“ရှောင်ပိုင် မင်း ဘယ်မှာလဲ!၊ အစ်ကို မင်းကို ရှာမတွေ့ဘူး!!”
Vol. 5 Ch. 71
ရှောင်ယန် နှင့် လီရှန်း,တို့သည် အတူတကွ ရပ်နေကြပြီး သူတို့၏ မျက်နှာများက အလွန်ဖြူဖျော့သွားကြသည်။
သူတို့ဘေးတွင် သန်မာသော မျောက်ဝံကြီးနှင့် မျောက်ဝံငယ်များ အများအပြားရှိနေကြသည်။
အထူးသဖြင့် သူတို့မြင်ဖူးသည့် နှင်းဝံပုလွေထက် အနည်းငယ်သေးငယ်သော သားရဲတစ်ကောင်ရှိပြီး သူ့တွင် ပြင်းထန်သည့် ရောင်ဝါများ ထွက်ပေါ်နေသည်။
ထိုအကောင်ကြီးများရဲ့ မျက်နှာကို ကြည့်ပြီးနောက် သူတို့နှစ်ယောက် လွတ်မြောက်ရန် အခွင့်အရေးမရှိတော့ဘူးဆိုတာ သိလိုက်ကြသည်။
ဤအခိုက်အတန့်တွင် သူတို့သည် စီချွမ် မြို့သခင်ကို မုန်းတီးသွားကြပြီး ပေးထားသော အချက်အလက်များက လုံးဝမှားယွင်းနေသည်။
နှင်းတောင်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများက လုံးဝမရိုးရှင်းပေ။
တခဏချင်းမှာပဲ သူတို့၏ အထူးစွမ်းရည်အဖွဲ့ထဲတွင် လူနှစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ရှောင်ယန် နှင့် လီရှန်း,တို့၏နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေပြီး သူတို့၏မျက်လုံးများသည်လည်း ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
နှစ်ယောက်သား လက်ကိုင်ဖုန်းကို အိတ်ထဲမှ တုန်တုန်ယင်ယင်ဖြင့် ထုတ်ယူကာ နောက်ဆုံးစကား ချန်ထားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ဒါက သူတို့ မသေခင် နောက်ဆုံး လုပ်နိုင် တဲ့ အရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ လုချန်း,က သူတို့ရဲ့အသက်ကို မသတ်ခဲ့ပေ။
သူသည် ဝိညာဉ်ပဋိဥာဉ်ကို တိုက်ရိုက်အသက်သွင်းလိုက်ပြီး ချက်ခြင်းပင် သူတို့နှစ်ဦးစလုံး၏ အသိစိတ်ထဲတွင် ဝိညာဉ်ပဋိညာဉ်တစ်ခု ထွက်ပေါ်လာသည်။
နှစ်ဘက်ကြားရှိ ကြီးမားသော အင်အားကွာဟချက်ကြောင့် လုချန်း,သည် နိုးထခြင်းပထမအဆင့်တွင်ရဇိသော ဤလူသားနှစ်ဦးအား အတင်းအကျပ် စာချုပ်,ချုပ်စေခဲ့သည်။
လုချန်း,သည် ကျန်းဟောင်,အား ပြုလုပ်ခဲ့သကဲ့သို့ ဒီလူနှစ်ယောက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ခဲ့သည်။
သူတို့၏ ဝိညာဉ်များ ကွဲအက်သွားရသည့် ဝေဒနာကို အရင်ခံစားစေခဲ့သည်။
ပြီးမှသာလျှင် သူတို့နှစ်ယောက်ကို ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။
“ဒီနေ့ကစပြီး မင်းတို့နှစ်ယောက် ငါ့ကျွန်တွေဖြစ်လာပြီး ငါ့အမိန့်ကို နာခံရမယ်”
“မင်းတို့ ငါ့အမိန့်ကို နည်းနည်းလေးမှ မနာခံရင် သေတာထက် ဆိုးတဲ့ဘဝကို ခံစားစေရမယ်”
“ငါ မင်းတို့ကို ပြစ်ဒဏ်နည်းနည်းပဲ ပေးလိုက်တာ၊ မင်းတို့ ဒုတိယအတွေးကို တွေးဝံ့ရင် ရိုင်းစိုင်းတယ်လို့ ငါ့ကို အပြစ်မတင်နဲ့!”
