← Chapters

ဒါဂုန် နှင်းတောင်မှ ပထမဆုံးအကြိမ် ထွက်ခွာခြင်း

Vol. 5 Ch. 73

ဒါဂုန် နှင်းတောင်မှ ပထမဆုံးအကြိမ် ထွက်ခွာခြင်း

Vol. 5 Ch. 73

[အင်မော်တယ် စွမ်းရည် (အစောပိုင်း)- ဒဏ်ရာများက လျှင်မြန်စွာသက်သာနိုင်ပြီး ပိုမြင့်သည့်အဆင့်တွင် ခြေလက်အင်္ဂါများကိုတောင် ပြန်ထုတ်နိုင်ပါသည်။]

[ဧကရာဇ်ရဲ့ဒိုမိန်း စွမ်းရည် (အစောပိုင်း)- လက်ရှိဒိုမိန်းအပိုင်းအခြားသည် ဆယ်ကီလိုမီတာဖြစ်ပြီး အကွာအဝေးအတွင်း ရန်သူများ၏ အင်အားကို ချေမှုန်းနိုင်သည်။]

[လေအလျင် စွမ်းရည် (အစောပိုင်း)- လက်ရှိ ရွေ့လျားခြင်း အရှိန်ကို နှစ်ဆ တိုးစေနိုင်သည်။]

[လွန်းပျံ စွမ်းရည် (အစောပိုင်း)- လက်ရှိတွင် ၎င်းသည် မီတာ ၃၀၀၀ အတွင်း လေဟာနယ် တယ်လီပို့ခြင်းကို အောင်မြင်နိုင်သည်၊(ဆက်တိုက်အသုံးပြုခြင်းက ခန္ဓာကိုယ်အတွက် ဝန်ပိုစေသည်)]

လုချန်း,သည် ကျွမ်းကျင်မှု လေးခုလုံးကို တစ်ကြိမ်တည်း အဆင့်မြှင့်ပြီး ၎င်းတို့အား ပင်ကိုယ် စွမ်းရည်များအဖြစ် ပြောင်းလဲခဲ့သည်။

လုချန်း,သည် စနစ်ဘောင်တွင် စွမ်းရည်အချက်အလက်ကို မြင်ပြီး သူချက်ချင်းပင် ဝမ်းသာသွားသည်။

ဤပင်ကိုယ် စွမ်းရည်များ အားလုံး ဤမျှအစွမ်းထက်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

အသစ်ရရှိထားသော စွမ်းရည်လေးမျိုးက လုချန်း,၏ ခွန်အားကို အဆင့်သစ်တစ်ခုသို့ ရောက်ရှိစေခဲ့သည်။

၎င်းသည် တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်စေရုံသာမက၊ သူ့၏ကိုယ်ပိုင်ရှင်သန်နိုင်စွမ်းသည်လည်း အလွန်တိုးတက်ကောင်းမွန်လာသည်။

အင်မော်တယ် စွမ်းရည်သည် သူ့ခန္ဓာကိုယ်ရှိဒဏ်ရာများကို လျှင်မြန်စွာသက်သာပျောက်ကင်းစေနိုင်သည်။

ဤနည်းအားဖြင့် သူသည် ပိုမိုခက်ခဲသော တိုက်ပွဲအချို့ကို ရင်ဆိုင်ရလျှင်ပင် ရှည်ကြာရှည်စွာ တိုက်ပွဲဝင်နိုင်မည်ဖြစ်သည်။

မြင့်မားသောအဆင့်သို့ရောက်လျှင် ခြေလက်အင်္ဂါများ ပြန်လည်မွေးဖွားနိုင်သေးသည်။

ဒါက ရိုးရိုးရှင်းရှင်း အသိတရားထက် ကျော်လွန်ပြီး ဒဏ္ဍာရီထဲမှာသာ ရှိနိုင်တဲ့ စွမ်းရည်တစ်ခုပင်။

သို့သော် လုချန်း,သည် ပထမတစ်ချက်တွင် သတိပြုမိသည်မှာ လွန်းပျံ စွမ်းရည်ဖြစ်သည်။

ဒီစွမ်းရည်က သူ့ကို မီတာသုံးထောင်အတွင်း တယ်လီပို့ပေးနိုင်သည်။

ထိုစွမ်းရည်က အံ့သြစရာကောင်းလှသည်။

လုချန်း စိုးရိမ်နေသည့်အရာမှာ အဆိုပါ ပြင်းထန်သည့် လူသားများ၏ ဗုံးကြဲခြင်းပင်ဖြစ်သည်။

