← Chapters

အသေသတ်ကွက်

Vol. 019 Ch. 1843

အသေသတ်ကွက်

Vol. 019 Ch. 1843

သဏ္ဌာန်မဲ့အလင်းတန်းများက သူ့ပြိုင်ဘက်ထံ တိုးဝင်သွားသော်လည်း တွင်းနက်ကြီးအတွင်း ကြောက်မက်ဖွယ် ဝါးမျိုခြင်းစွမ်းအားတို့ ​ဖြစ်တည်လာကာ ကောင်းကင်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် လေပွေတစ်ခု ​ပေါ်ပေါက်ာ၏။ အလင်းတန်းများက လေပွေအတွင်း စုပ်ယူခံလိုက်ရပြီးနောက် အပြီးတိုင် ဝါးမျိုဖျက်ဆီးခံလိုက်ရပေသည်။

ရီဖူရှင်းက မုန်တိုင်း​ဖြစ်တည်လာသည့် တွင်းနက်ကြီးကို ကြည့်လိုက်သည်။ လဝင်ရိုး၏ အလင်းက ပို၍ တောက်ပလာသည်။ ယင်းက မရပ်တန့်ရုံမှမက ပိုမိုအစွမ်းထက်သော အလင်းတန်းတို့ ထွက်ပေါ်လာပြီး လေပွေဆီသို့ တိုက်ခိုက်လိုက်သည်။

လေပွေတွင်းနက်ပေါ်တွင် ရေခဲလွှာတစ်ခုက တဖြေးဖြေး ဖုံးလွှမ်းလာ၏။ ၎င်းကို ကြည့်လိုက်သည့်အခါ မာကြောအေးခဲလာသည်ကို မြင်လိုက်ရသည်။ မုန်တိုင်းသည် တဖြေးဖြေးနှင့် အားနည်းသထက် အားနည်းလာပေသည်။ ဤသည်က မှော်နက်စစ်တပ်မှ တန်ခိုးရှင်များကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ဤယင်စွမ်းအားက အလွန် သန်မာအားကောင်းလှသည်။ ၎င်းသည် ထိတွေ့မိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပုံရလေသည်။

ဘုန်း! ဘုန်း! ဘုန်း! သဏ္ဌာန်မဲ့နတ်မိုးကြိုးများက မုန်တိုင်းအတွင်းသို့ ရိုက်ခတ်သွားပြီး ကောင်းကင်ရှိ လေဟာနယ်က တုန်ခါလာသည်။ ၎င်းကို ကြည့်ရသည်မှာ အချိန်မရွေးပျက်စီးတော့မလို မတည်မငြိမ် ​ဖြစ်နေ၏။

“တိုက်ခိုက်ကြ!” တစ်ယောက်က အော်ဝစ်လိုက်သည်။ မှော်နက်စစ်တပ်၏ အခြားသော တန်ခိုးရှင်များက ကြည့်ရုံမျှ ကြည့်မနေနိုင်တော့ပေ။ သူတို့က ခန္ဓာကိုယ်တွင်းမှ စွမ်းအားများကို ထုတ်လွှတ်ပြီးနောက် စတင် တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် အပြန်အလှန် နားလည်မှု ရှိနေပုံရပြီး ဖျက်ဆီးခြင်း မီးလျှံများအား တစ်ချိန်တည်းတွင် ထုတ်လွှတ်လိုက်ကြ၏။

သို့သော် ထိုအချိန်မှာပင် ကောင်းကင်တခွင်လုံး၌ အနက်ရောင်မီးလျှံတို့ဖြင့် ဖုံးလွှမ်းလာသည်။ ရီဖူရှင်းရှိနေရာ လေဟာနယ်က ဖျက်ဆီးခြင်းမီးလျှံကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားပေသည်။ နက်ရှိုင်းမှောင်မိုက်သည့် မီးလျှံများက ငရဲမီးကဲ့သို့ ထင်မှတ်ရပေသည်။

ရီဖူရှင်းသည် မီးလျှံများ၏ ဝါးမျိုခြင်းကို ခံနေရ၏။ သူ့ထံမှ အလင်းတန်းများက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ တောက်ပသော လရောင်က ကောင်းကင်မှ ကျဆင်းလာပြီး အနက်ရောင်မီးလျှံများက အေးခဲသွားသည်။

