မိုးကြိုးယွမ်သစ်သီး မွေးဖွားလာခြင်း
Vol. 5 Ch. 74
ချီလင် တောင်တန်းသည် ရန် နိုင်ငံကို မြောက်နှင့်တောင်ကြား ပိုင်းခြားသောမျဥ်းအဖြစ် ဆောင်ရွက်သည်။ တောင်တန်းတစ်ခုလုံးသည် အလွန်ခမ်းနားပြီး သာမန်တောင်များနှင့် နှိုင်းယှဉ်၍မရပေ။
ချီလင် တောင်၏ အရှေ့နှင့် အနောက်စွန်းသည် မိုင် ၂၀,၀၀၀ ကွာဝေးသည်။
အဆုံးမရှိသော တောင်တန်းသည် နဂါးရှည်ကြီးကဲ့သို့ ရန် နိုင်ငံကို ဖြတ်၍ ပိုင်းခြားထားသည်။
မိုင်ပေါင်း ၂၀,၀၀၀ ရှည်လျားသော ဤတောင်တန်းကြီးတွင် တစ်ခုခုကို မျက်စိစုံမှိတ်ပြီးရှာဖွေလိုပါက။
အဲဒါက ကောက်ရိုးပုံမှာ အပ်တစ်ချောင်းကိုရှာနေတာနဲ့ သိပ်ပြီး မကွာခြားပေ။
တစ်စုံတစ်ယောက်က သစ်တောနှင့် မရင်းနှီးဘဲ၊ နက်ရှိုင်းစွာ ဝင်ရောက်ရန် ကြိုးစားပါက ပြန်ထွက်လာနိုင်မည်မဟုတ်ပေ။
သူ့ရှေ့က စိမ်းလန်းစိုပြေတဲ့ တောအုပ်ကို ကြည့်ရင်း ယိုချင်းယန်,၏ မျက်လုံးများထဲတွင် တစက္ကန့်အတွင်း မှတ်ဉာဏ်များအလုံးကို ပြန်မြင်လိုက်ရ သကဲ့သို့ပင်။
ဤတောသည် အလွန်ကျယ်ဝန်းလှသည်။ ကံကောင်းထောက်မစွာ၊ သူမသည် သူမ၏ယခင်ဘဝတွင် ဤနေရာ၌ရှိနေခဲ့ပြီး မိုးကြိုးယွမ်သစ်သီးမွေးသည့်နေရာကို သိသည်။
မဟုတ်ရင် ချီလင် တောင်ကို ကြိုရောက်ခဲ့လျှင်တောင် အဆုံးမှာ အချည်းနှီးပင်။
ဤတောကြီးအတွင် ယိုချင်းယန်,၏ ခန္ဓာကိုယ်က သေးငယ်လှပြီး ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်။
အလွန်လျှို့ဝှက်ဆန်းကြယ်သော ချီလင် တောင်တန်းသည် သွေးမိုးခံယူပြီးနောက် ယခုအခါ ပို၍ပင် စိမ်းလန်းလာကာ ဝိညာဉ်စွမ်းအင်များ ပြန်လည်ရှင်သန်လာခဲ့သည်။
သစ်ပင်အားလုံးနီးပါးသည် အလွန်မြင့်မားကြပြီး တစ်ပင်ချင်းစီက အလွန်ထူထပ်ကာ နေရောင်ကိုပင် ပိတ်ဆို့ထားနိုင် လုနီးပါး။
ယိုချင်းယန်,သည် ဖြူဖွေးသော လေပြင်းတိုက်ခတ်နေသကဲ့သို့ သစ်တောထဲတွင် အလျှင်အမြန် ပြေးလွားနေခဲ့သည်။
သူမ၏ယခင်ဘဝမှတ်ဉာဏ်ထဲမှ တည်နေရာကိုသွားနေပြီး ယိုချင်းယန် သည် တောနက်ထဲသို့ ပို၍ဝင်ရောက်လာခဲ့သည်။
ညဉ့်နက်ပိုင်း၊ ချီလင် တောင်၏ အလယ်ပိုင်းရှိ တောင်တန်းတစ်ခုတွင် ယိုချင်းယန် ပုန်းအောင်းနေခဲ့ပြီး၊ ထိုအချိန်တွင် သူမသည် ရှေ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