မီတာသုံးထောင်အကွာအဝေးသည် လူသားလက်နက်အများစု၏ ပေါက်ကွဲခြင်းအကွာအဝေးကို ရှောင်ရှားရန် လုံလောက်သည်။

ပေါက်ကွဲမှု၏အလယ်ဗဟိုကို ရှောင်ရှားနိုင်ပြီး အဆိုးရွားဆုံးပျက်စီးမှုများကို ရှောင်နိုင်သရွေ့ ဖောက်ခွဲခြင်းလက်နက်များမှ ထုတ်လွှတ်သော လှိုင်းဒဏ်များက သူ့လက်ခံနိုင်သည့် အကွာအဝေးအတွင်းရှိသည်။

တယ်လီပို့စွမ်းရည်ဖြင့် သူချက်ချင်း အသတ်ခံရမည်မဟုတ်ပေ။

သူ၏ အခြားသော စွမ်းရည်များ ကိုပါထည့်ပေါင်းခြင်းဖြင့် သူ၏ ရှင်သန်နိုင်စွမ်းသည် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။

“လီရှန်း နဲ့ ရွာအိုဟူး တို့က မြေအောက်ကာကွယ်ရေးလှိုဏ်ဂူကို ဆောက်လုပ်ပြီးတဲ့အခါ၊ ငါက နိုးထခြင်း ဆဌမအဆင့်ကို ရောက်နိုင်တယ်”

“သွားရမယ့်လမ်းက ရှည်နေသေးတယ်ဆိုရင်တောင် အနည်းဆုံးတော့ နိုးထခြင်းဆဋ္ဌမအဆင့်ကို ဖြတ်ကျော်နိုင်မှာပါ”

“ငါ့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် သာမန်လူသားတွေရဲ့ အမြောက်ပစ်ခတ်မှုက ငါ့ကို လုံးဝမထိခိုက်နိုင်ဘူး”

“ငါ့ရဲ့ ခွန်အားနဲ့ တောင်အောက်ကို ဆင်းရင် အတော်လေး လုံခြုံလိမ့်မယ်”

ထိုအချိန်တွင် လုချန်း,သည် သူ၏ လက်ရှိအင်အားကို တွက်ချက်နေပါသည်။

ယခုအချိန်တွင် ရှောင်ပိုင်,သည် တောင်ပေါ်မှ ဆင်းသွားသောကြောင့် သူမကို သူယခင်က အစပျိုးမှုအတိုင်း ပြန်လည်လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။

လုချန်း,သည် နှင်းတောင်တွင် လုံခြုံပြီး နှင်းဝံပုလွေများ၏အကျပ်အတည်းကို ဖြေရှင်းပြီးသည်အထိ စောင့်ရန် စီစဉ်ခဲ့သည်။

ထို့နောက် နှင်းတောင်တန်းများကို ခဏလောက်ပတ်ပြီး သူ့ညီမကို လိုက်ရှာခဲ့သည်။

…

တစ်ချိန်တည်းမှာပင်၊ ဒါဂုန်နှင်းတောင်နှင့် မိုင် ၄၀၀ ကျော်ဝေးသော တောင်ကုန်းပေါ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။

အလွန်ကြီးမားသော ရောင်စုံစပါးအုံးမြွေကြီးနှင့် နှင်းဖြူဝံပုလွေကြီးတစ်ကောင်ကိုတွေ့ရမည်ဖြစ်သည်။

ဤစပါးအုံးမြွေ၏ အရွယ်အစားက လူသားတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည်။

သူသည် ဆယ်မီတာနီးပါးရှည်ပြီး သူ့၏ကိုယ်ထည်က ရထားကဲ့သို့ပင်။

အရေးကြီးဆုံးအချက်မှာ သာမန်စပါးအုံးမြွေများကဲ့သို့မဟုတ်ဘဲ သူ့တွင် အဆိပ်ရှိသည့်အပြင် ပြိုင်ဘက်များကို အသက်ရှုကြပ်စေရန် သူ့၏ကိုယ်ပိုင်အရွယ်အစားကိုလည်း အားကိုးနိုင်သည်။

