“စိတ်မပူပါနဲ့ ရှောင်ပိုင်၊ ငါ မင်းကို သေချာပေါက် ပြန်ရှာတွေ့မှာပါ!”
Vol. 5 Ch. 72
လုချန်း,သည် သူ၏လက်ရှိအင်အားက အလွန်အားနည်းနေသေးသည်ကို သိသည်။
ထို့အပြင် ကောင်းကင်တွင် ဂြိုလ်တုများဖြစ်စေ၊ မြေပြင်ပေါ်ရှိ ရေဒါများနှင့် နေရာအမျိုးမျိုးတွင် စောင့်ကြည့်ထောက်လှမ်းခြင်းများကို လူသားတို့၏ မြင့်မားသော နည်းပညာဖြင့် ပြုလုပ်ထားသည်။
ဧရာမဝံပုလွေတစ်ကောင်ကို ခြေရာခံချင်လျှင်၊ ၎င်းက သူ့စိတ်ထဲမှ အမှတ်အသားကို အားကိုးသည်ထက် ပိုထိရောက်သည်။
“ပြော၊ ဧရာမနှင်းဝံပုလွေ ဒါဂုန် နှင်းတောင်က ထွက်သွားတယ်ဆိုတဲ့ သတင်းကို မင်းဘယ်ကရသလဲ”
လုချန်း,က ကျန်းဟောင်,ကို ကမန်းကတန်း မေးလိုက်သည်။
လုချန်း,ပြောသည်ကိုကြားပြီးနောက် ကျန်းဟောင်,သည် ခဏတာမျှ စိတ်ရှုပ်ထွေးသွားပြီး အနည်းငယ် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
“ကျွန်တော်တို့ သတင်းရခဲ့ပါတယ်၊ စီချွမ်မြို့ရဲ့ ကင်းလှည့်အရာရှိတွေက ရှာဖွေတွေ့ရှိခဲ့တာ”
“ဘာလို့လဲဆိုတော့ သခင်က ဒါဂုန် နှင်းတောင်မှာ ဒုက္ခအများကြီးပေးခဲ့တယ်”
“ဒါကြောင့် စီချွမ်မြို့က အခု ဒါဂုန် နှင်းတောင်ကို အလွန်အရေးထားလာပြီးတော့ စစ်ဆေးရေးဂိတ်များစွာကိုလဲ ထူထောင်ထားတယ်”
“ကင်းလှည့်အရာရှိတွေရဲ့အဆိုအရ အစောင့်တွေက သတ်မှတ်ထားတဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်လာတဲ့ ဧရာမ ငွေဖြူ ဝံပုလွေတစ်ကောင်ကို တွေ့လိုက်တယ်တဲ့”
“နောက်တော့ သူက ဒီနေရာကနေထွက်သွားပြီး အရှေ့မြောက်ဘက်ကို ပြေးသွားတယ်”
“ဒီဝံပုလွေကြီးက မြန်လွန်းတယ်၊ ဒါ့အပြင် သာမန်သားရဲတွေနဲ့ လုံးဝမတူတဲ့ ဉာဏ်ရည်ဉာဏ်သွေးလဲ ရှိတယ်”
“အဲ့ဒီဝံပုလွေကြီးက ငါတို့ရဲ့နည်းလမ်းတွေနဲ့ အရမ်းရင်းနှီးနေတယ်”
“လောလောဆယ်တော့ သူ့ရဲသဲလွန်စတွေ ရှာမတွေ့သေးဘူး”
ကျန်းဟောင်,သည် လုချန်း,၏ လေးနက်သော အသံကို ကြားသောကြောင့် ဖုံးကွယ်ရန် မဝံ့ရဲခဲ့ပေ။
သူကြားသိသမျှ အချက်အလက်အားလုံးကို ချက်ချင်းပင် ပြောပြခဲ့သည်။
ကျန်းဟောင် ပြောသည်ကိုကြားပြီးနောက် လုချန်း,က မျက်မှောင်ကြုတ်လိုက်သည်။
ဒီအချိန်တွင် နှစ်ယောက်စလုံး ထွက်သွားခဲ့ပါက နှင်းဝံပုလွေမျိုးနွယ်၏ ဖြစ်လာမည့်အကျိုးဆက်များက အလွန်ဆိုးရွားနိုင်သည်။
သဘာဝအတိုင်း၊ သူသည် နှင်းဝံပုလွေအုပ်ကို ကာကွယ်ပေးရမည့် တာဝန်ကို ထမ်းဆောင်နေရဆဲဖြစ်သောကြောင့် သူ တို့ကို ဒီအတိုင်းထားခဲ့ပြီး ထွက်သွား၍မရနိုင်ပေ။
“ဒီနှင်းဝံပုလွေရဲ့ သတင်းကို သေချာစောင့်ကြည့်ပါ၊ တစ်ခုခုထူးခြားရင် ငါ့ကို ချက်ချင်းသတင်းပို့ရမယ်!"