လျှို့ဝှက်ဆန်းကြယ်သော ချီစွမ်းအင်လှိုင်းများက စီးဆင်းနေသည်။ ရီဖူရှင်းသည် သူ့အနီးရှိ လေဟာနယ်က ပြောင်းလဲလာပြီး မည်သူမှ မရှိတော့သကဲ့သို့ တိတ်ဆိတ်လာသည်အား ခံစားမိပေသည်။ ဖျက်ဆီးခြင်း ချီစွမ်းအားများက နက်မှောင်သော ပုံရိပ်ယောင် လေဟာနယ်အတွင်း ဝင်ရောက်သွားသည်ဟု ထင်မှတ်ရသည်။

ဤငရဲဆန်သော လေဟာနယ်အတွင်း မြေအောက်ကမ္ဘာမှ ပုံရိပ်ယောင်အများအပြား ပေါ်ပေါက်လာကာ အစစ်အမှန်မဟုတ်သော ပုံရိပ်များ ဝေဝေဝါးဝါး ပေါ်ပေါက်လာ၏။

ကြောက်မက်ဖွယ် ချီစွမ်းအားများက လေထဲတွင် စီးဆင်းနေပြီး ရီဖူရှင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။ သူ၏ အမူအရာက ကြောက်မက်ဖွယ် ကောင်းလာပြီး ကြည့်ရသည်မှာ အရာအားလုံးကို ​ဖြတ်မြင်နေရသကဲ့သို့ပင် ဖြစ်သည်။

ဘုန်း! ကြီးမားသည့် အနက်ရောင်လှံတစ်ချောင်းက ကျယ်လောင်သော အသံနှင့် လေဟာနယ်ကို ထိုးဖောက်ကာ သူ့ဆီသို့ ဝင်ရောက်လာသည်။ သို့သော်လည်း ရီဖူရှင်း၏ အနီးကို ရောက်ရှိလာသည့်အခါ တ​ဖြေးဖြေး နှေးကွေးလာပြီး သူ့အနီးရှိ အကာအကွယ်နယ်မြေသို့ ထိုးဖောက်ဝင်ရောက်လာသည်။

ပိုမိုများပြားသော တိုက်ခိုက်မှုတို့က အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာသော်လည်း သူ့အား ထိခိုက်အောင် မည်သူမှ မလုပ်နိုင်ကြပေ။ မဟုတ်လျှင် ရီဖူရှင်းက ထိုများပြားလှသော တိုက်ခိုက်မှုများအောက်တွင် မြှုပ်နှံပြီးသား ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်၌ ဖျက်ဆီးခြင်းလမ်းစဥ် မီးလျှံများ ပေါ်ပေါက်လာပြီး လေထဲတွင် စီးဆင်းနေသည်။ ယင်းတို့က နေရာအနှံ့တွင် ရှိနေပြီး ရီဖူရှင်းအနီးသို့ တိုးဝင်လာ၏။ သူသည် ကြောက်မက်ဖွယ် အကြည့်တို့နှင့် အနီးဝန်းကျင်သို့ ကြည့်လိုက်သည်။ သူသည် ထိုမီးလျှံများအတွင်းတွင် ဝိညာဥ်လက်နက်မှ ဖန်တီးထားသော ပေါင်းဖိုတစ်ခု ရှိ​နေသည်ကို မြင်လိုက်ရသည်။

သူသည် ထိုကြီးမားသော ပေါင်းဖိုကြီး၏ ဝါးမျိုးခြင်းကို ခံလိုက်ရသည်။

အပြင်ဘက်တွင် မှော်နက်စစ်တပ်မှ တန်ခိုးရှင်များက သူ့ကို ဝန်းရံထားသည်။ သူတို့ထံမှ ပြင်းထန်လှသော ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းများ ထွက်ပေါ်နေ၏။ သူတို့သည် မဟာလမ်းစဥ်ဝင်ရိုးများ၏ စွမ်းအားများနှင့် ကိုယ်ပိုင်စွမ်းအားတို့အား ထုတ်ဖော်ခဲ့သည်။