ထိုအချိန်တွင် ဧရာမစပါးအုံးမြွေကြီးက ပါးစပ်ဖွင့်ပြီး ပြင်းထန်သည့် အဆိပ်‌ငွေ့များကို မှုတ်ထုတ်လိုက်သည်။

တောင်ပေါ်ရှိ သစ်ပင်များက လျင်မြန်စွာ ခြောက်သွေ့သွားသည်။ ဤစပါးအုံးမြွေကြီးတွင် အလွန်ပြင်းထန်သောအဆိပ်များ ရှိနေသည်မှာ ထင်ရှားသည်။

သို့သော် ဤအခိုက်အတန့်တွင် ငွေဖြူဝံပုလွေကြီး၏ခန္ဓာကိုယ်သည် ရုတ်တရက် ရွှေရောင်အလင်းတန်းဖြင့် လင်းလက်သွားသည်။

သူ့ဘေးတွင် အကာအကွယ် အလွှာများ ပေါ်လာပြီး အလွန်ပြင်းထန်သည့် အဆိပ်ငွေ့များကို ရွှေရောင်အကာအရံတစ်ခုက ပိတ်ဆို့လိုက်သည်။

ဧရာမစပါးအုံးမြွေကြီး၏ ရွှေရောင် မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားသည်။ သူ့နယ်မြေကို ရုတ်တရက်ရောက်လာသော ဒီဘီလူးဝံပုလွေဟာ ဤမျှ အစွမ်းထက်သည့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

ရွှေရောင် အဖြစ်ပြောင်းလဲသွားသော ဧရာမဝံပုလွေကြီးကို သူ့၏ပြင်းထန်သည့် အဆိပ်ငွေ့များက မထိခိုက်စေခဲ့ပေ။

“ရွီးးးး~ဟစ်းး”

ဧရာမမြွေကြီးသည် ကြိမ်ဖန်များစွာ အော်ဟစ်ခဲ့ပြီး၊ ထို့နောက်တွင် သူ့၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဧရာမဝံပုလွေကို ပတ်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း သူ့ရှေ့တွင် စိန်ကိုယ်ထည်ကဲ့သို့ ပြောင်းလဲသွားသော ဧရာမဝံပုလွေတစ်ကောင်ဖြစ်နေပြီး သူ့၏ အလွန်ထက်မြက်သော ခြေသည်းများလှုပ်ရှားသောအခါတွင် ရွှေရောင်အလင်းတန်းများ လင်းလက်တောက်ပလာသည်။

ချက်ချင်းပင် ဧရာမစပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အလွန်မာကျောသော အကြေးခွံများက တို့ဟူးကဲ့သို့ အပိုင်းပိုင်းပြတ်သွားကာ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာကြီးကြီးမားမား ကျန်ရစ်ခဲ့သည်။

အဆက်မပြတ် စီးဆင်းနေသော သွေးများသည် အနီးနားရှိ မြေများကို ချက်ချင်းပင် အရောင်ဆိုးသွားသည်။

ဧရာမစပါးအုံးမြွေကြီး မည်မျှပင် ရုန်းကန်နေပါစေ နှင်းဝံပုလွေ၏ ဖိနှိပ်မှုအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

ထို့နောက် နှင်းဝံပုလွေသည် သူ့၏လည်ပင်းကို ပြင်းထန်စွာကိုက်လိုက်သောကြောင့် သူ့ခွန်အားများ ဆုံးရှုံးပြီး မြေပေါ်သို့ လဲကျကာ အသက်မဲ့သွားခဲ့သည်။

ရန်သူကို အောင်အောင်မြင်မြင် သတ်ပြီးနောက်၊ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းနှင့် ဧရာမဝံပုလွေကြီးသည် သူ့၏ ကြံ့ခိုင်မှု တိုးတက်စေရန် ဧရာမ‌မြွေကြီး၏ အသားကို တိုက်ရိုက် စားသောက်ခဲ့သည်။

ကြီးမားပြီး အစွမ်းထက်သော နှင်းဝံပုလွေသည် ဒါဂုန် နှင်းတောင်မှ ထွက်ခွာသွားသော ယိုချင်းယန် မှလွှဲ၍အခြားမဟုတ်ပေ။

