← Chapters

“အိုး? မင်းငါ့ကို ပစ်မှတ်ထားဖို့ သတ္တိရှိ‌နေတာပဲ!”

Vol. 5 Ch. 69

“အိုး? မင်းငါ့ကို ပစ်မှတ်ထားဖို့ သတ္တိရှိ‌နေတာပဲ!”

Vol. 5 Ch. 69

“မင်း ဘာပြောလိုက်တာလဲ?!”

“အင်ပါယာမြို့တော်ရဲ့ သဘဝလွန်စစ်သည်တွေ လွန်ခဲ့တဲ့ တစ်နာရီက နှင်းတောင်ထဲကို ဝင်လာတာလား”

လုချန်း,သည် သူ့လက်အောက်ငယ်သား ကျန်းဟောင်,ထံမှ သတင်းကိုကြားလိုက်ရပြီး သူ့မျက်နှာ ချက်ချင်းပြောင်းလဲသွားသည်။

………………

ယခင်က သူ့လက်အောက်ငယ်သားဖြစ်သည့် ကျန်းဟောင်,သည် ခွမ်ပျော အဖွဲ့အစည်းမှ လာတိုက်ခိုက်ခြင်းကို သတင်းမပို့ပေးခဲ့သောကြောင့် လုချန်း အလွန်ဒေါသထွက်ခဲ့သည်။

ကျန်းဟောင် အနည်းငယ် ကြောက်ရွံ့နေသေးသည်။

မထင်မှတ်ပဲ၊ ဒီတစ်ကြိမ်မှာ အင်အားပိုကြီးသည့် အင်ပါယာမြို့တော်မှ သဘာဝလွန်စစ်သည်တော်များကို စေလွှတ်ခဲ့သည်။

သူတို့အားလုံးက ထူးခြားပြီး အစွမ်းထက်သော ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်သည်။

ခဏအကြာတွင် ကျန်းဟောင်,က သူ့ကျောပေါ်တွင် အေးစက်သည့်ချွေးများကို ခံစားလိုက်ရသည်။

သူ့စိတ်ဝိညာဉ်က ကွဲအက်နေပုံရပြီး ထောင်ပေါင်းများစွာသော ငွေထိုးအပ်များက သူ့ဦးနှောက်ကို ထိုးဖောက်နေသလို ခံစားရသည်။ သူ နာကျင်မှုကို ထပ်ပြီး ခံနိုင်ရည်မရှိတော့ပေ။

တစ်စက္ကန့်မျှ မနှောင့်နှေးဝံ့ဘဲ ကျန်းဟောင်,သည် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် လုချန်း,ထံသို့ သတင်းစကား အမြန်ပေးပို့ခဲ့သည်။

“သခင်၊ မကောင်းတော့ဘူး”

“ဒီတစ်ခါ၊ စူပါပါဝါရှိတဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့က အင်ပါယာမြို့တော်ကနေ လာတာပါ၊ ဒီကောင်တွေ အားလုံးက ဝိညာဉ်စွမ်းအားပြန်လည်နိုးထလာပြီးနောက် စူပါပါဝါတွေကို နိုးထလာတဲ့ စွမ်းအားရှင်တွေပဲ!”

“အဖွဲ့ကို ဦးဆောင်တဲ့လူက အရမ်းအတွေ့အကြုံရှိတယ်၊ သူက သခင်ရဲ့အာရုံကို ဆွဲဆောင်မိမှာ စိုးရိမ်တဲ့အတွက် လေယာဉ်နဲ့ ကားမောင်းခြင်းအစား ခြေလျင်နဲ့ တောင်တက်ဖို့ ရွေးချယ်ခဲ့တယ်!”

ကျန်းဟောင်,သည် သူကြားသိသမျှ အချက်အလက်အားလုံးကို လုချန်း,ထံ ချက်ချင်းပြောပြပြီး တစ်စုံတစ်ရာ လွဲချော်မည်ကို စိုးရိမ်နေသည်။

“အိုး? တောင်ပေါ်ကို ခြေလျင်တက်တာလား၊ ဒီလူတွေ တော်တော်စမတ်ကျတယ်!”