ထိုမျှ များပြားသော စွမ်းအားများကို ထုတ်လွှတ်ပြီး သူတို့က ဝင်္ကပါကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။ အနက်ရောင်အလင်းတို့က ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး သူတို့အားတွင် ကြမ်းတမ်းပြင်းထန်စွာ စီးဆင်းနေ၏။ ကြီးမားသော အနက်ရောင် ပေါင်းဖိုကြီးက ရီဖူရှင်းအပါအဝင် ကောင်းကင်တစ်ခုလုံးကို ဝါးမျိုချင်နေပုံရသည်။

ဤပေါင်းဖိုမှာ မှော်နက်စစ်တပ်မှ အစွမ်းထက်ဆုံး အရည်အချင်းရှိ တန်ခိုးရှင်တစ်ယောက ဝိညာဥ်လက်နက်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင် အားလုံးသော တန်ခိုးရှင်များက အတူတကွ ပေါင်းစည်းလိုက်ကြသည်။ အစက သူတို့သည် ရီဖူရှင်းအား အနက်ရောင်ပုံရိပ်ယောင်များကြား ပိတ်မိသွားစေပြီးနောက် သူတို့က ကောင်းကင်ကို ပေါင်းဖိုကြီးနှင့် လွှမ်းခြုံလိုက်ကြသည်။ ပေါင်းဖိုမှ ထွက်ရန် တစ်ခုတည်းသော လမ်းမှာ ၎င်း၏ အပေါ်ဘက်လမ်းမှ ထွက်သွားရန် ဖြစ်၏။

ယခု သူတို့သည် ရီဖူရှင်းအား သေခြင်းတရားနှင့် တွေ့ဆုံစေတော့မည် ဖြစ်သည်။

မှော်နက်စစ်တပ်မှ တန်ခိုးရှင်များ၏ စွမ်းအားက အလွန်ကြီးမားလှလေရာ သူတို့၏ လုပ်ဆောင်ချက်များ ကျရှုံးရန်မှာ မဖြစ်နိုင်ပေ။

ဝုရှ်!

ချီရီက ပေါင်းဖိုအထက်တွင် ရပ်နေပြီး သူဝတ်ဆင်ထားသည့် ဝတ်ရုံရှည်က လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။ နောက်ထပ် တွင်းနက်လေပွေတစ်ခုက သူ့ရှေ့တွင် ပေါ်ပေါက်လာပြီး အဆုံးမဲ့ မြေအောက်ကမ္ဘာ လှံများက ထွက်ပေါ်လာကာ ပေါင်းဖိုအတွင်းသို့ ထိုးစိုက်လိုက်သည်။ သူတစ်ယောက်တည်းသာ ထိုသို့လုပ်သည်မဟုတ်ဘဲ အခြားသော တန်ခိုးရှင်များသည်လည်း အဆက်မပြတ် တိုက်ခိုက်လာကြသည်။ ပေါင်းဖိုအတွင်းမှ ဖျက်ဆီးခြင်းစွမ်းအားများသည်လည်း ပိုမိုပြင်းထန်လာကာ ရီဖူရှင်းကို အတွင်း၌ လောင်ကျွမ်းပြာချပစ်ရန် ကြိုးစားနေသည်။

ကောင်းကင်ဒေသမှ တန်ခိုးရှင်များက တိုက်ပွဲမြေပြင်သို့ မမှိတ်မသုန် ကြည့်နေကြပြီး ကြီးစွာသော စိုးရိမ်ပူပန်မှုကို ခံစားနေကြရသည်။ ရီဖူရှင်းက နှိုင်းယှဥ်၍မရနိုင်သော ပြိုင်ဘက်ကင်း စွမ်းအားတို့ကို ပြသခဲ့သော်လည်း မှော်နက်စစ်တပ်မှ တန်ခိုးရှင်များသည်လည်း ပါရမီရှင်အစစ်အမှန်များ ဖြစ်ကြသည်။ သူတို့က အတူတကွ ပူးပေါင်းလိုက်သည့်အခါ စွမ်းအားများက ကြောက်မက်ဖွယ်ကောင်းလာပြီး ရီဖူရှင်းကိုပင် ဝိညာဥ်ရတနာအတွင်း ထည့်ပိတ်ထားလိုက်နိုင်ပေသည်။ သူတို့သည် ရီဖူရှင်းက ထိုသို့သော တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိပါမည်လား မသေချာပေ။