သူတို့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည့်အသံကိုကြားပြီး လီရှန်း နှင့် ရှောင်ယန် တို့၏ ကမ္ဘာကြီးက ပြိုကျလုနီးပါးဖြစ်သွားသည်။
ဧရာမဝံပုလွေရုပ်သွင်က သူတို့၏စိတ်ထဲတွင် ပေါ်လာသည်။
ထိုရေခဲပြာမျက်လုံးများက သေမင်းနတ်ဘုရားကဲ့သို့ သူတို့ကို စိုက်ကြည့်နေသည်။
နှစ်ယောက်သား အလွန်တုန်လှုပ်သွားကာ ဤကဲ့သို့ ဖြစ်လာမည်ကို သူတို့ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာသည်နှင့်အမျှ၊ အံ့သြစရာများက ပိုများလာသည်။
သူတို့နှစ်ဦးသည် အထူးစွမ်းရည်များကို နိုးကြားခဲ့ပြီး ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အမှီလိုက်နေကြသည်ဟု ထင်မြင်ခဲ့ကြသည်။
သို့ပေမယ့် ဒီနှင်းတွေထူထပ်တဲ့တောင်မှာ ပိုလို့တောင် ကြောက်စရာကောင်းသည့်အရာများရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သို့သော် သူတို့နှစ်ဦး၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဝံပုလွေက သူတို့ကို အချိန်မရွေး သတ်နိုင်စွမ်းရှိသည်ကို သံသယမရှိခဲ့ပေ။
“သခင် နတ်ဆိုးဘုရင်၊ ငါတို့ ဘာလုပ်ဖို့ လိုအပ်သလဲ”
ရှောင်ယန် နှင့် လီရှန်း,သည် ယခုအချိန်တွင် အလွန်ထိတ်လန့်နေပြီး အသံတိုးတိုးဖြင့် ဂရုတစိုက်မေးလိုက်သည်။
“မင်းက၊ စစ်တပ်မှာ လှုပ်ရှားမှုရှိရင် ငါ့ကို သတင်းပို့”
“မင်းက၊ မြေကြီးကို မင်းထိန်းနိုင်တယ်မလား၊ ငါ့အတွက် လှိုဏ်ဂူတစ်ခု တူးပေး”
လုချန်း,သည် သူတို့နှစ်ဦး၏ စွမ်းရည်များကို သိရှိပြီးဂတည်းက စာချုပ်ချုပ်ရန် စဉ်းစားနေခဲ့ပြီးဖြစ်သည်။
နှင်းဝံပုလွေများ၏ လက်ရှိအင်အားမှာ သူတစ်ယောက်တည်းရှိနေဆဲဖြစ်ပြီး အများစုက ပိုမိုကောင်းမွန်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် သာမန်နှင်းဝံပုလွေများသာဖြစ်သည်။
အထူးစွမ်းရည်များကို နိုးထခဲ့သော ဤကဲ့သို့သောလူများက ယခုအချိန်တွင် သူတို့လိုအပ်သောအရာသာဖြစ်သည်။
လုချန်း,သည် သူတို့နှစ်ဦး၏ စွမ်းရည်များကို ကျိုးကြောင်းဆီလျော်စွာ အသုံးပြုခဲ့သည်။
ရှောင်ယန်,၏ အာရုံခံနိုင်စွမ်းက အလွန်ကောင်းမွန်သည်။ လုချန်း ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုထားသည့်အခါ၌ပင် သူ့ကို သိရှိနိုင်သောကြောင့် စောင့်ကြည့်ခိုင်းရန် အကောင်းဆုံးဖြစ်သည်။