ယိုချင်းယန်,၏ ရှေ့ရှိ မနီးမဝေးတွင် အလွန်ထူးဆန်းသည့် ဧရာမ ငွေပင်ကြီးတစ်ပင်ရှိနေသည်။
ဤဧရာမသစ်ပင်ကြီးက အလွန်မြင့်မားသည်။ ၎င်း၏မျက်နှာပြင်သည် ကြီးမားသောသတ္တုတိုင်တစ်ခုကဲ့သို့ ဖြစ်နေပြီး ပတ်ဝန်းကျင်ရှိသစ်ပင်များနှင့် အတော်လေး ခြားနားသည်။
တစ်စုံတစ်ယောက်က ဤနေရာတွင် ကြီးမားသော မိုးကြိုးတိုင်တစ်ခုကို တပ်ဆင်ထားသကဲ့သို့ပင်။
ယိုချင်းယန် ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူ့ရှေ့ရှိ ထူးဆန်းသည့် ဧရာမသစ်ပင်ကြီးက မိုးကြိုးယွမ်သစ်သီးကို မွေးဖွားပေးမည့် သစ်ပင်ဖြစ်သည်။
သို့သော်လည်း ယိုချင်းယန်,က အလျင်စလို မလှုပ်ရှားခဲ့ပေ။ ထိုကဲ့သို့ရှားပါးသည့် ရတနာပုံသဏ္ဍာန်သစ်ပင်ကြောင့် အနီးအနားတွင် တခြားပြိုင်ဘက်များ ရှိမည်မှာ သေချာသည်။
ယိုချင်းယန်,သည် မိုးကြိုးယွမ်သစ်သီး၏ အသွင်အပြင်ကို စောင့်မျှော်လျက် အနီးအနားတွင် ပုန်းအောင်းနေခဲ့သည်။
ဤသို့ဖြင့် အချိန်က တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားကာ နောက်ဆုံးတွင် ငွေသီးတစ်လုံးက သစ်ပင်ပေါ်တွင် ဖြည်းဖြည်းချင်း ပုံသဏ္ဍာန်ပေါ်လာသည်။
၎င်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လျင်မြန်စွာ ကြီးထွားလာသည်။
ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးကြားမှ စွမ်းအင်များဟာ ငွေရောင်သစ်သီးထဲကို ရူးသွပ်စွာ စီးဝင်သွားသည်။
ဒီငွေသစ်သီးထဲတွင် ကမ္ဘာပေါ်က အရာအားလုံးကို စုပ်ယူနိုင်တဲ့ ရေဝဲတစ်ခု ရှိနေပုံရသည်။
အလွန်များပြားသော ဝိညာဉ်စွမ်းအင်အားလုံးကို ထိုအသီးက စုပ်ယူသွားပြီး နောက်ထပ်ကြီးထွားမှုကို မြှင့်တင်လိုက်သည်။
ဤငွေရောင်သစ်သီး ပေါ်လာသည်နှင့်ကမ္ဘာကြီးက မှောင်စပြုလာသည်။
တခဏအတွင်း ကောင်းကင်နှင့် မြေကြီးက အရောင်ပြောင်းသွားပြီး လရောင် လုံးဝမရှိတော့ပေ။
ထို့နောက် ငွေရောင်သစ်သီးတွင် အလွန်လင်းလတ်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ယံ၌ တိမ်မည်းများ ဖုံးလွှမ်းနေသည့် လက ထိုနေရာကို ရောက်လာသကဲ့သို့ပင်။