လုချန်း,၏ ညွှန်ကြားချက်ကို ကြားပြီးနောက် ကျန်းဟောင် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ဘာတွေဖြစ်နေသည်ကို သူနားမလည်ပေ။
သို့သော် သူ့စိတ်ဝိညာဉ်ကို ခွဲထုတ်ခံရကဲ့သို့ နာကျင်မှုကို ပြန်တွေးမိလိုက်ပြီး သူသဘောတူရန် အမြန်ရွေးချယ်ခဲ့သည်။
…………………
စီချွမ်မြို့၌ ဤအခိုက်အတန့်တွင် လူတစ်စုသည် မပျော်မရွှင်ဖြစ်ကာ တုန်လှုပ်ချောက်ချားသွားကြသည်။
မြို့တော်သခင် ဖူဟိုင်နှင့် အခြားသူများ အားလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေကြသည်။
မကြာသေးမီကပင် သူတို့သည် ဒါဂုန်နှင်းတောင်ထဲသို့ ဝင်ရောက်ခဲ့သော အင်ပါယာမြို့တော်၏ အထူးတပ်ဖွဲ့နှင့် လုံးဝအဆက်အသွယ်ပြတ်သွားခဲ့သည်။
လုချန်း,သည် ဝမ်ဘိန် နှင့် အခြားသူများ တိုက်ခိုက်နေချိန်၌ စစ်ပွဲကို ချက်ခြင်းအဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။
သူတိုက်ခိုက်ပြီးနောက်တွင် နိုးထခြင်းနယ်ပယ်သခင် ဟုခေါ်ဝေါ်ကြသော အဆိုပါလူများသည် သူတို့၏ကိုယ်ပိုင်အသက်များကိုသာ အာရုံစိုက်ခဲ့ကြပြီး ပြင်ပကမ္ဘာသို့ သတင်းပေးပို့ရန် အချိန်မရှိပေ။
ထို့ကြောင့် ယခုအချိန်အထိ စီချွမ်မြို့မှလူများသည် နှင်းတောင်တန်းတွင် အင်အားကြီးသောစူပါပါဝါအဖွဲ့က သုတ်သင်ခံလိုက်ရကြောင်းကို မသိကြသေးပေ။
လွတ်မြောက်သူ နှစ်ဦးက နှင်းတောင်ပေါ်တွင်အသုံးပြုနိုင်သည့် သူတို့၏ အထူးကျွမ်းကျင်မှုများကြောင့်သာ အသက်ရှင်ခဲ့ရခြင်းဖြစ်သည်။
“အခုပဲ၊ နှင်းတောင်တွေနားက ကင်းလှည့်စစ်သားတွေက တောထဲမှာ နှင်းဝံပုလွေကြီးတစ်ကောင် ထွက်ပြေးသွားတယ်လို့ သတင်းပေးပို့လာတယ်”
“ဒီနှင်းဝံပုလွေရဲ့လှုပ်ရှားမှုအရိပ်အယောင်တွေကိုကြည့်ပြီး သူ့ကိုယ်ပေါ်က ရွှေရောင်တောက်နေတဲ့ အလင်းတန်းတွေကြောင့် ကျွန်တော်တို့ သတိထားမိတာက ဝူဗာလင် ဖြစ်သင့်တယ်...”
