ခွမ်ပျော အဖွဲ့အစည်း၏ လက်စားချေမှု
Vol. 5 Ch. 65
ရန်နိုင်ငံ၊ ဗဟိုမြို့တော်။
အစောင့်အကြပ်၊ အဆင့်အတန်းအမြင့်မားဆုံး စစ်ဘက်ဆိုင်ရာ သုတေသနစခန်းတစ်ခုအတွင်း။
“စီချွမ် မှာ အစွမ်းထက်တဲ့ မျိုးပြောင်း ဝူဗာလင် မျိုးရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး၊ ဒါက အလွန်ရှားပါးတဲ့ မျိုးစိတ်တစ်ခုပဲ”
“ဒီဝံပုလွေက အရင်က ပေါ်ထွန်းခဲ့တဲ့ သားရဲဘုရင်လေးပါးနဲ့ ယှဉ်နိုင်မလား?!”
“သေချာပေါက်တော့ နည်းနည်းကွာနေသေးတယ်ထင်တယ်”
“အခုထိ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေအရ၊ ရှန်ဇီ ခရိုင်က အာဏာရှင်ပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒလင်း မှာရှိတဲ့ ဝက်ဝံနက်ဘုရင်ပဲဖြစ်ဖြစ်၊ သူတို့က ဒီ,ဝူဗာလင် ထက် အများကြီး ပိုအစွမ်းထက်တယ်လို့ ထင်ပါတယ်...”
ဤအချိန်တွင် ဓာတ်ခွဲခန်းထဲရှိ သုတေသီများစွာသည် နှင်းတောင်ရှိ ယိုချင်းယန်,၏ ဗီဒီယိုကို ကြည့်ရင်း ခွဲခြမ်းစိတ်ဖြာပြီး ဆွေးနွေးနေကြသည်။
“ဝူဗာလင် မှာ လက်ရှိပြသနေတဲ့ အရည်အချင်းတစ်ခုပဲရှိပုံရပေမယ့် ရွှေဒိုင်းရဲ့နောက်ဆုံးလှုပ်ရှားမှုက အရမ်းအစွမ်းထက်တယ်လို့ ပြောလို့ရတယ်”
“အဲဒီရွှေဒိုင်းက လောင်ချာ,ကျည်တွေကိုတောင် ပိတ်ဆို့နိုင်တယ်၊ ငါ့အမြင်အရ ဝူဗာလင်,က ထိပ်တန်းသားရဲဘုရင်ငါးကောင်ထဲကို အလွယ်တကူ ရောက်ရှိနိုင်တယ်!”
“ဟုတ်တယ်”
ဆံပင်ဖြူနေသော မစ္စတာလီသည်လည်း ယခုအချိန်တွင် ခေါင်းညိတ်လိုက်သည်။
မစ္စတာလီသည် ဤသိပ္ပံနည်းကျ သုတေသနအခြေခံတွင် တရားဝင်အရှိဆုံး သုတေသီဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ပြောင်းလဲမှုအစတွင်၊ အမျိုးမျိုးသောဖြစ်ရပ်များကို ကိုယ်တိုင်ကိုယ်ကျနားလည်ရန် အချိန်လိုအပ်သည်။
သူသည် အသက်ကြီးနေပြီဖြစ်သော်လည်း ဖြစ်စဉ်အမျိုးမျိုးကို လေ့လာရင်း နေ့တိုင်း အချိန်များစွာ ကုန်ဆုံးခဲ့သည်။
ကမ္ဘာကြီး,၏ ရုတ်တရက် ပြောင်းလဲမှုများကြောင့်၊ အမှားအမှန် မခွဲခြားဘဲ အဖွဲ့ကို ဦးဆောင်ကာ ဓာတ်ခွဲခန်းထဲတွင် တစ်နေ့လုံး အလုပ်လုပ်နေခဲ့သည်။
သိပ္ပံသုတေသနအတွက် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်သည်။
မကြာသေးမီက မစ္စတာလီသည် မျိုးရိုးဗီဇ ပြုပြင်မွမ်းမံခြင်း အစီအစဉ်ကို ဦးဆောင်ခဲ့သည်။
အမျိုးမျိုးသော စုံစမ်းစစ်ဆေးမှုများ၊ ခွဲခြမ်းစိတ်ဖြာမှုများနှင့် စမ်းသပ်မှုများကြောင့် သူတို့သည် ယခုအခါတွင် ထိုဝိညာဉ်သစ်သီးများနှင့် ဆေးပင်များက လူသားများအတွက် အလွန်အကျိုးရှိကြောင်း ခွဲခြားသိမြင်နိုင်နေပြီဖြစ်သည်။