ဤမှော်ဆန်သောအသီးသည် တောက်ပသောငွေဖြူရောင်အလင်းကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်တောင်များနှင့် သစ်တောများကို ချက်ချင်းလင်းစေခဲ့သည်။
အသီးများ ကြီးထွားလာသည်နှင့်အမျှ ထူးဆန်းသော ရနံ့လှိုင်းများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
တခဏချင်းမှာပဲ၊ မိုင်တစ်ရာ သို့မဟုတ် ဒီထက်ပိုဝေးတဲ့အကွာအဝေးအတွင်းတွင် ရက်စက်ကြမ်းကြုတ်သည့် သားရဲအများအပြားဟာ ဤထူးဆန်းတဲ့အသီး၏ မွေးဖွားခြင်းကို ခံစားခဲ့ရသည်။
ဤထူးဆန်းသောရနံ့ကို ရှူရှိုက်ပြီးနောက် သူတို့သည် ချက်ချင်းပင် အလွန်ကြမ်းကြုတ်လာကြသည်။
ဤသည်မှာ သားရဲများ၏ ရှေးဦး တွန်းအားဖြစ်ပုံရပြီး ဉာဏ်မမီသောသားရဲများက ဤရဲရင့်သော သားရဲများကို သတ်လိုသည့် ရည်ရွယ်ချက်များ ပေါက်ကွဲထွက်စေခဲ့သည်။
ယခင်က သူတို့၏ သီလကို ထိန်းထားနိုင်ခဲ့သော ဤသားရဲများ၏ မျက်လုံးများသည် ယခုအခါတွင် အလွန်နီရဲသွားကြသည်။
ယိုချင်းယန်,က ဒါတွေအားလုံးကို သိပေမယ့် သူမ တည်ငြိမ်နေဆဲပင်။
သူမ၏ယခင်ဘဝမှတ်ဉာဏ်များနှင့်အတူ ယိုချင်းယန်,သည် သူမ၏မျက်စိရှေ့တွင်ဖြစ်ပျက်နေသည့်အရာများက မိုးကြိုးသစ်သီးကိုမွေးဖွားပြီးနောက် ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်းကို သူမ,သိသည်။
ဤကဲ့သို့သော ရှားပါးသော ရတနာတစ်ခု ကမ္ဘာပေါ်တွင် ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေကြီးတွင် ထူးဆန်းသော ဖြစ်စဉ်များ ပိုထင်ရှားလာပြီး ၎င်းအတွက် တိုက်ပွဲဝင်ရန် ပတ်ဝန်းကျင်ရှိ လူများနှင့် တိရစ္ဆာန်များကို ဆွဲဆောင်နိုင်သည်။
သို့သော်လည်း လက်ရှိအချိန်တွင် မိုးကြိုးယွမ်သစ်သီးသည် ကြီးထွားမှုအဆင့်တွင်သာရှိနေဆဲဖြစ်ပြီး အပြည့်အဝ မရင့်မှည့်သေးပေ။
ထို့ကြောင့် သူမသည် ဤသစ်ပင်၏ရှေ့နားတွင်ရှိနေသော်လည်း အသီးရင့်မှည့်သည့်အခိုက်အတန့်ကိုသာ ဆက်လက်စောင့်ဆိုင်းနေနိုင်ခဲ့သည်။
ကြိုတင်ခူးဆွတ်ပါက မိုးကြိုးယွမ်သစ်သီး၏ ဆေးဖက်ဝင်ဂုဏ်သတ္တိများ ပျက်စီးသွားမည်ဖြစ်ပြီး ၎င်းကို ထပ်မံရှာဖွေရန် လွယ်ကူမည်မဟုတ်ပေ။
…
“ကြည့်စမ်း၊ အဲဒါ ဘာလဲ?!”
“ချီလင် တောင်မှာ ဒီလိုမှော်ဆန်တဲ့ အရာတစ်ခု ရှိနေတာလား?”