သတင်းကြားပြီးနောက် ဖူဟိုင် နှင့် အခြားသူများမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။
သူတို့အမြင်အရ ဒါဂုန် နှင်းတောင်သည် တောရိုင်းတိရစ္ဆာန်များ၏ အခြေစိုက်စခန်းတစ်ခုဖြစ်သည်။
ထူးခြားသောအခြေအနေများကို မကြုံတွေ့ရပါက သားရဲများသည် သူတို့အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည့်နေရာကို စွန့်ခွာရန် လုံးဝမဖြစ်နိုင်ပေ။
“ခေါင်းဆောင် ဝမ်ဘိန် နဲ့ သူ့လူတွေ အောင်မြင်တယ်လို့ မင်းထင်လား? မဟုတ်ရင် ဒီ ဝူဗာလင်,က ဘာလို့ တောင်ပေါ်ကနေ ဆင်းလာတာလဲ”
“ဒါဖြစ်နိုင်မယ်ထင်တယ်၊ မဟုတ်ရင် တောင်ပေါ်မှာ ကောင်းကောင်းနေနေတဲ့ ဒီဝံပုလွေကြီးက စစ်ဆေးရေးဂိတ်ကို ရုတ်တရက်ဖြတ်ကျော်ပြီး ထွက်သွားမှာလဲ”
ထိုအချိန်တွင် အခန်းတွင်းရှိ လူများသည် ဤသတင်းကြားပြီးနောက် အာမခံချက် တစ်ခုရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဖူဟိုင်၏အမူအရာမှာပင် ယခင်ကထက် ပိုမိုတည်ငြိမ်လာခဲ့သည်။
“ပြီးခဲ့တဲ့အချိန်မှာ ကျန်းဟောင်,က ဒဏ်ရာရ စစ်သားတစ်ယောက်နဲ့အတူ နှင်းတောင်ကနေ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့တယ်”
“ကပ္ပတိန် ဝမ်ဘိန် နဲ့ သူ့လူတွေက ကျန်းဟောင်,ထက် အဆများစွာ အားကောင်းတဲ့ နိုးထခြင်းနယ်ပယ်သခင်တွေ”
“ကပ္ပတိန် ဝမ်ဘိန် နဲ့ သူ့လူတွေ နှင်းတောင်ပေါ်က တိုက်ပွဲကို အောင်နိုင်ပြီထင်တယ်၊ ဒါပေမယ့် သားရဲကို အရှင်ဖမ်းဖို့ အထက်အမိန့်ပေးထားတယ်”
“ဒါကြောင့် နောက်ဆုံးဖမ်းဆီးတဲ့ ဖြစ်စဉ်မှာ၊ မတော်တဆမှုတချို့ ဖြစ်သွားခဲ့လို့ ဝူဗာလင် လွတ်မြောက်သွားတာဖြစ်နိုင်တယ်”
“ကြောက်လန့်နေတဲ့ ဝူဗာလင် က ထိတ်လန့်တကြားနဲ့ တောင်အောက်ကို ပြေးဆင်းပြီး ငါတို့သတ်မှတ်ထားတဲ့ စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်သွားတယ်”
“ဒီဖြစ်စဉ်မှာ ခေါင်းဆောင် ဝမ်ဘိန် ရဲ့ ဆက်သွယ်ရေးအချက်ပြမှုဟာ ပျက်စီးသွားဖွယ်ရှိတယ်လို့ ငါထင်တယ်၊ ဒါကြောင့် သူနဲ့ ငါတို့ အဆက်အသွယ်ပြတ်သွားခဲ့တယ်”
ခဏအကြာတွင်၊ ရုံးရှိလူတိုင်းသည် လူသားများနှင့် ဝံပုလွေများကြား စွဲမက်ဖွယ်ကောင်းသော တိုက်ပွဲကို စိတ်ကူးယဉ်ထားပြီးဖြစ်သည်။
သူတို့၏ထင်မြင်ယူဆချက်အရ၊ အင်ပါယာမြို့တော်၏ကြီးမားသောအင်အားကိုကိုယ်စားပြုသည့်အထူးတပ်ဖွဲ့များကို နှင်းဝံပုလွေက အနိုင်ယူရန်မဖြစ်နိုင်ပေ။
“ကပ္ပတိန် ဝမ် နဲ့ သူ့အဖွဲ့က ဝူဗာလင်,ကို အနိုင်ယူနိုင်ခဲ့ရင် တောင်ပေါ်ကနေ ထွက်ခွာဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”
“ငါတို့ အေးအေးဆေးဆေး စောင့်ရမယ်၊ ကပ္ပတိန် ဝမ် နဲ့ သူ့လူတွေ မနက်ဖြန်မနက် ပြန်လာနိုင်တယ်..."