လုချန်း,သည် နှင်းဝံပုလွေများမှ ပေးသောဝိညာဉ်သစ်သီးကိုစားနေသည်။ သတင်းကြားပြီးနောက် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

ဤအဆင့်တွင် လုချန်း,သည် သူ၏ကိုယ်ပိုင်အရည်အချင်းများကို အလွန်ယုံကြည်နေဆဲဖြစ်သည်။

ဒီကမ္ဘာမှာ ထူးချွန်သူတွေ အများကြီး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် စနစ်ရဲ့ ပံ့ပိုးမှုနဲ့ ဒီပါရမီရှင်တွေကို သူဂရုစိုက်ပေးနိုင်ပါတယ်။

ထို့အပြင် ယနေ့ခေတ်လူသားများ၏ နည်းပညာမြင့်လက်နက်များကို မသယ်ဆောင်လာကြပေ။

“ကိုယ့်အားကိုယ်ကိုးပြီး ငါ့ကို အနိုင်ယူချင်တာက ရိုးရိုးရှင်းရှင်း စိတ်ကူးယဉ်နေတာပဲ”

“ရွှာအိုဟူး၊ သတိထား! လူသားတစ်စုက တောင်ပေါ်ကို ခြေလျင်တက်လာနေပြီ၊ သတိနဲ့နေ!”

ထုံးစံအတိုင်း လုချန်း,က သူ့ညီငယ်ကို အရင်သတိပေးလိုက်သည်။

ဤမျောက်တစ်ကောင်ချင်းစီက သူ့အတွက် လက်ကိုင်ဖုန်းဖြစ်သည်။

သစ်ပင်တွေတက်နိုင်ပြီး မတ်စောက်သည့် တောင်စောင်းတွေကိုလည်း တက်နိုင်သည်၊ အရေးအကြီးဆုံးကတော့ လေကြောင်းရန်ကာကွယ်ရေး စွမ်းရည် ရှိနေခြင်းဖြစ်သည်။

မီးမျောက်ဝံပုလွေဘုရင်က နှင်းဝံပုလွေမျိုးနွယ်စုအတွက် ပြင်ပကင်းထောက်အဖြစ် အသုံးပြုရန် ပြီးပြည့်စုံသည်။

ရွှာအိုဟူး,ကို ညွှန်ကြားပြီးနောက် လုချန်း သည် တောင်ပေါ်သို့ အပြေးအလွှားသွားရန် ပြင်ဆင်ခဲ့သည်။

ဤတစ်ကြိမ်တွင် တောင်ပေါ်သို့ စွမ်းအားကြီးမားသည့်လက်နက်များ မယူလာဘဲ အချို့သော စိတ်ဝိဇ္ဇာများသာ ရှိသောကြောင့် လုချန်း,သည် ဤကိစ္စကို အလွန်ယုံကြည်နေဆဲဖြစ်သည်။ (စိတ်ဝိဇ္ဇာ~စိတ်ပညာရှင်၊ ‘အဲတာက ရွဲ့ပြောတာ’)

ရှောင်ပိုင်,ကို သူနဲ့အတူ ခေါ်သွားရန် အစီအစဉ် မရှိပေ၊ အဆုံးတွင် ထို စိတ်ဝိဇ္ဇာများ၏ အစွမ်းသတ္တိက အတော်လေး အားကောင်းနေသေးသည်။

လုချန်း,က သူ့ညီမကို မနာကျင်စေချင်ခဲ့ပေ။

“ဝူး! ဝူးး!”

လုချန်း,သည် ရှောင်ပိုင်,ကို ပြောပြလိုသော ခြေလက်များဖြင့် အမှုအရာများ လုပ်ပြလိုက်သည်။

“လူတချို့ တောင်ခြေကိုရောက်လာတယ်…နောက်ပြီး…”

သူသည် လူသားများကဲ့သို့ ရှောင်ပိုင် နှင့် ဆက်သွယ်၍မရပေ။

သို့ပေမယ့် အချိန်အတော်ကြာ အတူတူနေခဲ့ပြီးနောက်မှာတော့ သူတို့က ခန္ဓာကိုယ်အမူအရာများနှင့် အလွန်ရင်းနှီးလာကြသည်။

ရိုးရှင်းသော လုပ်ဆောင်ချက်အချို့က တစ်ဖက်၏ ဆိုလိုရင်းကို နားလည်ရန် လွယ်ကူသည်။

“အိုကေ!”

