ချန်လွေ့၏အသံက သူ၏ ဝိညာဉ် တလျှောက်လုံးတွင် ထွက်ပေါ်လာခဲ့သည်။ “မိုက်ကယ်ကို ရင်ဆိုင်တုန်းက ကျုပ် ပြောခဲ့တာကို မှတ်မိလား။ ခင်ဗျား ကျုပ်ကို လျှော့တွက်ခဲ့တယ်! အရင်တစ်ခါ ကလည်း ဒီလိုပဲ။ ဒီတစ်ခေါက်လည်း ဒီလိုပဲ။ ခင်ဗျားက ကျုပ်ရဲ့ ခန္ဓာနဲ့ ဝိညာဉ်ကို ‘အစာချေ’ဖို့ အချိန် လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်လည်း အချိန်ဆွဲနေခဲ့တာပဲ။ ဒါမှမဟုတ် ‘အစပျိုးနေခဲ့တာ’လို့ ပြောလို့ရတယ်”

“ချီးပဲ! ဒါ ဘယ်လိုသစ်ပင်မျိုးလဲ။” ရေတွက်မရနိုင်သော အကိုင်းအခက်များနှင့် အရွက်များက ဖိုက်သွန်၏ ‘မျက်နှာ’ကို ဖုံးအုပ် သွားခဲ့ပြီး သူ၏ ဝိညာဉ်တစ်ခုလုံး အကျဉ်းချခံလိုက်ရ သလိုမျိုးပင်။ “ဒါက… မဖြစ်နိုင်ဘူး။”

“ခင်ဗျားရဲ့ မကောင်းတဲ့ အကြံကို ကျုပ် ကြိုတင် သတိထားပြီးသား။ အဲဒါကြောင့် ကျုပ် ရည်ရွယ်ချက်ရှိရှိ ခင်ဗျားရဲ့ စွမ်းအားကို ပေါင်းစည်းပြီး ပြီးပြည့်စုံတဲ့ ဖန်တီးခြင်း ဇစ်မြစ် ဥပဒေသ လုံးဝ ကျွမ်းကျင်ဖို့ ‘လက်ခံ’ ခဲ့တာ၊ ‘ချေးယူ’ခဲ့တာ။ ခင်ဗျား ကျက်သရေမျှော်စင်ကို ဆင့်ခေါ် ဖို့ကိုလည်း ကျုပ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ။ ဒါက ကျုပ်ရဲ့ လှုပ်ရှားမှု အတိအကျပဲ…”

“တော်တော့!” ဖိုက်သွန်၏အသံထဲ ကြောက်ရွံ့မှုများ ပါလာခဲ့သည်။ “ငါ မင်းရဲ့ ထိန်းချုပ်မှုကို အခု ပယ်ဖျက် ပေးမယ်။ မင်းရဲ့ အမျိုးသမီးကိုလည်း သွားကယ်ပေးမယ်။ ငါ့ရဲ့ ဝိညာဉ်နဲ့ ကျိန်ဆိုတယ်။”

ချန်လွေ့က ဖိုက်သွန်ကို လျစ်လျူရှု လိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်၏။ “ခင်ဗျားရဲ့ အကြီးမားဆုံးကျရှုံးမှုက… ပြီးပြည့်စုံတဲ့ ဖန်တီးခြင်း ဇစ်မြစ်က ကျုပ်အတွက် ဘာအဓိပ္ပာယ်လဲ ဆိုတာ နားမလည်တာပဲ…”

ချန်လွေ့က စကားမဆုံးခဲ့ပေ။

သဘာဝသစ်ပင် စုဆောင်းထားသော စွမ်းအား။

‘အာသာ’ဝိညာဉ်၏ ပြီးပြည့်စုံသော ပေါင်းစည်းမှု။

ဇစ်မြစ်ဥပဒေသ နှစ်ခု ဖြစ်သော ‘ပျက်စီးခြင်း’နှင့် ‘ဖန်တီးခြင်း’ တို့ကို နားလည်သဘောပေါက်ခြင်း။

…

ပမာဏ ပြောင်းလဲမှုက အစွန်းဆုံး ရောက်ရှိသွားရာတွင် အရည်အသွေး အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ရန် အတွက် အခွင့်အရေး တစ်ခုသာ လိုအပ်ပေသည်။

‘ဖန်တီးခြင်း’က အခွင့်အရေး တစ်ခုပင်။

ထိုအရာက ဖိုက်သွန်၏ လျို့ဝှက် အန္တရာယ်ကို လုံးဝ ဖယ်ရှားရန် နောက်ဆုံး နည်းလမ်းပင် ဖြစ်ပြီး နောက်ဆုံး ထိုအချိန်တွင် သူက ၎င်းကို အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။