ပေါင်းဖိုအတွင်းမှ ရီဖူရှင်းသည် အစွမ်းထက်လှသော ဖျက်ဆီးခြင်းတိုက်ခိုက်မှုတို့နှင့် အမှန်တကယ် ရင်ဆိုင်နေရသည်။ သူ့ခန္ဓာကိုယ်က ဖျက်ဆီးခြင်းလမ်းစဥ်မီးလျှံများ၏ ဝါးမျိုခြင်းကို ခံနေရ၏။ ထို့ပြင် ထိုမီးလျှံများအတွင်းတွင် အဆိပ်သင့်လေထုတို့ ရောနှောနေပြီး ပြင်းထန်သည့် လှံတိုက်ခိုက်မှုများကလည်း သူ့ကို အဆက်မပြတ် ထိုးနှက်နေသည်။ ထိုအခိုက်အတန့်တွင် သူသည် မှောင်မိုက်သော ငရဲအတွင်း ကျရောက်နေသလို ခံစားနေရပေသည်။ သူ၏ ကာကွယ်မှုကသာ အလွန်အစွမ်းထက်မနေလျှင် သူက ဤဖျက်ဆီးခြင်း စွမ်းအားများအောက်၌ ဖျက်ဆီးခံလိုက်ရပြီး ဖြစ်ပေလိမ့်မည်။

သဏ္ဌာန်မဲ့ အလင်းတန်းများ ထိုးထွက်လာပြီး သူ့ခန္ဓာကိုယ်အတွင်းမှ ကမ္ဘာ့သစ်ပင်က အရပ်မျက်နှာအနှံ့ကို ထိုးထွက်လာကာ အနက်ရောင် ပေါင်းဖိုကို ထိုးဖောက်လိုက်သည်။ သဏ္ဌာန်မဲ့စွမ်းအားများက လေစီးကြောင်းအတွင်း ပေါင်းစပ်သွားပြီး လေထုကို ဖြတ်သန်းပျံ့နှံ့သွား၏။

ပြင်ပမှ တန်ခိုးရှင်များက အတွင်း၌ ဖြစ်ပျက်နေသည်များကို မမြင်နိုင်ပေ။ ဝိညာဥ်လက်နက်အား ထိန်းချုပ်နေသူသာ အထဲမှ အ​​ခြေအနေအား သိနိုင်သည်။

“အခြေအနေ ဘယ်လိုရှိလဲ။” တစ်စုံတစ်ယောက်က အနက်ရောင်ပေါင်းဖိုအား ထိန်းချုပ်ထားသူကို မေးလိုက်သည်။

ထိုတန်ခိုးရှင်က မျက်မှောင်ကြုတ်သွား၏။ အနက်ရောင်ပေါင်းဖိုတွင် အလွန်များပြားသော ဖျက်ဆီးခြင်းမီးလျှံများ ရှိနေကာ အထဲတွင် ရှိနေသည့် မည်သူမဆို နတ်ဝင်ရိုးများ ဖျက်ဆီးခံရပြီး အရိုးအရေပါမကျန် လောင်ကျွမ်းခံရလိမ့်မည် ဖြစ်သည်။ ဤမီးလျှံများက ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော်လည်း ယင်းတို့က ရီဖူရှင်းအား ထိပင် မထိနိုင်ချေ။ သို့ပေမယ့် ယခု ပေါင်းဖိုထဲတွင် မ​မြင်ရသော စွမ်းအင်တစ်ခုနှင့် ပြည့်နှက်နေပြီး သူသည် ရီဖူရှင်း၏ ခန္ဓာကိုယ်၌ မည်သို့ ​ဖြစ်နေပြီကို မပြောနိုင်ပေ။

ထို့နောက်တွင် လူတိုင်းသည် ထိုအနက်ရောင်ပေါင်းဖိုကြီးက ပြင်းထန်စွာ လှုပ်ခါလာသည်ကို မြင်တွေ့ခဲ့ကြပြီး ကြောက်မက်ဖွယ် ဆူညံသံများ ထွက်ပေါ်လာသည်။

“ဘာတွေ ဖြစ်နေတာလဲ။” လူတိုင်းက ထိုပေါင်းဖိုအား စိုက်ကြည့်နေကြသည်။ ရီဖူရှင်းက အတွင်းမှနေ၍ တိုက်ခိုက်နေသည်လား။