အတိအကျပြောရလျှင်၊ ၎င်းသည် သက်ရှိများအတွက် အကျိုးကျေးဇူးများစွာကို ရရှိနိုင်သည်။
အကြောင်းမှာ လူသားများသာမက တောရိုင်းတိရစ္ဆာန်တွေတောင် ဝိညာဉ်သစ်သီးကိုစားပြီးလျှင် အစွမ်းထက်သည့် စွမ်းရည်များကို ရရှိလာနိုင်လို့ပင် ဖြစ်သည်။
ယခုတွင် အဖွဲ့အားလုံး၏ အချက်အလက်အကျဉ်းချုပ်ကို အခြေခံပြီး လက်ရှိ သားရဲဘုရင်လေးပါးကိုပင် ရွေးချယ်ထားကြသည်။
သူတို့အားလုံးက စွမ်းအားကြီးမားပြီး အစွမ်းထက်သည့် ပင်ကိုယ်စွမ်းရည်များ ပိုင်ဆိုင်ကြသည်။
အမျိုးမျိုးသော စမ်းသပ်မှုများအပြီးတွင်၊ မစ္စတာလီနှင့် သူ၏အဖွဲ့သည် ယနေ့ကမ္ဘာကြီးကို လေ့လာနိုင်ခဲ့ကြသည်။
လူသားများသည်လည်း ထူးခြားသည့် ပင်ကိုယ်စွမ်းရည်များကို နိုးထစေနိုင်ပါသည်။
၎င်းသည် ရုပ်ရှင်များထဲတွင် ဖော်ပြသည့် အထူးစွမ်းရည်များ သို့မဟုတ် စူပါပါဝါများကဲ့သို့ပင်။
သူတို့လုပ်ဆောင်နေသော မျိုးရိုးဗီဇပြုပြင်ရေးပရောဂျက်၏ ရည်ရွယ်ချက်မှာ ဤမျှအစွမ်းထက်သော သဘာဝစွမ်းအားကို လူသားများ ပိုမိုကျွမ်းကျင်ပိုင်နိုင်လာစေရန်ဖြစ်သည်။
ကမ္ဘာကြီးသည် အပြောင်းအလဲအသစ်များကို ကြုံတွေ့ခဲ့ရသည်။ ပတ်ဝန်းကျင်ရှိ တောရိုင်းတိရစ္ဆာန်များသည် ပိုမိုအားကောင်းလာပြီး လူသားများသည် လည်း ကမ္ဘာသစ်နှင့် လိုက်လျောညီထွေရှိသင့်သည်။
ထို့အပြင် ဤကမ္ဘာပေါ်တွင် ရန်နိုင်ငံသာမက အခြားအင်အားကြီးနိုင်ငံများကလည်း သူတို့ကို လောဘကြီးစွာ စောင့်ကြည့်နေကြသည်။
လူသားတို့၏ ပိုမိုကောင်းမွန်သော ရှင်သန်မှုအတွက်ပင်ဖြစ်စေ၊ အခြားနိုင်ငံများမှ လျှို့ဝှက်တိုက်ခိုက်မှုများကို ခုခံကာကွယ် ရန်ဖြစ်စေ ဤပရောဂျက်ကို စတင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဤမျိုးရိုးဗီဇပြုပြင်ရေးပရောဂျက်ကို နှောင့်နှေး၍မရပါ။
“ဒီ,ဝူပါလင်,က ဒါဂုန် နှင်းတောင်မှာ ရှိပါတယ်၊ အနီးပတ်ဝန်းကျင်ကို အခု တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီးပါပြီ”
“သူ့နေရာက ထိန်းချုပ်ဖို့ အလွယ်ဆုံးပဲ၊ ဝမ်ဘိန်,ကို အဲဒီနေရာကို ပို့လိုက်ပါ၊ ဒီ ဝူဗာလင် ကို အရှင်လတ်လတ် ဖမ်းလာရမယ်ဆိုတာ သတိရပါ”
ထိုအချိန်တွင် မစ္စတာလီသည် အလေးအနက်ထားပြီး အဆင့်မြင့်အရာရှိတစ်ဦးအား ညွှန်ကြားချက်ပေးခဲ့သည်။
“ကောင်းပြီ မစ္စတာလီ၊ ငါ ဝမ်ဘိန်,ကို ချက်ချင်းသွားနိုင်အောင် စီစဉ်လိုက်မယ်!”