ထိုအချိန်တွင် ယိုချင်းယန် နှင့် မိုင်နှစ်ရာဝေးသော ချီလင် တောင်၏အစွန်းတွင် တန်ခိုးကြီးသောလူသား သုံးဦးရောက်လာကြသည်။
သူတို့တွင် သုံးဦးရှိပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်သည်။ သူတို့အားလုံးသည် သဘာဝလွန်လူသားများကြားတွင် စွမ်းအားအကြီးဆုံးဖြစ်ပြီး အလွန်အစွမ်းထက်သူများဖြစ်သည်။
သူတို့သုံးဦးသည် မူလက ကျန်းနန် ခရိုင်တွင်ရှိပြီး၊ ယခု ဝူဗာလင်,သည် ဤနေရာတွင် ပေါ်လာသောကြောင့် ချီလင် တောင်သို့ ရောက်လာကြခြင်းဖြစ်သည်။
အထက်က ညွှန်ကြားချက်ကို လိုက်နာပြီး ရက်စက်သည့် ဤသားရဲကို ဖမ်းဆီးရန် ဤနေရာသို့ ရောက်လာခဲ့ကြသည်။
သို့သော်၊ သူတို့သည် ချီလင် တောင်အစွန်းသို့ ရောက်သည်နှင့် မမျှော်လင့်ဘဲ ဝူဗာလင်ကို ရှာတွေ့မည့်အစား ဝိညာဉ်သစ်သီး တွေ့ရှိခဲ့ကြသည်။
မိုးကြိုးယွမ်သစ်သီးကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်နှင့်မြေကြီး၌ ထူးဆန်းသည့် ဖြစ်စဉ်များကို ထိုလူသုံးယောက်က မြင်ပြီး ချက်ချင်း တုန်လှုပ်သွားကြသည်။
ဤဖြစ်စဉ်က ကောင်းကင်၌ လ ကိုပင် လုံးဝနီးပါး ဖုံးလွှမ်းသွားခဲ့သည်။
သူတို့သုံးယောက်သည် အလွန်ထူးခြားသော စွမ်းအင်အတက်အကျကိုလည်း ခံစားရသည်။
အဝေးမှပင် ငွေရောင်အလင်းတန်းများကို မြင်တွေ့နိုင်သည်။
ငွေဖြူရောင် အလင်းတန်းလေးများက အသစ်ထွက်ပေါ်လာသည့် လငယ်လေးအလားပင်။
“မမျှော်လင့်ထားတဲ့ အမြတ်တွေ ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ဟိုကို သွားကြည့်ရအောင်!”
လူသုံးယောက်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော အရပ်ရှည်ပြီး ပိန်ပါးသည့် ယောက်ျားတစ်ဦးက ၎င်းကိုမြင်ပြီး နက်နဲသောအသံဖြင့် ချက်ချင်းပြောလိုက်သည်။
ကျန်းချောင်ဘင်,သည် သံလိုက်စွမ်းရည်ကို နိုးထခဲ့ပြီး သတ္တုချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်။
ဤထူးဆန်းသည့်စွမ်းရည်က သူ့ကို သတ္တုအားလုံးကို ထိန်းချုပ်စေနိုင်ခဲ့သည်။
ထိုကဲ့သို့ ထူထဲသော ချပ်ဝတ်တန်ဆာသည် အခြားသူများအတွက် အလွန်လေးလံသော်လည်း ကျန်းဇောင် ဝတ်ဆင်သောအခါတွင် လုံးဝ ပေါ့ပါးနေသကဲ့သို့ပင်။
ဟုတ်ပါတယ်၊ သူက အရာအားလုံးကို ထိန်းချုပ်နိုင်တဲ့ အဆင့်အထိတော့ စွမ်းအားမကြီးမားသေးပေ။
လက်ရှိအချိန်တွင် သူ့၏ကိုယ်ပိုင်စွမ်းအားကြောင့်၊ သူကိုင်တွယ်နိုင်သော သတ္တုပမာဏနှင့် သတ္တုကို ထိန်းချုပ်နိုင်သည့် အချိန်က အကန့်အသတ်ရှိနေပါသေးသည်။ ဆက်လက်တိုးတက်ဖို့အတွက် သူ့ကိုယ်ပိုင် အဆင့်ကို မြှင့်တင်ရန် လိုအပ်သည်။
ကျန်းချောင်ဘင်,သည် အရပ်နှစ်မီတာရှိပြီး အလွန်သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။