ဤပေါင်းဖိုကို အလွန် အစွမ်းထက်လှသည့် ထိပ်သီး ပုဂ္ဂိုလ်တစ်ဦးက ဖန်တီးခဲ့ခြင်းဖြစ်ကာ အကြွင်းမဲ့ ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေသည်။ အကယ်၍ ရီဖူရှင်းသာ ၎င်းကို ဖျက်ဆီးချင်သည်ဆိုပါက ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သူသည် ပေါင်းဖို၏ အပေါက်မှနေသာ ထွက်လာနိုင်ပေလိမ့်မည်။

“ကျုပ် အဲဒီကို သွားပိတ်ထားလိုက်ရမလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။ ထိုတန်ခိုးရှင်က တွေဝေနေပြီး မည်သို့ လုပ်သင့်သည်အား မသေချာမရေရာ ဖြစ်နေသည်။

သို့သော်လည်း နောက်တခဏတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တောက်ပသည့် အလင်းများထွက်ပေါ်လာသည်။ နတ်အလင်းတို့နှင့် တောက်ပနေသော ရီဖူရှင်းက ပေါင်းဖိုအပေါက်ဝမှနေု ထွက်လာခဲ့၏။ ကြောက်မက်ဖွယ် ကောင်းလှသည့် မြေအောက်ကမ္ဘာမှ လှံများက တွင်းနက်များဆီမှ ပျံသန်းထွက်ပေါ်လာကာ သူ့ထံ ပြေးဝင်လာသည်။

သို့သော်လည်း သူတို့သည် အလင်းတန်းတစ်ခု ထိုးထွက်လာသည်ကို မြင်လိုက်ရ၏။ နတ်ဓားတစ်လက်က အနက်ရောင်လေပွေတွင်းနက်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားကာ သဏ္ဌာန်မဲ့အလင်းများ ထုတ်လွှတ်လာသည်။ ၎င်းသည် တွင်းနက်ကြီးအား တစစီဖျက်ဆီးပစ်လိုက်ပြီး ကောင်းကင်ထက်တွင် ပြန်လည်ထွက်ပေါ်လာသည်။

လရောင်က ကျဆင်းလာပြီး လူတိုင်း၏ အပေါ်၌ ထွန်းလင်းစေကာ အရိုးထဲထိ အေးစိမ့်သော ခံစားချက်ကို ပေးစွမ်းလာ၏။ လောကကြီးက အေးခဲသွားသလို ထင်မှတ်ရပြီး လေဟာနယ် မဟာလမ်းစဥ်စွမ်းအားများပင် ရပ်တန့်သွားသည်။

ကောင်းကင်ထက်တွင် ရီဖူရှင်းသည် နတ်အလင်းတို့နှင့် တောက်ပနေသော နှင်တံကို ကိုင်ထားခဲ့သည်။ သူက ရှေ့သို့ ပြေးထွက်သွားကာ သူ့လက်နှစ်ဖက်လုံးနှင့် နှင်တံကို ကိုင်မြှောက်လိုက်သည်။

ရီဖူရှင်း နှင်တံအား ပင့်မြှောက်လိုက်သည့် အခိုက်တွင် ထောင်သောင်းချီသော နှင်တံပုံရိပ်များက ပေါ်ပေါက်လာသည်။ ယင်းတို့က ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး သူတို့၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးသွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်တစ်ခုလုံး ပြိုကျသွားသည်ဟု ထင်မှတ်ရလောက်အောင်ပင် ပြင်းထန်လှသည်။ တန်ခိုးရှင်အားလုံးက နောက်သို့ လွင့်စင်သွားသော်လည်း မဟာလမ်းစဥ် လေဟာနယ်စွမ်းအားများက အေးခဲနေလေရာ လွင့်ထွက်လာသည့် လူအများအပြားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ပေသည်။ သူတို့ထဲမှ အချို့က ဝိညာဥ်လက်နက်များ၏ ကာကွယ်မှုကြောင့် အသက်မသေဆုံးခဲ့သော်လည်း ရိုက်ခတ်မှုဒဏ်ကြောင့် သွေးများ အန်ထုတ်လိုက်ကြရပေသည်။

