← Chapters

“အစ်ကို ကျန်း၊ ဒီဝံပုလွေကြီးကို ရပ်တန့်အောင် ကူညီပေးပါ!”

Vol. 5 Ch. 75

“အစ်ကို ကျန်း၊ ဒီဝံပုလွေကြီးကို ရပ်တန့်အောင် ကူညီပေးပါ!”

Vol. 5 Ch. 75

“ဂါးး! ဂါးး!”

ရှေးဟောင်း ငွေသစ်ပင်အနီးတွင် စုရုံးနေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများသည် အဓိကရုဏ်းများ စတင်ခဲ့ပြီး ယခု အချင်းချင်း တိုက်ခိုက်နေကြပြီသည်။

ဒေါသတကြီးဟိန်းဟောက်သံများနှင့် နာကျင်စွာအော်ဟစ်သံများသည် တောင်များနှင့် သစ်တောများတွင် ပဲ့တင်ထပ်နေခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော သားရဲများက သိပ်ဉာဏ်မမီသောကြောင့် အချင်းချင်းအပေါ် ရန်လိုမှုအပြည့်ရှိကြသည်။

ယခု မိုးကြိုးယွမ် သစ်သီး မွေးဖွားလာပြီး ထူးခြားသည့် ရနံ့များက ဆက်လက် ထွက်ပေါ်နေသည်။

ဤထူးခြားသောရနံ့သည် သားရဲများ ၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ဗီဇကို လှုံ့ဆော်ပေးနိုင်သည်။

ရက်စက်ကြမ်းကြုတ်သော သားရဲများသည် သူတို့၏ နှလုံးသားထဲမှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို မည်ကဲ့သို့ ထုတ်ဖော်ရမည်ကို သိရုံမျှဖြင့် အလွန်ရက်စက်ကြမ်းကြုတ်လာကြသည်။

ထိုအချိန်တွင် ဤသားရဲများက အဆက်မပြတ် တိုက်ခိုက်နေကြပြီး သူတို့ပတ်ဝန်းကျင်တွင် ဟိန်းဟောက်သံများ ဆက်လက် ပဲ့တင်ထပ်နေသည်။

ဤအခိုက်အတန့်တွင် အင်အားကြီးမားသော သားရဲများ စတင်တိုက်ခိုက်ကြပြီး ချက်ချင်းပင် သဲများနှင့် ကျောက်တုံးများကို လွင့်ပျံစေကာ မြေပြင်တွင် လျှိုများကို ဖြစ်ပေါ်စေခဲ့သည်။

ဤရက်စက်ကြမ်းကြုတ်သော သားရဲများသည် အလွန်ကြီးမားကြပြီး သူတို့ကြားမှ တိုက်ပွဲသည် ငလျင်တစ်ခုကဲ့သို့ပင် ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော သားရဲများ အချင်းချင်း တိုက်ခိုက်နေသည့် မြင်ကွင်းက အလွန်ကြောက်စရာကောင်းပြီး သွေးနံ့ က လေထုထဲတွင် ပြင်းထန်စွာ ထွက်ပေါ်နေသည်။

ပြင်းထန်သော သွေးနံ့ကို မိုင်ပေါင်းများစွာအဝေးမှပင် ခံစားနိုင်ပြီး လူကို မအီမသာဖြစ်စေသည်။

စစ်မြေပြင်အလယ်မှ တိုက်ပွဲများက ပိုလို့တောင် ရက်စက်သည်။

ဤသားရဲများ အချင်းချင်း တိုက်ခိုက်နေကြစဉ်တွင် ကျိုးပဲ့နေသော ခြေလက်များက မြေပြင်တွင် ပြန့်ကျဲနေသည်။

စုတ်ပြဲနေသော အသားစ,တို့က နေရာတိုင်းတွင်ရှိနေပြီး တောတောင်တစ်ခုလုံးသည် ဤရက်စက်ကြမ်းကြုတ်သော သားရဲများ၏သွေးများဖြင့် ဖုံးလွှမ်းနေလေသည်။