အလေးချိန် တစ်တန်ရှိသော ဤသတ္တုချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူသည် ၎င်းကို အတွေးတစ်ချက်ဖြင့် ထိန်းချုပ်နိုင်သည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်က တင့်ကားငယ်တစ်စီးနှင့်တူသည်။
အခြားအသင်းသား နှစ်ဦးသည်လည်း အလွန်အစွမ်းထက်ကြသည်။
အမျိုးသမီး၏နာမည်မှာ စုယင် ဖြစ်ပြီး၊ သူမသည် ကိုယ်ပျောက်စွမ်းရည်နှင့် ရေဝိညာဉ်စွမ်းရည်ကို နိုးထခဲ့ပြီး သဘာဝလွန်စွမ်းအားနှစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ထူးထူးခြားခြား အရည်အချင်းရှိသည့် လက်ရှိလူများထဲတွင် သူမက ရှားရှားပါးပါး ပါရမီရှင်တစ်ဦးဟု ယူဆနိုင်သည်။
နင်းဖန် ဟုခေါ်သော အခြားလူက သတ်ဖြတ်ခြင်းလေပြင်း စွမ်းရည်ကို နိုးထခဲ့ပြီး သူလှုပ်ရှားသမျှ လေပြင်းများကသူနှင့်အတူ လိုက်ပါနေပုံရသည်။
ကျန်းချောင်ဘင်,၏စကားကိုကြားပြီးနောက် သူတို့နှစ်ယောက်စလုံး ကန့်ကွက်ခြင်းမရှိပေ။
ကောင်းကင်နှင့်မြေကြီး၏ ထူးဆန်းသော ဖြစ်စဉ်တစ်ခု ပေါ်လာသည့်အခါတိုင်း အဖိုးတန်ရတနာများက ထိုဖြစ်စဉ် အောက်တွင်ရှိနေနိုင်သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်နိုးရှင်သန်လာခဲ့သည့် ဤကမ္ဘာကြီးတွင် သင်သည် လျှင်မြန်စွာ သန်မာလိုပါက အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားရမည်ဖြစ်သည်။
ထို့နောက် သူတို့သုံးယောက်သည် ဤဖြစ်စဉ်၏ တည်နေရာကို ဖော်ထုတ်ပြီးနောက် ချက်ချင်းဆိုသလိုပင် အမြန်ပြေးသွားကြသည်။ သူတို့ဦးတည်ရာက မိုးကြိုးယွမ်သစ်သီး ရှိရာနေရာပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤလူသုံးဦးသာမက အခြားဝေးလံခေါင်သီသောနေရာများမှ လူအများအပြားသည်လည်း မိုးကြိုးယွမ်သစ်သီး၏ စွမ်းအင်အတက်အကျကို သတိပြုမိကြသည်။
တစ်ချိန်တည်းမှာပင် နိုးထခြင်းအဆင့်ရှိ လူအများအပြားသည် ချီလင်တောင်၏ အလယ်ပိုင်းဆီသို့ ပြေးလာကြသည်။
“ဘာဖြစ်လို့ ချီလင်တောင်အလယ်ပိုင်းမှာအလင်းရောင်တွေ ထွက်နေတာလဲ?”
“ငါတို့ခြေရာခံဖူးတဲ့ ဝူဗာလင် ကြောင့်ဖြစ်နိုင်တယ်!”
"ဝူဗာလင်,က စီချွမ်ကနေ ချီလင် တောင်ဆီကိုတောင်လာခဲ့တယ်၊ သူ့ရည်ရွယ်ချက်က လျှို့ဝှက်ဆန်းကြယ်တဲ့ ငွေရောင်အလင်းကို ရှာဖွေဖို့ ဖြစ်နိုင်တယ်”
“အခု ပေါ်လာတဲ့ ကောင်းကင်နဲ့ မြေကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေရဲ့ နောက်ကွယ်က အမှန်တရားကို ငါတို့ရဲ့ စွမ်းအားကြီးတဲ့ သဘာဝလွန်စစ်သည် တွေက မကြာခင် ဖော်ထုတ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်”
