← Chapters

“ငါ ထွက်သွားဖို့ အချိန်တန်ပြီ!”

Vol. 5 Ch. 66

“ငါ ထွက်သွားဖို့ အချိန်တန်ပြီ!”

Vol. 5 Ch. 66

“အခုက ဘာဖြစ်ပြန်ပြီလဲ?!”

တောင်စောင်းတွင်ရှိသော ယိုချင်းယန် သည် အမြောက်သံများ ကြွေးကြော်သံများကို ကြားလိုက်ရသောအခါတွင် သူမ,အလွန်စိုးရိမ်သွားသည်။

သို့ပေမယ့် တစ်ချိန်တည်းမှာပင် သူမ,စိတ်ရှုပ်ထွေးနေသည်။

ယခင်အမြောက်ပစ်ခတ်မှုက ပစ်မှတ်မရှင်းလင်းဘဲ ဖုံးအုပ်ပစ်ခတ်မှုဖြစ်ကြောင်း ထင်ရှားသည်။

ယခု၊ ယိုချင်းယန် သည် အမြောက်များဖြင့် တိုက်ခိုက်ခြင်း၏ ဦးတည်ရာသည် နှင်းဝံပုလွေများစုဝေးရာ နေရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ခဲ့သည်။

တစ်နည်းဆိုရသော် လူသားတပ်ဖွဲ့များသည် သူတို့၏ တိကျသော ပစ်မှတ်ကို မတွေ့ရှိသေးပေ။

သို့သော် ပစ်မှတ်ကို မရှာတွေ့မီ ပစ်ခတ်မှုက ရန်နိုင်ငံတပ်မတော်၏ ပုံစံနှင့် လုံးဝ မကိုက်ညီပါ။

“လူသားတွေက ဒါဂုန် နှင်းတောင်ကို တိုက်ရိုက်ဖျက်ဆီးတော့မှာလား !”

“ဒါက ပိုလို့တောင် မူမမှန်ဘူး”

သူမ၏ယခင်ဘဝ မှတ်ဉာဏ်တွင်၊ ရက်စက်ကြမ်းကြုတ်သောသားရဲများကဒုက္ခပေးသောအခါ၌ပင် လူသားများသည် ကြီးမားသည့်စွမ်းအားရှိသော လက်နက်များကို အသုံးမပြုခဲ့ပေ။

ရက်စက်ကြမ်းကြုတ်သော သားရဲအချို့အတွက်ကြောင့် ဂေဟစနစ်ကို ဖျက်ဆီးသည့် လုပ်ရပ်မျိုး တစ်ခါမျှ မလုပ်ဖူးခဲ့ပေ။

အမှန်ပင်၊ လူသားများအတွက် ပတ်ဝန်းကျင်ဂေဟစနစ်က ပိုအရေးကြီးလှသည်။

ဤကဲ့သို့နည်းလမ်းသည် ခံနိုင်ရည်မရှိသော ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာသည့်အခါမှသာ အသုံးပြုကြသည်။

ယခုလည်း သူမ၏ နှင်းဝံပုလွေမျိုးနွယ်စုသည် အပြင်ဘက်တွင် ဒုက္ခပေးသည်ကိုမဆိုနှင့်၊ ဒါဂုန် နှင်းတောင်မှ ဘယ်သောအခါမှ မထွက်ခွာခဲ့ပေ။

အများစုမှာ ရဟတ်ယာဉ်ကို ပစ်ချခြင်းသာ ဖြစ်သည်။ ရန်နိုင်ငံက နှင်းတောင်ကြီးတစ်ခုလုံးကို ဖျက်ဆီးရန် အကြောင်းပြချက်မရှိပေ။

“ဒါက ခွမ်ပျော အဖွဲ့အစည်းရဲ့ ဒရုန်းလား?”

ထိုအချိန်တွင် ယိုချင်းယန်,သည် တောင်များနှင့် သစ်တောများတစ်လျှောက် ဒရုန်းအစုအဝေးများစွာ ရှိနေသည်ကို သတိပြုမိလိုက်သည်။

ဤဒရုန်းအားလုံးတွင် ခွမ်ပျော အဖွဲ့အစည်း၏ လိုဂိုများ ပါရှိသည်။

ဤတိုက်ခိုက်မှုက တရားဝင်မဟုတ်ကြောင်း သူမ ချက်ချင်းသဘောပေါက်ခဲ့သည်။

ဒီလိုပုဂ္ဂလိကတပ်မျိုးကသာ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့ ဘာမဆို လုပ်နိုင်ကြခြင်းဖြစ်သည်။

