← Chapters

သတိမထားမိလိုက်သော ရေခဲပြာရောင် မျက်လုံးတစ်စုံ။

Vol. 5 Ch. 61

သတိမထားမိလိုက်သော ရေခဲပြာရောင် မျက်လုံးတစ်စုံ။

Vol. 5 Ch. 61

“ဘုန်း!”

ရဟတ်ယာဉ်သည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျခဲ့သည်။

သို့သော်၊ ရဟတ်ယာဉ်တစ်ခုလုံးက လုချန်း ၏ပြင်းထန်သော‌ရေခဲစွမ်းအားများ ဖုံးလွှမ်းနေသောကြောင့် ပြုတ်ကျပြီးနောက် မြေကြီးပေါ်တွင် အပိုင်းအစများ ပျံ့ကျဲသွားပြီး ပေါက်ကွဲခြင်း သို့မဟုတ် မီးတောင်များမရှိပေ။

“ဘာဖြစ်တာလဲ! အမှတ်စဉ် ၄ က အဆက်အသွယ်ပြတ်သွားပီ!”

သိပ်မကြာခင်မှာပင် အခြားရဟတ်ယာဉ်ပေါ်ရှိ လူများက ဤကိစ္စ၏ လေးနက်မှုကို နောက်ဆုံးတွင် နားလည်သွားသည်။

လုချန်း မှ ခွမ်ပျောအဖွဲ့အစည်း၏ ရဟတ်ယာဉ်အား ဖျက်ဆီးခဲ့သည့် ဗီဒီယိုကို ကျန်းဇန် က အလွန်တန်ဖိုးထားခဲ့သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် နှင်းဝံပုလွေကို ဖမ်းရန် တောင်ပေါ်သို့ တက်ရောက်သည့် လူများက ကောင်းစွာ လေ့ကျင့်ထားသော အထက်တန်းစား စစ်သားများ ဖြစ်ကြသည်။

သို့သော် ရဟတ်ယာဉ်တစ်ခုလုံး အဆက်အသွယ်ပြတ်တောက်သွားပြီး နောက်ဆုံးအခိုက်အတန့်တွင် အသုံးဝင်သည့်အချက်အလက်များကို မပေးပို့နိုင်ခဲ့ပေ။

နောက်ဆုံးတွင်၊ လေယာဉ်ပေါ်ရှိလူတိုင်းက ချက်ချင်း အသက်စွမ်းအားများ ဆုံးရှုံးသွားခြင်းဖြစ်နိုင်သည့်ဟု ယူဆခဲ့ကြသည်။

ဤအခြေအနေက လူတိုင်းကို အံ့အားသင့်နေရုံမှတစ်ပါး တခြားမတတ်နိုင်။

ဧရာမဝံပုလွေရှာမတွေ့သေးခင်မှာပင် ရဟတ်ယာဉ်ခြောက်စင်းတွင် တစ်စီးက ကျဆုံးနေပြီဖြစ်သည်။

“ဒီအသံက ဘာအသံလဲ?”

ရဟတ်ယာဉ်ပျက်ကျသံသည် အလွန်ကျယ်လောင်သောကြောင့် တောင်စောင်းတွင်ရှိသော ယိုချင်းယန် သည်လည်း ထိုအသံကို ကြားလိုက်ရသည်။

“လာနေပြီ !”

ယိုချင်းယန် စိတ်ရှုပ်ထွေးနေချိန်မှာပင်၊ တိုက်ခိုက်ရန် အသင့်ဖြစ်နေသော မီးမျောက်ဝံဘုရင်က လုချန်း ၏ အမိန့်ကို လက်ခံရရှိလိုက်ပြီး အနားတွင်ရှိသော ကြီးမားသည့်ကျောက်တုံးကို ကောက်ယူလိုက်သည်။

ထို့နောက် သူ၏ကြွက်သားများကို အားစိုက်ကာ ကျောက်တုံးကို ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်သည်။

“ဝှစ်!”