ယခုအချိန်တွင် ရန် နိုင်ငံရှိ ဗီဒီယိုဆော့ဖ်ဝဲအချို့ရှိ ဘလော့ဂါအချို့သည် လူပြောသူပြောများသည့် အကြောင်းအရာအပေါ်အခြေခံပြီး ချီလင် တောင်အကြောင်းကို အချက်အလက်များနှင့်တကွ စတင်ဖော်ပြလာကြသည်။
လုချန်း,၏ညွှန်ကြားချက်ကြောင့် ကျန်းဟောင်,သည် ချီလင်,တောင်၏သတင်းကို အထူးအာရုံစိုက်ခဲ့သည်။
ဤအဖြစ်အပျက်ကိုသိရှိပြီးနောက် လုချန်း ထံသို့ အရာအားလုံးကို ချက်ချင်းပြောပြလိုက်သည်။
လုချန်း,က ဒီဘလော့ဂါတွေပြောတာ မှန်လား မှားလား မသိပေမယ့်။
သို့ပေမယ့် မယုံကြည်တာထက် ယုံကြည်လိုက်သည်က ပိုကောင်းသည်။ ထို့နောက် ဦးတည်ချက်ကို အတည်ပြုပြီးနောက် ချီလင်တောင် အလယ်ပိုင်းဆီ ပြေးသွားခဲ့သည်။
ယခုမူ၊ သူသည် ချီလင် တောင်၏ အလယ်ပိုင်းဒေသနှင့် အလွန်ဝေးကွာနေသေးသည်။
……………
ထိုအချိန်တွင် ငွေပင်ကြီး၏ပတ်လည်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာရှိနေပြီဖြစ်သည်။
မိုးကြိုးယွမ်သစ်သီး ရင့်မှည့်လာမည်ကို အားလုံးက စောင့်နေကြပုံရသည်။
ငွေသစ်ပင်နှင့် အနီးဆုံးသားရဲမှာ ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာရှည်သော တန်ခိုးကြီး နှင်းဝံပုလွေဖြစ်သည်။
ချဉ်းကပ်ဝံ့သော ရက်စက်သည့် သားရဲမှန်သမျှကို ယိုချင်းယန်,က တိုက်ခိုက်လိမ့်မည် ဖြစ်သည်။
သို့ရာတွင်၊ ရက်စက်ကြမ်းကြုတ်သော သားရဲများသည် အသီးမမှည့်သေးကြောင်းကိုလည်း နားလည်သောကြောင့် အလျင်စလို မလှုပ်ရှားကြပေ။
ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များသည် ငွေရောင်သစ်သီးထဲသို့ ဆက်လက်စီးဝင်သွားပြီး ငွေရောင်အလင်းတန်းများ ပိုမိုတောက်ပလာသည်။
ဤရှေးဟောင်းငွေသစ်ပင်၏ဘေးတွင် အစွမ်းထက်သော သားရဲသုံးကောင်ရှိသည်။
သူတို့ထဲတွင် နိုးထခြင်းတတိယအဆင့်ခန့် ရှိသော ဧရာမနွားကြီးတစ်ကောင်ရှိသည်။
ကျားသစ်သည် ခန္ဓာကိုယ်အနှံ့ မီးတောက်လောင်လျက်ရှိနေပြီး၊ နိုးထခြင်း တတိယအဆင့်တွင်ရှိနိုင်သည်။
၎င်းတို့အထဲတွင် ကြီးမားသောကိုယ်ထည်ရှိသည့် စပါးအုံးမြွေကြီးတစ်ကောင်တွင် ပြင်းထန်သော ရောင်ဝါထွက်ပေါ်နေပြီး နိုးထခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိနေပုံရသည်။
ဤကြမ်းကြုတ်သော သားရဲသုံးကောင်သည် ချီလင် တောင်တန်းအနီးရှိ အုပ်စိုးရှင်များဖြစ်သည်။
ယခု ယိုချင်းယန် နှင့်အတူ၊ ရက်စက်ကြမ်းကြုတ်သော သားရဲသုံးကောင်သည် ထိုလမ်းကြောင်း၏ နေရာလေးခုတွင် အမြစ်တွယ်နေကြသည်။
“ဒီတစ်ခါတော့ မိုးကြိုးယွမ်သစ်သီးကို အရယူရမယ်”
သူ့ရှေ့မှ ငွေရောင်သစ်သီးကို ကြည့်ရင်း ယိုချင်းယန်,၏ မျက်လုံးထဲတွင် ဆန္ဒများ ပြည့်နှက်နေသည်။
လျှပ်စီး စွမ်းရည်ကိုသာ သူမ,ရနိုင်လျှင် သူ့အစ်ကိုကို အမီလိုက်နိုင်မည်ဖြစ်သည်။
