“လခွမ်း၊ ဝူဗာလင်,ကောဟုတ်ရဲ့လား!!”
Vol. 5 Ch. 70
ဒါဂုန် နှင်းတောင်ပေါ်ရှိ နှင်းများသည် အလွန်နက်ရှိုင်းပြီး တောင်ပေါ်ရှိ သစ်ပင်များက အလွန်စိမ်းလန်းသည်။
နှင်းများနှင့် ရေခဲများဖုံးလွှမ်းနေသည့်တိုင် ထင်းရှူးပင်များက မြင်ကွင်းကို ဖုံးကွယ်ထားနိုင်ဆဲဖြစ်သည်။
အထူးသဖြင့် ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာပြီးနောက်တွင် သစ်ပက်များသည် ယခင်ကထက် ပိုမိုချဲ့ထွင်လာခဲ့သည်။
တောတောင်တွေကို ဖြတ်လျှောက်လာနေတဲ့ လူသားတစ်ယောက်ရဲ့ သေးသွယ်တဲ့ရုပ်သွင်က အထင်အရှားလို့ ပြောလို့ရပါတယ်။
အထူးသဖြင့် ဤအထူးစွမ်းရည်အဖွဲ့၊ အဖွဲ့ဝင်အားလုံးသည် အစွမ်းထက်သော နိုးထခြင်းနယ်ပယ်သခင်များဖြစ်သည်။
သူတို့သည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး တောထဲတွင် သူတို့၏အရိပ်ကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်သလောက်ပင်။
“ခေါင်းဆောင်၊ ဘာဖြစ်လို့လဲတော့ မသိဘူး၊ ဒီတောင်ပေါ်က မျောက်တွေ ငါတို့ကို စောင့်ကြည့်နေတယ်လို့ ခံစားရတယ်”
အဖွဲ့သည် တောင်များနှင့် သစ်တောများအတွင်း သွားလာနေရင်း ထူထပ်သော တောကြီးထဲတွင် မျောက်များ၏ တဖျပ်ဖျပ်တောက်တောက်နေသော မျက်လုံးများကို အမြဲမြင်နေရသည်။
ထိုမျောက်များကို ကြည့်ပြီး တချို့က မပြောနိုင်ဘဲ မနေနိုင်ကြတော့ပေ။
“စိတ်မပူပါနဲ့၊ သူတို့က မျောက်အုပ်စုသာသာပဲ၊ ဒီအကောင်တွေက ဉာဏ်ကောင်းကြတာမဟုတ်ဘူး”
“ဒါ့အပြင် ဒီကောင်တွေက အရမ်းကြီးလွန်းလို့ ငါတို့ဖြတ်သွားတဲ့အခါ သူတို့ကို ပထမဆုံးတွေ့ရတယ်”
“ဒီကောင်တွေမှာ ထောက်လှမ်းရေး အတွက် လုံးဝ အသုံးမချနိုင်တဲ့ ထင်ရှားတဲ့ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါရပ်ရပ်တွေ ရှိတယ်၊ အဲဒါတွေကို စိတ်မပူပါနဲ့”
တိမ်တိုက်ထဲက ငန်းရိုင်းလေးကဲ့သို့ လူငယ်လေးတစ်ယောက်က သူ့ခြေဖဝါးအောက်တွင် လေတိမ်တိုက်ရှိနေသလိုမျိုး တောင်များနှင့် သစ်တောထဲတွင် အလျင်အမြန် ရွေ့လျားနေသည်။
အနီးကပ်ကြည့်လျှင် သူခြေထောက်များက မြေပြင်နှင့် ထိမနေပေ။
တကယ်တော့ ကျန်းဟောင်,က လေထဲကို ပျံသန်းနိုင်တဲ့ စူပါပါဝါပါဝါရှိသူဟု ပြောခဲ့တဲ့ လူငယ်ဖြစ်သည်။