………………
ညဉ့်နက်။
စီချွမ်မြို့၊ ခွမ်ပျော အဖွဲ့အစည်း ၏ဌာနချုပ်။
ယခုအချိန်တွင် ကျယ်ဝန်းသော မြေအောက်ခန်းတစ်ခုတွင် အလွန်ကြီးမားသည့် လှောင်အိမ်တစ်ခုရှိသည်။
အထူးသတ္တုစပ်ဖြင့် ပေါင်းစပ်ပြုလုပ်ထားပြီး အတွင်းတွင် ခြင်္သေ့တစ်ကောင်ကို ချုပ်နှောင်ထားသည်။
ခဏအကြာတွင်၊ အပြင်ဘက်မှ လူတစ်ယောက် ဝင်လာသည်။
လာသူမှာ ကေားချန်ချင်း ဖြစ်သည်။
ထိုအချိန်တွင်၊ ကေားချန်ချင်း,၏ မျက်နှာက အလွန်အုံ့မှိုင်းနေပြီး သူ့မျက်ခွံများ အနည်းငယ် လှုပ်ယမ်းနေသည်။
သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေပြီး ပြင်းထန်သည့် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေသည်။
ထိုအချိန်တွင်၊ ခြင်္သေ့ပင်လျှင် ကေားချန်ချင်း ကို ကြောက်နေရသည်။
လျင်မြန်စွာထရပ်လိုက်ပြီး သူ့ရှေ့မှ ကောချန်ချင်း,ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
ကေားချန်ချင်း,က လုံးဝမကြောက်ပေ၊ အဲဒီ့အစား သူ့ပါးစပ်ထောင့်မှ ရက်စက်သည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သတ္တုစပ်လှောင်အိမ် ပွင့်သွားပြီး ကေားချန်ချင်း သည် ခြင်္သေ့ရှိနေသည့် လှောင်အိမ်ထဲသို့ ၀င်သွားခဲ့သည်။
“ဂါးး!”
ကေားချန်ချင်း,၏ သတ်ဖြတ်ခြင်းရည်ရွယ်ချက်များကို မြင်လိုက်ရသောကြောင့် ခြင်္သေ့ကြီးက စိတ်ပျက်သွားပုံရသည်။
သူချက်ချင်းတုန့်ပြန်လိုက်ပြီး ကေားချန်ချင်း,ကို သတ်ရန်ကြံစည်လိုက်သည်။
သို့သော်လည်း နောက်တစက္ကန့်တွင် ကေားချန်ချင်း,၏ ခန္ဓာကိုယ်သည် ဒီနေရာမှ ရုတ်တရက်ပျောက်ကွယ်သွားပြီး ခြင်္သေ့နောက်တွင် ပြန်ပေါ်လာသည်။
ခြင်္သေ့က အချိန်မီ မတုန့်ပြန်နိုင်တော့ပေ။
“ခရက်၊ ဘုန်း!”