လီရှန်း,သည် နှင်းဝံပုလွေများအတွက် အတွက် အလွန်အရေးကြီးသည့် မြေကြီးကို အမှန်တကယ် ထိန်းချုပ်နိုင်သည်။
ယနေ့ခေတ်တွင် ဒါဂုန် နှင်းတောင်နှင့် လူသားမျိုးနွယ်ကြား ကွဲလွဲမှုများ အများအပြားရှိနေသည်။
လူသားများအသုံးပြုနေသည့် လက်ရှိပြင်းထန်သောလက်နက်များက နှင်းဝံပုလွေများကို ကြီးမားသော ထိခိုက်မှုဖြစ်စေနိုင်သေးသည်။
ဤနှင်းတောင်ကို လူသားများ၏လေကြောင်းတိုက်ခိုက်ရေးများကြောင့် နှင်းဝံပုလွေမျိုးနွယ်စုအတွက် ကြီးမားသော မြေအောက်လှိုဏ်ဂူတစ်ခု တည်ဆောက်ထားရမည်ဖြစ်သည်။
ဤနည်းဖြင့်သာ သူတို့သည် လူသားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။
ဤနည်းဖြင့်သာ အကြီးစားလက်နက်များနှင့် စုပေါင်းဗုံးကြဲခြင်းရဲ့ ဆုံးရှုံးမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။
လုချန်း မည်မျှပင် အစွမ်းထက်နေပါစေ မျိုးနွယ်စုတစ်ခုလုံးကို သူ့အစွမ်းအစ တစ်ခုတည်းနှင့် ကာကွယ်ရန် ခက်ခဲသည်။
“ဟေ့မျောက်၊ ငါဒီကောင်နှစ်ယောက်ကို မင်းဆီမှာ ထားခဲ့လိုက်မယ်”
လုချန်း,သည် နောက်ဆက်တွဲကိစ္စရပ်များကို ကိုင်တွယ်ရန် သူတို့ကို ရွှာအိုဟူး,ထံ အပ်ထားခဲ့ပြီး မျောက်ဝံမျိုးနွယ်စုအား ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်စေခဲ့သည်။
ထိုအချိန်တွင် လီရှန်းနှင့် ရှောင်ယန်,တို့ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူအရာများ ရှိနေကြသည်။
တစ်နေ့မှာ မျောက်တစ်စုက သူတို့ကို ထိန်းကျောင်းလိမ့်မယ်လို့ မထင်ထားခဲ့ပါ။
သူတို့နှစ်ဦး လူသားများထံ မဆက်သွယ်နိုင်စေရန်အတွက် ဆက်သွယ်ရေးကိရိယာများကို ဖျက်ဆီးပြီးနောက် လုချန်း,သည် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
အခြားအကျပ်အတည်းကို ဖြေရှင်းပြီးနောက် လုချန်း,သည် တောင်ထိပ်ဆီသို့ အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့သည်။
“ဟင်?! ဘာဖြစ်တာလဲ?”
လုချန်း ရုတ်တရက်ရပ်သွားသည်။
ရှောင်ပိုင်,ကို ကိုယ်စားပြုသည့် အမှတ်အသားက သူ၏ အာရုံခံအကွာအဝေးအတွင်း၌ မရှိတော့ကြောင်း ရုတ်တရက် တွေ့ရှိခဲ့သည်။
ယခင်၊ လုချန်း,ရဲ့ အာရုံများက လူသားအဖွဲ့တွင်သာ ရှိနေခဲ့ပြီး ရှောင်ပိုင်,၏ အမှတ်အသားကို အချိန်အတော်ကြာ ဂရုမစိုက်မိခဲ့ပေ။
“ရှောင်ပိုင် ဘယ်သွားပြန်ပြီလဲ?”