သူသည် အဖွဲ့ထဲတွင် ကင်းထောက်တစ်ဦးအဖြစ် ဆောင်ရွက်ကာ တောင်တန်းများနှင့် သစ်တောများတွင် အဆက်မပြတ် ပြေးလွှားနေပြီး လမ်းကို စူးစမ်းရှာဖွေရင်း သတင်းအချက်အလက်များကို ကြိုတင်စုဆောင်းခြင်း ဖြစ်သည်။
ခဏအကြာတွင်၊ ခွမ်ပျော အဖွဲ့၏ သံချပ်ကာခြေရာခံယာဉ်များရှိသည့်နေရာကို ရောက်လာကြသည်။
မြေပြင်ပေါ်ရှိ ခဲနေသောသံတုံးများကို မြင်လိုက်ရသောကြောင့် သူတို့အဖွဲ့သည် မျက်မှောင်ကြုတ်ကာ ခေတ္တမျှ မထိန်းနိုင်ဘဲ ဖြစ်သွားသည်။
ရေခဲစွမ်းရည်က ဒီခေတ်မီခြေရာခံယာဉ်တွေအားလုံးကို အေးခဲသွားစေနိုင်ပါသလော?။
ယင်းက နှင်းတောင်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများတွင် ခွန်အားအချို့ရှိနေဆဲဖြစ်ကြောင်း သက်သေပြနေသည်။
ဝမ်ဘိန်,သည် ရှေ့သို့လျှောက်သွားပြီး ယာဉ်များပေါ်မှ ရေခဲများကို ပွတ်ကာ မျက်ခုံးပင့်တင်လိုက်သည်။
“ဝူဗာလင် အပြင်၊ ဒီနှင်းတောင်ပေါ်မှာ နောက်ထပ် သားရဲအမြောက်အမြား ရှိနိုင်တယ်”
“မဟုတ်ရင်၊ ဒီလောက်များတဲ့ လူနဲ့ ယာဉ်တွေကို သားရဲတစ်ကောင်ထဲက ချက်ချင်း အေးခဲသွားအောင် လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဤခေတ်မီလက်နက်များဖြင့် ပစ်ခတ်ရန် အချိန်အနည်းငယ်သာ လိုအပ်မည်ဖြစ်ကြောင်း သိထားရမည်။
ဝမ်ဘိန်,သည် သူကိုယ်တိုက်ပင် ဤကဲ့သို့ အချိန်တိုလေးအတွင်း အရာအားလုံးကို အေးခဲသွားအောင် လုပ်နိုင်မလားဟု မိမိကိုယ်ကို မေးခဲ့သည်။
“ခေါင်းဆောင် ငါဘာလို့လဲမသိဘူး၊ ငါအမြဲတမ်း မကောင်းတဲ့ခံစားချက်တွေရနေတယ်……”
အဖွဲ့ထဲမှ လူတစ်ယောက်ထွက်လာပြီး သူ့မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
တောင်ပေါ်ရောက်ကတည်းက သူ့မျက်မှောင်ကြုတ်ပြီး "川" ပုံသဏ္ဍာန်ပြောင်းသွားကာ အချိန်အတော်ကြာအောင် မဖြေလျှော့ခဲ့နိုင်ပေ။
ဤလူ၏ထူးခြားသောစွမ်းရည်မှာ အာရုံခံစွမ်းရည်ဖြစ်ပြီး၊ ဖြစ်နိုင်ချေရှိသော အန္တရာယ်များနှင့် သူ့ပတ်ဝန်းကျင်ရှိ အထူးရောင်ဝါများကို ခံစားသိရှိနိုင်သည်။
ဘာကြောင့်မှန်းမသိပေမယ့် သူ့နှလုံးသားတွေ တုန်ခါနေခဲ့သည်။
အထူးသဖြင့် တောင်ပေါ်တက်ပြီးနောက်မှာ ခံစားချက်က ပိုပြင်းထန်လာသည်။
“ငါပြောချင်တာက မင်းရဲ့စွမ်းရည်ကို နိုးထပြီးရင် မင်းပိုပြီး ရဲရင့်လာသင့်ပြီ”
“မင်းဘာလို့ဒီလောက်သံသယဖြစ်နေတာလဲ၊ ဒီနားတစ်ဝိုက်က မိုင်တစ်ဒါဇင်အတွင်းမှာ လေးငါးခါလောက်ရှာပြီးပြီ၊ လက်ဖဝါးအရွယ်လောက်ရှိတဲ့ ကြွက်တစ်ကောင်တောင် မရှိဘူး”