ထိုအချိန်တွင် သူမသည် စီချွမ်မှ ထွက်ခွာတော့မည်ဖြစ်သည်။

စီချွမ်,သည် လှိုင်းထနေသော မြေမျက်နှာသွင်ပြင်ရှိသည့် တောင်တန်းဒေသဖြစ်သည်။ ဤတောင်တန်းဒေသ၏ မြေသည် ကျယ်ပြောလှပြီး လူဦးရေကျဲပါးသည်။

ဤသည်မှာ ယိုချင်းယန်,သည် တောကန္တာရမှ ထွက်ခွာပြီးနောက် လူသားများ ၏ ခြေရာခံခြင်းကို ခံခဲ့ရသော်လည်း သူတို့ကို အမြန်ဖယ်ရှားရန်အတွက် မြေမျက်နှာသွင်ပြင်ကို အသုံးပြုနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

“ငါမှတ်မိတာမှန်ရင် ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ ပင်ကိုယ်ဝိညာဉ်သစ်သီးဖြစ်တဲ့ မိုးကြိုးယွမ်သစ်သီးက ချီလင် တောင်မှာ ရက်အနည်းငယ်အတွင်း မွေးဖွားသင့်တယ်”

“ဒီဝိညာဥ်သစ်သီးကို ငါယူနိုင်ရင် လျှပ်စီးစွမ်းရည်ကိုရရှိပြီး ငါ့ခွန်အားလည်း အများကြီးတိုးတက်လာလိမ့်မယ်!”

သူမ၏ယခင်ဘဝမှတ်ဉာဏ်များနှင့်အတူ ယိချင်းယန်,သည် လျှို့ဝှက်ရတနာများစွာ၏တည်နေရာများနှင့် ဤဘဝတွင်ပေါ်လာမည့်အချိန်များကို သိရှိခဲ့သည်။ ဤအရာက သူမအား အခြားသူများထက် ခြေတစ်လှမ်းသာစေသော သူမ၏ ပိုင်ဆိုင်မှုများဖြစ်သည်။

နှင်းဝံပုလွေအဖြစ် ပြန်လည်မွေးဖွားလာသော ယိုချင်းယန် သည် ထိပ်ဆုံးသို့ရောက်ရှိရန် ယုံကြည်ချက်ရှိနေဆဲဖြစ်သည်။

ဧရာမစပါးအုံးမြွေကြီး၏ အသားအများစုကို စားသုံးပြီးနောက်၊ ယိုချင်းယန်,သည် သူမ၏ ဦးတည်ရာလမ်းကြောင်းကို ရှာဖွေပြီးနောက် တောင်များနှင့် သစ်တောများကို ဖြတ်သန်းကာ ခရီးဆက်ခဲ့သည်။

ပင်ကိုယ်ဝိညာဥ်သစ်သီးဟုခေါ်သော ဝိညာဉ်သစ်သီးသည် သာမာန်ဝိညာဉ်သစ်သီးများနှင့် ကွဲပြားသည်။ သာမာန်ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်သစ်သီးများကဲ့သို့ ပင်ကိုယ်ဝိညာဉ်သစ်သီးများကို အဆင့်ခွဲခြားထားခြင်းမရှိပေ။

ထို့အပြင် ၎င်း၏ အဖိုးတန်မှုကို သာမန်ဝိညာဉ်သစ်သီးများက လုံးဝ မယှဉ်နိုင်ပေ။

ပင်ကိုယ်ဝိညာဉ်သစ်သီးကို စားသုံးခြင်း၏ အကျိုးကျေးဇူးများသည် အဆင့်မြင့်ဝိညာဉ်သစ်သီးများထက် ပို၍သာလွန်သည်။

အဘယ်ကြောင့်ဆိုသော် ဤပင်ကိုယ် ဝိညာဉ်သစ်သီးများတွင် ကောင်းကင်နှင့်မြေကြီး၏အနှစ်သာရများပါရှိသည်။

ထိုအသီး၏ထူးခြားမှုသည် ပင်ကိုယ် ဝိညာဉ်သစ်သီးကိုစားသုံးသောသတ္တဝါအား နောက်ထပ်ပင်ကိုယ်စွမ်းရည်ကို ပေးစွမ်းနိုင်သည်။

ထို့အပြင် ဤမိုးကြိုးယွမ် ဝိညာဉ်သစ်သီးသည် နာမည်အတိုင်း လျှပ်စီး စွမ်းရည်ကို ရရှိနိုင်သည်။