ထိုသို့ လုပ်ဆောင်ပြီးနောက် ရီဖူရှင်းသည် ကောင်းကင်သို့ ညွှန်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ ဓားမှ နတ်အလင်းတို့ ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုးစိုက်သည့်အသံများ အဆက်မပြတ် ထွက်ပေါ်လာပြန်ကာ တန်ခိုးရှင်အများအပြားက အလင်းတန်းနှင့် ထိုးဖောက်ခံရပြီး ချက်ချင်းသေဆုံးကုန်ကြတော့သည်။ သူတို့သည် ပြာမှုန်များအ​ဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် မျောလွင့်သွားတော့၏။

အဝေးမှ တန်ခိုးရှင်များက ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြထိတ်လန့်ကုန်ကြသည်။ ရီဖူရှင်းက အလွန် အစွမ်းထက်လှသည်။ နှင်တံတစ်လက်၊ ဓားတစ်လက်နှင့်ပင် သူသည် အခက်အခဲများကို ဖြတ်ကျော်၍ ရန်သူတစ်ဝက်လောက်ကို တစ်ခဏအတွင်း သတ်ဖြတ်ပစ်ခဲ့သည်။

၎င်းက ဝမ်းနည်းစရာမြင်ကွင်းပင် ဖြစ်သည်။ ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် တန်ခိုးရှင် အများစုက မှော်နက်စစ်တပ်မှ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့ထဲက မည်သူမှ ရီဖူရှင်း၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်ခဲ့ကြပေ။

အသက်ရှင်ကျန်ရစ်သော တန်ခိုးရှင်အချို့မှာ အဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားပြီး သူတို့၏ နှလုံးများက အပြင်းအထန် ခုန်နေခဲ့သည်။ သူတို့သည် နတ်အလင်းများ လွှမ်းခြုံခံထားရသည့် ခမ်းနားထည်ဝါသော ပုံရိပ်ကို သတိလက်လွတ် ကြည့်နေမိကြ၏။

သူတို့သည် မူလဘုံမှ ပါရမီရှင်တစ်ယောက်၏ တိုက်ခိုက်မှုကိုပင် မခံနိုင်ခဲ့ကြ​ပေ။ ကြည့်ရသည်မှာ ထိုသူနှင့် တန်းတူယှဥ်ရပ်နိုင်သူက ဤကမ္ဘာတွင် တစ်ယောက်မှ မရှိတော့ပုံရလေသည်။

ရီဖူရှင်းသည် ချီရီကို စိုက်​ကြည့်လိုက်​ပြီး ရှေ့သို့ ခြေလှမ်းလိုက်သည်။ ချီရီ၏ ဝတ်ရုံနက်က ကြောက်မက်ဖွယ် အနက်ရောင်လေပွေတို့ကို ဖြစ်ပေါ်လာစေသည်။ ကျယ်ပြောလှသည့် နေရာတစ်ခုလုံးက ထိုစွမ်းအားများနှင့် ပြည့်နှက်သွားပြီး မှောင်မည်းလာစေသည်။

အဆုံးမဲ့ ချီစွမ်းအားတို့က ချီရီထံသို့ စီးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်က ကြီးမားလာသည်။ ထိုခန္ဓာက အမြင့်ပေမီတာထောင်ချီထိရောက်လာသောအခါ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။ အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းတို့က သူ့အနီးတွင် လှည့်ပတ်နေပြီး သူ့အား မြေအောက်ကမ္ဘာ၏ အစစ်အမှန် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲလိုက်သည်။

သူ၏ အမူအရာက အလွန်အမင်း အေးစက်နေ၏။ ရီဖူရှင်း၏ စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ သူသည် နောက်ဆုံးကျန်ရှိသော ခွန်အားတို့ကို အားလုံး အသုံးပြုရန်မှတပါး ရွေးချယ်စရာအခြားမရှိပေ။

သူ၏ နက်မှောင်သော လှံက တဖြေးဖြေးကြီးမားလာပြီး အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားတို့အား ပေးသည်။ သူက လက်ဆန့်ထုတ်လိုက်ကာ အဝေးတွင်ရှိသော ရီဖူရှင်းအား ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ ရုတ်တရက် ကြောက်မက်ဖွယ် လေမုန်တိုင်းက ရီဖူရှင်းအနီးတွင် ပေါ်ပေါက်လာပြီး သူ့ကို ဝါးမျိုရန် ကြိုးစားနေသည်။