ညတွင်းချင်း၊ လုချန်း နှင့် စီချွမ်မြို့မှ လူများက နောက်ဆုံးသတင်းကို စောင့်မျှော်နေကြသည်။
စီချွမ်မြို့မှ လူများသည် ဝမ်ဘိန် နှင့် အခြားသူများ အောင်မြင်စွာပြန်လာကြောင်း သတင်းကောင်းကို စောင့်မျှော်နေသည်။
လုချန်း,သည် ရှောင်ပိုင် နှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များရှိမရှိကို သိရှိရန် လူသားဘက်က သတင်းကို စောင့်ဆိုင်းနေခဲ့သည်။
ရှောင်ပိုင် တောင်ပေါ်မှ ပြေးဆင်းသွားသောကြောင့် လုချန်း,သည် သူမ၏ လုံခြုံရေးအတွက် အလွန်စိုးရိမ်နေခဲ့သည်။
လူသားလက်နက်များက ကြီးစွာသော ခြိမ်းခြောက်မှု ရှိနေသေးကြောင်း သိထားရမည်ဖြစ်သည်။
ကျန်းဟောင်,သည် ထိုညတွင် ခေတ္တအနားယူရန် မဝံ့ရဲခဲ့ပေ။
သူဘာဖြစ်ခဲ့သည်ကို အတိအကျမသိသော်လည်း လုချန်း,၏ လေသံမှတဆင့် ထိုကိစ္စ၏လေးနက်မှုကို သူသိသည်။
ကျန်းဟောင်,သည် သတင်းပေးပို့ရမည့်အချိန် လွဲချော်မည်ကို စိုးရိမ်သောကြောင့် သူ့မျက်နှာတွင် ကြောက်ရွံ့မှုများရှိနေသည်။
ဝမ်းနည်းစရာကောင်းသည်က အရုဏ်တက်ချိန်အထိ နှစ်ဖက်စလုံးက သူတို့လိုချင်သည့် အချက်အလက်များကို မရရှိခဲ့ကြပေ။
“သတင်းအသစ်မရဘူးလား”
လုချန်း,က ကျန်းဟောင် ကိုမေးပြီး စီချွမ် တွင် ထိုညမှာ သတင်းအသစ်မရှိဘူးဟုအတည်ပြုနိုင်ခဲ့သည်။ ထိုမှသာ လုချန်း စိတ်သက်သာရာရသွားပါသည်။
ရှောင်ပိုင် နှင့်ပတ်သက်တဲ့ သတင်း မရရှိခဲ့ပေမယ့် ဒါက ကောင်းတဲ့အချက်လည်း ဖြစ်သည်။ အနည်းဆုံးတော့ ရှောင်ပိုင်,ကို လူသားများက ရှာဖွေတွေ့ရှိမည် မဟုတ်ကြောင်း သက်သေပြနေသည်။
အနည်းဆုံးတော့ ရှောင်ပိုင်,က လုံခြုံနေပြီ။
“စိတ်မပူပါနဲ့ ရှောင်ပိုင်၊ ငါ မင်းကို သေချာပေါက် ပြန်ရှာတွေ့မှာပါ!”