ကျန်းယိဖန်,သည် သူခန္ဓာကိုယ်ကို လေထဲတွင် ဆိုင်းငံ့ထားပြီး သူသတိမထားမိဘဲ ပတ်ဝန်းကျင်တွင် အန္တရာယ်တစ်စုံတစ်ရာရှိနေသည်ကို မယုံကြည်ပေ။
သူ့ထင်မြင်ချက်အရ၊ သူ့ရဲ့အသင်းဖော်က သံသယဝင်လွန်းပြီး သားရဲတစ်ကောင်ကို ကြောက်လန့်ခြင်းကြောင့်သာ ဖြစ်နိုင်သည်။
“တော်လောက်ပြီ၊ အခု ငါတို့ ဒါဂုန် နှင်းတောင်စောင်းကို ရောက်နေပြီ၊ ငါတို့ ပိုသတိထားဖို့ လိုတယ်”
ဝမ်ဘိန်,သည် ထိုအချိန်တွင် မတ်တပ်ထရပ်ပြီး နောက်တိုက်ပွဲအတွက်အစီအစဉ်ကို ဆွေးနွေးရန် လူတိုင်းကို စုစည်းလိုက်သည်။
“ငါတို့ တောင်ပေါ်ကို ဆက်တက်ရင် ဒီမစ်ရှင်ရဲ့ ပစ်မှတ် ဝူဗာလင်,ကို အချိန်မရွေး တွေ့နိုင်တယ်၊ လူတိုင်း ပြင်ဆင်ထားသင့်တယ်”
“အဲ့ဒီဧရာမဝံပုလွေကြီးပေါ်လာရင် လီရှန်း၊ မင်းက ဒီဝံပုလွေရဲ့အစွမ်းအစကိုသိဖို့ မင်းရဲ့ မြေစွမ်းရည်ကို အသုံးချနိုင်တယ်”
“တကယ်လို့ ဒီဝံပုလွေကြီးရဲ့ လှုပ်ရှားမှုကို ကန့်သတ်နိုင်ရင် ငါတို့ရဲ့ အလုပ်က ပိုလွယ်လာလိမ့်မယ်”
“ဆံနီ၊ မင်းက ငါရဲ့နောက်ကနေ ဒြပ်စင်တွေရဲ့ စွမ်းအားကို အသက်သွင်းလိုက်”
“ဝူဗာလင်,မှာ အလွန်မြင့်မားတဲ့ ခန္ဓာကိုယ် ခုခံအား ရှိတယ်၊ ပြီးတော့ သူ့ကို ရေခဲနဲ့ မီးနှစ်ချက်လောက် ပစ်ပြီး ခံနိုင်ရည် ရှိမရှိ ကြည့်ရအောင်”
ဝမ်ဘိန်,က အေးစက်စွာ ပြောလိုက်ပြီး သူ့ပြိုင်ဘက်ကို အလေးအနက်မထားဘူးဆိုတာ သိသာသည်။
ထို့နောက် အနောက်လှည့်ကြည့်လိုက်ပြီး စနိုက်ပါရိုင်ဖယ်ကိုင်ဆောင်ထားသည့် အဖွဲ့သားကိုပြောလိုက်သည်။
“ရှောင်ဝူ၊ မင်းက နောက်ကနေ ပစ်ခတ်ဖို့ တာဝန်ယူရမယ်”
“အထက်ကလူတွေ အဲဒီသားရဲကို အသက်ရှင်လျှက်ရှိနေဖို့ တောင်းဆိုထားတယ်”
“ဝူဗာလင် ရဲ့ အရေပြားက အရမ်းမာတယ်၊ ဒါကြောင့် မေ့ဆေး ကျည်ဆန်ကို သားရဲရဲ့ပါးစပ်ထဲကို ထည့်နိုင်ရင် ပိုကောင်းတယ်”
ဒါကိုကြားပြီး ရှောင်ဝူ ခေါင်းညိတ်လိုက်သည်။
“ဆွေးနွေးပြီးပြီ၊ အားလုံးနားလည်ကြလား”
အားလုံးက ခေါင်းညိတ်ပြပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။
အာရုံခံစွမ်းရည်ကို နိုးကြားခဲ့သော အဖွဲ့၀င်တစ်ဦးတည်းသာ သူ့မျက်နှာတွင် မျက်မှောင်ကြုတ်လျှက်ရှိနေသေးသည်။
“ခေါင်းဆောင် ငါခံစားရတယ်...”