ယိုချင်းယန်,သည် ဤတစ်ကြိမ်တွင် စကားများများစားစား မပြောဘဲ ခေါင်းညိတ်ကာ သဘောတူဟန်ဆောင်လိုက်သည်။

သူမ စိတ်ထဲတွင် အကြံအစည်များ ချမှတ်ထားပြီး အစ်ကိုဖြစ်သူ တောင်‌အောက်သို့ဆင်းနေချိန်တွင် ဒါဂုန်နှင်းတောင်မှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

“ငါ့အစ်ကိုက အခု အရမ်း အားကောင်းနေပီ”

ဤနှင်းထူထပ်သောတောင်ပေါ်တွင် သူ့ကိုယ်သူ ကာကွယ်ရာတွင် အခြေခံအားဖြင့် ပြဿနာမရှိပါ၊ ထို့အပြင် အနာဂတ်တွင် သူသည် အစွမ်းထက်သော သားရဲဘုရင်အဖြစ် ကြီးထွားလာနိုင်သည်။

ထို့ကြောင့် ယိုချင်းယန်,သည် သူမ၏ ယခင်ဘဝမှတ်ဉာဏ်ထဲမှ အခွင့်အရေးများကို ရှာဖွေရန် အပူအပင်ကင်းစွာ ထွက်သွားနိုင်သည်။

သို့ပေမဲ့၊ သူမ,အစ်ကို၏ ပိတ်ဆို့ခြင်းကို ခံရနိုင်သောကြောင့် စီချွမ်မြို့ကို ဦးတည်သွားခြင်းက အဆင်မပြေပေ။

ဤတစ်ကြိမ်တွင် ယိုချင်းယန်,သည် ဆန့်ကျင်ဘက်အရပ်ကို သွားရန် စီစဉ်ခဲ့သည်။

“အရမ်းကောင်းတယ်၊ ရှောင်ပိုင် ကြီးပြင်းလာပြီ၊ အရင်ကထက်စာရင် အများကြီးပိုသိသာလာတယ်!”

ရှောင်ပိုင်,သည် မည်သည့်ကန့်ကွက်မှုမှမရှိဘဲ ခေါင်းညိတ်ပြသည်ကိုမြင်ပြီး လုချန်း စိတ်သက်သာရာရသွားသည်။

ထို့နောက် လုချန်း တောင်ပေါ်မှ ပြေးဆင်းသွားခဲ့ပြီး ဤလူများကို အလေးအနက်မထားပေ။

မိုင် ၂၀ ကျော် ပြေးလွှားပြီးနောက် လုချန်း သည် ကျန်းဟောင်,ထံမှ နောက်ထပ် စိတ်ဝိညာဉ်သတင်းတစ်ခု လက်ခံရရှိခဲ့သည်။ 

“သခင် နတ်ဆိုးဘုရင်၊ ဒီကောင်တွေရဲ့ သဘာဝလွန်စွမ်းအားတွေကို ရှာဖွေဖို့ ကျွန်တော် အများကြီး ကြိုးစားခဲ့ရတယ်!”

ကျန်းဟောင်,၏ လေသံမှာ အလွန်စိတ်လှုပ်ရှားနေပြီး သတင်းပေးရာတွင် အလွန်တက်ကြွနေပုံရသည်။

ဧရာမဝံပုလွေက ဤစာချုပ်ကို မည်သို့ ချုပ်ဆိုခဲ့သည်ကို သူ မသိပေ။

သို့ပေမယ့် ကျန်းဟောင်,ကတော့ ဝံပုလွေသခင် သေဆုံးသွားရင် သူနဲ့အတူ ပျောက်ကွယ်သွားနိုင်သည်ကို သူ့စိတ်ထဲတွင် သိနေခဲ့သည်။