ချန်လွေ့က မျက်လုံး မှိတ်လိုက်ရာ ပတ်ဝန်းကျင်မှ အငွေ့အသက်က ထူးဆန်းစွာ စတင်၍ ပြောင်းလဲ လာခဲ့သည်။ ကြည်လင်လှသော အဖြူရောင် အလင်းဝိုင်းများ ဖြာထွက် လာခဲ့သည်။ အဖြူရောင် အလင်းတွင် ဖန်တီးခြင်းနှင့် ပျက်စီးခြင်း အငွေ့အသက်နှစ်ခု ပါဝင်နေသည်။

ဖိုက်သွန်က ဝင်လာတော့မည့် ထိတ်လန့်စရာ အန္တရာယ်အချို့ကို ခံစားမိလိုက်ပုံရသည်။ သူက ရူးသွပ် တော့မလို ဖြစ်သွားခဲ့သည်။ “အခု တော်လိုက်တော့။ မဟုတ်ရင် ငါ့ရဲ့ ဝိညာဉ် တစ်ခုလုံးကို ဖောက်ခွဲပြီး မင်းနဲ့အတူ သေပစ်လိုက်မယ်။”

ချန်လွေ့က ထပ်မပြောတော့ပေ။ သူ၏ ပတ်ပတ်လည်ရှိ အဖြူရောင် အလင်းက ပို၍ပင် သန့်စင် လာခဲ့ပြီး အဆုံးမဲ့ကြယ်စင်စုသဖွယ် အသက်ဓာတ်များ ပြည့်နှက်နေခဲ့သည်။

သူ ယခုတွင် မည်သည့်ပစ္စည်း၊ မည်သည့် အစွမ်းကို အသုံးမပြု ရသေးပေ။ [ဓူဝံကြယ် အသွင် ပြောင်းခြင်း]ကိုလည်း အသက်မသွင်း ထားခဲ့ပေ။ သို့သော် ကြယ်စင်စုထဲ ရှိနေသော လျှို့ဝှက်ဆန်းကြယ်မှုက သူ့၏ အစွမ်းထက်ဆုံး အခြေအနေ၌ [ကြယ်စင်စုပိုင်နက်]ကို အသုံးပြုချိန် ထက်ပင် ပိုသာနေဟန်တူသည်။

မူလက သေသေချာချာ စီစဉ် ထားခဲ့သော အစီအစဉ် တစ်ခုက ထိုသို့ မယုံနိုင်စရာ အလှည့်အပြောင်း ဖြစ်လာမည်ဟု လုံးဝ မထင်ခဲ့ပေ။ ထိုသို့ အပြောင်းအလဲထဲတွင် ဝိညာဉ် တစ်ခုလုံး ပြိုကွဲနေသလို သူက ခံစားလိုက်ရသည်။ သူက ချက်ချင်း အံကြိတ်ပြီး ဝိညာဉ် တည်ရှိမှု တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးပစ် လိုက်လေသည်။

ရာဖယ်ရယ်နှင့် မိုက်ကယ်သည်ပင် ထိုစွမ်းအားကြီးကျယ်မှုကို လျစ်လျူရှု နိုင်မည် မဟုတ်ပေ။ ကျက်သရေ မျှော်စင်၏ နေရာလွတ်ထဲတွင်သာ မဟုတ်လျှင် သိဒ္ဓိအလင်းတောင်ထိပ် တစ်ခုလုံး တုန်လှုပ်သွားပေမည်။

ပေါက်ကွဲမှု အခိုက်အတန့်တွင် ချန်လွေ့၏ မျက်လုံးများ ပွင့်လာ၏။ သူ့၏ ဘယ်မျက်လုံးက ပျက်စီးခြင်း စွမ်းအားဖြစ်ပြီး ညာမျက်လုံးက ဖန်တီးခြင်းစွမ်းအား ဖြစ်နေသည်။ သူက ကျယ်ပြောသော ‌စကြဝဠာ တစ်ခု ဖြစ်လာသလိုပင်။

‘ကျယ်ပြောသောစကြဝဠာ’ ထဲ၌ ပေါက်ကွဲသွားခဲ့သော ထိတ်လန့်ဖွယ် ဝိညာဉ်မျိုးက ပင်လယ်ထဲမှ လှိုင်းတစ်လုံး ကဲ့သို့ပင် တခဏမျှ ဖြစ်လေသည်။

ထို့နောက်တွင် ကြယ်စင်စုက နှိုင်းယှဉ်မရနိုင်တောင် တောက်ပ နေသော အလင်းရောင် တစ်ခုကို ထုတ်လွှတ်လိုက်လေ၏။

All Chapters