တိုက်ပွဲအစီအစဥ်တွင် မပါဝင်သည့် လူငယ်က ယခုအချိန်တွင် မဝံ့မရဲပြောလိုက်သည်။
“ရှောင်ယန်၊ မင်း တစ်ခုခု ခံစားမိလား”
ဝမ်ဘိန်,၏အမူအရာသည် အခုချိန်တွင် အနည်းငယ်လေးနက်လာသည်။
ရေခဲပန်းပုများအဖြစ်ပြောင်းလဲသွားသော ခွမ်ပျော အဖွဲ့၏အလောင်းများကို စစ်ဆေးပြီးနောက် ဝမ်ဘိန်,သည် ထိုပတ်ဝန်းကျင်က လုံးဝလုံခြုံမှုမရှိဟု ယုံကြည်လာခဲ့သည်။
ဝမ်ဘိန်,သည် သူ၏အသင်းဖော်ကို ယုံကြည်ပြီး သူ့စကားများက အခြေအမြစ်ရှိသည်မှာ သေချာသည်။
ခွမ်ပျော အုပ်စုကို တိုက်ခိုက်ခဲ့သော ရေခဲစွမ်းရည်နှင့်သတ္တဝါအုပ်စုသည် ယခု သူတို့အနီးတွင် ပုန်းအောင်းနေနိုင်သည်။
“ခေါင်းဆောင်၊ ဟိုမှာ အန္တရာယ်ရှိတယ်လို့ ခံစားရတယ်”
ရှောင်ယန်,က မျက်မှောင်ကြုတ်ပြီး မနီးမဝေးမှ လွတ်နေသည့်နေရာကို ညွှန်ပြလိုက်သည်။
မြင်ကွင်းသည် အလွန်ရှင်းလင်းပြီး သစ်ပင်များတောင် မရှိပေ။
သူ့လုပ်ရပ်ကြောင့် အခြားအဖွဲ့သားများ မျက်မှောင်ကြုတ်သွားသည်။
ရှင်းရှင်းပြောရရင် ဒီလိုလွတ်နေတဲ့ ဧရိယာမှာ အန္တရာယ်ရှိနိုင်မယ်လို့ ဘယ်သူမှမထင်ပေ၊ ခဏအကြာတွင် အားလုံးက ရှောင်ယန်,၏ အာရုံခံနိုင်စွမ်းကို သံသယဝင်လာကြသည်။
“ကောင်းပြီ၊ ယိဖန်၊ အဲဒီကိုသွားပြီး ထူးခြားမှုတစ်ခုခုရှိလား စစ်ဆေးလိုက်၊ သတိထားပြီး လုပ်ဆောင်ပါ”
ဝမ်ဘိန်,သည် အခြားသူများကဲ့သို့ မေးခွန်းထုတ်ခြင်းမရှိဘဲ သူ၏မျက်နှာက အလွန်လေးနက်လာသည်။
သူနှင့် ရှောင်ယန်,သည် အချိန်အတော်ကြာ အတူတူအလုပ်လုပ်ခဲ့ပြီး သူ့ရဲ့ရဲဘော်၏ အာရုံခံနိုင်စွမ်းက မည်မျှတိကျသည်ကို သူနားလည်သည်။
ရှောင်ယန်,၏ အာရုံခံစွမ်းရည်က အလွန်တိကျသောကြောင့်၊ အနီးအနားတွင် ထူးဆန်းသည့်အရာတစ်ခု ရှိနေနိုင်သည်။
“ဟုတ်ကဲ့”
ဝမ်ဘိန်,၏အမိန့်ကိုလက်ခံရရှိပြီးနောက် ကျန်းယိဖန်,သည် ဂရုမစိုက်ဘဲ ထိုနေရာသို့ လျှောက်သွားလိုက်သည်။
“စူပါပါဝါအဖွဲ့လို့ ခေါ်တဲ့ သူတွေမှာ အရည်အချင်းတချို့ ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ အထူးသဖြင့် အင်ပါယာမြို့တော်ကနေ ဒီကို စေလွှတ်ခံရသူတွေက တကယ့်ကို ထူးခြားတယ်”
“ငါကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုထားတာကို သူတကယ်ခံစားမိတယ်”
ထိုအချိန်တွင် အမှောင်ထဲတွင် ပုန်းနေသော လုချန်း,သည် ရှောင်ယန်,က သူ့နေရာဆီသို့ ညွှန်ပြသည်ကို မြင်လိုက်ရပြီး သူ့မျက်လုံးထဲတွင် အံ့အားသင့်ခြင်းအရိပ်အမြွက်များ ထွက်ပေါ်လာသည်။
