← Chapters

သဘာဝလွန် စစ်သည်တော်များ နှင်းတောင်ကြားကို ရောက်လာကြခြင်း

Vol. 5 Ch. 67

သဘာဝလွန် စစ်သည်တော်များ နှင်းတောင်ကြားကို ရောက်လာကြခြင်း

Vol. 5 Ch. 67

“သခင်၊ ငါတို့ ဒီသံတုံးတွေကို ဘာလုပ်ရမလဲ”

ရွာအိုဟူး,သည် လုချန်း,အား စိတ်ဝိညာဉ် ဆက်သွယ်ခြင်းဖြင့် မေးမြန်းလိုက်သည်။

“ဒီမှာပဲထားလိုက်ပါ၊ ဒီလူတွေရဲ့ ခွမ်ပျော အဖွဲ့အစည်းက ငါတို့ရဲ့ အခွင့်အာဏာ ထူထောင်ဖို့ အခွင့်အရေးကောင်းပဲ”

“ဘယ်သူမဆို အနာဂတ်မှာ တောင်ပေါ်ကို ရောက်လာရင် ဒီနေရာက ရှုခင်းကောင်းတစ်ခု ဖြစ်လာလိမ့်မယ်!” လုချန်း က ပြုံးပြီးပြောသည်။

အဆိုပါ သံချပ်ကာ အမြောက်များ သည် အမှန်တကယ်ပင် အားကောင်းသော်လည်း ယခုအခါ သူ့၏ ရေခဲစွမ်းရည်ကြောင့် အေးခဲသွားပြီဖြစ်သည်။

အရည်ကျို၊ ပြုပြင်ပြီး ပြန်စတင်ရန် ခက်ခဲပါလိမ့်မယ်။

ထို့အပြင် လုချန်း,သည် မျောက်အုပ်စုတစ်စုအား ဤခေတ်မီလူသားယာဥ်များကို လည်ပတ်နိုင်မည်ဟု မမျှော်လင့်ထားပေ။

အဟန့်အတားတစ်ခုအနေနှင့် တောင်ခြေတွင် ရှိနေတာက ပိုကောင်းသည်။

လုချန်း,သည် ကေားချန်ချင်း ကိုသတ်လိုက်သော်လည်း စိတ်မသက်မသာဖြစ်နေဆဲပင်။

နောက်ဆုံးတွင်၊ ကျန်းဟောင်,က သူ့အထက်လူကြီးများထံမှ ညွှန်ကြားချက်များ‌ကိုစောင့်နေကြောင်း ပြောထားပြီးဖြစ်သည်။

နောက်တဆင့်အနေနဲ့ ရန်ပြည်နယ်၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

ပထမလက်အောက်ခံ ရွှာအိုဟူး,ကို တောင်စောင်းတွင်စောင့်ရန် လုချန်း,မှစီစဉ်ထားဆဲဖြစ်သည်။

ထို့နောက် လုချန်း,သည် တောင်ထိပ်သို့ အမြန်ပြန်လာခဲ့သည်။

ယခင်အမြောက်ပစ်ခတ်မှုတွင် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပြီး လုချန်း သည် ဝံပုလွေအုပ်စု၏လုံခြုံရေးအတွက် အလွန်စိုးရိမ်ခဲ့သည်။

စုံစမ်းရန် တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက်တွင် လုချန်း သက်ပြင်းတစ်ချက်ချလိုက်သည်။

ကံကောင်းထောက်မစွာ၊ အသေအပျောက်မရှိခဲ့ဘဲ ကျည်ဆန်များသည် အရေးမပါသောနေရာအချို့ကိုသာ ထိမှန်ခဲ့သည်။

……………

“ဖာ့! ဒီ ခွမ်ပျော အဖွဲ့အစည်း,က အရမ်းသောင်းကျန်းလွန်းတယ်၊ သူ့ကုမ္ပဏီက ငါ့ကို ဆန့်ကျင်ချင်နေတာလား”

စီချွမ်မြို့၊ မြို့သခင်စံအိမ်တွင် မြို့သခင် ဖူဟိုင်,က ဒေါသတကြီးဖြင့် စားပွဲကို ထုရိုက်လိုက်သည်။

သူသည် စီချွမ်မြို့၏သခင်ဖြစ်ပြီး ဤကဲ့သို့အရာများဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။

ဖူဟိုင်,သည် အခုလေးတင် ဖျောင်းဖျရန် ကြိုးစားခဲ့ပေမယ့် ကေားချန်ချင်း,က လက်မခဲ့ပေ။

ယင်းကြောင့် ယခုအချိန်တွင် ခွမ်ပျော အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူရန် စဉ်းစားခဲ့သည်။

သို့သော်... ခွမ်ပျော အဖွဲ့အစည်း၏ အခွန်အခများကို ကေားချန်ချင်း,က သူ့အား အကြိမ်များစွာ သီးသန့်ပေးဆောင်ခဲ့သော ကြောင့်....

ဤသည်ကလည်း သူ့ကို အနည်းငယ် ချီတုံချတုံ ဖြစ်စေသည်။

အဆုံးတွင်... ငွေက ကမ္ဘာကြီးကို လည်ပတ်သည်။

“မကောင်းတော့ဘူး၊ မြို့သခင်!”