ဤတိတ်ဆိတ်သောမြေအောက်ခန်းတွင် အရိုးအက်ကွဲသံများ တစ်ချက်ပြီး တစ်ချက် ထွက်ပေါ်လာသည်။
ကေားချန်ချင်း,၏ ထိုးချက်များက ခြင်္သေ့အရိုးများကို အမှန်တကယ်ချိုးဖျက်ပစ်လိုက်နိုင်သည့်ပုံပင်၊ ခြင်္သေ့သည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်သည့် သတ္တဝါဖြစ်သော်လည်း ယခုတွင် သူ့၏ ခြေထောက်များကိုပင် သူ,မရပ်တည်နိုင်တော့ပေ။
သူ့မျက်လုံးထဲမှ ဒေါသများက အဆုံးမဲ့ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားသည်။
ခြင်္သေ့မျက်လုံးထဲက ကြောက်ရွံ့မှုကို ကြည့်ပြီး ကေားချန်ချင်း,၏ မျက်နှာပေါ်တွင် နတ်ဆိုးဆန်သည့် အပြုံးတစ်ခုထွက်ပေါ်လာသည်။
ထို့နောက် သူသည် ရှေ့သို့ သွားကာ သူ၏လက်မှ ပြင်းထန်သည့် စွမ်းအားများ ထွက်ပေါ်လာပြီး ခြင်္သေ့ကို သူ့အောက်တွင် ဖိနှိပ်ထားလိုက်သည်။
“ဂါးး!”
ခြင်္သေ့သည် အန္တာရယ်ကို သတိပြုမိပုံရပြီး ချက်ချင်းထရန် ကြိုးစားခဲ့သည်။
သို့သော်လည်း၊ သူ့၏ ကြိုးစားမှုများက အရာမထင်ခဲ့ပေ။
ကေားချန်ချင်း,၏ လက်များက တန်ပေါင်းများစွာ၏ ပြင်းထန်သော ဖိအားရှိပုံပေါ်ပြီး သူ့ကို မလှုပ်နိုင်အောင် ဖိနှိပ်ထားသည်။
“ဘုန်း! ဘုန်း! ဘုန်း!”
ခြင်္သေ့ကြီး နာကျင်စွာဟိန်းဟောက်နေချိန်မှာပင် ကေားချန်ချင်း,က သူ့၏ကျောရိုးကို အတင်းချိုးလိုက်သည်။
ဘုန်း!
နောက်ဆုံးတစ်ချက်က ခြင်္သေ့ခေါင်းကို တိုက်ရိုက် ထိမှန်သွားပြီး နေရာတိုင်းတွင် သွေးများ ပန်းထွက်ကာ သူ့၏ အသက်စွမ်းအားများ ကုန်ဆုံးသွားတော့သည်။
ကေားချန်ချင်း,၏ မျက်နှာက အလွန်အမင်း မှောင်မည်းနေပြီး လက်များကိုခါယမ်းကာ မတ်တပ်ရပ်လိုက်သည်။
သူသည် တိုက်တန် စွမ်းရည်ကို နိုးကြားခဲ့ပြီး ဤစွမ်းရည်က အလွန်ပင်ကြောက်စရာကောင်းလှသည်။
“ငါ့သားကို သတ်ခဲ့တဲ့ သားရဲကို ငါ့လက်နဲ့ ကိုယ်တိုင် အပိုင်းပိုင်းဖြတ်ပစ်မယ်!”