လုချန်း,သည် သူ့နှလုံးသားထဲတွင် တိုးညှင်းစွာ ညည်းညူလိုက်သည်။
သူ၏ အပြာရောင် မျက်ဝန်းထဲမှ အကြည့်က ပို၍ ပြတ်သားလာသည်။
ဝံပုလွေဘုရင်အဖြစ် နှင်းများဖုံးလွှမ်းနေသော တောင်တန်းများတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီး အတော်အတန် သက်တောင့်သက်သာရှိသော ဘဝကိုရရှိခဲ့သည်။
သို့သော် မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် သူ၏ခွန်အားက မလုံလောက်သေးကြောင်း သူသဘောပေါက်ခဲ့သည်။
သူ လုံလုံလောက်လောက် အားကောင်းမှသာလျှင် နှင်းဝံပုလွေများကို ကာကွယ်နိုင်မည်ဖြစ်သည်။
ဒါမှသာ သူ့ညီမကို စိတ်ပူစရာမလိုဘဲ လိုက်ရှာပြီး ကိုယ့်ပတ်ဝန်းကျင်က သူတွေကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
…………
“ဘာလို့ သတင်းမရသေးတာလဲ၊ ကပ္ပတိန် ဝမ် နဲ့ တခြားသူတွေ တောင်ပေါ်မှာ ဒုက္ခရောက်နေတာလား”
တစ်ညလုံး စောင့်ဆိုင်းပြီးနောက် ဝမ်ဘိန် နှင့် အခြားသူများထံမှ သတင်းမရသေးပေ၊ ဖူဟိုင် ထိုအခိုက်တွင် အနည်းငယ် စိတ်ရှုပ်နေသည်။
ယခင် သတင်းအရ ဝူဗာလင်,သည် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ကာ ထွက်ပြေးသွားပြီဖြစ်ပြီး၊ တောင်ပေါ်သို့ ရောက်ရှိနေသည့် အထူးတပ်ဖွဲ့ဝင်များ၏ သတင်းကို ယခုထိတိုင် မသိရှိရသေးပေ။
“မဟုတ်ဘူး၊ ငါမစောင့်နိုင်တော့ဘူး၊ ရှာဖွေဖို့ လူတွေကို နှင်းတောင်ပေါ်ကို ချက်ချင်း လွှတ်လိုက်!"
“အသက်ရှင်နေသေးရင် သူတို့ကိုငါမြင်ချင်တယ်၊ သူတို့သေရင် အလောင်းကိုငါတွေ့ချင်တယ်”
ဖူဟိုင်၏ အမိန့်ဖြင့် ဆီးနှင်းများဖုံးလွှမ်းနေသော တောင်တန်းဆီသို့ တပ်ဖွဲ့ဝင်အများအပြားကို စေလွှတ်ခဲ့သည်။
ရဟတ်ယာဉ်များ၊ ဒရုန်းများ စသည်တို့က နှင်းများဖုံးလွှမ်းနေသော တောင်တန်းဆီသို့ ပျံသန်းသွားကြသည်။
နှစ်နာရီကြာပြီးနောက် ကင်းထောက်အဖွဲ့မှ သတင်းဆိုးတစ်ခုကို ပြန်လည်ရရှိခဲ့သည်။
စီချွမ်တွင် မည်သူမျှ မမြင်ချင်ဆုံးအရာက နောက်ဆုံးတွင် ဖြစ်လာခဲ့သည်။
ကင်းထောက်အဖွဲ့သည် ဝမ်ဘိန် ၏ ရုပ်အလောင်းနှင့် အခြားငါးဦး၏ရုပ်အလောင်းကို နှင်းတောင်ပေါ်တွင် တွေ့ရှိခဲ့ကြသည်။