“ဘာဖြစ်တာလဲ? ကေားချန်ချင်း အဲ့ဒီ ဝူဗာလင် ကိုသတ်လိုက်ပီလား”

“မဟုတ်ဘူး၊ ကေားချန်ချင်း သေသွားပြီ!”

“အဲဒီ အကြီးစား သံချပ်ကာယာဉ်တွေလည်း ပျက်ဆီးကုန်ပြီ!”

“သူနဲ့အတူ ခေါ်ဆောင်သွားတဲ့ လေတပ်၊ အခု အကုန်လုံး ဆုတ်ခွာသွားပြီ”

“မင်း ဘာပြောလိုက်တာလဲ?!”

ထိုသတင်းကြားပြီးနောက်တွင် မြို့သခင် ဖူဟိုင် အပါအဝင် စီချွမ်မြို့၏ အဆင့်မြင့်အရာရှိများအားလုံး အလွန်တုန်လှုပ်သွားကြသည်။

သူတို့သည် အသက်ကြီးခြင်းကြောင့် အကြားအာရုံများ မကောင်းတော့ခြင်းဟုပင် သံသယဖြစ်ခဲ့ကြသည်။

ကေားချန်ချင်း,၏ ခွမ်ပျော အဖွဲ့အစည်း သည် ပုဂ္ဂလိက လက်နက်ကုမ္ပဏီတစ်ခုဖြစ်ပြီး သူတို့၏ အင်အားက အလွန်ကြီးမားနိုင်သည်။

ရရှိသောအချက်အလက်များအရ၊ ကေားချန်ချင်း,သည် ယနေ့တွင် လူအချို့ကို ခေါ်ဆောင်သွားခဲ့သည်။

သူတို့တွင် အားကောင်းသည့် သံချပ်ကာ အပေါက်ဖောက် ကျည်များ တပ်ဆင်ထားပြီး လေယာဉ်သည် ပေါက်ကွဲမှု ကြီးမားသော ဗုံးများကိုလည်း ပစ်ချနိုင်သည်။

စုစုပေါင်း ရဟတ်ယာဉ် တစ်ဒါဇင်ကျော်ကို စေလွှတ်ခဲ့ပြီး တောင်တက်နိုင်သည့် သံချပ်ကာယာဉ်များကို စေလွှတ်ခဲ့သည်။

ဤအားကောင်းသော ခေတ်မီစက်ကိရိယာများက စစ်ပွဲငယ်တစ်ခုကိုစတင်ရန် လုံလောက်ပါသည်။

သို့သော်လည်း၊ ရလဒ်အနေဖြင့် စစ်တပ်တစ်ခုလုံးသည် နှင်းထူထပ်သောတောင်ပေါ်တွင် သုတ်သင်ခံခဲ့ရပြီး ရန်သူကိုပင် မမြင်နိုင်ခဲ့ပေ။

“မြို့တော်သခင်၊ တော်ဝင်မြို့တော်မှ သဘာဝလွန် စစ်သည်တော်တွေ ရောက်ရှိလာပါပြီ!”

ထိုအချိန်တွင် တံခါးအပြင်ဘက်ရှိ လူများက အကြောင်းကြားလာသည်။

ဖူဟိုင် နှင့် တခြားလူများက ဒါကိုကြားပြီး ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

“ကျေးဇူးပြုပြီးဝင်လာပါ”

ခဏအကြာတွင် လူငယ်ခုနစ်ယောက်က အခန်းထဲသို့ဝင်ရောက်လာသည်။

ခေါင်းဆောင်တွင် ဆံပင်တိုတိုနှင့် အဖြူ၊အပြာရောင် ရောစပ်ထားသည့် မျက်လုံးများရှိသည်။

ဝမ်ဘိန်,သည် ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ရေခဲစွမ်းရည်ကို ကျွမ်းကျင်သည်။

ထို့အပြင်၊ ဝိညာဉ်စွမ်းအင်ပြန်လည်မရှင်သန်မီတွင် သူသည် ကိုယ်ခံပညာရှင်ဖြစ်ခဲ့ပြီး တာအိုဘုရားကျောင်းတွင် နှစ်အတော်ကြာ လေ့ကျင့်ခဲ့သည်။ ဤကဲ့သို့ သဘာဝလွန်စွမ်းအားမရှိသော်လည်း၊ သူ၏ ကိုယ်ခံပညာအစွမ်းသည် အထင်ကြီးလောက်စရာပင်။

ကျန်ခြောက်ဦးတွင် နှစ်ဦးမှာ စစ်တပ်မှဖြစ်ပြီး လေးဦးမှာမူ လူ့အသိုင်းအဝိုင်းမှ ပျင်းရိသူများဖြစ်သည်။

သို့သော် သူတို့၏ထူးခြားသော အရည်အချင်းများကြောင့် တိုင်းပြည်မှ ခေါ်ယူခြင်းခံရသည်။

ထူးထူးခြားခြား စွမ်းရည်ရှိသည့် ထိုလူများကို မြင်ပြီးနောက် ဖူဟိုင်,၏ မျက်နှာက စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားသည်။

…………..........

All Chapters