ရီဖူရှင်းက ထိုနေရာတွင် မျောလွင့်နေပြီး သူ၏ ပြိုင်ဘက်နှင့် ယှဥ်လျှင် အလွန် သေးငယ်သည်ဟု ထင်မှတ်ရသည်။ ကောင်းကင်တွင် တောက်ပနေသော လတစ်စင်းမှ အလင်းတန်းများက မြေပေါ်သို့ ကျဆင်းလာသည်။ သဏ္ဌာန်မဲ့ အလင်းတန်းတို့က နေရာတစ်ခုလုံးကို လွှမ်းခြုံပြီး လေပွေဆီသို့ တိုးဝင်သွားသည်။ နတ်ဓားသည်လည်း လေဟာနယ်ကို ဖြတ်သန်းကာ သူ့ပြိုင်ဘက်မှ ပြုလုပ်ထားသည့် ကြောက်မက်ဖွယ် လေပွေကြီးထံ ပြေးထွက်သွား​လေသည်။

နတ်ဓားသည် ဓားစွမ်းအားများနှင့် ပြည့်နှက်နေသော လေစီးကြောင်းများနှင့်အတူ လိုက်ပါသွားပြီး ဖျက်ဆီးခြင်း ဓားမြစ်တစ်ခုသဖွယ် ဖြစ်တည်လာသည်။ ၎င်းသည် ကျယ်လောင်သည့် အသံနှင့်အတူ လေပွေကို ထိုးဖောက်၍ ပြိုင်ဘက်၏ ဘယ်ဘက်လက်ကိုပါ ထိုးစိုက်လိုက်သည်။ ၎င်းသည် ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး ချီရီ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို သဏ္ဌာန်မဲ့ စွမ်းအားများနှင့် တစတစ အေးခဲလာစေကာ ရင်ဘတ်ဆီသို့ ဦးတည်လိုက်သည်။ သို့သော်လည်း ချီရီက ဓားကို ဆွဲထုတ်လိုက်၏။

ဝုရှ်!.. ရီဖူရှင်းက ရှေ့သို့ တိုးဝင်သွားကာ သူ၏ နှင်တံကို ဝှေ့ယမ်းလိုက်သည်။ ယင်းသည် ကောင်းကင်မှ ဆင်းချလာကာ သူ့လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လေသည်။

သူ၏ ပြိုင်ဘက်က အနက်ရောင်လှံကို မြှောက်ကာ နှင်တံကို တိုက်ခိုက်လိုက်သည်။ ကျယ်လောင်သော အသံနှင့်အတူ လက်နက်နှစ်ခုက အချင်းချင်းတိုက်မိကြသည်။  လှံက တုန်ခါသွားပြီး နှင်တံက အောက်သို့ ဆက်လက်ကျဆင်းလာကာ ကြီးမားလှသော မြေအောက်ကမ္ဘာ နတ်ဘုရားကို ရိုက်ခတ်မိသွားပြီး ကွဲထွက်သွားစေသည်။

ကြောက်မက်ဖွယ် အနက်ရောင် လေစီးကြောင်းများက ပေါက်ကွဲထွက်လာပြီး ထိုဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ရီဖူရှင်းက တစ်ခုခုကို သတိပြုမိလိုက်သည်။ သူ့နောက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုသူမှာ ပြိုင်ဘက်ကင်း ဖျက်ဆီးခြင်းအလင်းများ ထုတ်လွှတ်နေသည့် လှံရှည်ကို ကိုင်ထားသော ချီရီပင် ဖြစ်သည်။ အရှိန်အဟုန် ပြင်းထန်လှသည့် လှံက ရီဖူရှင်းထံ တိုးဝင်လာသည်။ ထိုသည်မှာ အမှန်တကယ် သတ်ဖြတ်ခြင်းလှုပ်ရှားမှုပင် ဖြစ်သည်။

“သေစမ်း!” ချီရီ၏ မျက်လုံးများထဲ၌ အေးစက်သော သတ်ဖြတ်လိုစိတ်များနှင့် လင်းလက်သွားသည်။ သဏ္ဌာန်မဲ့စွမ်းအားများက အမှောင်ထုဖျက်ဆီးခြင်းအလင်းအောက်၌ ပျက်ပြယ်သွားသည်။ ထိုတိုက်ခိုက်မှုက ရီဖူရှင်း၏ ခေါင်းဆီသို့ တည့်မတ်စွာ ချိန်ရွယ်ထားခဲ့ပေသည်။

***

All Chapters