ကေားချန်ကော,သည် သူမ၏ယခင်ဘဝက လူသားမျိုးနွယ်၏ ဒုတိယတန်းစားတွင် သန်မာသောလူအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သူနိုးထလာသည့် တိုက်တန် စွမ်းရည်က သူ နိုးထခြင်းအဆင့်,ကို မကျော်လွန်ခင်တွင် အတော်လေး ပြင်းထန်ခဲ့သည်။

သို့ပေမယ့် ကံမကောင်းစွာပဲ၊ ဤစွမ်းရည်က သန်မာသည့်သားရဲများကို မယှဉ်နိုင်ခဲ့ပေ။

ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထခြင်း၏အစောပိုင်းအဆင့်တွင်၊ လူသားများသည် ဆင့်ကဲပြောင်းလဲနေသော သားရဲများ၏နောက်တွင် ကျန်ရစ်ခဲ့ပြီး လုံးဝ နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။

သူမ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး တောင်ပေါ်မှ အလျင်အမြန် ပြေးဆင်းလာခဲ့သည်။

……………

“ပစ်ခတ်ဖို့ အသင့်ဖြစ်ပြီဆိုရင် ဆက်ပစ်ပါ”

ကောချန်ချင်း,သည် တယ်လီစကုပ်ကိုကိုင်ကာ ကားအတွင်း၌ မတ်တတ်ရပ်နေပြီး သူ၏ကိုယ်ထည်တစ်ဝက်က ယာဉ်အပြင်ဘက်တွင် ထင်ရှားနေသည်။

ဤအခိုက်အတန့်တွင်၊ သူ့မျက်နှာက မာနကြီးကာ ရက်စက်တဲ့အကြည့်တို့ရှိနေပြီး အန္တရာယ်ကိုပင် သတိမထားမိသေးပေ။

ယခု လုချန်း,သည် အနီးနားတွင် ပုန်းနေခဲ့ပြီးဖြစ်သည်။

ဤတစ်ကြိမ်တွင် လုချန်း,သည် စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်ကို အသုံးပြုရန် အစီအစဉ်မရှိပေ။

ကေားချန်‌ချန်း,၏ သားကို သူသတ်ခဲ့သောကြောင့် သူ့ကို အသေရရ,အရှင်ရရ လိုချင်နေသည်။

ဒီလိုလူမျိုးနှင့် ဝိညာဉ်စာချုပ် ချုပ်ဆိုထားရင်တောင် အသုံးဝင်မည် မဟုတ်ပေ၊ ဒုက္ခသက်သာအောင် သူ့ကို တိုက်ရိုက်သတ်လိုက်တာက ပိုကောင်းသည်။

လုချန်း,သည် သူ့၏ ပါးစပ်ကိုဖွင့်ကာ အေးစက်သော ရေခဲစွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ချက်ခင်းပင်၊ သူ့၏ ရေခဲ‌စွမ်းအားက ခြေရာခံယာဉ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

လုချန်း ယခုအချိန်တွင် နိုးထခြင်း စတုတ္ထအဆင့်တွင်ရှိနေပြီး သူ၏ရေခဲစွမ်းရည်က အလွန်ပြင်းထန်သည်။

ကေားချန်ချင်း,သည် နိုးထခြင်းအဆင့်တွင် ရှိနေသော်လည်း လုံးဝခုခံနိုင်စွမ်းမရှိပေ။

ခေါင်းကို လှည့်နေဆဲဖြစ်သော ကေားချန်ချင်း,သည် လုချန်း,၏ ရေခဲစွမ်းရည်အောက်တွင် ရုတ်တရက် အေးခဲသွားပြီး လက်ရာမြောက်သော ရေခဲပန်းပုရုပ်အဖြစ် ပြောင်းလဲသွားသည်။

ထိုအချိန်တွင် အနီးပတ်ဝန်းကျင်ရှိ အခြားယာဉ်များမှ လူများ အံ့အားသင့်သွားကြသည်။

သို့သော် လူတိုင်းမတုံ့နိုင်သေးခင်မှာပင်၊ လုချန်း,သည် ရေခဲစွမ်းရည်ကို ထပ်မံအသုံးပြုလိုက်သည်။

လျှပ်တစ်ပြက်အတွင်း တောင်ပေါ်ရှိ ခြေရာခံယာဉ်များအားလုံးသည် အေးခဲသော သံတုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး ရပ်တန့်သွားခဲ့သည်။