ဤရက်စက်ကြမ်းကြုတ်သော သားရဲများကြားမှ တိုက်ပွဲကိုပြီးသည်အထိ စောင့်လိုက်ပါက,ထိုနေရာမှ အပင်များက ပို၍ထွားကျိုင်းလာနိုင်မည်ဖြစ်သည်။

ဤသားရဲများအားလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း ရပ်တန့်ရန် ရည်ရွယ်ချက်မရှိကြသေးပေ။

ဤသည်က သားရဲများ၏ သဘာဝပင်ဖြစ်သည်။

ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာပြီးနောက် သူတို့၏ ပင်ကိုယ်စွမ်းရည်များ နိုးထလာခဲ့သော်လည်း၊ ဤသားရဲများသည် အလွန်မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေးကို မရရှိကြသေးပေ။

သို့သော် ထိုသားရဲများက မိုးကြိုးယွမ်သစ်သီးကို ဘာလဲဆိုတာ မသိကြပေမယ့် ၎င်းက သာမန်အရာမဟုတ်သည်ကိုတော့ သူတို့သိကြသည်။

မိုးကြိုးယွမ် သစ်သီးသည် သေစေနိုင်သော သွေးဆောင်မှုကဲ့သို့ ဝိညာဉ်စွမ်းအင်များကို ဆက်လက်စုဆောင်းကာ အဆိုပါ ရက်စက်ကြမ်းကြုတ်သော သားရဲများအားလုံးက ပို၍ပင် ရူးသွပ်သွားစေသည်။

“အင်း~”

ဤနေရာကို ကိုယ်ပျောက်စွမ်းရည်နှင့် ရောက်လာသော စုယင်,သည် ‌နေရာမှားပြီး ရောက်လာသည်ဟုပင် အထင်မှားသွားသည်။

တစ်ချိန်က စိမ်းလန်းစိုပြေသော တောအုပ်သည် ယခုအခါ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ့မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းက မြေကြီးပေါ်တွင် ငရဲကဲ့သို့ သွေးများနှင့် အသားများက နေရာအနှံ့တွင် ရှိနေပြီး ချက်ချင်းပင် ပြင်းထန်သောသွေးညှီနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။ 

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း စုယင် ရုတ်တရက် အလွန်မအီမသာဖြစ်သွားသည်။

သုမဗိုက်က တုန်ခါနေပြီး နောက်စက္ကန့်တွင် အန်ချင်သလို ခံစားရသည်။

အမှန်တွင်၊ စုယင်,သည် သူမ၏ပင်ကိုယ်စွမ်းရည်များကို မနိုးထခင်တွင် သာမန်လူတစ်ယောက်သာဖြစ်ပြီး ဤကဲ့သို့မြင်ကွင်းမျိုးကို သူမတစ်ခါမှ မမြင်ဖူးခဲ့ပေ။

သို့သော် ယခုအချိန်၌ စုယင်,သည် အားနည်းနေရမည့်အချိန်မဟုတ်ကြောင်း ကို သိရှိနားလည်ခဲ့သည်။

နေရာတိုင်းတွင် ရက်စက်ကြမ်းကြုတ်သော သားရဲများ ရှိနေပြီး ပျို့အန်ခြင်းကို ထိန်းထားကာ ဆက်လက်လေ့လာနေသည်။

စုယင်,သည် သူ့ပတ်ဝန်းကျင် အခြေအနေက ထိန်းမရသိမ်းမရ ဖြစ်နေကြောင်း သိလိုက်ရသည်။

သို့သော်လည်း ဧရာမငွေသစ်ပင်ကြီး၏ ပတ်ပတ်လည်တွင် သားရဲတစ်ကောင်မျှ ချဉ်းကပ်ဝံ့ခြင်းမရှိပေ။