သို့သော် နှင်းတောင်ပေါ်တွင် ရှာဖွေနေစဉ်အတွင်း ရဟတ်ယာဉ်အများအပြား ပစ်ချခံခဲ့ရပြီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
ဝမ်ဘိန် နှင့် အခြားသူများ၏ သေဆုံးခြင်းသတင်းကို ရရှိပြီးနောက် ဖူဟိုင်သည် သူ၏ ခွန်အား ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
အင်ပါယာမြို့တော်မှ လေ့ကျင့်သင်ကြားနေသော စူပါပါဝါအဖွဲ့သည် သူတို့၏နယ်မြေတွင် သေဆုံးခဲ့သည်။
အတိအကျဖော်ပြခံခဲ့ရသော ဝူဗာလင် သည် ယခုတွင် အစအနမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ဖူဟိုင်သည် သူ၏အနာဂတ် ကွဲအက်သွားသည့်အသံကို ကြားလိုက်ပုံရသည်။
သူစိတ်ချောက်ချားနေသော်လည်း တုန်ရီနေသောလက်များဖြင့် တော်ဝင်မြို့တော်ကို အမှန်အတိုင်း သတင်းပို့နေဆဲပင်။
စီချွမ်မြို့၏ ထိပ်တန်းခေါင်းဆောင်များက နှင်းတောင်တန်းတွင် ဖြစ်ပျက်ခဲ့သည်ကို သိရှိလိုက်သောအခါ ချက်ချင်း တုန်လှုပ်သွားကြတယ်။
ဒါဂုန် နှင်းတောင်ပေါ်တွင်ရှိသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများက ဤမျှ အစွမ်းထက်လိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားပေ။
ရဟတ်ယာဉ်များနှင့် သံချပ်ကာယာဉ်များစွာက နှင်းတောင်တန်းတွင် ကျဆုံးခဲ့ရသည်သာမက စူပါပါဝါအဖွဲ့သည်လည်း နှင်းတောင်တန်းတွင် ကျဆုံးခဲ့ရသည်။
“မင်းအတွက် ဘယ်လောက်ကုန်ကျတယ်ဆိုတာ ငါဂရုမစိုက်ဘူး၊ ငါ့အတွက် ဝူဗာလင် ကိုခြေရာခံပေးရမယ်!”
“ဒီရက်စက်ကြမ်းကြုတ်တဲ့ သားရဲက လူသားမြို့တွေကို ပျက်စီးအောင်လုပ်ဖို့ ခွင့်မပြုနိုင်ဘူး!!”
ဖုန်းမှ ကျယ်လောင်သော အသံကို ကြားလိုက်ရပြီး ဖူဟိုင်၏ မျက်နှာက ခါးသီးမှုများ ပြည့်နှက်နေသော်လည်း လက်ခံရန်မှတပါး အခြားရွေးချယ်စရာ မရှိပေ။
……………
နှင်းဖုံးနေသော တောင်တန်းပေါ်ရှိ လုချန်း သည်လည်း ကျန်းဟောင်,ထံမှ စီချွမ်မြို့၏ နောက်ဆုံးသတင်းကို လက်ခံရရှိခဲ့သည်။
“ရှောင်ပိုင် ထွက်ခွာသွားတာက လူသားတွေရဲ့အာရုံကို ဆွဲဆောင်ခဲ့တယ်...”