လုချန်း,၏ မြင်ကွင်းတွင် လေပြေကဲ့သို့ ပေါ့ပါးစွာ လမ်းလျှောက်လာသော လူက ဤနေရာသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
လုချန်း,သည် သူ့အသက်ရှုခြင်းကို ဖုံးကွယ်လိုက်ပြီး ဝံပုလွေခြေသည်းများကို ဖြည်းညှင်းစွာဖြန့်ကားကာ တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။
“ဒီမှာ ဘာမှမမှားဘူးလို့ မင်းကို ငါပြောခဲ့တယ်၊ ဒါပေမယ့် ရှောင်ယန် မင်းက အမြဲတမ်း သံသယဖြစ်ပြီး ငါ့ကို အတိုက်အခံလုပ်တယ်...”
ခြေထောက်များကို မြေပြင်သို့နိမ့်ဆင်းလာသော ကျန်းယိဖန်,သည် သူ့ခေါင်းကို လှည့်လိုက်ပြီး လက်ကိုဖြန့်ပြလိုက်သည်။
သူသည် သူ့နောက်မှလူများကို တိုးတိုးလေး ရယ်ပြောနေပေမယ့် သူ့စကားမဆုံးခင်မှာ သူ့အသံက ရုတ်တရတ် ပြတ်တောက်သွားသည်။
ထိုအချိန်တွင်၊ ကျန်းယိဖန်,၏ ခန္ဓာကိုယ်ကို မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိတဲ့ ငွေဖြူရောင် တိုင်တစ်ခုက ရုတ်တရက် ထိုးဖောက်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ့ခန္ဓာကိုယ်သည် ချက်ချင်း အေးခဲသွားပြီး အသက်ရှုရပ်သွားကာ သူ,မသိလိုက်ခင်မှာပဲ သေဆုံးသွားခဲ့သည်။
ဒီရုတ်တရက် မြင်ကွင်းက သတိကို လျှော့ချလိုက်သူတိုင်း အံ့အားသင့်သွားစေခဲ့သည်။
အပြောင်းအလဲက ရုတ်တရက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပေ။
နိုးထခြင်းအဆင့်တွင် ရှိနေသော်လည်း အသတ်မခံရမီ တုံ့ပြန်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။
ထို့နောက် လူတိုင်း အံ့အားသင့်နေသော မျက်လုံးများတွင် ဆယ်မီတာကျော် မြင့်သော ငွေဖြူ ဝံပုလွေကြီးတစ်ကောင်က လေထဲမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ကျန်းယိဖန်,၏ ခန္ဓာကိုယ်ကို ထိုးဖောက်ခဲ့သော ငွေဖြူရောင်တိုင်သည် ဧရာမဝံပုလွေ၏ ခြေသည်းတစ်ချောင်းမျှသာဖြစ်သည်။
ထိုချိန်တွင် ရောက်ရှိလာသူအားလုံး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့ရှေ့တွင် ငွေဖြူဧရာမသားရဲ၏အရွယ်အစားသည် အချက်အလက်တွင်မှတ်တမ်းတင်ထားသော ဝူဗာလင် နှင့် အလွန်ကွာခြားသည်။
ပြင်းထန်သော ရောင်ဝါက သူတို့ကို အသက်ရှူမဝအောင် ဖြစ်စေသည်။
“လူတိုင်း၊ တိုက်ဖို့ပြင်ကြ!”