ထိုအစွမ်းထက်သော သားရဲများ သိမ်းပိုက်ထားသည့် နယ်မြေများသာ တည်ငြိမ်နေသည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်တွင် သားရဲများစွာသည် ဧရာမငွေသစ်ပင်ကြီးပေါ်သို့ ခုန်တက်ရန် ကြိုးစားခဲ့ကြသည်။

သို့သော် အတွင်းပိုင်းထဲသို့ ဝင်လိုက်သည်နှင့် ကျားသစ်မှ ထွက်လာသော မီးတောက်များကြောင့် မီးလောင်ကျွမ်းခံရပြီး မြေပြင်ပေါ်တွင် ပြာများသာ ကျန်တော့သည်။

သားရဲကြီးလေးကောင်သည် ငွေသစ်သီးရင့်မှည့်မည့်အချိန်အား စောင့်ဆိုင်းနေသည်ကို စုယင် မြင်လိုက်သည်။

သူတို့သည် အလွန်အစွမ်းထက်ကြပြီး သူတို့၏ဉာဏ်ရည်သည်လည်း သာမန်သားရဲများထက် ကျော်လွန်နေကြောင်း ထင်ရှားသည်။

“ဒီငွေရောင်သစ်သီးက တကယ်ကို ထူးထူးခြားတယ်၊ ဒီမှာစောင့်ကြပ်နေတဲ့ သားရဲတွေအများကြီးရှိတဲ့အတွက် ရှားပါးတဲ့ ရတနာဖြစ်ရမယ်”

“ဒါကိုသာ ငါယူနိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ စွမ်းအားက ပိုတိုးတက်လာနိုင်တယ်!”

စုယင်,သည် မိုးကြိုးယွမ် သစ်သီးကို ကြည့်ပြီး သူမ၏ မျက်လုံးထဲတွင် အလင်းရောင် ဖျော့ဖျော့ ပေါ်လာခဲ့သည်။

သူမသည် လူသားများကြားတွင် ထူးထူးခြားခြား ပါရမီရှင်တစ်ယောက်,ဟု သတ်မှတ်ခံထားရပြီး စွမ်းရည်နှစ်ခုကို နိုးထလာခဲ့သူဖြစ်သည်။

အသက်ပြင်းပြင်းရှူရင်း၊ စုယင်,သည် ရဲစွမ်းသတ္တိကို စုစည်းပြီး ငွေရောင်ရှေးဟောင်းသစ်ပင်ဆီသို့ ဆက်သွားခဲ့သည်။

ဤနေရာတွင် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာရှိသော်လည်း သူမ,စွန့်စားရန်ဆုံးဖြတ်ခဲ့သည်။

ကံကြမ္မာနှင့် စည်းစိမ်ဥစ္စာကို စွန့်စားခြင်းဖြင့်သာ အောင်မြင်နိုင်သည်။ ခဏအကြာတွင် ကိုယ်ပျောက်နေသော စုယင်,သည် ဧရာမ ကျွဲကြီးနှင့် စပါးအုံးမြွေကြီး၏ ဘေးသို့ ရောက်ရှိလာသည်။

ဆယ်မီတာနီးပါးရှိသော ကြီးမားပြီး ကြမ်းတမ်းသည့် ဤသားရဲများနှင့် နှိုင်းယှဉ်ပါက စုယင်,၏ ခန္ဓာကိုယ်က အလွန်သေးငယ်လွန်းလှသည်။

သူမသည် ဧရာမသားရဲကြီးနှစ်ကောင်ကြားမှ ကိုယ်ပျောက်ပုံစံဖြင့် ဖြတ်သွားခဲ့သည်။ သူမ မီတာတစ်ရာကျော်အကွာတွင် ရှိနေသော်လည်း မည်သူမျှ သူမကို သတိမပြုမိကြပေ။

ယင်းကြောင့် တင်းမာနေသော စုယင်,မှာ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချနိုင်ခဲ့သည်။