ကေားချန်ချင်း သည် ခြင်္သေ့ကို ရက်ရက်စက်စက် သတ်ခဲ့သော်ငြားလည်း သူ့စိတ်ထဲမှ ဒေါသမီးတောက်များကို မငြိမ်းသက်နိုင်သေးပေ။
“မနက်ဖြန် ဒါဂုန် နှင်းတောင်ကို တိုက်ခိုက်ဖို့ ပြင်ဆင်ပါ”
တောရိုင်းတိရိစ္ဆာန်များ၏ ညမြင်ကွင်းက လူသားများထက် ပိုအားကောင်းသည်။
ထို့အပြင် လက်ရှိအခြေအနေတွင်၊ နှင်းတောင်ကြား၏ တိရစ္ဆာန်များက မရိုးရှင်းတော့ပေ၊ ကေားချန်ချင်း,သည် သူ၏အားနည်းချက်များကို ရှောင်လွှဲချင်ပြီး အားသာချက်များကိုသာ အသုံးပြုချင်ခဲ့သည်။
ဤသို့ဖြင့်၊ တစ်ညတာ ကုန်လွန်သွားခဲ့သည်။
ဒါဂုန် နှင်းတောင်ပေါ်တွင် လုချန်း,သည် အမဲလိုက်ခြင်းနေ့သစ်ကို စတင်ခဲ့သည်။
ထိုအချိန်တွင် သူသည် အတော်လေး သက်တောင့်သက်သာရှိနေပြီး လူသားများကြားတွင် သူလျှိုများကိုပင် မွေးမြူနိုင်နေပြီဖြစ်သည်။
အကယ်၍ လူသားများသည် ကြီးမားသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ပါက ကျန်းဟောင်,က သူ့ကို အချိန်မီ အကြောင်းကြားနိုင်မည်ဖြစ်သည်။
ထို့နောက် တုံ့ပြန်မည့်အစီအစဥ်အသစ်တစ်ခုကို အကောင်အထည်ဖော်ရန် အချိန်နှောင်းမည်မဟုတ်ပေ။
လုချန်း,သည် ယခုတွင် ၃၈,၀၀၀ သို့ရောက်ရှိသွားသော ဆင့်ကဲပြောင်းလဲခြင်း အမှတ်များကို ကြည့်ရှုနေသည်။
နိုးထခြင်း ပဉ္စမအဆင့်သို့ရောက်ရှိရန် အမှတ် ၂၀,၀၀၀ ကျော်သာ လိုအပ်တော့သည်။
ယခု တောင်ထိပ်တွင်၊ လုချန်း,သည် ဤနှင်းဝံပုလွေများအတွက် သက်ဆိုင်ရာနေရာများကို သတ်မှတ်ပေးထားသည်။
မတူညီသော နှင်းဝံပုလွေများက မတူညီသောနယ်မြေများအတွက် တာဝန်ရှိသည်။ပထမဦးစွာ၊ ထွက်ပေါ်လာသည့် ဝိညာဉ်သစ်သီးများကို ရှာဖွေတွေ့ရှိပြီး အချိန်မီ ခူးယူနိုင်သည်။
ဒုတိယအချက်မှာ အသေအပျောက်များကို လျှော့ချနိုင်သည်။
အမှန်တွင်၊ လူသားများတွင်ရှိသော လက်နက်များက အလွန်ပြင်းထန်စွာ ပေါက်ကွဲနိုင်သည့် စွမ်းအားရှိသည်။ သူတို့အားလုံးသည် ဤချိုင့်ဝှမ်းတွင် ယခင်ကကဲ့သို့ တစ်စုတစ်စည်းတည်း နေထိုင်ကြမည်ဆိုလျှင်၊ အမြောက်ကျည်အနည်းငယ်က နှင်းဝံပုလွေမျိုးနွယ်ကို အသေအပျောက်များစေမည်မှာ သေချာသည်။
ထို့အပြင်၊ နှင်းဝံပုလွေအားလုံးက သူနှင့် သူ့ညီမ,ကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်နိုင်စွမ်းလည်း မရှိပေ။
“သခင်၊ မကောင်းတော့ဘူး၊ တောင်ပေါ်မှာရှိတဲ့ ကလေးတွေက လေယာဉ်ပျံကို တွေ့လိုက်ရတယ်”
ရုတ်တရက် လုချန်း,သည် ရွှာအိုဟူး ထံမှ စိတ်ဝိညာဉ်သတင်းစကားကို လက်ခံရရှိခဲ့ပြီး အနည်းငယ်အံ့သြသွားခဲ့သည်။
အကြောင်းမှာ၊ ကျန်းဟောင် ထံမှ သတင်း လုံးဝရောက်မလာခဲ့သောကြောင့်ဖြစ်သည်။
“ကျန်းဟောင်,က သူ့ကိုယ်သူ စတေးလိုတဲ့ လူအမျိုးအစား ဖြစ်နိုင်လား”
“ဒါက မဖြစ်သင့်ဘူး၊ ဒီကောင် ငါထင်သလောက် ကိုယ်ကျိုးမဖက်တတ်ဘူး...”