နှင်းထဲမှာ ရှိနေတဲ့ ရေခဲပန်းပု တန်းတစ်ခုကဲ့သို့ပင်။

နှင်းဝံပုလွေတစ်တစ်ကောင်အနေနဲ့၊ သူ့တွင် ကောင်းကင်ပေါ်သို့ ပျံသန်းနိုင်သည့် စွမ်းရည်ရှိသော်လည်း မြေပြင်သည်က လုချန်း,၏ တကယ့်စစ်မြေပြင် ဖြစ်သည်။

ဤတစ်ကြိမ်တွင် လုချန်း,သည် ခွမ်ပျော အဖွဲ့အစည်း၏ မြေပြင်သံချပ်ကာတပ်များကို တိုက်ရိုက်ချေမှုန်းပစ်ခဲ့သည်။

ပိုကြောက်စရာကောင်းသည်က လုချန်း ၏ တိုက်ခိုက်မှုကို မည်သူကမှ သတိမထားမိခဲ့ခြင်း ဖြစ်သည်။

သူ၏ ရေခဲစွမ်းအားက တခဏအတွင်း ဤသာမန်စစ်သားများကို ချက်ချင်း ချေမှုန်းပစ်ခဲ့သည်။

ဤစွမ်းရည်ကြောင့် ယာဉ်အားလုံး အလုပ်မလုပ်နိုင်တော့ပေ။

ထိုစစ်သားများ မသေခင်တွင် သူတို့ မည်သည့်သတင်းစကားကိုမှ ပေးပို့နိုင်ခဲ့ခြင်းမရှိဘဲ၊ သူတို့အားလုံးက ရေခဲပန်းပုရုပ်များ အဖြစ်သို့ ပြောင်းလဲသွားကြသည်။

……………

ခွမ်ပျော အဖွဲ့အစည်း၏ လေတပ်က အခြားနေရာများသို့ ပျံသန်းလျက်ရှိသည်။

ကေားချန်ချင်း,သည် ယုံကြည်မှုအပြည့်ရှိခဲ့ပြီး သူ၏ခေတ်မီစစ်တပ်ဖြင့် သားရဲရိုင်းအုပ်စုကို အလွယ်တကူ‌ချေမှုန်းပစ်နိုင်မည်ဟု တွေးထင်ခဲ့သည်။

သို့သော်လည်း လုချန်း,၏ နိုးထလာသော ပင်ကိုယ်စွမ်းရည်က ကိုယ်ယောင်ဖျောက်နိုင်သည်ကို သူ့၏အိပ်မက်ဆိုးများထဲတွင်ပင် မကြုံတွေ့ခဲ့ဖူးပေ။

ခေတ်မီတပ်များပင်လျှင် ဤကဲ့သို့ ကိုယ်ယောင်ဖျောက်နိုင်သည့်စွမ်းရည်မျိုး မရှိပေ၊ လုချန်း ၏ပြင်းထန်သော ရေခဲစွမ်းရည်အောက်တွင် ဤသံချပ်ကာလူသတ်သမားများက မည်သည့်အခန်းကဏ္ဍမှမပါဝင်ရသေးမီတွင် သေဆုံးသွားကြသည်။

“ဘုန်း!”

ရုတ်တရက် ရဟတ်ယာဉ်တစ်စီး တိုက်ခိုက်ခံရကာ အနက်ရောင်မီးခိုးများ ထွက်လာပြီး ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

ရွှာအိုဟူး,သည် လုချန်း ထံမှ အမိန့်ကို လက်ခံရရှိခဲ့ပြီး ကျောက်တုံးကြီးဖြင့် လေယာဉ်ကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့သည်။

ထို့နောက်၊ ရှာဖွေရေးမစ်ရှင်ကို ဆောင်ရွက်နေကြသည့် လေယာဉ်ဖွဲ့စည်းပုံမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့သည်။

ထိုအချိန်တွင်၊ အဖွဲ့၀င်များက ကောချန်ချင်း ကိုဆက်သွယ်ပြီး ညွှန်ကြားချက်များတောင်းခံချင်ခဲ့ကြသည်။