သူ့အသင်းဖော်များအတွက် ဝမ်းနည်းရန် အချိန်မပေးဘဲ ဝမ်ဘိန်,က ကြောင်အကာရပ်နေသော သူ့အသင်းဖော်များကို လက်ရှိအခြေအနေသို့ ပြန်ဆွဲခေါ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အားလုံးက တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။
“ယိဖန်!!!”
လီရှန်းသည် ဒေါသတကြီးအော်ဟစ်ကာ သူ၏ အစွမ်းထက်သော မြေစွမ်းရည်ကို အသုံးပြုလိုက်ပြီး လုချန်း,၏ ခြေဖဝါးအောက်ရှိ မြေပြင်တုန်ခါလာသည်။
ထို့နောက် လုချန်း,၏ခြေထောက်အောက်တွင် ကျောက်တုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
သို့သော်၊ ဤပြူးထွက်နေသော ကျောက်တုံးကြီးသည် တစ်မီတာသာမြင့်ပြီး လုချန်း,ကို ရွှေ့လျားအောင်မလုပ်နိုင်ခဲ့ပေ။
လုချန်း,ကို ခလုတ်တိုက်အောင်လုပ်တာက သူတို့ရဲ့ အစီအစဉ်နဲ့ အလှမ်းဝေးနေတယ်ဆိုတာ မပြောလိုပေ။
လီရှန်း အလွန်အံ့သြသွားသည်။ သူ့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုက ဒီလောက် သေးငယ်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။
“စိတ်ဝင်စားဖို့ကောင်းတဲ့ မြေပြင်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ပါပဲ..ငိငိ”
လုချန်း စူးစမ်းလိုစိတ်ဖြင့် မြေကြီးကို ကြည့်လိုက်သည်။ သူတို့အဖွဲ့တွင် မြေပြင်ဖွဲ့စည်းပုံကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ရှိလိမ့်မယ်လို့ သူ,မမျှော်လင့်ထားပေ။
“မြန်မြန်! ရေခဲနဲ့ မီး!”
လီရှန်း,၏တိုက်ခိုက်မှုက အလုပ်မဖြစ်သည်ကို မြင်လိုက်ရသဖြင့် ဝမ်ဘိန် နှင့် ဟန်မို,တို့က လျင်မြန်စွာ လိုက်ခိုက်လိုက်သည်။
ချက်ချင်းပင်၊ တောက်လောင်နေသော မီးတောက်များနှင့် အေးစက်သော ရေခဲစွမ်းအားက လုချန်း,ဆီသို့ ဝင်ရောက်လာသည်။
“ဟား..ဟား..ဟား၊ ရထားကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တွေ”
လုချန်း,က အော်ဟစ်လိုက်ပြီး ပါးစပ်ကိုဖွင့်ကာ အေးစက်သော ရေခဲစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
စွမ်းအားနှင့် ထုထည် နှစ်ခုစလုံးကို ရေခဲစွမ်းရည်ရှိသော ဝမ်ဘိန်,က လုံးဝ မယှဉ်နိုင်ပေ။
ခဏအကြာတွင် လူခြောက်ယောက်ရှိရာ နေရာကို ရေခဲစွမ်းအားက ဖုံးလွှမ်းသွားသည်။
ဝမ်ဘိန်,သည် အခြေအနေ မဟန်သည်ကို မြင်ပြီး ဘေးသို့ အမြန်ခုန်ရှောင်လိုက်သည်။
သူနှင့် မဝေးလှသော ဆံပင်နီနီကောင်လေးသည် မရှောင်တိမ်းနိုင်လိုက်ဘဲ ရေခဲရုပ်ထုအဖြစ်သို့ ပြောင်းလဲသွားသည်။
“ပြေး! ပြေး!”