“ကျန်းဟောင်၊ စီချွမ်မြို့က ဒါဂုန် နှင်းတောင်ကို လူတွေ ထပ်ပို့လိုက်တာလား”
ထိုအခိုက်တွင် လုချန်း,သည် ကျန်းဟောင် နှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုခဲ့သည်။
ရုံးခန်းထဲတွင်ထိုင်နေသော ကျန်းဟောင် သည်မှာတော့ တကိုယ်လုံးတုန်ခါသွားပြီး အေးစက်သည့် ချွေးများပင်ထွက်လာခဲ့သည်။
သူ,အမြန်ထရပ်လိုက်ပြီး သူ့ဘေးနားရှိ လက်အောက်ငယ်သားများကို မေးမြန်းလိုက်သည်။
“မဟုတ်ဘူး၊ ငါတို့အားလုံးက အထက်က ညွှန်ကြားချက်ကို စောင့်နေကြတုန်းပဲ၊ ငါတို့ကို ဘာညွှန်ကြားချက်မှ မပေးသေးဘူး”
………
သူ့လက်အောက်ငယ်သားများထံမှ အဖြေရပြီးနောက် ကျန်းဟောင် အမြန်ပြန်ပြောလိုက်သည်။
"မင်းငါ့ကို မလိမ်တာပိုကောင်းမယ်နော် ကောင်လေး၊ မဟုတ်ရင် ဒါဂုန်နှင်းတောင်ကို ရဟတ်ယာဉ်အမြောက်အမြား ဘယ်ကနေ ရောက်လာတာလဲ”
လုချန်း,က လေးနက်သော အသံဖြင့် မေးခွန်းထုတ်လိုက်ပြီး ရွာအိုဟူး သည် မည်သည့်အခါမျှ သူ့ကို လိမ်လည်မည် မဟုတ်ကြောင်း သူသိသည်။
“ဟင့်အင်း၊ ခွမ်ပျော အုပ်စုက ဒါဂုန် နှင်းတောင်ကို လျှို့ဝှက်တိုက်ခိုက်ခဲ့တာ”
ထိုအချိန်တွင် ကျန်းဟောင်,သည် စစ်သားများထံမှ သတင်းရရှိသည် ။
သူ့မျက်နှာက ချက်ချင်းပင် မှောင်မိုက်သွားပြီး လုချန်း,အား ဤအရာအားလုံးကို အမြန်ပြောပြလိုက်သည်။
“ခွမ်ပျော အဖွဲ့အစည်း”
“ဒီကမ္ဘာကြီးက တကယ်ကို ရူးသွပ်လွန်းတယ်၊ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက လက်နက်တွေ ဖန်တီးနိုင်ရုံသာမကဘူး၊ ကြီးမားတဲ့ အတိုင်းအတာနဲ့ သူ့ဘာသာသူ အသုံးချနိုင်နေတာပဲ!”
လုချန်း ၏ မျက်လုံးများတွင် လူသတ်လိုစိတ်များ ရှိနေသည်။
ထိုရဟတ်ယာဉ်များက သူ့သား အသတ်ခံရခြင်းကို လက်စားချေရန် ရောက်လာခြင်းဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။