စိတ်ဝိညာဉ်သည် ရံဖန်ရံခါ နှိပ်စက်ခံနေရသော်လည်း တိုက်ရိုက်သေခြင်းထက် ၎င်းက ပိုကောင်းသည်။

ကျန်းဟောင်,သည် မူလက စစ်မြေပြင်မှ အမြောက်စာဖြစ်ပြီး သူ့အသက်ကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရသည်။

ထို့ကြောင့် သူတပါးအကျိုးအတွက် သူ့ကိုယ်သူ စတေးလိုသော ကြီးမားသည့် ရည်မှန်းချက်မျိုး မရှိပေ။

“သခင်၊ သူတို့အဖွဲ့က ခုနစ်ယောက်ရှိတယ်”

“အဖွဲ့ထဲမှာ မီးနဲ့ကစားတဲ့လူတစ်ယောက်ရှိတယ်၊ သူထုတ်လိုက်တဲ့မီးလုံးက အရမ်းအားကောင်းပြီး ပြင်းထန်တဲ့ တိုက်ခိုက်နိုင်စွမ်းရှိတယ်!"

“ရေဒါနဲ့ ဆင်တူတဲ့ စွမ်းရည်ရှိတဲ့ လူတစ်ယောက်လည်း ရှိတယ်”

“လေကို ထိန်းချုပ်နိုင်တဲ့သူလည်း ရှိတယ်၊ သူ့ရဲ့ အရှိန်က အရမ်းမြန်တယ်!”

“ဒီကောင်က ပျံသန်းနိုင်တယ်လို့တော့ ကြားတယ်၊ ဆယ်မိနစ်ကျော်လောက် နိမ့်တဲ့အမြင့်မှာ ပျံသန်းနေတာကို တစ်ယောက်ယောက်က မြင်ခဲ့တယ်၊ သူက တကယ်ကို သန်မာတယ်!”

ကျန်းဟောင်,သည် လုချန်း နှင့် စကားပြောနေချိန်တွင် သူ့မျက်နှာက အံ့သြမှုများဖြင့် ပြည့်နှက်နေသည်၊ ထူးထူးခြားခြား အစွမ်းအစရှိသည့် ထိုလူများကြောင့် သူကိုယ်တိုင်တောင် အံ့အားသင့်ခဲ့ရသည်။

သူ့အမြင်အရ၊ သူတို့က လူသားတွေရဲ့ အတိုင်းအတာထက် ကျော်လွန်နေ“သည်။

“ဒါပေမယ့် သခင်၊ ဒီလူတွေထဲမှာ သြဇာအရှိဆုံးက ဒီအဖွဲ့ရဲ့‌ခေါင်းဆောင်ပဲ၊ သူ့နာမည်က ဝမ်ဘိန်!”

“ဒီကောင်က ရေခဲစွမ်းရည်ကို နိုးထပြီး စက္ကန့်အနည်းငယ်အတွင်း ရေကန်ကို အေးခဲသွားအောင်လုပ်နိုင်တယ်”

“ကောလဟာလတွေအရ၊ ဝမ်ဘိန်,က ဝူဗာလင်,ကို ဖမ်းပြီး မစ်ရှင်တစ်စိတ်တစ်ပိုင်းကိုဆောင်ရွက်ဖို့အတွက် ဒီကိုရောက်လာတာတဲ့”

“နောက်တစ်ခုက၊ ကေားချန်ချင်း,ကို အေးခဲသွားစေလိုက်တဲ့ အမည်မသိသတ္တဝါကို သူစိတ်ဝင်စားနေတာပါ...”

ကျန်းဟောင်,က သတိကြီးကြီးနဲ့ ပြောလိုက်သည်။

“အိုး? မင်းငါ့ကို ပစ်မှတ်ထားဖို့ သတ္တိရှိ‌နေတာပဲ!”

ကျန်းဟောင် ပြောသည်ကို ကြားပြီးနောက် လုချန်း,က ထိုလူများကို အလေးအနက်ထားလိုက်သည်။

ဘေးကင်းစေရှိရန်၊ လုချန်း,သည် သူ၏လက်ရှိ ရည်ညွန်းချက်ဘောင်ကို ကြည့်ရှုခဲ့သည်။

စုဆောင်းထားသော ဆင့်ကဲပြောင်းလဲခြင်း အမှတ်များသည် ယခုအခါ ၆၉,၀၅၀ သို့ရောက်ရှိသွားပြီဖြစ်သည်။

“အဆင့်မြှင့်!”