သို့သော် မည်သည့်တုံ့ပြန်မှုချက်ကိုမှ မရရှိခဲ့ပေ။

ထို့နောက် ရဟတ်ယာဉ်နှစ်စင်းသည် မြေပြင်တပ်များအနီးသို့ သွားရောက်ခဲ့သည်။

သို့ပေမယ့် သူတို့ရှေ့မှာ မြင်ကွင်းကို မြင်လိုက်ရပြီးနောက်တွင် အားလုံးက အေးစက်သည့်လေကို ရှူရှိုက်လိုက်ကြသည်။

ထိုအချိန်တွင် မြေပြင်ပေါ်ရှိ ယဉ်များအားလုံး ရေခဲအလွှာဖြင့် ဖုံးအုပ်ခံထားရသည်။

အထူးသဖြင့် ကောချန်ချင်း,သည် သူ့ခန္ဓာကိုယ်တစ်ဝက်ကို ခြေရာခံယာဉ်မှ ထွက်နေခဲ့ခြင်းဖြစ်သည်။

ဦးခေါင်းကို လှည့်လိုက်သည့် လှုပ်ရှားမှုသည် ကျွမ်းကျင်သော ရေခဲပန်းပုဆရာက ဖန်တီးထားသကဲ့သို့ ကွက်ကွက်ကွင်းကွင်း ဖြစ်နေသည်။

“ဒါ...ဘယ်လိုဖြစ်နိုင်မှာလဲ?!”

“ဆရာကေား...သေပြီ..သေပြီလား?”

ဒီအခင်းဖြစ်ပွားသည့်နေရာကို ရှာတွေ့ခဲ့သည့် အမှုထမ်းများက အံ့သြမှင်သက်သွားကြပြီး သူတို့မျက်လုံးများကိုပင် မယုံနိုင်ဖြစ်နေသည်။

ယခုအခါတွင် လေယာဉ်အစင်းရေ တစ်ဒါဇင်ကျော်နှင့် မရေမတွက်နိုင်သော ဒရုန်းများ ရှိနေသည်မှာ သိသာထင်ရှားလှပြီး အနီးနားပတ်ဝန်းကျင်ကို သေချာစူးစမ်းလေ့လာခဲ့ကြပြီးနောက် မြေပြင်အနီးမှ ခြင်တစ်ကောင်တောင် မလွှတ်မြောက်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။

အရာအားလုံးက ရေခဲရုပ်ထုများအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။

ထူးဆန်းပြီး ကြောက်စရာကောင်းသည့် လေထုက လူတိုင်းရဲ့နှလုံးသားထဲတွင် ပျံ့နှံ့လာသည်။

ဤသံချပ်ကာ၏ ခြေရာခံစနစ်ကတောင် မဖမ်းယူနိုင်ခဲ့သည့် မည်သည့်အရာက တိုက်ခိုက်ခဲ့သည်ကို သူတို့ စိတ်ကူး‌မယဉ်နိုင်ပေ။

လူတော်တော်များများက သူတို့မသေခင်တွင် အချက်အလက်များကို မပေးပို့ခဲ့ကြပါ။

သူတို့တွင် အလွန်အစွမ်းထက်သည့် အမြောက်လက်နက်များ ရှိပေမယ့် ပစ်ခတ်ဖို့ အခွင့်အလမ်းတောင် မရှိခဲ့ပေ။

ဤအဖြစ်အပျက်က တကယ်ကို ထူးဆန်းလှသည်။

“ဆရာကေား သေပြီ၊ ပြန်ဆုတ်ကြ၊ မြန်မြန်ပြန်ဆုတ်ကြ!”

ဤအစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့သူပင် သေဆုံးသွားပြီဖြစ်သည်။ သူတို့က အလုပ်သမားတစ်စုမျှသာဖြစ်ပြီး သေသည်အထိ တိုက်ပွဲဝင်ရန်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် ယခုအချိန်အထိ နှင်းထူထပ်သော တောင်တန်းများတွင် ဖြစ်ပျက်ခဲ့သမျှကို သူတို့ မသိကြသေးချေ။

ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး သံချပ်ကာယာဉ် အများအပြား ပျက်စီးခဲ့သည်။

ခွမ်ပျော အဖွဲ့အစည်မှလူများသည် ယခုအချိန်တွင် အသက်ရှင်လျက် ထွက်ခွာချင်နေကြပြီဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ၊ ဒီကောင်တွေ အခု ပြန်ဆုတ်နေပီလား”

တောင်ပေါ်မှ အပြေးအလွှား ပြေးနေဆဲဖြစ်သော ယိုချင်းယန်,သည် ရဟတ်ယာဉ်အားလုံး ထွက်ခွာစပြုနေသည်ကို မြင်ပြီး သူမ,အလွန်အံ့အားသင့်သွားသည်။