အမှန်တွင်၊ ဤရက်စက်ကြမ်းကြုတ်သော သားရဲများမှ ထွက်လာသော အရှိန်အဝါသည် ပြင်းထန်လွန်းပြီး သူတို့ကို ကိုင်တွယ်ရန် မလွယ်ကူသည်မှာ ထင်ရှားသည်။

သူတို့အားလုံးသည် ချီလင် တောင်တန်းများအနီးမှ အုပ်စိုးရှင်အဆင့်ရှိသူများဖြစ်ကြသည်။ သူမကို ရှာဖွေတွေ့ရှိသွားပါက သေခြင်းတရားသာ ရှိပေလိမ့်မည်။

ရှေ့မလှမ်းမကမ်းမှ ဧရာမငွေပင်ကြီးကို ကြည့်ရင်း စုယင်,သည် ဤအခိုက်အတန့်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူမနှင့် နီးကပ်လေလေ သူမရှေ့ရှိ သစ်သီး၏ ထူးခြားမှုကို ပိုခံစားရလေလေဖြစ်ပြီး ၎င်းက ကောင်းကင်နှင့်မြေကြီးရဲ့မြင့်မြတ်သည့် ရတနာဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

သူမ၏ နှလုံးခုန်သံကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး ဧရာမ ငွေသစ်ပင်၏ ပင်စည်ဆီသို့ တည့်တည့်လျှောက်သွားခဲ့သည်။

မီတာများစွာမြင့်သော သစ်ပင်ကြီးပေါ်ရှိ အသီးကို ကြည့်ရင်း စုယင်,သည် သစ်ပင်ပေါ်တက်ရန် ဆုံးဖြတ်လိုက်သည်။

စုယင်,၏ လက်ရှိ စွမ်းအားသည် ဤ အုပ်စိုးရှင် အဆင့် သားရဲများ လောက် မကောင်းမွန်သော်လည်း၊ သူ့တွင် နိုးထခြင်း ဒုတိယအဆင့်၏ စွမ်းအား ရှိနေဆဲဖြစ်သည်။

သူသည် ပျံသန်းနိုင်သည့်စွမ်းရည်ကို မနိုးထခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန်လူများထက် များစွာသာလွန်နေပြီဖြစ်သည်။

ဤငွေပင်ကြီးသည် မီတာများစွာမြင့်သော်လည်း သစ်ပင်ပေါ်သို့တက်ခြင်းက ပြဿနာတစ်ခုမဟုတ်ပေ။

ဤနည်းဖြင့် ကိုယ်ပျောက်နိုင်သော စုယင် သည် အထက်သို့ ဆက်လက်တက်သွားခဲ့သည်။

……………

ပတ်ဝန်းကျင်ရှိ ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များက တိုက်ခိုက်နေကြဆဲဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ယိုချင်းယန် သည် သူမပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ ကြွယ်ဝသောစွမ်းအင်အတက်အကျများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့ရှိခဲ့သည်။

ဧရာမ ငွေသစ်ပင်ကြီးတစ်ဝိုက်မှ အားကောင်းသော ရေဝဲများ ပျောက်ကွယ်သွားသည်။

ဧရာမသစ်ပင်ကြီးပေါ်၌ ဖရဲသီးကဲ့သို့ ကြီးမားသည့် ငွေသီးသီးမှ ထုတ်လွှတ်သော အလင်းရောင်များက တဖြည်းဖြည်း မှိန်ဖျော့လာသည်။

ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ တိုက်ပွဲက ဤအခိုက်တွင် ရပ်သွားခဲ့ပြီး နောက်ဆုံးတွင် အသီးမှည့်နေပြီကို သိလိုက်ကြသည်။

ထိုအချိန်တွင် ကြီးမားသော အရိပ်မည်းကြီးတစ်ခုက လေထဲတွင် ရုတ်တရက် ပေါ်လာသည်။

ဆယ်မီတာရှည်သော လင်းယုန်ကြီးတစ်ကောင်သည် အတောင်ပံများဖြန့်ကာ ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုလင်းယုန်ငှက်က လျှပ်စီးကြောင်းကဲ့သို့ အလွန်လျင်မြန်ပြီး ချက်ခြင်းပင် သစ်ပင်ထိပ်သို့ ရောက်ရှိသွားသည်။