ထိုမှသာ သူမ၏ အစ်ကို ထပ်ပြီး ဒုက္ခရောက်ခဲ့လျှင်တောင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မယ့်အစား သူ့ကို ကူညီပေးနိုင်မည်ဖြစ်သည်။
“သတိထားပါ၊ ရှေ့မှာ စုဝေးနေတဲ့ ရက်စက်တဲ့ သားရဲတွေ အများကြီးရှိတယ်”
ဤနေရာမှ ဆယ်မိုင်ခန့်အကွာတွင် စုယင် ပေါ်လာသည်။
သူမသည် အခြေအနေကို စစ်ဆေးရန်အတွက် သူမ၏ ကိုယ်ပျောက် စွမ်းရည်ကို အသုံးပြုခဲ့သည်။
“အဲဒီငွေရောင်သစ်ပင်ကြီးမှာ ထူးဆန်းတဲ့ဝိညာဉ်အသီးတစ်လုံးရှိတယ်”
“ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်က အဲ့ဒီကို စီးဝင်နေတယ်၊ သြော်၊ ငါတို့ ခြေရာခံနေတဲ့ ဝူဗာလင် လဲ ရှိတယ်”
ဒါကိုကြားပြီး ကျန်းချောင်ဘင်,က မျက်မှောင်ကြုတ်ကာ အေးစက်စွာပြောလိုက်သည်။
“ဟမ့်၊ ဒီလို ရှားပါးတဲ့ ရတနာကို ဘယ်လို လုပ် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်တွေက ရနိုင်မှာလဲ၊ ငါတို့ပဲ ရလိမ့်မယ်!”
စုယင်,က ခေါင်းညိတ်လိုက်ပြီး “ဒီအကောင်တွေက မလှုပ်ရှားသေးဘူးဆိုတော့ အချိန် မမှန်သေးဘူးလို့ ငါထင်တယ်၊ အချိန်ကျရင် ကိုယ်ပျောက်စွမ်းရည်နဲ့ သွားလိုက်မယ်”
“ကောင်းပြီ၊ မင်းရဲ့ ကိုယ်ပျောက်ပြီး လှည့်စားနိုင်စွမ်းနဲ့ဆိုရင် ဒီဝိညာဥ်သစ်သီးကို ဆုပ်ကိုင်ဖို့ မင်းက အသင့်တော်ဆုံးဖြစ်လိမ့်မယ်”
ထို့နောက် ကျန်းချောင်ဘင် နှင့် နင်းဖန် တို့သည် ထိုနေရာတွင်သာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
စုယင် သည် တစ်ဖန် ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုလိုက်ပြီး ရက်စက်သည့် သားရဲများ စုဝေးရာ အရပ်သို့ ခိုးဝင်သွားခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ၊ဤရက်စက်ကြမ်းကြုတ်သော သားရဲများကြားတွင် အဓိကရုဏ်းများ ပေါ်ပေါက်လာသည်။
မိုးကြိုးယွမ် အသီးမမှည့်သေးသော်လည်း နေရာအနှံ့ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေပြီဖြစ်သည်။
အသီးအနှံတွေ မမှည့်ခင်တွင် ထိုသားရဲများက အချင်းချင်း မောင်းထုတ်ချင်ကြခြင်းဖြစ်သည်။
သို့သော်လည်း မူလက အလွန်ကြီးစိုးသော ယိုချင်းယန်,သည် ယခုအချိန်တွင် တိုက်ပွဲနယ်မြေမှ ဆုတ်ခွာရန် ရွေးချယ်ခဲ့ပြီး ဘေးမှ တိတ်တဆိတ်ဖြင့်သာ စောင့်ကြည့်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမသည် ကောင်းကင်ကို ရံဖန်ရံခါ မျှော်ကြည့်နေသည်။
ယိုချင်းယန်,၏မှတ်ဉာဏ်ထဲတွင်၊ သူမ၏ယခင်ဘဝက မိုးကြိုးယွမ် သစ်သီးသည် ဖရိုဖရဲကာလအတွင်း အင်အားကြီးမားသော လင်းယုန်ငှက်တစ်ကောင်၏ လုယူခြင်းကိုခံခဲ့ရသည်။
ဒါက နောက်ပိုင်းတွင် အားကောင်းသည့် မိုးကြိုးလင်းယုန်ကို ပေါ်ပေါက်စေခဲ့သည့် အဖြစ်အပျက်ပင် ဖြစ်သည်။