ကောင်းကင်သို့ ပစ်လွှတ်လိုက်သည့် ကျောက်တုံးက ကြီးမားကာ ရိုက်ခတ်မှု အားကောင်းပြီး ကာကွယ်ရေး အညံ့ဆုံးအပိုင်းဖြစ်သည့် ရဟတ်ယာဉ်၏ အောက်ခြေကို ထိမှန်သွားသည်။

ထို့နောက် ရဟတ်ယာဉ်တွင် အနက်ရောင်မီးခိုးများ ထွက်ပေါ်လာပြီး လေထဲတွင် အဆက်မပြတ်လှည်ပတ်နေသည်။

ရုတ်တရက် ကြီးမားသည့် ရိုက်ခတ်မှုကြောင့် အခန်းတွင်းရှိ လူအများစုက မေ့လဲသွားကြသည်။ 

သို့သော်လည်း ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေသည့် လေယာဉ်မှူးနှင့် တွဲဖက်ထိုင်ခုံတွင် ထိုင်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်က ယခုအချိန်ထိ တည်ငြိမ်နေဆဲဖြစ်သည်။

“ကျွန်တော်က အမှတ်စဉ် ၁ ပါ၊ ကျွန်တော်တို့ ရဟတ်ယာဉ်ကို အမည်မသိအရာတစ်ခုက တိုက်ခိုက်ခဲ့ပါတယ်”

“ကျွန်တော်တို့ရဲ့ ရဟတ်ယာဉ်က ထိန်းချုပ်မှု ပြတ်တောက်သွားပြီး ပြန်လည်မထိန်းချုပ်နိုင်တော့ဘူး၊ လေယာဉ် ပျက်ကျပါတော့မယ်”

လေယာဉ်မှူးသည် လေယာဉ်ကို ပြန်လည်ထိန်းချုပ်ရန် အပြင်းအထန် ကြိုးစားခဲ့‌သော်လည်း လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိကြောင်းသိရှိခဲ့သည်။

ထို့နောက်သူသည် နောက်ဆုံးအချက်အလက်ကို အခြားအဖွဲ့သားများထံသို့ ပေးပို့ခဲ့ပြီး သူတွင် စွမ်းအားမရှိသောကြောင့် လေယာဉ်ပျက်ကျသည့် အဖြစ်မှန်ကို မပြောင်းလဲနိုင်ခဲ့ပေ။

ရဟတ်ယာဉ်ပေါ်၌ သတိမလစ်ဘဲ ကျန်ရှိနေသေးသည့် လူနှစ်ဦးက ပြတ်ပြတ်သားသား ခုန်ချရန် ရွေးချယ်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်၊ သူတို့တွင် လေထီးများ ပါရှိသောကြောင့် လုံခြုံစွာဆင်းသက်နိုင်ခဲ့ပြီး အသက်ရှင်နိုင်ခဲ့ကြသည်။

“ဒါ……”

ယိုချင်းယန် သည် ဘေးနားတွင် ရပ်နေပြီး အဖြစ်အပျက်အားလုံးကို မြင်တွေ့ခဲ့သည်။

သူမ၏မျက်လုံးများ ပြူးကျယ်သွားပြီး သတိပြန်ဝင်ရန် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရသည်။

မနေ့ညက လုချန်း သည် မီးမျောက်ဝံဘုရင်အား ကျောက်ခဲပစ်လေ့ကျင့်ခိုင်းခြင်းက ဘာအတွက်လဲဆိုတာ ယခု သူမ နားလည်သွားပြီဖြစ်သည်။

ယိုချင်းယန်,သည် သူ့အစ်ကို,ကို နားလည်ရန် ပိုပိုပြီးခက်ခဲလာကြောင်း သိရှိလိုက်သည်။

ဘာပဲဖြစ်ဖြစ် လုချန်း ၏ လေ့ကျင့်ပေးမှုဖြင့် မီးမျောက်ဘုရင်ရဲ့ ကျောက်တုံးပစ်ခြင်းက လေထဲမှ ရဟတ်ယာဉ်အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့သည်။ နှင်းတောင်ဘက်ခြမ်းရှိ သူတို့သည် လူသားလေယာဉ်ကို ဆန့်ကျင်တိုက်ခိုက်နိုင်မှုက အလွန်တိုးတက်လာခဲ့သည်။

ရဟတ်ယာဉ်ဖြင့် အနီးကပ် စောင့်ကြည့်လိုပါက သူတို့၏ အမြင့်ပေကို လျှော့ချရန် လိုအပ်မည်ဖြစ်သည်။

ထို့ကြောင့် သူတို့ပျံသန်းသည့် အမြင့်ပေက မီးမျောက်ဝံဘုရင်၏ အဝေးပစ်ခတ်ခြင်း အကွာအဝေးအတွင်းတွင် ရှိသည်။