အောက်တွင်ရှိနေသည့် ရက်စက်ကြမ်းကြုတ်သော သားရဲတို့က ဤဖိတ်ကြားမထားသောဧည့်သည်ကြောင့် အလွန် တုန်လှုပ်သွားကြသည်။

“ဟမ့်၊ ငါ မင်းကို စောင့်နေတာ!”

သို့သော်လည်း ယခင်ဘဝ၏ မှတ်ဉာဏ်များရှိသည့် ယိုချင်းယန်,က ကြိုတင်သတိထားနေခဲ့သည်။

လင်းယုန်ငှက် ပေါ်လာသည်နှင့် ယိုချင်းယန် ၏ ခန္ဓာကိုယ်ရှိ စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

နောက်တစ်စက္ကန့်တွင်ပင် ရွှေရောင်ဒိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ယိုချင်းယန်,သည် ယခု သူမကိုယ်ပေါ်တွင် ဒိုင်းတစ်ခုကို ချနိုင်ရုံသာမက အခြားအရာများပေါ်တွင်လည်း ရွှေရောင်ဒိုင်းကို ချနိုင်နေပြီ ဖြစ်သည်။

“ဘုန်း!”

လင်းယုန်၏ ချွန်ထက်သော ခြေသည်းများက ရွှေဒိုင်းဒိုင်းနှင့် တခဏချင်း တိုက်မိသွားသည်။

သို့ပေမယ့် ထူထဲသည့် သတ္တုနံရံကဲ့သို့ဖြစ်နေသည့် ရွှေရောင်ဒိုင်းကို မချိုးဖျက်နိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင်၊ မိုးကြိုးယွမ်အသီးသည် ယခုအချိန်တွင် လုံးဝမှည့်နေပြီဖြစ်သောကြောင့် အခြားသော အုပ်စိုးရှင်အဆင့် သားရဲသုံးကောင်သည်လည်း လှုပ်ရှားခဲ့ကြသည်။

“ဂါးး!”

“ဒီကနေထွက်သွား!”

ယိုချင်းယန်,သည် မိုးကြိုးယွမ်သစ်သီးကို ရယူရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ဤအခိုက်အတန့်တွင် သူမထံမှ နိုးထခြင်း စတုတ္ထအဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ လင်းလက်နေကာ ဝူဗာလင် အဖြစ် ပြောင်းလဲသွားတယ်။

ပထမဦးဆုံး၊ သူ့ရှေ့မှ ကျွဲကြီးကို တွန်းထုတ်လိုက်သည်။

ထို့နောက် ကျွဲကြီး၏ တွန်းကန်အားကို အသုံးပြု၍ ဧရာမသစ်ပင်ထိပ်သို့ ခုန်တက်သွားသည်။

သို့သော်လည်း အချိန်အတော်ကြာစောင့်ဆိုင်းနေသည့် မိုးကြိုးယွမ်သစ်သီးက ခူးဆွတ်ခံလိုက်ရပြီး မနီးမဝေးနေရာသို့ အလင်းတစ်ခုက ကျဆင်းသွားခဲ့သည်။

ထိုအလင်းတွင် လူသားတစ်ဦး ပေါ်လာသည်။

“စုယင်?!”

“မင်း ငါ့ဥစ္စာကို ခိုးရဲတယ်၊ သေချင်နေတာလား!!”