သူ့ညီမ၏ အမှတ်အသားကို အာရုံခံနိုင်စွမ်း မရှိတော့သောကြောင့် လုချန်း,၏ နှလုံးသည် ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။
ထိုအချိန်တွင် လုချန်း,သည် သူ့ဘဝတွင် အရေးကြီးဆုံးအရာတစ်ခု ဆုံးရှုံးသွားလိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။
ထိုအခိုက်တွင် လုချန်း,၏မျက်လုံးထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ သူ့ဘဝရဲ့ အပြင်းထန်ဆုံး အခိုက်အတန့်ဖြစ်သည်။ လူသားစစ်တပ်က နှင်းတောင်ပေါ်ကို ရောက်လာခဲ့ရင်တောင် သူဒီလို စိတ်တည်ငြိမ်မှု ပျောက်သွားမည်မဟုတ်ပေ။
“အားးးဝူးးး~!!!”
စူးရှသော ဝံပုလွေတစ်ကောင်၏ အူသံသည် တောအုပ်တစ်လျှောက် ပဲ့တင်ထပ်ပြီး တိတ်ဆိတ်ငြိမ်သက်သော လရောင်အောက်က ကန်ရေပြင်တောင် လှိုင်းထန်သွားရ သကဲ့သို့……။
………………
ထိုအချိန်၊ လုချန်း နှင့် ဆန့်ကျင်ဘက်ဖြစ်သော တောင်ခြေတွင်၊ ယိုချင်းယန်,က တစ်ခုခုကို ခံစားရပြီး သူ့အနောက်က နှင်းဖုံးနေသော တောင်တန်းကို လှည့်ကြည့်လိုက်သည်။
သူမ၏မျက်လုံးများထဲတွင် ကူကယ်ရာမဲ့မှုနှင့် တွန့်ဆုတ်မှုများရှိခဲ့သော်လည်း ခိုင်မြဲသော ဆုံးဖြတ်ချက်တစ်ခုက သူမကို တားဆီးခဲ့သည်။
“အစ်ကို၊ နှုတ်မဆက်ဘဲ ထွက်သွားတာက တစ်ကိုယ်ကောင်းဆန်တယ် ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါ့မှာ ရွေးချယ်စရာမရှိခဲ့ဘူး...”
“မကြာခင် အစ်ကိုနဲ့တွေ့ဖို့ ပြန်လာနိုင်မယ်လို့ ယုံကြည်တယ်”
“ဒါ့အပြင် မင်းရဲ့အရည်အချင်းတွေက ငါဒီမှာမရှိရင် မြန်မြန်တိုးတက်နိုင်လိမ့်မယ်”
“မင်းက နှင်းဝံပုလွေဘုရင်ဖြစ်ပြီး မင်းမှာ ကိုယ်ပိုင်တာဝန်တွေရှိတယ်...”
ယိုချင်းယန်,သည် နှင်းဖုံးနေသော တောင်တန်းများကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် ခေါင်းကို လှည့်ပြီး နောက်သို့ လှည့်မကြည့်တော့ဘဲ ငွေဖြူ အသွင်အပြင်သည် လွင်ပြင်ဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။
လုချန်း,သည် ဘာမှမသိခဲ့သော ဝံပုလွေများကို ဆက်တိုက်ရိုက်ပြီးနောက် တောင်ထိပ်ဆီသို့ အမြန်ပြေးသွားခဲ့သည်။