ရွှာအိုဟူး မှ ပစ်လွှတ်သော ကျောက်တုံးများက အဆိုပါ ရဟတ်ယာဉ်များကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

လူသားများသည် သူတို့အား အရှင်လတ်လတ် ဖမ်းယူရန် ရွေးချယ်ခဲ့ပါက၊ မေ့ဆေးသေနတ်၏ ပစ်ခတ်မှုအကွာအဝေးမှာ မီတာ ၁၅၀ ထက် တိုတောင်းသောကြောင့် သူတို့၏ ပျံသန်းသည့်အမြင့်ပေကို ပို၍ နိမ့်ဆင်းရမည်ဖြစ်သည်။

“အမှတ်စဉ် 2 တိုက်ခိုက်ခံရတယ်၊ ကပ္ပတိန်နဲ့ တခြားတစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေ အားလုံး သေကုန်ကြပြီ၊ အားလုံး သတိရှိကြပါ”

“ကျန်တဲ့အဖွဲ့တွေ နားထောင်ပါ၊ မြင့်မြင့်ပျံသန်းပြီး မြေပြင်နှင့် အကွာအဝေးတစ်ခုထားပါ”

လေယာဉ်နှစ်စင်း ဆက်တိုက်ပျက်ကျမှုကြောင့် ကျန်ရဟတ်ယာဉ်လေးစင်းသည် မလျော့တွက်ဝံ့တော့ဘဲ အလေးအနက်ရှိလာကြသည်။

ရဟတ်ယာဉ်များ၏ အမြင့်ပေက တစ်ထောင် မီတာအထိ မြင့်တက်သွားသည်။

ဤသို့ပြုလုပ်ပြီးနောက်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း နောက်ဆုံးတွင် သူတို့သဘောပေါက်ခဲ့သည်။

နှင်းထူထပ်နေသည့် တောင်တန်းကြီး၌ ကောင်းကင်မှ တိုက်ခိုက်လာနိုင်သည့် အရာတစ်ခု ရှိကြောင်းကို သူတို့မေ့သွားကြသည်။

သိပ်မကြာခင်မှာပင်၊ ရဟတ်လေယာဉ်ပေါ်ရှိနေသည့် လူများက ထိတ်လန့်တကြားဖြစ်သွားကြသည်။

လူတိုင်း၏ အမူအရာများက လေးနက်လာပြီး တင်းမာမှုနှင့် ထိတ်လန့်မှုအချို့ပင် ရှိလာသည်။

လာတုန်းကနှင့် မတူတော့ပေ။

ယခင်က၊ ဤအရာရှိစစ်သားများနှင့်အတူ ဧရာမသားရဲအနည်းငယ်ကိုဖမ်းယူရန် လွယ်ကူမည်ဟု လူတိုင်းကထင်ခဲ့ကြသည်။

သို့သော် မမျှော်လင့်ဘဲ၊ ထိုအရာများက သူတို့ထင်ထားသည်ထက် ပိုမိုခက်ခဲလာခဲ့သည်။

ရဟတ်ယာဉ်ကို အောင်မြင်စွာ ပစ်ချပြီးနောက် ရွာအိုဟူး သည် အလွန်စိတ်လှုပ်ရှားနေပြီး အံကြိတ်ကာ ထိုနေရာတွင် ရပ်နေခဲ့သည်။

မီးမျောက်ဝံဘုရင်,သည် အလွန် ဉာဏ်ရည်မြင့်မားပြီး ယိုချင်းယန် သည် လုချန်း ၏ နှလုံးသားထဲတွင် မြင့်မားသည့် နေရာတစ်ခုကို ပိုင်ဆိုင်ထားကြောင်း သူတွေ့မြင်နိုင်သည်။

ဤအခိုက်အတန့်တွင် သူသည် ယိုချင်းယန် ၏ရှေ့တွင် အနည်းငယ် မာန်တက် နေသည့်ပုံပေါ်သည်။

ယိုချင်းယန်,က မပြုံးနိုင်ဘဲ မနေနိုင်တော့ပေ၊ သူ့အစ်ကိုခေါ်ထားသည့် ဒီမျောက်က ယခု အလွန်အသုံးဝင်နေပုံရသည်။

“ဒီအကျပ်အတည်းကို ကျော်လွှားပြီးရင်၊ ငါ့အစ်ကိုက အနာဂတ်မှာ စွမ်းအားကြီးတဲ့ သားရဲဘုရင်တွေထဲက တစ်ဦးဖြစ်လာနိုင်တယ်!”