ယိုချင်းယန်,သည် ထိုပုံရိပ်ကို မှတ်မိသည်။ သူမအတွက်၊ ဤလူသည် အသိအကျွမ်းနှင့်ရန်သူဖြစ်သည်။

စုယင်,သည် သူမ၏ယခင်ဘဝတွင် စွမ်းရည်နှစ်မျိုးရှိသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ ထိုမျှလောက်မပြင်းထန်ပေ။

အများအားဖြင့် အခြားသူများနောက်တွင်သာ ပုန်းအောင်းနေခဲ့သည်။

သို့သော်လည်း ယိုချင်းယန်,သည် ယခုတစ်ကြိမ်တွင် တခြားအဖွဲ့က ချီလင် တောင်သို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဤအပိုင်းက သူမ၏ မှတ်ဉာဏ်ထဲတွင် မရှိခဲ့ပေ။

ယိုချင်းယန် အမြန်လှည့်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။

“ဂါးး!!”

ကျန်ရှိသည့် ရက်စက်ကြမ်းကြုတ်သော သားရဲများသည်လည်း တိုက်ပွဲကိုရပ်ပြီး စုယင် နောက်ကို လိုက်သွားကြသည်။

“ငါ့လမ်းက ဖယ်စမ်း!”

ထိုအချိန်တွင် စုယင်,၏ လှုပ်ရှားမှုများက အလွန်လျင်မြန်ပြီး ရေလှိုင်းတစ်ခုက သူမ၏ လက်မှထွက်ပေါ်လာခဲ့သည်။

ရေစွမ်းရည်ကိုအသုံးပြု၍ နောက်မှလိုက်ဖမ်းနေသူများကိုပိတ်ဆို့ပြီး စုယင် သည် သစ်တောများထဲတွင် ချက်ချင်းပင်ပုန်းအောင်းလိုက်သည်။

သို့သော် ယခုတစ်ကြိမ်တွင် သူမ၏ပြိုင်ဘက်သည် လူသားမဟုတ်ဘဲ သားရဲများဖြစ်သည်။

တောရိုင်းတိရိစ္ဆာန်များသည် သဘာဝအတိုင်း အနံ့ခံအားကောင်းကြသည်။ မိုးကြိုးယွမ်သစ်သီးသည် ယခုမှည့်နေပြီး ၎င်းတွင် ပြင်းထန်သောမွှေးရနံ့ကို ထုတ်လွှတ်နေဆဲဖြစ်သည်။

သားရဲများအတွက်၊ ဤသည်က အမှောင်ထုထဲက လမ်းပြပေးသည့် အလင်းရောင်တစ်ခုနှင့် အလားသဏ္ဍာန်တူသည်။

ထို့ကြောင့်၊ ယခုအချိန်တွင် စုယင် နောက်သို့ ရက်စက်ကြမ်းကြုတ်သော သားရဲများစွာက လိုက်လာနိုင်နေဆဲဖြစ်သည်။ ယိုချင်းယန် ပိတ်ဆို့ထားသည့် လင်းယုန်ငှက်သည်လည်း အတောင်ပံများကိုဖြန့်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။

“ကြည့်စမ်း စုယင် ပြန်လာပြီ!”

မနီးမဝေးမှ ခေါင်းဆောင် ကျန်းချောင်ဘင် နှင့် နင်းဖန် တို့သည်လည်း စုယင် အနားသို့ လျှင်မြန်စွာ ပြေးလာကြသည်။

သို့သော်၊ စုယင် နောက်မှ ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို တွေ့လိုက်ရသောအခါတွင် နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။

“နင်းဖန်၊ ဒီမှာရပ်မနေနဲ့၊ မင်း တတ်နိုင်သမျှ မြန်မြန်ပြေးပြီး အသီးကို ယူသွား!!”

သေ‌ရေး၊ ရှင်ရေး အခြေအနေတွင်၊ စုယင် သည် မိုးကြိုးယွမ်သစ်သီးကို အလျင်မြန်ဆုံးဖြစ်သည့် နင်းဖန် အား ပြတ်ပြတ်သားသား ပေးအပ်ခဲ့သည်။

“ငါအရင် သွားတော့မယ်!!”