သို့သော်၊ သူ၏အာရုံခံနိုင်စွမ်းအကွာအဝေးအတွင်းတွင် ရှောင်ပိုင်,၏ တည်နေရာကို မတွေ့ရသေးပေ။
ထိုအခိုက်တွင် လုချန်း,သည် သူ့၏ အာရုံခံစွမ်းရည်ကို အဆင့်မြှင့်တင်လိုခဲ့သည်။
သို့ပေမယ့် စူပါပါဝါအဖွဲ့ကို တိုက်ထုတ်ရန်အတွက် သူသိမ်းဆည်းထားသော ဆင့်ကဲပြောင်းလဲခြင်းအမှတ်များအားလုံးကို အသုံးပြုခဲ့ကြောင်း ပြန်သတိရခဲ့သည်။
ယခုအခါတွင် အာရုံခံစွမ်းရည်ကို အဆင့်မြှင့်ရန် မလုံလောက်သည့်အပြင် ရည်ညွှန်းချက်ဘောင်ပေါ်ရှိ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များသည်လည်း သုညသို့ ပြန်သွားလုနီးပါးဖြစ်နေပြီဖြစ်သည်။
လုချန်း,သည် မနှောင့်နှေးဘဲ သိမ်းဆည်းထားသော အစားအစာဆီသို့ အမြန်သွားကာ လျှင်မြန်စွာ စားသုံးလိုက်သည်။
နှစ်နာရီကြာပြီးနောက် လုချန်း ဆက်စားသည်။
ထို့အပြင်၊ သူ့တွင် နှင်းဝံပုလွေနှင့် မျောက်ဝံတို့မှ ပေးအပ်သော ဝိညာဉ်သစ်သီးများစွာ ရှိသည်။
နောက်ဆုံး၊ လုချန်း,သည် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၉၀၀၀ ကို ပြန်လည်စုဆောင်းနိုင်ခဲ့သည်။
လုချန်း,သည် အချိန်အတော်ကြာ စောင့်ခဲ့ရသောကြောင့် စိတ်မရှည်တော့ပေ။
သူ့ညီမ ပျောက်နေသည်မှာ ကြာနေပြီဖြစ်ပြီး၊ လုချန်းရဲ့ နှလုံးသားက အခုချိန်တွင် ရှုပ်ယှက်ခတ်နေပြီဖြစ်သည်။
မစောင့်နိုင်တော့ပဲ သူ့အာရုံခံစွမ်းရည်ကို အဆင့်မြှင့်တင်ရန် သူစုဆောင်းထားသည့် ဆင့်ကဲပြောင်းလဲခြင်းအမှတ်အားလုံး ချက်ချင်းအသုံးပြုလိုက်ပြီး အာရုံခံစွမ်းရည်ကို အလယ်အလတ်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။
အလယ်အလတ်အဆင့်အာရုံခံနိုင်စွမ်းသည် မိုင်တစ်ရာအတွင်းကို အာရုံခံနိုင်နေပြီဖြစ်သည်။
ဒါပေမယ့် အာရုံခံအကွာအဝေး တိုးသွားပေမယ့် လုချန်း,က ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရှာဖွေနေပါစေ သူ့ညီမ၏ အမှတ်အသားရဲ့တည်နေရာကို မတွေ့နိုင်သေးပေ။
လုချန်း,သည် တခဏအတွင်း အလွန်ထိတ်လန့်သွားပြီး နှင်းထူထပ်သော တောင်တန်းများမှ ပြေးထွက်လာခဲ့သည်။
“အားးဝူးး!၊ အားးဝူးး!!”
“ရှောင်ပိုင် မင်း ဘယ်မှာလဲ!၊ အစ်ကို မင်းကို ရှာမတွေ့ဘူး!!”