ပြင်းထန်သည့် စွမ်းအားတစ်ခုက လုချန်း ၏ ခန္ဓာကိုယ်ကို ချက်ချင်း ပျံ့နှံ့သွားသည်။

အရိုးများ၊ မီရီဒီယန်းများ၊ ကြွက်သား၊ သွေး စသည်တို့သည် ခန္ဓာကိုယ်အနှံ့ ပြောင်းလဲလာပြန်သည်။

အဆင့်တက်ပြီးနောက်၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးသွားခဲ့သည်။

ထို့နောက် ကျန်ရှိသော ဆင့်ကဲ‌ပြောင်းလဲခြင်းအမှတ် ၉၀၀၀ ကိုကြည့်ရင်း၊ လုချန်း ခဏလောက်စဉ်းစားပြီးနောက် ရေခဲ၏စွမ်းရည်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

ယခုတစ်ကြိမ်တွင် ပြိုင်ဘက်များကြားတွင် ရေခဲစွမ်းရည်ရှိသော ပုဂ္ဂိုလ်တစ်ဦးလည်း ရှိသည်။

ကျန်းဟောင်,၏ အဆိုအရ ဤလူသည် အနည်းငယ်သာလွန်နေပုံရသည်။

ဘာပဲဖြစ်ဖြစ်၊ သူ့တွင် ဆင့်ကဲပြောင်းလဲခြင်း အမှတ်များစွာ ကျန်ရှိနေဆဲဖြစ်ပြီး၊ သူ ပထမဆုံးရရှိခဲ့သည့် ပင်ကိုယ်စွမ်းရည်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် လုချန်း,သည် သူ၏ရေခဲစွမ်းသည်ကို အလယ်အလတ်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် သူ၏ကိုယ်ပိုင်အငွေ့အသက်များထွက်ပေါ်လာပြီး အေးစက်သည့်လေထုက ပတ်ဝန်းကျင်အပူချိန်ကို ကျဆင်းသွားစေခဲ့သည်။

………………

“သခင်၊ ငါ့ညီကိုတွေ ဒီလူသားအုပ်စုရဲ့ နေရာကို ရှာတွေ့ပြီ!”

ထိုအချိန်တွင် ရွာအိုဟူး မက်ဆေ့ချ်ပို့ခဲ့သည်။

“ကောင်းတယ်!”

“ဒီနှင်းတွေထူထပ်တဲ့တောင်က ဘယ်သူပိုင်လဲဆိုတာ ဒီကောင်တွေကို အသိပေးဖို့အချိန်ရောက်ပြီ!”

လုချန်း,သည် အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏ ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုကာ နေရာမှ ပျောက်ကွယ်သွားသည်။

……………

ဒါဂုန် နှင်းတောင်ထိပ်။

ငွေဖြူရောင်ကိုယ်ထည်နှင့် ဝံပုလွေတစ်ကောင်သည် အောက်ဘက်ရှိ သစ်တောကို ကြည့်နေသည်။

“အချိန်ကို ရေတွက်ကြည့်ရင် ငါ့အစ်ကို အခုလောက်ဆို အဝေးကိုရောက်နေသင့်ပီ!”

ယိုချန်းယန်,သည် အချိန်ကို သူမ၏ စိတ်ထဲတွင် တိတ်တဆိတ် ရေတွက်ပြီး ခဏစောင့်ခဲ့သည်။

ထို့နောက်တွင် ယိုချင်းယန်,သည် သူမ၏ အငွေ့အသက်ကို ဖုံးကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသည့် ဝိညာဉ်ဆေးပင်များကို အသုံးပြုလိုက်သည်။

ပြီးနောက်၊ နောက်ပြန်လှည့်မကြည့်ဘဲ လုချန်း နှင့် ဆန့်ကျင်ဘက်နေရာကို အမြန်ဆင်းသွားသည်။

All Chapters