လျှပ်စီး စွမ်းအားသည် ဒြပ်စင် စွမ်းအင်များအားလုံးထဲတွင် အပြင်းထန်ဆုံး တိုက်ခိုက်ရေး အမျိုးအစား ဖြစ်သည်။

လျှပ်စီး စွမ်းရည်ကို နိုးကြားလာသူများက တိုက်ပွဲတွင် အလွန်အစွမ်းထက်သူများဖြစ်လာကြသည်။

ဤမိုးကြိုးယွမ်သစ်သီးကို စားခြင်းဖြင့်၊ ပင်ကိုယ် စွမ်းရည်ကိုလည်း ရယူနိုင်သည်။

လူသားများ၏ ကြီးမားသော အမဲလိုက်မှုကြောင့် ယိုချင်းယန်,သည် လူသားများကို ရှောင်ရှားရန်အတွက် အလွန်နှေးကွေးသော အရှိန်ဖြင့် ခရီးသွားခဲ့ရသည်။

သုံးရက်အကြာတွင် အမျိုးမျိုးသော မြေပြင်အနေအထားကို အသုံးချကာ နောက်ဆုံးတွင် သူမသည် ချီလင် တောင် အနားသို့ ရောက်ရှိလာခဲ့သည်။

တောအုပ်ထဲတွင် ရပ်နေသော ယိုချင်းယန် က ရှေ့ကို လှမ်းကြည့်လိုက်တယ်။

ကြီးမားပြီး အဆုံးမရှိသည့် တောင်တန်းကြီးတစ်ခုကို သူ့မရှေ့တွင် မြင်လိုက်ရသည်။ ဤသည်က ချီလင် တောင်ဖြစ်သည်။

ဤမြင့်မားသော တောင်တန်းကြီးက ရန်နိုင်ငံ တစ်ခုလုံးကို တိုက်ရိုက်ပိုင်းခြားထားသည်။

မြင့်မားသောတောင်တန်းများသည် ရန်ပြည်နယ်၏ မြောက်နှင့်တောင်ကို ပိုင်းခြားကာ မတူညီသော ရာသီဥတုများကို ဖြစ်ပေါ်စေသည်။

မြောက်နှင့်တောင်ကြား ပိုင်းခြားထားသည့် မျဥ်းအတိုင်း ချီလင် တောင်တန်းများကို လူသားများက တင်းကြပ်စွာ စောင့်ကြပ်ထားသည်။

ယိုချင်းယန် ဒီကိုရောက်လာသောအခါ အမှောင်ထဲတွင် ဝှက်ထားသည့်ကင်မရာက သူမကို မတော်တဆ ဓာတ်ပုံရိုက်မိခဲ့သည်။

“ဒါဂုန် နှင်းတောင်မှ ဝူဗာလင်,က ချီလင် တောင်ရဲ့ တောင်ဘက်ခြမ်းမှာ ပေါ်လာပါတယ်”

“ချီလင်တောင်ရဲ့ လျှို့ဝှက်ကင်မရာက ဒီနှင်းဝံပုလွေရဲ့ ပုံသဏ္ဌာန်ကို ဖမ်းယူနိုင်ခဲ့ပါတယ်”

ယိုချင်းယန်,၏ တည်နေရာကို ရှာဖွေတွေ့ရှိသည့် သတင်းက လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။

အခြေခံအားဖြင့်၊ သားရဲဘုရင်များသည် သူတို့၏ကိုယ်ပိုင်နယ်မြေကို စွန့်ခွာရန်မဖြစ်နိုင်ပေ။

ယိုချင်းယန် ကဲ့သို့ သားရဲတစ်ကောင်က ဤမျှအကွာအဝေးကို တစ်ယောက်တည်း သွားလာရန် ပို၍ပင် မဖြစ်နိုင်ပေ။

လက်ရှိတွင်၊ ဝိညာဉ်စွမ်းအင်သည် ပြန်လည်ရှင်သန်နေပြီး၊ အရွယ်အစားအမျိုးမျိုးရှိသော သားရဲအဓိကရုဏ်းများက နေရာအမျိုးမျိုး၌ ဖြစ်ပွားလျက်ရှိသည်။

သို့သော်လည်း တောရိုင်းတိရိစ္ဆာန်အများစုသည် တောထဲတွင်သာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး သူတို့ကို လူသားများက ကြီးကြပ်ထိန်းချုပ်ရန် ပိုမိုလွယ်ကူစေသည်။