သိပ်မကြာခင်မှာပဲ၊ ယိုချင်းယန်,သည်လည်း သံချပ်ကာယာဉ်တန်း ဆီသို့ရောက်လာခဲ့သည်။

ထိုအချိန်တွင် ယိုချင်းယန်,သည် လူသားပုံသဏ္ဍာန်ရှိသော ရေခဲပန်းပုရုပ်တုတစ်ခုကို မြင်လိုက်ရသည်။

သူမ,သည် ဤရေခဲပန်းပုရုပ်ပုံသဏ္ဍာန်နှင့် အတော်လေးရင်းနှီးသည်။ ၎င်းမှာ ခွမ်ပျော အဖွဲ့အစည်း၏ ဥက္ကဌ ဖြစ်သူ ကေားချန်ချင်း,ပင် ဖြစ်‌သည်။

“ငါ့အစ်ကို ကေားချန်ချင်း ကိုသတ်လိုက်တာ အံ့သြစရာဘဲ၊ ခွမ်ပျော အဖွဲ့အစည်းက ရုတ်တရက် ပြန်ဆုတ်ခွာသွားတာ အံ့ဩစရာမရှိတော့ပါဘူး”

“နောက်ပြီး သံချပ်ကာ အမြောက်တွေနဲ့ ပစ်ခတ်ဖို့ တောင်အချိန်မရလိုက်ဘူး၊ ငါ့အစ်ကိုရဲ့ ခွန်အားက မှန်းဆလို့ မရတော့ဘူး...”

ဤရေခဲပန်းပုများကိုကြည့်ရင်း ယိုချင်းယန်,ပင်လျှင် အနည်းငယ် ထိတ်လန့်သွားသည်။

“ဟားဟားဟား၊ သခင်က အစွမ်းထက်လွန်းအားကြီးတယ်!”

ရွှာအိုဟူး လည်း ဒီနေရာကိုရောက်လာသည်။

အေးခဲနေသည့် သံတုံးကြီးများကို ကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေသည်။

ယခင်က၊ လူသားတွေ တောင်ပေါ်ကို ရောက်လာသည့်အခါတွင် သားရဲများ ထွက်ပြေးကြရသည်။

ယခု လူသားများသည် တောင်ပေါ်ကို ရောက်လာကြပြီး သူတို့၏ သေခြင်းတရားကို ရှာဖွေကြသည်။

နောက်အခိုက်အတန့်တွင် လုချန်း,၏ ကိုယ်ပျောက်နိုင်စွမ်းကုန်ဆုံးသွားပြီး သူ့၏ရုပ်သွင်ကို ထုတ်ဖော်လိုက်သည်။

လုချန်း လေထဲမှ ရုတ်တရက် ပေါ်လာသည်ကို ကြည့်ပြီး သူမ,သိပ်ပြီးမအံ့ဩခဲ့ပေ၊ အံ့အားသင့်စရာများလွန်းလို့ သူမ,ထုံကျင် သွားခြင်းလည်းဖြစ်နိုင်သည်။

သူ့အစ်ကိုက မမြင်နိုင်သည့် စွမ်းရည်မျိုး ကျွမ်းကျင်ပုံရသည်ကို ယိုချင်းယန် နားလည်လိုက်သည်။

“အစ်ကို့ရဲ့ အရည်အချင်းက အရမ်းထူးခြားတယ်၊ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာခြင်းရဲ့ အစောပိုင်းအဆင့်မှာ သူ့မှာ ပင်ကိုယ်စွမ်းရည်တွေ အများကြီးရှိနေပြီ”

“ရဟတ်ယာဉ်တပ်တွေရဲ့ ရှာဖွေမှုကနေ ရှောင်ထွက်ပြီး မြေပြင်တပ်တွေကို တိုက်ရိုက် သုတ်သင်နိုင်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူး!”

“အစ်ကိုမှာ ဒီလိုမျိုး စွမ်းအားတွေ ရှိတယ်ဆိုတော့ အန္တရာယ် မရှိတော့ဘူး၊ ငါ ထွက်သွားဖို့ အချိန်တန်ပီ!”

သူ့ရှေ့မှ သန်မာလှသော လုချန်း ကိုကြည့်ပြီး ယိုချင်းယန် နောက်တစ်ကြိမ် ထွက်သွားဖို့ စိတ်ကူးရှိခဲ့သည်။

All Chapters