လုချန်း,၏ ဝံပုလွေအူသံသည် နှင်းထူထပ်သော တောင်တန်းတလျှောက်လုံး ပဲ့တင်ထပ်သွားသည်။
ဝံပုလွေဘုရင်၏ ဖိအားကို ခံစားလိုက်ရပြီး သားရဲတိရစ္ဆာန်အားလုံး တုန်လှုပ်ကာ အသိစိတ်ဆုံးရှုံးသွားကြသည်။
လုချန်း,၏ ကြီးမားသောခန္ဓာကိုယ်သည် တောင်များနှင့်သစ်တောများကြားတွင် အပြန်ပြန်အလှန်လှန် ရွေ့လျားနေသည်။ရာထူးပြောင်းခြင်းဖြင့် သူ့ညီမ၏ အမှတ်အသားကို ခံစားသိရှိလိုခဲ့သည်။
သို့သော် အချိန်အတော်ကြာပြီးနောက် လုချန်း သည် တောင်ထောင့်တိုင်းသို့ လျှောက်လှမ်းလုနီးပါးပင်။
သို့ပေမယ့် သူ့ညီမကို ရှာမတွေ့သေးပေ။
လုချန်း,၏ ဝံပုလွေအူသံအောက်တွင် နှင်းဝံပုလွေအားလုံးက အပြင်ထွက်လာပြီး နှင်းထူထပ်သောတောင်တန်းများပေါ်တွင် မရပ်မနား ပြေးလွှားနေကြသည်။
ထိုအဖြစ်အပျက်ကြောင့် နှင်းတောင်ကြီးတစ်ခုလုံး ငလျင်လှုပ်နေသကဲ့သို့ပင်…။
နှင်းတောင်တန်းတွင် နေထိုင်ကြသော တိရစ္ဆာန်များအားလုံး ကြောက်လန့်နေကြသည်။
သူတို့ဘာဖြစ်နေမှန်းကိုမသိခဲ့ကြဘဲ နှင်းဝံပုလွေဘုရင်ဟာ ရူးသွပ်နေပုံရပြီး တောင်တစ်ခုလုံးကို မှောက်လှန်ပစ်ချင်နေမှန်းသာ သိကြသည်။
နှင်းဝံပုလွေမိဘများကလည်း တောင်ပေါ်တွင် ပြေးလွှားနေကြပြီး သူတို့သမီးလေး ရုတ်တရတ် ဆုံးပါးသွားသည်ဟု ထင်ကာ အလွန်ဝမ်းနည်းနေကြသည်။
လုချန်း,သည် ရှောင်ပိုင်,ကို အချိန်အတော်ကြာအောင် လိုက်ရှာခဲ့ပြီး ညဘက်မှသာ ရပ်သွားခဲ့သည်။
ရှောင်ပိုင်,၏ ယခင်ပုံမှန်မဟုတ်သော အပြုအမူများကို ပြန်တွေးကြည့်ပြီးနောက် လုချန်း ခဏလောက် မျက်မှောင်ကြုတ်လိုက်သည်။
“ရှောင်ပိုင် အရင်က တောင်ပေါ်ကနေ ဆင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အကြိမ်တိုင်း သူ့အကြံအစည်ကို တားဆီးနိုင်ခဲ့တယ်”
“ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ရှင်သန်လာပြီးဂတည်းက တောင်ပေါ်ကနေ ဆင်းချင်နေပုံရတယ်...”
လုချန်း,သည် လေးနက်ပြီး အတွေးထဲတွင် ခဏလောက် ငြိမ်သက်သွားသည်။ ပထမတော့၊ ရှောင်ပိုင် တောင်ပေါ်က ဆင်းချင်ခဲ့ပြီး လုချန်း,က တခြားအဖွဲ့နှင့် သွားဆော့ချင်နေသည်ဟုသာ ထင်ခဲ့သည်။
သို့ပေမယ့် နောက်ပိုင်းမှာ ရှောင်ပိုင်,က တောင်ပေါ်ကနေ မကြာခဏ ဆင်းခဲ့ပြီး၊ ရှောင်ပိုင် သူ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။
ထိုအချိန်က ပြင်ပအကျပ်အတည်းများလွန်းသောကြောင့် လုချန်း,သည် ဤကဏ္ဍကို သိပ်ဂရုမစိုက်ခဲ့ပေ။