သို့သော် အမှန်တကယ် လှည့်ပတ်သွားလာနေသော ယိုချင်းယန် ကဲ့သို့ အစွမ်းထက်သော သားရဲသည် အလွန်အန္တရာယ်များလှသည်။

ထို့ကြောင့်၊ အင်ပါယာမြို့တော်ရှိ သုတေသီများသည်လည်း ဝူဗာလင် အား အထူးအန္တရာယ်ရှိသော သားရဲတစ်ကောင်အဖြစ် တိုက်ရိုက်ဖော်ပြခဲ့ကြသည်။

“သခင်! သခင်! သတင်းအသစ်ရှိတယ်!”

“သခင် ကျွန်‌တော့်ကို စောင့်ကြည့်ခိုင်းတဲ့ နှင်းဝံပုလွေရဲ့ ပုံသဏ္ဍာန်ကို ပြန်ဖမ်းယူနိုင်ခဲ့ပြီ!”

“ဒါပေမယ့် ဒီတစ်ခါတော့ ဒီနေရာနဲ့ အရမ်းဝေးတဲ့ ချီလင် တောင်ရဲ့တောင်ဘက်ခြမ်းမှာ ပေါ်လာတယ်”

ညနေခင်း၊ လုချန်း စားသောက်နေစဉ်တွင် ကျန်းဟောင် ထံမှ သတင်းကို လက်ခံရရှိခဲ့သည်။

ဝူဗာလင်,၏ သတင်းကို သိပြီးနောက် ကျန်းဟောင်,သည် အနည်းငယ်မျှ မပေါ့ဆရဲပေ။

သူရရှိသော သက်ဆိုင်ရာ အချက်အလက်အားလုံးကို လုချန်း ဆီသို့ ပေးပို့ခဲ့သည်။

“ဒါပေမယ့် ကျွန်တော်သတိပေးမယ် သခင်၊ စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ထားရမယ်...”

“သားရဲဘုရင်အများစုက ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိနေဆဲဖြစ်ပေမဲ့၊ ဒီ ဝူဗာလင်,က သူ့ရဲ့လှည့်လည်သွားလာမှုကြောင့် ရန်နိုင်ငံ,က အထူးအလိုရှိ ဖမ်းဝရမ်း ကိုထုတ်ပြန်လိုက်တယ်”

“အခု ရန် နိုင်ငံမှာ သဘာဝလွန် စစ်သည်တော်တွေ အများကြီးရှိနေပြီ၊ အားလုံးက မကောင်းဆိုးဝါး ဝူဗာလင်,ကို ချေမှုန်းပစ်ချင်နေကြလို့ ချီလင် တောင်ဆီကို သွားနေကြပြီ”

ကျန်းဟောင် ပြောသည်ကိုကြားပြီးနောက် လုချန်း ရုတ်တရတ် အလွန်စိုးရိမ်သွားသည်။

ရှောင်ပိုင်,သည် ထိုနေရာအထိ ပြေးသွားမည်ဟု သူ မမျှော်လင့်ထားပေ။

ရန်နိုင်ငံ,က သူမ,ကိုဒီလောက်အထိ စွဲဆောင်နိုင်လိမ့်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

လုချန်း,သည် သူ၏ လက်ရှိ ရည်ညွှန်းချက်အကန့်ကို စစ်ဆေးခဲ့သည်။

ဤကာလအတွင်း ဆင့်ကဲပြောင်းလဲခြင်း အမှတ်များသည် ၇၆,၀၀၀ အထိ တိုးလာသော်လည်း ဆဋ္ဌမအဆင့်သို့ အဆင့်မြှင့်တင်ရန် အမှတ်အနည်းငယ်လိုအပ်နေသေးသည်။

လုချန်း,အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်တွင် နှင်းတောင်ပေါ်ရှိ မြေအောက်လှိုဏ်ဂူကို ပုံသွင်းထားခဲ့ပြီး လှိုဂူချဲ့ထွင်ရန်သာ လိုအပ်တော့သည်။

ထူးထူးခြားခြား စွမ်းရည်ရှိသူ လီရှန်း၏ တည်ရှိမှုနှင့်အတူ လမ်းကြောင်းသည် မြေအောက် မီတာဒါဇင်များစွာအနက်သို့ ရောက်ရှိနေပြီဖြစ်သည်။

လူသားများသည် သူတို့အား ပြင်းထန်သည့် ပေါက်ကွဲနိုင်စွမ်းရှိသော လက်နက်ကြီးများဖြင့် တိုက်ခိုက်လျှင်ပင် မြေအောက်တွင်ရှိသော နှင်းဝံပုလွေများကို ထိခိုက်ခြင်းမရှိနိုင်လောက်ပေ။

“နှင်းတောင်ပေါ်မှာ ဘာမှကြီးကြီးမားမား မဖြစ်သင့်တော့ဘူးထင်တယ် ငါမြန်မြန်ထွက်သွားရမယ်...”