“ရရှိတဲ့အချက်အလက်တွေ မှားယွင်းနေတယ်၊ ဒီသားရဲကို ငါတို့ လုံးဝ မယှဉ်နိုင်ဘူး!!”
အသက်ရှင်နေသေးသော လူငါးဦးသည် ထိုခိုက်အတန့်တွင် တိုက်ပွဲဝင်ရန် ဆန္ဒမရှိတော့ဘဲ နှင်းဖုံးနေသောတောင်တန်းမှ လွတ်မြောက်ရန်သာ ဆန္ဒရှိတော့သည်။
“လခွမ်း၊ ဝူဗာလင်,ကောဟုတ်ရဲ့လား!!”
“ရေခဲစွမ်းရည်ကို ဘယ်လို သုံးနိုင်ရတာလဲ၊ ပြီးတော့ ဒီခန္ဓာကိုယ် အချိုးအစားက လုံးဝ မလိုက်ဖက်ဘူး၊ ငါ့လခွမ်း!!”
ထိုအချိန်တွင် အထူးစွမ်းရည်ရှိသောအဖွဲ့က စီချွမ် မြို့သခင်ကို အကြိမ်တစ်ရာ့ရှစ်ဆယ် ကျိန်ဆဲခဲ့ပြီးဖြစ်သည်။
လုချန်း,သည် အလွန်လျင်မြန်စွာ လှုပ်ရှားသွားပြီး နှစ်ကြိမ် ကန်သွင်းရုံနှင့် အသင်းသားနှစ်ဦးကို အသားငါးပိအဖြစ် ပြောင်းလဲပေးလိုက်သည်။
နောက်ဆုံးတွင် ဝမ်ဘိန်၊ ရှောင်ယန် နှင့် လီရှန်,တို့သာ ကျန်ရှိတော့ပြီး သစ်တောများအတွင်း အဆက်မပြတ်ထွက်ပြေးခဲ့ကြသည်။
“ခေါင်းဆောင် ကယ်ပါ ကယ်ပါ ကယ်ပါ!”
အာရုံခံစွမ်းရည်ကို နိုးကြားခဲ့သော ရှောင်ယန်,သည် တိုက်ခိုက်ရေးတွင် မထူးချွန်သောကြောင့် သူ့အသင်းဖော်များကို အကူအညီတောင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။
သို့သော်လည်း သူ၏ရဲဘော် ၀မ်ဘိန်သည် သူ့ကို လျစ်လျူရှုကာ နောက်ပြန်မလှည့်ဘဲ ရှေ့သို့ အလျှင်အမြန် ပြေးသွားခဲ့သည်။
သူက အမြန်ဆုံးဖြစ်ပြီး လီရှန်းနှင့် ရှောင်ယန်,ကို သူ့နောက်တွင် ချန်ထားခဲ့သည်။
“ထွက်ပြေးဖို့မစဉ်းစားနဲ့!”
လုချန်း,သည် ဝံပုလွေအူသံကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်တက်လှမ်းခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။
လူသုံးယောက်၏ ကြောက်လန့်နေသော အကြည့်များအောက်တွင် သူသည် လေထဲသို့ ပျံတက်သွားခဲ့သည်။
သိပ်မကြာလိုက်ဘဲ၊ ဝမ်ဘိန်,ကို ဖမ်းမိပြီးနောက် လုချန်း,သည် အေးစက်သော ရေခဲစွမ်းကို ထုတ်လွှတ်လိုက်ပြီး သူ့အား လူ့ပြည်နှင့် အပြီးတိုင် နှုတ်ဆက်ပေးလိုက်သည်။
ဝမ်ဘိန်,ကိုသတ်ပြီးနောက် လုချန်း,သည် တစ်ဖန်ပြန်လှည့်လာခဲ့သည်။
ထိုအချိန်တွင် ရှောင်ယန် နှင့် လီရှန်း တို့ကို ရွှာအိုဟူး,တို့မျောက်အုပ်စုက ဝိုင်းရံထားသည်။