ယနေ့ စူပါပါဝါအဖွဲ့နဲ့ တိုက်ခိုက်နေချိန်တွင်၊ မမျှော်လင့်ထားဘဲ ရှောင်ပိုင်ကို နှင်းတောင်ပေါ်ကနေ ထွက်သွားခွင့်ပေးလိုက်မိသည်။
တည်ငြိမ်သွားပြီးနောက်၊ လုချန်း,သည် သူယခင် အမှတ်တရများကို ပြန်တွေးတောလိုက်သည်။
……………
ချိုင့်ဝှမ်းရှိ နှင်းဝံပုလွေများထဲတွင် ငယ်ရွယ်သော သူ့ညီမတစ်ဦးတည်းသာ လုချန်း,ကို အံ့အားသင့်အောင်လုပ်နိုင်ခဲ့သည်။
သူမကို ချဲ့ကားပြောခြင်း မဟုတ်ပေ။
စနစ်၏အကူအညီဖြင့် လုချန်း,သည် သူ၏လက်ရှိအဆင့်အထိ ဖြတ်ကျော်နိုင်ခဲ့သည်။
သို့ပေမယ့် ညီမလေးက သူမရဲ့ ကိုယ်ပိုင်စွမ်းရည်ကို အားကိုးပြီး သူ့ကို အကြိမ်ပေါင်းများစွာ လိုက်မီနိုင်ခဲ့သည်။ သူမ၏ အရည်အချင်းက ကြောက်စရာကောင်းလှသည်။
နိုးထခြင်း တတိယအဆင့်သာဖြစ်သော်လည်း ရှောင်ပိုင်မှ ထုတ်လွှတ်သော ရွှေဒိုင်းသည် ဝေဟင်မှ ဒုံးပျံဖြင့်တိုက်ခိုက်မှုများကိုပင် တားဆီးနိုင်ခဲ့သည်။
လုချန်း,သည် သူ့ညီမငယ်ငယ်ကအကြောင်းကို ပြန်သတိရပြီး သူမသည် သူ့ထက် ပိုထက်မြက်နေပုံရသည်။
နောက်ဆုံး သူ,မအောင်မြင်မီခင်တွင်သစ်ပင်ပေါ်တက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ရသည်။
သို့ပေမယ့် ညီမလေးက တစ်ကြိမ်သာကြည့်ပြီး အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။
သူသည် သာမန် နှင်းဝံပုလွေတစ်ကောင်ဖြစ်သော်လည်း ခေတ်မီသည့် ဉာဏ်ရည်ဥာဏ်သွေးရှိသော လူသားတစ်ဦး ဖြစ်ခဲ့သည်ကို သိထားရမည်ဖြစ်သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်မလာမီတွင် ရှောင်ပိုင်,သည် သူ့ခန္ဓာကိုယ်ကိုသူ နာကျင်အောင်လုပ်သလိုမျိုး အကြောင်းပြချက်မရှိဘဲ သစ်ပင်များအား အမြဲဝင်တိုက်ခဲ့သည်ကို လုချန်း မှတ်မိနေသေးသည်။
“ထားလိုက်တော့၊ ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ ညီမလေး ပဲ”
လုချန်း,သည် ခဏတာ ခေါင်းကိုက်ခြင်း ခံစားရပြီး ထိုအကြောင်းကို ဆက်တွေးမနေတော့ပေ။
“သခင် နတ်ဆိုးဘုရင်၊ မင်း ဒါဂုန် နှင်းတောင်ကနေ ထွက်သွားတာလား?”
ထိုအချိန်တွင် ကျန်းဟောင်,ထံမှ မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိလိုက်သည်။
ထိုစကားကိုကြားပြီးနောက် လုချန်း,၏ မျက်လုံးများ ချက်ချင်းပင် တောက်ပလာသည်။
ယခုအချိန်အတောအတွင်း၊ လူသားများသည် သူ၏ဖြစ်တည်မှုကို သတိမထားမိသေးဘဲ သူ့ကို ရှောင်ပိုင်,နှင့် အမှတ်မှားနေကြသည်။
ကျန်းဟောင်,က ထိုမေးခွန်းကို မေးလိုက်သဖြင့်၊ ဆိုလိုသည်က လူသားများက ရှောင်ပိုင်,၏ ခြေရာကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်သည်။