“ကျန်း‌ဟောင်၊ ချီလင် နဲ့ စီချွမ် ရဲ့သတင်းကို သေချာစောင့်ကြည့်”

“သတင်းအသစ်ရှိရင် ငါ့ကို ချက်ချင်းပြော!”

ထို့နောက် လုချန်း,သည် ထူးထူးခြားခြား အာရုံခံနိုင်စွမ်းရည်ရှိသော ရှောင်ယန်,ကို စီချွမ်တွင် စောင့်ကြည့်ရန် စီစဉ်ခဲ့သည်။

ရှောင်ယန်,၏ အထူးအာရုံခံနိုင်စွမ်းသည် ရေဒါများထက် ပို၍အသုံးဝင်ပြီး မည်သည့်လှုပ်ရှားမှုကိုမဆို သိရှိနိုင်ရန် လုံလောက်သည်။

လုချန်း,၏ ညွှန်ကြားချက်ကြောင့် ရွှာအိုဟူး,သည် လီရှန်းနှင့် မျောက်မျိုးနွယ်စုကို ခေါ်ဆောင်ကာ မြေအောက်လှိုဏ်ဂူအား ဆက်လက်ချဲ့ထွင်ရန် ချက်ချင်း လုပ်ဆောင်ခဲ့သည်။

ထို့နောက် လုချန်း,သည် နှင်းတောင်ထိပ်ပေါ်တွင် ရပ်ကာ အောက်ဘက်ကိုငုံ့ကြည့်လိုက်သည်။ ယခုအချိန်တွင် နှင်းဝံပုလွေမိဘများက နိုးထခြင်းတတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

နိုးထမှုစတုတ္ထအဆင့်တွင်ရှိသော မီးမျောက်ဝံဘုရင် နှင့် ပေါင်းပြီး နှင်းတောင်တန်းရှိ သာမန်အကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းရန် လုံလောက်သည်။

အရာအားလုံးကို စီစဉ်ပြီးနောက် လုချန်း သည် တုံ့ဆိုင်းမနေတော့ဘဲ နှင်းတောင်မှ ချီလင် တောင်တန်းဆီသို့ အမြန်ပြေးသွားတော့သည်။

လုချန်း,သည် သူမွေးဖွားပြီးကတည်းက ဒါဂုန် နှင်းတောင်ကို တစ်ခါမှ မစွန့်ခွာခဲ့ဖူးပေ။

သို့သော် ယခင်က ကျန်းဟောင်၊ ဝိမ်ဘိန် နှင့် အခြားသူများ၏ မြေပုံများကို မြင်ဖူးထားသောကြောင့် လမ်းပျောက်မသွားပေ။

ကိုယ်ပျောက်စွမ်းအားကို အသုံးပြုပြီး လုချန်း သည် တိုးတိတ်စွာဖြင့် တောင်ပေါ်မှဆင်းသွားခဲ့သည်။

လေအလျင်,၏အကူအညီဖြင့်၊ ယိုချင်းယန်,လေးရက်ကြာသည့်ခရီးကို သူ,တစ်ရက်သာလိုအပ်မည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။

လုချန်း,သည် သူအချိန်အတော်ကြာနေထိုင်ခဲ့သော နှင်းဖုံးတောင်တန်းမှ ထွက်ခွာသွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

တကယ်တော့ ဒီကမ္ဘာဟာ အရင်ဘဝက သူနေထိုင်ခဲ့တဲ့ ကမ္ဘာနဲ့ အလွန်ဆင်တူသည်။

ဧရိယာက အတော်လေးကျယ်ပြီး ဒါဂုန် နှင်းတောင်ကနေ ချီလင်တောင် အထိကို မိုင်ထောင်ချီ ခရီးနှင်ရမည်ဖြစ်သည်။

All Chapters