ယိုချင်းယန်,သည် သူ့အစ်ကို၏ ဉာဏ်ပညာနှင့် အစွမ်းထက်သည့် ခွန်အားကို ယုံကြည်သည်။

အနာဂတ်တွင် သူ့အစ်ကိုသည် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို ထိန်းကျောင်းပြီး သားရဲဘုရင်အဆင့် ကိုရောက်ရှိမည်ဖြစ်သည်။

လုချန်း,သည် လေယာဉ်ကို ဖျက်ဆီးပြီးနောက် ကိုယ်ဖျောက်ကာ ပြန်လည်ပုန်းအောင်းနေခဲ့သည်။

ရဟတ်ယာဉ်က အမြင့်သို့ ပျံတက်သွားသည်ကို မြင်ပြီး လုချန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

လုချန်း,၏ ရေခဲစွမ်းရည်သည် သူအဆင့်တက်ပြီးနောက် တိုးတက်လာသော်လည်း ထိုမျှ သာလွန်သည့် အတိုင်းအတာအထိတော့ မရောက်သေးပေ။

ယနေ့ခေတ် ရဟတ်ယာဉ်များသည် အမြင့် မီတာ ထောင်ပေါင်းများစွာအထိ ပျံသန်းနိုင်ကြသည်။

လုချန်း,၏ ရေခဲစွမ်းရည်နှင့် သိသိသာသာပင် အလှမ်းဝေးလှသည်။

တစ်ခုတည်းသောနည်းလမ်းမှာ ကောင်းကင်ပေါ်သို့ပျံတက်ရန် ‘ကောင်းကင်ပေါ်တက်လှမ်းခြင်းစွမ်းရည်’ကို တိုက်ရိုက်အသုံးပြုရန်ဖြစ်သည်။

သို့သော် တိုက်ပွဲစတင်နေပြီဖြစ်ပြီး လုချန်း,သည် သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုအချို့ရှိနေဆဲဖြစ်ကာ စောစီးစွာ မထွက်ပေါ်ခြင်သေးပေ။

လုချန်း,သည် တောအုပ်ထဲတွင် ဂနာမငြိမ်ကာ အသွားအပြန် လှုပ်ရှားနေသော်လည်း သူ၏ ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုထားသောကြောင့် သူ၏ရုပ်သွင်ကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။

ထို့နောက် သူသည် လေယာဉ်ပျက်ကျရာနေရာသို့ ပြေးသွားခဲ့သည်။

လုချန်း,သည် လေယာဉ်မပျက်ကျခင်တွင် လူနှစ်ယောက်က လေထီးဖြင့် ခုန်ချသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့သည်။

…………

ထိုအချိန်တွင် တောထဲ၌ လူလတ်ပိုင်းအရွယ် အမျိုးသား၏ အနောက်ဘက်မှ လေထီးသည် သစ်ပင်နှင့် ချိတ်ညှိနေခဲ့သည်။

သူနှင့် မြေပြင် အကွာအဝေးက နှစ်မီတာခန့်သာ ရှိပြီး လေထီးနှင့် ခုန်ချခြင်းမှာ အတော်လေး ချောမွေ့ခဲ့ပါသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်ရာမြောက်သော ဓားမြှောင်တစ်လက်ကို ခါးမှ ဆွဲထုတ်ပြီး လေထီးကြိုးကို ဖြတ်ကာ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလိုက်သည်။

သူ ဆင်းသက်လာသည်နှင့် တပြိုင်နက် လျင်မြန်စွာ ဝပ်လိုက်ကာ ပတ်ပတ်လည်ကို သတိကြီးစွာ ကြည့်နေသည်။ သူသည် ကျော်ကြားသော အရာရှိစစ်ပြန်တစ်ဦးဖြစ်သည်။

သို့သော်လည်း နှင်းထူထပ်သော တောင်ပေါ်သို့ ဆင်းသက်သည့် လေနှင့် ဆီးနှင်းများ ကြောင့် ပထမဆုံးအကြိမ် ရန်သူရှိ‌နေသည်ကို သူ သတိမထားမိခဲ့ပေ။

ရေခဲပြာရောင် မျက်လုံးတစ်စုံက သူ့လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်း သူ သတိမထားမိလိုက်ပေ။

All Chapters