ယခုတော့ ဝူဗာလင်,သည် နှင်းတောင်တန်းမှ ထွက်ခွာသွားကြောင်းကို လူသားများ ပိုမိုသိရှိလာကာ ချက်ချင်းပင် ကြောက်ရွံ့လာကြသည်။
အမှန်ဆိုရလျှင် ဤမျှလောက် အစွမ်းထက်သော သားရဲကြီးက လူသားမြို့သို့ ဖောက်ထွင်းဝင်ရောက်မည်ဆိုပါက၊ မည်သို့သော ဘေးဥပဒ်များဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။
“ဒါတွေအားလုံးကို ရှောင်ပိုင်,က ကြိုတင်စီစဉ်ထားတာဖြစ်နိုင်မလား? သူ့ရဲ့ရည်ရွယ်ချက်က လူသားအားလုံးကို ဆွဲဆောင်ဖို့လား”
ကျန်းဟောင် ထံမှသတင်းကိုကြားပြီးနောက် လုချန်း စိတ်ထဲတွင် မတွေးဘဲမနေနိုင်တော့ပေ။
သူ့ညီမရဲ့ ဉာဏ်ရည်ထက်မြက်ပြီး ရင့်ကျက်တဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် သူ့အမြင်အရတော့ ဒါက တကယ်ဖြစ်နိုင်ပါတယ်။
“ဘာပဲဖြစ်ဖြစ် ရှောင်ပိုင် တစ်ယောက်တည်း အပြင်ထွက်ဖို့က အရမ်းအန္တရာယ်များနေသေးတယ်၊ ငါသူ့ကိုအမြန်ဆုံးရှာတွေ့မှဖြစ်မယ်!!”
ရှောင်ပိုင်,၏ ဘေးကင်းမှုကို အတည်ပြုပြီးနောက် လုချန်း,သည် စားသောက်မှုအသစ်ကို စတင်ခဲ့သည်။
နှင်းဝံပုလွေနှင့် မျောက်ဝံတို့မှ ပေးပို့သော ဝိညာဉ်သစ်သီးများကို မျိုချပြီးနောက် သူ့၏ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ တိုးလာခဲ့သည်။
လုချန်း,သည် နှင်းတောင်ပေါ်ရှိ မြေအောက် လှိုဏ်ဂူအား ဆက်လက်တူးဖော်ရန် သူ့၏မျိုးနွယ်စုများကို လီရှန်း နှင့် ပူးပေါင်းလုပ်ဆောင်ရန် မီးမျောက်ဘုရင်အား ညွှန်ကြားခဲ့သည်။
ကြီးမားသော မြေအောက်အကာအကွယ်မှသာလျှင် နှင်းဝံပုလွေများသည် လူသားတို့၏ ပစ်ခတ်မှုအောက်တွင် အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်သည်။
ညဘက်တွင်၊ လုချန်း,၏ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များက ၂၉,၀၀၀ မှတ်အထိ တိုးလာခဲ့သည်။
နိုးထခြင်း ဆဋ္ဌမအဆင့်သို့ ဖြတ်ကျော်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၈၀,၀၀၀ လိုအပ်သည်၊ သူ့၏ သွားရမည့်ခရီးလမ်းကဝေးနေသေးသည်။
လုချန်း,သည် သူ့၏ အမှတ်များကိုကြည့်ပြီး ကျွမ်းကျင်မှုများကို ဦးစွာအဆင့်မြင့်ရန် ဆုံးဖြတ်လိုက်သည်။
[ကျွမ်းကျင်မှု- ပြန်လည်ထူထောင်ခြင်း (အလယ်အလတ်)ကိုအဆင့်မြင့်တင်လိုက်ပါသည်-အင်မော်တယ် စွမ်းရည် (အစောပိုင်း)]
[ကျွမ်းကျင်မှု- ဟန့်တားခြင်း (အစောပိုင်း) ကိုအဆင့်မြင့်တင်လိုက်ပါသည်- ဧကရာဇ်ရဲ့ဒိုမိန်း စွမ်းရည် (အစောပိုင်း)]
[ကျွမ်းကျင်မှု- လျှင်မြန်ခြင်း (အလယ်လတ်) ကို အဆင့်မြင့်တင်လိုက်ပါသည်- လေအလျင် စွမ်းရည် (အစောပိုင်း)]
[ကျွမ်းကျင်မှုများ- အရှိန်မြင့်ခြင်း (အလယ်အလတ်) ကိုအဆင့်မြင့်တင်လိုက်ပါသည်- လွန်းပျံစွမ်းရည် (အစောပိုင်း)]