နင်းဖန်,သည် သစ်သီးကိုယူကာ စကားတစ်ခွန်းကို ချန်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။

လေဒြပ်စင်၏ စွမ်းရည်ကို နိုးကြားခဲ့ပြီး သူသည် နိမ့်သော အမြင့်တွင် ပျံသန်းနိုင်သည်။

ထိုအချိန်တွင် နင်းဖန် သည်လည်း ထိတ်လန့်နေပြီး တောင်တန်းများနှင့် သစ်တောများကို လျင်မြန်စွာ ဖြတ်ကျော်ကာ လေပြင်းများအဖြစ်သို့ ပြောင်းလဲရန် သူ့၏စွမ်းအင်အားလုံးကို စုစည်းလိုက်သည်။

ခဏလေးအတွင်း၊ ရက်စက်ကြမ်းကြုတ်သော သားရဲများစွာက နောက်တွင်ကျန်ရစ်ခဲ့ပြီး ကောင်းကင်တွင် အမြန်ဆုံး ပျံသန်းနိုင်သော လင်းယုန်ငှက်သာ ဆက်လက် လိုက်ဖမ်းနိုင်ခဲ့သည်။

“မုန်းစရာကောင်းလိုက်တာ!!”

ယိုချင်းယန် ယခုအချိန်တွင် အလွန်ဒေါသထွက်နေသည်။

ချီလင် တောင်တန်းဆီသို့ ရောက်လာခဲ့ပြီး သူမ မျှော်လင့်ချက်ကြီးစွာဖြင့် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့သည်။

သူမသည် ကောင်းကင်ရှိ လင်းယုန်ငှက်၏ လက်မှ ဝိညာဉ်သစ်သီးကို ကာကွယ်နိုင်ခဲ့သော်လည်း ကိုယ်ပျောက်နိုင်သော စုယင်,၏ ခိုးယူခြင်းကို ခံခဲ့ရသည်။

ထို့နောက် ယိုချင်းယန်,၏ စွမ်းအင်များ စတင်လည်ပတ်လာပြီး စုယင်း,၏ ခန္ဓာကိုယ်ကို တိတ်တဆိတ် ထိမှန်သွားခဲ့သည်။

၎င်းက ပင်ကိုယ်စွမ်းရည်တစ်ခုမဟုတ်‌ပေ၊ ထိုစွမ်းအင်က ယိုချင်းယန် ၏ယခင်ဘဝတွင် ကျင့်ကြံခဲ့သော အတွင်းအားတစ်မျိုးဖြစ်ပြီးခြေရာခံရန်အတွက် အလွန်အသုံးဝင်သည်။

စုယင်,သည် ဖြစ်ပျက်နေသည်ကို မသိသော်လည်း သူမ,၏ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသောကြောင့် အလျှင်အမြန် ပုန်းအောင်းလိုက်သည်။

“ခွီးမ!၊ နင်ဘယ်ကိုပြေးမလဲ!”

ယိုချင်းယန် ဤအခိုက်အတန့်တွင် အလွန်ဒေါသထွက်နေခဲ့သည်။

အသစ်နှင့်အဟောင်း၏ ဒေါသများစုပုံလာသဖြင့် သူမသည် မိုးကြိုးယွမ် သစ်သီး ကိုပင် ဂရုမစိုက်တော့ဘဲ စုယင် ကိုသာ သတ်ပစ်ချင်နေသည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါ ကိုယ်ယောင်ဖျောက်ထားတယ်လေ!၊ ဒီဝံပုလွေဘီလူးကြီးက ငါ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့နေသေးတာလဲ”

စုယင်,သည် သူမ ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုထားသော်လည်း ငွေဖြူ နှင်းဝံပုလွေကြီးက သူမဆီသို့ တည့်တည့် ပြေးလာသည်ကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွားသည်။

“အစ်ကို ကျန်း၊ ဒီဝံပုလွေကြီးကို ရပ်တန့်အောင် ကူညီပေးပါ!”

All Chapters